U Nay Win🇲🇲
14.2K subscribers
99.5K photos
5.06K videos
4 files
79.6K links
Download Telegram
"KNUတပ်မဟာ၆ပွေးပွေးကင်"

ကရင်ပြည်နယ်၊KNUတပ်မဟာ ၆နယ်မြေ၊မြဝတီ-ဝေါလေလမ်းပိုင်းအကြမ်းဖက်များကိုဖိုက်တာ၂စီးဖြင့်ဗုံးကြဲသုတ်သင်ခဲ့ရာထိခိုက်တိုပြတ်ဖွါဒဏ်ရာရခဲ့သူများပြားကြောင်းသိရသည်။

မြန်မြန်နဲ့များများကြဲမှဖြစ်မယ်လို့ပြောဆိုနေကြပါတယ်။

#KKM
https://t.me/naywin331
“ အ ရည် အ ချင်း “

လာ မယ် မြန် မာ နိုင် ငံ အ စိုး ရ အ ဖွဲ့ တွေ အ ရည် အ ချင်း ရှိ ဖို့ အ ရေး ကြီး တယ် ။

လက် ရှိ မြန် မာ နိုင် ငံ ဖြစ် ပျက် နေ တာ တွေ ရှေ့ လူ တွေ အား နည်း လို့ ဖြစ် ရ တဲ့ ရာ ခိုင် နှုန်း က ပို များ နေ တယ် ။

အိမ် ဆောက် အုပ် ခဲ တစ် လုံး ကို ၁၀ ကျပ် အ ချိန် က ဆောက် လုပ် ရေး လုပ် ရ တဲ့ ဝန် ထမ်း တစ် ယောက် ပြော ပြ တယ် ။ အဲ့ ဒီ အ ချိန် သူ တို့ ကို အ ထက် က အုပ် တစ် လုံး ကို ၂ ကျပ် ပဲ ဈေး ဖြတ် တယ် တဲ့ ။

အဲ့ တော့ အ လုပ် ဖြစ် ဖို့ အ တွက် လို တဲ့ အုပ် အ ရေ အ တွက် ထက် ဆယ် ဆ လောက် ပို တွက် ပြီး ( တစ် လုံး သုံး မယ့် ကိ စ္စ အ တွက် ဆယ် လုံး ) တောင်း ရ တယ် ။

အ တည် ပြု ပေး မဲ့ အ ထက် က အုပ် အဲ့ လောက် မ ကုန် နိုင် ဘူး ဆို ပြီး ၃ ၄ လုံး လောက် ဖြတ် ချ လိုက် တယ် ။ အဲ့ လို လုပ် ရ တယ် လို့ ပြော ပြ တယ် ။

အဲ့ လို အ ခြေ အ နေ နဲ့ ရ အောင် လုပ် ရ တော့ လုပ် တဲ့ သူ က လည်း အ ဖြစ် ပဲ လုပ် ပေး လိုက် နိုင် တယ် ။

အ လုပ် ချ ပေး တဲ့ သူ က သူ့ ထက် မြင့် တဲ့ သူ ကို ကျွန် တော် အုပ် တစ် လုံး ကို ၂ ကျပ် နဲ့ ရ အောင် လုပ် ထား ပါ တယ် ဆို ပြီး တင် ပြ တယ် ။

အ ခု လို အ ချိန် ရေ ထဲ မိုး ထဲ ရောက် တော့ အ ကုန် ပျက် စီး ကုန် တော့ တာ ပဲ ။

ဒီ လို ကိ စ္စ တွေ ကို nld အ စိုး ရ လက် ထက် မှာ ခ ဏ ခ ဏ ရေး ခဲ့ ဖူး တယ် ။ အဲ့ တော့ nld လက် ထက် ကျ တော့ ဘက် ဂျက် ကို အ များ ကြီး ချ ပေး တယ် အ ရည် အ သွေး ပြည့် အောင် လုပ် ဆို ပြီး ။

Nld လက် ထက် ကုန်း ကျော် တံ တား ဆောက် တာ အဲ့ ဒီ အ ချိန် အ လွန် ဆုံး ကုန် ရင် သိန်း ၂၀၀၀ ပဲ ။ သို့ ပေ မဲ့ တံ တား တစ် ခု ( ဗ ဟန်း ဂုံး ကျော် တံ တား ) ကို သိန်း ပေါင်း သောင်း ချီ ဘက် ဂျက် ယူ တယ် ။

မ လောက် လို့ သိန်း သောင်း ချီ ထပ် တောင်း လို့ လွှတ် တော် ထဲ မှာ nld အ မတ် တစ် ယောက် ကိုယ် တိုင် တံ တား ကို ဘာ တွေ နဲ့ ဆောက် နေ လို့ ပါ လဲ လို့ ထ မေး ရ တဲ့ ထိ ဖြစ် ခဲ့ တယ် ။

ဒီ လို ပဲ တစ် မိုင် ကို အ မေ ရိ ကန် ဒေါ် လာ သန်း ၂၀ လောက် တန် ဖိုး ရှိ တဲ့ ပဲ ခူး ကျိုက် ထို လမ်း ဖောက် ဖို့ အ တွက် ဂျ ပန် က ငွေ ချေး မယ့် ကိ စ္စ လမ်း ကို ရွှေ ချ ထား မှာ လား ဆို ပြီး လွှတ် တော် မှာ ကန့် ကွက် ကြ ရ တာ သိ ကြ မှာ ပေါ့ ။

အဲ့ ဒီ အ ချိန် က ကိုယ် တိုင် လမ်း ဖောက် တဲ့ လုပ် ငန်း လုပ် နေ လို့ တစ် မိုင် ဘယ် လောက် ကုန် လဲ သိ နေ တယ် ။ ဘယ် လို လုပ် လုပ် တစ် မိုင် ကို ဒေါ် လာ တစ် သန်း မ ကုန် ပါ ဘူး ။

ဒေါ် လာ ဈေး က တစ် ထောင် ကျော် ကျော် ပဲ ရှိ တယ် ။ အဲ့ လောက် ကြီး ဘက် ဂျက် ချ ပေး တာ တော့ မ သင့် လျော် ဘူး ။


ဒီ တစ် ရက် နှစ် ရက် မြောက် ဒ ဂုံ ဖက် မှာ ရေ တက် ရင် ရေ ကြီး လာ တယ် ။ တ ချို့ နေ ရာ တွေ အုပ် နံ ရံ တွေ ပါ ပြို ကျ တယ် ။

ပြော ကြ တာ တော့ ရေ ထိန်း တံ ခါး တွေ မ ခိုင် လို့ ရေ မ ထိန်း နိုင် ဘူး လို့ ပြော တယ် ။ နွေ ရာ သီ ထဲ က ပြင် နေ တာ မ မီ လိုက် ဘူး လို့ လည်း ဆို ကြ တယ် ။ အ ရေး ပေါ် သဲ အိပ် ၁၀၀ လာ ချ သွား ပေ မယ့် စ နစ် တ ကျ မ ချ လို့ နှုန်း တွေ နဲ့ ရေ ထဲ ပါ သွား တယ် လို့ လည်း ဆို တယ် ။

အဲ့ ဒါ ရပ် ကွက် တွေ ထဲ မှာ ပြော နေ ကြ တာ ။ မ ဟုတ် ဘူး ဆို လည်း မ ဟုတ် ဘူး လို့ ပြန် ပြော လိုက် ကြ ပေါ့ ။

ဟုတ် ခဲ့ ရင် ရေ ထိန်း တံ ခါး တွေ ကို ဘယ် သူ တွေ ဘယ် လို အ ရည် အ သွေး တွေ နဲ့ ဆောက် သွား လဲ မေး ရ မှာ ပေါ့ ။ စံ ချိန် မ မီ လို့ ဖြစ် ရ တာ ။

နွေ က တည်း က ပြင် နေ တယ် ဆို တဲ့ သူ တွေ က ရော ဘာ လို့ ပြီး အောင် မ ပြင် နိုင် ကြ တာ လဲ ။ သဲ အိပ် ချ တာ ရော တ ကယ် ပဲ လား ။

မေး ခွန်း တွေ ဖြစ် လာ စေ တာ ပေါ့ ။

အ ရင် Made in Burma ဆို တဲ့ တံ ဆိပ် က အ ဆင့် မီ တယ် ။ အ ခု မြန် မာ တွေ အ ဆင့် မီ မ လုပ် နိုင် ကြ တော့ ဘူး ။

ဆေး ဝါး ဆို BPI ထုတ် က နိုင် ငံ ခြား က လာ တဲ့ ဆေး အား လုံး ထက် သာ ရင် သာ မယ် အ ဆင့် မ နိမ့် ဘူး ။ နောက် ပိုင်း အဲ့ လို ယုံ ကြည် မှု နဲ့ အ ဆင့် ဖြစ် အောင် ပြန် ကြိုး စား ကြ ပေါ့ ။

ဒါ က ဖြစ် ပျက် နေ တာ တစ် ခု နှစ် ခု ရေး ပြ တာ ။ နိုင် ငံ ရေး လည်း အ တူ တူ ပဲ ။ ရှေ့ က လူ တွေ အ ရည် အ ချင်း မ ရှိ လို့ အ တ္တ ကြီး လို့ အ ခု လူ တွေ ခံ နေ ရ တာ များ တယ် ။

တိုင်း ရင်း သား တွေ အ လို ရှိ တဲ့ ဖက် ဒ ရယ် ပုံ စံ ကို ဦး သိန်း စိန် လက် ထက် က တည်း က လုပ် လိုက် လို့ ရ တယ် ။ ၂၆၁ ပြင် ပေး လိုက် ရုံ နဲ့ ခ ရီး တော် တော် ရောက် တယ် ။

သို့ ပေ မဲ့ အ စိုး ရ နှစ် ဆက် လုံး မ ပြင် ပေး ခဲ့ ကြ ဘူး ။ ခြေ ဥ ပြင် မယ် လို့ တ တွင် တွင် ပြော ခဲ့ တဲ့ nld က အ တင်း ၄၅ ဦး ကော် မ တီ ဖွဲ့ ပြီး ခြေ ဥ ပြင် တယ် ။ ပြင် သင့် တဲ့ ၂၆၁ ကို စစ် တပ် ရော ကြံ့ ခိုင် ရေး ပါ ထောက် ခံ ပါ မယ် ဆို တော့ ပယ် ချ ခဲ့ တယ် ။

အ ခု အဲ့ ဒီ ခေါင်း စဉ် နဲ့ နိုင် ငံ ကို ဖျက် စီး နေ ကြ လို့ ပျက် ဆီး နေ ပြီ ။

လာ မယ့် ဒီ ဇင် ဘာ မှာ ရွေး ကောက် ပွဲ လုပ် မယ် ပြော တယ် ။ တ ကယ် လို့ လုပ် ဖြစ် ရင် ပါ တီ စွဲ ပု ဂ္ဂိုလ် စွဲ ထက် အ ရည် အ ချင်း ရှိ တဲ့ သူ တွေ ကို သာ လွှတ် တော် ထဲ အ စိုး ရ အ ဖွဲ့ ထဲ ထည့် ကြ ပေါ့ ။
ဒေါက် တာ ဖြစ် ပြီး ရော ဆို ပြီး လွှတ် တော် ထဲ ဆ ရာ ဝန် တွေ ထည့် တာ မျိုး လည်း မ ဖြစ် နဲ့ ဆေး ကု မယ့် သူ မ ရှိ ဖြစ် ကုန် မယ် ။

ဘယ် လို ဖြစ် ဖြစ် ပြန် ထိန်း သင့် ကြ ပြီ ။

နိုင် ငံ ရော ပြည် သူ ရော တော် တော် နာ နေ ပြီ ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၂၉ ၊ ၅ ၊ ၂၀၂၅

# မိုး တင့် ဆွေ
၃၀ ၊ ၅ ၊ ၂၀၂၅
သော ကြာ ။
Photo google
https://t.me/naywin331
.

☯️


နည်းပညာတွေက ကြောက်စရာပိုကောင်းလာတယ်၊

အစ္စရေးရဲ့နည်းပညာအသစ်က လေထဲကပျံသန်းလာတဲ့ ရန်သူ့ဒရုန်းတွေကို ( မည်ကဲ့သို့ လုပ်လိုက်သည်မသိ ) လွှတ်တင်တဲ့ရန်သူ့နေရာကို ပြန်သွားတိုက်ခိုက်စေပါသတဲ့၊

ဒရုန်းစစ် Drone warfare ကိုပြောင်းပြန်လှန်လိုက်တော့မဲ့ Game changing tech လို့ ပြောရပါတော့မယ်၊

( အဲ့ ဒီနည်းပညာလေး မြန်မာ့တပ်မတော်ကို ပေးပါလား ဟင် )

(၃) နှစ်တိတိ အစ္စရေးကို ပုဂံဆေးပေးပါ့မယ်
အဖိုးကြီးဆိုတော့ ဆန်အိတ်တော့ မမနိုင်တော့ဘူး၊ ပုဂံဆေးလောက်တော့ ရပါသေးတယ် 😌

#BaMg(NZL) ☯️
https://t.me/naywin331
ရခိုင့်နိုင်ငံအိပ်မက် ၊ လူသားချင်းစာနာမှု စင်္ကြန်နဲ့ ဘင်္ဂလားဒေ့ချ်

AA နဲ့ အဆက်အသွယ်လုပ်နေတဲ့အပေါ် ဘင်္ဂလားဒေ့ချ်နိုင်ငံကို နစကရဲ့ ကန့်ကွက်မှုကြောင့် ရန်ကုန်မှာရှိတဲ့ ဘင်္ဂလားဒေ့ချ်သံအမတ်တွေကို မနေ့က ပြန်ခေါ်သွားတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လက်ရှိဘင်္ဂလားဒေ့ချ်အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်ရဲ့ ရခိုင်ဒေသ လူသားချင်းစာနာမှု အထောက်အကူပေးရေး စင်္ကြန်ဆိုတာကို ဆက်လက် အကောင်အထည် ဖော်သွားဖို့အတွက်လို့ တွေးနိုင်ပါတယ်။
-
ဘင်္ဂလားဒေ့ချ်ကာကွယ်ရေးဦးစီးချုပ်က သွေးစွန်းစင်္ကြန်စီမံကိန်းမို့ လက်မခံပါဘူးလို့ တရားဝင် ထုတ်ပြောထားပေမယ့် လက်ရှိ ဘင်အစိုးရအနေနဲ့ အမေရိကန် တင်မြောက်ထားတဲ့သူတွေပီပီ အမေရိကန်အလိုကျ လိုက်ရတာ မထူးဆန်းပါဘူး။
-
ဘင်းစတတ်အစည်းအဝေးမှာတောင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကိစ္စတွေနဲ့ ဘင်စစ်ရှောင် တစ်သန်းကျော်ကို မြန်မာနိုင်ငံပြန်ပို့မယ့်ကိစ္စတွေ ဆွေးနွေးခဲ့ကြပေမယ့် ဒီစင်္ကြန်ဆိုတဲ့ ကိစ္စဝင်လာတဲ့အချိန်မှာ ဘင်္ဂလားအစိုးရရဲ့ ရပ်တည်ချက်တွေ ပြောင်းလဲသွားတယ်။ နိုင်ငံရေးမှာ အခြားပြည်ပနိုင်ငံရဲ့ အလွှမ်းမိုးခံရတာကို မြင်နိုင်ပါတယ်။
-
ဒီ လူသားချင်းစာနာမှုစင်္ကြန်ဆိုတာက ရခိုင်ပြည်နယ်အတွင်းကို ဘင်္ဂလားဒေ့ချ်ကနေတစ်ဆင့် အမေရိကန်ရဲ့ အကူအညီ အမည်ခံ လူ/ပစ္စည်းတွေ တင်သွင်းနိုင်ဖို့ရည်ရွယ်ပါတယ်။ ဒီစင်္ကြန်ကို AA ကလည်း လက်ခံပြီး အမေရိကန်ရဲ့ အကူအညီနဲ့ ရခိုင်ပြည်နယ်ထဲ ဝင်လာပြီဆိုကြပါစို့၊ ပစ္စည်းတွေ သီးသန့်ပဲ ဝင်လာမှာမဟုတ်ပါဘူး။ လုံခြုံရေးအကြောင်းပြပြီး ဘင်္ဂလားဒေ့ချ်(သို့) အမေရိကန်ရဲ့ စစ်သားတွေပါ အတူဝင်လာကြမှာပါ။ ပစ္စည်းထောက်ပံ့ချင်ရုံနဲ့ကတော့ AA ဆီ နယ်စပ်မှာ ပုံပေးလိုက်လို့ ရတာပဲ။ ကြီးကြီးကျယ်ကျယ် စင်္ကြန်တွေ ဘာတွေ ပြောနေစရာ မလိုပါဘူး။
-
ကိုယ့်နိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီကြောင့် ဘယ်နိုင်ငံမှ စစ်အခြေစိုက်စခန်းဖွင့်ခွင့်မရှိတာကို ဒီခေါင်းစဉ်တပ်ပြီး ဝင်ချင်တဲ့ အမေရိကန်ရယ်၊ စစ်ရှောင်ဘင်တွေအတွက် နယ်မြေသစ်ဖန်တီးပေးချင်တဲ့ ဘင်္ဂလားဒေ့ချ်နဲ့ ရခိုင့်နိုင်ငံတော် ဖော်ဆောင်ချင်တဲ့ AA တို့ကတော့ ကိုယ့်စိတ်ကူးနဲ့ ကိုယ် ဟုတ်နေကြတာပဲ။
-
၂၄ ရက်နေ့မှာ ခိုင်သုခကပြောတယ်။ ကိုလိုနီဘဝကနေ လွတ်မြောက်အောင်လို့တိုက်ခိုက်နေတာပါတဲ့။ ပြည်တွင်းက သူတွေကတော့ နစကလက်အောက်က လွတ်မြောက်အောင်တိုက်ခိုက်နေတယ်ထင်လို့ အားပေးလိုက်ကြရတာ။ ဖယ်ဒရယ်ကနေ ကွန်ဖယ်ဒရိတ်ပြောတာလောက်အထိက တော်ရုံဘာမှ မပြောကြသေးဘူး။ အခုတော့ သူတို့ရဲ့ ရည်မှန်းချက်ကို အတိအလင်းပြောလာခဲ့ပြီ။ ရခိုင့်နိုင်ငံ ပြန်လည်ထူထောင်ဖို့ပါတဲ့။ အခု AA တိုက်ပွဲတွေဖော်ဆောင်နေတာ မြန်မာဆိုတဲ့ ခေါင်းစဉ်အောက်က ခွဲထွက်ဖို့ဆိုရင်ရော ကိုယ့်ပြည်သူတွေ လက်ခံကြဦးမှာပဲလား။
-
ကိုယ့်နိုင်ငံမှာ မှားနေတဲ့အချက်တစ်ခုက အငြိုးအာဃာတ အရမ်းကြီးကြတယ်။ ခုနက မေးခွန်းမျိုးဆိုရင်လည်း နစကကို မုန်းတာနဲ့ ရခိုင်တွေ ခွဲထွက်ချင်လည်း ခွဲပေါ့ ဘာဖြစ်လဲဆိုတဲ့ လူတွေ ထွက်လာဦးမှာပါ။ နောက်ဆက်တွဲ ပြဿနာတွေကို မတွေးကြဘူး။ ကိုယ့်မြန်မာဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ခွဲထွက်ချင်နေတာ ရခိုင်တစ်ခုတည်းမဟုတ်ဘူး။ လက်နက်ကိုင်အားလုံးနီးပါးပဲ။ ရခိုင်သာ တရားဝင်ခွဲထွက်ခွင့်ရသွားရင် ကိုးကန့်၊ ဝ၊ ကရင်၊ ချင်း၊ ကချင် အားလုံးကရော ငြိမ်နေမယ်ထင်လို့လား။
-
ခွဲထွက်ကြပြီးသွားကြရင် အားလုံးငြိမ်းချမ်းသွားမယ်လို့ မထင်ပါနဲ့။ အခုတောင် EAO ထိန်းချုပ်နယ်မြေတွေမှာ အချင်းချင်း နယ်မြေလုနေကြတာ။ ဒီထက်ပိုဆိုးလာဖို့ပဲရှိပါတယ်။ တစ်ခြားနိုင်ငံတွေက ကိုယ့်နယ်မြေကို အထိအခိုက်မခံရအောင် နိုင်ငံသားအားလုံး လက်နက်ကိုင်ကြတယ်။ ကိုယ့်နိုင်ငံကတော့ ပဲ့ထွက်ဖို့အရေးကို အားပေးအားမြှောက်ပြုကြတယ်။ သတိပြုနိုင်ကြဖို့ပါ။

#(ပိုင်စိုး)
https://t.me/naywin331
ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်သန်းကာ ရေနှင့် မျောပါခဲ့သည့် ခရီးသည်တင်ယာဉ်ကို ပြန်လည်ဆယ်ယူနေ

မန္တလေးတိုင်း၊ တောင်သာမြို့၊ မြင်းခြံ- တောင်သာကားလမ်း၊ နတ်စောင့်ကျေးရွာအနီးရှိ ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်ကူးသည့် ခရီးသည်တင်ယာဉ်တစ်စီးရေနှင့် မျောပါခဲ့ပြီး အဆိုပါယာဉ်အား ယနေ့ မေလ (၃၀)ရက်တွင် ပြန်လည်ဆယ်ယူနေပြီဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်သည် ပြီးခဲ့သည့် မေလ (၂၆)ရက်၊ မွန်းလွဲ (၁) နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါ ခရီးသွားများ အားလုံး ထိခို-က်ဒဏ်ရာရရှိခြင်းမရှိခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ဆင်တဲဝချောင်းမှာ မိုးရွာသွန်းပါက ရေစီးသန်သဖြင့် ဒေသခံများအနေဖြင့် သတိထားဖြတ်သန်း သွားလာရသည့် ချောင်းတခုဖြစ်ကြောင်း သိရသည်။

#Popular
https://t.me/naywin331
May-30

▪️တပ်မတော်သားအဖြစ် အယောင်ဆောင်ပြီးအနုကြမ်းစီးဓားပြတိုက်သူများ ဖမ်းဆီးရမိ

(မှုခင်း) မေ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ်၊အောက်လှဲဆိပ်ကျေးရွာအုပ်စု၊အောက်လှဲဆိပ်အရှေ့ရွာတွင် လူ ၄ဦးမှ ရေတပ်ဝတ်စုံပျောက်ကြားများဝတ်စဥ်ပြီး အနုကြမ်းစီးဓါးပြတိုက်သူများ ဖမ်းဆီးရမိကြောင်း သိရသည်။

ယမန်နေ့ ည၇နာရီအချိန်ခန့်က အောက်လှဲဆိပ်ကျေးရွာနေူ ဦးထွန်းရီနေအိမ်အား ရေတပ်ဝတ်စုံပျောက်ကြားများဝတ်စဥ်ပြီး အနုကြမ်းစီးဓါးပြတိုက်မှုဖြစ်ပွားကာ ငွေကျပ်သိန်း(၆၀)ကျော်ခန့်နှင့် ဖုန်း(၄)လုံးပါသွားခဲ့ကြောင်း သိရသည်။

အဆိုပါ အနုကြမ်းစီးဓါးပြတိုက်သူများအား  လုံခြုံရေးပူးပေါင်းအဖွဲ့မှ ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရာ ဓါးပြတိုက်သူ ၄ ဦးအနက် ၂းဦးအား အောက်လှဲဆိပ်ရွာထဲတွင် ၁ ဦး၊အောက်လှဲဆိပ်ဘုရားဘေးတွင် ၁ ဦး လက်လုပ်သေနတ်အတုAK47တလက်နှင့်အတူဖမ်းဆီးမိခဲ့ကြောင်း၊ ဖမ်းဆီးမိသူ(၂)ဦးမှာကျိုက်လတ်မြို့နယ်၊တံခွန်တိုင်သံကြိုးတိုင်မှ(အဖ)ဦရဲညွန့်၏....

#PAN
https://t.me/naywin331
This media is not supported in your browser
VIEW IN TELEGRAM
30-5-2025 ရေစီးနဲ့ မျောပါခဲ့တဲ့ ခရီးသည်ကား .. အခုချိန်မှာတော့ ပြန်လည်တွေ့ရှိတဲ့အနေထားဖြစ်ပါတယ်။
Cred
https://t.me/naywin331
ပြောကုန်ကြပြီ
ဘယ်အချိန်မှ တိုက်စစ်စဖွင့်မှာလဲဗျ
👇👇👇👇👇
တပ်စခန်းတွေတစ်ခုကျတိုင်း…ကူမင်းဆွေးနွေးပွဲမှာ ကိုယ်တွေဆီက လူကြီး ပြောခဲ့တဲ့ လက်နက်ဆန်းတွေနဲ့ ပစ်မယ်ဆိုတဲ့ စကားလုံးတွေက အလှောင်ခံစရာဖြစ်လာတယ်။ လူကြီးတွေကတော့ ရေရှည် ငြိမ်းချမ်းရေးကို သွားလိုတဲ့အခါ… လူကြီးဆန်ဆန် တွေးတယ် ထင်ပါတယ်။ ခုချိန်ဆိုတာကလည်း နိုင်ငံတကာတွေ၊ ဒေသတွင်းနိုင်ငံတွေ စသဖြင့် ထောင့်ပေါင်းစုံက စုံနေအောင် တွေးရတဲ့ ခေတ်လည်း ရောက်နေပြန်တာကိုး။ အဘက်ဘက်ကို တွက်ဆပြီး လုပ်နေရချိန်မို့ ဒါတွေလည်း ဖြည့်တွေး နားလည်ပေးလို့ ရပါတယ်။
-----------
ဒါပေမယ့် ခုလက်ရှိ ကာလက… ကိုယ်တွေဘက်က သီးသန့်ခံစစ်အနေအထားနဲ့ပဲ ရှိနေတယ်။ ရန်သူကတော့ နိုင်ငံရေး အားနည်းချက် ကို ခုတုံးလုပ်ပြီး နယ်စပ်မှာ ရှိတဲ့ ရှေ့တန်းတပ်စခန်းတွေနဲ့ မြို့/ရွာတွေကို လာတိုက်နေတာကလည်း တစ်နိုင်ငံလုံး သိတဲ့ အနေအထားပဲမဟုတ်ဘူးလားပေါ့။ ကိုယ်က ရန်သူ့ ဌာနချုပ်နေရာ တွေကို ငြိမ်းချမ်းရေး ကိုငဲ့ပြီး ရှောင်နေချိန်…ရန်သူကတော့ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်တွေကို သိပ်ပြီး ခေါင်းထဲထည့် ဦးစားပေးနေတာမျိုးမတွေ့ရဘူး။ စစ်ကြောင့် ဗန်းမော်မြို့ကြီး ပျက်မှာ KIA သိတယ်။ စစ်ကြောင့် ထိုင်း-မြန်မာ နယ်စပ်က ကရင်ရွာတွေ စစ်ရှောင်ရမှာ KNU သိတယ်။ စစ်ကြောင့် ရခိုင်ရွာတွေပျက်စီးမှာ ထွန်းမြတ်နိုင်တို့သိတယ်။ ဒါပေမယ့် ရန်သူက ဒီအချက် တွေကို ငဲ့ညှာနေတာ မတွေ့ရဘူး။ အဓိကသူတို့တွေးတာက… တပ်မတော် ထိန်းချုပ်ထား တဲ့ ဧရိယာတွေကျဉ်းပြီး လွတ်မြောက် နယ်မြေဧရိယာတွေ ပိုကျယ်လာဖို့က သူတို့အတွက် ပိုအရေးကြီးတယ်။
-----
မနေ့က မန္တလေးမှာ လုပ်ခဲ့တဲ့ မြေငလျင်အတွက် လှူဒါန်းငွေ ပေးအပ်တဲ့ အခမ်းအနား မှာလည်း အထက်အကြီးအကဲ ပြောခဲ့တဲ့ စကားတစ်ခွန်း ရှိတယ်။ မြေငလျင်အတွက် တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်နေချိန်မှာ ယာယီအပစ်ရပ်ပေးထားတဲ့အပေါ်… လေးစားဖို့ ဆိုပြီး ပြောသွားခဲ့တာ ရှိတယ်။ လူကြီးကတော့ လူကြီး စကားပြောမှာပါပဲ။ ဒါပေမယ့် ရန်သူကတော့ ရန်သူ ပီသဆဲဖြစ်တာလည်း တွေ့ရတယ်။ ပြီးခဲ့တဲ့ရက်ကပဲ နွားထိုးကြီး-မြင်းခြံနဲ့ တောင်သာ တစ်ဝိုက်က မြို့ကြီး ၅ မြို့ကို တပြိုင်နက်တည်း စစ်ရေးဖော်ဆောင်တာ လုပ်ခဲ့တယ်။ ဒီစီမံချက်တွေဆိုတာ… NUG လက်အောက်ခံ MoD ရဲ့ လုပ်ဆောင်ချက်တွေမဟုတ်ဘူးလား။ နိုင်ငံတကာမှာသာ တပ်က လေကြောင်းတိုက် ခိုက်တယ်လို့ အသံကောင်းဟစ်ကြတာ။ မြေပြင်မှာ ဒီ မောင်တွေ လာတိုက်လို့ ခံစစ်ပြင် ရတာကိုတော့ ဘယ်သူမှ တစ်ခုတ်တရ ပြောနေမှာ မဟုတ်ဘူး။
----------
ဒီချိန်မှာ ဆုံးရှုံးထိခိုက်မှုများတဲ့ မြေငလျင် ကြောင့် ပြန်လည်ထူထောင်ရေး ကဏ္ဍတွေ လုပ်ရမှာ အများကြီးပဲ။ နေပြည်တော်လို ရုံးချုပ်တွေတောင် ယာယီအဆောက်အဦ ငယ်တွေနဲ့ ရုံးလုပ်ငန်း တွေ Run နေချိန်၊ ပျက်စီးမှုတွေကြောင့် အချိန်ပေး ပြုပြင်ရမယ့် လွှတ်တော်အဆောက်အဦ တွေနဲ့ လမ်းတံတားတွေ၊ ရှေ့ဟောင်းအဆောက်အဦနဲ့ စေတီပုထိုးတွေ …စသဖြင့် အများကြီးပဲ။
------
လူပိန်းအတွေးနဲ့ တွေးရင်တော့…နေပြည်တော်ကရုံးဌာနတွေ ပျက်စီးတာ ပျော်ကောင်း ပျော်နိုင်တာပေါ့။ တကယ်တော့…ဒါတွေက ပြည်သူဝန်ဆောင်မှု ကဏ္ဍတွေကို လုပ်ပေး ကြရတဲ့ ရုံးဌာနတွေ။ ဒီဌာနတွေ အလုပ်မလုပ်နိုင်တော့ရင် …တခြားနောက်ဆက်တွဲ ကဏ္ဍတွေလည်း နှောင့်နှေးကုန်ကြတော့မယ်။
-----
ကိုယ်တစ်ဦးတည်း အမြင်ပါ။ နိုင်ငံရေးအရ ပြောသင့်တာလည်း ပြောရမှာဖြစ်သလို စစ်ရေးမှာလည်း တစ်ချို့ ပြတ်ပြတ်သားသား ဆော်သင့်တာလေးတွေလည်း ဆော်ပေး စေချင်ပါတယ်။ ထိခိုက်နစ်နာဆုံးရှုံးပြီး လက်လွှတ်ရတဲ့ တစ်ချို့ တပ်စခန်းတွေ မြင်တိုင်း…စစ်သည်တွေရဲ့တိုက်ခိုက်လိုစိတ်တွေ လျော့နည်းကုန်မှာ စိုးမိလို့ ပါ။


#(နရီမိုး)
https://t.me/drmyat001