U Nay Win🇲🇲
13.9K subscribers
97.7K photos
4.92K videos
4 files
78.4K links
Download Telegram
## ဒီတစ်ခါတော့ ကျနော့်ကိုပေးပြောလိုက်ပါ##(၁)

တောင်ခမ်းအလွန်က ယာပြင်ရွာလမ်းခွဲစခမ်းကုန်းတိုက်ပွဲမှာ ရန်သူဟာ ဘက်ဟိုးတွေနဲ့ သေချာပြင်ဆင်ထားခဲ့တာတွေ့ခဲ့ရပါတယ်။

ဒါကို တမခ-၁၁ လက်အောက်ခံတပ်တွေဖြစ်တဲ့ ခမရ-၂၁၂နဲ့ ခမရ-၂၁၃ တို့ဟာ ရအောင်ယူခဲ့ကြတာပါ။

ဒီပွဲမှာ ပစ သင်တန်းဆင်းလေးတွေဟာ တော်တော်အစွမ်းပြနိုင်ခဲ့တယ်လို့လဲသိရပါတယ်။

အောင်ပွဲရရှိခဲ့သလို ၊ မိမိဘက်ကလည်း အဖိတ်အစင်အချို့ရှိခဲ့တာကတော့ ဓမ္မတာပါ။

ဒါပေမဲ့ …
တစ်ချို့အဖိတ်အစင်လေးတွေ နည်းနိုင်သမျှနည်းအောင် လနကပစ်ကူတွေ ဒီထက်ဖေါဖေါသီသီပေးရပါလိမ့်မယ်။

ဉပမာ ဒဲ့ပြောရမယ်ဆိုရင်တော့

မှူးကြီးအောင်စည်ဖြိုး/မောင်မောင်ဝင်း/ဝင်းမောင်မောင်ဆိုတဲ့ ဗျူဟာမှူးတွေတိုက်တဲ့ပွဲတွေဟာ အဖိတ်အစင်ရှိတဲ့ပွဲဆိုတာ တော်တော်ရှားပါးခဲ့ပါတယ်။

အဲ့ဒီလို ဖြစ်လာဖို့ကလည်း ဒီနည်းဗျူဟာမှူးတွေတော်ကြသလို အမတ-၃၅၄ဘက်ကနေ လက်နက်ကြီးပစ်ကူတွေလည်းကောင်းခဲ့တာလဲ ပါပါတယ်။

တမခ-(၁၁)ဘက်မှာလည်း အမတ-၃၅၄ဘက်ကလို ပစ်ခတ်မှုအားကောင်းကောင်းပေးနိုင်ဖို့လိုပါတယ်။

ကျနော်သိရသလောက်ကတော့ မစခ-၉၀၂ ရဲ့ လနက ပစ်ကူကို ရမခ က ကိုင်တွယ်နေပြီး အမတ-၃၅၄ရဲ့ ပစ်ကူကို ရပခ က ကိုင်တွယ်တယ်လို့လဲ သိရပါတယ်။

တောင်ခမ်းပြန်ရအပြီး နောက်ပိုင်းပွဲတွေမှာ တမခ-၁၁ဘက်အခြမ်းဟာ မကျီးရေဘက်ကအဖွဲ့တွေထက် အလေအလွင့်များနေတာဟာ ဒီလိုကွာခြားချက်တွေကြောင့်ပါ။

ဒါတွေ ကျနော်မရေးချင်ပါဘူး။ တောင်ခမ်းရပြီး နောက်တစ်ဆင့်တက်နေတဲ့ကာလထဲက မရေးဘဲရင်ထဲထားခဲ့တဲ့အကြောင်းတွေပါ။

ဒီနေ့ မရေးမဖြစ်တော့ဘူးထင်လို့ရေးတာပါ။ ရှေ့မှာရွှေမုဌောနဲ့ ကံကြီးမှာ ဒီထက်ပြင်ဆင်မှူ(၁၀)ဆ မက သာပါတယ်။ လုံးပါးမပါးစေလိုပါ။

ခင်ဗျားပစ်ကူပေးနေတဲ့ လနကပုံစံနဲ့ ကျနော်ပစ်ကူပေးမယ်။ ခင်ဗျားရှေ့ကတိုက်ရဲလားလို့တောင်မေးချင်နေပါပြီ။  မေးမကောင်းလို့မမေးတာပါ။

အဘကစထမှူးကြီးကိုတော့ အားနာပါတယ်ဗျာ …

##ဒီတစ်ခါတော့ ကျနော့်ကိုပေးပြောလိုက်ပါ##

# ကိုခိုင်ဇော်
https://t.me/drmyat001
ကျောက်သေတ္တာစေတီအနီးတွင် ဘူမိ/ရူပဗေဒတိုင်းတာခြင်းများပြုလုပ်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၏ အထင်ကရဖြစ်သော စုကြီးရပ်ကွက်ရှိ ကျောက်သေတ္တာစေတီတော်တွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရပြီး ယင်း နေရာအနီးနေထိုင်သူများအတွက် ကျောက်သားပြိုကျလာမည့် အန္တရာယ်ရှိနေခဲ့ရသည်။

ထို့ကြောင့် ယနေ့ ဧပြီ ၂၇ ရက်တွင် ကျောက်သေတ္တာစေတီတော်မြတ်ကြီး၏ အောက်ခံကျောက်သား/မြေသားအခြေအနေအား ဆည်းမြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ဘူမိဗေဒဌာနခွဲ)မှ ဝန်ထမ်းများက ဘူမိဗေဒတိုင်းတာခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ကျောက်ဆည်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
#Popular
https://t.me/drmyat001
.

☯️


အစ္စရေးမြောက်ပိုင်းလဲ ဟူသီတွေရဲ့ပစ်ခတ်မှုကို ကောင်းကောင်းခံနေရပြီ၊ လေကြောင်းအချက်ပေးမှုတွေလဲ ဆူညံနေလေရဲ့၊

ယီမင်က ဟူသီတွေဆိုတာ တချိန်ကဘာမှကြီးကြယ်ခဲ့တာမဟုတ်ဘူး၊ ပင်လယ်ကူးသင်္ဘောတွေကို နှောက်ယှက်ပစ်ခတ်တဲ့အဆင့်ပဲ၊ မြန်မာက ERO တွေနဲ့ နှိုင်းရမယ်ဆိုရင် TNLA အစပိုင်းအဆင့်လောက်ပဲရှိတာ၊

ခေတ်တွေပြောင်းသွားပြီးတဲ့နောက် ဟူသီက အစ္စရေးအထိ လှမ်းပစ်နိုင်တယ်ဆိုတဲ့ အားကနည်းတာ မဟုတ်ဘူး၊

ဒီပုံနဲ့ဆိုရင် အရှေ့အလယ်ပိုင်းထိမ်းရခက်တော့မယ်၊ ပွဲဖြစ်သွားရင်လဲ အကြမ်းစားပွဲကြီးတွေဖြစ်လာကြလိမ်မယ်၊

#BaMg(NZL) ☯️
https://t.me/drmyat001
.


☯️

ဆင် (၂) ကောင်ဝှေ့ရင် (၂)ကောင်လုံးနာမှာပဲ၊ ဘယ်သူက ဒါဏ်ရပိုပြင်းသလဲ❗ဘယ်သူကပိုတောင့်ခံနိုင်သလဲ ❓ ဆိုတာကပဲ စကားပြောတယ်၊

ထရမ့် ကတရုတ်အပေါ် Tariff rate ကို 245% ကနေ 50+% အထိလျော့ချလိုက်တယ်ဆိုကထဲက ဘယ်သူအရှုံးပေးသွားပြီး ဆိုတာရှင်းသွားပါပြီ၊

ဖြစ်လာတော့ စတော့တွေအပြိုင်ပြိုကြတယ်၊ ဘယ်စတော့က ပိုအထိနာသလဲဆိတာ IMF ထုတ်ပန်ချက်က ပြထားတယ်၊ ဂျပန်ကအထိအနာဆုံး၊ အမေရိကန်က ဆုံးရှုံးသွားတဲ့မူလတန်ဘိုး တဝင်္ကလောက်ပဲပြန်ရသေးတယ်၊
( ဒါက ညွှန်းကိန်းတခုပဲရှိသေးတယ် )

ချစ်ခြင်းမုန်းခြင်းတွေရှိနေရင်တော့ မှန်းဆတာတွေလွဲနေဦးမှာပဲ၊ ငါကြိုက်တာကို သူကလက်မခံရင်လဲ ရန်သူများနေဦးမှာပဲ၊

ကိုယ့်စာကိုယ်ရေး
ကိုယ့်အသိကိုယ်ဖြန့်
သူများကိုလိုက်ကြည့်မနေနဲ့
သူများကိုလိုက်ကြည့်နေတာ ဘာကြောင့်လဲဆိုတာ သိသာလွန်းတယ်၊
( ရှက်စရာလဲကောင်းလှပါတယ် )

#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️


( သူကလဲ... ကြိမ်းသဟ )


အိန္ဒုမြစ်ရေခွဲဝေသုံးစွဲရေးကို အိန္ဒိယနဲ့ပါကစ္စတန် (၂) နိုင်ငံအကြား စာချုပ် ချုပ်ဆိုထားတယ်၊ မြစ်ရေသုံးစွဲခြင်းကို အိန္ဒိယက ပိတ်လိုက်ရင် " စစ်ကြေငြာတယ်လို့ယူဆ" မှာဖြစ်ကြောင်း ပါကစ္စတန်ဖက်က တင်ကြိုသတိပေးထားတယ်၊

အိန္ဒိယက မြစ်ရေထိမ်း ရေကာတာကိုဖေါက်ချပစ်လိုက်တော့ ပါကစ္စတန်ဖက် ရေကြီးမှု ဖြစ်သွားပါလေရော ၊

ပါကစ္စတန်မှာ ဩဇာကြီးတဲ့ နိုင်ငံရေးခေါင်းဆောင်က ထပ်ကြိမ်းပြနေပြန်ပြီ၊

" အိန္ဒုမြစ်ရေခွဲဝေသုံးစွဲရေးစာချုပ်ကိုဖျက်ပြီး၊ မြစ်ရေကိုပိတ်ပင်ရင် ပါကစ္စတန်က အနုမြူ (၁၃၀) လုံးဟာ အိန္ဒိယအတွက် ဖြစ်သွားမယ် "

အော်
အိန္ဒိယမှာ အနုမြူမရှိတာ ကျနေတာပဲနော်🤣
လက်နက်အင်အားကလဲ ကွာမှကွာ

#BaMg(NZL) ☯️
https://t.me/drmyat001
Forwarded from Myanmar National Post
Media is too big
VIEW IN TELEGRAM
စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးမည့် အစီအစဉ် နှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ ပြောကြားချက်များအပေါ် ဆရာဦးဌေး ၏ သုံးသပ်ချက်

ဒေါက်တာချောချောစိန်(ညွှန်ကြားရေးမှူးချုပ်၊လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန)၊
ဒေါက်တာခင်သီတာ ( ခေတ္တညွှန်ကြားရေးမှူးချုပ်)၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊
ဦးအောင်ထိုက်(ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန) တို့၏ ပြောကြားချက်များအပေါ် ဆရာဦးဌေး (နတ်မောက်) က ပြန်လည်သုံးသပ် ပြောဆိုထားပါတယ်။

https://t.me/MyanmarNationalPost
.

☯️

အကြမ်းဖက် နာမယ်ကြီး
LeT ( Lashkar-e-Taiba ) နဲ့ ကက်ရှ်မီးယားအကြမ်းဖက်ပစ်ခတ်မှုမှာ ဆက်နွယ်မှုတွေရှိကြောင်း သတင်းအစတော့ ပေါ်လာပြီ၊

#NZL ☯
https://t.me/drmyat001
.

☯️


အိန္ဒိယ ကာကွယ်ရေးဝန်ကြီးနဲ့ မိုဒီတို့ ဒီနေ့ ( ၁၁:၀၀) လောက်မှာတွေ့ကြမယ်ဆိုတော့ အခုလောက်ဆိုရင်ဆွေးနွေးနေကြလောက်ပြီ။

#NZL ☯
https://t.me/drmyat001
.

☯️

အိန္ဒိယ ရေတပ်က (၂) နိုင်ငံတင်းမာနေစဉ်အတွင်း ဒုံးပျံတစင်းကို စမ်းသပ်ပစ်ပြလိုက်တယ်၊

နယ်စပ်မှာတော့ အပြန်အလှန် (၂) ကြိမ်ပစ်ခတ်တိုက်ခိုက်ကြတယ်၊

#NZL ☯
https://t.me/drmyat001
.

☯️

ပါကစ္စတန်နိုင်ငံသားတွေကို အန္ဒိယက နယ်စပ်ကနေပြန်မောင်းထုတ်တယ်၊ အကြမ်းဖက်နဲ့ဆက်စပ်တယ်လို့ယူဆရတဲ့အိမ်တချို့ကို ဖေါက်ခွဲဖျက်ဆီးပြီးပြီး ခပ်ပြင်းပြင်း စတင်တုန့်ပြန်လာတာတွေ့ရတယ်၊

ဝန်ကြီးချုပ်မိုဒီနဲ့ ကာကွယ်ရေးဝန်ကြီးတို့ အခုအချိန်မှာ ဆွေးနွေနေဆဲဖြစ်ပြီး၊ ပြန်ထွက်လာရင်တော့ သတင်းတခုခု ထုတ်ပြန်လိမ့်မယ်လို့ ယူဆရတယ်၊

#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️

အဖြစ်အပျက်တွေက သိပ်မြန်ဆန်နေတယ်

ကက်ရှ်မီးယားအကြမ်းဖက်တိုက်ခိုက်မှုမှာ နာမယ်ကြီး အကြမ်းဖက်အဖွဲ့ LeT နဲ့ဆက်စပ်နေတယ်ဆိုတဲ့ သတင်းထွက်လာပြီး...

LeT Top commander ဖြစ်တဲ့ Altaf Lalli သုတ်သင်ရှင်းလင်းခြင်းခံလိုက်ရပြီတဲ့၊

ဘယ်ဖက်က သုတ်သင်လိုကိတယ်ဆိုတာတော့ မသိရသေးဘူး၊ PAK ကပဲ့ trick လုပ်ပြီးနှုတ်ပိတ်ပစ်လိုက်သလား❓ ဒါမှမဟုတ် အိန္ဒိယ ထောက်လှမ်းရေးက တီးပစ်လိုက်သလား... ဆိုတာ မသိရသေးပါဘူး၊

နယ်စပ်ကိုတော့ တပ်တွေအဆက်မပြတ်ပို့နေတယ်၊

တူရကီနဲ့တရုတ်က ပါကစ္စတန်ဖက်ကို စစ်ပစ္စည်းတွေ အားချင်းပို့ပေးနေသလို၊ အိန္ဒိယဖက်ကိုလဲ အမေရိကန်က စစ်ပစ္စည်းတွေ လေယာဉ်နဲ့ လာချပေးသွားတယ်၊

(၂) နိုင်ငံအခြေအနေကို "အနီရောင်" အဆင့်
" Red alert " သတ်မှတ်ထားလိုက်ပါပြီ။

#BaMg(NZL) ☯️
https://t.me/drmyat001
အငှားစနစ်ဆိုတာထပ် လက်တွေ့အဲ့အဆောက်အဦးပုံစံမျိုးတွေနဲ့ အခမဲ့တည်ဆောက်ပေးလို့မရဘူးလားဘဲ
မန်လေးတိုင်းအတွက် ဘီလီယံ60 ချပေးထားတာဘဲ
👇👇👇👇👇
နေအိမ်အခက်ကြုံသူများကို နေအိမ် ယာယီငှားရမ်းပေးမည်
-----------------------
ကျောက်ဆည်ခရိုင်မှာ ပြင်းထန်မန္တလေးငလျင်ကြီးကြောင့် လူနေထိုင်ဖို့မသင့်တဲ့၊ အကြီးစားပြုပြင်ဖို့လိုအပ်ပြီး နေအိမ်အခက်အခဲရှိတဲ့ ဝန်ထမ်းတွေ၊ ပြည်သူတွေအတွက် Modular House တွေကို အငှားစနစ်နဲ့နေထိုင်ခွင့်ပေး သွားမယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်က ပြောပါတယ်။ ကျောက်ဆည်ခရိုင်အတွင်းမှာ Modular House အလုံး ၅၀ ထားရှိဖို့ ခန့်မှန်းထားပြီး လက်ရှိမှာတော့ ၁၅ လုံးမှာယူ ထားတယ်လို့ သိရပါတယ်။

မကြာခင်မှာ မိုးကျတော့မှာ ဖြစ်တဲ့အတွက်Modular House တွေဟာ မိုးလုံ၊ လေလုံပြီး၊ လုံခြုံစိတ်ချရတာကြောင့် ငလျင်ဘေးသင့်ပြည်သူတွေအတွက် အမှန်တကယ်လိုအပ်တဲ့အရာဖြစ်တယ်လို့ ကျောက်ဆည်ခရိုင်အုပ်ချုပ်ရေး မှူးဦးကောင်းမြတ်နိုင်က ပြောပါတယ်။ ပြည်သူတွေအတွက် လိုအပ်ချက်ရှိနေတဲ့ Modular House တွေကို ကျောက်ဆည်မြို့နယ်အတွက် အလုံး ၃၀၊ စဥ့်ကိုင်မြို့နယ်အတွက် ၁၀ လုံးနဲ့ မြစ်သားမြို့နယ်အတွက် ၁၀ လုံး ကနဦးအနေနဲ့လျာထားတယ်လို့ ဆိုပါတယ်။

Modular House တွေကို တရုတ်နိုင်ကနေ မှာယူတာဖြစ်ပြီး တစ်လုံးကို စုစုပေါင်းကုန်ကျစရိတ် ကျပ် ၁၂၅ သိန်း ရှိပြီး အခုမှာယူထားတဲ့ Modular House တွေကို ကျောက်ဆည်မြို့က မြို့မိမြို့ဖတွေ၊ လုပ်ငန်းရှင်တွေနဲ့ စဥ့်ကိုင် မြို့က စက်ရုံအလုပ်ရုံလုပ်ငန်းရှင်တွေ စုပေါင်းလှူဒါန်းထားတာပါ။ လက်ရှိမှာ ကနဦး ၁၅ လုံးကိုသာ ရရှိထားပြီး လိုအပ်တဲ့ ၃၅ လုံးအတွက် အလှူငွေရရှိနိုင်ဖို့ မြို့မိမြို့ဖတွေ ပါဝင်တဲ့ အလှူငွေလက်ခံရေးကော်မတီကို ဖွဲ့စည်းထားကာ ဘဏ်အကောင့်တွေ ဖွင့်ထားတယ်လို့ သိရပါတယ်။

#ckkmdy
https://t.me/drmyat001