U Nay Win🇲🇲
13.9K subscribers
97.5K photos
4.91K videos
4 files
78.3K links
Download Telegram
ရှမ်းမြောက်ဒေသ၊နောင်ချိုမြို့နယ်၊နောင်လင်ရွာရှိ စစ်သွေးကြွ TNLA/PDF စခန်းကို တပ်မတော်က သိမ်းပိုက်နိုင်ခဲ့သည့် မြင်ကွင်း

#PeopleMedia
https://t.me/drmyat001
ချောက်ရေနံမြေမှာ နိုင်ငံပိုင်ရေနံပိုက်လိုင်းကို ဖောက်ထွင်းပြီး ရေနံခိုးသူနှစ်ဦးကို ဖမ်းမိ
*************

၂၅ . ၄. ၂၀၂၅

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ နိုင်ငံပိုင် ရေနံပိုက်လိုင်းအား ဖောက်ထွင်းပြီး ရေနံများခိုးယူရန် ကြံစည်အားထုတ်သူ အမျိုးသားနှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၂၂ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွှေပုံတောင်ဘုရားပေါ်သို့ အမျိုးသားနှစ်ဦး မသင်္ကာဖွယ် တက်ပြေးသွားကြောင်း သတင်းအရ ချောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ လိုက်လံရှာဖွေစစ်ဆေးခဲ့ရာ အမှတ်(၅)ရွှေသူဌေးကုန်းရပ်ကွက်နေ ဇင်မင်းလတ်(ခ)ဗေကြီး(၃၃)နှစ်နှင့် အမှတ်(၅)မော့တန်းလျားရပ်ကွက်နေ ခန့်ညားအောင်(၂၅)နှစ်တို့ နှစ်ဦးအား ရေနံပိုက်လိုင်းအား ခိုးယူဖောက်ထွင်းရာတွင် အသုံးပြုသည့် လွန်တစ်ချောင်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းမိတရားခံတို့ကို စစ်မေးရာ ၎င်းတို့ နှစ်ဦးမှာ ၂၀၁၈ ခုနှစ်က ချောက်ရေနံမြေတွင် တူးဖော်အောင်မြင်ခဲ့ပြီး နေ့စဉ် ရေနံစိမ်း စည် ၅၀ ခန့်ထွက်ရှိသည့် ရေနံတွင်းအမှတ်(၁၂၀၅)၏ လက်တံလိုင်းအား ဖောက်ထွင်းခဲ့ကြောင်း သိရသဖြင့် ဇင်မင်းလတ်(ခ)ဗေကြီးနှင့် ခန့်ညားအောင်တို့ နှစ်ဦးအား ချောက်မြို့မရဲစခန်း(ပ)၂၂/၂၀၂၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၆(၁)/၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

#MTNews
https://t.me/drmyat001
.

☯️

( ထရမ့်စကားဆိုရင် "၅" နဲ့စား )


ထရမ့်က ပူတင်နဲ့အလွန်ရင်းနှီးတယ်၊ သူသာသမတဖြစ်ရင် ယူကရိမ်းစစ်ကို (၁) ရက်အတွင်းရပ်ပစ်မယ်... ဘာ ညာပြောခဲ့ပေမဲ့၊ လက်တွေ့မှာ ဘာမှဖြစ်မလာသေးဘူး၊ ထရမ့်ပြောတာကို ပူတင်က ဆန့်ကျင်ဖက်တောင် လုပ်ပြလိုက်သေးတာတွေ့ရတယ်၊

အခုလဲကြည့်ဦး
တရုတ်နဲ့ အခွန်ကိစ္စညှီနှိုင်းနေပါတယ်လို့ ပြောတဲ့အချိန်မှာ တရုတ်ဖက်က " စီးပွားရေးရော၊ ကုန်သွယ်ရေးကိစ္စရော (လုံးဝ) ဘာမှညှိနှိုင်းနေတာ မရှိပါဘူး "

..... လို့ငြင်းဆိုလိုက်တော့
ထရမ့် အာချောင်တာတွေ ကွဲသွားပါလေရော၊

ဒါနဲ့ပဲ
မဖြစ်ချေတော့ဘူး ဆိုပြီး တရုတ်အပေါ်ကုန်သွယ်ခွန်ကို 245% ကနေပြီး 50+% အထိတချီထဲ တဖက်သတ်ဖြုတ်ချပေးလိုက်ရတာတွေ့ရတယ်၊

နောက်ဆိုရင် ဘကြီးထရမ့်စကား အနည်းဆုံး (၅) နဲ့စားရလိမ့်မယ်၊

ဒီမှာတော့ ဘကြီးထရမ့် ကောင်းကြောင်းလေးတွေ၊ အနိုင်ပွဲလေးတွေ ရေးဖို့လက်သွေးပေးနေတာ... ရှက်တောင်သွားတယ် 😅


#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️


ပါကစ္စတန်ဖက်ကလဲ ကက်ရှ်မီးယားကိစ္စဟာ မီးကုန်ယမ်းကုန်စစ်ပွဲဆီကို ဦးတည်သွားနိုင်တယ်လို့ အိန္ဒိယကိုသတိပေးလိုက်တယ်၊

မိုဒီကလဲပြတ်တယ်၊ ကမ္ဘာကသတိပြုမိအောင် အင်္ဂလိပ်လိုကိုပြောလိုက်တာ၊

" ဒါနဲ့မပြီးဘူး၊ ဘယ်သူနောက်ခံပေးထားသလဲ၊ ဘယ်သူကအကြမ်းဖက်ဖြစ်အောင့် စေ့ဆော်သလဲ ဆိုတဲ့အထိ ဖေါ်ထုတ်မှာ၊ ပြီးရင် အဲ့ဒီအကြမ်းဖက်ကို ကမ္ဘာ့မြေပေါ်မှာ အဆုံးသတ် လုပ်ပစ်မှာ "

..... လို့ပြောလိုက်ပါတယ်၊


#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️

အိန္ဒိယနဲ့ ပါကစ္စတန်စစ်အင်အားက ပြတ်ပြတ်သားသားကွာတယ်၊

ဒါပေမဲ့ တန်ပြန်ချိန်ညှိလိုက်တာက "နျူ" ပဲ
နျူ ရှိရင်အကုန်လက်တွန့်တယ်

#NZL
https://t.me/drmyat001
.

☯️

ဖြစ်လာရင် အနိုင်ကဒ်တွေသုံးကြတာ သဘာဝပဲ၊

ပါကစ္စတန်က သူ့လေကြောင်းပိုင်နက် အသုံးပြုခွင့်ကိုပိတ်လိုက်တာမှာ အိန္ဒိယအတွက် တလ $ 500 mil လောက်ဆုံးရှုံးသွားမယ်လို့ခန့်မှန်းကြတယ်၊

အိန္ဒိယကလဲ့ အိန္ဓုမြစ်ရေ ခွဲဝေသုံးစွဲရေး စာချုပ်ကို ပါယ်ဖျက်လိုက်တယ်၊

#NZL
https://t.me/drmyat001
💥 တိုက်ပွဲသတင်း(နန့်မွန်း) 💥
===================

# ကချင်ပြည်နယ်၊ နန့်မွန်းမြို့၊ ဆနွင်းကုန်းကျေးရွာအနီး ဒေသခံပြည်သူတွေရဲ့ တောင်းဆိုမှုအရ နယ်မြေလုံခြုံရေးဆောင်ရွက်ပေးနေတဲ့ တပ်မတော်နဲ့ (ဌာနေ)ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ကို ယမန်နေ့၊ နံနက်ပိုင်း ၈ နာရီချိန်ခန့်တွင် Kia/Pdf အကြမ်းဖက်များက ခွေးချောင်းချောင်းကာ စတင်ပစ်ခတ်တိုက်ခိုက်လာသောကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့​ပြီး တိုက်ပွဲတွင် အထိနာသွားတဲ့ အကြမ်းဖက် Kia/Pdf ကောင်တွေ ခွေးပြေး၊ ဝက်ပြေးပြေးသွားကြရကြောင်း သိရပါတယ်။

✍️ မြစ်ဆုံသတင်းဌာန
https://t.me/drmyat001
မင်းဂံကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့။
***
  ချောက်    ဧ၂၅
မကွေးတိုင်းဒေသကြီး၊ချောက်မြို့နယ်၊စလေ(မင်းဂံကျေးရွာ)အနီးတွင်
အကြမ်းဖက် pdfများ စခန်းချခိုအောင်းနေကြောင်းသတင်းအရ ၂၀၂၅ဧ၂၄၀၄၀၀အချိန်လခရတပ်ဖွဲ့ဝင်များလိုက်လံနယ်မြေရှင်းလင်းရာ(၀၉၃၀)အချိန်တွင် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)အင်အား(၃၀)ဦးခန့်စုဖွဲ့နေကြောင်းတွေ့ရှိရသဖြင့် မိမိဘက်မှ လနက/လနငများဖြင့်တိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်မှ လနက/လနငများဖြင့်ပြန်လည်တိုက်ခိုက်ခဲ့ပြီး (၀၉၄၅)အချိန်ခန့်တွင် ရန်သူများ ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ဖြစ်စဥ်တွင် မိမိဘက်မှ ထိခိုက်မှုမရှိကြောင်း၊ ရန်သူ့ဘက်မှ အရပ်ဝတ်ကျားအလောင်း(၁)လောင်း၊M-22သေနတ်(၁)လက်၊၎င်းကျည်အိမ်(၁)ခု၊၎င်းကျည်(၅)တောင့်၊လက်လုပ်ရှေ့ထွက်မိုင်း(၅)လုံး၊လက်လုပ်ရှော့တိုက်မိုင်း(ကြီး) (၁)လုံး၊လက်လုပ်တိုက်မိုင်း(၆)လုံး၊ဆိုင်ကယ်ဘက်ထရီ(၂)လုံး၊ဝါယာကြိုးကိုက်(၅၀)ခန့်(၂)ခွေ၊PDFပြောက်ကျားယူနီဖောင်း(၃)စုံတို့ သိမ်းဆည်းရမိကြောင်းသတင်းရရှိပါသည်။
#Kkm
https://t.me/drmyat001
.

☯️


ပူတင့် စစ်ဖက်အရာရှိကြီးတဦး မော်ကားဗုံးခွဲ လုပ်ကြံမှုနဲ့သေဆုံး၊

အစေးစိပ်သတင်းတော့ထွက်မလာသေးပါ၊ အရင်တခါလဲ နေအိမ်မှထွက်လာတဲ့ ထိတ်တန်းဗိုလ်ချုပ်ကြီးတဦးလဲ ရပ်ထားတဲ့ စကူတာက ဗုံးပေါက်ကွဲပြီး မနှစ်က သေဆုံးသွားခဲ့ရဘူးပါသေးတယ်၊

#NZL
https://t.me/drmyat001