ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် ယနေ့နံနက်ပိုင်းကမီးလောင်မှုဖြစ်ပွား
NOM၊နိုဝင်ဘာ၂၄၊၂၀၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၃)ရပ်ကွက်၊ အေးရိပ်သာ(၂)လမ်းတွင် ယနေ့(နိုဝင်ဘာ၂၄ရက်)နံနက် ၂နာရီ၄၀မိနစ်ကမီး လောင်မှုဖြစ်ပွားခဲ့ကြောင်းမီးသတ်မှသတင်းထုတ်ပြန်ချက်အရသိရသည်။
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ ရန်ကုန်နာရေးကူညီမှုအသင်းမှ ရေသယ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများဖြင့်ထွက်ခွာငြိမ်းသတ်ခဲ့ရာနံနက်၂နာရီ ၅၀ မိနစ်တွင်မီးငြိမ်းသွားကြောင်းသိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့လက်ရှိစစ်ဆေးမှုများပြုလုပ်နေသည့်အတွက်မီးလောင်မှုအကြောင်းရင်နှင့်ဆုံးရှူံးမှုတန်ဖိုးများကိုထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်းသိရသည်။

👍16❤2
လှိုင်သာယာ(အရှေ့ပိုင်း)၌ ယာဉ်တိုက်မှု ဖြစ်ပွားနှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ
NOM၊နိုဝင်ဘာ၂၄၊၂၀၂၅
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း) အလယ်ရွာမှတ်တိုင်အနီး ယနေ့ (နိုဝင်ဘာ ၂၄ ရက်) နံနက် ၁၀ နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေနှစ်ဦး
ဒဏ်ရာရရှိကြောင်း ဂရုဏာတွဲလက် ရှင်ရေးနာရေးကူညီရေးအသင်းထံမှသိရသည်။
ဖြစ်စဉ်မှာဖူဆိုဟီနိုးကားဘရိတ်ပေါက်ပြီး ဆူဇူကီးကားတစ်စီး၊ လိုက်ထရပ်ယာဉ်တစ်စီးနှင့် ဘေးတွဲဆိုင်ကယ် သုံးစီးအားဝင်တိုက်ခဲ့ရာ ဘေးတွဲမောင်းသူအမျိုးသားတစ်ဦးနှင့် ဘေးတွဲစီးသူကလေးတစ်ဦး တို့သေဆုံးကာ ဘေးတွဲမောင်းသူအ မျိုးသားနှစ်ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါအသင်း
ထံမှသိရသည်။
"ဖူဆိုကားကဘရိတ်ပေါက်ပြီး ဆူဇူကီးကားနဲ့လိုက်ထရပ်ယာဉ်တို့ကိုအရင်ဝင်တိုက်တာပါပြီး တော့မှဘေးတွဲဆိုင်ကယ်သုံးစီးကိုတိုက်မီတာပါ ဘေးတွဲမောင်းတဲ့အမျိုးသားတစ်ဦးနဲ့အဲဒီတွဲပေါ်ကစီးလာတဲ့ကလေးတစ်ဦးတို့သေဆုံးခဲ့တာပါကျန်တဲ့နှစ်ဦးကလည်းဘေးတွဲမောင်းသူနှစ်ဦးဘဲဒဏ်ရာရရှိခဲ့တာပါ"ဟုအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရရှိသူများကို ဂရုဏာတွဲလက် ရှင်ရေးနာရေးကူညီရေးအသင်းမှလှိုင်သာယာဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

😢8👍7❤2🕊1
နိုဝင်ဘာလ၂၄ရက်နိုင်ငံတကာသတင်းတိုများ
NOM
၁။နှစ်ပေါင်းထောင်ချီငြိမ်သက်နေသောအီသီယိုပီးယားရှိမီးတောင်သည်ယနေ့သက်ဝင်လှုတ်ရှားလာပြီးပြာပူများလွှင့်ထုတ်လျက်ရှိသည်။(ဗီဒီယို)
၂။ပြင်သစ်သမ္မတမက်ခရွန်သည်နိုဝင်ဘာလ၂၇ရက်နေ့တွင်ပြည်သူ့စစ်မှုထမ်းဥပဒေကိုကြေညာမည်ဖြစ်ပြီးနှစ်စဥ်တပ်သားသစ်၅၀၀၀၀အထိစုဆောင်းရန်ရည်ရွယ်ထားသည်။
၃။ဘရာဇီးသမ္မတ လူလာသည် အမေရိကန်က ဗင်နီဇွဲလားအနီး စစ်ရေးလှုပ်ရှားမှုကြောင့် ပဋိပက္ခ ဖြစ်လာမည်ကို "အလွန်စိုးရိမ်" ကြောင်း ပြောကြားခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်ဤကိစ္စကိုဆွေး နွေးမည်ဟုပြော သည်။
၄။အမေရိကန်သမ္မတကယူကရိန်းခေါင်းဆောင်များ သည်ယူကရိန်းစစ်ပြီးဆုံးရေးအတွက်မိမိ၏ကြိုးစားအားထုတ်မှုကိုအသိ အမှတ် ပြုခြင်းမရှိဟုဝေဖန်ပြီးနောက်ယူကရိန်းသမ္မတဇလင်စကီးကထရမ့်ကိုပုဂ္ဂိုလ်ရေးအရကျေးဇူး တင်ပါကြောင်းဝတ်ကျေတန်းကျေပြောလိုက်သည်။
၅။ထိုင်းနိုင်ငံ၊ဟတ်ယိုင်ခရိုင်၊ဆုန်ခလာမြို့တွင်ရေကြီးပြီးနိုင်ငံခြားသားခရီးသည်တစ်ထောင်ကျော်ဟိုတယ်များတွင်ပိတ်မိလျက်ရှိသည်။(ဓါတ်ပုံ)

Forwarded from NOM
ရုရှား-ယူကရိန်း လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်ဖို့ ဂျီနီဗာမှာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးနေချိန်အတွင်း (ဒေါသတကြီးဖြင့်) ယူကရိန်းအမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီအတွင်းရေးမှူး Umerov ချိုးဖျက်ခဲ့တဲ့ ဘောပင်ဖြစ်ပါတယ်။
NOM
NOM
👍22👎2😢1
ပဲခူးတိုင်း(အရှေ့) အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၂)မှဝင်ရောက် ယှဉ်ပြိုင်မည့်ရှမ်းနှင့်တိုင်းရင်သားများဒီမိုကရက်တစ် ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းနှင့် တွေ့ဆုံမေးမြန်းခြင်း
NOM - အခုလာမယ့်ရွေးကောက်ပွဲမှာအနိုင်ရမယ်လို့မျှော်လင့်ထားပါသလား
ဖြေ - အနိုင်ရမယ်လို့မျော်လင့်ထားပါတယ်နိုင်လည်းနိုင်မှာပါအခုလည်းပဲခူးမှာတို့ရွေးချယ်ထားတဲ့ပါတီကိုယ်စာလှယ်လောင်း တွေနဲ့အတူမဲဆွယ်စည်းရုံရေးတွေလုပ်နေပါတယ်အဲဲဒီတွေ့ဆုံပွဲတွေရဲ့ရလဒ်ကိုကြည့်ရင်သေချာပေါက်နိုင်မယ်
ဆိုတာယုံကြည်ပါတယ်။
NOM - အရင်တုန်းကဥက္ကဌကရှမ်းပြည်နယ်ကပြိုင်တာအခုကြတော့ ဘာလို့ပဲခူး(အရှေ့) ကပြိုင်ဖြစ်သွားတာလည်း
ဖြေ - အရင်တုန်းကတော့တို့ပါတီကပြည်နယ်နှစ်ခုဘဲပြိုင်တာပါရှမ်းနဲ့ကချင်ပါ အခုကြတော့တို့ကပါတီအသစ်ပြန်လျှောက်ပြီးတစ်နိုင်ငံလုံးအတိုင်တာနဲ့ပြိုင်တာပါ ဒါကြောင့်ပဲခူးကဝင်ပြိုင်ဖြစ်သွားတာပါ ဒါပေမဲ့အဲဒီထဲမှာ ရခိုင်၊ ကယား၊ ချင်နဲ့တနသ်ာရီတော့မပြိုင်ပါဘူးကျန်တာအားလုံးပြိုင်ပါတယ်
NOM - UEC ကကိုယ်စာလှယ်လောင်း၆ဦးပယ်ချခဲ့တယ်ဆိုတာသိရတယ်ဘာကြောင့်အယူခံ မဝင်တာလဲ
ဖြေ - ကျွန်တော်တို့ပါတီရွေးကောက်ပွဲကော်မရှင်ကို ကိုယ်စားလှယ်လောင်း ၅၈၆ဥဦးတင်သွင်းခဲ့ပါတယ်အပယ်ခံရတဲ့ခြောက်ဦးအတွက် အယူခံတော့မတင်တော့ပါဘူး ဘာဖြစ်လို့လဲဆိုတော့သူတို့က အရင်ကဌာနဆိုင်ရာဝန်ထမ်းတွေပါအလုပ်ကထွက်ပြီးပါပြီးဒါပေမဲဌာနကနုတ်ထွက်ခွင့်မပြုသေးတော့ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့မညီလိုဆိုပြီးပယ်ချတာပါ ဒါကြောင့်အယူခံတင်လည်းမထူးပါဘူးဒါကြောင့်အယူခံမတင်တော့တာပါ
NOM - လာမယ့်ရွေးကောက်ပွဲမှာ အရင်ရွေးကောက်ပွဲတွေလိုပြည်သူတွေအားလုံးမဲလာပေးလိမ့်မယ်လိုထင်ပါသလား
ဖြေ -အဖွဲ့တစ်ဖွဲ့က တစ်နိုင်ငံလုံးကို စစ်တမ်းကောက်တာ၇၀ရာခိုင်နှုန်းကျော်မဲပေးဖို့လို့ယူဆထားပါတယ်ကျွန်တော်တို့အနေနဲ့ကတော့ ယုံပါတယ် အဲဒီမှာပြည်သူတွေအနေနဲ့ စဥ်းစားရမှာကကိုယ်ကြိုက်တဲ့ ပါတီကိုမဲလာပေးရင်အဲ့ဒီပါတီကတက်သွားနိုင်တယ်ဒီလိုမှ မဟုတ်ဘဲ ကိုယ်ကမဲလာမပေးဘူးဆိုရင်ကိုယ်မကြိုက်တဲ့ပါတီကတက်သွားမှာပါ ဒါကိုတော့ပြည်သူတွေ သတိထားဖို့လိုပါတယ်။

👍11❤3
Forwarded from NOM
ဂျီဟတ်ဝါဒီတဦးလို့ ယူဆရတဲ့ ဆယ်ကျော်သက်တဦးဟာ မက်ဒရစ်မြို့လမ်းမတခုပေါ်မှာ Allahu Akbar လို့ ကြွေးကြော်ပြိး လူ ၃ ဦးကို ဓါးနဲ့ထိုး တိုက်ခိုက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကို ခံခဲ့ရပါတယ်။
အသက် ၁၈ နှစ်အရွယ် မော်ရိုကို-စပိန်လူမျိုးဖြစ်ပြီး သူဟာ အရာရှိတွေကို တိုက်ခိုက်ဖို့ပါ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရဲတွေက သူ့ကို ပစ်ခတ်ခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရကာ လက်ရှိမှာ ဆေးရုံပို့ဆောင်ပေးထားပါတယ်။
စနေနေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ၂ လက်မအရှည်ရှိတဲ့ ဓါးနဲ့ တိုက်ခိုက်ခဲ့တာပါ။ အသက် ၄၀ အရွယ် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီး ရဲတပ်ဖွဲ့ကတော့ ဒါဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

👍20❤2😢2😡1
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ စက်စုကျေးရွာနေ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် အရပ်သားပြည်သူနှစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား
NOM နိုဝင်ဘာ ၂၅၊ ၂၀၂၅
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ စက်စုကျေးရွာနေ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတင်စိုး (၅၃) နှစ်နှင့် တစ်ရွာတည်းနေသူများဖြစ်ကြသည့် ဦးအောင်ကိုလင်း (၃၅) နှစ်နှင့် ဦးနေလင်းအောင် (၃၂) နှစ်တို့သုံးဦးသည် နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီအချိန်၌ ၎င်းတို့၏နေအိမ်အသီးသီးတွင်ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။
News Of Myanmar NOM

😡11👍4😱1
နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်မည်
နေပြည်တော် နိုဝင်ဘာ ၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း တရားဝင်ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ်သည်။

❤12👍8🗿2
မြန်မာစာဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်ကွယ်လွန်
NOM၊နိုဝင်ဘာ၂၅၊၂၀၂၅
မြန်မာစာ ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်သည် ယနေ့(နိုဝင်ဘာ ၂၅ ရက်) နံနက် ၅ နာရီ ၅၅ မိနစ်က ကွယ်လွန်သွားကြောင်း
ဆရာကြီးကွယ်လွန်ချိန်တွင် အသက် ၈၉ နှစ် ရှိပြီဖြစ်ကြောင်း သိရသည်။
ဆရာကြီးကိုအဖ မြန်မာ တိုင်းရင်း သမားတော်ကြီး ဦးဓန၊ အမိ မူလတန်း ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးစိန်တို့မှ မွေးဖွားခဲ့သည်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဆင်ကျွန်းကျေးရွာတွင် မွေးဖွားသည်။ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ထန်းပုရွာနှင့် ဘုတလင်မြို့နယ်၊ စည်ပါရွာတို့တွင် ကြီးပြင်းခဲ့ပြီးမုံရွာမြို့၊ အမှတ် (၂) အထကမှ ၁၉၅၅ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို တနိုင်ငံလုံး၌ တဦးတည်းသော မြန်မာစာ ဂုဏ်ထူးရှင် အဖြစ် အောင်မြင်ခဲ့သည်။ အလယ်တန်း၊ အထက်တန်း၊ ကျောင်းသားဘဝ စာပေပြိုင်ပွဲများ၌ ပထမဆုပေါင်း ၂ဝ ကျော် ရရှိခဲ့သည်။ ၁၉၅၆ ခုနှစ်၊ စာဆိုတော်နေ့ ပြိုင်ပွဲတွင် မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌ ဦးသိန်းဖေမြင့်၏ "စာဆိုမောင်ဆု" ငွေဒိုင်းကို ချီးမြှင့်ခြင်း ခံခဲ့ရ ကြောင်းသိရသည်။

😢11👍5❤2
Forwarded from NOM
ယူကရိန်းရဲ့ စေခိုင်းမှုကြောင့် Kaliningrad ဒေသက ဘုရားကျောင်းတခုကို အကြမ်းဖက်တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ သံသယရှိသူ ဆယ်ကျော်သက်တဦးကို ရုရှား FSB က ဖမ်းဆီးခဲ့နိုင်ခဲ့ပါတယ်။
NOM
NOM
👍19
Forwarded from NOM
This media is not supported in your browser
VIEW IN TELEGRAM
ရုရှားဒရုန်းရန်ကြောင့် ယူကရိန်းမြို့တွေမှာ ဒရုန်းတွေ ကာကွယ်နိုင်ဖို့အတွက် ပိုက်ကွန်တွေ ထားရှိပြီး ပြင်ဆင်ထားတာဖြစ်ပါတယ်။
NOM
NOM
👍13❤3
ဆေးဝါးဈေးများစျေးကွက်လွှမ်းမိုးထားခြင်းနှင့်သိုလှောင်
ထိန်းသိမ်းကာ ဈေးကွက်ကိုမကစားကြရန်စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ပြော
NOM၊နိုဝင်ဘာ၂၅၊၂၀၂၅
ဆေးဝါးဈေးများစျေးကွက်လွှမ်းမိုးထားသည့်အခြေအနေကို အသာစီးရယူပြီး ဆေးပစ္စည်းများ သိုလှောင်ထိန်းသိမ်းကာ ဈေးကွက်ကိုမကစားကြရန်နှင့်စျေးနှုန်းထိန်းချုပ်ခြင်းများ
မပြုလုပ်ကြရန်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ယမန်နေ့နိုဝင် ဘာ၂၄ရက်မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့်မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးအထောက် အကူပြုပစ္စည်းများ တင်သွင်းမှုမှသည် ထုတ်လုပ်မှုဆီသို့ ညှိနှိုင်းအစည်းအဝေးပွဲတွင်ပြောကြားခဲ့သည်။
အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအတွင်း ဆေးဝါးကုမ္ပဏီ ၇၉၆ ခု၊ ဆေးပစ္စည်း ကုမ္ပဏီ ၆၄၆ ခုရှိပြီး ကုမ္ပဏီများ၏လျှောက် ထားပစ္စည်းများကို ဆေးရုံများနှင့် ဈေးကွက်လိုအပ်ချက်အပေါ်မူတည်၍ ဦးစားပေးအနေဖြင့် ခွင့်ပြုပေးနေသော်လည်း ဈေးကွက်အတွင်း၌ ဆေးဝါးဈေးနှုန်းများ ကျဆင်းလာခြင်းမရှိသည့်အပြင် ဆေးပစ္စည်းလိုအပ်ချက်များကိုလည်း ကြားသိနေရကြောင်း၊ ပုံမှန်လိုင်စင်ခွင့်ပြုပေးနေသည့်တိုင် ကုမ္ပဏီအချို့၏ သွင်းကုန်ပစ္စည်းကိုထိန်းပြီး စျေးနှုန်းကစားလိုမှု၊ ရောက်ရှိပစ္စည်းကို ဈေးကွက်အတွင်းထိန်းကျောင်းဖြန့်ဖြူးမှုတို့ကြောင့် ခွင့်ပြုသည့်ဆေးဝါးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာမှု လျော့နည်းရခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်းပြောကြားခဲ့သည်။
သို့ရာတွင် စျေးကွက်လွှမ်းမိုးထားသည့်အခြေအနေကိုအ သာစီးရယူပြီး ဆေးပစ္စည်းများ သိုလှောင်ထိန်းသိမ်းကာဈေး ကွက် ကိုမကစားကြရန်၊ စျေးနှုန်းထိန်းချုပ်ခြင်းမပြုလုပ်ကြရန်၊ အခြားပြိုင်ဘက် ကုမ္ပဏီများအား လုပ်ကိုင်နိုင်စွမ်းမရှိအောင်မပြုလုပ်ကြရန်၊ ဆေးပစ္စည်းရောင်းချခြင်းသည် ပရဟိတဆန်သောစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကုမ္ပဏီတစ်ခုနှင့်တစ်ခုထိန်းဘကျောင်းပြီး ပြည်သူ့လူမှုဘဝတိုးတက်စေရေးကို မေတ္တာထားကာ ကုမ္ပဏီအ ချင်းချင်းပူး ပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်တွင်းဆေးဝါးစက်ရုံများအနေဖြင့်ပြည်တွင်း၌ ဆေးအမျိုးအစားယခုထက်ပိုမို၍ စုံလင်ပြီးထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံတော်အတွက်နိုင်ငံ ခြားငွေအသုံးပြုမှုလျော့ ကျသွားမည်ဖြစ်သကဲ့သို့အ လုပ်အကိုင်အခွင့်အလမ်းများ လည်း ပိုမိုလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

👍17❤2😨1
နိုဝင်ဘာလ၂၅ရက်နိုင်ငံတကာသတင်းတိုများ
NOM
၁။ရီပတ်ဘလီကန်ပါတီမှလွှတ်တော်အမတ်ဒွန်ဘေကွန်က သမ္မတထရမ့်၏ယူကရိန်းငြိမ်းချမ်းရေးအဆိုပြုချက်အပေါ် ဒေါသထွက်ပြီးလွှတ်တော်အမတ်အဖြစ်မှနှုတ်ထွက်မည်ဟုကြေညာသည်။(ဓါတ်ပုံ)
၂။ရုရှားကယနေ့နံနက်အစောပိုင်းတွင်ကင်ဇေဒုံးပျံများဖြင့်ကိယက်ဗ်မြို့တော်ရှိရေအားလျပ်စစ်စက်ရုံကိုလုံးဝပျက်ဆီးအောင်တိုက်ခိုက်လိုက်သည်။
၃။အမေရိကန်အစိုးရသည်မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲကျင်းပတော့မည်ဖြစ်ပြီးနိုင်ငံအခြေအနေတည်ငြိမ်တိုးတက်လာသဖြင့် မြန်မာနိုင်ငံသားများကိုယာယီခိုလှုံခွင့်ပေးထားခြင်းအားရပ်စဲမည်ဟုကြေညာသည်။
၄။စင်ကာပူသည်အီသီယိုးပီးယားနိုင်ငံတွင်သံရုံးဖွင့်လှစ်မည်ဟုကြေညာသည်။
၅။ ဘန်ကောက်မြို့အပြင်ဖက်ဝါရက်ပရန်ခွန်တန်ဘုန်းကြီး ကျောင်း ရှိမီးသဂြိုဟ်စက်တွင်အသက်ကြီးကွယ်လွန်သူအမျိုးသမီးကြီးသည်မီးသဂြိုဟ်ကာနီးတွင်လက်များလှုပ် ပြီးသတိပြန်ရလာသဖြင့်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကဆေးရုံသို့ပို့ပေးလိုက်ရသည်။

👍16❤🔥1