Nay Zin Latt We Love
7.06K subscribers
3.17K photos
801 videos
7 files
166 links
ဒေါက်တာနေဇင်လတ် ရေးသော အွန်လိုင်းစာများ မျှဝေသည်
Download Telegram
.
#တိုက်ဆိုင်မှုလို့ပဲ_သဘောထားရမှာလား ?

အိမ်ဖြူတော်အနား မိုးကြိုးပစ်တယ်
မကြာပါဘူး
ထရမ့်အိမ်ကို FBI တွေဝင်စီးပါလေရော
စာရွက်စာတမ်းတွေ ပုံမှာမြင်တဲ့အတုင်း
သိမ်းသွားလိုက်တာ မနည်းဘူး၊

FBI ဒုတိယအကြီးအကဲဟောင်းက
သမ္မတဟောင်းတဦးရဲ့နေအိမ်ကို
ဒါမျိုးဝင်စီးတာ အစဉ်အလာမရှိခဲ့ဖူးဘူး
သူသာ FBI အကြီးအကဲဆိုရင်
ခွင့်ပြုမှာ မဟုတ်ဘူး လို့ပြောတယ်၊

Buck Sexton က -
" ဒါဟာ လက်ဦးမှုရယူပြီး
အာဏာသိမ်းတာ "
... လို့ ပြောပြန်တယ်၊

အစဉ်အလာမရှိခဲ့တာတော့အမှန်ပဲ
အမေရိကန်လိုနိုင်ငံမျိုးမှာတောင်
အာဏာမဲ့ရင် မရေရာတော့ဘူးဆိုတဲ့
အသိဝင်သွားခဲ့ကြရင်...

ဘာတွေဆက်ဖြစ်လာကြပါမလဲ ?

#BaMaung ( 9.8.22 ) 😅
.
#တေန႔တမ်ိဳး_မရိုးစြဲ

ထိုင္ဝမ္ကိစၥၿပီးေတာ့
ထရမ့္အိမ္ကို FBI ကဝင္စီးတယ္၊
လာျပန္ၿပီ... ေနာက္တခု
ဆြီဒင္နဲ႔ ဖင္လန္ကို NATO ထဲဝင္နိုင္ဖို့
အေမရိကန္သမၼတက
ဆိုင္ရာသံအမတ္ႀကီးေတြနဲ႔
ဒုတိယသမၼတေရွ႕မွာ
ေထာက္ခံခ်က္လက္မွတ္
ေရးထိုးေပးလိုက္ျပန္တဲ့သတင္း
တက္လာျပန္ၿပီ၊

႐ုရွားဖက္က
ဆြီဒင္နဲ႔ဖင္လန္ ေနတိုးထဲဝင္ရင္
ျပင္းျပင္းထန္ထန္ တုန႔္ျပန္ရလိမ့္မယ္လို့
ေျပာထားလို့ တေလာတုန္းက
ရပ္ထားတဲ့ကိစၥကို ျပန္ၿပီး
အေကာင္အထည္ေဖၚလာတာျဖစ္ပါတယ္။

#BaMaung ( 10.8.22 ) 🌿
.
#တနေ့တမျိုး_မရိုးစွဲ

ထိုင်ဝမ်ကိစ္စပြီးတော့
ထရမ့်အိမ်ကို FBI ကဝင်စီးတယ်၊
လာပြန်ပြီ... နောက်တခု
ဆွီဒင်နဲ့ ဖင်လန်ကို NATO ထဲဝင်နိုင်ဖို့
အမေရိကန်သမ္မတက
ဆိုင်ရာသံအမတ်ကြီးတွေနဲ့
ဒုတိယသမ္မတရှေ့မှာ
ထောက်ခံချက်လက်မှတ်
ရေးထိုးပေးလိုက်ပြန်တဲ့သတင်း
တက်လာပြန်ပြီ၊

ရုရှားဖက်က
ဆွီဒင်နဲ့ဖင်လန် နေတိုးထဲဝင်ရင်
ပြင်းပြင်းထန်ထန် တုန့်ပြန်ရလိမ့်မယ်လို့
ပြောထားလို့ တလောတုန်းက
ရပ်ထားတဲ့ကိစ္စကို ပြန်ပြီး
အကောင်အထည်ဖေါ်လာတာဖြစ်ပါတယ်။

#BaMaung ( 10.8.22 ) 🌿
Forwarded from Eleven Media Group
Media is too big
VIEW IN TELEGRAM
သြဂုတ် ၁၀ ရက်မနက်ခင်းသတင်းအစီအစဉ် (တိုက်ရိုက်ထုတ်လွှင့်မှု)

■ ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးကိုယ်စားလှယ်အဖွဲ ဘီလာရုစ်နိုင်ငံသို သွားရောက်မည်
■ အမေရိကန် Youtuber တစ်ဦး၏ နေအိမ်ကို အမေရိကန်ဒေါ်လာ ၁၆ သန်းကျော်ဖြင့် သရုပ်ဆောင် စမိုင်းတိုဇနီးမောင်နှံ ဝယ်ယူ
■ စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ထံမှ ဒေါ်လာငါးသိန်းခွဲ လာဘ်ယူခဲ့သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိဖြင့် စွဲချက်တင်ထားသည့် အမှုနှစ်မှုအတွက် လိုပြသက်သေများကို စစ်ဆေး
■ အာဖရိကတိုက်ကို ဩဇာလွှမ်းမိုးအောင်ကြိုးစားရာတွင် အမေရိကန်က အခြားအင်အားကြီးနိုင်ငံများထက် သာလွန်အောင်ကြိုးစားနေခြင်းမဟုတ်ဟု နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကင် ပြောကြား
■ အနောက်ဘက်ကမ်းဒေသတွင် အစ္စရေးတပ်ဖွဲဝင်များ၏ စီးနင်းမှုအတွင်း စစ်သွေးကြွအဖွဲ၏ တပ်မှူးတစ်ဦးအပါအဝင် ပါလက်စတိုင်း နှစ်ဦး သေဆုံးပြီး ၄၀ ထက်မနည်း ဒဏ်ရာရရှိ
■ ဟော်လန်းသည် အွန်နရီ၊ အလန်ရှီးယား၊ စီရော်နယ်လ်ဒိုတိုနှင့်တစ်တန်းစားတည်းထားရမည့်သူဟု ဂွါဒီယိုလာ ချီးကျူး
.
#ဘိုးဘြားရိပ္သာေရာက္သြားတဲ့
#အေမရိကန္ဒီမိုကေရစီ

ျမန္မာ့ဒီမိုကေရစီ
အပ်ိဳ မျဖစ္ခင္မွာ
မုဒိန္းအက်င့္ခံလိုက္ရတယ္လို့
ေရးဘူးခဲ့တယ္၊
ဒိထက္ မကဘူး...
သေႏၶသားပါ ကိုယ့္လက္နဲ႔ကိုယ္
ထပ္ၿပီးအဖ်က္ခ်ခံလိုက္ရတာ၊

အားလုံးက
ဒီမိုကေရစီဆိုတာ
လူမ်ားရာနဲ႔ မဲခြဲၿပီး
အနိုင္က်င့္တဲ့ဟာလားလို့
အသိေတြဝင္သြားခဲ့ၾကၿပီ။

..........

ဒီမိုကေရစီနဲ႔ လစ္ဘရယ္လို့ေျပာရင္
ၿဗိတိန္နဲ႔ အေမရိကန္ကို
ေျပးျမင္ေလ့ရွိၾကတယ္၊

မေန႔က ထရမ့္အိမ္ကို FBI က
ဝင္စီးသြားတာ... ကမၻာမွာ
အေတာ့္ကို ဂယက္ထသြားခဲ့ၾကတယ္၊

" အစဥ္အလာမရွိခဲ့ဖူး ဘူး၊
ကၽြန္ေတာ္သာ FBI အႀကီးအကဲဆိုရင္
ဒီလိုျဖစ္ခြင့္မ်ိဳး ေပးမွာ မဟုတ္ဘူး"
.... လို့၊
FBI ဒုတိယ အႀကီးအကဲေဟာင္းရဲ့
ေဝဖန္သံလဲၾကားလိုက္ရတယ္၊

" ဒါဟာ.... လက္ဦးမွုရယူၿပီး
2024 ေရြးေကာက္ပြဲအတြက္
ႀကိဳတင္အာဏာသိမ္းလိုက္တာ "
.... စသျဖင့္
ေပါက္ကြဲမွုေတြကိုလဲ ေတြ႕လိုက္ရတယ္၊

..........

အေမရိကန္မွာ
သမၼတျဖစ္ဖို့မလြယ္ဘူး၊
ျဖစ္လာတဲ့ သမၼတတိုင္းဟာလဲ
အရွိန္အဝါ အလြန္ႀကီးၾကၿပီး
သမၼတေဟာင္းေတြဆိုတာလဲ
ဖူးဖူးမွုတ္ခံထားၾကရသူေတြပဲ၊

လက္ရွိသမၼတေလာက္သာ
အာဏာမရွိၾကေပမဲ့ ဩဇာႀကီးၾကတယ္
ဂုဏ္ထူးေဆာင္ ပုဂၢိဳလ္ေတြျဖစ္ၾကၿပီး
လုံျခဳံေရး အေစာင့္အေရွာက္မွာ
သမၼတနီးနီးရၾကသူေတြ၊
AirForce One နဲ႔ The Beast ဆိုတဲ့
ကားကိုသာစီးခြင့္မရၾကေပမဲ့
တျခားနိုင္ငံေတြလို၊ တာဝန္ၿပီးတာနဲ႔
ပစ္ထားျခင္း မခံၾကရသူေတြ၊
President Club member ေတြ၊

အမွားတခ်ိဳ့ရွိရင္ေတာင္
အစဥ္အလာပ်က္မွာစိုးလို့
ေအာက္ဖဲ လွန္ေလ့လွန္ထမရွိေတာ့ဘူး၊

..........

တသက္လုံး
ႏွစ္ေပါင္း (၂၄၀) ေက်ာ္ ထိမ္းခဲ့တဲ့
အစဥ္အလာဟာ၊ ဘိုင္ဒင့္လက္ထက္မွာ
ပ်က္စီးသြားခဲ့ၿပီ၊
ယဥ္ယဥ္ေလးသုံးရရင္
The Wild Democracy လို့သုံးရမလား ?

စဥ္းစားၾကည့္တာပါ
Trump က စာရြက္စာတမ္းေတြ
ယူသြားတယ္ဆိုရင္ေတာင္
ဘိုင္ဒင္တက္ၿပီး (၆) လအတြင္း
ရွာေဖြတာမ်ိဳး ျဖစ္သင့္တယ္၊
အခုက်မွ ထလုပ္တယ္ဆိုေတာ့
ဒီမိုကရက္ေတြ လုပ္မွားကိုင္မွား
အလြန္ႀကီးၿပီး၊ ေထာက္ခံမွုေတြ
နိမ့္က်သြားလို့... 2024 မွာ
ရီပါတ္ဘလစ္ကင္ကို အာဏာ
လႊဲေပးရမွာစိုးလို့ ထရမ့္ကိုႀကိဳတင္
နိုင္ငံေရးအရ အေသသတ္တာမ်ိဳး
ျဖစ္မေနဘူးလား ?

ေသျခာတယ္
ထရမ့္အေနနဲ႔ တေၾကာ့ျပန္လာမွာကို
အေၾကာက္လြန္ေနၾကတယ္၊
အေမရိကန္က ဒီမိုကရက္ေတြတင္
ေၾကာက္ေနၾကတယ္လို့ ထင္ပါသလား ?

ေၾကာက္စရာေနာက္တခုက...
နိုင္ငံတခု က်ဖို့ျဖစ္လာရင္
စီးပြားေရးသက္သက္သာမက
နိုင္ငံေရးစနစ္တခုပါ
လိုက္ပါ ပ်က္စီးတတ္တာပဲ။

ျမန္မာ့ ဒီမိုကေရစီ
သားေလ်ာပ်က္က်သြားသလိုပဲ
အေမရိကန္ ဒီမိုကေရစီလဲ
ဘိုးဘြားရိပ္သာကို ေရာက္သြားခဲ့ၿပီ။

#NayZinLatt ( 10.8.22 ) 🍀
.
#ဘိုးဘွားရိပ်သာရောက်သွားတဲ့
#အမေရိကန်ဒီမိုကရေစီ

မြန်မာ့ဒီမိုကရေစီ
အပျို မဖြစ်ခင်မှာ
မုဒိန်းအကျင့်ခံလိုက်ရတယ်လို့
ရေးဘူးခဲ့တယ်၊
ဒိထက် မကဘူး...
သန္ဓေသားပါ ကိုယ့်လက်နဲ့ကိုယ်
ထပ်ပြီးအဖျက်ချခံလိုက်ရတာ၊

အားလုံးက
ဒီမိုကရေစီဆိုတာ
လူများရာနဲ့ မဲခွဲပြီး
အနိုင်ကျင့်တဲ့ဟာလားလို့
အသိတွေဝင်သွားခဲ့ကြပြီ။

..........

ဒီမိုကရေစီနဲ့ လစ်ဘရယ်လို့ပြောရင်
ဗြိတိန်နဲ့ အမေရိကန်ကို
ပြေးမြင်လေ့ရှိကြတယ်၊

မနေ့က ထရမ့်အိမ်ကို FBI က
ဝင်စီးသွားတာ... ကမ္ဘာမှာ
အတော့်ကို ဂယက်ထသွားခဲ့ကြတယ်၊

" အစဉ်အလာမရှိခဲ့ဖူး ဘူး၊
ကျွန်တော်သာ FBI အကြီးအကဲဆိုရင်
ဒီလိုဖြစ်ခွင့်မျိုး ပေးမှာ မဟုတ်ဘူး"
.... လို့၊
FBI ဒုတိယ အကြီးအကဲဟောင်းရဲ့
ဝေဖန်သံလဲကြားလိုက်ရတယ်၊

" ဒါဟာ.... လက်ဦးမှုရယူပြီး
2024 ရွေးကောက်ပွဲအတွက်
ကြိုတင်အာဏာသိမ်းလိုက်တာ "
.... စသဖြင့်
ပေါက်ကွဲမှုတွေကိုလဲ တွေ့လိုက်ရတယ်၊

..........

အမေရိကန်မှာ
သမ္မတဖြစ်ဖို့မလွယ်ဘူး၊
ဖြစ်လာတဲ့ သမ္မတတိုင်းဟာလဲ
အရှိန်အဝါ အလွန်ကြီးကြပြီး
သမ္မတဟောင်းတွေဆိုတာလဲ
ဖူးဖူးမှုတ်ခံထားကြရသူတွေပဲ၊

လက်ရှိသမ္မတလောက်သာ
အာဏာမရှိကြပေမဲ့ ဩဇာကြီးကြတယ်
ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်တွေဖြစ်ကြပြီး
လုံခြုံရေး အစောင့်အရှောက်မှာ
သမ္မတနီးနီးရကြသူတွေ၊
AirForce One နဲ့ The Beast ဆိုတဲ့
ကားကိုသာစီးခွင့်မရကြပေမဲ့
တခြားနိုင်ငံတွေလို၊ တာဝန်ပြီးတာနဲ့
ပစ်ထားခြင်း မခံကြရသူတွေ၊
President Club member တွေ၊

အမှားတချို့ရှိရင်တောင်
အစဉ်အလာပျက်မှာစိုးလို့
အောက်ဖဲ လှန်လေ့လှန်ထမရှိတော့ဘူး၊

..........

တသက်လုံး
နှစ်ပေါင်း (၂၄၀) ကျော် ထိမ်းခဲ့တဲ့
အစဉ်အလာဟာ၊ ဘိုင်ဒင့်လက်ထက်မှာ
ပျက်စီးသွားခဲ့ပြီ၊
ယဉ်ယဉ်လေးသုံးရရင်
The Wild Democracy လို့သုံးရမလား ?

စဉ်းစားကြည့်တာပါ
Trump က စာရွက်စာတမ်းတွေ
ယူသွားတယ်ဆိုရင်တောင်
ဘိုင်ဒင်တက်ပြီး (၆) လအတွင်း
ရှာဖွေတာမျိုး ဖြစ်သင့်တယ်၊
အခုကျမှ ထလုပ်တယ်ဆိုတော့
ဒီမိုကရက်တွေ လုပ်မှားကိုင်မှား
အလွန်ကြီးပြီး၊ ထောက်ခံမှုတွေ
နိမ့်ကျသွားလို့... 2024 မှာ
ရီပါတ်ဘလစ်ကင်ကို အာဏာ
လွှဲပေးရမှာစိုးလို့ ထရမ့်ကိုကြိုတင်
နိုင်ငံရေးအရ အသေသတ်တာမျိုး
ဖြစ်မနေဘူးလား ?

သေခြာတယ်
ထရမ့်အနေနဲ့ တကြော့ပြန်လာမှာကို
အကြောက်လွန်နေကြတယ်၊
အမေရိကန်က ဒီမိုကရက်တွေတင်
ကြောက်နေကြတယ်လို့ ထင်ပါသလား ?

ကြောက်စရာနောက်တခုက...
နိုင်ငံတခု ကျဖို့ဖြစ်လာရင်
စီးပွားရေးသက်သက်သာမက
နိုင်ငံရေးစနစ်တခုပါ
လိုက်ပါ ပျက်စီးတတ်တာပဲ။

မြန်မာ့ ဒီမိုကရေစီ
သားလျောပျက်ကျသွားသလိုပဲ
အမေရိကန် ဒီမိုကရေစီလဲ
ဘိုးဘွားရိပ်သာကို ရောက်သွားခဲ့ပြီ။

#NayZinLatt ( 10.8.22 ) 🍀
.
#ေမာဟ Ignorance

အမွား-အမွန္ကိုမသိျခင္း
အေမွာင္ဖုံးျခင္း
ပညာမျဖစ္ျခင္း
.... စသည္အားျဖင့္
အဓိပၸါယ္ဖြင့္ဆိုၾကတယ္၊

( Ignorance, Darkness,
Bewilderment, Mental incapacity
စသည္ျဖင့္ ကိုယ္စားျပဳေရးေလ့ရွိတယ္ )

ဟိတ္ (၃) မ်ိဳးျဖစ္တဲ့
- ေလာဘ
- ေဒါသ
- ေမာဟ မွာ

ေမာဟက ေၾကာက္စရာအေကာင္းဆုံးပါ

ဗုဒၶက -
သစ္ပင္ရယ္လို့ျဖစ္လာရင္
ပင္စည္၊ အျမစ္၊ အကိုင္းအခက္
စတာေတြပါဝင္ဖြဲ႕စည္းထားသလိုပဲ....

ခႏၶာရလာၾကတဲ့လူေတြမွာလဲ
ေလာဘ၊ ေဒါသ၊ ေမာဟ ေတြနဲ႔
ဖြဲ႕စည္းထားၾကတယ္၊
ေလာဘ၊ ေဒါသနဲ႔ေမာဟကို
အျပစ္လို့မျမင္ပဲ ... အဲ့ဒီ ဟိတ္ (၃) ပါးကို
အေဒါသ၊ အေလာဘ၊ အေမာဟ
ျဖစ္ေစေအာင္.. သတိဆိုတဲ့ ပညာနဲ႔
ဖယ္ရွားနိုင္ဖို့ကသာ အဓိကျဖစ္ေၾကာင္း
ေဟာၾကားထားပါတယ္၊

"အဟိတ္" ဆိုတာ
ေလာဘ၊ ေဒါသ၊ ေမာဟ အားႀကီးသူ
" ဒြိဟိတ္" ဆိုတာ ေလာဘနဲ႔ေဒါသကို
ထိမ္းသိမ္းနိုင္သူ၊
" တိဟိတ္" ဆိုတာ (၃) မ်ိဳးလုံးကို
ဆင္ျခင္နိုင္သူျဖစ္လို့...
" တိဟိတ္" ျဖစ္ကာမွ
ဒီဘဝ လူျဖစ္က်ိဳးနပ္ၾကမွာပါ၊

အနာဂါမ္မျဖစ္ေသးသေရြ႕
ေလာဘ၊ ေဒါသ၊ ေမာဟေတြ
ရွိေနၾကေသးေပမဲ့...
ျဖစ္​ေၾကာမရွည္၊ ရွိေၾကာမရွည္ၾကဖို့က
အဓိက လူေတြအၾကားကြာျခားခ်က္
ျဖစ္လာပါတယ္၊

...........

ေကာင္းတဲ့ ဟိတ္ (၃) ပါးျဖစ္ဖို့
ကလ်ာဏ ပုထုဇဥ္ျဖစ္ဖို့လိုတယ္
အႏၶပုထုဇဥ္ ( ဆင္ျခင္ပညာပါမလာျခင္း )
ျဖစ္လို့ကေတာ့...
တိရစၧာန္နဲ႔မျခား၊ ဆက္လက္မိုက္မဲေနမွာမို့
ေနာက္ဘဝေတြ မေကာင္းမွာေသျခာလွတယ္၊

#ေမာဟကိုထပ္ခြဲလိုက္ရင္

၁။ #ကမၼသေမၼာဟ
ကံ /ကံ၏အက်ိဳးကို မသိျခင္း။

၂။ #နာမ႐ူပသေမၼာဟ
နာမ္/ ႐ုပ္ျဖစ္ပ်က္ကို မသိျခင္း။

၃။ #ပစၥယသေမၼာဟ
အေၾကာင္းကို မသိျခင္း။

၄။ #လကၡဏသေမၼာဟ
အနိစၥ ဒုကၡ အနတၱ ကိုမသိျခင္း။

၅။ #နိဗၺာနသေမၼာဟ
နိဗၺာန္ကိုမသိျခင္း။

ဗုဒၶဘာသာရဲ့ အႏွစ္သာရဟာ
ဘယ္ေလာက္အထိျမင့္မားတယ္ဆိုတာ
ဒိေလာက္ေလးေလာက္နဲ႔တင္
တုႏွိုင္းမမီတာကိုေတြ႕နိုင္ပါလိမ့္မယ္၊

ေမာဟ (၅) မ်ိဳးထဲမွာ
အေျခခံအက်ဆုံးက
" အေၾကာင္းကို မသိျခင္း" ဆိုတဲ့
#ပစၥယသေမၼာဟ ျဖစ္လာျပန္ပါတယ္၊

အေၾကာင္းေၾကာင့္ အက်ိဳးတရား
ျဖစ္လာရတာေတြ၊ အေၾကာင္းကို
မျဖတ္နိုင္ေသးသေရြ႕ အက်ိဳးတရားေတြ
ဆက္ရွိေနဦးမွာ ဆိုတဲ့ ေလာကနိယာမနဲ႔
ဓမၼနိယာမ ကို မျမင္နိုင္သမၽွ
ခႏၶာေတြ အဖန္တလဲလဲ ရေနၾကၿပီး
ေလာကဓံ (၈) ပါးကို ဆူၾကဳံနိမ့္ျမင့္
တလွည့္စီ ခံစားေနၾကရဦးမွာပဲ ျဖစ္ပါတယ္။

#NayZinLatt ( 10.8.22 ) 🌿
.
#မောဟ Ignorance

အမှား-အမှန်ကိုမသိခြင်း
အမှောင်ဖုံးခြင်း
ပညာမဖြစ်ခြင်း
.... စသည်အားဖြင့်
အဓိပ္ပါယ်ဖွင့်ဆိုကြတယ်၊

( Ignorance, Darkness,
Bewilderment, Mental incapacity
စသည်ဖြင့် ကိုယ်စားပြုရေးလေ့ရှိတယ် )

ဟိတ် (၃) မျိုးဖြစ်တဲ့
- လောဘ
- ဒေါသ
- မောဟ မှာ

မောဟက ကြောက်စရာအကောင်းဆုံးပါ

ဗုဒ္ဓက -
သစ်ပင်ရယ်လို့ဖြစ်လာရင်
ပင်စည်၊ အမြစ်၊ အကိုင်းအခက်
စတာတွေပါဝင်ဖွဲ့စည်းထားသလိုပဲ....

ခန္ဓာရလာကြတဲ့လူတွေမှာလဲ
လောဘ၊ ဒေါသ၊ မောဟ တွေနဲ့
ဖွဲ့စည်းထားကြတယ်၊
လောဘ၊ ဒေါသနဲ့မောဟကို
အပြစ်လို့မမြင်ပဲ ... အဲ့ဒီ ဟိတ် (၃) ပါးကို
အဒေါသ၊ အလောဘ၊ အမောဟ
ဖြစ်စေအောင်.. သတိဆိုတဲ့ ပညာနဲ့
ဖယ်ရှားနိုင်ဖို့ကသာ အဓိကဖြစ်ကြောင်း
ဟောကြားထားပါတယ်၊

"အဟိတ်" ဆိုတာ
လောဘ၊ ဒေါသ၊ မောဟ အားကြီးသူ
" ဒွိဟိတ်" ဆိုတာ လောဘနဲ့ဒေါသကို
ထိမ်းသိမ်းနိုင်သူ၊
" တိဟိတ်" ဆိုတာ (၃) မျိုးလုံးကို
ဆင်ခြင်နိုင်သူဖြစ်လို့...
" တိဟိတ်" ဖြစ်ကာမှ
ဒီဘဝ လူဖြစ်ကျိုးနပ်ကြမှာပါ၊

အနာဂါမ်မဖြစ်သေးသရွေ့
လောဘ၊ ဒေါသ၊ မောဟတွေ
ရှိနေကြသေးပေမဲ့...
ဖြစ်​ကြောမရှည်၊ ရှိကြောမရှည်ကြဖို့က
အဓိက လူတွေအကြားကွာခြားချက်
ဖြစ်လာပါတယ်၊

...........

ကောင်းတဲ့ ဟိတ် (၃) ပါးဖြစ်ဖို့
ကလျာဏ ပုထုဇဉ်ဖြစ်ဖို့လိုတယ်
အန္ဓပုထုဇဉ် ( ဆင်ခြင်ပညာပါမလာခြင်း )
ဖြစ်လို့ကတော့...
တိရစ္ဆာန်နဲ့မခြား၊ ဆက်လက်မိုက်မဲနေမှာမို့
နောက်ဘဝတွေ မကောင်းမှာသေခြာလှတယ်၊

#မောဟကိုထပ်ခွဲလိုက်ရင်

၁။ #ကမ္မသမ္မောဟ
ကံ /ကံ၏အကျိုးကို မသိခြင်း။

၂။ #နာမရူပသမ္မောဟ
နာမ်/ ရုပ်ဖြစ်ပျက်ကို မသိခြင်း။

၃။ #ပစ္စယသမ္မောဟ
အကြောင်းကို မသိခြင်း။

၄။ #လက္ခဏသမ္မောဟ
အနိစ္စ ဒုက္ခ အနတ္တ ကိုမသိခြင်း။

၅။ #နိဗ္ဗာနသမ္မောဟ
နိဗ္ဗာန်ကိုမသိခြင်း။

ဗုဒ္ဓဘာသာရဲ့ အနှစ်သာရဟာ
ဘယ်လောက်အထိမြင့်မားတယ်ဆိုတာ
ဒိလောက်လေးလောက်နဲ့တင်
တုနှိုင်းမမီတာကိုတွေ့နိုင်ပါလိမ့်မယ်၊

မောဟ (၅) မျိုးထဲမှာ
အခြေခံအကျဆုံးက
" အကြောင်းကို မသိခြင်း" ဆိုတဲ့
#ပစ္စယသမ္မောဟ ဖြစ်လာပြန်ပါတယ်၊

အကြောင်းကြောင့် အကျိုးတရား
ဖြစ်လာရတာတွေ၊ အကြောင်းကို
မဖြတ်နိုင်သေးသရွေ့ အကျိုးတရားတွေ
ဆက်ရှိနေဦးမှာ ဆိုတဲ့ လောကနိယာမနဲ့
ဓမ္မနိယာမ ကို မမြင်နိုင်သမျှ
ခန္ဓာတွေ အဖန်တလဲလဲ ရနေကြပြီး
လောကဓံ (၈) ပါးကို ဆူကြုံနိမ့်မြင့်
တလှည့်စီ ခံစားနေကြရဦးမှာပဲ ဖြစ်ပါတယ်။

#NayZinLatt ( 10.8.22 ) 🌿
.
#ပြဲဆက္ရွည္ဦးမဲ့ကမၻာႀကီး

ကလိယုဂ္ဆိုတဲ့ ဆုတ္ကပ္မို့
လူေတြဟာ ေလာဘ၊ ေဒါသ၊ ေမာဟေတြ
မထိမ္းနိုင္ မသိမ္းနိုင္ျဖစ္ၾကၿပီး
ကမၻာႀကီး တခုလုံးကို အိုးထိမ္းစက္ထဲ
ထည့္ထားသလို သြက္သြက္ခါရမ္းေစေနတယ္၊

#ဖင္လန္နဲ႔ဆြီဒင္

NATO ထဲဝင္နိုင္ဖို့
အေမရိကန္က ေထာက္ခံခ်က္ေပးလိုက္ၿပီ
ဖင္လန္ဆိုတာ ႐ုရွားနဲ႔ နယ္နိမိတ္ခ်င္း
ထိစပ္ေနတယ္၊
ယူကရိမ္းစစ္ျဖစ္ရတာကလဲ
NATO ထဲဝင္ဖို့ လုပ္ေနတာေၾကာင့္ပဲ၊
ယူကရိမ္းစစ္မၿပီးခင္
႐ုရွား-ဖင္လန္စစ္ ေတြ႕ရဦးမယ္နဲ႔တူတယ္၊

#ထိုင္ဝမ္ေရလက္ၾကား

ပလိုစီေမႊးခဲ့တဲ့မီး မၿငိမ္းေသးဘူး
တ႐ုတ္က စစ္ေရးေလ့က်င့္ေနတုန္း
ထိုင္ဝမ္ကလဲ တန္ျပန္စစ္ေရးေလ့က်င့္မယ္လို့
ေၾကျငာလိုက္တယ္၊
အေမရိကန္ဖက္ကလည္း ထိုင္ဝမ္ကို
ဘီလီယံခ်ီ စစ္ေရးအကူအညီေပးမယ္လို့ ဆိုၿပီး
ထိုင္ဝမ္ေရလက္ၾကားဖက္ကို ေလယာဥ္တင္
သေဘၤာအုပ္ကို လႊတ္ေပးမယ္လို့ ေျပာလာျပန္တယ္၊
ထိတ္တိုက္ေတြေတြ႕ၾကျပန္ရင္
ကမၻာ့စီးပြားေရးက ကေမာက္ကမ
ျဖစ္ရျပန္ဦးမယ္၊
ေညာင္ဦးကမ္းပါၿပိဳ စပၸါယ္နဂိုရ္က
ႏြားမေပါင္က်ိဳးသလို တတိယနိုင္ငံေတြ
ေလျပင္း မုန္တိုင္းထန္တာ ခံၾကေပဦးေရာ့။

#ရီဆက္ရွင္းက_လက္တကမ္း

စစ္ေၾကာင့္ေရာ၊ အေမရိကန္ရဲ့ စီးပြားေရးအေပၚ
အကိုင္အတြယ္မတတ္လို့ေရာ... အေၾကာင္းေပါင္းစုံၿပီး
ကမၻာ့စီးပြားေရး က်ဆင္းမွုက လက္တကမ္းမွာ၊

#ကမၻာ့ေရႊတက္

ရီဆက္ရွင္ကို စိုးရိမ္လို့လား
စစ္ကိုေမၽွာ္လင့္ထားလို့လား
ကမၻာ့ေရႊေဈးက တရိပ္ရိပ္တက္လာျပန္ၿပီ၊

#အေမရိကန္နိုင္ငံေရး

အေမရိကန္နိုင္ငံေရးကလဲ အေတာ့္ကို
ဂယက္ထသြားတယ္၊ ပါတီႀကီး (၂) ခုအၾကား
မုန္တိုင္းေတြထန္မဲ့သေဘာရွိၿပီး FBI ေတာင္
ၾကားညပ္ခံရမဲ့သေဘာရွိတယ္၊

ကဲ.....
ျမင္ကြင္းေတြက
ဘယ္ေလာက္ အားရွိစရာေကာင္းသလဲလို့

#NayZinLatt ( 10.8.22 ) 🤒
.
#ပွဲဆက်ရှည်ဦးမဲ့ကမ္ဘာကြီး

ကလိယုဂ်ဆိုတဲ့ ဆုတ်ကပ်မို့
လူတွေဟာ လောဘ၊ ဒေါသ၊ မောဟတွေ
မထိမ်းနိုင် မသိမ်းနိုင်ဖြစ်ကြပြီး
ကမ္ဘာကြီး တခုလုံးကို အိုးထိမ်းစက်ထဲ
ထည့်ထားသလို သွက်သွက်ခါရမ်းစေနေတယ်၊

#ဖင်လန်နဲ့ဆွီဒင်

NATO ထဲဝင်နိုင်ဖို့
အမေရိကန်က ထောက်ခံချက်ပေးလိုက်ပြီ
ဖင်လန်ဆိုတာ ရုရှားနဲ့ နယ်နိမိတ်ချင်း
ထိစပ်နေတယ်၊
ယူကရိမ်းစစ်ဖြစ်ရတာကလဲ
NATO ထဲဝင်ဖို့ လုပ်နေတာကြောင့်ပဲ၊
ယူကရိမ်းစစ်မပြီးခင်
ရုရှား-ဖင်လန်စစ် တွေ့ရဦးမယ်နဲ့တူတယ်၊

#ထိုင်ဝမ်ရေလက်ကြား

ပလိုစီမွှေးခဲ့တဲ့မီး မငြိမ်းသေးဘူး
တရုတ်က စစ်ရေးလေ့ကျင့်နေတုန်း
ထိုင်ဝမ်ကလဲ တန်ပြန်စစ်ရေးလေ့ကျင့်မယ်လို့
ကြေငြာလိုက်တယ်၊
အမေရိကန်ဖက်ကလည်း ထိုင်ဝမ်ကို
ဘီလီယံချီ စစ်ရေးအကူအညီပေးမယ်လို့ ဆိုပြီး
ထိုင်ဝမ်ရေလက်ကြားဖက်ကို လေယာဉ်တင်
သင်္ဘောအုပ်ကို လွှတ်ပေးမယ်လို့ ပြောလာပြန်တယ်၊
ထိတ်တိုက်တွေတွေ့ကြပြန်ရင်
ကမ္ဘာ့စီးပွားရေးက ကမောက်ကမ
ဖြစ်ရပြန်ဦးမယ်၊
ညောင်ဦးကမ်းပါပြို စပ္ပါယ်နဂိုရ်က
နွားမပေါင်ကျိုးသလို တတိယနိုင်ငံတွေ
လေပြင်း မုန်တိုင်းထန်တာ ခံကြပေဦးရော့။

#ရီဆက်ရှင်းက_လက်တကမ်း

စစ်ကြောင့်ရော၊ အမေရိကန်ရဲ့ စီးပွားရေးအပေါ်
အကိုင်အတွယ်မတတ်လို့ရော... အကြောင်းပေါင်းစုံပြီး
ကမ္ဘာ့စီးပွားရေး ကျဆင်းမှုက လက်တကမ်းမှာ၊

#ကမ္ဘာ့ရွှေတက်

ရီဆက်ရှင်ကို စိုးရိမ်လို့လား
စစ်ကိုမျှော်လင့်ထားလို့လား
ကမ္ဘာ့ရွှေဈေးက တရိပ်ရိပ်တက်လာပြန်ပြီ၊

#အမေရိကန်နိုင်ငံရေး

အမေရိကန်နိုင်ငံရေးကလဲ အတော့်ကို
ဂယက်ထသွားတယ်၊ ပါတီကြီး (၂) ခုအကြား
မုန်တိုင်းတွေထန်မဲ့သဘောရှိပြီး FBI တောင်
ကြားညပ်ခံရမဲ့သဘောရှိတယ်၊

ကဲ.....
မြင်ကွင်းတွေက
ဘယ်လောက် အားရှိစရာကောင်းသလဲလို့

#NayZinLatt ( 10.8.22 ) 🤒
ယူကရိန္းစစ္
ပါေမာကၡ ေဒါက္တာေနဇင္လတ္
.
#အခ်က္ျပတခုလို့_ယူဆနိုင္ၿပီလား ?

ထိုင္ဝမ္ကို ထိမ္းခ်ဳပ္တဲ့အခါမွာ
တ႐ုတ္အေနနဲ႔ စစ္တပ္နဲ႔
အုပ္ခ်ဳပ္ေရးပိုင္းေတြ ေစလႊတ္ျခင္း
မျပဳပါဘုးဆိုတဲ့ ဂတိဂဝတ္ကို
တ႐ုတ္ဖက္က ႐ုပ္သိမ္းလိုက္ပါတယ္၊

စစ္ေရးနီးၿပီဆိုတဲ့ သေဘာမ်ိဳးလား ?

#BaMaung ( 10.8.22 ) 🤒
.
#အချက်ပြတခုလို့_ယူဆနိုင်ပြီလား ?

ထိုင်ဝမ်ကို ထိမ်းချုပ်တဲ့အခါမှာ
တရုတ်အနေနဲ့ စစ်တပ်နဲ့
အုပ်ချုပ်ရေးပိုင်းတွေ စေလွှတ်ခြင်း
မပြုပါဘုးဆိုတဲ့ ဂတိဂဝတ်ကို
တရုတ်ဖက်က ရုပ်သိမ်းလိုက်ပါတယ်၊

စစ်ရေးနီးပြီဆိုတဲ့ သဘောမျိုးလား ?

#BaMaung ( 10.8.22 ) 🤒