U Nay Win🇲🇲
14.2K subscribers
99.5K photos
5.06K videos
4 files
79.6K links
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်း Sumy ပြည်နယ်၊ Alekseyevka ရွာစွန်ရှိ နေတိုးအထောက်အပံ့ လက်နက်များ သိုလှောင်ရာဂိုထောင်ကို ရုရှား UMPK စနစ်သုံး ဗုံးပျံများထိမှန်ခဲ့သော မှတ်တမ်း။

#R&U
https://t.me/naywin331
This media is not supported in your browser
VIEW IN TELEGRAM
သူပြောခဲ့တဲ့စကားက
သူ့အတွက်ဘဲဆိုတာ သိနေရက်နဲ့ အရှက်တွေ ဖုံးပြနေတာဖြစ်မယ်
👇👇👇👇👇
Kia လက်နက်စက်ရုံထုတ်လက်နက်တွေကိုအညာဒေသကိုပို့နေတာ

ဒါကြောင့်လက်နက်သယ်ယူနေတဲ့လမ်းကြောင်းကိုရအောင်ပိတ်ရင်ပိတ်
မပိတ်ရင်လည်း kia လက်နက်စက်ရုံကိုဖောက်ခွဲဖျက်ဆီးဖို့လိုနေပြီ

ပြောရတာလည်းလေးနှစ်ရှိနေပြီ
လက်နက်စက်ရုံမှာသူ့ရှယ်ယာပါနေလားမသိဘူး

ပါးစပ်ပေါက်အာညောင်း ရေးရတာလက်ညောင်းတာဘဲအဖတ်တင်တယ်။

# စစ်မင်း
https://t.me/naywin331
မိုးသောက် ထကာ အမြဲပင် ရွတ်ကြလေ
🙏🙏🙏🙏🙏

နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ

နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ

နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ
🙏🙏🙏🙏🙏
သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ ဒွာဒသဉ္စ သဟသာကေ
ပဉ္စသတ သဟဿနိ နမာမိ သိရသာမဟံ။
အပ္ပကာ ဝါဠုကာ ဂင်္ဂါ အနန္တာ နိဗ္ဗုတာဇိနာ။
တေသံ ဓမ္မဉ္စ သံဃဉ္စ အာဒရေန နာမာမဟံ။
နမက္ကာရာ နုဘာဝေန ဟိတွာ သဗ္ဗေ ဉပဒ္ဒဝေ
အနေကာ အန္တရာယာပိ ဝိနဿန္တု အသေသတော။
🙏🙏🙏🙏🙏
https://t.me/naywin331
DKBA မှာ နှစ်ဖွဲ့ရှိတယ် မြိုင်ကြီးအဖွဲ့က တပ်နဲ့လက်တွဲတယ် သူတို့ကနယ်မြေအေးချမ်ူမှုကိုလိုလားတယ် တောက်လျှောက် BGF တပ်ဖွဲ့နဲ့တွဲခဲ့တယ် နောက်တစ်ဖွဲ့က မြဝတီဘက်က စောရွှေဝတို့အဖွဲ့ဖြစ်တယ် သူတို့ကတော့ အစကတည်းက KNU နဲ့ပေါင်းပြီး တိုက်နေကြတာ PC မှာလည်း တပ်နဲ့လက်တွဲနေတဲ့ PC ရှိသလို ရန်သူကိုမွေးထုတ်ပေးပြီး ကရင်ပြည်နယ်ကိုပြန်ဖျက်ဆီးတဲ့ PC ကပ်ခွာရှိတယ် အရပ်စကားတစ်ခုထဲနဲ့ ကိုယ့်ဘက်ကကူညီပေးနေတဲ့ တပ်ဖွဲ့တွေကိုတော့ အပြစ်မမြင်ကြဖို့အရေးကြီးတယ် လူတွေက ကရင်ပြည်တယ်ရဲ့အဖွဲ့အစည်းတွေအကြောင်းကိုထဲထဲဝင်ဝင်မသိကြပဲ အကြားနဲ့ရေးနေတာဟာ မိမိဘက်ကူပေးနေတဲ့ အဖွဲ့အစည်းများအတွက် အားယုတ်စေသလို မလိုအပ်ပဲ ကိုပြောတဲ့စကားကြောင့် တခြားအဖွဲ့အစည်းတွေကို ထိခိုက်နစ်နာစေတယ်ဆိုတာတော့ မှတ်ထားစေချင်တယ် ကိုယ့်ဘက်ကိုကူညီနေတဲ့အဖွဲ့ကို စိတ်ဓာတ်ရေးရာ ခွန်အားရေးရာဖြည့်ပေးနိုင်ဖို့သာအဓိကလိုပါတယ် အကြားသတင်းဆိုတာ လက်တွေ့ဒီမှာကြုံနေရတာက စစ်ရှောင်တွေကြားကနေ ဝါဒဖြန့်နေတဲ့ ရန်သူ့သူလျှိုတွေရဲ့ လုပ်‌ေဆာင်မှုသာဖြစ်သလို ထိုရန်သူ့သူလျှိုများကပင် ဘယ်အဖွဲ့ကဘာဆိုတာကို ကရင်ပြည်နယ်နေပြီး အဖွဲ့အစည်းအစုံကြောင်းပြည့်ပြည့်စုံစုံမသိကြပါဘူး ဒါလတ်တလောကြုံနေရတဲ့ ကိစ္စသာဖြစ်တယ် အဲ့လိုအကြားတွေကြောင့်လည်း နောက်ကွယ်မှာရီနေရတာလည်းမောနေပါပြီဗျာ

#HK PTM
https://t.me/drmyat001
နေပြည်တော်၊ မေလ ၃၀ ရက်
*

လယ်ဝေးမြို့နယ်တွင် ငွေကျပ် ၆ ဒသမ ၃၅ ဘီလီယံကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား ၁၉ ဒသမ ၉ သိန်းနှင့် ဘိန်းဖြူ ၁၃၄ ကီလို ဖမ်းဆီးရမိသည်။

Cred

https://t.me/drmyat001
နေပြည်တော်၊ မေလ ၃၀ ရက်
*

ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သော ရာဇာမဏိစူဠာကောင်းမှုတော်စေတီတော်၏ စိန်ဖူးတော်မြေသို့ပင့်ဆောင်ပူဇော်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

Cred

https://t.me/drmyat001
မန္တလေး ငလျင်ကြီး၏ နောက်ဆက်တွဲ ငလျင်ငယ်အကြိမ်ရေ (၂၀၀)နီးပါး လှုပ်ခတ်ထား

ပြီးခဲ့သော မတ်(၂၈)ရက်က စတင်လှုပ်ခတ်ခဲ့သည့် အင်အား (၇.၇) ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ယနေ့ မေလ (၃၀) ရက် အထိ ပြည်တွင်းနေရာစုံတွင် နောက်ဆက်တွဲငလျင် လှုပ်ခတ်မှု (၁၈၄)ကြိမ် ရှိလာခဲ့ပြီဖြစ်သည်။

ယခု မေလတစ်လတည်းအတွင်း၌ပင် အင်အားအနည်းငယ်နှင့် အသင့်အတင့်ရှိသည့် နောက်ဆက်တွဲ ငလျင် လှုပ်ခတ်မှု ကြိမ်ရေပေါင်း (၃၃) ကြိမ်ရှိနေပြီး တစ်ရက်တည်းတွင် (၃) ကြိမ်လှုပ်ခတ်မှုအထိ ရှိသည်ကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

ယနေ့ မေလ (၃၀) ရက်တွင်လည်း သံတောင်ကြီးမြို့၏ အနောက်မြောက်ဘက် (၁၀) မိုင်ခန့်အကွာတွင် ဗဟိုပြု၍ အနက်(၁၀) ကီလိုမီတာအကွာ၌ အင်အားပမာဏ (၃.၀) ရစ်(ခ်) တာစကေး အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့‌သေးသည်။

#Popular
https://t.me/drmyat001
.

☯️


( အီရန်ကို ဆော်ဒီ သတိပေးလာပြီ )


အီရန်နျူကလီးယားကိစ္စနဲ့ပါတ်သက်ပြီး အမေရိကန်နဲ့ညှိနှိုင်းမှုကို ပြီးပြတ်အောင်ဆောင်ရွက်ဖို့၊ မဟုတ်ရင် အစ္စရေးရဲ့တိုက်ခိုက်မှုကိုခံရမဲ့ စွန့်စားမှုရှိနေတယ်လို့... ဆော်ဒီကာကွယ်ရေးဝန်ကြီးကိုယ်တိုင်က လာရောက်သတိပေးတာမျိုးဖြစ်ပါတယ်၊

ဆော်ဒီက လူကိုယ်တိုင်လွှတ်ပြီး သတိပေးလာတာဖြစ်လေတော့... အီရန်ဖက်ကသာ မလိုက်လျောရင်... စစ်ပွဲတပွဲ ထပ်ထွက်လာဖို့ အတော်နီးနေပြီလို့ ခန့်မှန်းနိုင်ပါလိမ့်မယ်၊

အီရန်အနေနဲ့လဲ ပေးဆပ်မှုများစွာကိုရင်းနှီးထားခဲ့ရတာကြောင့် နျူအစီအစဉ်ကို အလွယ်တကူစွန့်လွှတ်ဖို့အတော်ခဲယဉ်းနေပြန်ပါလိမ့်မယ်၊

ကံ ဇာတ်ဆရာရဲ့ အလိုအတိုင်းသာ "က" ပြကြရတော့မဲ့ အချိန်ဖြစ်ဟန်တူပါရဲ့ ။


#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️


( ရုရှား နျူလက်နက်နေရာများ ပေါက်ကြား )


တကမ္ဘာလုံး ပြန့်နှံ့သွားပြီး အားလုံးစိတ်ဝင်စားစရာနဲ့ အတူ စိုးရိမ်စရာ သတင်းတခု ထွက်ပေါ်လာတယ်၊

ဘာသတင်းလဲဆိုတော့ -
ရုရှားရဲ့ နျူလက်နက်တွေ လှို့ဝှက်ထားသိုရာ စခန်းနဲ့ မြေပုံညွှန်းတွေအပါအဝင် အသေးစိပ်အချက်အလက် အရေအတွက် (၂) သန်း ကျော် ပေါက်ထွက်ပြန့်နှံ့သွားတဲ့ကိစ္စပါ၊

Der Spiegel  ( ဂျာမန်မီဒီယာ ) နဲ့  Danwatch ( ပြင်သစ်မီဒီယာ ) တို့ကထုတ်ဖေါ်လိုက်တဲ့သတင်းဖြစ်ပြီး၊ ရုရှားရဲ့ နာမယ်ကြီး Avangard missile တွေ လှိုု့ဝှက်ထားသို ထုတ်လုပ်တဲ့နေရာဖြစ်ပါတယ်၊

Ural ယူရဲလ်တောင်တန်းတွေကြားက Yasny မြို့နဲ့ မလှမ်းမကမ်းမှာဖြစ်ပြီး၊ မြေအောက်စခန်းမှာ နျူထိတ်ဖူး (၉၀၀) နဲ့ မစ်ဇိုင်းတွေကို လှို့ဝှက်သိမ်းဆည်းထားတဲ့ နေရာဖြစ်ပါတယ်၊

ကြားဖြတ် ပစ်ချလို့မရနှိုင်တဲ့ ရုရှားမစ်ဇိုင်းတွေနဲ့ နျူထိတ်ဖူးတွေဟာ အနောက်ဥရောပ တခုလုံးကို မိနစ်အနည်းကယ်အတွင်း ပြာပုံဘဝရောက်သွားစေနှိုင်အောင် လုံလောက်တဲ့အရေအတွက်ဖြစ်တယ်ဆိုတယ်၊

အခုသတင်းဟာ
လက်ရှိအခင်းအကျင်းကို တမျိုးတဖုံပြောင်းလဲသွားစေမှာ အမှန်ပါ၊

ရုရှားအနေနဲ့ အားလုံးကို တနေရာထဲမှာ စုပုံထားမှာ မဟုတ်ဘူးလို့ ခန့်မှန်းရတဲ့အတွက် အခြားလှို့ဝှက်နေရာတွေတော့ရှိနှိုင်တယ်လို့လဲ ယူဆရပါတယ်၊

ဘယ်လိုပဲဖြစ်ဖြစ် ရုရှားကာကွယ်ရေးဝန်ကြီးဌာနနဲ့ အစိုးရအတွင်း ဆူနာမီပါတဲ့ မီဂါငလျင်ကြီး လှုပ်ခတ်သွားမှာတော့အမှန်ပါပဲ၊


#BaMg(NZL) ☯️
https://t.me/drmyat001
30 MAY 2025


လောင်းလုံ စမ်းလှမ်းတာဝါတိုင်ကုန်းတိုက်ပွဲရဲ့ဆက်စပ်သတင်း


အကြမ်းဖက် PDF များအား လမ်းပြခေါ်ဆောင်လာသူမှာ -

စစ်မှုထမ်း ( ငြိမ်း) ဦးဘပြည် + ဒေါ်အေးတို့ရဲ့သား ကလမ်းပြအဖြစ်ခေါ်လာတာဖြစ်ပြီး

လောင်းလုံအုပ်ချုပ်ရေးမှုးရဲ့အစ်ကိုဝမ်းကွဲ ပသစ လှမျိုးမှ အကြမ်းဖက်များနှင့်ပူးပေါင်းပြီးလာရောက်တိုက်ခိုက်တာလို့သိရပါတယ်။


ဆက်လက်စုံစမ်းနေစဲ။



#အမဲလိုက်မုဆိုးကြီး
30.5.2025(09:18PM)
Fri. day
https://t.me/drmyat001
ရခိုင် ဂွင်
===========

               နစက မှ အပစ်ရပ် ကြေညာပြီးနောက် AA တို့ကတော့ သူတို့အလုပ် သူတို့လုပ်နေကြပါတော့တယ် ။ ညောင်ကျိုးကို ဝင်တိုက်တယ် ။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ကို တိုက်ကွက်ဖော်ကြတယ် ။

            သင်္ကြန်ပြီးကတည်းက  စစ်တွေ ၊ ကျောက်ဖြူမြို့တွေကို သွေးတိုးစမ်းတိုက်ပွဲ ဖော်ဆောင်မှုတွေ များပြားလာပါတယ် ။ မေလဆန်းမှာတော့ အင်အားတောင့်တင်းတဲ့ စစ်တွေကို နှောက်ယှက်ပစ်ခတ်တဲ့ အလုပ်ပဲ ဆောင်ရွက်ပြီး ကျောက်ဖြူကို စတင်တိုက်ခိုက်လာပါတယ် ။

               အဓိကစစ်မြှားဦးက ဓညဝတီရေတပ်စခန်းဖြစ်ပါတယ် ။ ဓညဝတီ ရေတပ်စခန်းအနီး တောင်မှော်ကြီး နဲ့ အုန်းကျွန်းတို့မှာလည်း ရေတပ် အခြေစိုက်စခန်းတွေ ရှိနေပါတယ် ။

          AA တို့ဟာ လိပ်ခမော် ၊ မလ ဆိုတဲ့  ကမ်းရိုးတမ်းအနီး ရွာကြီးတွေကနေ စတင်တိုက်ခိုက်လာပါတယ် ။ ကျောက်ဖြူ ရမ်းဗြဲလမ်းတလျှောက်က သစ်ပုတ်တောင် ၊ ပြိုင်းစေကေ ကတဆင့် ဓညဝတီ လမ်းကြောင်းကို ဖောက်နေပါတယ် ။

          တချိန်တည်းမှာပဲ ရဲတပ်ရင်း ၃၂ ၊ ခမရ ၅၄၃ ၊ ခမရ ၅၄၂ ရှိရာ လမ်းကြောင်း စီမော် - ဦးကင်း - စစ်တော် - ကပ်သပြေ - သပြုတောင် အစရှိတဲ့ ရွာတွေက တဆင့် အဆိုပါ ရဲတပ်ရင်း ၃၂ နဲ့ ခမရ ၅၄၃ / ၅၄၂ ဆီကို ချည်းကပ်တိုက်ခိုက်ကြပါတယ် ။

                    အဲဒီရွာတွေမှာ ကာကင်းတွေကို AA တို့ တည်ဆောက်နေကြတာ ကြာပါပြီ ။ ဆိုရှယ်မီဒီယာမှာ တက်နေတဲ့ တပ်မတော်ဒရုန်း နဲ့ ချေမှုံးခြင်း ဆိုတဲ့ ဝါဒဖြန့် VIDEO တွေဟာ မြေပြင်မှာ ရန်သူကို မဟန့်တားနိုင်ခဲ့ပါဘူး ။

              
              မင်းတပ်တောင် စက်မှုလက်မှုသင်တန်းကျောင်းနဲ့ ကာကင်းကုန်းစခန်းတို့ ကျသွားရပါတယ် ။ မိမိတပ်များ နှမ်းဖဲတောင်ထိ ပြန်ဆုတ်ခွာခဲ့ရပါတယ် ။ နောက် နှမ်းဖဲတောင်မှ ထပ်မံဆုတ်ခွာလာရပြီး ယခု လတ်တလောမှာတော့ ရဲတပ်ရင်း ၃၂ နဲ့  ကိုက် ၁၀၀၀ အကွာထိ ရင်ဆိုင်ထိမ်းချုပ်ခံထားရပါပြီ ။

                   မိမိဘက်မှ ဒရုန်းအသုံးပြုဟာ ကလေးကစားသကဲ့သို့ အင်မတန် ပေါ့ပျက်ပျက် အသုံးပြုနေတာ တွေ့နေရပါတယ် ။ တကယ်တန်းတော့ ထိရောက်မှု အင်မတန်အားနည်းလှပါတယ် ။

                ဓညဝတီရေတပ်စခန်းတည်ရှိရာ ကျောက်ဖြူမြို့ဆီသို့ AA မြှားဦး လှည့်လာနေပေမယ့်  အမျိုးမျိုးသော စစ်သင်္ဘော အစီး ၇၀၀ ကျော် ပိုင်ဆိုင်ထားပါသော ရေတပ်ရဲ့ လှုပ်ရှားမှုကတော့ အားရဖွယ်မရှိသေးဘူးလို့ ကြားသိရပါတယ် ။

  
                  AA တို့အနေနဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် နဲ့ အမ်း ပဒါန်း နတ်ရေကန် တို့မှာ စစ်ရေးဖော်ဆောင်နေတာ ကျောက်ဖြူအတွက် ယောင်ပြတိုက်ပွဲတွေလို့ တွက်ဆလို့ရပါတယ် ။

                တပ်မတော်အနေနဲ့ စစ်မျက်နှာပေါင်း များစွာကို ဖြန့်ကျက်တိုက်ခိုက်နေရတဲ့ အနေအထားကို ပြည်သူတွေ နားလည်ကြပါတယ် ။ သို့သော် ပြည်သူတွေ နားမလည်နိုင် ဖြစ်နေကြရတာကတော့.....

၁ ။ မိမိတို့ မြို့ရွာများကို လာရောက်ဖျက်ဆီး တိုက်ခိုက်နေတဲ့ ရန်သူများရဲ့ အဓိက အုပ်ချုပ်ထောက်ပံ့မှု ပေးနေတဲ့ ရန်သူ့ အခြေစိုက် မြို့ရွာ စစ်ဌာချုပ်များအား ယနေ့ထိ ဘာကြောင့် မတို့ရဲ မထိရဲ ဖြစ်နေရပါသလဲ....?

၂ ။ ရန်သူ့ရဲ့ LOC လမ်းကြောင်းအား အဘယ်ကြောင့် ဖြတ်တောက်တိုက်ခိုက်ခြင်း မပြုကြပါသလဲ.... ? ( လိုအပ်ရင် လမ်း တံတား ဆိပ်ကမ်း များအား အလွယ်တကူ ချိုးဖြတ် ပြာချလို့ ရပါလျှက်)

၃ ။ မြို့ရွာများအား ရန်သူတို့ ဖျက်ဆီးအကြမ်းဖက်ရန် အင်အားစုဖွဲ့နေစဥ် ကတည်းက အခြေပြုစုဖွဲ့ရာ တည်နေရာများအား ပြည်သူများမှ သတင်းပေးပို့ကြသော်လည်း ကြိုတင် လက်ဦးမှုရယူကာ ချေမှုံးခြင်းလုပ်ငန်း လုံးဝ နီးပါး ဆောင်ရွက်ခြင်း မရှိပဲ ငုတ်တုတ်ထိုင်ကြည့်နေသည့် ဗျူဟာသည် မည်သည့် စစ်ဗျူဟာ ဖြစ်ပါသနည်း ။ တပ်မတော် တိုက်ခိုက်ကျောင်းများရဲ့ အလွန်သုံးစားမရသော နည်းစနစ်အသစ်များလား သိချင်လှပါတယ် ။

၄ ။ ပြည်သူအားလုံး သိနေကြတဲ့ ပြည်မကတဆင့် ရန်သူ့ထံ စီးဝင်နေသော လက်နက်ခဲယမ်း ရိက္ခာလမ်းကြောင်းအား ယခုချိန်ထိ ဘာကြောင့် ဂိတ်ပေါင်းစုံဖွင့်ထားပြီး လွတ်ပေးနေပါသလဲ....? ( တဂိတ်တလေ သစ္စာဖောက်နေတာ မဟုတ် ရှိသမျှ ဂိတ်အားလုံး သစ္စာဖောက်နေခြင်းအား နစက မထိမ်းချုပ်ပဲ လက်ပိုက်ကြည့်နေတာ နှစ်ချီ ကြာမြင့်နေပေပြီ)

  
                စစ်ရှုံးခြင်း စစ်နိုင်ခြင်း အပေါ် ပြည်သူတို့ရဲ့ အမြင်ကတော့ အဓိက အကျဆုံး အထက်ပါ အချက် ၄ ချက် အပေါ် နစက အနေနဲ့ အမြန်ဆုံး သုံးသပ်ပြင်ဆင်သင့်ပါပြီ ။

               #ကိုရွှေမျိုးဝင်း

( ရခိုင် ကျောက်ဖြူ စစ်သတင်းအတွက် အမှန်အတိုင်း တင်ပြပေးပါသော UNION Politics New - ကိုထူးမောင် ထံမှ အချက်အလက် အများအပြား ရယူဖြန့်ဝေထားတာပါ ၊ လက်ရှိ အနေအထားအရ ဖြစ်ရပ်မှန် သတင်းမှန်များ အတွက် ပြည်သူတွေ ကြည့်သင့်တဲ့ မီဒီယာအဖြစ် ရှုမြင်မိပါတယ်)
https://t.me/drmyat001