U Nay Win🇲🇲
14K subscribers
97.9K photos
4.94K videos
4 files
78.6K links
Download Telegram
ယင်းမာပင် PDF ခေါင်းဆောင်က Date Girl CDM သူနာပြုဆရာမကို
ခေါ်ယူပြီး ဖောင်းဒိုင်းလုပ်


ဖောင်ဒိုင်းလုပ်ပြီးတော့ PDF ခေါင်းဆောင်က ပိုက်ဆံမပေး။

ပိုက်ဆံမပေးလို့ Date girl CDM သူနာပြုဆရာမက PDF ခေါင်းဆောင်ရဲ့ သေနတ်နဲ့ကို လူယူပြီးပစ်သတ်။


PDF ခေါင်းဆောင်ကိုသေနတ်နဲ့ပစ်သတ်လို့ဆိုပြီး PDF နောက်လိုက်တွေက date girl CDM သူနာပြုဆရာမကို ပြန်ပြီးပစ်သတ်။


ဖြစ်စဥ်မှာ Pdf ခေါင်းဆောင်နဲ့ Date Girl CDM ဆရာမ တို့ နှစ်ယောက်လုံးသေ။


# မှိုင်းဝေ
https://t.me/drmyat001
ပဲခူးအနောက်ခြမ်း၊နတ္တလင်းမြို့နယ် တောင်ည်ိုမြို့သစ်၊ ဒမငယ်ရဲစခန်း ကျသွားကြောင်း ဒေသခံတွေဆီကအတည်ပြုသတင်းရရှိ။

# ကျွန်းလှမီးအိမ်ရှင် Admin အဖွဲ့
https://t.me/drmyat001
.

☯️


( အငုံ့စိတ်တွေ ပွင့်ထွက်လာရင် )


တချို့လူတွေမှာ အငုံ့စိတ် သိပ်အားကြီးတယ်၊ ဖြစ်ချင်တာတွေဖြစ်မလာတဲ့အခါ၊ တစုံတယောက်ကို အားကျပြီး သူ့လိုလိုက်မလုပ်နိုင်တဲ့အခါ၊ ဘယ်လောက် ကြိုးစား ကြိုးစား သူ့ကိုမမှီတဲ့အခါမျိုးမှာ အငုံ့စိတ်တွေ ပွင့်ထွက်ပေါက်ကွဲ ကုန်တော့တာပဲ၊

အဲ့ဒီအခါမျိုးမှာ တဦးနဲ့တဦးအဆက်အစပ်မရှိလဲ အငုံ့စိတ်တွန်းအားကြောင့် ခလုတ်တိုက်တော့တယ်၊

ဗုဒ္ဓက ပညာ (၃) မျိုးကိုဟောထားတယ်

✅ သန္ဓေပါပညာ
✅ လေ့လာဆည်းပူးပြီးရလာတဲ့ပညာ
✅ ဝိပဿနာ

သန္ဓေပါပညာသမားက ဆက်ပြီးမလေ့လာမဆည်းပူးရင် ပျက်တယ်၊ သန္ဓေလဲပါလာမယ်၊ လေ့လာဆည်းပူးအားလဲကောင်းရင်တော့ တော်ရုံလိုက်မမှီတော့ဘူး၊ IQ + Intuition အပေါင်းသမားဆိုတာ အလကားဖြစ်မလာဘူး၊

..........

တိုးတက်တဲ့နိုင်ငံတွေမှာ အိမ်ဘေးက ကားသစ်စီးရင်.... " Congratulations " လုပ်တယ်၊ မုဒိတာပွားနိုင်တာကိုပြတာ၊ ဒါကြောင့်လဲတိုးတက်ကြတာ။

မြန်မာမှာက အိမ်ဘေးက ကားသစ်စီးရင် မေးငေါ့ပြီး " ဘာတွေလုပ်လို့ ဒီလိုကားမျိုး ဝယ်နိုင်ရတာမှန်းမသိတာ "... ရယ်လို့ အငုံ့စိတ်ကို ဖေါ်ပြလေ့ရှိကြတယ်၊

..........

သင့်အကြောင်း အခြားတယောက်ယောက်က ပြောနေပြီဆိုရင် ဂုဏ်ယူလိုက်ပါ

အဲ့ဒီသူက သင့်ကိုအားကျနေပြီး၊ လိုက်မမှီတာနဲ့ မရှိမဲ့ ရှိမဲ့ အငုံ့စိတ်တွေကို ဗုံးပေါ လအောထုတ်ပြနေတာလို့ သာမှတ်လိုက်ပါ

ဒေါသ သွားမထွက်နဲ့
သနားလိုက်ပါ
သူ့ခင်မြာ လိုက်မမှီရှာပဲ သင့်ကိုအားကျရှာနေလို့သာပါ၊


#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️


လုပ်ရဲ ကိုင်ရဲတာကတော့ ထရမ့်ကိုအမှတ်ပေးရလိမ့်မယ်၊

Tariff ကိစ္စမှာ သူ့အကြံပေးတွေကို မတိုင်ပင်ပဲ သူ့စိတ်ခံစားချက်နဲ့ လုပ်ချလိုက်တာတချို့ရှိတယ်လို့ အသံထွက်လာတယ်၊

နိုဘယ်ဆုရှင် (၂) ဦးအပါအဝင် ထိတ်တန်း CEO အတော်များများက ရီဆက်ရှင်ဖြစ်မယ်လို့ ကြိုပြောထားတာမှာ Q-1 data အရ -0.3% ပြလို့ ရီဆက်ရှင်ဖြစ်သွားခဲ့ပြီ ( ထရမ့်ကိုယ်တိုင်က ရီဆက်ရှင်ကိုလက်ခံပြီး ဘိုင်ဒင်ကိုပုံချတယ် )

စတော့ ညွှန်းကိန်းတွေကျတဲ့အထိ ထရမ့်ကြီးခေါင်းမာနေဆဲပဲ၊ Economic index ကျတာတွေ့တော့မှ Tariff ကိုအခြေခံ 10% ပြန်ချပြီး ရုတ်တရက် ရက် (၉၀) ဆိုင်းငံ့ပေးလိုတာဟာ သူမှားကြောင်း ဝန်ခံလိုက်တာပဲ၊ (၂) ရက်ခံမူဝါဒလို့ နာမယ်ကြီးသွားတယ်၊

တပြိုင်နက်ထဲမှာ ထရမ့်ဟာ အမှန်တကယ်ပဲ Make American Great ကိုလုပ်နေတာလား၊ ဒါမှမဟုတ် MAGA ခေါင်းစဉ်တပ်ပြီး Rule of Law နဲ့ Constitution ကိုဖျက်နေတာလား🚩 ဆိုတဲ့အယူအဆတွေ ထွက်လာပြီး အကြီးအကျယ်ဝေဖန်ခံနေရတာနဲ့ရင်ဆိုင်နေရတယ်၊


#BaMg(NZL) ☯️
https://t.me/drmyat001
သီပေါမြို့နယ်က MNDAA နှင့် စစ်ရေးတင်းမာနေသော နေရာများသို့ SSPP ကအင်အားဖြည့်တင်း
*************

သန့်ဇင်(NP News)-မေ ၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်က MNDAAနှင့် စစ်ရေးတင်းမာနေသော နေရာများသို့ SSPPကအင်အားဖြည့်တင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

MNDAAနှင့် SSPPလက်နက်ကိုင်အဖွဲ့တို့သည် ပြီးခဲ့သည့် ဧပြီ ၂၈ရက်မှစတင်ကာ စစ်ရေးတင်းမာလာခဲ့ခြင်းဖြစ်ကာ ယမန်နေ့ မေလ ၁ ရက်ကလည်း သီပေါမြို့နယ်အတွင်းသို့ SSPPမှ တပ်ရင်း(၂)ရင်း အင်အားဖြည့်တင်းနေပြီး ယနေ့ (မေလ ၃ရက်)နံနက်ပိုင်းတွင် ပစ်ခတ် သံများကြားရကြောင်း သိရသည်။

“SSPPတပ်ရင်း(၂)ရင်းတက်သွားတဲ့ကိစ္စက အခုမနက်အသံကြားတယ်။ ချနေတဲ့အသံတွေလေ။ ကျောက်မဲ-သီပေါကြားထဲပေါ့။ သီပေါ ဂွင်လေ။ လက်ရှိမှာတော့ SSPPက MNDAAနဲ့ စစ်ရေးအရတော့ တင်းမာမှုတွေဖြစ်နေတယ်။ ဒါကလက်ရှိအခြေအနေပေါ့။ သီပေါမှာ တော့ အဲဒီလိုမျိုးတွေရှိတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက NP Newsကိုပြောသည်။
ထို့ပြင် လက်ရှိစစ်ရေးတင်းမာနေသည့် ဒေသများတွင် MNDAAနှင့် SSPPခေါင်းဆောင်ပိုင်းအချို့စစ်ရေးတင်းမာမှုနှင့် ပတ်သက်၍ နှစ်ဖက်အကြား ဗဟိုအဆင့် တွေ့ဆုံဖြေရှင်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

သို့သော် သီပေါမြို့နယ်အတွင်း SSPP/SSA တပ်စခန်းများ တည်ရှိရာ နားနန်းကျေးရွာ၊ နားတော်ကျေးရွာ၊ ခိုနန်းဖ၊ တင်းဟိုင်းကျေးရွာ၊ ဆင်ကျော့ ၊ နားတောင့်၊ နားမခေါ်၊ ဖာစေ (သီပေါ) စသည့် နေရာများ၌ MNDAAဘက်မှလည်း အင်အားဖြည့်တင်းမှုများ ပြုလုပ်နေပြီး နှစ်ဖက်တပ်ဖွဲ့ စစ်ရေးတင်းမာသည့် အခြေအနေများ ရှိနေကြောင်းလည်း SSPP Info သတင်းထုတ်ပြန်ချက်အရ သိရသည်။

“အခုတက်သွားတဲ့အနေအထားက ကိုးကန့်တွေဘက်ကိုဦးတည်သွားတယ်လို့ ယူဆရတာပေါ့။ ရွာခံတွေပြောတာပေါ့။ တနေ့ကတည်းက တက်သွားတာ။ နည်းနည်းလေးလှုပ်ရှားမှုရှိတယ်ပေါ့။ အင်အားကတော့ တပ်ရင်း(၂)ရင်းစာလောက်လို့ ပြောလို့ရတာပေါ့။ သူတို့က Faw ကားနဲ့သွားတယ်။ စစ်ရေးတင်းမှာတဲ့နေရာတွေကို SSPPပိုမိုရောက်ရှိနေတာပေါ့။ အခု ကာလမှာ MNDAAကလည်းမဲနေတာ။ သိန္နီမှာ လည်း ရှမ်းနီနဲ့ပြဿနာတက်နေတာ။ MNDAAကလည်း မဲတက်တဲ့အကျင့်ရှိနေတဘ်။ ထွက်နေတဲ့ သတင်းတွေမှာလည်း MNDAAနဲ့ SSPPကခေါင်းဆောင်ပိုင်းတွေ တွေဆုံဆွေးနွေးမယ်လို့ ပြောသံထွက်နေတယ်”ဟု ၎င်းက ဆက်ပြောသည်။

MNDAAအဖွဲ့နှင့် SSPPလက်နက်ကိုင်အဖွဲ့တို့သည် ပြီးခဲ့သည့် ဧပြီ ၂၈ရက်နှင့် ၂၉ရက်တို့တွင် သီပေါဒေသတွင် စစ်ရေးထိတွေ့မှု(၈) နေရာ၊ နှစ်ဘက် တပ်များ ရုန်းရင်းဆန်ခတ် ထိုးကြိတ်ရိုက်နှက်ဖမ်းဆီးမှု (၂၄) နေရာအထိ ရှိခဲ့ပြီး နှစ်ဘက်အဖွဲ့များ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း SSPP ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA၊ TNLAနှင့် SSPPတို့အကြား သုံးပွင့်ဆိုင် နယ်မြေအငြင်းပွားမှုများလည်းဖြစ်ပွားနေပြီး အောက်ခြေပွတ်တိုက်မှုအနေဖြင့် ထိုးကြိတ်သည့်အဆင့်မှ တိုက်ပွဲဖြစ်ပွားသည့်အဆင့်ထိ တင်းမာနေကြကြောင်း သိရသည်။

“ သိန္နီမှာလည်း MNDAAနဲ့ ပြည်သူနဲ့က ပြဿနာတွေတက်ကြတော့ MNDAAကိုမောင်းထုတ် တယ်လေ။ အဲဒီလိုမျိုးလေးတွေ ပြဿနာ တက် တာတွေရှိပါတယ်။ SSPPနဲ့ ကအခုက ကိုးကန့်နဲ့ဖြစ်နေတာဆိုတော့ ကိုးကန့်နဲ့ကတစ်ပိုင်း။ သုံးပွင့်ဆိုင်တွေလည်းဖြစ်နေကြတာပဲ။ ကိုးကန့်နဲ့ ပလောင်နဲ့လည်းဖြစ်တယ်။ ပလောင်နဲ့ SSPPနဲ့ MNDAAတို့ကပတ်လည်ကိုဖြစ်နေတာ။ အဲဒါကတော့ လက်ရှိအနေအထား ပေါ့”ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

#NPNews
https://t.me/drmyat001
May-3

▪️မြင်းမူမြို့က ရွှေဧကရာဇ် ရွှေဆိုင်ကိုဓားပြတိုက်တဲ့ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့က PDF တွေကို ငါန်းဇွန် PDF တွေ ပြန်ဖမ်းတဲ့🙄

▪️"သူခိုးလက်က သူဝှက်လု"ဆိုတာ ဒါမျိုး

Cred
https://t.me/drmyat001
မြင်းမူမြို့ရွှေဆိုင်ဓားပြတိုက်တဲ့အဖွဲ့ကိုငါန်းဇွန်နယ်ထဲအထိPDFအဖွဲ့တွေကဖမ်းဆီးပေးခဲ့
မေ၃၊၂၀၂၅

စစ်ကိုင်းတိုင်း၊မြင်းမူမြို့ပေါ်ကရွှေဆိုင်ဓားပြတိုက်တဲ့အဖွဲ့ကိုမန္တလေးတိုင်း၊ငါန်းဇွန်ဘက်ထွက်ပြေးချိန်PDFတွေဝိုင်းဖမ်းပေးခဲ့တာကြောင့်ဖမ်းမိသွားပြီလို့ ဒေသခံတွေထံကသိရပါတယ်။

မေ၁ရက်နေ့မြင်းမူမြို့ရွှေဆိုင်တဆိုင်ကိုဓားပြ၄ဦးအဖွဲ့ဝင်ရောက်စီးနင်းပြီးရွှေထည်ပစ္စည်းတွေဓားပြတိုက်ကာငါန်းဇွန်ဘက်တိမ်းရှောင်ထွက်​ေပြးလာချိန်ဖမ်းပေးခဲ့တာလို့သိရပါတယ်။

"တိုက်ရာပါပစ္စည်းတွေကိုပါဖမ်းပေးလိုက်တာပါ။ပိုင်ရှင်ဆီ၁ပစ္စည်းတွေပြန်အပ်လိုက်တယ်တရားခံတွေကိုမြင်းမူအဖွဲ့တွေဆီချိတ်ပြီးအပ်လိုက်ပါပြီ"

မြင်းခြံခရိုင် ရင်း၆၊ငါန်းဇွန်ပကဖ၊ ငါန်းဇွန်ပလဖတို့စုပေါင်းဖမ်းဆီးပေးခဲ့တာဖြစ်ပါတယ်။

Cred
https://t.me/drmyat001
.

☯️


ဇလန်စကီးကို လက်နက်ပေးတာဟာ -

" အနိုင်ရဖို့မဟုတ်ဘူး၊ သွေးမြေတွေ ပိုကျဖို့အတွက်သာဖြစ်စေတယ်"

.... လို့ CIA ဟောင်းကြီးက မှတ်ချက်ပြုလိုက်တယ်၊

သူတို့ လုပ်လာတာ သူတို့ကပိုသိတာပေါ့

ဒီလိုပါပဲ -

" မြန်မာ ERO တွေကိုနောက်ကွယ်က ပံ့ပိုးပေးနေတာတွေဟာလဲ ဖက်ဒရယ်အတွက်မဟုတ်ပါဘူး၊ ဖက်ဒရယ်ကို ခေါင်းစဉ်တပ်ပြီး နိုင်ငံပြည်တွင်းစစ် ရှည်ကြာဖို့သာပါ၊ အနိုင်ရဖို့မဟုတ်ဘူး၊ လူ့အရင်းအမြစ်တွေ ခမ်းခြောက်ဖို့သာဖြစ်စေပါတယ် "


#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️


ပါကစ္စတန်စစ်ဦးစီးချုပ်က -

" ကျွန်တော်တို့က ငြိမ်းချမ်းရေးကိုလိုလားကြပါတယ်၊ အကယ်၍ သင် ( အိန္ဒိယ ) တို့ဖက်က စမ်းကြည့်မယ်ဆိုရင်တော့ ဘာတွေအထိဖြစ်လာမလဲလို့ ကြည့်လိုက်လေ "

....လို့ ပြောလိုက်တယ်၊
ဒီနေ့အထိ ကြီးကြီးမားမား တိုက်ခိုက်မှုမျိုးတော့ မတွေ့ရသေးပါဘူး၊

အိန္ဒိယဖက်ကလဲ အတော်ချိန်ဆနေရဟန်ရှိနေပါလိမ့်မယ်၊


#BaMg(NZL) ☯️
https://t.me/drmyat001
11ကြိမ်အထိ ထောက်ပံ့လှူဒါန်းနေတယ်ဆိုတော့ တခုခုတော့ 😁

တရုတ်နိုင်ငံမှ ငလျင်ဒဏ်သင့်ဒေသများသို့ ကူညီမှု ၁၁ ကြိမ်မြောက်အဖြစ် အသင့်နေအိမ် အလုံး ၃၄၀ ထောက်ပံ့ ရောက်ရှိလာ

MT News
၃. ၅. ၂၀၂၅

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပေးသည့် ၁၁ သုတ်မြောက် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းများသည် မေ ၂ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ရာ အဆိုပါကယ်ဆယ်ရေးပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးအိုးယန်သောက်ပင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က ယနေ့ မေလ ၃ ရက်တွင် လွှဲပြောင်းပေးအပ်မှု လုပ်ဆောင်ခဲ့ပြီး ယခုအသုတ် ကယ်ဆယ်ရေးပစ္စည်းများမှာ အသင့်တပ်ဆင်ရန်နေအိမ် အလုံးရေ ၃၄၀ ပါဝင်ကြောင်း သိရသည်။

တရုတ်နိုင်ငံက မြန်မာ့ငလျင်ဘေးအတွက် ယွမ်သန်း ၁၀၀ ဖိုး ထောက်ပံ့ကူညီရန် ကနဦး ဆုံးဖြတ်ထားပြီး ပထမအသုတ်အလှူအဖြစ် မတ်လ ၃၁ ရက်တွင် ရွက်ဖျင်တဲ ၁,၂၀၀ လုံး၊ ခြုံစောင် ၈,၀၀၀၊ အရေးပေါ်ကယ်ဆယ်ရေးအိတ် ၄ သောင်းကျော်ကူညီထားပြီး...

#ငလျင်ဒဏ်သင့် #လူသားချင်းစာနာမှု #ကယ်ဆယ်ရေးပစ္စည်းများ #ထပ်မံရောက်ရှိလာ #တရုတ် #ထောက်ပံ့ #MT #mtnews
https://t.me/drmyat001