U Nay Win🇲🇲
14K subscribers
98.1K photos
4.95K videos
4 files
78.6K links
Download Telegram
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို သတင်းပေးပျူစောထီးခေါင်းစဥ်တပ်ကာ အရှင်ဖမ်းဆီးလာပြီးမှ ထွက်ပြေးသည် ခေါင်းစဥ်တပ်ကာ သာယာဝတီ PDF က အသေပစ်သတ်ကာ ကားတစ်စီးအပြင် ဖုန်းနှင့် ရွှေထည်ပါ လုယက်သိမ်းဆည်း

၅.၅.၂၀၂၅
Written by Nay Moe

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရွေးကုန်းအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာနေ ဦးမြဇော်ဦးနှင့် ဒေါ်ယူပီအား စစ်တပ် သတင်းပေး ပျူစောထီးဟု စွပ်စွဲကာ မေလ ၄ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် စိန်ကန့်လန့်− မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းဘေးရှိ ပျဥ်းကတိုးခင်းရွာအနီး၌ ဖောကားဖြင့်လာချိန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က အရှင်ဖမ်းဆီးခဲ့သည်။

ထိုသို့ ဖမ်းဆီးရမိ၍ စစ်ဆေးနေစဥ် စစ်ကြောင်း တက်လာသည့် သတင်းအရ PDF များ ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေစဥ် ဦးမြဇော်ဦးနှင့် ဒေါ်ယူပီတို့ ထွက်ပြေးသွားကြသောကြောင့် PDF များက လိုက်လံပစ်ခတ် ဖမ်းဆီးရာ ကျည်ထိမှန် သေဆုံးသွားပြီး ၎င်းတို့ထံမှ ဖောကား တစ်စီး၊ မိုလ်ဘိုင်းဖုန်း တစ်လုံး၊ လက်စွပ် တစ်ကွင်းနှင့် နားကပ်...

#ပဲခူး #သာယာဝတီ #မင်းလှ #PDF #ပျူစောထီး #MT #mtnews #MyanmarTransparency
https://t.me/drmyat001
5.5.25

ယ​နေ့ ကျောက်မဲ လေကြောင်းမှရှင်းလင်း။

Cred
https://t.me/drmyat001
၂၈၉ လုံးထဲမှာ ကျွန်တော်တို့ရွာက ရွာဦးတိုက်ကျောင်းနှစ်ထပ်တိုက်ကြီး၊ ပဌာန်းဓမ္မာရုံ တွေ ပျက်ဆီးခဲ့တာ မပါလာတာ ဝမ်းနည်းစရာပါဘဲ
လက်ရှိအချိန်ထိ ဖျက်ချလို့မပြီးနိုင်သေးပါဘူး
သက်ဆိုင်ရာကို သိရအောင် လမ်းညွှန်းပေးနိုင်သူများ ကူညီစေချင်ပါတယ်ဗျာ
ပုံ ၂ အရှေ့ငယ်တိုးစံပြကျေးရွာ တိုက်ကျောင်း
😢😢😢😢😢
ကျောက်ဆည်ရှိ အန္တရာယ်ရှိအဆောက်အအုံ(၂၈၉)လုံး မှ အဆောက်အအုံ(၂၃၀)လုံးအားရှင်းလင်းဆောင်ရွက်နိုင်ခဲ့

မန္တလေးငလျင်ကြီးကြောင့် ကျောက်ဆည်ရှိ ထိခိုက်ပျက်စီးခဲ့သည့် အန္တရာယ်ရှိအဆောက်အအုံ (၂၈၉)လုံးအနက်မှ အဆောက်အအုံ (၂၃၀) လုံးအား ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိငလျင်ဒဏ်သင့် အဆောက်အအုံများကို SOP စနစ်ဖြင့် ဘုတ်အဖွဲ့များ ဖွဲ့စည်းစစ်ဆေးခဲ့ရာ လက်ရှိအချိန်အထိ အဆောက်အအုံ (၅၈၂၇)လုံးအား စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြန်လည်ပြုပြင်နေထိုင်နိုင်မည့် အဆောက်အအုံ (၅ ၅၃၈)လုံး၊ ဦးစားပေးဖြိုဖျက်ရှင်းလင်းရမည့် အန္တရာယ်ရှိအဆောက်အအုံ (၂၈၉)လုံးမှ အဆောက်အအုံ (၂၃၀)လုံးအား ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ရန်ကျန် အဆောက်အအုံ (၅၉)လုံးဖြစ်ကြောင်း သိရသည်။

#Popular
https://t.me/drmyat001
.

☯️


ရေးဖူးတယ်နော်

ပြန်ရှာကြည့်ရင် တွေ့လိမ့်မယ်
တောင်တရုတ်ပင်လယ် ကိစ္စတွေပါတယ်

#NZL ☯
https://t.me/drmyat001
.

☯️


ဆယ်စုနှစ်တခုအတွင်း
ဖြစ်ရပ်ကြီး (၂) ခုကိုမြင်ရဖွယ်ရာရှိတယ်၊

✅ အမေရိကန်ခေတ်လား တရုတ်ခေတ်လား
ဆိုတာ ကွဲကွဲပြားပြား ဖြစ်တာရယ်

✅ Jihad လား
Crusade လား ဆိုတာရယ်ပါ

(၂) ခုလုံး စောပြီးဖြစ်လာန်ုင်ပါတယ်၊

#NZL ☯
https://t.me/drmyat001
.


☯️


စစ်ပွဲတွေကို "အခြေပြောင်း" Game changer ဖြစ်စေနိုင်တဲ့ အီရန်ရဲ့ Qassem Basir မစ်ဇိုင်းပါ၊

နာမယ်ကြီး THAAD ကြားဖြတ်ကို ဖေါက်ထွက်နိုင်တယ်လို့ဆိုပါတယ်၊

အစ္စရေးရဲ့ Iron Dome နဲ့ အမေရိကန်ရဲ့ THAAD ကိုဖြတ်ကျော်ပြီး ဘင်ဂရီယမ်လေဆိပ်အထိ ရောက်လာတဲ့ ဟူသီတို့ရဲ့ ဒုံးက ဒီအမျိုးဖြစ်ဟန်ရှိပါတယ်၊

#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️


Tariff war မှာ ကိုယ့်လှံချက်ကိုယ်ပြန်ထိပေမဲ့ ခိုးဝင်တွေကို ပိတ်ဆို့၊ ပြန်ပို့ နှိပ်ကွပ်တဲ့နေရာမှာတော့ ထရမ့်ကို ချီးကျူးရမှာ အမှန်ပါ၊

ဒီမိုကရက်တွေလက်ထက်မှာ သာလာယံဇရပ်ကြီးဖြစ်ခဲ့တဲ့ အမေရိကန်ဟာ ထရမ့်လက်ထက်မှာ တရားမဝင်ရွေ့ပြောင်းအရေအတွက် သိသိသာသာသာ ကျဆင်းသွားခဲ့ပါတယ်၊

ထရမ့်ကြီးကို ကွန်ဂရက်ကျူလေးရှင်းလုပ်ရပါလိမ့်မယ်။


#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️

အိန္ဒိယ-ပါကစ္စတန် (၂) နိုင်ငံတင်းမာနေမှုကို လျော့ကျရေး ဆောင်ရွက်ပေးဖို့ ရုရှားက ကမ်းလှမ်းလိုက်တယ်၊

#NZL ☯
https://t.me/drmyat001
.

☯️


" ပုံ တစ်ပုံ... စကား (၁၀၀၀) "


Nasdaq က အရေးပါတဲ့အညွှန်းကိန်းတခုပါ
Biden ကိုဘယ်လို လက်ညှိုးထိုးထိုး၊ ဘိုင်ဒင့် လက်ထက်က ရက် (၂၀) နဲ့ထရမ့်လက်ထက်က ရက် (၇၀) ဖြစ်ပါတယ်၊

ပိုသိသာသွားတာက Tariff ကိုရက် (၉၀) ဆိုင်းငံတော့ ပြန်တက်သွားတဲ့ ဂရပ်က မူဝါဒအမှားကို ထောက်ပြထားလိုက်တာအပေါ်ငြင်းမရပါဘူး၊

စတော့တွေ မူလတန်ဘိုးတဝက်သာသာပဲပြန်ရပါသေးတယ်၊

Still long way to go ပါ


#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️


( ဇလန်စကီး ပြောတဲ့အတိုင်းလုပ်သွားပြီ )


မော်စကို ကိုအဓိကပစ်မှတ်ထားပြီး ဇလန်စကီးက ဒရုန်းအုပ်စုနဲ့ တိုက်ခိုက်ခဲ့တာ ထိခိုက်မှုအတော်ရှိခဲ့တယ်၊

တန်ဘိုးနည်း ဒရုန်းတွေအုပ်စုလိုက် ပျံသန်းလာတဲ့ စစ်ဆင်ရေးကို ဒီနေ့အထိ မတုန့်ပြန်နိုင်ကြသေးပါဘူး၊

ရက်ပိုင်းအတွင်းကျင်းပတော့မဲ့ ရုရှားရဲ့ အောင်ပွဲနေ့ကိုတော့ ကမ္ဘာ့ခေါင်းဆောင်တွေအတော်များများ တက်ရောက်ကြမှာဖြစ်လို့ ဇလန်စကီးအနေနဲ့ မတိုက်ခိုက်လောက်ဖူးလို့ သုံးသပ်ရပါတယ်၊ တိုက်ရင်လဲ သူ့သေတွင်း သူတူးသလိုဖြစ်သွားပါလိမ့်မယ်၊

လောလောဆယ်တိုက်ခိုက်မှုကြောင့်တော့ ရုရှားဖက်မှာ ပျက်စီးမှု ကြီးကြီးမားမားရှိသွားတာ ငြင်းမရပါဘူး။

#BaMg(NZL) ☯️
https://t.me/drmyat001
Kherson ပြည်နယ်ရှိ ယူကရိန်း/နေတိုးကြေးစား အခြေပြုနေရာများကို FAB 3000 ၃ တန်ဗုံးပျံများ ထိမှန်ခဲ့သော မှတ်တမ်း။

#R&U
https://t.me/drmyat001
.

☯️


အစ္စရေး... ဘာတွေလုပ်နေသလဲ❓


အမေရိကန်ရဲ့ခွင့်ပြုချက်မရပဲ Patriot missile ကို အစ္စရေးက ယူကရိမ်းဆီပေးပို့လိုက်တယ်၊

အဲ့ဒီအရင်က ပြသနာတခုရှိလိုက်သေးတယ်၊ ထရမ့်က အီရန်ကို စစ်မတိုက်လိုသေးဘူး၊ သံတမန်ရေးနဲ့ညှိလိုသေးတယ်၊ အစ္စရေးက အီရနါကို ချက်ချင်းချချင်နေတယ်၊

ထရမ့်အကြံပေး Mike Waltz နဲ့လှို့ဝှက်ဆွေးနွေးကြတယ်၊ အဲ့ဒီကိစ္စထရမ့်သိသွားတော့ သူ့အကြံပေးကို ကုလသံအမတ်ကြီးအဖြစ်ရွေ့ပစ်လိုက်တယ်၊

ဘာကြောင့် အစ္စရေးဒီလိုလုပ်နေတာလဲဆိုတာ စိတ်ဝင်စားစရာပဲ ❓

#BaMg(NZL) ☯️
https://t.me/drmyat001
This media is not supported in your browser
VIEW IN TELEGRAM
ယနေ့ဗန်းမော်

မင်းခေါင် စစ်ကြောင်းကြီး ၂
မြေပြင်စမွှေပြီ
သတင်းကောင်းစောင့်​

#BN
https://t.me/drmyat001
👉 သတင်းကောင်းများနဲ့ ကာမိုင်း 👈
>>>>>>>>>>>>>>>>>>>>>>>

# ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်ခွဲ၊ နန့်ယားနဲ့ ကပ်မှော်ဇွပ်ကျေးရွာဝန်းကျင်မှာ နယ်မြေရှင်းလင်းရေးတွေဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းဟာ ယမန်နေ့၊ ညနေပိုင်း ၃ နာရီခွဲချိန်ခန့်တွင် နယ်မြေအတွင်း ယာယီစခန်းချပြီး ဒေသခံပြည်သူတွေကို ဒုက္ခပေးနေတဲ့ Kia/Pdf အကြမ်းဖက်များနဲ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး၊ Kia/Pdf အကြမ်းဖက်များ အထိနာကာ ဆုတ်ခွာထွက်ပြေးသွားသောကြောင့် ၎င်းတို့ ယာယီအခြေပြုထားတဲ့ စခန်း ၃ ခုနဲ့ အလောင်း၊ လက်နက်များစွာကို တပ်မတော်က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရပါတယ်။

✍️ မြစ်ဆုံသတင်းဌာန
https://t.me/drmyat001
အယောင်ဆောင် လှည့်ဖျား၍ လူအများထံမှ ခြိမ်းခြောက် ရွှေငွေ တောင်းယူသွားသူများကိုပဲခူးရဲတပ်ဖွဲ့မှ အချိန်မှီ ဖမ်းဆီးရမိ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ဖြစ်စဥ်မှာ မေလ ၄ ရက် နေ့ နေ့လည်(၂) နာရီခန့်ကပဲခူးမြို့၊ပြင်စည် စျေးသစ်အနီးတွင် ညီညီထူး (၁၈)နှစ်နှင့် မထက်ထက်လွင် (၂၃)နှစ်တို့ (၂) ဦး သည်စျေးဝယ်ရန် လာရောက်ခဲ့ကြစဥ် AA နံပါ တ်ပါ taxiတစ်စီးမှအနား ရောက်လာပြီး ကားပေါ်မှအမျိုးသား(၂) ဦးဆင်းလာကာ၎င်းတို့မှ စစ်တပ်မှဖြစ်ပြီး စစ်မှုထမ်းရန်စုဆောင်းနေကြောင်းနှင့် စစ်ထဲ မဝင်ချင်လျှင် ငွေ ပေးရန်ပြောပြီး ဖုန်းတစ် လုံးနှင့် ဆွဲကြိုးတစ်ကုံး ​ငွေတစ်သောင်းကျပ်တို့အား ခြိမ်းခြောက်ယူ ဆောင်သွားခဲ့ပြီး လည်း ကောင်းတို့ စီးလာသည့် မော်တော်ယာဥ်အား
မောင်းထွက်သွားခဲ့သည်။

သတင်းရလျှင်ရခြင်း တာဝန်ရှိသူများကလိုက် လံ စုံစမ်းနေစဥ် ပဲခူးမြို့ ရှောင်လမ်း ရွှေသစ္စာ ပါ ရမီကျောင်းအနီးတွင် ရဲထက်ဝင်း (၁၈) နှစ် ထံမှ အထက်ပါ အတိုင်းပြော ဆိုကာ ဖုန်းတစ်လုံးငွေ (၂၅၅၀၀၀) ကျပ်အားလည်းကောင်း၊ ပဲခူးမြို့ ရှောင်လမ်းနှင့် အုန်းခြံ လမ်းသစ်အနီးတွင်သက် လွင်အောင် (၂၇) နှစ် ထံမှလည်း အထက်ပါအတိုင်းပြောဆိုကာ ရွှေ နားကွင်း တစ်ဖက်အားလည်းကောင်း ထပ်မံယူ ဆောင်သွားပြီးမြို့ရှောင် လမ်းအတိုင်း ရန်ကုန်ဘ က်သို့မောင်းနှင် ထွက် ပြေးသွားကြောင်း သ တင်းရရှိသဖြင့် တာဝန်ရှိသူများကလိုက်လံ စုံစမ်း ဖမ်းဆီးရာ(၃) နာရီ (၂၀) မိနစ် အချိန်ခန့်တွင် ကြီး လေးကြီးလမ်း ရန်ကုန် တိုင်းအဝင် စစ်ဆေးရေး ဂိတ်တွင် ဖုန်း ငွေနှင့် ရွှေများအား ခြိမ်းခြောက် ယူ ဆောင်သွားကြသူ လင်းသူ (ခ)မိုးစက် (၃၈) နှစ် (ဘ)ဦးကြည်ထွေး၊ ကျဘမ်း ချင်းတွင်းလမ်း (၆၇) ရပ်ကွက် သာကေ တမြို့နယ် ရန်ကုန်တိုင်းဒေသကြီး၊ မရီရီထွေး (၂၈)နှစ် (ဘ)ဦးနေထွန်း၊ ကျဘမ်း လိပ်စာတူ၊ဝင်းမင်းထွန်း (၃၅)နှစ်၊ (ဘ) ဦးစိန်မင်း၊ ယာဥ်မောင်း အ နောက်ခိုင်ရွှေဝါလမ်း (၇)ရပ်ကွက် သာကေတ မြို့နယ်၊ရန်ကုန်တိုင်းဒေ သကြီးနေ(၃) ဦးအား သက်သေ ခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့သဖြင့်ပဲခူးမြိုအမှတ်(၃)နယ်မြေ ရဲစခန်းသို့ ခေါ်ဆောင်လာပြီး အမှုဖွင့်အရေးယူနိုင်ရန်ရေးဆောင်ရွက်နေကြောင်း သိရသည်။

#Z #Plus #News #Agency..
https://t.me/drmyat001