U Nay Win🇲🇲
14.2K subscribers
99.5K photos
5.07K videos
4 files
79.6K links
Download Telegram
အိန္ဒိယတပ်မတော်(ကြည်း) မှယမန်နေ့ ပါကစ္စတန်နိုင်ငံ၏မြိုတော် Lahore မြိုရှိ လေတပ်စခန်းအား တိုက်ခိုက်ခဲ့သည့် footage

Drone အမျိုးအစားမှာ IAI Harop ဖြစ်ပြီး အစ္စရေးနိုင်ငံထုတ်ဖြစ်ပါတယ်။

Range က ၂၀၀ ကီလိုမီတာပါ။

#TPWC
https://t.me/drmyat001
“ အ ကြောင်း ရှိ တယ် “
က မ္ဘာ ကို ရာ စု နှစ် တစ် ခု နီး ပါး ဦး ဆောင် ခဲ့ တဲ့ အ မေ ရိ ကန် အင် ပါ ယာ ကျ ဆုံး တော့ မ လို ဖြစ် နေ တာ သူ များ ကို မ ကောင်း လိုက် ကြံ နေ လို့ ဆို တဲ့ ပုံ ဖြစ် ခဲ့ တယ် ။

ဒီ မို က ရက် တွေ ရဲ့ ဘက် ဂျက် တွေ အ လွဲ သုံး စား လုပ် ပြီး နိုင် ငံ ငယ် တွေ ကို ဖျက် စီး နေ တာ နဲ့ အ ချိန် ကုန် နေ လို့ ဖြစ် ရ တာ မျိုး ပါ ။

အ စိုး ရ အ ဆက် ဆက် ဆီး သီး ဘန်း မှောက် ခဲ့ တဲ့ ပြ ဿ နာ ကို အ မေ ရိ ကန် အ ဆိုး ဆုံး ခံ နေ ရ တယ် ။

တ ရုတ် က ရု ရှား နဲ့ ပေါင်း ပြီး အ မေ ရိ ကန် ကို ပြောင် ပြောင် တင်း တင်း စိန် ခေါ် လာ တယ် ။

တ ရုတ် က အ မေ ရိ ကန် ပြိုင် ဖက် ဖြစ် လာ ပေ မယ့် တစ် နိုင် ငံ တည်း နဲ့ အ မေ ရိ ကန် ကို မ ယှဉ် နိုင် သေး ဘူး ။ စစ် ရေး အ ရ ရု ရှား ကို အ မှီ ပြု နေ ရ သေး တယ် ။

တ ရုတ် အ မေ ရိ ကန် ကို စစ် ရေး မ ယှဉ် နိုင် တာ က တ ရုတ် မှာ စစ် ကြီး နောက် ပိုင်း စစ် ရေး ပြည့် ဝ တဲ့ စစ် သား မ ရှိ ဘူး စစ် နိုင် အောင် တ ရုတ် မ တိုက် ဖူး ဘူး ။ ဒါ ကြောင့် တ ရုတ် တို့ ရု ရှား ကို မ ပြစ် ပယ် ရဲ တာ ။

နောက် တစ် ခု က အ မေ ရိ ကန် နဲ့ တ ရုတ် စစ် ဖြစ် ရင် တ ရုတ် က နိုင် ငံ ပျက် စီး မှာ ဖြစ် ပြီး အ မေ ရိ ကန် က သ င်္ဘော သာ ပျက် စီး မယ် ။ တောင် တ ရုတ် ပင် လယ် ထဲ အ မေ ရိ ကန် လေ ယာဉ် တင် သ င်္ဘော အ ချိန် မ ရွေး သွား လို့ ရ ပြီး အ မေ ရိ ကန် နိုင် ငံ နား ကို တ ရုတ် စစ် သ င်္ဘော သွား လို့ မ ရ ဘူး ။

သို့ ပေ မဲ့ နည်း ပ ညာ တ ချို့ မှာ တ ရုတ် က အ မေ ရိ ကန် ထက် သာ လာ တယ် ။ အိ န္ဒိ ယ နဲ့ ပါ က စ္စ တန် ပြ ဿ နာ မှာ ပြင် သစ် နဲ့ ရု ရှား ရဲ့ လေ ယာဉ် တွေ ကို တ ရုတ် ရဲ့ လက် နက် နဲ့ လွယ် လွယ် ပစ် ချ နိုင် တာ တွေး စ ရာ ပဲ ။

ပြင် သစ် လေ ယာဉ် က အ ရမ့် မ နိမ့် ဘူး ။

ဒီ တော့ တ ရုတ် ရဲ့ လက် နက် တွေ လည်း အ ဆင့် တစ် ခု ကို ရောက် လာ ပြီ လို့ တွက် လို့ ရ တယ် ။

အ မေ ရိ ကန် သူ ဌေး အီ လွန် မတ် ကိုယ် တိုင် ဒီ အ တိုင်း ဆက် သွား ရင် တ ရုတ် ဖွံ့ ဖြိုး မှု က အ မေ ရိ ကန် ထက် ၂ ဆ ၃ ဆ သာ သွား လိမ့် မယ် လို့ ပြော ခဲ့ တယ် ။

အ မေ ရိ ကန် လူ ငယ် တွေ က အ ပျော် အ ပါး လိုက် စား နေ တဲ့ အ ချိန် မှာ တ ရုတ် လူ ငယ် တွေ က လေ့ လာ နေ တယ် ၊ တီ ထွင် နေ တယ် ။ အ မေ ရိ ကန် က အ မေ ရိ ကန် မှာ ပ ညာ လာ သင် နေ ကြ တဲ့ နိုင် ငံ ခြား သား တွေ ကို နိုင် ငံ သား ပေး ပြီး စည်း ရုံး နေ ရ တယ် ။

တ ရုတ် အ စိုး ရ က ကြိတ် ပြီး ပိုက် ဆံ ရှာ နေ တဲ့ အ ချိန် မှာ အ မေ ရိ ကန် အ စိုး ရ တွေ က ပိုက် ဆံ ဖြုံး ပြီး နိုင် ငံ တွေ ကို လိုက် ဖျက် စီး နေ တယ် ။

ဒါ ကြောင် ဓ န အင် အား နဲ့ နည်း ပ ညာ မှာ တ ရုတ် ရှေ့ ကို ရောက် သွား တယ် ။ ဒီ လို ကိ စ္စ တွေ ကို မြင် တဲ့ ရီ ပတ် ပ လီ ကင် သ မ္မ တ ထ ရမ့် က အ ပို ဖြစ် စေ တဲ့ အ ရာ တွေ အား လုံး လျော့ ချ ပြီး တ ရုတ် ကို ပြန် ယှဉ် ဖို့ လုပ် လာ တာ ။

တိုး ရှိန် ဆုတ် ရှိန် တွေ ဆို တာ ချက် ချင်း ရပ် မ သွား ဘူး အ ရှိန် နဲ့ ဆက် လိမ့် နေ တယ် ။ ဒါ ကြောင့် တ ရုတ် တက် လာ တဲ့ အ ရှိန် ရယ် အ မေ ရိ ကန် ကျ သွား တဲ့ အ ရှိန် ရယ် က အ ချိန် တစ် ခု ထိ ရှိ နေ လိမ့် အုံး မယ် ။

တ ရုတ် တိုး တက် တာ ရေ ရှည် တည် အောင် တ ရုတ် လုပ် ရပ် က အ ဆုံး အ ဖြတ် ပေး မယ် ၊ အ မေ ရိ ကန် ကျ ဆင်း တာ အ ချိန် တို အောင် အ မေ ရိ ကန် လုပ် ရပ် က ဆုံး ဖြတ် ပေး လိမ့် မယ် ။

မြန် မာ နိုင် ငံ လည်း တူ တူ ပဲ ။ အာ ဆီ ယံ နိုင် ငံ တွေ အ ပြိုင် စီး ပွါး ရှာ နေ တဲ့ အ ချိန် မှာ ပြည် တွင်း စစ် ဖြစ် နေ တယ် ။ မှား နေ တဲ့ လမ်း ကို ပြော ကြ လည်း နား လည် နိုင် စွမ်း မ ရှိ ကြ ဘူး ။

ဒီ တော့ မီး မ လာ တဲ့ အ မှောင် ထဲ က မြန် မာ တွေ သူ များ နိုင် ငံ သွား အ လုပ် ကြမ်း တွေ လုပ် နေ ကြ ရ တာ ။ တ ချို့ အဲ့ လို အ လုပ် လုပ် ရ တာ ဂုဏ် ယူ နေ ကြ သေး တယ် ။

ဘာ လို့ ဖြစ် လဲ ဆို တာ အ ကြောင်း ရှိ ပါ တယ် ။ မ မြင် နိုင် ကြ လို့ ပါ ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၈ ၊ ၅ ၊ ၂၀၂၅

#မိုး တင့် ဆွေ
၉ ၊ ၅ ၊ ၂၀၂၅
သော ကြာ ။
Photo online
https://t.me/drmyat001
.

☯️

ရုတ်ရုတ် ရုတ်ရုတ် မလုပ်နဲ့
ရေငတ်ချင်လဲရသလို
ရေကြီးချင်လဲရတယ်

ပိတ်စေ
ဖွင့်စေဆိုတဲ့ Trump cardကို အိန္ဒိယက ကိုင်ထားပါသတဲ့

#NZL ☯
https://t.me/drmyat001
.

☯️


မနေ့က အိန္ဒိယကလဲ ပါကစ္စတန်ဖက်ကို အစ္စရေးလုပ်ဒရုန်းတွေနဲ့ အတော်လေး ဝုန်းလိုက်ပါသတဲ့ ။

#NZL ☯
https://t.me/drmyat001
.

အိန္ဒိယရဲ့ နာမယ်ကြီး ဘရာမို့စ် ဒုံးကိုလဲ ပါကစ္စတန်ဖက်က ဘယ်လိုကြားဖြတ်ဒုံးမျိုးနဲ့ပစ်ချလိုက်သလဲ မသိဘူး၊

#NZL ☯
https://t.me/drmyat001
.

☯️

လက်ဘနွန်တောင်ဖက်ပိုင်းကို အစ္စရေးက ပစ်ရပ်ကုန်ဆုံးချိန်နောက်ပိုင်း အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်မှုကို လုပ်ခဲ့တယ်၊

#NZL ☯
https://t.me/drmyat001
စာသင်သွားမယ့်သူတွေ
ဖြေရမယ့်ကျောက်းသားတွေဆိုရင်ရော ခွင့်လွတ်ပါ့မလားးး
လက်တွေ့သိရအောင် စာမေးပွဲပြန်ဖြေခိုင်းတဲ့ ဝက ဌာနမှူးတွေ အရင်သွားစေချင်ပါတယ်
👇👇👇👇👇

ထွက်ပေါက်များ အားလုံးပိတ်ဆို့နေသော တောင်သာမြို့အခြေအနေ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

တောင်သာမြို့ဟာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်းမှာ ရှိတဲ့မြို့တစ်မြို့ဖြစ်ပြီးတော့ အညာဒေသမြို့ငယ်လေးတစ်မြို့ဖြစ်ပါတယ်။

တောင်သာမြို့နေ ပြည်သူလူထုဟာ တောင်သာ-မိတ္ထီလာလမ်း၊ တောင်သာ-ကျောက်ပန်းတောင်းလမ်း၊ တောင်သာ-မြင်းခြံလမ်း၊ တောင်သာ-နွားထိုးကြီးလမ်း၊ တောင်သာ-ငါ့သရောက်လမ်းပိုင်းတို့ကို အဓိကထားပြီး သွားလာမှုပြုကြပါတယ်။ ယခုအခါ တောင်သာ-မြင်းခြံလမ်းပိုင်းကို အကြမ်းဖက် PDF အဖွဲ့များမှ အသုံးပြုခွင့်ပိတ်ဆို့ထားပြီး၊ ကျန်လမ်းများအားလုံးမှာလည်း အကြမ်းဖက် PDF အဖွဲ့များမှ စိုးမိုးနေရာယူထားပြီး ဌာနဆိုင်ရာဝန်ထမ်းများနဲ့ အကြမ်းဖက် PDF အဖွဲ့ကို မလိုလားသူများဟာ လုံးဝဖြတ်သန်းသွားလာလို့မရပါဘူး။ သွားမယ်ဆိုရင်တော့ အကြမ်းဖက်သမားများရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းကိုခံရမှာဖြစ်ပါတယ်။

အကြမ်းဖက်သမားများဟာ တောင်သာ-မလှိုင်-မိတ္ထီလာလမ်းပေါ်ရှိ တောင်သာမြို့နှင့် ရုံးစည်ကြီးကျေးရွာကြားရှိ သံဘိုကျေးရွာ လမ်းခွဲရှိ ရွှေသံဘို ဇရပ်တွင် မြင်းခြံခရိုင် တပ်ရင်း ၃ အမည်ခံ အကြမ်းဖက်သမားများမှ နေ့စဥ် လမ်းသွားလမ်းလာများအား စစ်ဆေးခြင်း၊ အလှူခံခြင်း၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့အား မလိုလားသူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ဆောင်ရွက်နေပါတယ်။ ရွှေသံဘို ဇရပ်နဲ့ ရုံးစည်ကြီးကျေးရွာဟာ ၁ မိုင်ခန့်သာ ဝေးကွာပြီး အကြမ်းဖက်သမားများဟာ မကြာခဏ ရုံးစည်ကြီးကျေးရွာပေါ်ထိ သွားရောက်လေ့ရှိကြောင်းလည်းသိရပြီး ရုံးစည်ကြီးကျေးရွာမှာ နယ်မြေရဲစခန်းလည်းရှိပါတယ်။

ထို့အတူ တောင်သာ-နွားထိုးကြီးလမ်း၊ တောင်သာ-ငါ့သရောက်လမ်း၊ တောင်သာ-ကျောက်ပန်းတောင်းလမ်းတို့မှာလည်း အကြမ်းဖက်သမားများဟာ ခရီးသွားများအား စစ်ဆေးခြင်း၊ အလှူခံခြင်း၊ ၎င်းတို့အား မလိုလားသူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါတယ်။

အကြမ်းဖက် PDFများဟာ လမ်းမများပေါ်မှာ ခရီးသွားပြည်သူများကို စစ်ဆေးခြင်းဆောင်ရွက်ပြီးတော့ ယာဥ်ပေါ်ပါ ခရီးသည်များကို Mytel card မသုံးရန်၊ အစိုးရဝန်ထမ်းများ/တပ်မတော်သားများနှင့် မပတ်သက်ရန်တို့ကို မှာကြားပြီး ကျည်ဆံဖိုး စေတနာရှိသလောက်လှူရန်၊ စေတနာမရှိက မလှူလို့ရ​ကြောင်းလည်းပြောပါတယ်။ သေနတ်လွယ်ထားပြီး စေတနာမရှိလို့မလှူလည်းရတယ်ပြောပေမယ့် ဘယ်သူမဆို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အနည်းဆုံး ငါးထောင်တော့ လှူလိုက်ရတာပါပဲ၊ သူတို့လက်ထဲ ကိုင်ထားတာက သေနတ်လေ၊ စိတ်ပုတီးမှ မဟုတ်တာကိုဗျ။

ဆိုတော့က express ကားတစ်စီးကို ၄၅ ယောက်ဆန့်တယ်၊ တစ်ယောက်ကို ၅၀၀၀ ပဲ လှူတယ်ဆိုပါစို့၊ ၄၅ ယောက်ဆိုရင် ၂၂၅၀၀၀ရတယ်၊ အဲ့တာ အချိန် နာရီဝက်လောက်ပဲကြာတယ်။ ယာဥ်လိုင်း ၅ လိုင်းဆိုရင် ၁၁၂၅၀၀၀ ဖြစ်နေပြီ။ ကုန်ကားတစ်စီးကို ၃၀၀၀၀ကျပ် ပေးရတယ်၊ တစ်နေ့ကို အစီးရေ ၅၀ ဆိုရင် ၁၅၀၀၀၀၀ ရနေပြီ။ မြင်းခြံ-နွားထိုးကြီးလမ်းက သွားမရလို့ မြင်းခြံကနေ ငါ့သရောက်လမ်းအတိုင်း ပတ်လာတဲ့ ကားတွေက အများကြီး။ အကြမ်းဖျင်းတွက်တာတောင် တနေ့ကို ၂၆၂၅၀၀၀၊ ဒါတောင် မှန်လုံကားသေးတွေ၊ စေတနာတွေပိုပြီး ကျုပ်တွက်ပြတဲ့ တစ်​ယောက် ၅၀၀၀ ထက်ပိုလှူမယ့် ကျေးဇူးရှင်များမပါသေးဘူး။ သူတို့ရဲ့ ဝင်ငွေက တစ်နေ့ကို သိန်း ၃၀ အထက်မှာရှိနေပြီ။ ဒါတောင် တောင်သာ-ရုံးစည်ကြီး လမ်းပိုင်း ရွှေသံဘို ဇရပ်မှာ ကြုံတွေ့ရတာကို တွက်ပြထားတာ။ ကျန်တဲ့ လမ်းပိုင်းတွေက မသွားဖူးတော့ မတွက်တတ်ဘူး။

အခုတွက်ပြတာတွေက စိတ်ကူးယဥ်တွက်ပြတာမဟုတ်ဘူး။ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ကိုယ်တွေ့တွေ။ ပြောချင်တာက ဒီလို လမ်းပေါ်တက်တာကို လက်ခံနေပြီး မတက်ရဲအောင် မလုပ်သ၍ ဒီကောင်တွေ ပိုပြီး သက်ဆိုးရှည်ပြီ။ ပိုက်ဆံက လွယ်လွယ်ကူကူ ပေါပေါသီသီရနေတာလေ။

PDF တွေ လမ်းပေါ်တက်နေတာကို မရှင်းနိုင်ရင် တစ်ဖြည်းဖြည်းနဲ့ PDF တွေ ပိုပေါများလာပါလိမ့်မယ်။ တပ်မတော်အကြီးအကဲများနဲ့ နိုင်ငံတော်အကြီးအကဲများ အမြန်ဆုံး သိရှိပြီး အမြန်ဆုံး ရှင်းပေးနိုင်ပါစေဗျာ

#KWM
https://t.me/drmyat001
.


☯️

ပထမနေ့ လေယာဉ်စီးချင်းထိုးပွဲမှာ အိန္ဒိယရဲ့ ပြင်သစ်လုပ် Rafale ကို ပါကစ္စတန်ဖက်က ပစ်ချလိုက်လို့ နာမယ်ကြီးသွားတယ်၊

ပါကစ္စတန်ဖက်က သူတို့လေယာဉ်မှုးတွေချောချောမွေ့မွေ့ စခန်းကိုပြန်ရောက်လာကြတယ်... ဆိုတဲ့ပုံတွေတင်ကြတယ်၊

စစ်ပွဲဆိုတာ
တဖြည်းဖြည်း သာလွန်လက်နက်တွေ မြှင့်ပြီး သုံးလာတတ်ကြတာ သဘာဝပါပဲ၊ တိုက်ပွဲတပွဲက တိုက်ပွဲကြီးတခုလုံးရဲ့ အဆုံးအဖြတ်မဟုတ်သေးပါဘူး၊

ဒီနေ့တော့ ပါကစ္စတန်ရဲ့ အမေရိကန်လုပ် F-16 ကို အိန္ဒိယရဲ့ S-400 ကပြန်ပြီးပစ်ချပြလိုက်ပါတယ်၊ တရုတ်ထုတ် JF-17(၂) စင်းကိုလဲအိန္ဒိယဖက်က ပစ်ချလိုက်တယ်လို့ သတင်းတက်ပါတယ်။

နောက်ရက်တွေမှာ ဘယ်ဖက်က ပိုသာလွန်တဲ့ လက်နက်တွေနဲ့ ထွက်လာကြဦးမလဲ မသိသေးပါ၊


#BaMg(NZL) ☯️
https://t.me/drmyat001
❝ကြက်ကို အစိမ်းစားပြသည့် နတ်ကတော်ဆိုသူကို မြန်မာနိုင်ငံ ဒေဝါပညာရှင်များ‌ စည်းကမ်းထိန်းသိမ်းရေးကော်မတီက အရေးယူမည်ဟုဆို❞

  đ™ˆđ™ƒđ™đ™‰đ™€đ™’đ™Žă€Šđ™ˆđ™–đ™Žď˝žđŸ—ă€‹

ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ သောက်ရေကန်ကြီးပသပူဇော်ပွဲ၌ ကြက်တစ်ကောင်ကို အစိမ်းစားပြခဲ့သည့် နတ်ကတော်ဆိုသူအပေါ် ကော်မတီ၏လုပ်ထုံးလုပ်နည်းများအရ အရေးယူရန်ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ ဒေဝါပညာရှင်များ‌ စည်းကမ်းထိန်းသိမ်းရေးကော်မတီ(ဗဟို)က အသိပေးထုတ်ပြန်ထားသည်။

နှစ်စဉ်နှစ်တိုင်း ပြုလုပ်လေ့ရှိသည့် အဆိုပါပူဇော်ပွဲတွင် အောင်ကိုမင်း အမည်ရှိ နတ်ကတော်ဆိုသူက ကြက်ကိုအစိမ်းစားပြခဲ့ကြောင်း Kyaw Soe Moe အမည်ရှိသော ဖေ့ဘွတ်အကောင့်ပိုင်ရှင်မှ ဗွီဒီယိုမှတ်တမ်းကို ဖော်ပြခဲ့ရာ ယင်းဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်တွင် မျှဝေဖြန့်ချိသူ အများအပြားရှိခဲ့ပြီး ဝေဖန်မှုများလည်း ထွက်ပေါ်လာခဲ့သည်။

အလားတူ မြန်မာနိုင်ငံ ဒေဝါပညာရှင်များ‌ စည်းကမ်းထိန်းသိမ်းရေးကော်မတီ(ဗဟို)မှလည်း ဗုဒ္ဓတရားတော်နှင့် မလျော်ညီသော ယစ်ပူဇော်ခြင်း အသွင်ဆောင်သည့် သတ္တဝါအရှင်လတ်လတ်အား သွေးစိမ်းရှင်ရှင် ကိုက်ဖြတ်စားသောက်ပြသည့် အဆိုပါ အောင်ကိုမင်း အမည်ရှိ နတ်ကတော်ဆိုသူ၏လုပ်ရပ်သည် စက်ဆုတ်ရွံရှာဖွယ်ဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ကျက်သရေအဖြာဖြာနှင့်ပြည့်စုံသော ဒေဝတာ နတ်မင်း အပေါင်းတို့၏ရှေ့၌ ယခုကဲ့သို့ ပူဇော်ပသခြင်းသည် အင်မတန်မှ စက်ဆုတ်ရွံရှာဖွယ်အတိဖြစ်ပြီး နတ်မင်းအပေါင်းကို ပူဇော်ပသ ရိုသေကြသည့် (၇)ရက်သားသမီးများမှလည်း အထင်အမြင်လွဲမှားစေသည့် စက်ဆုတ်ရွံရှာဖွယ် အသွင်သဏ္ဍာန်ကို ဖော်ဆောင်နေကြောင်း ဖော်ပြထားသလို ယင်းဖြစ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်းလည်း မြန်မာနိုင်ငံ ဒေဝါပညာရှင်များ‌ စည်းကမ်းထိန်းသိမ်းရေးကော်မတီ(ဗဟို)မှ ထုတ်ပြန်ထားသည်။

အဆိုပါနတ်ကတော်၏ လုပ်ရပ်နှင့်ပတ်သက်၍ တိုင်ကြားသူများလည်းရှိနေပြီး လက်ရှိတွင် ပူဇော်ကပြခဲ့သည့် ဒေဝါပညာရှင်ဖြစ်သူ ဖျာပုံမြို့မှ အောင်ကိုမင်း ဆိုသူကို ကော်မတီ၏လုပ်ထုံးလုပ်နည်းများအရ ဆက်လက် အရေးယူဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ ဒေဝါပညာရှင်များ‌ စည်းကမ်းထိန်းသိမ်းရေးကော်မတီ(ဗဟို)၏ ထုတ်ပြန်ထားမှုအရ သိရသည်။

#mhtnews
https://t.me/drmyat001
.

☯️


( သတိထားရင်... တွေ့ကြလိမ့်မယ် )


✅ ( 22.4.25) နေ့ အိန္ဒိယအုပ်ချုပ်ရေးအောက်မှာရှိတဲ့ ကက်ရှ်မီးယား ပါဟာဂမ်မှာ အကြမ်းဖက်မှုဖြစ်ပြီး လူ (၂၆) ဦးသေတယ်။

✅ အိန္ဒိယက ချက်ချင်းပြင်းထန်တဲ့လက်တုန့်ပြန်မှုကိုလုပ်မယ်လို့ ကြေငြာတယ်

✅ တရုတ်က ဒေါသတကြီး မဆုံးဖြတ်ဖို့၊ စေ့စပ်ညှိနှိုင်းရေး လုပ်မယ်ဆိုပြီး ဝင်ညှိတယ်

✅ အိန္ဒိယဖက်က ချက်ခြင်းလက်တုန့်ပြန်တာ မတွေ့ရဘူး

✅ ဒီကြားထဲမှာ အိန္ဒိယက အမေရိကန်နဲ့ စကားပြောဖြစ်တယ်၊

✅ အမေရိကန်နဲ့ဆွေးနွေးမှု လုပ်ပြီး (7.5.25) မှ ပါကစ္စတန်ကို စပြီးတိုက်တယ်၊

✅ ( 22.4.25) - (7.5.25 ) ဆိုတော့ (၁၅) ရက်ကြာမှ လက်တုန့်ပြန်လိုက်တာ၊ မိုဒီ့သဘာဝက လက်မြန်ခြေမြန်၊

✅ (၁၅) ရက်ကြာပြီးမှတုန့်ပြန်တယ်ဆိုတော့ ဘာကတွန်းအားဖြစ်စေသလဲဆိုတာ ခန့်မှန်းလို့ရမယ်ထင်တယ်၊

✅ Indo-Pak အခင်းအကျင်းနဲ့နောက်ခံက ယူကရိမ်းစစ် အခင်းအကျင်းနဲ့နောက်ခံလိုမဟုတ်ဘူး၊

✅ ယူကရိမ်းစစ်က ရုရှားနောက်မှာ တရုတ်၊ အီရန်၊ မြောက်ကိုရီးယား၊ ( စစ်က စစ်သက်သက်ပဲ )

✅ Indo-Pak ကျတော့ Pattern ကပြောင်းတယ်၊ အိန္ဒိယနောက်မှာ ရုရှား၊ အမေရိကန်၊ အစ္စရေး၊
Pak နောက်မှာက တရုတ်၊ အီရန်၊ တူရကီ

✅ တူရကီနဲ့ အီရန်က ဝီစီမှုတ်ရင် အစ္စလမ်ထုကြီးက ကပ်ပါလိမ့်မယ်၊

✅ တရုတ်ကလူပါး၊ အဲ့ဒါကို မြင်ရင် ဒီစစ်ပွဲက မြန်မြန်ရပ်ရင်ရပ်၊ မရပ်လို့ရှေ့ဆက်သွားရင်.. အိန္ဒိယ နိုင်ငံရေး လှုပ်လိမ့်မယ်၊

✅ အမေရိကန်ကတော့ ပွဲတည်ပေးလိုက်တာပဲ
ဒီနေ့ JD Vance က Indo-Pak စစ်ပွဲက သူတို့ကိစ္စပါဆိုပြီး မသိသလို ဘေးထွက်ပေးလိုက်တယ်၊

✅ နာရင်လဲ အိန္ဒိယ၊ Pak နဲ့တရုတ်တို့နာလိမ့်မယ်ပေါ့၊ ကြက် (၃) ကောင်ကို ပါတ်လည် တပြိုင်နက် ခွပ်ခိုင်းလိုက်တာပဲ၊

✅ တရုတ်က အစ္စလမ်ကမ္ဘာကို ကိုင်ပြီး ထွက်ပေါက်ရှာထားတယ်၊

✅ ထီးထီးကြီးကြားညပ်မှာက မိုဒီဖြစ်လာပြီ

( အကွက်တွေကတော့ရက်စက်တယ်နော်
Grandmaster move တွေချည့်ပဲ )

ထုံးစံအတိုင်း ဆောင်းပါးတပုဒ် ဖြစ်လာရတော့မယ်ပေါ့ 😌

#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️

ဆောင်းပါးရေးဖို့
ဟိုလှန် ဒီလှော လုပ်တော့
အိန္ဒိယ အကြမ်းဖက်ခံရတဲ့ ဖြစ်စဉ် (၂) ခုကိုကြည့်ပြီး၊ စစ်ဖြစ်ဖို့ တန်-မတန် စဉ်းစားမိတယ်

✅ ကမ္ဘာကျော်ပြီး (၁၇၅) ဦးသေ၊ လူ (၃၀၀) ကျော် ဒါဏ်ရာရသွားတဲ့ 2008 Mombai attack က (26.11.2008 ) မှာဖြစ်ခဲ့ပြီး

✅ လူ (၂၆) ဦးသေ၊ ပါဟဲလ်ဂမ် အကြမ်းဖက်မှုက ( 22.4.25 ) မှာဖြစ်တယ်

✅ (၁၇၅) ဦးသေတဲ့ ကမ္ဘာကျော် အကြမ်းဖက်ခံရမှုမှာ စစ်မဖြစ်ရပဲ၊ သာမန် (၂၆) ဦးသာသေပြီး အစွန်အဖျားကနေရာကြောင့် စစ်ဖြစ်ရတာကတော့...

ဇာတ်ညွှန်းကြီးအတိုင်း ဇာတ်ဝင်ခန်းတွေကို ပြနေသလား လို့

#NZL ☯
https://t.me/drmyat001