U Nay Win🇲🇲
13.9K subscribers
97.5K photos
4.91K videos
4 files
78.3K links
Download Telegram
အခု အလင်းဝင်လာကြတဲ့သူတွေအထဲမှာ မင်းတို့ခြင်းရင်းနှီးခဲ့တဲ့သူ တစ်ယောက်တလေတော့ ပါလာမှာပါ
ဆုကြေးပေးတာရော ဟုတ်ရဲ့လား မှန်ရဲ့လားလို့ မင်းတို့ကိုယ်တိုင်မေးကြည့်ကြပါ
အားလုံးအမှန်တရားတွေဖြစ်နေတာသိကြရင်တော့ မင်းတို့လည်း ပြန်လာခဲ့ဖို့ ဖိတ်ခေါ်ပါရစေ
အဖိုးးးလေးရွာက သူတွေအားးလုံးကိုလည်း အဖိုးးးလေးးကိုယ်တိုင် အာမခံပေးပြီး မိဘတွေနဲ့ ချိတ်ဆက်ကာ အကျိုးဆောင်ပေးဖို့ အသင့်ပါနော်
👇👇👇👇👇
❝အပြစ်မရှိတဲ့ PDF ၃၀ ကျော် သေနတ်တွေနဲ့ အလင်းဝင်လာလို့ ဆုငွေတွေပေးပြီး မိဘရင်ခွင်ပြန်အပ်❞

 đ™ˆđ™ƒđ™đ™‰đ™€đ™’đ™Žă€Šđ˜źđ™‹đ™đ™„đ™‡ď˝žđŸđŸ”ă€‹

တောခိုပြီး သေနတ်ကိုင်ခဲ့ပေမယ့် ပြစ်မှုကျူးလွန်ထားခြင်းမရှိတဲ့ PDF (၃၂) ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာလို့ မိဘတွေဆီ ပြန်အပ်တဲ့အခမ်းအနားနဲ့ ပါလာတဲ့လက်နက်ခဲယမ်းတွေအတွက် ဆုငွေချီးမြှင့်တဲ့အခမ်းအနားကို ဧပြီ ၂၅ ရက်နေ့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ အဲဒီ အပြစ်မရှိသူ PDF တွေကတော့ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ စဉ့်ကူးမြို့နယ်၊ တံတားဦးမြို့နယ်၊ မိုးကုတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မုံရွာမြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မဘိမ်း မြို့နယ်၊ နောင်ချိုမြို့နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်တို့ကဖြစ်ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ PDF အဖွဲ့ထဲမှာ အမျိုးသား ၃၀ ဦးနဲ့ အမျိုးသမီး ၂ ဦးပါဝင်တယ်လို့သိရပြီး Type-81 အမျိုးအစား သေနတ် ၅လက်၊ ၎င်းကျည်အိမ် ၁၃ ခု၊ ကျည် ၉၀၀ တောင့်နဲ့ လက်ပစ်ဗုံး ၅ လုံးတို့လည်း သူတို့နဲ့အတူ ပါလာခဲ့တာကြောင့် သေနတ် ၁ လက်လျှင် ဆုကြေးငွေ ကျပ်သိန်း ၅၀ နှုန်းနဲ့ သေနတ် ၅ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၂၅၀ ၊ လက်ပစ်ဗုံး ၅ လုံးအတွက် ကျပ် ၃ သိန်း ပေစအပ်ခဲ့တဲ့အပြင် အဆိုပါ အပြစ်မရှိသူ အလင်းဝင် PDF တွေအတွက် ကျပ်သိန်း ၁၄၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ယခုအလင်းဝင်လာသူ PDF တွေအနေနဲ့ ပြစ်မှုတွေကို နောက်မလုပ်တော့ပါဘူးဆိုတဲ့ ဝန်ခံကတိလက်မှတ်ကို တာဝန်ရှိသူတွေရှေ့မှာ ရေးထိုးပြီးနောက် မိဘအုပ်ထိန်းသူတွေရဲ့ရင်ခွင်ထဲ ပြန်လည်ရောက်ရှိသွားခဲ့ကြပြီလို့ သိရပြီး အပြစ်မရှိတဲ့ PDF တွေအနေနဲ့ ယခု ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုတယ်ဆိုရင် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနဲ့ ရဲစခန်းတွေဆီ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမယ်လို့လည်း သိရပါတယ်။

#mhtnews@myanmarhardtalk
#myanmarhardtalk@myanmarhardtalk
https://t.me/drmyat001
Media is too big
VIEW IN TELEGRAM
ဗန်းမော်မြို့ကို ထပ်မံတိုက်ခိုက်လာတဲ့ အကြမ်းဖက် KIA များ အကျအဆုံးများစွာ ရင်ဆိုင်နေရပြီး ထွက်ပြေးသူ အများအပြားရှိနေ။
-
# တိုက်ပွဲသတင်းစုံ
https://t.me/drmyat001
This media is not supported in your browser
VIEW IN TELEGRAM
ဗန်းမော်မှာ

ခိခိ

# မှိုင်းဝေ
https://t.me/drmyat001
ငလျင်ဘေးအတွက် ပြည်တွင်း၊ ပြည်ပ အလှူငွေ ကျပ် ၁၁၅၈၇၆ ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၃၇ သန်းကျော်ရရှိ
………………………………………

နေပြည်တော်၊ ဧပြီ ၂၆

ငလျင်ဘေးအတွက် ပြည်တွင်း၊ ပြည်ပ အလှူငွေ ကျပ် ၁၁၅၈၇၆ ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၃၇ သန်းကျော်၊ ကိုရီးယားဝမ် ငါးသန်း၊ အိန္ဒိယ ရူပီး ၁၅ သန်း၊ ထိုင်းဘတ် နှစ်သန်းနှင့် စင်ကာပူဒေါ်လာ ၃၁၅၀ တို့အား လက်ခံရရှိထားကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ပြောကြားခဲ့သည်။

#People
https://t.me/drmyat001
ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ပြီးနောက် နေပြည်တော်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်တည် ဆောက်ခဲ့သည့် ကုမ္ပဏီများ ယခုတစ်ပတ်အတွင်း ဆက်သွယ်ရန် အသိပေး

၂၆. ၄. ၂၀၂၅
Written by Nyein Kyaw

နေပြည်တော်တည်ဆောက်ရေး အထူးဖွံ့ဖြိုးရေးစီမံကိန်းတွင် ပါဝင်သည့် ရုံး/ဌာန အဆောက်အဦများ၊ အထူးအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများ၊ အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများအပါအဝင် အခြားအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများတွင် တည်ဆောက်ခဲ့သည့် ကုမ္ပဏီများအနေဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့ ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အသိပေးကြေညာလိုက်သည်။

“လောလောဆယ်ကတော့ ကုမ္ပဏီနဲ့ ဆက်သွယ်ရမယ့်လူ လိပ်စာနဲ့ ဖုန်းနံပါတ်ပေးရင်ရတယ်။ ဒီတစ်ပတ်အတွင်း ဆက်သွယ်ပေးရင်ရပါတယ်” ဟု နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူက MT News သို့ ပြောသည်။

အဆိုပါ ကုမ္ပဏီများအနေဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ)ဌာနမှူး ဦးဇော်ထွန်း (ဖုန်း-၀၉-၆၉၆၀၀၆၉၉၉)...


#ငလျင် #ထိခိုက်ပျက်စီး #နေပြည်တော်#အဆောက်အဦ #တည်ဆောက်ရေး #MT #mtnews
https://t.me/drmyat001
မြန်မာ ၇.၇
တူရကီ ၆.၂
အခု အီကွေဒေါ ၆.၃ တဲ့နော်
👇👇👇👇👇
အီကွေဒေါနိုင်ငံ၏ဆိပ်ကမ်းမြို့ဖြစ်သော Esmeraldas မြို့အနီး ပင်လယ်ပြင်ကိုဗဟိုပြုလျက် ပြင်းအား မဂ္ဂနီကျူ့ ၆ ဒသမ ၃ ရှိ ငလျင်လှုပ်ခတ်ရာ အနည်းဆုံး လူ ၃၂ ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အအုံ ၈၀၀ ကျော် ပျက်စီး

၂၅.၄.၂၀၂၅
Translated by Htwe Ko Tun

အီကွေဒေါနိုင်ငံ၏ဆိပ်ကမ်းမြို့ဖြစ်သော Esmeraldas မြို့၏ အရှေ့မြောက်ဘက် ၁၃ မိုင်(၂၀ ဒသမ ၉ ကီလိုမီတာ) အကွာရှိ ပစိဖိတ်သမုဒ္ဒရာရေပြင်ကို ဗဟိုပြုလျက် အနက် ၂၁ ဒသမ ၇ မိုင်(၃၅ ကီလိုမီတာ) တွင် ပြင်းအားမဂ္ဂနီကျူ့ ၆ ဒသမ ၃ ရှိ ငလျင်တစ်ခု ဧပြီလ ၂၅ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ (၁၂၀၀ ဂျီအမ်တီ) တွင် လှုပ်ခတ်သွားခဲ့ရာ Esmeraldas မြို့ ၌အနည်းဆုံး လူ ၃၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပြီး အဆောက်အအုံ ၈၀၀ ကျော် ပျက်စီးခဲ့ကာ ဒေသအတွင်း လျှပ်စစ်နှင့် ဆက်သွယ်ရေးလမ်းကြောင်းများလည်း ပြတ်တောက်ခဲ့ကြောင်း သိရသည်။

အီကွေဒေါအရေးပေါ်အေဂျင်စီက ငလျင်ကြောင့် Esmeraldas မြို့၌ အိမ် ၁၇၉ လုံး ပျက်စီးသွားခဲ့ပြီး အဆောက်အအုံ ၇၁၆ လုံးလည်း ထိခိုက်မှုများရှိခဲ့ကြောင်းပြောခဲ့...

#အီကွေဒေါ #ငလျင်လှုပ်ခတ် #ပြင်းအား၆ဒသမ၃ #MT #mtnews
https://t.me/drmyat001
This media is not supported in your browser
VIEW IN TELEGRAM
ဗန်းမော်ကို တစ်ပွဲတစ်လမ်း
အကဲစမ်းချင်တာလား မညယ်ကောင်တွေ

သားရီးတွေ ဦးကျော်ဟိန်းလို
ပြောလိုက်မယ် ၁၀ နှစ်😂

#Bn
https://t.me/drmyat001
This media is not supported in your browser
VIEW IN TELEGRAM
ပါကစ္စတန်နိုင်ငံ Lahore လေဆိပ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား။ လေယာဉ်ပြေးလမ်းပိတ်ထားပြီး ခရီးစဉ်များဖျက်သိမ်း။

#R&U
https://t.me/drmyat001
.

☯️


( အရှက်လုံးလုံးကွဲပြီ )


ဟုတ်ပါ့မလားလို့ မျက်လုံးပွတ်ပြီး (၂) ကြိမ်ဖတ်ရတော့တယ်၊ မျက်လုံးလဲ မမှောက်ပါဘူး၊ English လဲ အဲ့သလောက်မညံ့ပါဘူး၊ တခါတလေ သူတို့ရေးတာမှာ စာလုံးကျန်ရင်တောင် တွေ့တတ်တဲ့သူပါ၊ ရေးထားတဲ့ ဆိုလိုရင်းကို နောက်အကြောင်းအရာတွေနဲ့လဲ ချိတ်ဆက်စဉ်းစားတတ်ပါသေးတယ်၊

ဒီနေရာမှာ သုံးသွားတာ
" Pakinstan did dirty work.... မှာ
did အစား Didn't များဖြစ်လေမလားလို့ နောက်စာသားတွေကိုဆက်ဖတ်ကြည့်တော့ မူရင်းဆိုလိုချက် Did ကပိုပေါ်လွင်လာပါတယ်၊

ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးပြောလိုက်တာက-

" ပါကစ္စတန်ဟာ အကြမ်းဖက်တွေကိုအားပေးထောက်ပံ့တဲ့ မသမာတဲ့အလုပ်တွေကို US နဲ့ UK အတွက်အလုပ်လုပ်ပေးခဲ့ရတယ်"

.... လို့ ဝန်ခံပြောကြားလိုက်ပါတယ်၊

ဇာတ်လမ်းကပိုရှုပ်သွားပြီ၊
ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးရဲ့နှုတ်ဖျားက ဒီလိုစကားမျိုးထွက်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး၊ သူ့အတွက်လဲအန္တရာယ်အလွန်ကြီးတယ်၊

တရုတ်က ပါကစ္စတန်ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်လိုက်နိုင်တာကိုလဲပြလိုက်တာပဲ၊

အကွက်ရှုပ်ကို တရုတ် " ဖြေ" ချလိုက်တာ Next level ပဲ၊ အဲ့ဒီနောက်ကွယ်မှာ အဖိုးစားနားအဖြစ်တရုတ်က ပါကစ္စတန်ဖက်က မားမားမတ်မတ်ရပ်ပေးရတော့မယ်၊

တရုတ်ဆီရောက်လာမဲ့ မျှားဦးကို Diversion ပေးလိုက်တာ အတော်ရဲတင်းတဲ့အကွက်ပဲ။

US နဲ့ UK တော့ အကြမ်းဖက်တွေအဖြစ် အရှက်ဗြန်းဗြန်းကွဲပြီ ။

#BaMg(NZL) ☯️
https://t.me/drmyat001
ငလျင်ကြောင့် ပျက်ဆီးဆုံးရှုံးခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းပေါင် ၅၄၇၄ ကျောင်းလို့ဖော်ပြထားတဲ့အထဲမှာ ကျွန်တော်တို့ရွာက ယနေ့ ၂၆ ရက်နေ့အထိ ဘယ်သူမှ လာရောက်ဖြိုချဖို့ ကူရာမဲ့ ကျောင်းနဲ့ ပဌာန်းဓမ္မာရုံ မပါဘူးဆိုတာ သက်သေပြလိုက်တဲ့သဘောဘဲ ထင်ပါတယ်
ကျောင်းအခြေမှာ ပြိုကျပျက်ဆီးခဲ့တဲ့ အုဋ်ကျိုး အုဋ်ပဲ့နဲ့ အုဋ်ကောင်း အားလုံးတော့ ကျောင်းရှိ ဦးဇင်းများနဲ့ အနီးအနားရွာက ၃ ရက်လာရောက် ကူညီလုပ်အားဒါန ပြုသွားကြလို့ ရှင်းပြီးသွားပါပြီ
ဖြစ်နိုင်ရင်တော့ ၅၄၇၄ ကျောင်းကနေပြီး ၅၄၇၅ ကျောင်းထဲ ပါစေချင်လို့ သက်ဆိုင်ရာနဲ့ နီးစပ်ကြတဲ့ မိတ်ဆွေများ ရှိခဲ့ရင် ကူညီပါရမီဖြည့်ပေးစေချင်ပါတယ်ဗျာ
🙏🙏🙏🙏🙏
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ(၃/၂၀၂၅)အစည်းအဝေး ကောက်နုတ်ချက်

https://t.me/drmyat001