U Nay Win🇲🇲
14K subscribers
97.9K photos
4.93K videos
4 files
78.5K links
Download Telegram
TNLA ၏ အခိုင်အမာစခန်းကုန်း ၂ ခု သိမ်းပိုက်ရရှိ

မေလ ၂ ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် မိမိတပ်စခန်းနှင့် စစ်ကြောင်းများကို လက်နက်ကြီးဖြင့် နှောင့်ယှက်ပစ်ခတ်နေသည့် နောင်ချိုဒေသရှိ အကြမ်းဖက် TNLA အခိုင်အမာစခန်းကုန်း ၂ ခုအား သိမ်းပိုက်ရရှိခဲ့သည်။ စခန်းကုန်းသိမ်းချိန်တွင် ရန်သူသည် ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်းမရှိဘဲ အလောင်း/လက်နက်များ ဆွဲယူကာ ဆုတ်ခွာထွက်ပြေးခဲ့သည်။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ -
(၁) လက်နက်/ခဲယမ်း/ဗုံးသီးများ
(၂) ဘန်ကာ/ပစ်ကျင်းများ
အား သိမ်းပိုက်ရရှိခဲ့ပါသည်။ နယ်မြေရှင်းနေဆဲဖြစ်သည့်အတွက် သတင်းဆက်အား ထပ်မံဖော်ပြပါမည်။
-
နောင်ချို = ပလောင်ငို 💪💪💪
-
# တိုက်ပွဲသတင်းစုံ
https://t.me/drmyat001
Breaking News

2-5-2025 (ယနေ့) မိုးဗြဲဘက်မှာလည်း တပ်မတော်က ရန်သူ့အခိုင်အမာ စခန်းတွေကို တစ်ဆင့်ပြီးတစ်ဆင့် တက်ညီလက်ညီနဲ့ သိမ်းပိုက်နေပါတယ်။
-
တရားသောစစ် .. အောင်ရမည်။
-
# တိုက်ပွဲသတင်းစုံ
https://t.me/drmyat001
လာရှိုးမြို့နေရပ်ပြန်ကြမဲ့ပြည်သူများ အစစအရာရာ ဂရုစိုက်ကြပါ မသင်္ကာရင် တပ်မတော်ကိုဆက်သွယ်အကြောင်းကြားကြပါ

Cred
https://t.me/drmyat001
ဒေလီတွင် လေပြင်းတိုက်၍လူလေးဦး ‌ေ-သဆုံး၊ လေယာဉ်ခရီးစဉ် ၂၀၀ ခန့် နှောင့်နှေး

အိန္ဒိယနိုင်ငံ ဒေလီနှင့် မြို့တော်ဒေသတို့တွင် ယမန်နေ့(မေလ ၂ရက်နေ့) နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှု၊ ဖုန့်မှုန့်မုန်တိုင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လေကြောင်းခရီးစဉ် ၂၀၀ ခန့် နှောင့်နှေးခဲ့ရသည်။ ဒေလီမြို့တော်၏ ဒွါကာ အရပ်တွင် လေပြင်းကြောင့် နေအိမ်ခန်းပေါ် သစ်ပင်ပြိုကျ၍ အမျိုးသမီးတစ်ဦးနှင့် သူ၏ သားသမီးသုံးဦး ‌ေ-သဆုံးခဲ့သည်။
         
ဒေလီမြို့ အင်ဒီရာဂန္ဒီနိုင်ငံတကာ လေဆိပ်သို့ ပျံသန်းနေသည့် လေယာဉ်သုံးစင်းသည် အာမက်ဒါဘတ်နှင့် ဂျိုင်ပူရ်သို့ လမ်းကြောင်းပြောင်းခဲ့ရသည်။ တဖန် ဘန်ဂလို-ဒေလီ ခရီးစဉ်နှင့် ပူနေး-ဒေလီ ခရီးစဉ် ပျံသန်းသော လေယာဉ်များသည်လည်း ဂျိုင်ပူရ်သို့ လမ်းကြောင်းပြောင်းဆင်းသက်ခဲ့ရသည်။ ဒေလီလေဆိပ်၏ ပျှမ်းမျှ လေယာဉ်ခရီးစဉ် ကြန့်ကြာမှုသည် ဆိုက်ရောက်ခရီးစဉ်များအတွက် ၂၁ မိနစ်နှင့် ထွက်ခွာခရီးစဉ်များအတွက် ၆၁ မိနစ် ရှိခဲ့သည်ဟု FlightRadar က ဖော်ပြခဲ့သည်။
          
#Popular
https://t.me/drmyat001