Forwarded from စာတန်းထိုးဇာတ်ကားကောင်းများစုစည်းမှု့
The Shallows (2016)
=================
IMDb – 6.3/10_____Rotten – 78%
ကျွန်တော်တို့ငယ်စဉ်ကကြည့်ရှု့ခဲ့ဖူးတဲ့ Jaw တို့ Deep blue sea တို့လိုဇာတ်ကားမျိုးကို ကြိုက်ခဲ့မယ်ဆိုရင်ဒီဇာတ်ကားကိုသင်သေချာပေါက်နှစ်သက်မှာပါပုံမှန်ကြည့်နေကြဇာတ်ကားတွေနဲ့ ကွဲထွက်နေတာကတော့
လူတစ်ယောက်နဲ့ငါးမန်းတစ်ကောင်ပဲအဓိကပါဝင်ထားပါတယ်ဇာတ်လမ်းဖွဲ့စည်းပုံကရိုးစင်းလွန်းပြီးရှင်သန်မူဆိုတဲ့အရာကိုပါးပါးလေးရိုက်ပြထားတာပါ ဇာတ်လမ်းက-Nancyဆိုတဲ့ဆေးကျောင်းသူမိန်းကလေးတစ်ယောက်ဟာရေလွှာလျှောစီးရတာအလွန်ဝါသနာပါသူတစ်ယောက်ပါသူမရဲ့အမေဟာလည်းရေလွှာလျှောစီးသမားကောင်းတစ်ယောက်ဖြစ်ပြီးသူမလေးစားအားကျရတဲ့သူတစ်ယောက်ပေါ့မက္ကဆီကိုနိုင်ငံမှာရှိတဲ့လူသူအရောက်ပေါက်နည်းတဲ့ကမ်းခြေတစ်ခုကိုသူမရဲ့အမေသွားခဲ့ဖူးတယ်ဆိုတဲ့ အသိတစ်ခုနဲ့တင်ရောက်အောင်သွားပြီး ရေလွှာလျှောစီးဖို့သွားပါတော့တယ်ဟိုရောက်တော့သူမရဲ့ပျော်ရွှင်မူတွေကိုဖျက်ဆီးပစ်မယ့်အရာတစ်ခုမထင်မှတ်ပဲရောက်လာတဲ့အခါမှာတော့….. ????????????(သိချင်ရင်ကြည့်ဖြစ်အောင်ကြည့်ကြည့်ဗျာ spoiled ဖြစ်သွားမှာစိုးလို့)Action, Horror, Thriller အမျိုးအစားပါ IMDB မှာ 6.3 တောင်ရထားတယ်ဆိုတော့ကြည့်မကောင်းမှာတော့ပူစရာမလိုပါဘူး(ps-မင်းသမီးကကျွန်တော်တို့ Deadpool မင်းသားကြီး Ryan Reynolds ရဲ့ ချစ်ဇနီးချောလေးဖြစ်ပါကြောင်း)။

👍7😁2❤1
Forwarded from စာတန်းထိုးဇာတ်ကားကောင်းများစုစည်းမှု့
47 Meters Down (2017)
===================
မက်ဆီကိုနိုင်ငံကို အလည်ထွက်လာတဲ့ ညီအမနှစ်ယောက် ငါးမန်းသွားကြည့်ဖို့ ပင်လယ်ထဲ ထွက်လာခဲ့တယ်။
ဖြစ်ချင်တော့ သူတို့အလှည့်ရောက်မှ ငါးမန်းလှောင်အိမ်က ကြိုးပျက်ပြီး သမုဒ္ဒရာအောက်ခြေ ၄ရမီတာကို ကျသွားကာ သူတို့ ပိတ်မိသွားခဲ့တော့တယ်
လေO2ကလဲ တစ်နာရီစာလောက်ပဲကျန်တော့တယ် ပြီးတော့ ကြီးမားတဲ့ငါးမန်းဖြူကြီးတွေကလဲ အနားမှာ ပတ်လည်ဝိုင်းနေတာ သူတို့ ရှင်သန်ဖို့က တိုက်ခိုက်မှရမယ်
ကြားထဲ လှေနဲ့ အရမ်းဝေးလွန်းသွားတော့ အဆက်အသွယ်လုပ်တဲ့စက်က အလုပ်မလုပ်တော့ဘူး
သူတို့ ဘယ်လို ဆက်သွယ်ဖို့ကြိုးစားကြမလဲ
ငါးမန်းတွေရန်ကို ဘယ်လို တိုက်ခိုက်ကြမှာလဲ
သူတို့ အသက်ရှင်မှာလား
ဒါမှမဟုတ် ငါးမန်းစာပဲ
ဖြစ်သွားမလားဆိုတာကတော့..

👍6❤2👎1

👍5❤1

Jurassic Park Collection
====================
မြန်မာစာတန်းထိုးဒါရိုက်တာSteven Spielberg၏လက်ရာတစ်ခုဖြစ်သောJurassic Parkသည်IMDb 8.1နှင့်RT 91% ရရှိထားပြီး ဒိုင်နိုဆောရုပ်ရှင်များထဲတွင်
ဇာတ်လမ်းဇာတ်အိမ် အခိုင်ဆုံးဖြစ်သည်ဟု မှတ်ချက်ပြုခြင်းခံခဲ့ရသည်။ဒိုင်နိုဆောရုပ်ရှင်တို့၏ဘိုးအေကြီးလည်းဖြစ်ပြီး ဤဇာတ်လမ်းကိုအခြေခံ၍နောက်ဆက်တွဲရုပ်ရှင် များစွာရိုက်ကူးခဲ့ကြသည်။ဂျွန်ဟမ်ဦးဆောင်သောအသင်းသည် ကော်စတာရီကာကမ်းလွန်ရှိကျွန်းတစ်ကျွန်းကိုငှားရမ်း၍ ဒိုင်နိုဆောကမ္ဘာတစ်ခုတည်ဆောက်ခဲ့ကြသည်။ထိုအပန်းဖြေစခန်းကြီးဖွင့်လှစ်လုလုအချိန်တွင်လုံခြုံရေးဆောင်ရွက်မှုအားနည်းချက်များကြောင့် လူသေဆုံးမှုများဖြစ်ပေါ်လာပြီးလျော်ကြေးငွေများစွာအသုံးပြုခဲ့ရသောကြောင့် ထောက်ပံ့သူရှယ်ယာရှင်များလက်တွန့်လာခဲ့ကြသည်။ဤအခက်အခဲကိုဖြေရှင်းရန် သိပ္ပံပညာရှင်သုံးဦး၏ထောက်ခံကြောင်းလက်မှတ်များလိုအပ်လာပြီးထိုကျွန်းကိုစစ်ဆေးလေ့လာရန်ရောက်ရှိလာခဲ့ကြသည်။ထောက်ခံချက် ရမည် မရမည် ဆိုတာကိုတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုခံစားကြည့်ကြပါ။နှစ်ပေါင်းသန်းပေါင်း ၆၅ သန်းလောက်ကမျိုးတုန်းပျောက်ကွယ်သွားတဲ့သတ္တဝါတွေကို သဘာဝတရားကိုလွန်ဆန်ပြီး ပြန်လည်ဖန်တီးတဲ့အခါမှာဘယ်လိုဘေးအန္တရာယ်ဆိုးတွေကျရောက်လာမလဲဆိုတာ ကြည့်လိုက်ရအောင်လား

👍12❤3😁3
Forwarded from စာတန်းထိုးဇာတ်ကားကောင်းများစုစည်းမှု့
King Kong (2005)
===============
ပြဇာတ်လောကကနေ အရှုံးပေါ်နေလို့ အလုပ်ပြောင်းတဲ့ မင်းသမီးဟာ
ရုပ်ရှင်အဖွဲ့နဲ့ ပူးပေါင်းပြီး စွန့်စားခန်းတွေ သဘာဝအလှ ရှုခင်းတွေကို ရိုက်ကူးဖို့
ပင်လယ် ခရီးသွားရာမှ မထင်မှတ်ထားပဲ လမ်းမှားပြီး ကျွန်းကြီးတစ်ကျွန်းကိုရောက်သွားပြီး
ကင်းကောင်နဲ့ ဆုံတွေ့ရာမှာ ကင်းကောင်က မင်းသမီးအပေါ်မေတ္တာယိုဖိတ်ပြီး
လိုက်လံ ဖမ်းဆီးရာမှ ရုပ်ရှင်အဖွဲ့သားတွေနဲ့ ကတောက်ကဆဖြစ်ပြီး
ရုပ်ရှင်အဖွဲ့သားတွေကလည်း ကင်းကောင်ကို လိုက်လံဖမ်းဆီးပြီး
မြို့ပေါ်ကိုဖမ်းဆီးခေါ်ဆောင်လာပြီး ရုံသွင်းပြစားရာမှ
ဘယ်လိုတွေ ဖြစ်ပျက်ကြမလဲဆိုတာကို ဆက်လက်ကြည့်ရှူလိုက်ကြပါတော့ဗျာ

👍4
Forwarded from စာတန်းထိုးဇာတ်ကားကောင်းများစုစည်းမှု့
Kong: Skull Island (2017)
====================
၁၉၇၃ ကာလ မြင်ကွင်းတွေ နဲ့အတူ ဗီယက်နမ်စစ်ပွဲအပြီးကာလမှာ Monarch လို့ခေါ်တဲ့ လျှို့ ဝှက် အဖွဲ့အစည်းအတစ်ခုဟာ မြူခိုးတွေနဲ့ အုံ့ဆိုင်းနေတဲ့ အရိုးစု ကျွန်းဆိုတဲ့ ကျွန်းသစ်တစ်ကျွန်းကို
ရှာတွေ့ခဲ့ပါတယ်
အဲဒီကျွန်း ပေါ်မှာ ထူးဆန်းတဲ့ တိရစ္ဆာန်မျိုး စိတ်တွေရှိနေတဲ့အတွက် သုတေ သနပြုဖို့ရဟတ်ယာဉ်တွေနဲ့ ထွက်ခွာခဲ့ကြပါတယ်
တကယ်တော့ အဲဒီကျွန်း ပေါ်မှာ ကောင်ဆိုတဲ့ ဧရာမ မျောက်ဝံကြီးရှိသလို အခြားထူး ဆန်းတဲ့ သတ္တဝါပေါင်းများစွာ လည်း ရှိနေတာပါ
ရဟတ်ယာဉ် တွေ ကျွန်းပေါ်က ဖြတ်ပျံတုန်း မျောက်ဝံကြီး ရန်ပြုတိုက်ခိုက်ခဲ့ တဲ့အတွက် ရဟတ်ယာဉ်တွေ ပျက်ကျကုန်ပါတော့တယ်
ကျွန်းပေါ် ရောက်သွားတဲ့ သုတေသီအဖွဲ့ဟာ ကင်းကောင် အပြင် အခြားထူးဆန်းတဲ့ သတ္တဝါ ကြီးတွေနဲ့ပါရင် ဆိုင်ခဲ့ရပါတယ်
သူနေတဲ့ ကျွန်းပေါ်ကို ကျူးကျော် ဝင်ရောက်လာသူတွေကို ကင်း ကောင်ဟာ ဒေါသတကြီး တိုက် ခိုက်ခဲ့တာမို့ သုတေသီတွေနဲ့ပါလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ကြပါတော့တယ်
ကင်းကောင် ဇာတ်ကား ကြိုက်တဲ့ ပရိသတ်တွေ အနေနဲ့ တော့ ဒုတိယမြောက် ကင်းကောင်ဇာတ်ကားက
ကောကျေနပ်လောက်တဲ့ရသပေးစွမ်းမှာလားဆိုတာတော့ကိုယ်တိုင်ကြည့်ပြီး တော့သာဆုံးဖြတ်ကြည့်ကြဦး နော်

👍12❤3🔥2
Forwarded from စာတန်းထိုးဇာတ်ကားကောင်းများစုစည်းမှု့
Godzilla (2014)
============
2014 ခု နှစ်မှာထွက်ရှိခဲ့တဲ့ Godzilla ရုပ်ရှင်ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်..IMDb Rating6.4 ရရှိထားပြီးတော့ Rotten Tomatoes 75% အထိလည်းရရှိထားပါတယ်..
ဒါရိုက်တာ Gareth Edwards ကနေ ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်..ဂျပန်နိုင်ငံက ရိုက်ကူးခဲ့တဲ့ Godzilla ဇာတ်လမ်းတွဲကို အမေရိကပုံစံ အသက်သွင်းပြန်လည်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်..အချွန်အတက်များနဲ့ရက်စက်ယုတ်မာစွာ..အဖျက်စွမ်းအားကောင်းတဲ့အထပ်မြင့်မိုးမျှော်အဆောက်အဦးများထက်ကြီးမားတဲ့သတ္တဝါကြီးတွေဟာ လူသားတွေရဲ့ရပ်တည်မှုကိုခြိမ်းခြောက်လာစဉ်မှာ ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်..ဒီတစ်ခါတော့ ဟောလိဝုဒ်က ဂျပန်တွေရဲ့ Godzilla ဇာတ်လမ်းကို ကောင်းအောင် ရိုက်နိုင်ခဲ့ပါပြီ။ ၁၉၉၈ တုန်းက နာမည်ပျက်ခဲ့တဲ့ Godzilla ဇာတ်ကား နဲ့ဒီကားက တစ်ခြားစီပါပဲ။ လက်ရှိ Godzilla ဇာတ်ကားက ဂျပန် တွေတီထွင်ခဲ့တဲ့ Gojira (Godzilla) ရဲ့ မူလ ဇာတ်လမ်းကို မှီငြမ်းပြီး ရိုက်ကူးခဲ့ပါတယ်။
ဇာတ်လမ်းကတော့ ၁၉၅၄ ကျော်လောက်ကတည်း Castle Bravo Nuclear Bomb Testing လုပ်တာကို ပြခဲ့ပြီးအဲ့ဒီတုန်းက ဗုံးက စမ်းသပ်ဗုံးမဟုတ်ပဲ Godzilla ကို သတ်ဖို့ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။၁၉၉၉ ခုနှစ် မှာတော့ ဖီလစ်ပိုင်မှာ ဂေါ်ဇီလာရုပ်ကြွင်းကိုတွေခဲ့သလို ဥနှစ်လုံးကိုလည်း တွေ့ခဲ့ပါတယ်။တစ်လုံးကတော့ ဥပေါက်သွားပြီး ထွက်သားပြီးဖြစ်နေတာကို တွေ့ရပါတယ်။အဲ့ဒီအချိန်မှာ Breaking Bad မင်းသား Bryan Cranston (Joe Brody) နဲ့ သူ့မိန်းမက ဂျပန် Nuclear Plant မှာ အလုပ်လုပ်နေတာဖြစ်ပြီး၊ရုတ်တရက် ငလျင် လှုပ်ခတ်သွားသလို၊ EMP (Electromagnetic Pulse) ကြောင့် မီးတွေလည်းပျက်သွားခဲ့သလိုPower Plant ပြိုကျမှုကြောင့် (Trailer ထဲမှာပါတဲ့) သူ့မိန်းမ လည်း သေသွားခဲ့ပါတယ်။သူ့မိန်းမသေတဲ့ အခန်းက ရိုက်ထားတာ အရမ်းပီပြင်ပြီး သူကိုယ်တိုင် တံခါးပိတ်လိုက်ရတာဖြစ်လို့လည်း ကြည့်ရတဲ့သူတွေကိုပါ စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။Joe က ဒီ Nuclear Plant ပြိုကျတာဟာ သဘာဝဘေးအန္တရာယ်မဟုတ်ဘူးလို့ ခံယူထားပြီး အစိုးရက တစ်ခုခုကို ဖုံးကွယ်ထားတယ်လို့ ယုံကြည်နေပါတယ်။ ၁၅ နှစ်ကြာပြီးမှာတော့ သူ့ရဲ့ သား Aaron Taylor-Johnson (Kick-Ass မင်းသား ဖြစ်ပြီး၊ Avengers:Age of Ultron မှာ Quicksilver အဖြစ်ပါဝင်မှာ ဖြစ်ပါတယ်။) က မိန်းမနဲ့ကလေးနဲ့ ရှိနေသလို စစ်ထပ်ထဲမှာလည်း Bomb Specialist အဖြစ် တာဝန်ထမ်းဆောင်ဖူးပါတယ်။သူ တာဝန်ပြီးလို့ ပြန်လာတဲ့အချိန်မှာပဲ သူ့အဖေက Japan မှာ ဖမ်းခံနေရလို့ အာမခံနဲ့သွားထုတ်ပေးရာက စပြီး လွန်ခဲ့တဲ့ ၁၅ နှစ်က အဖြစ်အပျက်တွေရဲ့ အဖြစ်မှန်ကို သိခဲ့ရပါတယ်။Nuclear Power Plant ပြိုကျခဲ့တာက သဘာ၀ အတိုင်း ငလျင်မဟုတ်ပဲ MUTO (Massive Unidentified Terrestrial Object) ကြောင့်ပြိုကျခဲ့တာဖြစ်ပါတယ်။ ၁၉၉၉ ဖီလစ်ပိုင်မှာတွေ့တဲ့ MUTO ဥနှစ်ဥထဲက အထီးရဲ့ ဥက အကောင်ပေါက်ပြီး ဂျပန်ကိုရောက်လာတာဖြစ်ပါတယ်။MUTO တွေရဲ့ အဓိက အစာက Nuclear Radiation ဖြစ်တာကြောင့် Nuclear Power Plant မှာလာပြီး အသိုက်လုပ်နေနေပါတယ်။ အဲ့ဒီအချိန်ထဲက လူတွေက မသတ်ရဲသလို မသတ် ပဲနဲ့ လေ့လာမှုတွေလုပ်နေခဲ့ကြပါတယ်။ (သတ်လိုက်ရင် သူဆီက Radiation တွေ Nuclear ဗုံးဖောက်သလို ပွင့်ထွက်မှာ စိုးလို့လို့ ရှင်းပြထားပါတယ်။)MUTO နဲ့ Godzilla တို့က လူတွေထက်နှ်စ်သန်းပေါင်းများစွာစောပြီး ကမ္ဘာကြီးမှာ Radiation တွေ ရှိနေတဲ့ အချိန်ထဲက ရှင်သန်နေတာဖြစ်ပါတယ်။ သူတို့က ဒီ Radiation ကနေ အဟာရဖြစ်ပြီး နေလာရာက တစ်ဖြည်းဖြည်း Radiation နည်းလာတဲ့နောက် ရေအောက်ထဲကို ဆင်းပြီးနေလာ ကြပါတယ်။ ရေအောက် ကြမ်းပြင်က ကမ္ဘာ့ဗဟိုနဲ့ နည်းပြီး Radiation ပိုရလို့ဖြစ်ပါတယ်။ ဖီလစ်ပိုင်မှာတွေ့တဲ့ Godzilla ရုပ်ကြွင်းက MUTO တွေကြောင့် သေတာဖြစ်မယ်လို့လည်း ရှင်းထားပါတယ်။MUTO အမရဲ့ဥကိုတော့ Nevada, USA ကို သယ်သွားခဲ့ပြီး အဲ့ဒီမှာရှိတဲ့ Nuclear Waste ထားတဲ့ တောင်ကြားထဲမှာ ထားထားပါတယ်။ အမက ဥကနေ အကောင်မပေါက်သေးပဲ အထီးက အရွယ်ရောက်လို့ အချက်ပေးတော့မှ သူက အကောင်ပေါက်လာတာဖြစ်ပါတယ်။၁၅ နှစ်ကြာပြီးတဲ့နောက်မှာ Japan က အထီးနဲ့ Nevada က အမတို့ San Francisco မှာ တွေ့ကြပြီး မျိုးပွားဖို့ အစီအစဉ်ဖြစ်ပါတယ်။ဒါပေမယ့် အထီးက အမကို Signal ထုတ်လွှတ်ပြီး ဆက်သွယ်ရာမှာ ကြားထဲက Godzilla က ကြားသွားပြီး တဖန် နိုးထလာပါတယ်။အဲ့ဒီကနေ Godzilla နဲ့ MUTO နှစ်ကောင်ရဲ့ တိုက်ပွဲ ကို ပရိတ်သတ်ကြီးရင်သက်ရှုမောဖွယ် ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။Godzilla က ဒီကားမှာ လူတွေကို ဒုက္ခပေးဖို့မဟုတ်ပဲ “Godzilla came to restore balance to the nature” လို့ပြောထားပါတယ်။ ဆိုလိုတာက ကမ္ဘာကြီးကို ဒုက္ခပေးဖို့ လာတဲ့ ရန်သူတွေကို Godzilla က အမြဲ ရင်ဆိုင်ရပြီး ကမ္ဘာကြီးကို စောင့်လျှောက်နေတာဖြစ်ပါတယ် (Original Japan ကားကြည့်ဖူးသူတွေသိမှာပါ။)အရင်ကားဟောင်းတွေရဲ့ အရသာမပျက်ပဲ အမြင်ဆန်းနဲ့ ရိုက်ကူးထားနိုင်ပြီး Visual Effect ကောင်းကောင်း နဲ့ ကြည့်ရသလို၊ ဇာတ်လမ်း ဇာတ်သွားလည်း အရမ်းကောင်းပါတယ်။Fight Scene တွေကလည်း အထူးကောင်းမွန်ပြီး၊ Godzilla ကို တင်ဆက်သွားတာလည်း

👍13❤2🔥2👏2
Forwarded from စာတန်းထိုးဇာတ်ကားကောင်းများစုစည်းမှု့
King Kong (1976)
==============
ရေနံစီးပွားရေးကုမ္ပဏီတစ်ခုမှ
မြူကမ်းပါးများဖြင့်ထာဝရပိတ်ဖုံးနေသည့် ကျွန်းတစ်ကျွန်းအား သတိပြုမိကာ၎င်းကျွန်းမှထွက်ရှိသည့် ရေနံများအား သွားရောက်ယူဆောင်ကြခြင်းဖြစ်ပါတယ်
၎င်းနောက်မှ ထိုကျွန်းပေါ်တွင်
လူရိုင်းမျိုးနွယ်စုများနေထိုင်သည်ကို တွေ့ရှိရပြီးလူရိုင်းအဖွဲ့မှ သင်္ဘောပေါ်ရှိ အမျိုးသမီးငယ်အား ဖမ်းဆီးခေါ်ဆောင်ကာ၎င်းတို့ကိုးကွယ်သည့်ကင်းကောင်ကြီးနှင့် လက်ဆက်ပေးခဲ့ပါတယ်
ထိုမိန်းကလေးအပေါ်ကိုကင်းကောင်ဟာ သံယောဇဉ်တွယ်မိသွားပြီး
စောင့်ရှောက်ပေးခဲ့ပါတယ်
ဒါပေမယ့်လည်း သတ္တ၀ါတစ်ကောင်နဲ့အတူနေရတဲ့ မိန်းကလေးဟာကြောက်လည်းကြောက်လန့်ကလည်းလန့်နဲ့မနေပျော်ခဲ့ပါဘူး
သင်္ဘောပေါ်မှာ အမှုထမ်းများအမျိုးသမီးငယ်အား ကင်းကောင်လက်မှပြန်လည်ကယ်တင်ပေးခဲ့ပြီး
ကင်းကောင်ကြီးအားဖမ်ဆီးပြီးမြို့ခေါ်ဆောင်လာကာ ကင်းကောင်နှင့် မြို့တွင် ပွဲပြုလုပ်ရန် စီစဉ်ခဲ့ပါတယ်
၎င်းပွဲနေ့တွင် သူချစ်ရတဲ့မိန်းကလေးကို လူများကထိခိုက်အောင်လုပ်နေသည်ကိုမြင်သောအခါကင်းကောင်ကြီးမှ အချုပ်အနှောင်များအား
ရုန်းထွက်ခဲ့ကာ
မြို့ပေါ်တွင် သောင်းကျန်းတိုက်ခိုက်မှုများ၊ မြို့ရှိ စစ်အဖွဲ့မှ ၎င်းအား ပြန်လည် တိုက်ခိုက်ချေမှုန်းခြင်းများအားကြည့်ရှုရမဲ့.....

👍9❤2
Forwarded from စာတန်းထိုးဇာတ်ကားကောင်းများစုစည်းမှု့
IMDb - 6.8/10
Serious ဖြစ်တဲ့ကားကြီးတွေပဲ ကြည့်ရတာပျင်းလာပြီး ပေါ့ပေါ့ပါးပါးကားလေးတွေပဲ ကြည့်ချင်သူတွေအတွက် ဂျပန်ကားသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်ကားနာမည်ကတော့ Ninja Vs Shark ဖြစ်ပြီး IMDb Rating 6.8 အထိရရှိထားပါတယ်။
ဇာတ်လမ်းနာမည်ကြည့်ပြီးတော့ဇာတ်ကားရဲ့အရိပ်အမြွက်ကိုတော့ နည်းနည်းပါးပါး သိနေလောက်မှာပါ။
အိုကစ်ဆူဆိုတဲ့ တံငါရွာလေးမှာထူးဆန်းလှတဲ့ ကံဆိုးမိုးမှောင်ကျမှုတစ်ခုကို ကြုံတွေ့နေရပါတယ်။
အဲ့ဒါကတော့ ဘယ်သူမှငါးထွက်မျှားလို့မရသလို သူတို့ဆီမှာထွက်တဲ့အဖိုးတန်ရတနာဖြစ်တဲ့ပုလဲတွေကိုလည်း ဆင်းရှာလို့ မရတာပဲဖြစ်ပါတယ်။
ဒီတော့ တံငါရွာဆိုပေမဲ့ ငါးဖမ်းစားလို့မရတဲ့တံငါရွာဖြစ်နေခဲ့တာပေါ့။
အဲ့လိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ သူတို့ဆီကို ကြက်သွေးရောင်မိစ္ဆာဂိုဏ်းရောက်ရှိလာပြီး သူတို့ရဲ့ပုလဲတွေကိုလိုချင်တဲ့အတွက် ကျိန်စာတိုက်ခဲ့လို့ပဲဖြစ်ပါတယ်။
အဲ့ဒါကြောင့်မလို့ ရွာသူကြီးက ရွာကိုကာကွယ်ဖို့အတွက် ကိုယ်ရံတော်တစ်ယောက် ငှားခဲ့ပါတော့တယ်။
ဒါပေမယ့် အဲ့ဒီကိုယ်ရံတော်က သာမန်လူမဟုတ်ဘဲ နင်ဂျာတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့ ကြက်သွေးရောင်မိစ္ဆာဂိုဏ်းနဲ့ အိုကစ်ဆူရွာကြားမှာ ဘယ်လိုအရာတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
#Credit

👍10❤2
Forwarded from တင်ဖို့စုထားတဲ့ဇာတ်ကားများ
Mermaid Down (2019)
ရေသူမတွေကိုမှ ဖမ်းဆီးချင်တဲ့ တံငါသမားနှစ်ယောက်ဟာ ဇွဲကောင်းကောင်းနဲ့ စောင့်ဆိုင်းပြီး ရေသူမလေးတစ်ကောင်ကိုဖမ်းမိကြတယ်
သူတို့ဟာ သာမာန်ဖမ်းဆီးရောင်းချချင်တဲ့သူမျိုးတွေ မဟုတ်ဘဲနဲ့ မိရိုးဖလာယုံတမ်းစကားအတိုင်း ရေသူမကို အမြီးတစ်ပိုင်းလူတစ်ပိုင်းဖြတ်ပြီး သယ်ဆောင်ရမယ်ဆိုတဲ့စကားအရ ရေသူမအမြီးကို ပုဆိန်နဲ့ခုတ်ဖြတ်လိုက်ပြီး တစ်ပိုင်းဆီထားထားတယ်
စိတ်ရောဂါကုဆရာဝန် ဒေါက်တာဘိုင်ယာဟာ အဲတံငါသင်္ဘောနားတစ်ဝိုက်မှာစောင့်ကြည့်နေပြီး အဖြစ်အပျက်တွေအပြီးမှာ တံငါသမားဆီမှ ရေသူမလေးကို ရအောင်ကယ်ထုတ်ခဲ့ပြီး သူဘာဆက်လုပ်မလဲ
စိတ်ရောဂါကုဆေးရုံမှာရှိနေတဲ့ စိတ်ဝေဒနာသည်မိန်းကလေးတစ်သိုက်နဲ့ ရေသူမလေးတို့ဆုံတွေ့ခဲ့ကြပြီးအစပိုင်းမှာ အဆင်မပြေခဲ့ကြတဲ့အပြင် သူ့ကို ရေသူမဆိုတာလည်းမယုံကြည်ခဲ့ကြပေမယ့် နောက်ပိုင်းကျ အန္တရာယ်ကို အတူတူရင်ဆိုင်ခဲ့ကြတယ်
သူတို့ရင်ဆိုင်ရမှာက ဘာအန္တရာယ်ဖြစ်မလဲ၊ ပုံမှန်ရေသူမကားတွေလို အချစ် အလွမ်း အနမ်းနဲ့ ပြီးသွားတတ်တဲ့ဇာတ်လမ်းမျိုးမဟုတ်ဘဲ သည်းထိတ်ရင်ဖိုနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းမျိုးလေးဖြစ်ပါတယ်

👍12❤3🔥1
Forwarded from တင်ဖို့စုထားတဲ့ဇာတ်ကားများ
အခုလိုနည်းပညာ ထွန်းကားလာတဲ့ခေတ်ကြီးမှာ influencer တွေမျိုးစုံပေါ်လာပြီးတချို့ YouTuber တွေ streamer တွေဟာ content ဖန်တီးဖို့ လူစိတ်၀င်စားမှုရအောင် မျိုးစုံကြံဖန်ကြတာကိုမြင်ရမှာပါ။ဒီရုပ်ရှင်မှာတော့ view ရဖို့မျိုးစုံလုပ်တတ်တဲ့ Shawn ဟာသူ့ရဲ့နောက်ဆုံးစိန်ခေါ်မှုအနေနဲ့ အမေရိကမှာသရဲအခြောက်ဆုံးလို့နာမည်ကြီးတဲ့အိမ်မှာ တစ်ညတာနေပြီး Live stream လုပ်ဖို့စီစဉ်ထားပါတယ်။အိမ်ထဲမှာတော့ Shawn တစ်ယောက် ပတ်ကြည့်ရင်းမတော်တဆ မနှိုးသင့်တဲ့ တစ်စုံတစ်ရာကိုသွားနှိုးလိုက်မိတဲ့အခါ...
ရုပ်ရှင်တစ်ကားလုံး Shawn ရဲ့ live stream ကိုတိုက်ရိုက်ကြည့်ရှုနေသလိုရိုက်ကူးထားပြီး ဘတ်ဂျက်နည်းနည်းနဲ့ Indie film ဖြစ်ပေမယ့် စိတ်၀င်စားစရာ concept တွေနဲ့ ကြောက်လည်းကြောက်ရတဲ့ Horror ကားလေးပါ။
Rotten tomatoes -91%
IMDB-6.7/10

👍8❤3
Forwarded from တင်ဖို့စုထားတဲ့ဇာတ်ကားများ
အန္တရာယ်တို့ကြီးစိုးလေသော
Geocentric Crisis (2023) အသစ်စက်စက်
ဇာတ်လမ်းအကျဥ်း
ဒီဇာတ်လမ်းလေးက အခြား Sci-Fi ကားတွေလိုပဲ အနာဂတ်ရဲ့အချိန်ကာလတစ်ခုကို ဇာတ်အိမ်တည်ထားပါတယ်
~ နောက်နှစ်ပေါင်းများစွာကြာပြီးတဲ့ အနာဂတ်မှာတော့ ကမ္ဘာမြေကြီးရဲ့ ဖန်လုံအိမ်အာနိသင်ဟာ ပိုမိုဆိုးရွားလာတဲ့အတွက် ပတ်ဝန်းကျင်ယိုယွင်းလာပြီး လူတွေဟာ ရှင်သန်ဖိုအတွက် မြေအောက်မြိုတော်ကို ပြောင်းရွှေ့နေထိုင်ရပါတယ်
~ ဒါပေမဲ့ နေထိုင်တာ ကြာမြင့်လာတဲ့အခါမှာတော့ မြေအောက်မြိုတော်ရဲ့ စွမ်းအင်အရင်းအမြစ်တွေဟာ တစ်နေ့တခြား ဆုတ်ယုတ်လာပြီး မြေအောက်ရဲ့ သက်ရှိဦးရေ အဆမတန်တိုးပွားလာမှုကြောင့် လူတွေဟာ မြေအောက်မှာလည်း နေထိုင်လိုမရတော့ပဲ ကမ္ဘာမြေပြင်ပေါ်သို ပြန်လည်အခြေချနေထိုင်ဖို နည်းလမ်းတစ်ခုကို စဉ်းစားရပါတော့တယ်
~ ပညာရှင်တိုရဲ့ အမျိုးမျိုးတွက်ချက်မှုတွေ ပြီးသွားတဲ့နောက်မှာ လူသားတွေကို မြေပြင်ပေါ်သိုပိုဆောင်နိုင်မယ့် ပရောဂျက်တစ်ခုကို လက်တွေ့အကောင်အထည်ဖော်ကြပါတယ်
~ ဒါပေမဲ့ စတင်စမ်းသပ်သည့်နေ့မှာပဲ အဆိပ်ရှိတဲ့ ဓာတ်ငွေ့တွေ လွတ်ထွက်လာပြီး မြေအောက် မိုဒေါ် အိမ်မြှောင်တွေဟာ ချက်ချင်းဆိုသလို ကြီးမားသော သားရဲကောင်များအဖြစ်သို ပြောင်းလဲသွားတဲ့ အခါမှာ . . .
မြေအောက်ပြည်သူတွေဟာ အဲ့ဒီသားရဲကောင်ကြီးတွေရဲ့ အန္တရာယ်ကနေ လွတ်မြောက်နိုင်ပါ့မလား?
မြေပြင်ပေါ်ကို ဦးတည်တဲ့ တစ်စီးတည်းသော ရထားခရီးစဥ်ကြီးကရော အဆုံးသတ်မှာ အဆင်ပြေပြေနဲ့ ကမ္ဘာမြေပြင်ပေါ်ကို ရောက်ရှိသွားမလား?
စတာတွေကို ရင်တထိတ်ထိတ်နဲ့ စောင့်မျှော်ကြည့်ရှုရမယ့်ကားလေးပဲ ဖြစ်ပါတယ်

👍17❤5🥰1👏1😁1
2022ထွက် Sci-fi ,adventure အမျိုးအစားဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ
သက်ရှိမျိုးစိတ်တွေကိုလေ့လာနေတဲ့ သိပ္ပံပညာရှင်အန်နာဟာ
လွန်ခဲ့တဲ့၁၀နှစ်က သုတေသနအတွက်
သဘာဝသစ်တောကိုသွားလေ့လာရင်း
ထူးဆန်းစွာပျောက်ကွယ်သွားတဲ့ အဘိုးဖြစ်သူကို
ရှာဖွေလိုစိတ်ပြင်းပြနေခဲ့ပါတယ်...
အန်နာဟာ တစ်ချိန်ကအဘိုးဖြစ်သူရဲ့တပည့် ပါမောက္ခရှဲ...
အဘိုးမိတ်ဆွေရဲ့သားဖြစ်သူ လီယွီဟန်တိုနဲ့အတူ
သဘာဝသစ်တောဆီစွန့်စားခရီးထွက်လာပါတော့တယ်...
သဘာဝသစ်တောမှာ အန္တရာယ်ပေါင်းစုံနဲ့ရင်ဆိုင်ချိန်မှာ
ဒဏ္ဍာရီထဲမှာသာကြားဖူးတဲ့ ခြေကြီးမိစ္ဆာကိုလဲတွေ့မြင်ခွင့်ရခဲ့ပါတယ်...
သဘာဝသစ်တောကနေ အသက်ရှင်လျက်ပြန်ထွက်လာနိုင်ပါ့မလား..
အဘိုးဖြစ်သူကိုရောရှာတွေ့နိုင်မှာလား
ပါမောက္ခရှဲမှာဘယ်လိုအကြံတွေရှိနေတာလဲ....
ဇာတ်လမ်းတစ်ပုဒ်လုံးကိုစိတ်လှုပ်ရှားခြောက်ခြားဖွယ်ကြည့်ရှုရမှာပါ

👍26❤3🥰2👎1😁1
The Superdeep (2020)
=================
လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်က ကမ္ဘာပေါ်တင်မက ပြည်တွင်းမှာပါ
လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့တဲ့ Hoax တစ်ခုကိုမှတ်မိကြဦးမှာပါ။
အဲ့ဒါကတော့ ရုရှားနိုင်ငံမှာရှိတဲ့ ကမ္ဘာပေါ်ကအနက်ရှိုင်းဆုံး လူသား
တွေတူးဖော်ထားတဲ့ တွင်းနက်ကြီးတစ်ခုကနေ အော်ဟစ်ငိုညည်းသံ
တွေကျယ်လောင်စွာကြားခဲ့ရတယ်ဆိုတဲ့အဖြစ်အပျက်ပါ။
အဲ့ဒီအသံတွေကိုသိပ္ပံပညာရှင်တွေကလေ့လာရင်းနဲ့ပြင်းထန်လှတဲ့
အပူချိန်ကြောင့် ဆက်ပြီးမတူးဖော်နိုင်ပဲ သုသေသနတွေရပ်တန့်လိုက်
ရကြောင်းနဲ့ အဲ့ဒီအသံတွေဟာငရဲကျခံနေရသူရဲ့အော်ဟစ်သံတွေဖြစ်
နိုင်ကြောင်းတွေနဲ့နိဂုံးချုပ်ထားပါတယ်။ဖြစ်ရပ်မှန်တစ်ဝက်စိတ်ကူး
ယဉ်တစ်ဝက်နဲ့ယုတ္တိဆန်ဆန်အရေးအသားတွေကြောင့်ဖြန့်ဝေသူတွေ
များပြားခဲ့သလိုပြည်တွင်းတစ်ချို့ဂျာနယ်တွေမှာပါပုံနှိပ်ဖော်ပြခဲ့တဲ့အ
ထိဖြစ်ခဲ့ပါတယ်။ အဲ့ဒီတွင်းနက်ကြီးဟာ အပြင်မှာ တကယ်ရှိပြီး Kola
Superdeep Borehole လို့ခေါ်ပါတယ်။

👍74❤11🥰9😁4🔥3
The Mermaid : The Lake of The Dead (မြန်မာစာတန်းထိုး)
တရုတ်ကားများ
➩ ch_movie_mv.t.me
စစ်ကားများ
➩ war_movie21.t.me
အက်ရှင်မူဗီ
➩ actionmoviezatcar.t.me
ကာတွန်းကားများ
➩ cartoonmainlink.t.me
အကောင်ကားများ
➩ Kingkong_Movie0.t.me
ကိုရီးယားကားများ
➩ koreamovie_95.t.me
🎦 ဇာတ်ကားအစုံကြည့်ရန်နှိပ်ပါ ⬇️
http://t.me/addlist/d2vQ4wu8t1xlOGZl
http://t.me/addlist/YvEvBjT1Xnw5NDBl
တရုတ်ကားများ
➩ ch_movie_mv.t.me
စစ်ကားများ
➩ war_movie21.t.me
အက်ရှင်မူဗီ
➩ actionmoviezatcar.t.me
ကာတွန်းကားများ
➩ cartoonmainlink.t.me
အကောင်ကားများ
➩ Kingkong_Movie0.t.me
ကိုရီးယားကားများ
➩ koreamovie_95.t.me
🎦 ဇာတ်ကားအစုံကြည့်ရန်နှိပ်ပါ ⬇️
http://t.me/addlist/d2vQ4wu8t1xlOGZl
http://t.me/addlist/YvEvBjT1Xnw5NDBl
👍48❤17🥰6👎5👏5
Forwarded from Fox Movie Zone
K-i-n-g-d-o-m: A-s-h-i-n of t-h-e N-o-r-t-h [2021]
IMDB (9.7/10)
Kingdom ရဲ့ Season 2 အဆုံးမှာ မင်းသားနဲ့သူ့ရဲ့ နောက်လိုက်နောက်ပါတစ်သိုက်က မသေဆေးပင်တွေရဲ့ အရင်းအမြစ်က လူတစ်ယောက်ဆီက လာတယ်ဆိုတာကိုတွေ့ခဲ့ပါတယ် လက်သည် တရားခံကတော့ မြောက်ပိုင်းသူ အာရှင်း ပဲဖြစ်ပါတယ်ဒီဇာတ်ကားကတော့ သူ့ရဲ့ နောက်ခံအကြောင်းအရာတွေကို ပြထားတာပါ၊ ဂျိုဆွန်းမှာ မျိုးဆက် ၃ ဆက်လောက် နေခဲ့ကြတဲ့ သူတို့ရဲ့ ဂျာချန်လူမျိုးစုလေးက ဂျာချန်တွေထဲမှာလည်း အပယ်ခံ ဂျိုဆွန်းပြည်သားတွေကလည်း လက်မခံဖြစ်နေပါတယ်
အာ့ဒီလိုအခြေအနေထဲမှာမှ အာရှင်းရဲ့အဖေက သူတို့ရွာလေးကို တရားဝင်ဂျိုဆွန်ရွာအဖြစ်သတ်မှတ်ခံရဖို့ ကြိုးစားရင်းသေသွားတယ်အမေကတော့ နိမ့်ကျတဲ့သူတို့ရွာလေးကို ဘယ်သမားတော်မှ မလာလို့ ရောဂါခံစားနေရရင်း ဂျိုဆွန်းပြည်နဲ့ ဂျာချန်တွေရဲ့ စစ်ပွဲထဲမှာ ကြားညပ်ပြီးသေဆုံးသွားရတယ်
အဲဒါကြောင့် မသေဆေးပင်ကို အမှတ်မထင်တွေ့ခဲ့လိုက်ရတဲ့ အာရှင်းက သူ့မိသားစုကို ဖျက်စီးခဲ့တဲ့ နိုင်ငံနှစ်ခုကို လက်စားချေဖို့ ကြိုးစားတဲ့အကြောင်းလေးကို ပြထားတာပါ....

👍48❤18🔥4🥰4
Forwarded from Fox Movies Collection and Poster
Alpha (2018) MMSB
____
IMDB (7.0/10)
တစ်မူထူးခြားတဲ့ ဇာတ်လမ်းဇာတ်အိမ်ကို တောင့်တနေတဲ့ ပရိသတ်ကြီးအဖို့ လုံးဝအကြိုက်တွေ့စေမှာပါ
ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင် ကေဒါဆိုတဲ့ ကောင်လေးဟာ ကိုယ်ရှင်သန်ဖို့ သူများကိုသတ်ဖြတ်ရမယ်ဆိုတာကို လက်မခံနိုင်တဲ့ စိတ်သဘောထားနူးညံ့သူတစ်ဦးပါ
ဒါပေမယ့် သူနေထိုင်ရာအချိန်က အသက်ရှင်ဖို့ရုန်းကန်လှုပ်ရှားရတဲ့ ဥရောပရဲ့လွန်ခဲ့သောနှစ်ပေါင်း နှစ်သောင်းခန့်က အချိန်ပါ
တစ်နေ့မှာ သူတို့မျိုးနွယ်စု ဆောင်းတွင်းရိက္ခာရှာဖို့ ကေဒါရဲ့အဖေဖြစ်သူ မျိုးနွယ်စုအကြီးအကဲနဲ့ အမဲလိုက်ထွက်ရပါတော့တယ်။
အမဲလိုက်နေစဉ်အတောအတွင်းမှာပဲ ကေဒါတောင်စောင်းပေါ်ကပြုတ်ကျပြီး ကျောက်ဆောင်တစ်ခုပေါ်မှာတင်ကာသတိလစ်သွားပါတော့တယ်
ဖခင်ဖြစ်သူလဲ မကယ်နိုင်ပဲ ကျန်ရှိနေတဲ့လူမျိုးစုအတွက် ကေဒါကိုထားခဲ့လိုက်ရပါပြီ
စိတ်ထားနူးညံ့သူ ကေဒါ ဘယ်လိုဆက်အသက်ရှင်မလဲ..ကြမ်းတမ်းလှတဲ့တောနက်ကြီးမှာသူဘယ်လိုရှင်သန်ရပ်တည်မလဲ
သူရဲ့ နူးညံ့တဲ့စိတ်ထားကရော သေရေးရှင်ရေးနဲ့ ကြုံလာတဲ့အခါ ဆက်လက်နူးညံနိုင်ပါ့မလားဆိုတာကိုတော့

👍44❤18💩6😁2