U Nay Win🇲🇲
14K subscribers
97.9K photos
4.93K videos
4 files
78.5K links
Download Telegram
စစ်တွေနဲ့ကျောက်ဖြူကို ရဖို့ AA က ပတ်ပတ်လည် တိုက်စစ်ဆင်နေတာ ရှိတယ်။ ဒါက သင်္ကြန်မတိုင်ခင်ကတည်းကပဲ။ အထူးသဖြင့် လက်ရှိ ဖြစ်နေတဲ့ စစ်ပွဲတွေဟာ စစ်တွေ မြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်ထဲက ကျေးရွာတွေထဲမှာ ဖြစ်နေတာ များတယ်။ တကယ် လည်း မြေပြင်မှာ စစ်တွေနဲ့ ကျောက်ဖြူကို ရဖို့ ဒီမြို့တွေရဲ့ ပတ်ပတ်လည်း ကျေးရွာ တွေမှာ အခိုင်အမာ ဆက်သွယ်ရေးတူးမြောင်းတွေ တူးပြီး တဖြည်းဖြည်း တိုက်စစ် ဖွင့်နေတာလည်း မြင်ရတယ်။ သူတို့ရဲ့ အားသာချက်ဖြစ်တဲ့ မြေခွေးဝပ်ကျင်း တွေ တူးပြီး ဆက်သွယ်ရေးမြောင်းတွေဆိုရင်လည်း ခန့်မှန်း ၂ မိုင်နီးပါး ရှည်တဲ့အထိ ပြင်ဆင်ထားတာ မျိုးတွေ မြင်ရတယ်။
------
ဒါပေမယ့် ဝမ်းနည်းစရာတစ်ခုကတော့ ကျေးရွာတွေကို အခြေပြုပြီး တိုက်စစ်ဖွင့်တဲ့အခါ ၊ နှစ်ဖက်တပ်တွေ အပြိုင်အဆိုင် ခံစစ်/တိုက်စစ် ဖွင့်ကြတဲ့အခါ ကြားထဲက ကျေးရွာတွေ မီးလောင်ပျက်စီးသွားတာကတော့ မြင်ရက်စရာမရှိဘူး။ တကယ်တော့ ဒီရွာတွေဆိုတာ ရခိုင်တိုင်းရင်းသားတွေနေတဲ့ ရွာတွေအများစုဖြစ်ကြတယ်။ ရွာတွေ ပျက်စီးသွား ပြီးတဲ့နောက်မှာ ဒီရခိုင်တွေ ဘယ်မှာသွားနေကြမလဲ။ စစ်တွေနဲ့ ကျောက်ဖြူ ရခြင်း/မရ ခြင်းကနောက်ထား။ အရင်ဆုံး ရခိုင်ရွာတွေ ပျက်သွားကြပြီ။ စစ်ရှောင်ဘဝ ရောက်သွားကြပြီ။ စစ်ကြောင့် စာသင်ကျောင်းတွေ မဖွင့်နိုင်တော့ဘူး။ စစ်ကြောင့် Human Resource တွေ ဆုံးရှုံးကုန်တယ်။ အတိတ်သမိုင်းထဲက ရခိုင်မြောက်ပိုင်းမှာ ဘင်္ဂလီနဲ့ ဖြစ်တဲ့ စစ်ပွဲတွေ အဆက်ဆက်ကြောင့်ရခိုင်ရွာတွေ မရှိတော့ဘူး။ ခုလည်း တောင်ပိုင်း အထိတောင် စစ်ဧရိယာက ကျယ်ပြန့်လွန်းနေပြီ။ ဒီအကျိုးဆက်ကို အချိန်မီ မသုံးသပ် နိုင်ရင်…ပညာရေး၊ စီးပွားရေး ကအစ အစစအရာရာ ရခိုင်ဟာ နောက်ကျကျန်ရစ်တော့ မယ်ဆိုတာ အသေအခြာပဲ။
-------
တကယ်တော့ ဒီလိုဖြစ်စဉ်တွေက ရခိုင်တစ်ခုတည်းတော့မဟုတ်ဘူး။ ပြီးခဲ့တဲ့ အပါတ်က လူမှုကွန်ရက်မှာတွေ့တဲ့သတင်းတစ်ခုမှာ စာသင်ကျောင်းထဲ PDF တွေက ဗုံးသီးတွေ လုပ်နေတာ တွေ့ရတယ်။ အလိုလိုမှ…ပညာရေးကို အားမပေးကြတဲ့ အညာဒေသ၊ မွေးလာတာနဲ့ ဆိတ်ကျောင်း၊ နွားကျောင်းဘဝကနေ အတန်းပညာပြီးဆုံးအောင် တက်ဖို့ မလွယ်တဲ့ အညာဒေသရဲ့စာသင်ကျောင်းက PDF ရဲ့ လူသတ်လက်နက်ထုတ်နေတဲ့ နေရာ ဖြစ်နေတာ မြင်ရတာ အတော်လေး ဝမ်းနည်းစရာကောင်းတယ်။
------
ကချင်ပြည်နယ်မှာလည်း သိပ်ကို စည်ကားလွန်းပါတယ်ဆိုတဲ့ဗန်းမော်မြို့က အကောင်း တိုင်း မကျန်တော့ဘူး။ စစ်ကြောင့် မီးလောင်ပြာကျနေတဲ့ မြို့ဟာ တစ်ချိန်ချိန်မှာ စစ်ပွဲတွေအားလုံး အဆုံးသတ် သွားခဲ့ရင်တောင် နဂို မူလအတိုင်းဖြစ်ဖို့ဆိုတာ ဆယ်စုနှစ် ၁ စုစာ မက အချိန်တွေ ပြန်ပေး ဆပ်ရတော့မယ်။
------
ဘယ်လို ရည်ရွယ်ချက်တွေနဲ့ စစ်တိုက်နေကြတာလဲဆိုတာ မတွေးတတ်တော့ဘူး။ တပ်မတော်အုပ်ချုပ်တာ မခံချင်တဲ့သူတွေက ရွေးကောက်ပွဲကိုလည်း မဖြစ်စေချင်ကြတာ တွေ့ရတာ အံ့ဩစရာပဲ။ တကယ်တော့ သူတို့ လက်နက်ကိုင်ကြတယ်ဆိုတာ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်ခံ အစိုးရ တက်လာဖို့လည်း မဟုတ်ဘူး။ ဒေါ်စု ပြန်လွှတ်ဖို့ လည်း မဟုတ်ဘူး။ NUG ရဲ့ မူဝါဒတွေကို မယုံကြည်တော့လို့တောင် CoC ထဲက နှုတ်ထွက် ကြတဲ့လက်နက်ကိုင်တွေက တနယ်တမင်းမှာ လက်နက်ကိုင်စနစ်တွေနဲ့ ဆက်ကြေး ကောက်၊ လူသစ်စု၊ ဗိုလ်ကျ စိုးမိုးဖို့ အတွက်သပ်သပ်လားလို့တောင် မေးစရာရှိလာတယ်။
----------
အချင်းချင်း လူသတ်ကြတာကိုမှ တော်လှန်ရေးလုပ်နေတယ်လို့ ထင်နေကြတယ်။ နိုင်ငံရေး လိုလားချက်က ဘာတွေလဲဆိုတဲ့ အာဂျင်တာလည်း သူတို့မှာမရှိဘူး။ စစ်တိုက်လို့သာ/ သူပုန် ပေါလို့သာ တပ်မတော် ပျက်စီးသွားရိုးဆိုရင်… နှစ်(၈၀)ပြည့် တပ်မတော်နေ့ဆိုတာ ဒီကနေ့အထိ ရှိနေစရာတောင် အကြောင်းမရှိဘူး။ လက်နက် ကိုင်ပြီး ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိတဲ့ သူတွေရှိနေတဲ့ နိုင်ငံမှာ မြို့/ရွာတွေ ပျက်စီးရတာ ဆန်းတော့ မဆန်းဘူးလို့ ဆိုရမယ်။

#(နရီမိုး)
https://t.me/drmyat001
ပြည်မြို့ကနေဝါးခယ်မကိုသွားတဲ့ကျောင်းထိုင်ဘုန်းကြီး၂ပါး ကိုအေအေအဖဲွ့ဖမ်းဆီးထားပြီးပျောက်ဆုံးနေ
မေလ ၁ ရက်

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ မြောက်နဝင်းရွာသစ်ကြီး (ခ) ကံကလေးကျေးရွာက ကျောင်းထိုင်ဘုန်းကြီး ၂ ပါး ဧရာဝတီတိုင်း၊ဝါးခယ်မမြို့ကို ခရီးသွားရာကလမ်းမှာအေအေတို့ဖမ်းဆီးထားပြီးအဆက်အသွယ်ပြတ်တောက်ပျောက်ဆုံးနေတယ်လို့သိရပါတယ်။

ကံကလေးကျေးရွာ လင်းရောင်ခြည်ကျောင်းတိုက်ဆရာတော် သက်တော် ၅၂ နှစ်ရှိ ဦးဉာဏဝရ နဲ့ ဖွတ်ဥကိုင်း (ဣစ္ဆာသရိယ)ကျောင်းတိုက်ဆရာတော် သက်တော် ၆၄ နှစ်ရှိ ဦးပညာလာဘတို့ ၂ ပါးဟာ ဧပြီ ၂၆ ရက်မနက်ပိုင်းမှာ ဥသျှစ်ပင်ကတဆင့်ပုသိမ်-မုံရွာလမ်းအတိုင်းကားမောင်းနှင်သွားရာကယနေ့အထိပြန်လွှတ်မပေး​ေသးဘဲအဆက်သွယ်ပြတ်တောက်နေတာလို့ဆိုပါတယ်။   

ရက္ခီး(AA)တွေဖမ်းထားတာဖါးပြုတ်သတင်းအသေအချာပါ၁၀၀ရာခိုင်နှုန်းပါလွန်ခဲ့တဲ့၃ရက်ထဲကသတင်းလာပေးပို့နေတာပါ👍

#KKM
https://t.me/drmyat001
.

☯️


သတင်းသမား သက်သက်မဟုတ်ပါ
နိုင်ငံနဲ့လူမျိုး မကျဆုံးဖို့အတွက် သဲတပွင့်စာ နိုင်သမျှပံ့ပိုးနေသူပါ

တက်တက်စင်တော့မလွဲပါ
အနည်းအကျဉ်းမျှလောက်တော့ ကွဲလွဲနိုင်တာကို နားလည်ပေးပါ၊

အဓိက အနေနဲ့ Theme ကိုအလေးထားပါတယ်၊

ချစ်ခြင်း မုန်းချင်ဖယ်ပြီး လူငယ်တွေ တွေးမြှော်နိုင်အောင်သာရည်ရွယ်ပါတယ်

လှိုင်းစီး၊ နှမ်းဖြူးစာမျိုးမရေးသလို ဘယ်သူ့ကိုမှလဲ စပြီးတိုက်ခိုက်တာမျိုးလဲမရေးပါ၊ လိုအပ်ရင်ချေပ ပါတယ်၊ စိန်ခေါ်ပါတယ်။


#BaMg(NZK) ( 1.5.25 ) ☯️
https://t.me/drmyat001
.

☯️

ပါကစ္စတန်က ဖြစ်ဖြစ်ချင်း အိန္ဒိယလေယာဉ်ခရီးစဉ်တွေကို သူ့ပိုင်နက်ပေါ်က ဖြတ်သန်းခွင့်ပိတ်တယ်၊

ဒီနေ့ အိန္ဒိယကလဲ ပါကစ္စတန်နဲ့ ချိတ်ဆက်လေယာဉ်အားလုံးကို သူ့ပိုက်နက်ပေါ်ဖြတ်သန်းခွင့်ပိတ်လိုက်တယ်၊

အန္ဒိယက ဘာလို့နောက်ကျရတာလဲ

#NZL
https://t.me/drmyat001
.

☯️


အမေရိကန်စီးပွားရေးဟာ 2025 Q-1 မှာ - 0.3% ဖြစ်သွားတယ်၊ Biden ကြောင့်လို့ ထရမ့်က လက်ညှိုးထိုးတယ်၊

ဘိုင့်ဒင့်ရှေ့သမတက ထရမ့်ဖြစ်ပါတယ်၊ ဘိုင်ဒင်က ထရမ့်လို လက်ညှိုးမထိုးခဲ့ပါဘူး၊ ဘိုင်ဒင့်လက်ထက်က ဈေးကွက်မဟာဗျူဟာ အကြီးအကဲဖြစ်ခဲ့သူ Art Hogan က အလျက်အလက်တွေနဲ့ နှိုင်းယှဉ်ပြီး ဖြေကြားသွားတာတွေ့ရတယ်၊

မငြင်းနိုင်တဲ့ အချက်ကတော့ S&P 500 လိုမျိုး အစိုးရကထုတ်ပြန်တာ မဟုတ်တဲ့ ပြင်ပစတော့ ဈေးတွေရဲ့ ကာလအလိုက်တန်ဘိုး မှတ်တမ်းတွေပါပဲ၊

ထရမ့်မတိုင်မီမှာ ရှိတဲ့အနေအထားကနေ Tariff ကြောင့် အကြီးအကျယ်ပြုတ်ကျသွားလိုက်တာဟာ ရက် (၉၀) ဆိုင်းငံကြောင့် တဝက်လောက်ပဲ ပြန်တက်နိုင်သေးတာမျိုးက " ဘာကြောင့်" ဖြစ်ရသလဲ ၊ ဘယ်သူ့ကြောင့် ဖြစ်ရသလဲ ဆိုတာကို ဖေါ်ပြနေပါတယ်၊


#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️

အစ္စရေးမြို့တော်ဂျေရုဆလင်ဖက်ကို မီးကူးစက်မှုက ဦးတည်နေတယ်၊

အစ္စရေးက တောမီးလောင်တာကစတယ်လို့ဆိုပြီး၊ ယီမင်ဖက်ကတော့ သူတို့ပစ်လိုက်တဲ့ဒုံးကျည်တွေကတဆင့် မီးလောင်တာလို့ဆိုတယ်၊

ဘာနဲ့ချိတ်ဆက်စဉ်းစားနိုင်သလဲဆိုရင် ယီမင်ကဟူသီတွေကိုလေကြောင်းတိုက်ခိုက်ရာမှာ အမေရိကန်ဖက်က UK ဝင်ကူပေးနေရတာရယ်၊ နောက်ဆုံး အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth ကအီရန်ကိုသတိပေးစကားပြောလိုက်တာရယ်က အဖြစ်မှန်ကို အနီးစပ်ဆုံးရရှိစေပါလိမ့်မယ်၊

အီရန်ကို Hegseth ပြောတာက

" ယီမင်ကို အီရန်က ဘယ်လိုလက်နက်မျိုးတွေပေးပို့နေတယ်ဆိုတာ အမေရိကန်က သိတယ်နော် "

#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️

အမေရိကန်ကလဲ ကြမ်းလိုက်တာ...

ရုရှားဆီက စွမ်းအင်ဝယ်ယူတဲ့နိုင်ငံများကို အခွန် 500% ကောက်မယ်တဲ့၊

ဂျမဏီအပါအဝင် အနောက်ဥရောပက ရုရှားဓါတ်ငွေ့ဝယ်နေတဲ့နိုင်ငံတွေ ကျောကော့ပြီ၊ တရုတ်၊ အိန္ဒိယလဲ ပြာဦးမယ်၊

ထရမ့်ကျင့်သုံးနေတာက Protectionism ဆိုတဲ့ အကျိုးစီးပွား ကာကွယ်ရေးဝါဒ မဟုတ်တော့ဘူး၊ Neo Economic Imperialism ဆိုတဲ့ ခေတ်သစ် စီးပွားရေး နယ်ချဲ့ဝါဒရလုံးလုံး ဖြစ်သွားခဲ့ပြီ၊

#BaMg(NZK) ☯️
https://t.me/drmyat001
.

☯️

ကက်ရှ်မီးယား အကြမ်းဖက်ခံရမှုနဲ့ပါတ်သက်ပြီး အိန္ဒိယဖက်က ပြင်းပြင်းထန်ထန် တုန့်ပြန်ပေးဖို့ အတိုက်အခံခေါင်းဆောင် ရာအူးလ်ဂန္ဒိ ကတိုက်တွန်း တောင်းဆိုလိုက်တယ်၊

#NZL
https://t.me/drmyat001
.

☯️

ပါကစ္စတန်ထောက်လှမ်းရေးအကြီးအကဲ ISI ကို ရှားရှားပါးပါး ဖြစ်စဉ်အနေနဲ့ အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် ခန့်အပ်လိုက်တယ်၊

#NZL
https://t.me/drmyat001
.

☯️

Nvidia ရဲ့ CEO ကိုအင်တာဗျူးရာမှာ

" China is not behind, very very closely behind... "

လိုဖြေသွားတယ်၊ အဓိပ္ပါယ်က " တရုတ်ဟာ အမေရိကန်နောက်မှာ မဟုတ်ဘူး၊ အရိပ်လိုကပ်ပါလာနေတယ်"

" AI ပြိုင်ကွဲဟာ အကန့်အသတ်မရှိဘူး၊ ရေရှည်ပြိုင်ပွဲကြီး ဖြစ်ပါတယ် "

စိတ်ဝင်စားစရာကြီးပါ ။


#BaMg(NZL) ☯️
https://t.me/drmyat001
ဗန်းမော် အဲ့ဒီပစ်ချက်မှာ KIA ပဒက် တွေကျတာ ခန့်မှန်း ရာဂဏန်းရှိမယ်။ နာရီစင်နားက မိုးလုံလေလုံ ခန်းမမှာထိတာ တပ်မဟာမှူးပါကျတယ်။

01.05.2025
#KoMaungMaung
https://t.me/drmyat001
မန္တလေးမြို့တွင် အငြိမ်းစားပါမောက္ခအမျိုးသမီးတစ်ဦးအား အိမ်ခြံမြေအရောင်းအ၀ယ်ပြုလုပ်ရန် ​မြေကွက်ပြမည်ဟုဆိုကာ လူသတ်ပြီးပစ္စည်းများယူဆောင်သွားသူအား ဖမ်းဆီးရမိ

မန္တလေးမြို့တွင် အငြိမ်းစားပါမောက္ခအမျိုးသမီးတစ်ဦးအား အိမ်ခြံမြေအရောင်းအ၀ယ်ပြုလုပ်ရန် မြေကွက်ပြမည်ဟုဆိုကာ လူသတ်ပြီးပစ္စည်းများယူဆောင်သွားသူအား မေလ ၁ ရက်နေ့ နံနက် ၁၀နာရီခန့်က (ယနေ့) ဟဲဟိုးမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

" လတ်တလောသူနဲ့ အိမ်ခြံမြေအရောင်းအ၀ယ်ပြုလုပ်နေတဲ့သူက ကျူးလွန်သွားတာပါ ။ အိမ်ခြံမြေပြပြီးတစ်ခါထဲသတ်လိုက်တာ ။၀တ်ထားတဲ့လက်၀တ်လက်စားရွှေထည်တွေ ၊ပိုက်ဆံတွေအပြင် အိမ်ခြံမြေစာချုပ်တွေကိုလည်း ယူသွားတယ် ။သူက ကျူးလွန်ပြီး မိသားစုလိုက် ရှမ်းပြည်ဘက်ပြေးသွားတာ ။အဆင့်ဆင့်နေရာပြောင်းရင်း နောက်ဆုံးဟဲဟိုးမှာ ဒီကနေ့ပဲ သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့ပါတယ်"ဟု ရဲတပ်ဖွဲ့တာ၀န်ရှိသူတစ်ဦးက ဆိုသည်။


#news-eleven
https://t.me/drmyat001
အသိပေး တင်ပြခြင်း

မင်္ဂလာပါခင်ဗျာ

နေ့လည်ပိုင်းက နောင်ချိုမြို့ကို တပ်မတော်မှ သိမ်းပိုက်ရရှိပြီ ဆိုသည့် ရဲသုံးဖေါ် တင်ခဲ့သည့် စစ်သတင်းမှာ
မှန်ကန်မှု မရှိသေးပါဘူးခင်ဗျာ

နောင်ချိုမြို့ကို ရဖိူ့ အတော် နီးကပ်လာနေတာကတော့ အမှန်တရားပါ

စစ်သတင်း အမှန်ကိုဘဲ တင်ပါတယ် စစ်သတင်း အမှားကို လုံးဝမတင်ပါဘူးခင်ဗျာ
နေ့လည်က တင်တဲ့ စစ်သတင်းကို Confirm သေချာလုပ်တော့မှ မိမိတပ်မတော် စစ်ကြောင်းများမှ အတော်နီးကပ်စွာ ခြေကုတ်ယူချီတက်ဆဲ ဖြစ်ကြောင်း ညနေ ၅ နာရီကျော်မှ သတင်းရရှိပါတယ်

ဝမ်းသာရမှာပါ အချိန်သိပ်မကြာတော့ပါဘူးခင်ဗျာ
ရန်သူ့ဘက်ကတောင် Psychological Warfare စိတ်ဓါတ်စစ်ဆင်ရေးအတွက် မမှန်တဲ့ စစ်သတင်းများကို ဟုတ်မှန်သယောင်ယောင် ထုတ်လွင့်နေကြသေးတာဘဲ

ကိုယ်တွေဆီက သတင်းပေးသူကလည်း ဝမ်းသာစေချင်လွန်းလို့ လှမ်းအသိပေးတာမို့ Breaking News အဖြစ် ဖေါ်ပြမိတာမို့
အားလုံးကို တောင်းပန်အပ်ပါတယ်ခင်ဗျာ

အမှားကို ဝန်ခံရဲမှ သတ္တိ မဟုတ်ပါလား
ယောက်ကျားတွေဘဲ
စစ်ပွဲ ဆိုတာက
မနိုင်ရင်ရှုံး
မခိုင်ရင် ကျိုး ဘဲလေ

နောင်ချိုကို တပ်မတော်မှ အောင်မြင်စွာ သိမ်းပိုက်ပြီးချိန်မှာ သတင်းဦးအဖြစ် တင်ပြနိုင်ရေး စီစဥ္ဆောင်ရွက်ပါ့မယ်ခင်ဗျာ

အားလုံးကို လေးစားရိုသေစွာဖြင့်

ရဲသုံးဖေါ်
၂၀၂၅ မေ ၀၁ ၁၉၀၀
#Bosaw
https://t.me/drmyat001
နောင်ချိုပြန်ရပြီတို့…

နောင်ချို့မြို့အဝတပ်တွေရောက်နေပြီဆိုတာတွေဟာ

(လုံး၀(လုံး၀)) မဟုတ်ပါဘူးနော်။

ဆရာ့(ဆရာကြီး)တွေ

ပေါက်ကရလော်ပြီးတင်နေတဲ့သတင်းတွေပါ။

၂၉ရက်နေ့က မ၂၁၂နဲ့ မ၂၁၃ ပူးပေါင်းအဖွဲ့တွေ

နောက်ထပ်တစ်ကုန်းထပ်ရထားတာရှိပါတယ်။

ပြောရမယ်ဆိုရင်

အခုနောက်ဆုံးရထားတဲ့နေရာနဲ့နောင်ချိုနဲ့ဟာ

(၁၄)မိုင်တောင်လိုပါသေးတယ်။

ဒီကြားထဲမှာ

##ကံကြီး##

##ရွှေမုဌော##

အစရှိတဲ့နေရာတွေကိုရဖို့

ခဲခဲယင်းယင်း လုပ်ကိုင်ပြီးမှ ရမှာပါ။

တပ်ကစစ်သည်တွေ မောင်ရှင်လောင်းပွဲလှည့်သလို

နောင်ချိုမြို့ထဲကိုအေးအေးဆေး ဆေးဝင်လို့ရတဲ့ အနေအထားမျိုးတွေ ရေးမနေကြပါနဲ့။

# ကိုခိုင်ဇော်

01/05/2025
https://t.me/drmyat001
မိုးဗြဲလယ်တီဘုန်းကြီးကျောင်းအဝင်မုခ်ဦးကို ခံစစ်လုပ်ခဲ့တာကို တပ်မတော်နဲ့ PNO တပ်ဖွဲ့တွေက ရအောင်သိမ်းယူနိုင်ခဲ့ပါတယ်

#Bosaw
https://t.me/drmyat001
မိုးသောက် ထကာ အမြဲပင် ရွတ်ကြလေ
🙏🙏🙏🙏🙏

နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ

နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ

နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ
🙏🙏🙏🙏🙏
သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ ဒွာဒသဉ္စ သဟသာကေ
ပဉ္စသတ သဟဿနိ နမာမိ သိရသာမဟံ။
အပ္ပကာ ဝါဠုကာ ဂင်္ဂါ အနန္တာ နိဗ္ဗုတာဇိနာ။
တေသံ ဓမ္မဉ္စ သံဃဉ္စ အာဒရေန နာမာမဟံ။
နမက္ကာရာ နုဘာဝေန ဟိတွာ သဗ္ဗေ ဉပဒ္ဒဝေ
အနေကာ အန္တရာယာပိ ဝိနဿန္တု အသေသတော။
🙏🙏🙏🙏🙏
https://t.me/drmyat001