U Nay Win🇲🇲
14.1K subscribers
97.7K photos
4.92K videos
4 files
78.4K links
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
၁၂၀မမ စိန်ပြောင်းကျည် တိုက် ရိုက်ထိမှန်တာပါ။ မိုးဗြဲက KNDF ရင်း(၃၁) ကာကင်းပေါ် ဒဲ့ထိတာလို့ တင်လာပါတယ်။

Video Credit.
#MinDin
https://t.me/drmyat001
Media is too big
VIEW IN TELEGRAM
ချမ်းမြသာစည်မြို့နယ်က ရွှေဇာမဏီရွှေဆိုင်ကို လူငါးဦးက နေ့ခင်းကြောင်တောင် ဓားပြတိုက်ပြီး ရွှေ ၂၀ ကျပ်သားကျော်နှင့် ဖုန်းလုယက်

၂၈. ၄ . ၂၀၂၅
Written by Nay Moe

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်က ရွှေဇာမဏီရွှေဆိုင်ကို ဒီနေ့မွန်းလွဲ ၃ နာရီခန့်က နေ့ခင်းကြောင်တောင် ဓားပြတိုက် လုယက်မှုဖြစ်ပွားခဲ့တယ်လို့ ကနဦး သိရပါတယ်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၁၀၃ လမ်းနှင့် ၁၀၄ လမ်းကြား၊ ၅၅ လမ်းပေါ်ရှိ ရွှေဇာမဏီရွှေဆိုင်ကို ပြောက်ကျားဝတ် ၂ ဦး၊ အရပ်ဝတ် ၃ ဦး ဝတ်ဆင်ထားတဲ့ အမျိုးသား ၅ ဦးဟာ Honda Insight အမဲရောင် ယာဥ်နဲ့ ရောက်ရှိလာပြီး သေနတ်အတို ၂ လက်ပြကာ ခြိမ်းခြောက်ဓားပြတိုက်တာဖြစ်ပြီး ဒီ လုယက်မှုမှာ ခင်းကျင်းပြသထားတဲ့ ရွှေဗန်း ၉ ခုထဲက ရွှေ ၂၀ ကျပ်သားကျော်နဲ့ I phone 11 (အစိမ်းရောင်) ကို လုယက်သွားတာ CCTV မှတ်တမ်းမှာ တွေ့မြင်ရပြီး တရားခံဖော်ထုတ်ဖမ်းဆီးဖို့ ရဲတပ်ဖွဲ့က စစ်ဆေးအရေးယူနေတယ်လို့ သိရပါတယ်။

#မန္တလေး #ချမ်းမြသာစည် #ရွှေဇာမဏီ #ဓားပြတိုက် #ရွှေဆိုင် #MT #mtnews
https://t.me/drmyat001
တို့ရွာက လူငယ်လေးတွေ မြင်တွေနိုင်ကြပြီး အမြင်မှန်ရတဲ့အခါ ဦးးဆီကို ဆက်သွယ်ခဲ့ရင် ကူညီပေးဖို့ အသင့်ပါနော်
👇👇👇👇👇

မှားမှန်းသိလို့ အမှားကို ပြင်ဆင်လိုက်ချိန်ဟာ အမှန်တရားအတွက် လမ်းစပဲ။

#Phoesi
https://t.me/drmyat001
.

☯️

သမတ Bush လက်ထက် တာဝန်ထမ်းဆောင်ခဲ့သူက အင်တာဗျူးမှာ အမေရိကန်ဟာ မြေအောက်မှာရော၊ ရေအောက်တွေမှာပါ မြို့တွေလောက်ရှိတဲ့ မြေအောက်အခြေခံ (၁၇၀) ကိုတည်ဆောက်ထားခဲ့ပြီးပြီလို့ဆိုပါတယ်၊ အဲ့ဒီမြေအောက် အခြေခံတွေမှာ သယ်ယူပို့ဆောင်ရေးလမ်းတွေကိုပါထဲ့သွင်းထားတယ်လို့ဆိုတယ်၊


#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️


ဘာတွေဖြစ်ကုန်ကြပြီလဲ❗

သံသယဖြစ်ဖွယ် ရုရှားထောက်လှမ်းရေး (၂) ဦးကို ဂျာမဏီထောက်လှမ်းရေးက ဖမ်းဆီးစစ်ဆေးခဲ့ရာမှာ ရုရှားထောက်လှမ်းရေးသမား (၂) ဦးလုံးဆီမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth ရဲ့ ပုဂ္ဂလိက ဖုန်းနံပါတ်တွေကို တွေ့ရှိခဲ့ရပါတယ်လို့ ဆိုတယ်၊

Hegseth ဟာ မူလက Fox News ကသတင်းတင်ဆက်သူလေတော့... သူ့ကွန်ယက်ကလဲ ကျယ်ပြန့်မှာပေါ့လေ၊

နိုင်ငံအဆင့် အဖွဲ့အစည်းခပ်ကြီးကြီးအဆင့်တွေမှာ သိပ်သတိထားရမဲ့အရာတွေပါ ။

#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️


( အဖြေက.... ဒါပါပဲ )


ထရမ့် သမတဖြစ်လာပြီး ရက် (၁၀၀) မှာ... ဒီရလဒ်တွေရလိုက်တယ်၊ မူဝါဒ မှားလား❗မှန်လားဆိုတဲ့အဖြေနဲ့ ဆင် (၂) ကောင်ဝှေ့ကြရာမှာ ဘယ်သူက ဒါဏ်ရာပိုပြင်းပြင်းရသွားသလဲ... ဆိုတဲ့ရလဒ်က ငြင်းလိုမရပါဘူး၊

✅ ကျဆင်းသွားတဲ့ စတော့တန်ဘိုး $11.1 trillion မှာ တဝက်ပဲပြန်တက်နိုင်သေးတာက 🤣အဓိက ညွှန်းကိန်းကြီးတခုပါ

✅ အရုပ်ထုတ်လုပ်တဲ့ကုပ္ပဏီ 46% က သီတင်းပါတ်အနည်းငယ်အတွင်း လုပ်ငန်းတွေဖျက်သိမ်းကြရတော့မယ်

✅ ဖက်ဒရယ်ဝန်ထမ်း (၁၂၈,၀၀၀) အလုပ်က အနားယူကြရမယ်

✅ တရုတ်က အမေရိကန်ပို့ကုန် ကုန်တင်သင်္ဘော 40% ကုန်ပစ္စည်း ဟာလာဖြစ်

✅ ဘွတ်ဖိနပ်ဈေး 87% ခုန်တက်

✅ အဝတ်အထည်ဈေး 65% တက်

✅ US ပို့ကုန် 18% ကျဆင်း

✅ ခရီးသွားလုပ်ငန်း 20% ကျဆင်း

✅ ပြည်ပလုပ်ပစ္စည်းအားလုံး အနည်းဆုံး 10% ဈေးတက်။

တခုချင်းကို ဘယ်လောက်ဆုံးရှုံးသွားတယ်ဆိုတဲ့ပမာဏကို တွက်ထုတ်လို့ရတယ်၊

Tourism ဆိုရင် US ကိုလာလည်ပါတ်သူအရေအတွက် 20% ကိုသာဖေါ်ပြထားတာပါ၊ ဆက်စပ်အရာများဖြစ်တဲ့ ဟိုတယ်၊ စားသောက်၊ သယ်ယူပို့ဆောင်ရေး၊ ဖျော်ဖြေရေးနဲ့ အမှတ်တရပစ္စည်းရောင်းချမှု စတာတွေဆက်စပ်နေလို့ အားလုံးပေါင်းရင် ပမာဏ အလွန်ကြီးမားလှပါတယ်၊

Export 18% ကျဆင်းသွားတယ်ဆိုတာ... ဘမောင်ရေးရေးနေတဲ့ " ကိန်းသေက ကိန်းရှင်" ဖြစ်သွားတဲ့အချက်ပါပဲ၊

ဥပမာ $ 100 bil export ပေါ်မှာ 10% အခွန်ကောက်ရင် $ 10 bil အခွန်ရတယ်၊

အခွန်တိုးတဲ့အတွက် $ 100 bil export က $ 80 bil ဖိုးပဲ export လုပ်နိုင်တော့လို့ အသားတင် export မှာတင် $ 20 bil နစ်နာသွားတာကိုဆိုလိုပါတယ်၊

အကျိုးဆက်က အလုပ်လက်မဲ့တွေပေါ်ထွက်လာပြီး ကုပ္ပဏီတွေပြုတ်သွားရတာပါပဲ၊

မူဝါဒ အမှားတခုရဲ့ ရိုက်ခတ်မှုဘယ်လောက်ကြီးသလဲဆိုတာကို ပြလိုက်တဲ့ ဖြစ်ရပ်တချို့မျှလောက်သာရှိပါသေးတယ်၊

#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️

လူငယ်တွေ ဒါမျိုးများများ ဖတ်သင့်တယ်


စီးပွားရေး၊ နိုင်ငံရေး အပါအဝင်ကဏ္ဏစုံမှာ အကြမ်းအားဖြင့် အဆင့် (၄) ဆင့်ရှိပါတယ်၊

➡️ ပြည်တွင်း
➡️ ဒေသတွင်း
➡️ နိုင်ငံတကာ
➡️ အင်အားကြီးများ

နိုင်ငံတကာအဆင့်ဆိုတာ " အင်အားကြီး" တွေရဲ့ဇာတ်ညှန်းအရသာဖြစ်ပါတယ်၊

နိုင်ငံတကာအဆင့်ကို မြင်တဲ့သူက ပြည်တွင်းကိစ္စတွေမှာ "က" "ခ" လောက်ဖြစ်သွားပါပြီ၊

မြန်မာလူငယ်တွေအနေနဲ့ နိုင်ငံတကာအခင်းအကျင်းကို ကောင်းကောင်းမြင်သွားနိုင်ရင်... အင်အားကြီးတွေရဲ့ မဟာဗျူဟာ ဘာလဲဆိုတာနဲ့ ကိုယ့်နိုင်ငံအပေါ်သက်ရောက်မဲ့ အရာတွေအားလုံးကို အလိုလိုမြင်လာနိုင်ပါလိမ့်မယ်၊

ဒါကြောင့် အဲ့ဒီစာမျိုးတွေကိုများဖတ်ပြီးလေ့လာသင့်တယ်လို့ တိုက်တွန်းချင်ပါတယ်၊

#BaMg(NZL) ☯️
https://t.me/drmyat001
ဘယ်လိုဘဲ မျှားခေါ်ခေါ်
ခဲမှန်နေကြတဲ့ ငှက်ငယ်လေးတွေကတော့ ကုသနေဆဲမို့ သွားကြတာ မမြင်မိသလောက်ပါဘဲ
😢😢😢😢😢
၈၂လမ်း ၃၆.၃၇ကြား မဟာအောင်မြေ
အထက (၁၃)​ကျောင်းတွင်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်ကေျာင်းသူကျောင်းသားများအတွက်နေစရိတ်စားစရိတ်ငြိမ်းတက္ကသိုလ်ပါမောက္ခများကိုယ်တိုင်စနစ်တကျသင်ကြားပေးမည့်နိုင်ငံတော်အစိုးရမှစီစဉ်ပေးသောCampဖြစ်ပါသည်၂၈.၄.၂၀၂၅တွင်စတင်ဖွင့်လှစ်ပါပြီ

Cred
https://t.me/drmyat001
This media is not supported in your browser
VIEW IN TELEGRAM
အနောက်တံခါးအတွက်
ခေါက်ထားစမ်းပါဆိုတဲ့ သူတွေ မြင်တတ်ကြပါစေတော့
ဆက်ပြီးးးအထင်သေးနေရင်တော့ ရင်လေးရုံမှအပ အခြားးမရှိ
👇👇👇👇👇
နုတုန်းကုမှ ပျောက်မယ့် ရောဂါ မြန်မြန်ကုကြပါ။

#Phoesi
https://t.me/drmyat001
နုတုန်းကုမှ ပျောက်မယ့် ရောဂါ မြန်မြန်ကုကြပါ

ဒီရက်ပိုင်းမှာ မြန်မာအတွက် အန္တရာယ်ရှိတဲ့ issue တစ်ခုအနေနဲ့ ရှိနေခဲ့တာကလည်း ရခိုင်ပြည်နယ်အရေးက တစ်ခုအနေနဲ့ ပါဝင်နေတယ်။ စိုးရိမ်ရတဲ့ အခြေအနေလို့လည်း ပြောလို့ရတယ်။ ဘင်္ဂလားဒေ့ရှ်ကိုဖြတ်သန်းပြီး ရခိုင်ပြည်နယ်ကို လူသားချင်းစာနာမှုအကူအညီပေးရေးစင်္ကြန်တည်ဆောက်မည့် ကုလသမဂ္ဂရဲ့ အဆိုပြုမှုကို ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရက မူအားဖြင့် သဘောတူလိုက်တယ်လို့လည်း တွေ့ရတယ်။ ဘင်္ဂလားဒေ့ရှ် ဂျာမတ်-အီး-အစ္စလာမ်မီပါတီက ဘင်္ဂါလီအများစုနေထိုင်ရာဒေသကို လွတ်လပ်တဲ့ ရခိုင်ပြည်နယ်သစ်အဖြစ်ဖန်တီးသတ်မှတ်ရေး တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲနှင့် တွေ့ဆုံခဲ့တဲ့ အစည်းအဝေးမှာလည်း အဆိုပြုလိုက်တယ်လို့ ကြားသိရတယ်။ တရုတ်အစိုးရအနေနဲ့ကတော့ တခြားနိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်‌ရောက်စွက်ဖက်တာမျိုးမလုပ်ဘူးလို့ပဲ တရုတ်ကိုယ်စားလှယ်အဖွဲကလည်း ပြန်လည်တုံ့ပြန်ခဲ့တယ်လို့ သိရတယ်။ အခုလည်း တည်ဆဲအစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအပေါ် ဂုဏ်သိက္ခာမဲ့စွာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ သံတမာန်ကျင့်ဝတ်ချိုးဖောက်နေမှုတစ်ခုကိုလည်း ထပ်တွေ့နေရတယ်။ ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်သူတွေကတော့ ကြားညှပ်ဦးမှာ မြင်ယောင်မိတယ်။ အစိုးရအနေနဲ့ကလည်း ရခိုင်အရေးနဲ့ ပတ်သက်ပြီး ဘယ်လို မူဝါဒတွေ ချထားသလဲဆိုတာလည်း သိချင်မိတယ်။ ရခိုင်အရေးဟာ ရောဂါတစ်ခုအနေနဲ့ သတ်မှတ်ခဲ့မယ်ဆိုရင်တောင် နုတုန်းမြန်မြန် ကုကြပါလို့ပဲ အကြံပေးချင်တယ်။

#Phoesi
https://t.me/drmyat001
နေရာတိုင်းမှာ အကွဲအပြဲတွေပါဘဲ
👇👇👇👇👇
အစ္စ​ရေး​ထောက်လှမ်း​ရေးအကြီးအကဲနှုတ်ထွက်မည်
NOM
အစ္စ​ရေးဝန်ကြီးချုပ်​နေတန်ယာဟုနှင့်အချင်းများပြီး​နောက်အစ္စ​ရေးပြည်တွင်း​ထောက်လှမ်း​ရေး(ရှင်းဘတ်)အကြီးအကဲရိုနန်ဘားသည်ဇွန်လ၁၅ရက်တွင်ရာထူးမှနှုတ်ထွက်မည်ဟု​ကြေညာလိုက်သည်။

Cred
https://t.me/drmyat001
.

☯️


( လူ့သန္တာန်တွင်းက ပညာ "၃" မျိုး )

⏺️ မွေးရာပါ ဉာဏ်ရည်မြင့်
⏺️ လေ့လာဆည်းပူးခြင်းမှရရှိ
⏺️ ဝိပဿနာ ပညာ

အချို့က မွေးရာပါ IQ မြင့်တယ်၊ လမ်းမှန်ပေါ်ရောက်ရင် အဲ့လိုလူမျိုးကို ဘယ်သူမှလိုက်မမှီနိုင်ဘူး၊ တချို့ကျတော့ မွေးရာပါ IQ မြင့်ပေမဲ့ လက်ရှိဘဝမှာ မကျိုးစားတာ၊ လမ်းမှားရောက်တာက ပင်ကိုယ်အရည်အသွေးကို ဖျက်ဆီးပစ်လိုက်သလိုဖြစ်တယ်၊

ဒုတိယ ပညာကတော့ လေ့လာသင်ယူရင်းရလာတဲ့ပညာပါ၊ မွေးရာပါ IQ မမြင့်ပေမဲ့ ဒါးတွေလိုသွေးရင်း ထက်မြက်လာတယ်၊ တဖြည်းဖြည်း IQ တက်လာပါတယ်၊ အိုင်စတိုင်းဟာ ငယ်စဉ်က တက္ကသိုလ်ဝင်ခွင့်တောင် မအောင်ခဲ့ပါဘူး၊

အားလုံးကို ဖျက်ဆီးပစ်သွားတာက ( ပျင်းရိခြင်းနဲ့ လမ်းမှားရောက်ခြင်းပါပဲ ) ၊ မြန်မာတွေ FB သုံးတဲ့နေရာမှာ နိုင်ငံတကာအရေးအခင်းတွေကိုမလေ့လာပဲ၊ ဆြာကြီးတွေလို "မန့်" နေတာမျိုးပါ။

နောက်ဆုံး အမြင့်ဆုံးပညာကတော့ ဝိပဿနာပညာပါ၊ နောက်ဘဝအထိ အကျိုးဆက်ကြီးလှပါတယ်၊

( ပါချုပ်ဆရာတော်ကြီး တရားကိုအခြေခံ ရေးသားခြင်းသာပါ )

#BaMg(NZL) ☯️
https://t.me/drmyat001
ထိုင်းနိုင်ငံ စမွတ်စခွန်ပြည်နယ်တွင်
အကြမ်းဖက် NUG အဖွဲ့နှင့်
PDF ထောက်ပို့များဖွင့်လှစ်ထားသည့်
Happy Bar ကို ထိုင်းရဲကဖမ်းဆီး...

CDM ဝန်ထမ်းအချို့နှင့် မူးယစ်ဆေးများပါဖမ်းဆီးမိ…

# မှိုင်းဝေ
https://t.me/drmyat001