U Nay Win🇲🇲
14.2K subscribers
99.9K photos
5.11K videos
4 files
79.9K links
Download Telegram
စခန်းအား နှောင့်ယှက်ပစ်ခတ်နေသည့် ရန်သူအား တန်ပြန်ချေမှုန်းခြင်း (ကတိုင်တိ)
************

ဇွန်လ ၇ ရက်နေ့ (ယနေ့) မနက်ပိုင်းအချိန်တွင် ကတိုင်တိဒေသရှိ တပ်မတော်စခန်းအား လာရောက်တိုက်ခိုက်နေသည့် အကြမ်းဖက် KNLA/PDF သူပုန်များအား ကတိုင်တိဖိုက်တာများမှ နယ်မြေစတင် ရှင်းလင်းခဲ့သည်။
-
Drone ပစ်ကူ၊ လက်နက်ကြီးပစ်ကူ၊ မြေပြင်ယောင်ပြ/အဓိကစစ်ကြောင်းများဖြင့် ဟန်ချက်ညီညီ စစ်ကစားနိုင်မှုကြောင့် မိမိစခန်းအား နှောင့်ယှက်နေသည့် အကြမ်းဖက် KNLA စခန်းချနေရာများအား သိမ်းပိုက်ရရှိခဲ့သည်။
-
သိမ်းပိုက်ရရှိမှုအနေဖြင့် အမြင့်ဆုံးမှနေ၍ ကတိုင်တိမြို့ကို စိုးမိုးထားသည့် ရန်သူ့စခန်းကုန်း ၁ ခု၊ ကတိုင်တိတိုက်နယ် ဆေးရုံနေရာအား သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်စဉ်တွင် မိမိစစ်သည် ၃ ဦး ဒဏ်ရာရရှိကာ ရန်သူ့ထံမှ -

(၁) အကြမ်းဖက် KNU/PDF ၆ လောင်း
(၂) လက်နက်မျိုးစုံ ၇ လက်
(၃) ကျည်အိမ် ၁၄ ခု၊ ကျည် ၇၀၀ ခန့်
(၄) လက်ပစ်ဗုံး ၃ လုံး၊ ရှေ့ထွက်မိုင်း ၃ လုံး
(၅) လက်လုပ်မိုင်း ၇ လုံး၊ လက်နက်ကြီးကျည်များ
(၆) သဲအိတ်ဘန်ကာ ၁၂ လုံး
(၇) ဆသရမြောင်း ၇၀၀ မီတာခန့်
တို့အား သိမ်းပိုက်ရရှိခဲ့ပါသည်။ (လိုင်းအခက်အခဲကြောင့် ကျန်ရှိပုံများ ထပ်မံဖော်ပြပေးပါမည်)
-
လေကြောင်းပစ်ကူမယူဘဲ ကတိုင်တိဒေသရှိ ငပွေးစခန်းကုန်းများကို သိမ်းပိုက်နိုင်ခဲ့သည့် ကတိုင်တိစခန်းမှ ဗျူဟာမှူးကြီးနှင့်တကွ ကတိုင်တိဖိုက်တာများအား ဂုဏ်ပြုဖော်ပြလိုက်ပါသည်။ 🏆🏆🏆
-
# တိုက်ပွဲသတင်းစုံ
https://t.me/drmyat001
ဒီနေ့ ဗန်းမော်ဘက်မှာတော့ ရာသီဥတုလေးသာယာတုန်း အကြမ်းဖက် KIA/PDF/AA/ABSDF သူပုန်တွေကို မီးဖုတ်ထားတာ ကွေးကောက်နေတာပဲ။
-
ပြီးမှ မှတ်တမ်းပုံနဲ့ သတင်းကို အပြည့်အစုံဖော်ပြပေးပါမယ်..
-
ဗန်းမော် = KIA သင်္ချိုင်း 👌
-
# တိုက်ပွဲသတင်းစုံ
https://t.me/drmyat001
.

☯️


ထရမ့်နဲ့ Musk အကြားပိုပြတ်သားလာကြတယ်၊ ထရမ့်က သူတို့နှစ်ဦးဆက်ဆံရေးက ပြီးဆုံးသွားခဲ့ပြီလို့ပြောလိုက်ပြီး... အကယ်၍ Musk အနေနဲ့ ဒီမိုကရက်တွေကို ငွေကြေးပံ့ပိုးပေးတာမျိုး လုပ်ခဲ့မယ်ဆိုရင်တော့၊ အလွန်ဆိုးဝါးတဲ့ ဆက်နွယ်အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးလိုက်တယ်၊

မချောမွေ့တဲ့ သူတို့ (၂) ဦးရဲ့လမ်းခွဲမှုကို ဒီမိုကရက်တွေ၊ ရုရှားနဲ့တရုတ်တို့က ပျော်နေကြမှာပဲ၊ ကောက်စားတာခံရလိမ့်မယ်.. လို့ရေးခဲ့တာမှာ.... ရုရှားဖက်က Musk ကို နိုင်ငံရေးခိုလှုံခွင့်ပေးဖို့ ကမ်းလှမ်းလိုက်ပြီး၊ အခုတခါ ဒီမိုကရက်ဖက်ကို ကူးပြောင်းသွားမှာကို ထရမ့်က စိုးရိမ်နေရပါပြီ၊

Musk အနေနဲ့ ဒီမိုကရက်ဖက်ကိုသာကူးပြောင်းပြီး သမတလောင်းအနေနဲ့ အပေးအယူလုပ်သွားရင် 2028 ရွေးကောက်ပွဲမှာ သမတသစ်ဖြစ်လာနိုင်ဖွယ်ရာရှိသွားနိုင်ပါတယ်။

#BaMg(NZL) ☯️
https://t.me/naywin331
.

☯️

( အိမ်ဖြူတော် စိုးရိမ်နေရပြီ )


Musk ရဲ့ Starlink ကိုသုံးစွဲနေရတဲ့ အိမ်ဖြူတော်ဟာ လုံခြုံရေးအန္တရာယ်ကို စိုးရိမ်နေရပါပြီ၊

အိမ်ဖြူတော်ရဲ့သတင်းလုံခြုံရေးအပြင်၊ CIA, FBI, ပင်တဂွန်စတဲ့ အရေးကြီးသတင်းအားလုံးရဲ့ လုံခြုံရေးတွေပါ မေးခွန်းထုတ်ခံရပါတော့မယ်၊

Epstein file ဆိုတဲ့ ကိစ္စမှာ Starlink ကတဆင့် Musk သိထားတဲ့အကြောင်းအရာတွေနဲ့ အခြားကိစ္စတွေ အများကြီး ရှိနေနိုင်လို့ ထရမ့်ကို ဒီလောက်အထိစိန်ခေါ်ရဲဟန် ရှိတယ်လို့ခန့်မှန်းရပါတယ်။

#BaMg(NZL) ☯️
https://t.me/naywin331
ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က ညောင်းဦး-ချောက် ကားလမ်းမှာ ချောက်ဘက်ကိုလာတဲ့ သူနာပြု ဗိုလ်ကြီး  ညီညီမျိုးဆွေနဲ့ သူနာပြုဗိုလ်ကြီး စိုးထွဋ်ကျော် တို့ ၂ ဦးကို PDF အကြမ်းဖက်အဖွဲ့ရဲ့ စစ်ဆေးရေး ဂိတ်မှာ ဖမ်းမိတယ်ဆိုပြီး အခုရက်ပိုင်းမှ အကြမ်းဖက်မီဒီယာတွေက ဖော်ပြတာတွေ့ရ တယ်... တကယ်တော့ ညီညီမျိုးဆွေနဲ့ စိုးထွဋ်ကျော်တို့ ၂ ယောက်ဟာ ပြီးခဲ့တဲ့ မေလ ၁၇ ရက် လောက်ကတည်းက တပ်ကနေ ခွင့်မဲ့ပျက်ကွက်လုပ်တယ်… မေလ ၂၀ ရက်နေ့မှာတော့ အဖမ်းခံရ တယ်ပြောတယ်... သတင်းထုတ်တော့ အခုမှ ထထုတ်တယ်ဆိုတော့ ရက်သတ္တပတ် ၂ ပတ်ကျော် ကွာနေတာဟာ ထူးဆန်းမနေဘူးလား.... အရင်ကဆိုရင် တပ်ကအရာရှိတွေ ဖမ်းမိတာနဲ့ အကြမ်းဖက် မီဒီညာတွေက ဝမ်းသာအားရ ချက်ချင်းဖော်ပြတာပါ...ပြီးတော့ ခွင့်မဲ့ပျက်ကွက်လုပ်ပြီး ထွက်ပြေးတဲ့ တပ်ကသစ္စာဖောက်တော်တော်များများက နယ်စပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူ နယ်မြေတွေဘက်ကိုပြေးကြတာများတယ်... ဒီကောင်တွေ ချောက်မြို့ဘက်ကို ပြေးတယ်ဆိုကတည်းက အကြမ်းဖက် PDF တွေနဲ့ ရည်ရွယ်ချက်ရှိရှိ သွားရောက်ပူးပေါင်းတာပဲ... အဲဒါကို လုပ်ကြံဇာတ်ခင်းပြီးတော့ PDF ဂိတ်မှာ အရာရှိစိစစ်ရေးကတ်ပြလို့ အဖမ်းခံရသလိုလို၊ ဘာလိုလိုနဲ့ လက်ပြန်ကြိုးတုတ် ထိပ်တုံးခတ်ထားတဲ့ပုံတွေနဲ့ သူနာပြုဗိုလ်ကြီးဖြစ်ပြီး ဆေးဗိုလ်မှူးဝတ်စုံရှေ့မှာချ ဓာတ်ပုံရိုက်ကာ လုပ်ကြံသတင်းလွှင့်နေသေးတယ်... တကယ်တော့ အဲဒီ သူနာပြုဗိုလ်ကြီး ၂ ယောက်ဟာ ငွေကြေးအရှုပ်အရှင်းနဲ့ မိသားစုလူမှုရေးပြဿနာတွေကို ရှောင်ထွက်ပြီး PDF အကြမ်းဖက်အဖွဲ့တွေနဲ့ သွားရောက်ပူးပေါင်းခဲ့ကြတဲ့သူတွေဆိုတာ သိသာ ထင်ရှားနေပါတယ်။

Cred
https://t.me/drmyat001
KNLA အလောင်း/လက်နက်များရရှိ (ကော့ကရိတ်)

ဇွန်လ ၇ ရက်၊ နေ့လည်အချိန်ခန့်က ကော့ကရိတ်မြို့နယ်အတွင်း တပ်မတော်လုံခြုံရေးအဖွဲ့ဝင်များနှင့် အကြမ်းဖက် KNLA တမဟ(၆)၊ ရင်း(၂၇)အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ့နေရာအား သိမ်းပိုက်ရရှိခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ကျဆုံးခဲ့ကြောင်းနှင့် ရန်သူ့ထံမှ -
(၁) အလောင်း ၂ လောင်း
(၂) သေနတ် ၂ လက်
(၃) လက်ပစ်ဗုံး/ မိုင်းများ/ ကျည်ဆန်များ
(၄) ပစ်ကျင်း/ဘန်ကာများ
(၅) ဆသရမြောင်းများ
သိမ်းပိုက်ရရှိခဲ့သည်။ (ပုံများ ထပ်မံဖော်ပြပါမည်)
-
# တိုက်ပွဲသတင်းစုံ
https://t.me/drmyat001
.

☯️


ကိုလံဘီယာမှာ သမတလောင်းဦးခေါင်း သေနတ်ပစ်ခံရတယ်၊ သေဆုံခြင်းရှိ-မရှိ အတည်ပြုချက်ထွက်ပေါ်မလာသေးပါ။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးရူဘီယိုက ကိုလံဘီယာ သမတကို ပြင်းထန်စွာ အပြစ်တင်တဲ့စာကိုထုတ်ပြန်လိုက်တယ်၊ ဒါဟာ ဒီမိုကရေစီကိုတိုက်ရိုက်ခြိမ်းခြောက်မှုတရပ်ပဲလို့ဆိုတယ်၊

(၃) ချက်အပစ်ခံရပြီး ခေါင်းကို (၂) ချက်ထိမှန်သွားပါတယ်၊


#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️


အမေရိကန်မှာလဲ အခြေအနေက သိပ်မကောင်းလှဘူး၊

✅ Trump vs Musk အကြားနိုင်ငံရေးဗုံးကွဲတယ်
✅ ပြည်နှင်ဒါဏ်ပေးကိစ္စ မကြေနပ်လို့ ဆန္ဒပြတာထက်လွန်ပြီး အကြမ်းဖက်အဆင့်အထိဖြစ်လာတယ်
✅ မြို့ကြီး (၂) မြို့မှာ ICE နဲ့မလုံလောက်တော့ပဲ တပ်ပါဝင်ရတော့မဲ့အခြေအနေ
✅ စီးပွားရေးကလဲ ကွဲတော့မဲ့ဗုံးအခြေအနေ
✅ ယူကရိမ်းစစ်နဲ့ အီရန်စစ်က အကိုင်အတွယ်မှားရင်... အတော်အန္တရာယ်ကြီးတဲ့အခြေအနေ။

တာရာတွေအလိုအရ ပြည်တွင်းပဋိပက္ခတွေ တောက်လျောက်လာလိမ့်မယ်

ထရမ့်အစိုးရ အားနည်းသွားလိမ့်မယ်။


#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️

( အလွန်သတိထားရမဲ့အခြေအနေ )

ယူကရိမ်းစစ်က မီးတဆင့်မြင့်လာပြီ၊ ဒီပံနဲ့ဆက်သွားရမလား ⁉️ ဆိုတာကို ရုရှားဖက်ကပြန်သုံးသပ်ရပြီ၊

☄️ ယူကရိမ်းက $ 100,000 လောက်ပဲတန်တဲ့ ဒရုန်း (၁၀၀) ကျော်နဲ့ ရုရှားရဲ့ $ 7.0 bn တန် မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေကိုဖျက်ဆီးသွားနိုင်ခဲ့တယ်၊

☄️ NATO ရဲ့နည်းပညာ၊ ပစ္စည်းတွေ အထောက်အပံ့ကြောင့်ဆိုတာ ငြင်းမရဘူး၊ အထူးသဖြင် UK ရဲ့ပါဝင်ပါတါသက်မှုကကြီးကြီးမားမားရှိထားတယ်

☄️ အမေရိကန်ကလဲ နှုတ်ကသာ အပစ်ရပ်ရေးပြောနေပေမဲ့ ယူကရိမ်းကို ဆင်ပြီးထောက်ပံ့နေဆဲပဲ

အမှန်က ပူတင့်အနေနဲ့ စစ်ကိုဆွဲတိုက်နေတာ
2027 နှစ်ကုန်မှာ ယူကရိမ်းနယ်မြေ 50% သိမ်းနိုင်ရေး စီမံချက်ရှိထားပြီးသား၊

အိုဒက်ဆာတော့ ဖွာလန်ကြဲသွားပြီ၊ 50% ထဲမှာ Odessa ပါတယ်၊

အခြေအနေက Spider web ကြောင့်တမျိုးပြောင်းသွားတယ်၊ ရန်သူစစ်စရိတ် $ 100,000 လောက်အတွက် ကိုယ့်ဖက်က ဘီလီယံကုန်ကျနေရာတာဟာ ရေရှည်မှာ ကိုယ်က အောက်ကြေးပြန်ရောက်သွားနိုင်တယ်၊

သမရိုးကျ စစ်ဆက်တိုက်မလား ❓
WW-3 နဲ့ ပြတ်ပြတ်သားသားဖြစ်စေမလား ❓

နောက်ဆုံး မလွဲသာတော့ဘူး
အမေရိကန် ဆက်ပြီးပါလာရင်လဲ အမေရိကန်ဟာ WW-3 စက်ကွင်းထဲရောက်လိမ့်မယ်လို့ ခပ်ပြင်းပြင်း သတိပေးမှုကို မထူမပါး ရုရှားဖက်က သတင်းပါးလိုက်ပြီ၊


#BaMg(NZL) ☯️
https://t.me/drmyat001