U Nay Win🇲🇲
13.9K subscribers
97.5K photos
4.91K videos
4 files
78.3K links
Download Telegram
ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ပြီးနောက် နေပြည်တော်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်တည် ဆောက်ခဲ့သည့် ကုမ္ပဏီများ ယခုတစ်ပတ်အတွင်း ဆက်သွယ်ရန် အသိပေး

၂၆. ၄. ၂၀၂၅
Written by Nyein Kyaw

နေပြည်တော်တည်ဆောက်ရေး အထူးဖွံ့ဖြိုးရေးစီမံကိန်းတွင် ပါဝင်သည့် ရုံး/ဌာန အဆောက်အဦများ၊ အထူးအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများ၊ အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများအပါအဝင် အခြားအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများတွင် တည်ဆောက်ခဲ့သည့် ကုမ္ပဏီများအနေဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့ ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အသိပေးကြေညာလိုက်သည်။

“လောလောဆယ်ကတော့ ကုမ္ပဏီနဲ့ ဆက်သွယ်ရမယ့်လူ လိပ်စာနဲ့ ဖုန်းနံပါတ်ပေးရင်ရတယ်။ ဒီတစ်ပတ်အတွင်း ဆက်သွယ်ပေးရင်ရပါတယ်” ဟု နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူက MT News သို့ ပြောသည်။

အဆိုပါ ကုမ္ပဏီများအနေဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ)ဌာနမှူး ဦးဇော်ထွန်း (ဖုန်း-၀၉-၆၉၆၀၀၆၉၉၉)...


#ငလျင် #ထိခိုက်ပျက်စီး #နေပြည်တော်#အဆောက်အဦ #တည်ဆောက်ရေး #MT #mtnews
https://t.me/drmyat001
မြန်မာ ၇.၇
တူရကီ ၆.၂
အခု အီကွေဒေါ ၆.၃ တဲ့နော်
👇👇👇👇👇
အီကွေဒေါနိုင်ငံ၏ဆိပ်ကမ်းမြို့ဖြစ်သော Esmeraldas မြို့အနီး ပင်လယ်ပြင်ကိုဗဟိုပြုလျက် ပြင်းအား မဂ္ဂနီကျူ့ ၆ ဒသမ ၃ ရှိ ငလျင်လှုပ်ခတ်ရာ အနည်းဆုံး လူ ၃၂ ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အအုံ ၈၀၀ ကျော် ပျက်စီး

၂၅.၄.၂၀၂၅
Translated by Htwe Ko Tun

အီကွေဒေါနိုင်ငံ၏ဆိပ်ကမ်းမြို့ဖြစ်သော Esmeraldas မြို့၏ အရှေ့မြောက်ဘက် ၁၃ မိုင်(၂၀ ဒသမ ၉ ကီလိုမီတာ) အကွာရှိ ပစိဖိတ်သမုဒ္ဒရာရေပြင်ကို ဗဟိုပြုလျက် အနက် ၂၁ ဒသမ ၇ မိုင်(၃၅ ကီလိုမီတာ) တွင် ပြင်းအားမဂ္ဂနီကျူ့ ၆ ဒသမ ၃ ရှိ ငလျင်တစ်ခု ဧပြီလ ၂၅ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ (၁၂၀၀ ဂျီအမ်တီ) တွင် လှုပ်ခတ်သွားခဲ့ရာ Esmeraldas မြို့ ၌အနည်းဆုံး လူ ၃၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပြီး အဆောက်အအုံ ၈၀၀ ကျော် ပျက်စီးခဲ့ကာ ဒေသအတွင်း လျှပ်စစ်နှင့် ဆက်သွယ်ရေးလမ်းကြောင်းများလည်း ပြတ်တောက်ခဲ့ကြောင်း သိရသည်။

အီကွေဒေါအရေးပေါ်အေဂျင်စီက ငလျင်ကြောင့် Esmeraldas မြို့၌ အိမ် ၁၇၉ လုံး ပျက်စီးသွားခဲ့ပြီး အဆောက်အအုံ ၇၁၆ လုံးလည်း ထိခိုက်မှုများရှိခဲ့ကြောင်းပြောခဲ့...

#အီကွေဒေါ #ငလျင်လှုပ်ခတ် #ပြင်းအား၆ဒသမ၃ #MT #mtnews
https://t.me/drmyat001
This media is not supported in your browser
VIEW IN TELEGRAM
ဗန်းမော်ကို တစ်ပွဲတစ်လမ်း
အကဲစမ်းချင်တာလား မညယ်ကောင်တွေ

သားရီးတွေ ဦးကျော်ဟိန်းလို
ပြောလိုက်မယ် ၁၀ နှစ်😂

#Bn
https://t.me/drmyat001
This media is not supported in your browser
VIEW IN TELEGRAM
ပါကစ္စတန်နိုင်ငံ Lahore လေဆိပ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား။ လေယာဉ်ပြေးလမ်းပိတ်ထားပြီး ခရီးစဉ်များဖျက်သိမ်း။

#R&U
https://t.me/drmyat001
.

☯️


( အရှက်လုံးလုံးကွဲပြီ )


ဟုတ်ပါ့မလားလို့ မျက်လုံးပွတ်ပြီး (၂) ကြိမ်ဖတ်ရတော့တယ်၊ မျက်လုံးလဲ မမှောက်ပါဘူး၊ English လဲ အဲ့သလောက်မညံ့ပါဘူး၊ တခါတလေ သူတို့ရေးတာမှာ စာလုံးကျန်ရင်တောင် တွေ့တတ်တဲ့သူပါ၊ ရေးထားတဲ့ ဆိုလိုရင်းကို နောက်အကြောင်းအရာတွေနဲ့လဲ ချိတ်ဆက်စဉ်းစားတတ်ပါသေးတယ်၊

ဒီနေရာမှာ သုံးသွားတာ
" Pakinstan did dirty work.... မှာ
did အစား Didn't များဖြစ်လေမလားလို့ နောက်စာသားတွေကိုဆက်ဖတ်ကြည့်တော့ မူရင်းဆိုလိုချက် Did ကပိုပေါ်လွင်လာပါတယ်၊

ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးပြောလိုက်တာက-

" ပါကစ္စတန်ဟာ အကြမ်းဖက်တွေကိုအားပေးထောက်ပံ့တဲ့ မသမာတဲ့အလုပ်တွေကို US နဲ့ UK အတွက်အလုပ်လုပ်ပေးခဲ့ရတယ်"

.... လို့ ဝန်ခံပြောကြားလိုက်ပါတယ်၊

ဇာတ်လမ်းကပိုရှုပ်သွားပြီ၊
ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးရဲ့နှုတ်ဖျားက ဒီလိုစကားမျိုးထွက်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး၊ သူ့အတွက်လဲအန္တရာယ်အလွန်ကြီးတယ်၊

တရုတ်က ပါကစ္စတန်ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်လိုက်နိုင်တာကိုလဲပြလိုက်တာပဲ၊

အကွက်ရှုပ်ကို တရုတ် " ဖြေ" ချလိုက်တာ Next level ပဲ၊ အဲ့ဒီနောက်ကွယ်မှာ အဖိုးစားနားအဖြစ်တရုတ်က ပါကစ္စတန်ဖက်က မားမားမတ်မတ်ရပ်ပေးရတော့မယ်၊

တရုတ်ဆီရောက်လာမဲ့ မျှားဦးကို Diversion ပေးလိုက်တာ အတော်ရဲတင်းတဲ့အကွက်ပဲ။

US နဲ့ UK တော့ အကြမ်းဖက်တွေအဖြစ် အရှက်ဗြန်းဗြန်းကွဲပြီ ။

#BaMg(NZL) ☯️
https://t.me/drmyat001
ငလျင်ကြောင့် ပျက်ဆီးဆုံးရှုံးခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းပေါင် ၅၄၇၄ ကျောင်းလို့ဖော်ပြထားတဲ့အထဲမှာ ကျွန်တော်တို့ရွာက ယနေ့ ၂၆ ရက်နေ့အထိ ဘယ်သူမှ လာရောက်ဖြိုချဖို့ ကူရာမဲ့ ကျောင်းနဲ့ ပဌာန်းဓမ္မာရုံ မပါဘူးဆိုတာ သက်သေပြလိုက်တဲ့သဘောဘဲ ထင်ပါတယ်
ကျောင်းအခြေမှာ ပြိုကျပျက်ဆီးခဲ့တဲ့ အုဋ်ကျိုး အုဋ်ပဲ့နဲ့ အုဋ်ကောင်း အားလုံးတော့ ကျောင်းရှိ ဦးဇင်းများနဲ့ အနီးအနားရွာက ၃ ရက်လာရောက် ကူညီလုပ်အားဒါန ပြုသွားကြလို့ ရှင်းပြီးသွားပါပြီ
ဖြစ်နိုင်ရင်တော့ ၅၄၇၄ ကျောင်းကနေပြီး ၅၄၇၅ ကျောင်းထဲ ပါစေချင်လို့ သက်ဆိုင်ရာနဲ့ နီးစပ်ကြတဲ့ မိတ်ဆွေများ ရှိခဲ့ရင် ကူညီပါရမီဖြည့်ပေးစေချင်ပါတယ်ဗျာ
🙏🙏🙏🙏🙏
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ(၃/၂၀၂၅)အစည်းအဝေး ကောက်နုတ်ချက်

https://t.me/drmyat001
ဦးပူတင်ကြီးနဲ့ လက်မှတ်ထိုးချုပ်ဆိုခဲ့ကြတဲ့စာချုပ်ထဲမှာ ဒီလို အကြောင်းရာလေးတွေ ပါဘူးလားးဗျ
😁😁😁😁😁
အီရန်မှာ နူကလီးယားစက်ရုံသစ်တခု ထပ်မံတည်ဆောက်ဖို့အတွက် ရုရှားနဲ့ သဘောတူညီမှု ရခဲ့တယ်လို့ သိရပါတယ်။ ရုရှားက အကြွေးစနစ်နဲ့ တည်ဆောက်ပေးမှာဖြစ်တယ်လို့ အီရန်ရေနံဝန်ကြီး Mohsen Paknejad က မနေ့က ကြေညာခဲ့တာပါ။ အီရန်ရဲ့ နူကလီးယားလက်နက်ပိုင်ဆိုင်ရေးအပေါ် အမေရိကန်က အပြင်းအထန်ကန့်ကွက် ဖိအားပေးနေချိန်မှာ နှစ်နိုင်ငံကြား နောက်ထပ်သဘောတူညီမှုယူခဲ့ပြီး နူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေးအတွက် ဆက်လက်ပူးပေါင်းသွားမယ်လို့လည်း ဆိုပါတယ်။

#NOM
https://t.me/drmyat001
April-25

▪️မြင်းခြံမြို့နယ် အနီးတစ်ဝိုက်ကို တပ်မတော်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ စစ်သွေးကြွ PDF ကျား ၂လောင်း၊မ-၁လောင်း အသေ ရရှိခဲ့သည်။

#PeopleMedia
https://t.me/drmyat001