U Nay Win🇲🇲
13.9K subscribers
97.7K photos
4.92K videos
4 files
78.4K links
Download Telegram
.

☯️

အဖြစ်အပျက်တွေက သိပ်မြန်ဆန်နေတယ်

ကက်ရှ်မီးယားအကြမ်းဖက်တိုက်ခိုက်မှုမှာ နာမယ်ကြီး အကြမ်းဖက်အဖွဲ့ LeT နဲ့ဆက်စပ်နေတယ်ဆိုတဲ့ သတင်းထွက်လာပြီး...

LeT Top commander ဖြစ်တဲ့ Altaf Lalli သုတ်သင်ရှင်းလင်းခြင်းခံလိုက်ရပြီတဲ့၊

ဘယ်ဖက်က သုတ်သင်လိုကိတယ်ဆိုတာတော့ မသိရသေးဘူး၊ PAK ကပဲ့ trick လုပ်ပြီးနှုတ်ပိတ်ပစ်လိုက်သလား❓ ဒါမှမဟုတ် အိန္ဒိယ ထောက်လှမ်းရေးက တီးပစ်လိုက်သလား... ဆိုတာ မသိရသေးပါဘူး၊

နယ်စပ်ကိုတော့ တပ်တွေအဆက်မပြတ်ပို့နေတယ်၊

တူရကီနဲ့တရုတ်က ပါကစ္စတန်ဖက်ကို စစ်ပစ္စည်းတွေ အားချင်းပို့ပေးနေသလို၊ အိန္ဒိယဖက်ကိုလဲ အမေရိကန်က စစ်ပစ္စည်းတွေ လေယာဉ်နဲ့ လာချပေးသွားတယ်၊

(၂) နိုင်ငံအခြေအနေကို "အနီရောင်" အဆင့်
" Red alert " သတ်မှတ်ထားလိုက်ပါပြီ။

#BaMg(NZL) ☯️
https://t.me/drmyat001
အငှားစနစ်ဆိုတာထပ် လက်တွေ့အဲ့အဆောက်အဦးပုံစံမျိုးတွေနဲ့ အခမဲ့တည်ဆောက်ပေးလို့မရဘူးလားဘဲ
မန်လေးတိုင်းအတွက် ဘီလီယံ60 ချပေးထားတာဘဲ
👇👇👇👇👇
နေအိမ်အခက်ကြုံသူများကို နေအိမ် ယာယီငှားရမ်းပေးမည်
-----------------------
ကျောက်ဆည်ခရိုင်မှာ ပြင်းထန်မန္တလေးငလျင်ကြီးကြောင့် လူနေထိုင်ဖို့မသင့်တဲ့၊ အကြီးစားပြုပြင်ဖို့လိုအပ်ပြီး နေအိမ်အခက်အခဲရှိတဲ့ ဝန်ထမ်းတွေ၊ ပြည်သူတွေအတွက် Modular House တွေကို အငှားစနစ်နဲ့နေထိုင်ခွင့်ပေး သွားမယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်က ပြောပါတယ်။ ကျောက်ဆည်ခရိုင်အတွင်းမှာ Modular House အလုံး ၅၀ ထားရှိဖို့ ခန့်မှန်းထားပြီး လက်ရှိမှာတော့ ၁၅ လုံးမှာယူ ထားတယ်လို့ သိရပါတယ်။

မကြာခင်မှာ မိုးကျတော့မှာ ဖြစ်တဲ့အတွက်Modular House တွေဟာ မိုးလုံ၊ လေလုံပြီး၊ လုံခြုံစိတ်ချရတာကြောင့် ငလျင်ဘေးသင့်ပြည်သူတွေအတွက် အမှန်တကယ်လိုအပ်တဲ့အရာဖြစ်တယ်လို့ ကျောက်ဆည်ခရိုင်အုပ်ချုပ်ရေး မှူးဦးကောင်းမြတ်နိုင်က ပြောပါတယ်။ ပြည်သူတွေအတွက် လိုအပ်ချက်ရှိနေတဲ့ Modular House တွေကို ကျောက်ဆည်မြို့နယ်အတွက် အလုံး ၃၀၊ စဥ့်ကိုင်မြို့နယ်အတွက် ၁၀ လုံးနဲ့ မြစ်သားမြို့နယ်အတွက် ၁၀ လုံး ကနဦးအနေနဲ့လျာထားတယ်လို့ ဆိုပါတယ်။

Modular House တွေကို တရုတ်နိုင်ကနေ မှာယူတာဖြစ်ပြီး တစ်လုံးကို စုစုပေါင်းကုန်ကျစရိတ် ကျပ် ၁၂၅ သိန်း ရှိပြီး အခုမှာယူထားတဲ့ Modular House တွေကို ကျောက်ဆည်မြို့က မြို့မိမြို့ဖတွေ၊ လုပ်ငန်းရှင်တွေနဲ့ စဥ့်ကိုင် မြို့က စက်ရုံအလုပ်ရုံလုပ်ငန်းရှင်တွေ စုပေါင်းလှူဒါန်းထားတာပါ။ လက်ရှိမှာ ကနဦး ၁၅ လုံးကိုသာ ရရှိထားပြီး လိုအပ်တဲ့ ၃၅ လုံးအတွက် အလှူငွေရရှိနိုင်ဖို့ မြို့မိမြို့ဖတွေ ပါဝင်တဲ့ အလှူငွေလက်ခံရေးကော်မတီကို ဖွဲ့စည်းထားကာ ဘဏ်အကောင့်တွေ ဖွင့်ထားတယ်လို့ သိရပါတယ်။

#ckkmdy
https://t.me/drmyat001
လျှပ်စစ်ဓာတ်အားမလိုသော ရေခဲသေတ္တာ အိန္ဒိယမှ လူငယ်သုံးဦး တီထွင်အောင်မြင်

အိန္ဒိယနိုင်ငံမှ ဆယ်ကျော်သက်လူငယ်သုံးဦးသည် ဆားကိုအသုံးပြု၍ လျှပ်စစ်မလိုဘဲ အအေးခံနိုင်သည့် မီနီရေခဲသေတ္တာတစ်လုံးကို ဒီဇိုင်းဆွဲတီထွင်ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့သည် ထိုရေခဲသေတ္တာကို လျှပ်စစ်မရရှိသော ကျေးလက်ဒေသများသို့ ဆေးဘက်ဆိုင်ရာပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အထောက်အကူဖြစ်စေရန် ဆေးရုံများသို့ ပေးပို့သွားကြမည်ဖြစ်သည်။

ဒါရုဗ်ချောင်ဒရီ၊ မီသရန်း လဒ်ဟာနီယာ နှင့် မရီဒူးလ်ဂျာအင်တို့သည် အိန္ဒိယနိုင်ငံ အင်ဒိုးမြို့တွင် နေထိုင်ကြပြီး ၎င်းတို့၏ မိဘများသည် ဆေးဘက်ဆိုင်ရာ နယ်ပယ်တွင် အလုပ်လုပ်ကိုင်နေသူများ ဖြစ်ကြသည်။ လျှပ်စစ်မရရှိသော ကျေးလက်ဒေသများသို့ COVID-19 ကာကွယ်ဆေးများ သယ်ယူပို့ဆောင်ရာတွင် အခက်အခဲများရှိကြောင်း ကြားသိရသည့်အခါ ထိုလူငယ်သုံးဦးသည် ဆားကိုအသုံးပြုသည့် အအေးခံနည်းပညာတစ်ခုကို ရှာဖွေရန် ဆုံးဖြတ်ခဲ့ကြသည်။

သူတို့၏ တီထွင်မှုကို "Thermavault" ဟု အမည်ပေးထားပြီး အိန္ဒိယနိုင်ငံ၏ ၂၀၂၅ ခုနှစ် Earth Prize ဆုကို ဧပြီ ၁၉ ရက်နေ့က ရရှိခဲ့သည်။

#Popular
https://t.me/drmyat001
.

☯️


India-PAK ဇာတ်ရှိန်ကတော့ တဆင့်ပြီးတဆင့် မြင့်လာပြီ၊

အိန္ဒိယထဲက ပါကစ္စတန်မှန်သမျှ သတ်မှတ်ရက် Deadline မတိုင်ခင်ထွက်ပေးရမယ်၊

ပါကစ္စတန်လေဆိပ်မှာ စစ်ပစ္စည်းတွေချပေးနေတဲ့ တူရကီနဲ့ တရုတ်လေယာဉ်တွေ ဆင်းလိုက် တက်လိုက်ပဲ၊

အိန္ဒိယက ICBM ကိုစမ်းသပ်ပစ်ပြလိုက်သလို၊ ပါကစ္စတန်ကလဲ ICBM ကိုစမ်းသပ်ပစ်ပြလိုက်တယ်၊

အိန္ဒိယဖက်က ဘယ်လိုသတင်းထပ်ထွက်လာမလဲမသိဘူး၊ မိုဒီကတော့ပြောထားတာရှိတယ်၊

" အကြမ်းဖက်တွေ တွေးထင်မျှော်လင့်ထားတာထက် ဒါဏ်ခတ်မှုက အများကြီးပိုကြီးမားပါလိမ့်မယ်"... တဲ့။

အိန္ဒိယ ခြေလှမ်းပေါ်ကြည့်ပြီး ပါကစ္စတန်က တုန့်ပြန်မဲ့ ပုံရှိနေတယ်။

#BaMg(NZL) ☯️
https://t.me/drmyat001
ကသာ စစ်သတင်းကတော့ တန်းလန်းလေးဘဲဗျ

ကသာ မြို့စောငါ့တပ် 309 ရဲ့ တောင်ဘက် သရက်ခြံဘက်ကနေ Sniper နဲ့ လာပြီး ချောင်းမြောင်း ပစ်နေတာ တစ်ပါတ်လောက် ရှိသိသွားပါပြီ

309 ရဲ့ တောင်ဘက် သရက်ခြံ ဆိုတာက သိမ်အင်းရွာနဲ့ ဘာမှ မဝေးသလို ကသာ ဂေါက်ကွင်းနဲ့လည်း ဆက်စပ်နေပါတယ်

ကီယာနဲ့ ပဒက်တွေက ကသာ ပတ်ဝန်းကျင်ရွာတွေကို အခြေခံပြီး စိမ့်ဝင် ထိုးဖေါက်ထားကြတာကို ကသာ စစ်ဗျူဟာမှုး ကောင်းကောင်းသိတာပေါ့

ကသာ အရှေ့ဘက် အောင်ပုံနဲ့ နတ်ရေတွင်းဘက်မှာရော ကသာရဲ့ မြောက်ဘက် ဟဲနား မင်းလည် ရွှေပြည်သစ်နားအထိကို ရန်သူဘက်က တပ်ဖြန့်ထားပြီးပါပြီ ဒီကောင်တွေကို ယ ရက် နဲ့ န နာရီ D Day နဲ့ H Hour မသတ်မှတ်ပေးရသေးလို့ ကသာမြို့ထဲကိုရော 309 ကိုရော လက်နက်ကြီးနဲ့ မပစ်ခိုင်းထားတာ ယနေ့ လက်ရှိအခြေအနေပါဘဲ

ကသာမြို့ထဲကနေ အရပ်သားတွေ မြို့ပြင်ကို ညနေ ၆ နာရီကျော်တာနဲ့ ထွက်မလာဖို့ သတင်းလွှင့်ထားတယ် ညဘက်တွေမှာ ရန်သူဘက်က မြို့ခံ ပဒက်တွေ အနီကြောင် တွေအကူအညီနဲ့ ကသာဘက်ကို တဖြည်းဖြည်းကပ်နေကြပါတယ်

ဆင်းခန်းတံတားကို ဖြတ် ကားလမ်းအတိုင်း ကသာဘက်ကို ခဲယမ်း ဗုံးသီး ဆေးဝါး စစ်ကူများ ပို့ပေးမည့်အစီအစဥ္ ရှိနေလေရာ အချိန်အခါကောင်း တစ်ခုကို စောင့်နေကြတဲ့ အနေအထားဖြစ်ပါတယ်ခင်ဗျာ

ကသာမြို့ခံ အတော်များများလည်း သင်္ကြန်ကာလ မတိုင်မှီထဲကနေ မြို့ပေါ်က ခွါကုန်ကြပါပြီ ကျန်တဲ့ သူတွေလည်း ကျန်နေကြတာပေါ့

ယနေ့ မနက်ကနေ စပြီး ကသာမြို့သိမ်းတိုက်ပွဲ စတော့မယ်လို့ သတင်းတွေ ထွက်လာလို့ ထိတ်လန့်နေကြပေမဲ့ 309 မြို့စောင့်တပ် ရဲ့ တောင်ဘက်အခြမ်း သရက်တောဘက်ကနေ Sniper နဲ့ လာချောင်းပစ်တာတော့ ရှိပါတယ် ထိခိုက်မှုမရှိပါဘူး

ကသာမြို့သိမ်းဖို့အတွက် ဧရာဝတီအရှေ့ဘက်ကမ်းက ပုလွေရွှေ ကင်ပွန်းခြုံ နွယ်နီအိုင် ဗွက် စတဲ့ဒေသက ပဒက်ဒေသခံတွေ ဘက်ကလည်း ကသာမြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်ဆိုရင် အသင့်စုဖွဲ့ ပြင်ဆင်ထားကြလေရဲ့ဗျာ

ပွင့်လင်းရာသီ နွေ ခေါင်ခေါင်မှာ မိုးကြိုးပစ်တာခံရတော့မှာတော့ မြင်ယောင်မိပါသေးတယ်

ဖြစ်လာရင် ပွဲကြီးပါလိမ့်မယ်
အသေအပျောက်များနိုင်ပါတယ် တပ်မတော် ဘက်ကလည်း အတော်ကို ပြင်ဆင်ထားတာပါ
အချိန်တန်ရင် သိရပါလိမ့်မယ် ဖေါ်ပြခွင့်လည်း မရှိပါ

ရန်သူဘက်က ဗန်းမော်မှာ ယနေ့ ထပ်ပြီး တက်လုံးပေမဲ့ မနက် ၉ မာရီခန့်က ပြန်လန်ကျသွားပါတယ် ထိခိုက် သေဆုံးမှု အတော်များပါတယ်
ကသာ ဘက်ကို ခြေဦး လှည့်ဖို့ ပြင်ဆင်ထားကြပေမဲ့ ထင်သလို ဖြစ်မလာတော့ ဂွမ်မော်နဲ့ အင်ဘန်လ တို့ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေဟန်ပါဘဲ

အသေးစိတ် အချက်အလက်များကို ဖေါ်ပြချင်ပါသော်လည်း ဒီလောက်နဲ့ နှစ်သိမ့် နားလည်ပေးပါခင်ဗျာ

ရဲသုံးဖေါ် ရဲ့ စစ်သတင်းအမှန်တွေက အရမ်းမှန်လွန်းလို့ အချက်အလက်များကို
သိသင့်တာထက် ပိုပြီး မဖေါ်ပြဖို့ Break လုပ်ခိုင်းထားကြောင်းပါခင်ဗျာ

အပျင်းပြေ အပျော်ဖတ် ဆောင်းပါး ဝတ္တု မဟုတ်သောကြောင့် စစ်သတင်းအမှန်သိလိုဘးသူများအတွက်သာ ရသေ့စိတ်ဖြေ ရေးသား ဖေါ်ပြနေရသည်ကို စာနာ နားလည်ပေးပါရန် လေးစားစွာ တင်ပြအပ်ပါသည်

ရခိုင်ရိုးမပေါ်က ညောင်ကျိုးစခန်း အနီးရှိ ချင်းကုန်းစခန်းကို လွန်ခဲ့သည့် ၂ ရက်က ပြန်လည်ရရှိထားပြီး ရခီးခွေးအ နဲ့ ပဒက်များ နေက်ကြောင်း ပြန်ဆုတ်ခွါနေရသည့်အတွက် တပ်မတော်မှ ညောင်ကျိူးဒေသအား အကုန်နီးပါး ပြန်လည် ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်ခင်ဗျာ

မနေ့က ဗန်းမော်ခွင် နေရာအနှံ့မှာ တိုက်ပွဲကြီး ဖြစ်ပွါးခဲ့ရာ Fighter Jet ၄ ကြိမ် Y8 Y12 ၄ ကြိမ် ပစ်ကူပေးခဲ့ပြီး
Air Drop ၂ ကြိမ်မှ လိုအပ်သော ပစ္စည်းများ အားလုံး ချကွင်းအတွင်း ရောက်အောင်ချပေးနိုင်ခဲ့လို့ အားလုံး OK မှာ စိုပြေပါတယ်ခင်ဗျာ Pilot ကြီးများ ကကပံ့ နှင့် ကကနက်မှ အရာရှိ စစ်သည်များကို ကျေးဇူးအထူးတင် ဂုဏ်ယူပါကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ

စစ်သတင်းထူးများရှိပါတယ် ဆက်လက်ဖေါ်ပြနိုင်ရေး စီစဥ္ပါ့မယ်ခင်ဗျာ

အားလုံးကို လေးစားရိုသေစွာဖြင့်

ရဲသုံးဖေါ်
၂၀၂၅ အေ ၂၈ ၁၃၂၂
#Bosaw
https://t.me/drmyat001
ပဲခူးမြို့ရှိ ဟံသာဝတီ ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်များအား ပြန်လည်ဖော်ထုတ်နေ

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ဟံသာဝတီရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ်များကို ပြန်လည်ဖော်ထုတ်လျက်ရှိရာ ဟံသာဝတီမြို့ရိုး တောင်ဘက်ရှိ မိုးကောင်းတံခါးပေါက်အနီးမှ ကုန်းဘောင်တံခါးပေါက်အနီးထိ တစ်ဆက်တည်းမြို့ရိုးပြန်လည်ဖော်ထုတ်ထိန်းသိမ်းခြင်း၊ အရှေ့ဘက်ရှိတောင်ငူတံခါးနှင့် အင်းဝတံခါးကြား မြို့ရိုးပြန်လည်ဖော်ထုတ်ထိန်းသိမ်းခြင်း၊ ကျုံးပြန်လည်တူးဖော်ထိန်းသိမ်းခြင်း၊ ကမ္ဘောဇသာဒီနန်းတော်ကြီးအား ဘက်စုံပြုပြင်မွမ်းမံခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်နေမှုများအား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ဧပြီ ၂၆ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့ရိုးဖော်ထုတ်ထိန်းသိမ်းရာတွင် တူးဖော်တွေ့ရှိသည့် အထောက်အထားများအား သက်ဆိုင်ရာပညာရှင်များ၏ အကြံဉာဏ်ရယူ၍ မည်သည့်အဆောက်အဦးဖြစ်နိုင်သည်ကို အတည်ပြုရန်

#Popular
https://t.me/drmyat001
.

☯️


မြန်မာနိုင်ငံက ဧရာဝတီမြစ်ကြီးလိုပဲ အိန္ဒုမြစ်က အိန္ဒိယနဲ့ ပကစ္စတန်အတွက် အသက်သွေးကြော၊

မြစ်ညှာမှာထိုင်ထားတဲ့အိန္ဒိယက အပေါ်စီးက

အိန္ဓုမြစ်ရေကိုပိတ်ရင် အိန္ဒိယကစစ်ကြေငြာတာပဲလို့ ယူဆမယ်ဆိုပြီး ပါကစ္စတန်က ကြေငြာလိုက်တော့ အိန္ဒိယက ပြောင်းပြန်လုပ်ပြီး မြစ်ရေတွေဖေါက်ချလိုက်တော့ ပါကစ္စတန်ဖက်ရေကြီးသွားတယ်၊

သိပ်တင်းမာလာကြရင် အိန္ဒိယက မြစ်ကိုပိတ်မှာစေခြာသလို ပါကစ္စတနကလဲ မစ်ဇိုင်းနဲ့ပစ်ပြီးဖေါက်ခွဲမှာသေခြာပါတယ်၊

#BaMg(NZL) ☯️
https://t.me/drmyat001