U Nay Win🇲🇲
14K subscribers
97.9K photos
4.94K videos
4 files
78.6K links
Download Telegram
မန်ဆူရှမ်းကျောင်းဆရာတော် လာရှိုးသို့ပြန်လည်ကြွရောက်သီတင်းသုံး

လားရှိုးမြို့နယ် သံဃနာယက ဥက္ကဋ္ဌ မန်ဆူရှမ်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တပုညနန္ဒသည် ယမန်နေ့ မေ (၂)မွန်း လွဲပိုင်းအချိန်၌ လားရှိုးမြို့သို့ ပြန်လည် သီတင်းသုံးနေထိုင်ရန် ကြွရောက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"မနေ့က နှစ်နာရီလောက်မှာ ဆရာတော်ကြီး လားရှိုးကို ပြန်ကြွလာတာပါ"ဟု ၎င်းက ဆိုသည်။

တို-က်ပွဲများ ငြိမ်သက်အေးချမ်းသွားပြီဖြစ်သည့် လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအတွက် ယနေ့ မေ(၃)ရက်တွင် ရှမ်း ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့အပါအဝင် မန်ဆူ ဆရာတော် ၏ ဒါယိကာများက လှူဖွယ်ပစ္စည်းများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

#Popular
https://t.me/drmyat001
ယခင်တင်ထားပြီးတဲ့ ဟိန်းဇဲ ဖြစ်စဉ်ပါ။ ပုံတွေ ရလို့ ထပ်မံဖော်ပြပါသည်
===
မေလ ၁ ရက်နေ့ ညနေပိုင်းက ပြည်သူသတင်းပေးလို့ အပိုင်စောင့်ပစ်ခတ်ရာ အကြမ်းဖက် PDF ၃ လောင်း၊ အရှင်မိ (မ) ၁ ဦး၊ လက်နက် ၂ လက်၊ ကား ၂ စီးရရှိခဲ့ပါတယ်။ (ဖြစ်စဉ်ဖော်ပြပြီး)
-
အရှင်မိ အကြမ်းဖက် အမျိုးသမီးကတော့ နောင်တကြီးစွာနဲ့ မျက်ရည်များကျပြီး အားလုံးကို ဖြောင့်ချက်ပေးနေပါပြီ။ လုံခြုံရေးအရ အမျိုးသမီးပုံနဲ့ ဖြောင့်ချက်များကို ဖော်ပြခြင်းမပြုတော့ပါ။
-
၎င်းရဲ့ စစ်ကြောချက်များအရ ကွင်းဆက်လုပ်ငန်းများ/ တရားခံများအား အရေးယူဆောင်ရွက်နေပြီဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။
-
# တိုက်ပွဲသတင်းစုံ
https://t.me/drmyat001
ယင်းမာပင် PDF ခေါင်းဆောင်က Date Girl CDM သူနာပြုဆရာမကို
ခေါ်ယူပြီး ဖောင်းဒိုင်းလုပ်


ဖောင်ဒိုင်းလုပ်ပြီးတော့ PDF ခေါင်းဆောင်က ပိုက်ဆံမပေး။

ပိုက်ဆံမပေးလို့ Date girl CDM သူနာပြုဆရာမက PDF ခေါင်းဆောင်ရဲ့ သေနတ်နဲ့ကို လူယူပြီးပစ်သတ်။


PDF ခေါင်းဆောင်ကိုသေနတ်နဲ့ပစ်သတ်လို့ဆိုပြီး PDF နောက်လိုက်တွေက date girl CDM သူနာပြုဆရာမကို ပြန်ပြီးပစ်သတ်။


ဖြစ်စဥ်မှာ Pdf ခေါင်းဆောင်နဲ့ Date Girl CDM ဆရာမ တို့ နှစ်ယောက်လုံးသေ။


# မှိုင်းဝေ
https://t.me/drmyat001
ပဲခူးအနောက်ခြမ်း၊နတ္တလင်းမြို့နယ် တောင်ည်ိုမြို့သစ်၊ ဒမငယ်ရဲစခန်း ကျသွားကြောင်း ဒေသခံတွေဆီကအတည်ပြုသတင်းရရှိ။

# ကျွန်းလှမီးအိမ်ရှင် Admin အဖွဲ့
https://t.me/drmyat001
.

☯️


( အငုံ့စိတ်တွေ ပွင့်ထွက်လာရင် )


တချို့လူတွေမှာ အငုံ့စိတ် သိပ်အားကြီးတယ်၊ ဖြစ်ချင်တာတွေဖြစ်မလာတဲ့အခါ၊ တစုံတယောက်ကို အားကျပြီး သူ့လိုလိုက်မလုပ်နိုင်တဲ့အခါ၊ ဘယ်လောက် ကြိုးစား ကြိုးစား သူ့ကိုမမှီတဲ့အခါမျိုးမှာ အငုံ့စိတ်တွေ ပွင့်ထွက်ပေါက်ကွဲ ကုန်တော့တာပဲ၊

အဲ့ဒီအခါမျိုးမှာ တဦးနဲ့တဦးအဆက်အစပ်မရှိလဲ အငုံ့စိတ်တွန်းအားကြောင့် ခလုတ်တိုက်တော့တယ်၊

ဗုဒ္ဓက ပညာ (၃) မျိုးကိုဟောထားတယ်

✅ သန္ဓေပါပညာ
✅ လေ့လာဆည်းပူးပြီးရလာတဲ့ပညာ
✅ ဝိပဿနာ

သန္ဓေပါပညာသမားက ဆက်ပြီးမလေ့လာမဆည်းပူးရင် ပျက်တယ်၊ သန္ဓေလဲပါလာမယ်၊ လေ့လာဆည်းပူးအားလဲကောင်းရင်တော့ တော်ရုံလိုက်မမှီတော့ဘူး၊ IQ + Intuition အပေါင်းသမားဆိုတာ အလကားဖြစ်မလာဘူး၊

..........

တိုးတက်တဲ့နိုင်ငံတွေမှာ အိမ်ဘေးက ကားသစ်စီးရင်.... " Congratulations " လုပ်တယ်၊ မုဒိတာပွားနိုင်တာကိုပြတာ၊ ဒါကြောင့်လဲတိုးတက်ကြတာ။

မြန်မာမှာက အိမ်ဘေးက ကားသစ်စီးရင် မေးငေါ့ပြီး " ဘာတွေလုပ်လို့ ဒီလိုကားမျိုး ဝယ်နိုင်ရတာမှန်းမသိတာ "... ရယ်လို့ အငုံ့စိတ်ကို ဖေါ်ပြလေ့ရှိကြတယ်၊

..........

သင့်အကြောင်း အခြားတယောက်ယောက်က ပြောနေပြီဆိုရင် ဂုဏ်ယူလိုက်ပါ

အဲ့ဒီသူက သင့်ကိုအားကျနေပြီး၊ လိုက်မမှီတာနဲ့ မရှိမဲ့ ရှိမဲ့ အငုံ့စိတ်တွေကို ဗုံးပေါ လအောထုတ်ပြနေတာလို့ သာမှတ်လိုက်ပါ

ဒေါသ သွားမထွက်နဲ့
သနားလိုက်ပါ
သူ့ခင်မြာ လိုက်မမှီရှာပဲ သင့်ကိုအားကျရှာနေလို့သာပါ၊


#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️


လုပ်ရဲ ကိုင်ရဲတာကတော့ ထရမ့်ကိုအမှတ်ပေးရလိမ့်မယ်၊

Tariff ကိစ္စမှာ သူ့အကြံပေးတွေကို မတိုင်ပင်ပဲ သူ့စိတ်ခံစားချက်နဲ့ လုပ်ချလိုက်တာတချို့ရှိတယ်လို့ အသံထွက်လာတယ်၊

နိုဘယ်ဆုရှင် (၂) ဦးအပါအဝင် ထိတ်တန်း CEO အတော်များများက ရီဆက်ရှင်ဖြစ်မယ်လို့ ကြိုပြောထားတာမှာ Q-1 data အရ -0.3% ပြလို့ ရီဆက်ရှင်ဖြစ်သွားခဲ့ပြီ ( ထရမ့်ကိုယ်တိုင်က ရီဆက်ရှင်ကိုလက်ခံပြီး ဘိုင်ဒင်ကိုပုံချတယ် )

စတော့ ညွှန်းကိန်းတွေကျတဲ့အထိ ထရမ့်ကြီးခေါင်းမာနေဆဲပဲ၊ Economic index ကျတာတွေ့တော့မှ Tariff ကိုအခြေခံ 10% ပြန်ချပြီး ရုတ်တရက် ရက် (၉၀) ဆိုင်းငံ့ပေးလိုတာဟာ သူမှားကြောင်း ဝန်ခံလိုက်တာပဲ၊ (၂) ရက်ခံမူဝါဒလို့ နာမယ်ကြီးသွားတယ်၊

တပြိုင်နက်ထဲမှာ ထရမ့်ဟာ အမှန်တကယ်ပဲ Make American Great ကိုလုပ်နေတာလား၊ ဒါမှမဟုတ် MAGA ခေါင်းစဉ်တပ်ပြီး Rule of Law နဲ့ Constitution ကိုဖျက်နေတာလား🚩 ဆိုတဲ့အယူအဆတွေ ထွက်လာပြီး အကြီးအကျယ်ဝေဖန်ခံနေရတာနဲ့ရင်ဆိုင်နေရတယ်၊


#BaMg(NZL) ☯️
https://t.me/drmyat001
သီပေါမြို့နယ်က MNDAA နှင့် စစ်ရေးတင်းမာနေသော နေရာများသို့ SSPP ကအင်အားဖြည့်တင်း
*************

သန့်ဇင်(NP News)-မေ ၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်က MNDAAနှင့် စစ်ရေးတင်းမာနေသော နေရာများသို့ SSPPကအင်အားဖြည့်တင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

MNDAAနှင့် SSPPလက်နက်ကိုင်အဖွဲ့တို့သည် ပြီးခဲ့သည့် ဧပြီ ၂၈ရက်မှစတင်ကာ စစ်ရေးတင်းမာလာခဲ့ခြင်းဖြစ်ကာ ယမန်နေ့ မေလ ၁ ရက်ကလည်း သီပေါမြို့နယ်အတွင်းသို့ SSPPမှ တပ်ရင်း(၂)ရင်း အင်အားဖြည့်တင်းနေပြီး ယနေ့ (မေလ ၃ရက်)နံနက်ပိုင်းတွင် ပစ်ခတ် သံများကြားရကြောင်း သိရသည်။

“SSPPတပ်ရင်း(၂)ရင်းတက်သွားတဲ့ကိစ္စက အခုမနက်အသံကြားတယ်။ ချနေတဲ့အသံတွေလေ။ ကျောက်မဲ-သီပေါကြားထဲပေါ့။ သီပေါ ဂွင်လေ။ လက်ရှိမှာတော့ SSPPက MNDAAနဲ့ စစ်ရေးအရတော့ တင်းမာမှုတွေဖြစ်နေတယ်။ ဒါကလက်ရှိအခြေအနေပေါ့။ သီပေါမှာ တော့ အဲဒီလိုမျိုးတွေရှိတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက NP Newsကိုပြောသည်။
ထို့ပြင် လက်ရှိစစ်ရေးတင်းမာနေသည့် ဒေသများတွင် MNDAAနှင့် SSPPခေါင်းဆောင်ပိုင်းအချို့စစ်ရေးတင်းမာမှုနှင့် ပတ်သက်၍ နှစ်ဖက်အကြား ဗဟိုအဆင့် တွေ့ဆုံဖြေရှင်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

သို့သော် သီပေါမြို့နယ်အတွင်း SSPP/SSA တပ်စခန်းများ တည်ရှိရာ နားနန်းကျေးရွာ၊ နားတော်ကျေးရွာ၊ ခိုနန်းဖ၊ တင်းဟိုင်းကျေးရွာ၊ ဆင်ကျော့ ၊ နားတောင့်၊ နားမခေါ်၊ ဖာစေ (သီပေါ) စသည့် နေရာများ၌ MNDAAဘက်မှလည်း အင်အားဖြည့်တင်းမှုများ ပြုလုပ်နေပြီး နှစ်ဖက်တပ်ဖွဲ့ စစ်ရေးတင်းမာသည့် အခြေအနေများ ရှိနေကြောင်းလည်း SSPP Info သတင်းထုတ်ပြန်ချက်အရ သိရသည်။

“အခုတက်သွားတဲ့အနေအထားက ကိုးကန့်တွေဘက်ကိုဦးတည်သွားတယ်လို့ ယူဆရတာပေါ့။ ရွာခံတွေပြောတာပေါ့။ တနေ့ကတည်းက တက်သွားတာ။ နည်းနည်းလေးလှုပ်ရှားမှုရှိတယ်ပေါ့။ အင်အားကတော့ တပ်ရင်း(၂)ရင်းစာလောက်လို့ ပြောလို့ရတာပေါ့။ သူတို့က Faw ကားနဲ့သွားတယ်။ စစ်ရေးတင်းမှာတဲ့နေရာတွေကို SSPPပိုမိုရောက်ရှိနေတာပေါ့။ အခု ကာလမှာ MNDAAကလည်းမဲနေတာ။ သိန္နီမှာ လည်း ရှမ်းနီနဲ့ပြဿနာတက်နေတာ။ MNDAAကလည်း မဲတက်တဲ့အကျင့်ရှိနေတဘ်။ ထွက်နေတဲ့ သတင်းတွေမှာလည်း MNDAAနဲ့ SSPPကခေါင်းဆောင်ပိုင်းတွေ တွေဆုံဆွေးနွေးမယ်လို့ ပြောသံထွက်နေတယ်”ဟု ၎င်းက ဆက်ပြောသည်။

MNDAAအဖွဲ့နှင့် SSPPလက်နက်ကိုင်အဖွဲ့တို့သည် ပြီးခဲ့သည့် ဧပြီ ၂၈ရက်နှင့် ၂၉ရက်တို့တွင် သီပေါဒေသတွင် စစ်ရေးထိတွေ့မှု(၈) နေရာ၊ နှစ်ဘက် တပ်များ ရုန်းရင်းဆန်ခတ် ထိုးကြိတ်ရိုက်နှက်ဖမ်းဆီးမှု (၂၄) နေရာအထိ ရှိခဲ့ပြီး နှစ်ဘက်အဖွဲ့များ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း SSPP ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA၊ TNLAနှင့် SSPPတို့အကြား သုံးပွင့်ဆိုင် နယ်မြေအငြင်းပွားမှုများလည်းဖြစ်ပွားနေပြီး အောက်ခြေပွတ်တိုက်မှုအနေဖြင့် ထိုးကြိတ်သည့်အဆင့်မှ တိုက်ပွဲဖြစ်ပွားသည့်အဆင့်ထိ တင်းမာနေကြကြောင်း သိရသည်။

“ သိန္နီမှာလည်း MNDAAနဲ့ ပြည်သူနဲ့က ပြဿနာတွေတက်ကြတော့ MNDAAကိုမောင်းထုတ် တယ်လေ။ အဲဒီလိုမျိုးလေးတွေ ပြဿနာ တက် တာတွေရှိပါတယ်။ SSPPနဲ့ ကအခုက ကိုးကန့်နဲ့ဖြစ်နေတာဆိုတော့ ကိုးကန့်နဲ့ကတစ်ပိုင်း။ သုံးပွင့်ဆိုင်တွေလည်းဖြစ်နေကြတာပဲ။ ကိုးကန့်နဲ့ ပလောင်နဲ့လည်းဖြစ်တယ်။ ပလောင်နဲ့ SSPPနဲ့ MNDAAတို့ကပတ်လည်ကိုဖြစ်နေတာ။ အဲဒါကတော့ လက်ရှိအနေအထား ပေါ့”ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

#NPNews
https://t.me/drmyat001
May-3

▪️မြင်းမူမြို့က ရွှေဧကရာဇ် ရွှေဆိုင်ကိုဓားပြတိုက်တဲ့ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့က PDF တွေကို ငါန်းဇွန် PDF တွေ ပြန်ဖမ်းတဲ့🙄

▪️"သူခိုးလက်က သူဝှက်လု"ဆိုတာ ဒါမျိုး

Cred
https://t.me/drmyat001