U Nay Win🇲🇲
14.2K subscribers
99.5K photos
5.06K videos
4 files
79.6K links
Download Telegram
ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်သန်းကာ ရေနှင့် မျောပါခဲ့သည့် ခရီးသည်တင်ယာဉ်ကို ပြန်လည်ဆယ်ယူနေ

မန္တလေးတိုင်း၊ တောင်သာမြို့၊ မြင်းခြံ- တောင်သာကားလမ်း၊ နတ်စောင့်ကျေးရွာအနီးရှိ ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်ကူးသည့် ခရီးသည်တင်ယာဉ်တစ်စီးရေနှင့် မျောပါခဲ့ပြီး အဆိုပါယာဉ်အား ယနေ့ မေလ (၃၀)ရက်တွင် ပြန်လည်ဆယ်ယူနေပြီဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်သည် ပြီးခဲ့သည့် မေလ (၂၆)ရက်၊ မွန်းလွဲ (၁) နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါ ခရီးသွားများ အားလုံး ထိခို-က်ဒဏ်ရာရရှိခြင်းမရှိခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ဆင်တဲဝချောင်းမှာ မိုးရွာသွန်းပါက ရေစီးသန်သဖြင့် ဒေသခံများအနေဖြင့် သတိထားဖြတ်သန်း သွားလာရသည့် ချောင်းတခုဖြစ်ကြောင်း သိရသည်။

#Popular
https://t.me/naywin331
May-30

▪️တပ်မတော်သားအဖြစ် အယောင်ဆောင်ပြီးအနုကြမ်းစီးဓားပြတိုက်သူများ ဖမ်းဆီးရမိ

(မှုခင်း) မေ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ်၊အောက်လှဲဆိပ်ကျေးရွာအုပ်စု၊အောက်လှဲဆိပ်အရှေ့ရွာတွင် လူ ၄ဦးမှ ရေတပ်ဝတ်စုံပျောက်ကြားများဝတ်စဥ်ပြီး အနုကြမ်းစီးဓါးပြတိုက်သူများ ဖမ်းဆီးရမိကြောင်း သိရသည်။

ယမန်နေ့ ည၇နာရီအချိန်ခန့်က အောက်လှဲဆိပ်ကျေးရွာနေူ ဦးထွန်းရီနေအိမ်အား ရေတပ်ဝတ်စုံပျောက်ကြားများဝတ်စဥ်ပြီး အနုကြမ်းစီးဓါးပြတိုက်မှုဖြစ်ပွားကာ ငွေကျပ်သိန်း(၆၀)ကျော်ခန့်နှင့် ဖုန်း(၄)လုံးပါသွားခဲ့ကြောင်း သိရသည်။

အဆိုပါ အနုကြမ်းစီးဓါးပြတိုက်သူများအား  လုံခြုံရေးပူးပေါင်းအဖွဲ့မှ ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရာ ဓါးပြတိုက်သူ ၄ ဦးအနက် ၂းဦးအား အောက်လှဲဆိပ်ရွာထဲတွင် ၁ ဦး၊အောက်လှဲဆိပ်ဘုရားဘေးတွင် ၁ ဦး လက်လုပ်သေနတ်အတုAK47တလက်နှင့်အတူဖမ်းဆီးမိခဲ့ကြောင်း၊ ဖမ်းဆီးမိသူ(၂)ဦးမှာကျိုက်လတ်မြို့နယ်၊တံခွန်တိုင်သံကြိုးတိုင်မှ(အဖ)ဦရဲညွန့်၏....

#PAN
https://t.me/naywin331
This media is not supported in your browser
VIEW IN TELEGRAM
30-5-2025 ရေစီးနဲ့ မျောပါခဲ့တဲ့ ခရီးသည်ကား .. အခုချိန်မှာတော့ ပြန်လည်တွေ့ရှိတဲ့အနေထားဖြစ်ပါတယ်။
Cred
https://t.me/naywin331
ပြောကုန်ကြပြီ
ဘယ်အချိန်မှ တိုက်စစ်စဖွင့်မှာလဲဗျ
👇👇👇👇👇
တပ်စခန်းတွေတစ်ခုကျတိုင်း…ကူမင်းဆွေးနွေးပွဲမှာ ကိုယ်တွေဆီက လူကြီး ပြောခဲ့တဲ့ လက်နက်ဆန်းတွေနဲ့ ပစ်မယ်ဆိုတဲ့ စကားလုံးတွေက အလှောင်ခံစရာဖြစ်လာတယ်။ လူကြီးတွေကတော့ ရေရှည် ငြိမ်းချမ်းရေးကို သွားလိုတဲ့အခါ… လူကြီးဆန်ဆန် တွေးတယ် ထင်ပါတယ်။ ခုချိန်ဆိုတာကလည်း နိုင်ငံတကာတွေ၊ ဒေသတွင်းနိုင်ငံတွေ စသဖြင့် ထောင့်ပေါင်းစုံက စုံနေအောင် တွေးရတဲ့ ခေတ်လည်း ရောက်နေပြန်တာကိုး။ အဘက်ဘက်ကို တွက်ဆပြီး လုပ်နေရချိန်မို့ ဒါတွေလည်း ဖြည့်တွေး နားလည်ပေးလို့ ရပါတယ်။
-----------
ဒါပေမယ့် ခုလက်ရှိ ကာလက… ကိုယ်တွေဘက်က သီးသန့်ခံစစ်အနေအထားနဲ့ပဲ ရှိနေတယ်။ ရန်သူကတော့ နိုင်ငံရေး အားနည်းချက် ကို ခုတုံးလုပ်ပြီး နယ်စပ်မှာ ရှိတဲ့ ရှေ့တန်းတပ်စခန်းတွေနဲ့ မြို့/ရွာတွေကို လာတိုက်နေတာကလည်း တစ်နိုင်ငံလုံး သိတဲ့ အနေအထားပဲမဟုတ်ဘူးလားပေါ့။ ကိုယ်က ရန်သူ့ ဌာနချုပ်နေရာ တွေကို ငြိမ်းချမ်းရေး ကိုငဲ့ပြီး ရှောင်နေချိန်…ရန်သူကတော့ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်တွေကို သိပ်ပြီး ခေါင်းထဲထည့် ဦးစားပေးနေတာမျိုးမတွေ့ရဘူး။ စစ်ကြောင့် ဗန်းမော်မြို့ကြီး ပျက်မှာ KIA သိတယ်။ စစ်ကြောင့် ထိုင်း-မြန်မာ နယ်စပ်က ကရင်ရွာတွေ စစ်ရှောင်ရမှာ KNU သိတယ်။ စစ်ကြောင့် ရခိုင်ရွာတွေပျက်စီးမှာ ထွန်းမြတ်နိုင်တို့သိတယ်။ ဒါပေမယ့် ရန်သူက ဒီအချက် တွေကို ငဲ့ညှာနေတာ မတွေ့ရဘူး။ အဓိကသူတို့တွေးတာက… တပ်မတော် ထိန်းချုပ်ထား တဲ့ ဧရိယာတွေကျဉ်းပြီး လွတ်မြောက် နယ်မြေဧရိယာတွေ ပိုကျယ်လာဖို့က သူတို့အတွက် ပိုအရေးကြီးတယ်။
-----
မနေ့က မန္တလေးမှာ လုပ်ခဲ့တဲ့ မြေငလျင်အတွက် လှူဒါန်းငွေ ပေးအပ်တဲ့ အခမ်းအနား မှာလည်း အထက်အကြီးအကဲ ပြောခဲ့တဲ့ စကားတစ်ခွန်း ရှိတယ်။ မြေငလျင်အတွက် တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်နေချိန်မှာ ယာယီအပစ်ရပ်ပေးထားတဲ့အပေါ်… လေးစားဖို့ ဆိုပြီး ပြောသွားခဲ့တာ ရှိတယ်။ လူကြီးကတော့ လူကြီး စကားပြောမှာပါပဲ။ ဒါပေမယ့် ရန်သူကတော့ ရန်သူ ပီသဆဲဖြစ်တာလည်း တွေ့ရတယ်။ ပြီးခဲ့တဲ့ရက်ကပဲ နွားထိုးကြီး-မြင်းခြံနဲ့ တောင်သာ တစ်ဝိုက်က မြို့ကြီး ၅ မြို့ကို တပြိုင်နက်တည်း စစ်ရေးဖော်ဆောင်တာ လုပ်ခဲ့တယ်။ ဒီစီမံချက်တွေဆိုတာ… NUG လက်အောက်ခံ MoD ရဲ့ လုပ်ဆောင်ချက်တွေမဟုတ်ဘူးလား။ နိုင်ငံတကာမှာသာ တပ်က လေကြောင်းတိုက် ခိုက်တယ်လို့ အသံကောင်းဟစ်ကြတာ။ မြေပြင်မှာ ဒီ မောင်တွေ လာတိုက်လို့ ခံစစ်ပြင် ရတာကိုတော့ ဘယ်သူမှ တစ်ခုတ်တရ ပြောနေမှာ မဟုတ်ဘူး။
----------
ဒီချိန်မှာ ဆုံးရှုံးထိခိုက်မှုများတဲ့ မြေငလျင် ကြောင့် ပြန်လည်ထူထောင်ရေး ကဏ္ဍတွေ လုပ်ရမှာ အများကြီးပဲ။ နေပြည်တော်လို ရုံးချုပ်တွေတောင် ယာယီအဆောက်အဦ ငယ်တွေနဲ့ ရုံးလုပ်ငန်း တွေ Run နေချိန်၊ ပျက်စီးမှုတွေကြောင့် အချိန်ပေး ပြုပြင်ရမယ့် လွှတ်တော်အဆောက်အဦ တွေနဲ့ လမ်းတံတားတွေ၊ ရှေ့ဟောင်းအဆောက်အဦနဲ့ စေတီပုထိုးတွေ …စသဖြင့် အများကြီးပဲ။
------
လူပိန်းအတွေးနဲ့ တွေးရင်တော့…နေပြည်တော်ကရုံးဌာနတွေ ပျက်စီးတာ ပျော်ကောင်း ပျော်နိုင်တာပေါ့။ တကယ်တော့…ဒါတွေက ပြည်သူဝန်ဆောင်မှု ကဏ္ဍတွေကို လုပ်ပေး ကြရတဲ့ ရုံးဌာနတွေ။ ဒီဌာနတွေ အလုပ်မလုပ်နိုင်တော့ရင် …တခြားနောက်ဆက်တွဲ ကဏ္ဍတွေလည်း နှောင့်နှေးကုန်ကြတော့မယ်။
-----
ကိုယ်တစ်ဦးတည်း အမြင်ပါ။ နိုင်ငံရေးအရ ပြောသင့်တာလည်း ပြောရမှာဖြစ်သလို စစ်ရေးမှာလည်း တစ်ချို့ ပြတ်ပြတ်သားသား ဆော်သင့်တာလေးတွေလည်း ဆော်ပေး စေချင်ပါတယ်။ ထိခိုက်နစ်နာဆုံးရှုံးပြီး လက်လွှတ်ရတဲ့ တစ်ချို့ တပ်စခန်းတွေ မြင်တိုင်း…စစ်သည်တွေရဲ့တိုက်ခိုက်လိုစိတ်တွေ လျော့နည်းကုန်မှာ စိုးမိလို့ ပါ။


#(နရီမိုး)
https://t.me/drmyat001
မြန်မာတင်မဟုတ်ပါဘူး
ကမ္ဘာမှာပါ ကပ်ဘေးဆိုက်နေကြတာပါ
😢😢😢😢😢
ဖိလစ်ပိုင်တွင် ကန်လအွန် မီးတောင် ပေါက်ကွဲမှုဖြစ်ပွား

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းရှိ ကန်လအွန် မီးတောင်ဟာ မေလ ၂၈ ရက်က ပေါက်ကွဲခဲ့ရာ ပြာမှုန့်တွေ မှုတ်ထုတ် ခဲ့တယ်လို အာဏာပိုင်တွေက ပြောပါတယ်။ ကန်လအွန် မီးတောင်ပေါက်ကွဲပြီး ပြာမှုန့်တွေ မှုတ်ထုတ်ခဲ့တာ ကြောင့် သတိပေးချက် အဆင့်ကို တိုးမြှင့်ခဲ့တယ်လို ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
မေလ ၂၈ ရက်က ကန်လအွန်မီးတောင်မှာ လှုပ်ခတ်မှု အနည်းဆုံး ၃၁ ကြိမ်ရှိပြီး မီးတောင်ကနေ မှုတ်ထုတ်တဲ့ ပြာတွေဟာ အမြင့် မီတာ ၇၀၀ (၂,၂၉၆ ပေ) အထိ တက်လာတယ်လို ဒေသတွင်း မီဒီယာ Inquirer က သတင်းထုတ်ပြန်ထားပါတယ်။
အာဏာပိုင်တွေက သတိပေးချက်အဆင့်ကို မြှင့်တင်ခဲ့ပြီး မီးတောင်ပေါက်ကွဲမှုကြောင့် ထပ်မံ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကိုလည်း ဒေသခံတွေကို သတိပေးထားပါတယ်။ ကန်လအွန်မီးတောင်ကနေ ၆ ကီလိုမီတာအတွင်း နေထိုင်သူတွေကိုလည်း တောင်ထိပ်ဧရိယာကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းခိုင်းပြီး အဲဒီဧရိယာအနီးမှာ လေယာဉ်တွေ ပျံသန်းခွင့် တားမြစ်ထားတယ်လို သိရပါတယ်။

cred
https://t.me/naywin331
.

☯️


( စစ်ဦးမျှား ကျိုးခဲ့လေပြီလား )

ဒေသတရားရေး အဖွဲ့က ထရမ့်ရဲ့ အခွန်တိုးနဲ့ပါတ်သက်တဲ့ အထူးအမိန့် Executive order (၅) ခုကို ပိတ်ပင်တားဆီးလိုက်တယ်၊

တရားသူကြီး Rudolph Contretas က IEEPA- International Economic Emergency Economic Powers Act အရ အခွန်တိုးမြှင့်ခြင်းကို သမတရဲ့ အထူးအမိန့်နဲ့ ထုန်ပြန်ခွင့်မရှိဘူးလို့ဆိုပါတယ်၊

အ့ပည့်ပည်ဆိုင်ရာ ကုန်သွယ်ရေးဥပဒေတွေကိုလိုက်နာရမှာဖြစ်ပြီး၊ IEEPA - ပါသဘောတူညီချက်ထက် ကျော်လွန်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်၊


တရုတ်နဲ့ထိတ်တိုက်တွေ့ကြရာမှာ အခွန်တိုးမြှင့်ခြင်း 145% အရောက်၊ တရုတ်ဖက်က လုံးဝညှိနှိုင်းခြင်းမပြုတော့ပဲ မြေပြင်စစ်ဆင်ရေးကို လုပ်ခဲ့တယ်၊ ဂျနီဗာ ညှိုနှိုင်းမှု့အရ အမေရိကန်က 145% ကနေ 30% အထိလျော့ချလိုက်တဲ့ သာဓက ကိုတွေ့သွားပြီးတဲ့နောက်မှာ EU ကလဲ ထရမ့်နဲ့ညှနှိုင်းခြင်းမပြုတော့ပါဘူး၊

ဒါနဲ့ပဲ June မှာ အသပ်ဝင်တော့မဲ့ EU အခွန်နှုံးထားတွေကို July အထိအမေရိကန်က နောက်ဆုတ်ပေးလိုက်ရတာကိုတွေ့ရတယ်၊

#BaMg(NZL) ☯️
https://t.me/naywin331
.

☯️

ပူတင် သဘောကျဖို့များ ပိုဖြစ်လာလေမလား ❓


ယူကရိမ်းစစ်နဲ့ပါတ်သက်ပြီး အမေရိကန်အနေနဲ့ အတော်စိတ်ကုန်လာတယ်လို့ ခန့်မှန်းမိတယ်၊ ဒါကြောင့် ငြိမ်းချမ်းရေးစကား လုံးဝမပြောတော့ပဲ ရက် (၃၀) အပစ်ရပ်ရေးဆိုတဲ့ အနိမ့်ဆုံး အဆင့်ကနေပြီး ပြောနေတာတွေ့ရတယ်လို့ သုံးသပ်ရပါတယ်၊

ရက် (၃၀) အပစ်ရပ်ရေးမှာကိုတင် မလွယ်ကူတာကို ထရမ့်ဖက်က သဘောပေါက်သွားပုံရတယ်၊

ဒါကြောင့် ရက် (၃၀) အပစ်ရပ်ရေးကို မလိုက်နာကြရင် ယူကရိမ်းစစ် ညှိနှိုင်းပွဲက အမေရိန်အနေနဲ့ နောက်ဆုတ်တော့မယ်... ဆိုတဲ့လေသံတွေ ခပ်လှိုင်လှိုင် ထွက်လာပါတယ်၊

အမေရိကန်နောက်ဆုတ်ခဲ့ရင်...
ပူတင်ကြီး ပိုပြီးသဘောကျနေမလား... လို့လဲတွေးမိရပြန်ပါတယ်၊


#BaMg(NZL) ☯️
https://t.me/naywin331
.

☯️

Gaza ကိုပေးမဲ့ နိုင်ငံတကာရဲ့ အကူတွေကို အစ္စရေးအနေနဲ့ဆက်လက်ပိတ်ဆို့နေမယ်ဆိုရင် အစ္စရေးကိုပြင်သစ်က Sanction လုပ်ရလိမ့်မယ်လို့ သတိပေးလာတယ်၊

အစ္စရေးအနေနဲ့ ပြင်သစ် Sanction လောက်ကိုတော့ ရီများနေမလား မသိပါဘူး၊

ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ဒီနေ့ မင်းသားကြီး (၃) ယောက်ရှိနေတယ်၊ အမေရိကန်၊ တရုတ်နဲ့ ရုရှားပါ၊ ပြင်သစ်က (၄) ယောက်မြောက်ဖြစ်ရေးကြိုးပမ်းနေတာ ကြာလှပါပြီ၊ နောက်က ကပ်လိုက်လာတဲ့ (၂) ယောက်ကတော့ ဂျာမဏီနဲ့ ယူကေပဲဖြစ်ပါတယ်၊

ယူကေရဲ့အခန်းကဏ္ဏကတော့ပြီးသလောက်ရှိနေပြီဖြစ်ပြီး အထည်ကြီးပျက်အနေနဲ့ ရိုက်ကွင်းမှာ " ဖြတ်လျှောက်" အဆင့်နဲ့ ပရိသတ်မမေ့အောင်သာ ကြိုးစားရတဲ့သဘောပါ၊

(၄) ဦးမြောက် အဓိကဇာတ်လိုက်တွေဖြစ်ဖို့ ပြင်သစ်နဲ့ ဂျာမဏီကို ပြိုင်ကြရပါလိမ့်မယ်၊


#BaMg(NZL) ☯️
https://t.me/naywin331