U Nay Win🇲🇲
13.9K subscribers
97.6K photos
4.92K videos
4 files
78.3K links
Download Telegram
ဆက်လက်အောင်ပွဲဆင်နေသည့် တောင်ခမ်းစစ်သည်

ဧပြီ ၂၆ ရက်နေ့တွင် တောင်ခမ်းဒေသ၊ နောင်ချိုမြို့အနီးရှိ လခရဆောင်ရွက်နေသည့်စစ်ကြောင်းအား အပစ်ရပ်စဲထားမှုကို အခွင့်ကောင်းယူ၍ အကြမ်းဖက် TNLA အဖွဲ့မှ အင်အား ၃၀ ဦးခန့်ဖြင့် (၁)ကြိမ်၊ ၆၀ ဦးခန့်ဖြင့် (၁) ကြိမ်၊ ပေါင်း (၂) ကြိမ် လာရောက်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူဆုတ်ခွာသွားခဲ့။ ဆုတ်ခွာ ရန်သူ့နောက်သို့ မြေပြင်စစ်ကြောင်းများ၊ Drone များဖြင့် လိုက်လံချေမှုန်းခဲ့ရာ TNLA စခန်းကုန်းအား ညနေ ၄ နာရီချိန်ခန့်တွင် စီးနင်းသိမ်းပိုက်ရရှိခဲ့သည်။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ကျဆုံး၊ ၃ ဦး ဒဏ်ရာရရှိပြီး လက်နက်ငယ် ၁ လက် ပျက်စီးကာ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် TNLA ၁၀ လောင်း
(၂) သေနတ် ၂ လက်
(၃) ကျည်အိမ်/ ကျည်ဆန်များ
(၄) လက်ပစ်ဗုံးများ
(၅) ပစ်ကျင်း/ဘန်ကာ/ဆသရမြောင်းများ
သိမ်းပိုက်ရရှိခဲ့ပါသည်။
-
အပစ်ရပ်စဲကာလတွင် TNLA သူပုန်များနေဖြင့် အလစ်အငိုက်ရမယ်ထင်ပြီး စတင်တိုက်ခိုက်လေ့ရှိသော်လည်း ၎င်းတို့ရဲ့ စခန်းကုန်းများ တစ်ကုန်းပြီး တစ်ကုန်း တပ်မတော်က သိမ်းပိုက်ရယူသွားကြောင်း တွေ့ရှိရပါသည်။
-
ယခုလို အောင်စိတ်ပြင်းပြင်းဖြင့် နောင်ချိုဒေသရှိ ရန်သူ့စခန်းကုန်းအား သိမ်းပိုက်ရရှိခဲ့သည့် တိုက်ပွဲဝင်စစ်သည်များအား တာဝန်ရှိသူများက ဆုငွေများ ဂုဏ်ပြုချီးမြှင့်လျက်ရှိပြီး တောင်ခမ်းစစ်သည်တော်များ စိတ်အားတက်ကြွလျက်ရှိပါကြောင်း ဂုဏ်ယူဖော်ပြအပ်ပါသည်။
-
# တိုက်ပွဲသတင်းစုံ
https://t.me/drmyat001
🚨တန်ဖိုးကြီးတဲ့အသက်တွေ... ကာကွယ်ကြ/
စောင့်ရှောက်ကြပါ။
■■■■■■■■■■■■■■■■■■
💟Dr.Lamp-Lady

📣 ဒီလို အချိန် ရောက်လာပြီဆိုရင်ဖြင့် ->
ဒီလို စိုးရိမ်ပူပန် သတိပေးစကားတွေ ...
ရေးသားရတာ..အစဥ်အလာလို ဖြစ်နေငြား-
--------------------------------------
👉- အထူးအားဖြင့်- ယခုနှစ်မှာ- ယခုရက်သတ္တ
တပတ်အတွင်း ... ->

■💥"နေ" မှ -> ပြင်းထန်တဲ့ဆိုလာမီးတောက်များ
ကမ္ဘာမြေသို့- ထုတ်လွှတ်နိုင်ကြောင်း
နာဆာက ထုတ်ပြန်ထားပါတယ် - *

■"နေ့အပူချိန်များမှာ မနှစ်ကဧပြီလကုန်ပိုင်းထက်
ပိုမိုမြင့်ကာ တရိပ်ရိပ်မြင့်တက်နေရာ ...
အခုဧပြီလ(၂၆)ရက်နေ့မှ စတင်ပြီး..
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ ချင်းတွင်း
မြစ်ဝှမ်းဒေသများမှာ အပူချိန် ၄၂ ဒီဂရီအထိ
မြင့်တက်ဖွယ်ရှိနေတယ်လို့ သိရပါတယ် -။

💢အခုဧပြီ(၂၇)ရက်မှ- (၃၀)ရက်အတွင်း...
လက်ရှိအပူချိန်ထက်- (2-3)°C ပိုပူလာနိုင်
ကြောင်းနဲ့ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း
လည်း ကြောက်ခမန်းလိလိ,မြင့်တက်နေ
ကြောင်း သိရှိရပါတယ်-။

📣 အသက်-ဥာဏ်စောင့်တာမို့ -
ဒါလေးများ... သတိထားပေးကြပါလို့ ->

● မွန်းတည့်(၁၂)နာရီမှ ညနေ(၄)နာရီအတွင်း..
အတတ်နိုင်ဆုံး- အပြင်မထွက်ပါနဲ့-။
လိုအပ်လို့-အပြင်ထွက်ရရင်လည်း...
အလွန်အေးတဲ့- Air con:ဖွင့်ထားတဲ့နေရာမှ-
ပူတဲ့​နေရာကို ရုတ်တရက်,ထွက်ခြင်း ရှောင်ပါ-။

● မဖြစ်မနေ- အပြင်ထွက်ရတဲ့အခါတိုင်း..

☆ ရေ ဝဝ,သောက်ပြီး ထွက်ပါ-

☆ ထီး၊ဦးထုပ်ဆောင်းပါ၊ နေကာမျက်မှန်တပ်ပါ-

☆ တတ်နိုင်သမျှ- အရိပ်ရတဲ့နေရာမှ သွားပါ-

☆ အပူကိုအလွန်စုပ်ယူနိုင်တဲ့- အနက်/အနီရောင်
အဝတ်များနဲ့ တင်းကျပ်သော၊ပူသောအဝတ်များ
ဝတ်ခြင်းရှောင်ကြဥ်ပါ-

☆ အရောင်နုဖျော့သော- ချည်ထည်အဝတ်
ပွပွချောင်ချောင်သာ- ဝတ်ဆင်ပါ-

☆ ရေသောက်ဖို့ မမေ့ပါစေနဲ့နော်-

*[ရေသောက်ဖို့မေ့နေတတ်တာမို့- သတိထားပြီး၊
ရေ ခဏခဏ,သောက်ပါနော့်- ]*
ရေခဲရည်/အချိုရည်သောက်မယ့်အစား..
ပုံမှန်ရေသန့်သာ- သောက်ပါ-

☆ (အေးလွန်းခြင်း/ပူလွန်းခြင်းမဟုတ်သော-)
ပုံမှန်ရေသန့်- များများ,သောက်ပေးခြင်းဖြင့်-

* ခန္ဓာကိုယ်အပူချိန် ထိန်းညှိပေးရာမှာ-
အထောက်အကူဖြစ်စေတာကြောင့်-
ရေသောက်ဖို့မမေ့ကြပါနဲ့လို့.. ထပ်ခါထပ်ခါ,
အထူး,သတိပေးပါရစေ🥰

☆ ချွေးထွက်များရင် -> အုန်းစိမ်းရည်၊
ဓါတ်ဆားရည် သောက်ပေးသင့်ပါတယ် -

☆ အရက်သေစာသောက်စားခြင်းရှောင်ကြဥ်ပါ-

☆ မိမိနေထိုင်ရာနေရာမှာ -> အတတ်နိုင်ဆုံး,
အေးမြနေအောင်.. စီစဥ်ပြင်ဆင်ပါ-
ဥပမာ- (မိမိတို့အဆင်ပြေသလို..)
Air con: ,ပန်ကာ၊မီးပျက်တဲ့အခါ-ဆိုလာစံနစ်၊
ဘက်ထရီပန်ကာများ..စသဖြင့်စီစဥ်ထားရှိခြင်း၊
လေဝင်လေထွက်ကောင်းအောင်-
ပြတင်းပေါက်များ..ဖွင့်ထားခြင်း၊
ပတ်ဝန်းကျင်တခွင်တပြင်-ရေဖြန်းထားခြင်း၊
စိမ်းလန်းတဲ့-သစ်ပင်ပန်းပင်၊ပန်းအိုးများ
စိုက်ပျိုးထားရှိခြင်း...

● ဆီးချို၊သွေးတိုး၊နှလုံး၊ကျောက်ကပ်..စတဲ့
ရောဂါအခံရှိသူများ၊ အဝလွန်သူများ..နဲ့
သက်ကြီးရွယ်အိုများ၊ ကလေးငယ်များမှာ -
အပူဒဏ်ကြောင့် ပိုပြီးထိခိုက်နိုင်တာမို့-
အထူးဂရုစိုက်စေချင်ပါတယ် -။

● ကိုယ်ခန္ဓာအပူချိန်- အလွန်မြင့်တက်လာပြီး..
ခေါင်းမူးခေါင်းကိုက်၊ ပျို့ချင်အန်ချင်၊
အကြောတက်၊ မူးမေ့သတိလစ်..ဖြစ်လာတာနဲ့-
အပူရှပ်ခြင်း(Heat Stroke)အန္တရာယ်
အချက်ပေးသံမြည်လာတာမို့...အနီးဆုံးဆေးရုံ/
ဆေးခန်း၊ တတ်ကျွမ်းနားလည်တဲ့-ဆရာဝန်/
ဆရာမများထံ အမြန်ဆုံးပြသပြီး၊
စောင့်ရှောက်ကုသမှုခံယူသင့်ပါတယ်-။
အဲ့လိုလူနာများ...တွေ့ ခဲ့ပါကလည်း ->

*( တန်ဖိုးမဖြတ်နိုင်တဲ့-လူ့အသက်များ...
အလဟဿ,မဆုံးရှူံးရလေအောင်.. )
ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါလို့-
မေတ္တာရပ်ခံ တိုက်တွန်းပါရစေ-။

💖ချစ်ခြင်းမေတ္တာဖြင့်

#crd_to_owner_with_respect

🔽🔽🔽🔽🔽🔽🔽
@earthquakereview
@earthquakereview
https://t.me/drmyat001
Breaking News

စစ်သတင်းတွေက နေရာတိုင်း လိုလို ဖြစ်နေတော့ လတ်တလော ကသာ နဲ့ ဗန်းမော်ခွင်ဘက် စစ်သတင်းကို တင်ပြပါ့မယ်

ကသာ စစ်သတင်း

ကသာ ခွင်မှာက ကသာပတ်ဝန်းကျင်နေရာအနှံ့မှာ ကီယာနဲ့ ပဒက်တွေ အင်အားက မနဲပါဘူး ကသာမြို့သိမ်းတိုက်ပွဲလုပ်ဖို့ လူ လက်နက် ခဲယမ်း ဗုံးသီး ဆေးဝါး လိုအပ်ချက်တွေ ပြင်ဆင်စုဖွဲ့နေတဲ့ အချိန်ကာလမို့ ရက်ခြားဆိုသလို ကသာ မြို့စောင့်တပ် ခမရ ၃၀၉ ကို လက်နက်ငယ်နဲ့ လာဆော်တယ် အကြီးနဲ့တောင် မလုပ်ခိုင်းထားဘူးလို့ သိထားပါတယ်

ဗန်းမော်ခွင်မှာ စစ်ရှိန်အမြင့်ဆုံး ကာလအဖြစ် သတ်မှတ်ပြီး မနေ့က မနက် ၅ နာရီထဲက တိုက်စစ် စဖွင့်ပါတယ်

ကီယာ နဲ့ပဒက် အင်အား ထောင်ကြီးပိုင်းအင်အား ဖြစ်တာမို့ ဗန်းမော် မြို့ပေါ် ရပ်ကွက်တိုင်းလိုလိုမှာ နေရာအစုံကနေ တိုက်စစ်ဖွင့်နေတာပါ

ခု မနက် ၅ နာရီကနေ တိုက်ပွဲစတင်ဖြစ်နေပြီး မိမိရဲ့ Drone Team နဲ့ Y12 Y8 နဲ့ လေနတ်သား ၂ ပါးတို့ရဲ့ ဝရဇိန်လက်ချက်တွေကြောင့် ရန်သူဘက်က အတော်ကို အထိနာနေပါပြီ

ဗန်းမော်ကို ၃ ရက်အတွင်း ရအောင် တိုက်မယ် ဆိုတဲ့ ကီယာ တပ်မဟာ ၃ မှုး လက်သစ်နဲ့ မိုင်ဂျာယာန်ဘက်က ကီယာတို့ရဲ့ မြို့စောင့်တပ် ရင်း ၂၇ ရင်း၁ ရင်း ၁၂က အတော်ကို အထိနာသွားခဲ့ရပါတယ်

စကခ ၂၁ တပ်မမှုးနဲ့ ဗန်းမော်ဒေသ တိုက်ပွဲဝင် အရာရှိ စစ်သည် ရဲမေများရဲ့ စစ်သားစိတ်ဓါတ်အပြည့်နဲ့ သာလွန်အင်အားနဲ့ ရန်သူကို တက်ညီ လက်ညီ ချေမှုန်းနေတဲ့ MOVIE FILE တွေက တယ်လီဂရမ်မှာ ကြည့်ရှုနိုင်ပါတယ်

Major သော် ဗိုလ်စံတို့ရဲ့ မြေပြင်တပ်ရဲ့ လိုအပ်ချက်တွေကို အချိန်မှီအောင် လိုအပ်တဲ့ ပစ္စည်းများ ပစ်ကူများကြောင့် လိုအပိချက်တွေ အကုန်ဖြည့်ဆည်းထားနိုင်ခဲ့ပါတယ်

ဘာတွေ လိုလို့ ဘာတွေ ဖြည့်ပေးနိုင်ခဲ့သလဲ ဆိုတာကိုတော့ လဝ ကိစ္စမို့ နားလည်ပေးပါခင်ဗျာ

ဗန်းမော်ဘက်က အခြေအနေ ကောင်းနေပါတယ် ဒါပေမဲ့ အသဲအသန်ပေါ့ဗျာ
မိမိတပ်မတော်ဘက်က အသာစီး အနေအထားပါဘဲ

ကသာမြို့ကို လာမဲ့ ၂၈ ရက်နေ့ တိုက်မယ်ဆိုတဲ့ အစီအမံဟာလည်း လတ်တလော ပျက်ပျယ်သွားပြီ ဖြစ်ပါတယ်

ဗန်းမော်မြို့သိမ်း တိုက်ပွဲကို ယခုလမကုန်မှီ အပြီးသိမ်းပြီးတာနဲ့ ရွှေကူ ငါးအိုးနဲ့ ကသာမြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့ Plan ဟာလည်း လတ်တလောမှာတော့
ရေထဲ မှာ အရုပ်ရေးဆွဲမိသလို လေထဲမှာ တိုက်အိမ်ဆောက်မိသလို အဖြစ်အျားနဲ့ ဗန်းမော်ခွင်မှာ အလဲလဲ အကွဲကွဲ ကီယာနဲ့ ပဒက်များ ပွဲပျက်လျှက်ရှိပါတယ် ဆိုတဲ့အကြောင်း စစ်သတင်းကောင်း တင်ပြအပ်ပါတယ်ခင်ဗျာ

ကီယာ တို့ရဲ့ တပ်မဟာမှုး ၃ ဦးခေါင်းချင်းဆိုင်ပြီး သွေးပျက်နေကြတဲ့ အနေအထားမှာ ဗန်းမော် ဘိုးဘိုးကြီးက တဖက်သတ်ဆန်စွာ မြန်မာ့တပ်မတော်သားများကို တမင်များ အကာအကွယ်ပေးနေသလို ဖြစ်နေတာမို့ ဗန်းမော်နဲ့ ကသာ စစ်သတင်းများကို ဆက်စောင့်ကြည့်ကြဖို့ တင်ပြအပ်ပါတယ်ခင်ဗျာ

အရိုးလွတ် အကြောလွတ် တင်ပြနေရတာကလည်း အရသာ သိပ်မရှိဘူးဗျာ အကုန်လုံး ဖေါ်ပြခွင့်ကလည်း မရှိပါဘူး
ဒါကိုတော့ နားလည်ပေးပါခင်ဗျာ

ရဲသုံးဖေါ် ဖြစ်တဲ့ Majorသော် ဗိုလ်စံ တို့ကတော့ လတ်တလော ဗန်းမော် နဲ့ အညာခွင်က စစ်ဆင်ရေး နယ်မြေများမှာ လိုအပ်ချက်တွေ ပြည့်စုံဖို့ BAB ကို သောက်ကြစို့ လုပ်ဆောင်နေပါကြောင်း အမျိုးတို့ရေ


အားလုံးကို လေးစားရိုသေစွာဖြင့်

ရဲသုံးဖေါ်
၂၀၂၅ အေ ၂၇ ၁၃၁၀
#Bosaw
https://t.me/drmyat001
## တောင်ခမ်း##

ရ-/သ-/ဟာ ယာပြင်လမ်းခွဲအနီးမှာရှိတဲ့ အမြင့်ဆုံးကုန်းမှာ ထပ်တိုးအ-/င်-/အာ-/: ၊ ဆု-/တ်-/ခွါ-/အ-/င်-/အာ-/:တွေပေါင်းစုပြီး မိမိရဲ့နောင်ချိုထို-/:-/စ-/စ်-/မြှားဦးကို အခိုင်အမာပြင်ဆင်ပြီး ရောယူထားပါတယ်။

အဲဒီပင်မကုန်းရဲ့လမ်းတစ်ဘက် မီတာ၆၀၀အကွာမှာ ပွိုင့်၁၂၇၉ ဟာ ကာကင်းကုန်းသဘောမျိုးနဲ့ရှိနေပါတယ်။

ဒီတော့ ရ-/သ-/ဟာ ကြိုက်သလိုလာခဲ့ မင်းတို့လှည့်ပြန်စေရမယ်ဆိုတဲ့အထိ ကြွေးကြော်ထားပါတယ်။

ကဲ … ကောင်းပါပြီ …

(၂၅/၀၄/၂၀၂၅)

ရတ မ-၂၁၃ ဟာ ပွိုင့်၁၂၇၉ကို မတို-/က်ဘဲ ရ-/သ-/ရဲ့ ပင်မကုန်းကြီးကိုဝင်ဆော-/င့်လိုက်ပါတယ်။

ရ-/သ-/ဟာ ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း ရတ မ-၂၁၃ ကို ဧည့်ခံနေတဲ့အတွက် မိမိအဖွဲ့တွေဟာ ထင်သလောက်ခရီးမရောက်ခဲ့ပါဘူး။

(၂၆/၀၄/၂၀၂၅)

၁၃:၀၀အချိန်

ရတ မ-၂၁၃ အပြင် ရတ မ-၂၁၂ ကိုပါ ထပ်ထည့်လိုက်ပါတယ်။

ဒါပေမဲ့လည်း ပထမထည့်ထည့်ခြင်းနာရီပိုင်းမှာ မိမိဘက်က တို-/က်-/စ-/စ် အနေအထားဟာ တန့်နေသလိုဖြစ်နေပါတယ်။

ဒီနောက်မှာတော့ နည်းဗျူဟာမှူးဗိုလ်မှူးကြီးညီညီလွင်ဟာ အပြောင်းလည်းတစ်ခုကို စွန့်စားပြီးလုပ်ခဲ့တဲ့အတွက် ၁၇:၀၀ အချိန်မှာ ရ-/သ-/ရဲ့ ပင်မကုန်းကြီးတစ်ခုလုံးကို အပြီးသတ်ရရှိခဲ့ပါတယ်။

ပင်မကုန်းကြီးဟာ ပွိုင့်၁၂၇၉ထက် အမြင့်မှာရှိနေတဲ့အတွက် လက်ရှိအခြေအနေမှာဆိုရင် ပွိုင့်၁၂၇၉ပေါ်က ရ-/သ-/တွေဟာ အတော်ကို သွေ-/:ပျ-/က်နေတဲ့ အနေအထားမှာရှိနေပါတယ်။

တကယ်ဆိုရင် လက်ရှိတမခ-၁၁အဖွဲ့တွေဟာယခု အသစ်ရောက်လာတဲ့ပြူးကြောင်ကြောင် တပ်မှူးအသစ်က ယခင်မစခ-၉၀၂ တပ်မမှူးအဟောင်းလက်ထက်ကလို လနကပစ်ကူတွေ အများကြီးရပြီး လုပ်နေကိုင်နေရတာမျိုး မဟုတ်တဲ့အတွက် အခုလောက်အချိန်ကြာသွားတဲ့သဘောရှိနေပါတယ်။

အရင်ပုံစံနဲ့ဆိုရင်တော့ ဝါးရင်းတုတ်နဲ့တ-က်-သိ-မ်းလို့တောင်ရနိုင်ပါတယ်။

# ကိုခိုင်ဇော်
https://t.me/drmyat001
စောစလုံး တယောက် DKBA ကို ပြန်ဝင်တဲ့အပေါ် ဘယ်လို မြင်သလဲ အစ်ကိုတဲ့။ သမိုင်းကြောင်းကောင်းတဲ့ လူ့အဖွဲ့အစည်းမှာတော့ ထွေးပြီးသား တံတွေး ပြန်မမြိုကြဘူးလို့ပဲ ဆိုရိုးရှိကြမှာပါ။ နိုင်ငံရေးမှာဆိုရင်တော့ ၃ ပါတီပြောင်းတဲ့ သူက နိုင်ငံရေး Image သေတာပါပဲ။
------
KNU လက်ခွဲ အဖွဲ့အစည်းတိုင်းက ရေပေါ်ဆီတွေများပါတယ်။ လက်ဆုပ်လက်ကိုင်ပြနိုင်ပြီး သက်သေအခိုင်အမာရှိတဲ့ ကျားဖြန့်ကိစ္စမှာတောင် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့သူတွေက တိုင်းရင်းသားအရေး ဘန်းပြပြီး လက်နက်ကိုင် နိုင်ငံရေး လုပ်ကြတာက ဒေသခံ ပြည်သူတွေအတွက် ဝမ်းနည်းစရာပါပဲ။
-------
ကရင်ပြည်နယ်မှာ ဗဟိုအဖွဲ့အစည်းဆိုတာက အမည်ခံသပ်သပ်ပါပဲ။ နယ်ဒါးမြကိစ္စလည်း ဘာမှအရေးမယူနိုင်သလို ငွေကြေးအရှုပ်အရှင်းများပြီး သမိုင်းကြောင်း မကောင်းခဲ့တဲ့ စိတ်လစိကို တပ်ဖွဲ့ထဲ ပြန်ထည့်တာက DKBA အတွက်ဘယ်လိုမှ ကောင်းကြောင်း မမြင်မိပါဘူး။


#(နရီမိုး)
https://t.me/drmyat001
ယနေ့ နံနက်ပိုင်းက မြင်းခြံမြို့နယ် နဲ့ တောင်သာမြို့နယ်ကြား၌ တပ်မတော်၊ပ-သ-စ တပ်ဖွဲ့ဝင်များ နဲ့ စစ်သွေးကြွ မြင်းခြံ PDF တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း မြင်းခြံ စစ်သွေးကြွ ခေါင်းဆောင် သိန်းဝင်း(ခ)ဂျာကြီးနဲ့ စစ်သွေးကြွ အဖွဲ့ဝင် အချို့ သေဆုံးခဲ့သည်။

#PeopleMedia
https://t.me/drmyat001
.

☯️


အခြေအနေအရ ယူကရိမ်းစစ်က အချိန်တိုအတွင်း ရပ်တန့်သွားဖွယ်ရာမရှိသေး၊ Kursk ဒေသကို ယူကရိမ်းက ယူကေနောက်ခံနဲ့ ရုတ်တရက်ထိုးဖေါက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်၊

အခုအခါမှာတော့ Kursk ဒေသကနေ ယူကရိမ်းတပ်တွေကို အပြီးတိုင်တိုက်ထုတ်လိုက်နိုင်ခဲ့ကြောင်း၊ ယူကရိမ်းဖက်က သေကြေထိခိုက်မှုများစွာနဲ့ နောက်ဆုတ်သွားပြီဖြစ်ကြောင်း ရုရှားဖက်က ကြေငြာလာတာတွေ့ရပါတယ်၊

ဒီရက်ပိုင်းတွေမှာလဲ အိုဒက်ဆာနဲ့ ကိယက်ကို ရုရှားဖက်က ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တယ်လို့ ဆိုတယ်၊


#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️


အီရန်ဆိပ်ကမ်း သိုလှောင်ရုံ ပေါက်ကွဲမီးလောင်တာ ဆက်လက်ကြီးထွားနေပြီး ဆိပ်ကမ်းတခုလုံး ကုန်သလောက်ပျက်စီးသွားနိုင်နေပါတယ်၊

အဆိုပါသိုလှောင်ရုံကြီးမှာ ဒုံးပျံလောင်စာခဲတွေ သိုလှောင်ရာနေရာဖြစ်တဲ့အတွက်ကြောင့် ဘာကြောင့်ပေါက်ကွဲပြီး မီးလောင်ရတာလဲဆိုတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။


#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️

ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးက လိုအပ်တာထက် ပိုဖွင့်ချနေတာ ထူးခြားနေပါတယ်၊

Jihad ကို အနောက်နိုင်ငံတွေက ဖန်တီးခဲ့ကြောင်း၊ 1980s ကာလတွေဆီက ဆိုဗီယက်-အာဖဂန်စစ်မှာ ဆိုဗီယက်ကိုတိုက်ဖို့ အကြမ်းဖက်တွေကို ပါကစ္စတန်က လေ့ကျင့်ပေးခဲ့ရတာတွေ ဖွင့်ချတဲ့အထဲမှာ ပါဝင်နေပါတယ်၊

US နဲ့ UK အတွက်အကြမ်းဖက်တွေကိုလေ့ကျင့်ရေးနယ်မြေအဖြစ် လုပ်ပေးခဲ့ရတာ နှစ်ပေါင်း (၃၀) ကျော်ရှိနေပြီလို့လဲဆိုပါတယ်၊


#BaMg(NZL) ☯️
https://t.me/drmyat001