U Nay Win🇲🇲
14.2K subscribers
99.3K photos
5.05K videos
4 files
79.5K links
Download Telegram
ပခုက္ကူမြိုနယ် ရွာသာယာကျေးရွာတွင် အကြမ်းဖက် PDF အလောင်း၊ လက်နက် ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်

မေလ ၇ ရက် နံနက် ၆ နာရီခန့်က ပခုက္ကူမြိုနယ်တွင် နယ်မြေရှင်းနေသည့် လုံခြုံရေး အဖွဲများသည် ရွာသာယာရွာတွင် အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ

- အကြမ်းဖက် PDF ၂ လောင်း
- ဘီအေ-၆၃သေနတ် ၁ လက်
- အမ်-၂၂ သေနတ် ၁ လက်
- ၇.၆၂ မမကျည် ၁၇၇ တောင့်
- အမ်-၂၂ ကျည် ၃၉၉ တောင့်
- ဘီအေ-၆၃ ကျည်အိမ် ၃ ခု
- အမ် ၂၂ ကျည်အိမ် ၁၀ ခုတိုအား သိမ်းဆည်းရမိကြောင်း သိရသည်။
Cred
https://t.me/drmyat001
မိတ္ထီလာမြို့နယ်တွင် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ကထိကတစ်ဦးအား နွားထိုးကြီး PDF အဖွဲ့က ဖမ်းဆီး

မိတ္ထီလာမြို့နယ်တွင် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ကထိကတစ်ဦးအား မြင်းခြံခရိုင် အမှတ်(၄-၁၀) နွားထိုးကြီး PDF အဖွဲ့က ဖမ်းဆီးထား​ကြောင်း ၎င်းအဖွဲ့ကပင် ​မေ ၈ ရက်တွင်ထုတ်ပြန်သည်။

ထိုသို့ဖမ်းဆီးခံရသူမှာ ရန်ကုန်အဝေးသင် တက္ကသိုလ် သတ္တ​ဗေဒဌာနမှ ကထိက ​ဒေါ်၀င်း၀င်း​အောင် ဖြစ်ပြီး ၎င်းကို မိထ္ထီလာနယ် တစ်နေရာတွင် ဖမ်းဆီးခြင်းဖြစ်သည်ဟု နွားထိုးကြီး PDF ကထုတ်ပြန်ထားသည်။

ကထိက ​ဒေါ်၀င်း၀င်း​အောင်၏ ခင်ပွန်းဖြစ်သူမှာ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် (စီမံ ၊ ဘဏ္ဌာ) ဌာနမှူးတစ်ဦးဖြစ်​ကြောင်းနှင့် ​ဒေါ်၀င်း၀င်း​အောင်အား လိုအပ်သည့် စုံစမ်းစစ်ဆေးမေးမြန်းချက်များအား ဆက်လက်လုပ်ဆောင်မည်ဟု နွားထိုးကြီး PDF ကထုတ်ပြန်ထားသည်။

#Eleven
https://t.me/drmyat001
.

☯️


Sindoor opt ဆက်လက်တိုက်ခိုက်နေဆဲပါ၊ ပထမနေ့ လေယာဉ်စီးချင်းထိုးပွဲဟာ (၂) ဖက်ပေါင်းလေယာဉ် (၁၂၅) စီးရှိလို့ ခေတ်သစ် လေကြောင်းတိုက်ပွဲမှာ အကြီးဆုံးလို့တောင် တင်စားလာကြတာတွေ့ရတယ်၊

အိန္ဒိယဖက်က ရာဖေးလ်လေယာဉ်အပါ တိုက်လေယာဉ် (၅) စီးပစ်ချခံလိုက်ရတဲ့အတွက် အတော်ကို အုတ်ဩသောင်းနင်း သတင်းတွေဖြစ်သွားခဲ့တယ်၊

အိန္ဒိယဖက်ကလဲ သတင်းထုတ်ပြန်လာပါပြီ၊ ပကစ္စတန်ရဲ့ JF-17 (၁) စီးနဲ့ F-16 တစီးကို ပစ်ချလိုက်ပါသတဲ့ ။

#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️

ဒီပွဲကို ထရမ့်ကမတက်ဘူး
သူတို့ (၂) ဦးဆုံကြပြီ၊ အနာဂါတ်အခင်းအကျင်းသစ် ဘယ်လိုတွေဖြစ်လာမလဲ ❗

အနောက်အုပ်စုက ပွဲတက် (၂) နိုင်ငံကိုတော့ စာရင်းတို့ပြီး ဘက်ခွဲကုန်ကြပြီ၊

ဒီပွဲက နှစ် (၈၀) ရုရှားအောင်ပွဲဖြစ်သလို... အုပ်စုကြီး (၂) ခုကိုပါ ပြတ်ပြတ်သားသား ပြလိုက်တဲ့ပွဲ လို့အဓိပ္ပါယ်ဖေါ်ရင် မှားမယ်မထင်ဘူး။


#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️


( သေခြင်း​၏ အခြားတဖက် )

အောက်က ပုံပါစာလေးဖတ်လိုက်ရတော့ ဗုဒ္ဓရဲ့ သံသရာဆိုတာနဲ့ ချင့်ချိန်မိတယ်၊

Roger Penrose ဆိုတာရူပဗေဒ နိုဘယ်ဆုရှင်၊ အိုင်စတိုင်းတို့လိုနာမယ်ကြီး၊ သူ့ယူဆချက်က လူတွေသေပြီး အခြားဘဝကိုကူးပြောင်းတယ်၊ ဒီဘဝအသိစိတ်ပါသွားတယ်... လို့ပြောချင်တာ၊

ဗုဒ္ဓက စိတ်ဖြစ်တိုင်း ဇော (၇) တန်ဖြစ်တယ်၊ စုတိစိတ်ကျခါနီးမှာ စိတ်ထားတတ်ဖို့လိုတယ်ဆိုတာနဲ့ ကွက်တိပဲ၊ ဗုဒ္ဓက အနုစိတ် ဘယ်လိုဘဝကူးတယ်၊ အခြားတဖက်မှာ ဘယ်လိုပဋိသန္ဓေနေတယ်က အစအသေးစိပ်ဟောထားပြီးပြီ၊ ( စိတ်၊စေတသိက်၊ ရုပ်၊ နိဗ္ဗာန်နဲ့ ဘုံပိုင်းကို ဆက်စပ်တွေးကြည့်ရင်ပေါ်တယ် )

ကံ ဆိုတာ စိတ်ကဖြစ်လာတဲ့အရာတွေပဲ၊ ဒီဘဝ အမှန်မြင်တဲ့သူက ဒီစိတ်၊ ဒီဉာဏ် ဒီဇောနဲ့ နောက်ဘဝကိုကူးတယ်၊

အမှားမြင်သွားတဲ့သူကလဲ ထိုနည်း၎င်းပဲ၊ ဒါကြောင့် ပညာမကန်းကြပါစေနဲ့လို့ လူကြီးတွေက ဆုံးမခဲ့တာ၊ ပညာကန်းတယ်ဆိုတာ စာတတ်တာနဲ့မဆိုင်ဘူး၊ ပညာကန်းသွားရင် အမှားကို အမှန်ထင်၊ အမှန်ကို အမှားထင်သွားတာ၊ သူ့အမြင်မှာတော့ အမှန်တွေချည့်ပဲလို့ ယူဆနေမှာ၊

မှန်ကန်တဲ့ပညာကသာ ဘဝကိုတိုးတက်စေပြီး နောက်ဘဝတွေအထိ အကျိုးပေးတယ်၊

ဒီနေ့ မြန်မာတွေ ဘာတွေ့တွေ့၊ ဘာကြားကြား၊ ဘာမြင်မြင်... ဆဲဆိုနေချင်ကြတာ ပညာကန်းမှု သာဓက တခုဖြစ်နေတာ မမြင်ကြလို့ပါ၊

ပညာကန်းတဲ့ ဇောက အကုသိုလ်နဲ့ယှဉ်တယ်၊ ဒီဇောနဲ့ယှဉ်ပြီး စုတိကျတော့ ပညာနဲတဲ့ ဘဝနဲ့နောက်ဘဝတခုမှာ ပဋိသန္ဓေပြန်နေပါတယ်၊

ဒီ Process ကိုသိရင်အလွန်ကြောက်ဖို့ကောင်းတယ်၊ မဟုတ်တာ ဘာမှမလုပ်ရဲလောက်အောင်ကို ကြောက်သွားလိမ့်မယ်၊ ပြန်ခံရမှာက ဘဝအဆက်ဆက်ကိုး...

နောက်ပိုင်း သိပ္ပံက ပိုတွေ့ရှိလာတာတွေက ဗုဒ္ဓရဲ့ အဆုံးအမတွေကို ပိုထောက်ခံ နီးစပ်လာပါလိမ့်မယ်၊

အားလုံး ပညာမကန်းကြနိုင်ဖို့
ဆုတောင်းပေးအပ်ပါတယ် ။

#BaMg(NZL) ( 9.5.25 ) ☯️
https://t.me/drmyat001
အိန္ဒိယတပ်မတော်(ကြည်း) မှယမန်နေ့ ပါကစ္စတန်နိုင်ငံ၏မြိုတော် Lahore မြိုရှိ လေတပ်စခန်းအား တိုက်ခိုက်ခဲ့သည့် footage

Drone အမျိုးအစားမှာ IAI Harop ဖြစ်ပြီး အစ္စရေးနိုင်ငံထုတ်ဖြစ်ပါတယ်။

Range က ၂၀၀ ကီလိုမီတာပါ။

#TPWC
https://t.me/drmyat001
“ အ ကြောင်း ရှိ တယ် “
က မ္ဘာ ကို ရာ စု နှစ် တစ် ခု နီး ပါး ဦး ဆောင် ခဲ့ တဲ့ အ မေ ရိ ကန် အင် ပါ ယာ ကျ ဆုံး တော့ မ လို ဖြစ် နေ တာ သူ များ ကို မ ကောင်း လိုက် ကြံ နေ လို့ ဆို တဲ့ ပုံ ဖြစ် ခဲ့ တယ် ။

ဒီ မို က ရက် တွေ ရဲ့ ဘက် ဂျက် တွေ အ လွဲ သုံး စား လုပ် ပြီး နိုင် ငံ ငယ် တွေ ကို ဖျက် စီး နေ တာ နဲ့ အ ချိန် ကုန် နေ လို့ ဖြစ် ရ တာ မျိုး ပါ ။

အ စိုး ရ အ ဆက် ဆက် ဆီး သီး ဘန်း မှောက် ခဲ့ တဲ့ ပြ ဿ နာ ကို အ မေ ရိ ကန် အ ဆိုး ဆုံး ခံ နေ ရ တယ် ။

တ ရုတ် က ရု ရှား နဲ့ ပေါင်း ပြီး အ မေ ရိ ကန် ကို ပြောင် ပြောင် တင်း တင်း စိန် ခေါ် လာ တယ် ။

တ ရုတ် က အ မေ ရိ ကန် ပြိုင် ဖက် ဖြစ် လာ ပေ မယ့် တစ် နိုင် ငံ တည်း နဲ့ အ မေ ရိ ကန် ကို မ ယှဉ် နိုင် သေး ဘူး ။ စစ် ရေး အ ရ ရု ရှား ကို အ မှီ ပြု နေ ရ သေး တယ် ။

တ ရုတ် အ မေ ရိ ကန် ကို စစ် ရေး မ ယှဉ် နိုင် တာ က တ ရုတ် မှာ စစ် ကြီး နောက် ပိုင်း စစ် ရေး ပြည့် ဝ တဲ့ စစ် သား မ ရှိ ဘူး စစ် နိုင် အောင် တ ရုတ် မ တိုက် ဖူး ဘူး ။ ဒါ ကြောင့် တ ရုတ် တို့ ရု ရှား ကို မ ပြစ် ပယ် ရဲ တာ ။

နောက် တစ် ခု က အ မေ ရိ ကန် နဲ့ တ ရုတ် စစ် ဖြစ် ရင် တ ရုတ် က နိုင် ငံ ပျက် စီး မှာ ဖြစ် ပြီး အ မေ ရိ ကန် က သ င်္ဘော သာ ပျက် စီး မယ် ။ တောင် တ ရုတ် ပင် လယ် ထဲ အ မေ ရိ ကန် လေ ယာဉ် တင် သ င်္ဘော အ ချိန် မ ရွေး သွား လို့ ရ ပြီး အ မေ ရိ ကန် နိုင် ငံ နား ကို တ ရုတ် စစ် သ င်္ဘော သွား လို့ မ ရ ဘူး ။

သို့ ပေ မဲ့ နည်း ပ ညာ တ ချို့ မှာ တ ရုတ် က အ မေ ရိ ကန် ထက် သာ လာ တယ် ။ အိ န္ဒိ ယ နဲ့ ပါ က စ္စ တန် ပြ ဿ နာ မှာ ပြင် သစ် နဲ့ ရု ရှား ရဲ့ လေ ယာဉ် တွေ ကို တ ရုတ် ရဲ့ လက် နက် နဲ့ လွယ် လွယ် ပစ် ချ နိုင် တာ တွေး စ ရာ ပဲ ။

ပြင် သစ် လေ ယာဉ် က အ ရမ့် မ နိမ့် ဘူး ။

ဒီ တော့ တ ရုတ် ရဲ့ လက် နက် တွေ လည်း အ ဆင့် တစ် ခု ကို ရောက် လာ ပြီ လို့ တွက် လို့ ရ တယ် ။

အ မေ ရိ ကန် သူ ဌေး အီ လွန် မတ် ကိုယ် တိုင် ဒီ အ တိုင်း ဆက် သွား ရင် တ ရုတ် ဖွံ့ ဖြိုး မှု က အ မေ ရိ ကန် ထက် ၂ ဆ ၃ ဆ သာ သွား လိမ့် မယ် လို့ ပြော ခဲ့ တယ် ။

အ မေ ရိ ကန် လူ ငယ် တွေ က အ ပျော် အ ပါး လိုက် စား နေ တဲ့ အ ချိန် မှာ တ ရုတ် လူ ငယ် တွေ က လေ့ လာ နေ တယ် ၊ တီ ထွင် နေ တယ် ။ အ မေ ရိ ကန် က အ မေ ရိ ကန် မှာ ပ ညာ လာ သင် နေ ကြ တဲ့ နိုင် ငံ ခြား သား တွေ ကို နိုင် ငံ သား ပေး ပြီး စည်း ရုံး နေ ရ တယ် ။

တ ရုတ် အ စိုး ရ က ကြိတ် ပြီး ပိုက် ဆံ ရှာ နေ တဲ့ အ ချိန် မှာ အ မေ ရိ ကန် အ စိုး ရ တွေ က ပိုက် ဆံ ဖြုံး ပြီး နိုင် ငံ တွေ ကို လိုက် ဖျက် စီး နေ တယ် ။

ဒါ ကြောင် ဓ န အင် အား နဲ့ နည်း ပ ညာ မှာ တ ရုတ် ရှေ့ ကို ရောက် သွား တယ် ။ ဒီ လို ကိ စ္စ တွေ ကို မြင် တဲ့ ရီ ပတ် ပ လီ ကင် သ မ္မ တ ထ ရမ့် က အ ပို ဖြစ် စေ တဲ့ အ ရာ တွေ အား လုံး လျော့ ချ ပြီး တ ရုတ် ကို ပြန် ယှဉ် ဖို့ လုပ် လာ တာ ။

တိုး ရှိန် ဆုတ် ရှိန် တွေ ဆို တာ ချက် ချင်း ရပ် မ သွား ဘူး အ ရှိန် နဲ့ ဆက် လိမ့် နေ တယ် ။ ဒါ ကြောင့် တ ရုတ် တက် လာ တဲ့ အ ရှိန် ရယ် အ မေ ရိ ကန် ကျ သွား တဲ့ အ ရှိန် ရယ် က အ ချိန် တစ် ခု ထိ ရှိ နေ လိမ့် အုံး မယ် ။

တ ရုတ် တိုး တက် တာ ရေ ရှည် တည် အောင် တ ရုတ် လုပ် ရပ် က အ ဆုံး အ ဖြတ် ပေး မယ် ၊ အ မေ ရိ ကန် ကျ ဆင်း တာ အ ချိန် တို အောင် အ မေ ရိ ကန် လုပ် ရပ် က ဆုံး ဖြတ် ပေး လိမ့် မယ် ။

မြန် မာ နိုင် ငံ လည်း တူ တူ ပဲ ။ အာ ဆီ ယံ နိုင် ငံ တွေ အ ပြိုင် စီး ပွါး ရှာ နေ တဲ့ အ ချိန် မှာ ပြည် တွင်း စစ် ဖြစ် နေ တယ် ။ မှား နေ တဲ့ လမ်း ကို ပြော ကြ လည်း နား လည် နိုင် စွမ်း မ ရှိ ကြ ဘူး ။

ဒီ တော့ မီး မ လာ တဲ့ အ မှောင် ထဲ က မြန် မာ တွေ သူ များ နိုင် ငံ သွား အ လုပ် ကြမ်း တွေ လုပ် နေ ကြ ရ တာ ။ တ ချို့ အဲ့ လို အ လုပ် လုပ် ရ တာ ဂုဏ် ယူ နေ ကြ သေး တယ် ။

ဘာ လို့ ဖြစ် လဲ ဆို တာ အ ကြောင်း ရှိ ပါ တယ် ။ မ မြင် နိုင် ကြ လို့ ပါ ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၈ ၊ ၅ ၊ ၂၀၂၅

#မိုး တင့် ဆွေ
၉ ၊ ၅ ၊ ၂၀၂၅
သော ကြာ ။
Photo online
https://t.me/drmyat001
.

☯️

ရုတ်ရုတ် ရုတ်ရုတ် မလုပ်နဲ့
ရေငတ်ချင်လဲရသလို
ရေကြီးချင်လဲရတယ်

ပိတ်စေ
ဖွင့်စေဆိုတဲ့ Trump cardကို အိန္ဒိယက ကိုင်ထားပါသတဲ့

#NZL ☯
https://t.me/drmyat001
.

☯️


မနေ့က အိန္ဒိယကလဲ ပါကစ္စတန်ဖက်ကို အစ္စရေးလုပ်ဒရုန်းတွေနဲ့ အတော်လေး ဝုန်းလိုက်ပါသတဲ့ ။

#NZL ☯
https://t.me/drmyat001
.

အိန္ဒိယရဲ့ နာမယ်ကြီး ဘရာမို့စ် ဒုံးကိုလဲ ပါကစ္စတန်ဖက်က ဘယ်လိုကြားဖြတ်ဒုံးမျိုးနဲ့ပစ်ချလိုက်သလဲ မသိဘူး၊

#NZL ☯
https://t.me/drmyat001
.

☯️

လက်ဘနွန်တောင်ဖက်ပိုင်းကို အစ္စရေးက ပစ်ရပ်ကုန်ဆုံးချိန်နောက်ပိုင်း အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်မှုကို လုပ်ခဲ့တယ်၊

#NZL ☯
https://t.me/drmyat001
စာသင်သွားမယ့်သူတွေ
ဖြေရမယ့်ကျောက်းသားတွေဆိုရင်ရော ခွင့်လွတ်ပါ့မလားးး
လက်တွေ့သိရအောင် စာမေးပွဲပြန်ဖြေခိုင်းတဲ့ ဝက ဌာနမှူးတွေ အရင်သွားစေချင်ပါတယ်
👇👇👇👇👇

ထွက်ပေါက်များ အားလုံးပိတ်ဆို့နေသော တောင်သာမြို့အခြေအနေ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

တောင်သာမြို့ဟာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်းမှာ ရှိတဲ့မြို့တစ်မြို့ဖြစ်ပြီးတော့ အညာဒေသမြို့ငယ်လေးတစ်မြို့ဖြစ်ပါတယ်။

တောင်သာမြို့နေ ပြည်သူလူထုဟာ တောင်သာ-မိတ္ထီလာလမ်း၊ တောင်သာ-ကျောက်ပန်းတောင်းလမ်း၊ တောင်သာ-မြင်းခြံလမ်း၊ တောင်သာ-နွားထိုးကြီးလမ်း၊ တောင်သာ-ငါ့သရောက်လမ်းပိုင်းတို့ကို အဓိကထားပြီး သွားလာမှုပြုကြပါတယ်။ ယခုအခါ တောင်သာ-မြင်းခြံလမ်းပိုင်းကို အကြမ်းဖက် PDF အဖွဲ့များမှ အသုံးပြုခွင့်ပိတ်ဆို့ထားပြီး၊ ကျန်လမ်းများအားလုံးမှာလည်း အကြမ်းဖက် PDF အဖွဲ့များမှ စိုးမိုးနေရာယူထားပြီး ဌာနဆိုင်ရာဝန်ထမ်းများနဲ့ အကြမ်းဖက် PDF အဖွဲ့ကို မလိုလားသူများဟာ လုံးဝဖြတ်သန်းသွားလာလို့မရပါဘူး။ သွားမယ်ဆိုရင်တော့ အကြမ်းဖက်သမားများရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းကိုခံရမှာဖြစ်ပါတယ်။

အကြမ်းဖက်သမားများဟာ တောင်သာ-မလှိုင်-မိတ္ထီလာလမ်းပေါ်ရှိ တောင်သာမြို့နှင့် ရုံးစည်ကြီးကျေးရွာကြားရှိ သံဘိုကျေးရွာ လမ်းခွဲရှိ ရွှေသံဘို ဇရပ်တွင် မြင်းခြံခရိုင် တပ်ရင်း ၃ အမည်ခံ အကြမ်းဖက်သမားများမှ နေ့စဥ် လမ်းသွားလမ်းလာများအား စစ်ဆေးခြင်း၊ အလှူခံခြင်း၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့အား မလိုလားသူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ဆောင်ရွက်နေပါတယ်။ ရွှေသံဘို ဇရပ်နဲ့ ရုံးစည်ကြီးကျေးရွာဟာ ၁ မိုင်ခန့်သာ ဝေးကွာပြီး အကြမ်းဖက်သမားများဟာ မကြာခဏ ရုံးစည်ကြီးကျေးရွာပေါ်ထိ သွားရောက်လေ့ရှိကြောင်းလည်းသိရပြီး ရုံးစည်ကြီးကျေးရွာမှာ နယ်မြေရဲစခန်းလည်းရှိပါတယ်။

ထို့အတူ တောင်သာ-နွားထိုးကြီးလမ်း၊ တောင်သာ-ငါ့သရောက်လမ်း၊ တောင်သာ-ကျောက်ပန်းတောင်းလမ်းတို့မှာလည်း အကြမ်းဖက်သမားများဟာ ခရီးသွားများအား စစ်ဆေးခြင်း၊ အလှူခံခြင်း၊ ၎င်းတို့အား မလိုလားသူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါတယ်။

အကြမ်းဖက် PDFများဟာ လမ်းမများပေါ်မှာ ခရီးသွားပြည်သူများကို စစ်ဆေးခြင်းဆောင်ရွက်ပြီးတော့ ယာဥ်ပေါ်ပါ ခရီးသည်များကို Mytel card မသုံးရန်၊ အစိုးရဝန်ထမ်းများ/တပ်မတော်သားများနှင့် မပတ်သက်ရန်တို့ကို မှာကြားပြီး ကျည်ဆံဖိုး စေတနာရှိသလောက်လှူရန်၊ စေတနာမရှိက မလှူလို့ရ​ကြောင်းလည်းပြောပါတယ်။ သေနတ်လွယ်ထားပြီး စေတနာမရှိလို့မလှူလည်းရတယ်ပြောပေမယ့် ဘယ်သူမဆို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အနည်းဆုံး ငါးထောင်တော့ လှူလိုက်ရတာပါပဲ၊ သူတို့လက်ထဲ ကိုင်ထားတာက သေနတ်လေ၊ စိတ်ပုတီးမှ မဟုတ်တာကိုဗျ။

ဆိုတော့က express ကားတစ်စီးကို ၄၅ ယောက်ဆန့်တယ်၊ တစ်ယောက်ကို ၅၀၀၀ ပဲ လှူတယ်ဆိုပါစို့၊ ၄၅ ယောက်ဆိုရင် ၂၂၅၀၀၀ရတယ်၊ အဲ့တာ အချိန် နာရီဝက်လောက်ပဲကြာတယ်။ ယာဥ်လိုင်း ၅ လိုင်းဆိုရင် ၁၁၂၅၀၀၀ ဖြစ်နေပြီ။ ကုန်ကားတစ်စီးကို ၃၀၀၀၀ကျပ် ပေးရတယ်၊ တစ်နေ့ကို အစီးရေ ၅၀ ဆိုရင် ၁၅၀၀၀၀၀ ရနေပြီ။ မြင်းခြံ-နွားထိုးကြီးလမ်းက သွားမရလို့ မြင်းခြံကနေ ငါ့သရောက်လမ်းအတိုင်း ပတ်လာတဲ့ ကားတွေက အများကြီး။ အကြမ်းဖျင်းတွက်တာတောင် တနေ့ကို ၂၆၂၅၀၀၀၊ ဒါတောင် မှန်လုံကားသေးတွေ၊ စေတနာတွေပိုပြီး ကျုပ်တွက်ပြတဲ့ တစ်​ယောက် ၅၀၀၀ ထက်ပိုလှူမယ့် ကျေးဇူးရှင်များမပါသေးဘူး။ သူတို့ရဲ့ ဝင်ငွေက တစ်နေ့ကို သိန်း ၃၀ အထက်မှာရှိနေပြီ။ ဒါတောင် တောင်သာ-ရုံးစည်ကြီး လမ်းပိုင်း ရွှေသံဘို ဇရပ်မှာ ကြုံတွေ့ရတာကို တွက်ပြထားတာ။ ကျန်တဲ့ လမ်းပိုင်းတွေက မသွားဖူးတော့ မတွက်တတ်ဘူး။

အခုတွက်ပြတာတွေက စိတ်ကူးယဥ်တွက်ပြတာမဟုတ်ဘူး။ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ကိုယ်တွေ့တွေ။ ပြောချင်တာက ဒီလို လမ်းပေါ်တက်တာကို လက်ခံနေပြီး မတက်ရဲအောင် မလုပ်သ၍ ဒီကောင်တွေ ပိုပြီး သက်ဆိုးရှည်ပြီ။ ပိုက်ဆံက လွယ်လွယ်ကူကူ ပေါပေါသီသီရနေတာလေ။

PDF တွေ လမ်းပေါ်တက်နေတာကို မရှင်းနိုင်ရင် တစ်ဖြည်းဖြည်းနဲ့ PDF တွေ ပိုပေါများလာပါလိမ့်မယ်။ တပ်မတော်အကြီးအကဲများနဲ့ နိုင်ငံတော်အကြီးအကဲများ အမြန်ဆုံး သိရှိပြီး အမြန်ဆုံး ရှင်းပေးနိုင်ပါစေဗျာ

#KWM
https://t.me/drmyat001