U Nay Win🇲🇲
14.1K subscribers
97.7K photos
4.92K videos
4 files
78.4K links
Download Telegram
.

☯️

သမတ Bush လက်ထက် တာဝန်ထမ်းဆောင်ခဲ့သူက အင်တာဗျူးမှာ အမေရိကန်ဟာ မြေအောက်မှာရော၊ ရေအောက်တွေမှာပါ မြို့တွေလောက်ရှိတဲ့ မြေအောက်အခြေခံ (၁၇၀) ကိုတည်ဆောက်ထားခဲ့ပြီးပြီလို့ဆိုပါတယ်၊ အဲ့ဒီမြေအောက် အခြေခံတွေမှာ သယ်ယူပို့ဆောင်ရေးလမ်းတွေကိုပါထဲ့သွင်းထားတယ်လို့ဆိုတယ်၊


#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️


ဘာတွေဖြစ်ကုန်ကြပြီလဲ❗

သံသယဖြစ်ဖွယ် ရုရှားထောက်လှမ်းရေး (၂) ဦးကို ဂျာမဏီထောက်လှမ်းရေးက ဖမ်းဆီးစစ်ဆေးခဲ့ရာမှာ ရုရှားထောက်လှမ်းရေးသမား (၂) ဦးလုံးဆီမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth ရဲ့ ပုဂ္ဂလိက ဖုန်းနံပါတ်တွေကို တွေ့ရှိခဲ့ရပါတယ်လို့ ဆိုတယ်၊

Hegseth ဟာ မူလက Fox News ကသတင်းတင်ဆက်သူလေတော့... သူ့ကွန်ယက်ကလဲ ကျယ်ပြန့်မှာပေါ့လေ၊

နိုင်ငံအဆင့် အဖွဲ့အစည်းခပ်ကြီးကြီးအဆင့်တွေမှာ သိပ်သတိထားရမဲ့အရာတွေပါ ။

#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️


( အဖြေက.... ဒါပါပဲ )


ထရမ့် သမတဖြစ်လာပြီး ရက် (၁၀၀) မှာ... ဒီရလဒ်တွေရလိုက်တယ်၊ မူဝါဒ မှားလား❗မှန်လားဆိုတဲ့အဖြေနဲ့ ဆင် (၂) ကောင်ဝှေ့ကြရာမှာ ဘယ်သူက ဒါဏ်ရာပိုပြင်းပြင်းရသွားသလဲ... ဆိုတဲ့ရလဒ်က ငြင်းလိုမရပါဘူး၊

✅ ကျဆင်းသွားတဲ့ စတော့တန်ဘိုး $11.1 trillion မှာ တဝက်ပဲပြန်တက်နိုင်သေးတာက 🤣အဓိက ညွှန်းကိန်းကြီးတခုပါ

✅ အရုပ်ထုတ်လုပ်တဲ့ကုပ္ပဏီ 46% က သီတင်းပါတ်အနည်းငယ်အတွင်း လုပ်ငန်းတွေဖျက်သိမ်းကြရတော့မယ်

✅ ဖက်ဒရယ်ဝန်ထမ်း (၁၂၈,၀၀၀) အလုပ်က အနားယူကြရမယ်

✅ တရုတ်က အမေရိကန်ပို့ကုန် ကုန်တင်သင်္ဘော 40% ကုန်ပစ္စည်း ဟာလာဖြစ်

✅ ဘွတ်ဖိနပ်ဈေး 87% ခုန်တက်

✅ အဝတ်အထည်ဈေး 65% တက်

✅ US ပို့ကုန် 18% ကျဆင်း

✅ ခရီးသွားလုပ်ငန်း 20% ကျဆင်း

✅ ပြည်ပလုပ်ပစ္စည်းအားလုံး အနည်းဆုံး 10% ဈေးတက်။

တခုချင်းကို ဘယ်လောက်ဆုံးရှုံးသွားတယ်ဆိုတဲ့ပမာဏကို တွက်ထုတ်လို့ရတယ်၊

Tourism ဆိုရင် US ကိုလာလည်ပါတ်သူအရေအတွက် 20% ကိုသာဖေါ်ပြထားတာပါ၊ ဆက်စပ်အရာများဖြစ်တဲ့ ဟိုတယ်၊ စားသောက်၊ သယ်ယူပို့ဆောင်ရေး၊ ဖျော်ဖြေရေးနဲ့ အမှတ်တရပစ္စည်းရောင်းချမှု စတာတွေဆက်စပ်နေလို့ အားလုံးပေါင်းရင် ပမာဏ အလွန်ကြီးမားလှပါတယ်၊

Export 18% ကျဆင်းသွားတယ်ဆိုတာ... ဘမောင်ရေးရေးနေတဲ့ " ကိန်းသေက ကိန်းရှင်" ဖြစ်သွားတဲ့အချက်ပါပဲ၊

ဥပမာ $ 100 bil export ပေါ်မှာ 10% အခွန်ကောက်ရင် $ 10 bil အခွန်ရတယ်၊

အခွန်တိုးတဲ့အတွက် $ 100 bil export က $ 80 bil ဖိုးပဲ export လုပ်နိုင်တော့လို့ အသားတင် export မှာတင် $ 20 bil နစ်နာသွားတာကိုဆိုလိုပါတယ်၊

အကျိုးဆက်က အလုပ်လက်မဲ့တွေပေါ်ထွက်လာပြီး ကုပ္ပဏီတွေပြုတ်သွားရတာပါပဲ၊

မူဝါဒ အမှားတခုရဲ့ ရိုက်ခတ်မှုဘယ်လောက်ကြီးသလဲဆိုတာကို ပြလိုက်တဲ့ ဖြစ်ရပ်တချို့မျှလောက်သာရှိပါသေးတယ်၊

#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️

လူငယ်တွေ ဒါမျိုးများများ ဖတ်သင့်တယ်


စီးပွားရေး၊ နိုင်ငံရေး အပါအဝင်ကဏ္ဏစုံမှာ အကြမ်းအားဖြင့် အဆင့် (၄) ဆင့်ရှိပါတယ်၊

➡️ ပြည်တွင်း
➡️ ဒေသတွင်း
➡️ နိုင်ငံတကာ
➡️ အင်အားကြီးများ

နိုင်ငံတကာအဆင့်ဆိုတာ " အင်အားကြီး" တွေရဲ့ဇာတ်ညှန်းအရသာဖြစ်ပါတယ်၊

နိုင်ငံတကာအဆင့်ကို မြင်တဲ့သူက ပြည်တွင်းကိစ္စတွေမှာ "က" "ခ" လောက်ဖြစ်သွားပါပြီ၊

မြန်မာလူငယ်တွေအနေနဲ့ နိုင်ငံတကာအခင်းအကျင်းကို ကောင်းကောင်းမြင်သွားနိုင်ရင်... အင်အားကြီးတွေရဲ့ မဟာဗျူဟာ ဘာလဲဆိုတာနဲ့ ကိုယ့်နိုင်ငံအပေါ်သက်ရောက်မဲ့ အရာတွေအားလုံးကို အလိုလိုမြင်လာနိုင်ပါလိမ့်မယ်၊

ဒါကြောင့် အဲ့ဒီစာမျိုးတွေကိုများဖတ်ပြီးလေ့လာသင့်တယ်လို့ တိုက်တွန်းချင်ပါတယ်၊

#BaMg(NZL) ☯️
https://t.me/drmyat001
ဘယ်လိုဘဲ မျှားခေါ်ခေါ်
ခဲမှန်နေကြတဲ့ ငှက်ငယ်လေးတွေကတော့ ကုသနေဆဲမို့ သွားကြတာ မမြင်မိသလောက်ပါဘဲ
😢😢😢😢😢
၈၂လမ်း ၃၆.၃၇ကြား မဟာအောင်မြေ
အထက (၁၃)​ကျောင်းတွင်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်ကေျာင်းသူကျောင်းသားများအတွက်နေစရိတ်စားစရိတ်ငြိမ်းတက္ကသိုလ်ပါမောက္ခများကိုယ်တိုင်စနစ်တကျသင်ကြားပေးမည့်နိုင်ငံတော်အစိုးရမှစီစဉ်ပေးသောCampဖြစ်ပါသည်၂၈.၄.၂၀၂၅တွင်စတင်ဖွင့်လှစ်ပါပြီ

Cred
https://t.me/drmyat001
This media is not supported in your browser
VIEW IN TELEGRAM
အနောက်တံခါးအတွက်
ခေါက်ထားစမ်းပါဆိုတဲ့ သူတွေ မြင်တတ်ကြပါစေတော့
ဆက်ပြီးးးအထင်သေးနေရင်တော့ ရင်လေးရုံမှအပ အခြားးမရှိ
👇👇👇👇👇
နုတုန်းကုမှ ပျောက်မယ့် ရောဂါ မြန်မြန်ကုကြပါ။

#Phoesi
https://t.me/drmyat001
နုတုန်းကုမှ ပျောက်မယ့် ရောဂါ မြန်မြန်ကုကြပါ

ဒီရက်ပိုင်းမှာ မြန်မာအတွက် အန္တရာယ်ရှိတဲ့ issue တစ်ခုအနေနဲ့ ရှိနေခဲ့တာကလည်း ရခိုင်ပြည်နယ်အရေးက တစ်ခုအနေနဲ့ ပါဝင်နေတယ်။ စိုးရိမ်ရတဲ့ အခြေအနေလို့လည်း ပြောလို့ရတယ်။ ဘင်္ဂလားဒေ့ရှ်ကိုဖြတ်သန်းပြီး ရခိုင်ပြည်နယ်ကို လူသားချင်းစာနာမှုအကူအညီပေးရေးစင်္ကြန်တည်ဆောက်မည့် ကုလသမဂ္ဂရဲ့ အဆိုပြုမှုကို ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရက မူအားဖြင့် သဘောတူလိုက်တယ်လို့လည်း တွေ့ရတယ်။ ဘင်္ဂလားဒေ့ရှ် ဂျာမတ်-အီး-အစ္စလာမ်မီပါတီက ဘင်္ဂါလီအများစုနေထိုင်ရာဒေသကို လွတ်လပ်တဲ့ ရခိုင်ပြည်နယ်သစ်အဖြစ်ဖန်တီးသတ်မှတ်ရေး တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲနှင့် တွေ့ဆုံခဲ့တဲ့ အစည်းအဝေးမှာလည်း အဆိုပြုလိုက်တယ်လို့ ကြားသိရတယ်။ တရုတ်အစိုးရအနေနဲ့ကတော့ တခြားနိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်‌ရောက်စွက်ဖက်တာမျိုးမလုပ်ဘူးလို့ပဲ တရုတ်ကိုယ်စားလှယ်အဖွဲကလည်း ပြန်လည်တုံ့ပြန်ခဲ့တယ်လို့ သိရတယ်။ အခုလည်း တည်ဆဲအစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအပေါ် ဂုဏ်သိက္ခာမဲ့စွာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ သံတမာန်ကျင့်ဝတ်ချိုးဖောက်နေမှုတစ်ခုကိုလည်း ထပ်တွေ့နေရတယ်။ ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်သူတွေကတော့ ကြားညှပ်ဦးမှာ မြင်ယောင်မိတယ်။ အစိုးရအနေနဲ့ကလည်း ရခိုင်အရေးနဲ့ ပတ်သက်ပြီး ဘယ်လို မူဝါဒတွေ ချထားသလဲဆိုတာလည်း သိချင်မိတယ်။ ရခိုင်အရေးဟာ ရောဂါတစ်ခုအနေနဲ့ သတ်မှတ်ခဲ့မယ်ဆိုရင်တောင် နုတုန်းမြန်မြန် ကုကြပါလို့ပဲ အကြံပေးချင်တယ်။

#Phoesi
https://t.me/drmyat001
နေရာတိုင်းမှာ အကွဲအပြဲတွေပါဘဲ
👇👇👇👇👇
အစ္စ​ရေး​ထောက်လှမ်း​ရေးအကြီးအကဲနှုတ်ထွက်မည်
NOM
အစ္စ​ရေးဝန်ကြီးချုပ်​နေတန်ယာဟုနှင့်အချင်းများပြီး​နောက်အစ္စ​ရေးပြည်တွင်း​ထောက်လှမ်း​ရေး(ရှင်းဘတ်)အကြီးအကဲရိုနန်ဘားသည်ဇွန်လ၁၅ရက်တွင်ရာထူးမှနှုတ်ထွက်မည်ဟု​ကြေညာလိုက်သည်။

Cred
https://t.me/drmyat001
.

☯️


( လူ့သန္တာန်တွင်းက ပညာ "၃" မျိုး )

⏺️ မွေးရာပါ ဉာဏ်ရည်မြင့်
⏺️ လေ့လာဆည်းပူးခြင်းမှရရှိ
⏺️ ဝိပဿနာ ပညာ

အချို့က မွေးရာပါ IQ မြင့်တယ်၊ လမ်းမှန်ပေါ်ရောက်ရင် အဲ့လိုလူမျိုးကို ဘယ်သူမှလိုက်မမှီနိုင်ဘူး၊ တချို့ကျတော့ မွေးရာပါ IQ မြင့်ပေမဲ့ လက်ရှိဘဝမှာ မကျိုးစားတာ၊ လမ်းမှားရောက်တာက ပင်ကိုယ်အရည်အသွေးကို ဖျက်ဆီးပစ်လိုက်သလိုဖြစ်တယ်၊

ဒုတိယ ပညာကတော့ လေ့လာသင်ယူရင်းရလာတဲ့ပညာပါ၊ မွေးရာပါ IQ မမြင့်ပေမဲ့ ဒါးတွေလိုသွေးရင်း ထက်မြက်လာတယ်၊ တဖြည်းဖြည်း IQ တက်လာပါတယ်၊ အိုင်စတိုင်းဟာ ငယ်စဉ်က တက္ကသိုလ်ဝင်ခွင့်တောင် မအောင်ခဲ့ပါဘူး၊

အားလုံးကို ဖျက်ဆီးပစ်သွားတာက ( ပျင်းရိခြင်းနဲ့ လမ်းမှားရောက်ခြင်းပါပဲ ) ၊ မြန်မာတွေ FB သုံးတဲ့နေရာမှာ နိုင်ငံတကာအရေးအခင်းတွေကိုမလေ့လာပဲ၊ ဆြာကြီးတွေလို "မန့်" နေတာမျိုးပါ။

နောက်ဆုံး အမြင့်ဆုံးပညာကတော့ ဝိပဿနာပညာပါ၊ နောက်ဘဝအထိ အကျိုးဆက်ကြီးလှပါတယ်၊

( ပါချုပ်ဆရာတော်ကြီး တရားကိုအခြေခံ ရေးသားခြင်းသာပါ )

#BaMg(NZL) ☯️
https://t.me/drmyat001
ထိုင်းနိုင်ငံ စမွတ်စခွန်ပြည်နယ်တွင်
အကြမ်းဖက် NUG အဖွဲ့နှင့်
PDF ထောက်ပို့များဖွင့်လှစ်ထားသည့်
Happy Bar ကို ထိုင်းရဲကဖမ်းဆီး...

CDM ဝန်ထမ်းအချို့နှင့် မူးယစ်ဆေးများပါဖမ်းဆီးမိ…

# မှိုင်းဝေ
https://t.me/drmyat001
.

☯️


ဒီတခါတော့...
သင်္ဂြိုဟ် (၉) ပိုင်းနဲ့ ပဋ္ဌာန်းကို (၃) နှစ်ကျော်လောက် ကျကျနန သင်ခွင့်ရလိုက်တယ်၊

သင်္ကြန်တွင်း ခဏနားတဲ့အချိန်မှာ ဆရာမကြီး ဒေါ်ခင်လှတင်ရဲ့ သင်တန်းပို့ချချက်တွေကို ထပ်နာဖြစ်တယ် ( လက်ဖြားခါလောက်အောင်တော်တဲ့ ဆရာမကြီးပါ )

" ကျမတို့တတွေ... အခြားအကြောင်းတွေကိုလေ့လာနေကြတယ်၊ အဘိဓမ္မာဆိုတာ ကိုယ့်ကိုယ်ကို လေ့လာခြင်းပါ "

ပါချုပ်ဆရာတော်ကြီးရဲ့ တရားတော်တွေကိုတော့ ညတိုင်း ( ခရီးသွားမှအပ ) နာခဲ့တာ (၁၀) နှစ်ကျော်ခဲ့ပါပြီ၊

ဗုဒ္ဓတရားတော်တွေဟာ ဘယ်လောက်အထိ တန်ဘိုးကြီးသလဲဆိုရင်...

⏺️ ကိုယ်သွားချင်တဲ့ဘုံကို ကျင့်လို့ရတယ်
⏺️ စုတိစိတ်မှာသာ အာရုံမမှားနဲ့
ကိုယ့်လုပ်ရပ်ပေါ်မူတည်ပြီး ဘယ်ဘုံရောက်မယ်အအထိ ( ယျေဘူယျ ) တွက်လို့ရတယ်၊

⏺️ အကုသိုလ်ဂရုကံကြီးတွေကိုသာ မကျူးမိစေနဲ့ ၊ အောက် ဒုဂတိဘုံတွေ မရောက်အောင် ရှောင်လို့ရတယ်၊

✅ အားလုံးဟာ ပညာပေါ်အခြေခံထားတာချည့်ပါပဲ၊ ပညာဖြစ်ဖို့ ဆရာတွေအပေါ် ဂရုကံအဆင့်ထိ မပြစ်မှားဖို့ပဲလိုတယ်၊ ဂရုကံ အထိကျူးပြီးရင်တော့.... ပညာကန်းသွားပါတယ်၊ တဘ စာ ပညာကန်းတာ မဟုတ်ပါဘူး၊ ဘဝအဆက်ဆက်အထိ အလယ် (၅) ဇောက လိုက်အကျိုးပေးတာပါပဲ၊

ကိုယ့်ကိုယ်ကို ပညာကန်းလို့ကန်းမှန်းမသိပါဘူး
တရား ဓမ္မတွေကို သာလိကာလို ကျက်နိုင်ရင် ပညာမကန်းဘူးလို့ ထင်လေ့ရှိကြတာ အလွန်မှားပါတယ်၊

ဘဝရဲ့ အရေးကြီးတဲ့အဆုံးအဖြတ်တွေမှာ " အမှန်ကို အမှားထင်" " အမှားကိုအမှန်ထင်" ပြီး ဘဝပျက်တဲ့အထိ ဆိုးကျိုးတွေ ဖြစ်တာဟာ ပညာကန်းခြင်း တမျိုးဖြစ်တာကို သတိမူမိကြဖို့လိုပါတယ်။

#BaMg(NZL) ☯️
https://t.me/drmyat001
ဗန်းမော်တိုက်ပွဲ သတင်းများ (28-4-2025)

ဧပြီ ၂၈ ရက် တစ်နေ့လုံးတွင် ဗန်းမော်မြို့ရှိ တပ်ဌာနချုပ်များအား အကြမ်းဖက် KIA အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့၍ တန်ပြန်ပစ်ခတ်ခဲ့ရ။ ဖြစ်စဉ်တွင် စစ်သည် ၂ ဦး၊ မှီခို ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
-
ဗန်းမော်မြို့ မင်းလှရပ်ကွက်တွင် လုံခြုံရေးတပ်များနှင့် အကြမ်းဖက် KIA/PDF အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦးကျဆုံး၊ ၂ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ KIA/PDF အလောင်း ၁၀ လောင်း၊ လက်နက်မျိုးစုံ ၉ လက် တို့အား သိမ်းပိုက်ရရှိခဲ့သည်။
-
ဗန်းမော်မြို့ မင်းကုန်းရပ်ကွက်တွင် နယ်မြေရှင်းလင်းနေသည့် လုံခြုံရေးတပ်များနှင့် အကြမ်းဖက် KIA/PDF အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက်မှ ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ KIA.PDF အလောင်း ၆ လောင်း၊ လက်နက်မျိုးစုံ ၈ လက် တို့အား သိမ်းဆည်းရရှိခဲ့သည်။
-
အလားတူ မင်းကျောင်းကုန်းရပ်ကွက်တွင်လည်း နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် KIA/PDF အဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ KIA/PDF အလောင်း ၇ လောင်း၊ လက်နက်မျိုးစုံ ၅ လက် တို့အား သိမ်းပိုက်ရရှိခဲ့ပါသည်။
-
ဖော်ပြပါ 28-5-2025 ရက်နေ့ ဖြစ်စဉ်များအတွင်း စုစုပေါင်း ရန်သူ့အလောင်း ၂၃ လောင်း၊ လက်နက်မျိုးစုံ ၂၂ လက် ရရှိခဲ့ပါသည်။ လိုင်းအခက်အခဲကြောင့် ပုံများရရှိပါက ထပ်မံဖော်ပြပေးပါမည်။
-
ဗန်းမော် = KIA သင်္ချိုင်း 👌
-
# တိုက်ပွဲသတင်းစုံ
https://t.me/drmyat001
Media is too big
VIEW IN TELEGRAM
နောင်ချိုမြို့နယ်၊ ကျောက်မဲလေးစခန်းကို ၂၀၂၅ ဧပြီ ၂၈ ရက်နံနင်ပိုင်းက လာရောက် နှောင့်ယှက်ပစ်ခတ်ပြီး ထွက်ပြေးဝင်ရောက်သွားတဲ့ ရန်သူစခန်း(သစ်တစ်ပင်ကုန်း)အား Drone ဖြင့် တိုက်ခိုက်ချေမှုန်း။
-
# တိုက်ပွဲသတင်းစုံ
https://t.me/drmyat001