U Nay Win🇲🇲
13.9K subscribers
97.4K photos
4.9K videos
4 files
78.2K links
Download Telegram
သိန္နီမြို့နယ် MNDAA မှ ဈေးဆိုင်ဗွီနိုင်းဆိုင်းဘုတ်များတွင် သျှမ်းစာကို ကန့်သတ်တားမြစ်ပြီး တရုတ်စာ ဦးစားပေးအသုံးပြုခိုင်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

သျှမ်းသံတော်ဆင့်၊ ၂၀၂၅ ဧပြီလ ၂၃ ရက်

သျှမ်းပြည် သိန္နီမြို့နယ် ဈေးဆိုင်များရှိ အသစ်ပြုလုပ်မည့် ဗွီနိုင်းဆိုင်းဘုတ်များတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ သျှမ်းစာနှင့် အင်္ဂလိပ်စာ အသုံးပြုခွင့် ကန့်သတ်တားမြစ်ပြီး တရုတ်စာကို ဦးစားပေးအသုံးပြုခိုင်းနေကြောင်း စုံစမ်းသိရသည်။

ဧပြီလဆန်းပိုင်းမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ပေါ်ရှိ ဈေးဆိုင်များတွင် အသစ်ပြုလုပ်မည့် ဗွီနိုင်းဆိုင်းဘုတ်များကို သျှမ်းစာနှင့် အင်္ဂလိပ်စာ အသုံးပြုခွင့် ကန့်သတ်တားမြစ်လိုက်ပြီး မြန်မာစာ အသုံးပြုလိုပါက တရုတ်စာလည်း ထည့်သွင်းရေးသားရမည်ဟု MNDAA အရာရှိများက ပြောဆိုကြောင်း သိန္နီဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခု ဗွီနိုင်းအသစ် သွားလုပ်တာ၊ သျှမ်းစာနဲ့ အင်္ဂလိပ်စာပါတဲ့ ဆိုင်း ဘုတ်အဟောင်းတော့ ပေးမသုံးတော့ဘူး။ အသစ်လုပ်ခိုင်းတာ၊ တရုတ်စာပါတဲ့ ဆိုင်းဘုတ်လုပ်ရမှာ။ ဗမာစာနဲ့ ဆိုင်းဘုတ်ထောင်ချင်ရင် တရုတ်စာလည်း ထည့်ရမယ်။ လာပြောတဲ့ ကိုးကန့်တရုတ်နဲ့ဆို ရန်ဖြစ်တော့မလို့၊ ဒါပေမယ့် သူတို့က သေနတ်လည်းပါတော့ ဟုတ် ကဲ့ လို့ပဲ ပြန်ပြောနိုင်တယ်”ဟု သိန္နီမြို့ဈေးသည်တစ်ဦးက ပြောသည်။

သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကို အခွန်မျိုးစုံ ပေးဆောင်နေရသည့်အပြင် ကား၊ ဆိုင်ကယ်၊ ဈေးဆိုင်ခန်းနှင့် တပိုင်တနိုင် ဈေးသည်များမှအစ ၎င်းတို့ဖွင့်လှစ်ထားသည့် ရုံးတွင်အခွန်သွားရောက် ပေးဆောင်ရကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်တွင် သိန္နီမြို့ ရပ်ကွက် (၁) ဈေးတန်းရပ်ရှိ ပျက်စီးသွားသည့် သိန္နီမြို့မဈေးထဲ မူလဆိုင်ခန်းနေရာတွင်ပြန်လည်ဖွင့် လှစ်ရောင်းချနေသည့် ဈေးသည်များကို ကိုးကန့်တပ်ဖွဲ့ MNDAA ရဲများက လာရောက်နှင်ထုတ်ခဲ့ပြီး ၎င်းတို့ အသစ်ဖွင့်လှစ်ထားသည့် ပန်လော့ရွာဘက်သို့ သွားရောက်ရောင်းချခိုင်းကြောင်း ဒေသခံများက ပြောသည်။

“ဧပြီလကုန် ၂၈ ရက် နောက်ဆုံးထားပြီး မြို့မဈေးထဲက ဈေးသူဈေးသားအားလုံး ဖယ်ရမယ်။ ၁၉ ရက်နေ့က ဈေးထဲ အစည်းအဝေး လုပ်ကြတာ မြို့မဈေးကို ၁၀၀ ရာခိုင်နှုန်း ဆုံးရှုံးရမယ်။ ဆိုင်ခန်းအစားထိုး ပေးမလား ဒါမှမဟုတ် လျော်ကြေးပေးမလား ရွေးချယ်စရာနှစ်မျိုးပဲရှိတယ်၊
လောလောဆယ်တော့ စာတင်ထားတယ်”ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် ဈေးသည်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီမြို့နယ် ကိုးကန့်တပ်ထံ တရုတ်လောပန်း လုပ်ငန်းရှင်များမှ လေလံဆွဲကာ ပန်လော့ကျေးရွာဘက် အသစ်ပြန်လည်‌တည်ဆော က်ထားသည့် ဈေးသစ်သည် မြို့ထဲရှိ မြို့မဈေးနှင့် ၂မိုင်ကျော် ကွာဝေး ပြီး ပေးဆောင်ရမည့် ဈေးဆိုင်ခန်း အခွန်အခ များပြားခြင်းကြောင့် အခက်တွေ့နေကြောင်း ဈေးသည်များက ပြောသည်။

ထို့ကြောင့် စီးပွားရေး ကြပ်တည်းမှုနှင့် အလုပ်အကိုင် ရှားပါးမှုကြား ပြည်သူများ၏တစ်ပိုင်တစ်နိုင် လုပ် ငန်းများကိုပါ အခွန်ကောက်ယူမှုအပေါ် ရပ်ဆိုင်းပေးရန် (သို့မဟုတ်) လျှော့ချပေးရန် ဒေသခံများက MNDAA ထံ တောင်းဆိုထားကြောင်း သိရသည်။

လက်ရှိတွင် သိန္နီမြို့ပေါ် လမ်းမကြီးတလျှောက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ CCTV များ တပ်ဆင်ကာ စောင့်ကြည့်နေပြီး လောင်းက စားဝိုင်းများလည်း ဆက်လက်ဖွင့်လှစ်ထားကြောင်း ဒေသခံများက ပြောဆိုသည်။

သိန္နီမြို့သည် သျှမ်းပြည်မြောက်ပိုင်းရှိ စော်ဘွားနယ်များအနက် ခေတ်အဆက်ဆက် သျှမ်းစော်ဘွားများ အုပ်ချုပ်ခဲ့သည့် နယ်ကြီးတစ်ခု ဖြစ်ခဲ့ပြီး ရှေးယခင်ကတည်းက မြန်မာနှင့်တရုတ်အကြား ကုန်သွယ် ရေးလမ်းကြောင်းပေါ်တွင် အရေးပါခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်း စကတည်းက ၂၀၂၃ အောက်တို ဘာ လကုန်ပိုင်းတွင် သိန္နီမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းပိုက်ထိန်းချုပ်ထားပြီး လားရှိုးမြို့နှင့် မိုင် ၃၀ ခန့်သာ ကွာဝေးသည်။

ပုံစာ - သိန္နီမြို့မဈေးနှင့် MNDAA အသစ်တည်ဆောက်ထားသည့် ပန်လော့ရွာ ဈေးသစ်
Cred
https://t.me/drmyat001
မော်စကိုမြို့တွင် ကျင်းပမည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ် (၈၀) ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်မည့် မြန်မာ့တပ်မတော်ကိုယ်စားပြုစစ်ရေးပြအဖွဲ့ထွက်ခွာ
…………………………………………

နေပြည်တော်၊ ဧပြီ ၂၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီ၌ ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်တွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်ရန် ဗိုလ်မှူးချုပ် မျိုးဆက်အောင်ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြအဖွဲ့သည် ယမန်နေ့နေ့လယ်ပိုင်းတွင် မန္တလေးမြို့၊ တံတားဦးလေဆိပ်မှ ရုရှားနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့သည်။

#PeopleMedia
https://t.me/drmyat001
.

☯️


( သမိုင်းကိုသိရင် မူဝါဒကိုသိနှိုင်တယ် )


US-China head to head ပြသနာကတော့ အဖြေထွက်သွားပြီ၊

သတိမထားမိကြလို့ပါ

Panda diplomacy ကနေ Wolf Warrior diplomacy ကိုပြောင်းလိုက်ကထဲက သူ့အင်အားကို သူယုံကြည်သွားလို့ "အမာလိုင်း" လိုင်းကိုပြောင်းလိုက်တာလို့ သိနိုင်ပါတယ်၊

တရုတ်ကို ခေတ်သစ်တရုတ်ဖြစ်အောင် မျိုးစေ့ကောင်း ချပေးလိုက်တဲ့ တိန့်ရှောက်ဖိန် ရဲ့စကားကြီး (၃) ခွန်းကို လေ့လာမိသူတွေအနေနဲ့လဲ ဒီပွဲမှာ တရုတ်ဖက်က နောက်မဆုတ်ဖူးဆိုတဲ့အပေါ်တွက်ချက်နိုင်ကြပါလိမ့်မယ်၊

တိန့်ရဲ့ စကား (၃) ခွန်းက

✅ ငွေစုပါ ( အင်အားတည်ဆောက်ခိုင်းတာ )
✅ ( အချိန်မတန်သေးခင် ) အနောက်အုပ်စုနဲ့ ထိတ်တိုက်တွေ့ခြင်းကိုရှောင်ကြဉ်ပါ
✅ ( အင်အားရှိလာချိန်မှာ ) အမျိုးသားအကျိုးစီးပွားကိုထိခိုက်လာမယ်ဆိုရင် ( At any price ) ရေကုန်ရေခမ်း တုန့်ပြန်ပါ

Xi က အဲ့ဒီအတိုင်း ထရမ့်ကို တုန့်ပြန်ခဲ့တာ တွေ့ရပါလိမ့်မယ်၊ နောက်တခုက တရုတ်တွေရဲ့အမေရိကန်အပေါ် ချုပ်ကွက်တွေ၊ ဝှက်ဖဲတွေကို မြင်ရင်လဲ အဖြေပေါ်ပြီးသား ပုစ္ဆာပဲဖြစ်ပါတယ်၊

အရင်ရက်တွေမှာကထဲက တွက်ဖို့မလိုတဲ့ အဖြေထွက်ပြီး ပုစ္ဆာပါလို့ ရေးထားပြီးဖြစ်ပါတယ်၊

မြန်မာအပါအဝင် နိုင်ငံတော်တော်များမှာ တရုတ်ချုပ်ကွက်တွေရှိထားတယ်၊အပေါ်ယံအမြင်ထက်အများကြီးပိုတယ်၊ ဒါကြောင့်တရုတ်က နိုင်ငံတွေကို...

" အမေရိကန်နဲ့ညှိနှိုင်းတဲ့နိုင်ငံမှန်သမျှကို တုန့်ပြန်အရေးယူသွားမယ်"....

.... လို့ရဲရဲတောက်ပြောနိုင်ခဲ့တာပါ၊

Xi နဲ့ Trump ကမတူတဲ့ Position တွေပါ၊ Trump ကဘွာတေးခတ်လို့ ဘာမှမဖြစ်ပေမဲ့ Xi ရဲ့နိုင်ငံရေးပါဝါတည်ဆောက်ပုံက ဘွာတေးဆိုတာနဲ့ ထိုင်ခုံက လွှင့်သွားနိုင်ပါတယ်၊


#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️


နယူးဂျာစီတောမီးနဲ့ တူရကီငလျင်

#NZL ☯
https://t.me/drmyat001
.

☯️

အဖြေက
ရှင်းသထက်ပိုရှင်းသွားပါပြီ၊

" Trump backs down on China tariff "
တရုတ်အပေါ်ထားတဲ့ အခွန်နှုံး ရုပ်သိမ်းခြင်း

" US will not play hard ball with China "
တရုတ်နဲ့ကိစ္စမှာ အမေရိကန်မတင်းမာတော့

အမေရိကန်ဖက်က ပြောတဲ့စကားပါ၊

ခြိမ်းကားခြိမ်း​၏
မိုးမရွာ ။


#BaMg(NZL) ☯️
https://t.me/drmyat001
သူတို့ဆီက 6.2တောင် ဒီလိုတွေ ပြိုကျ ပျက်ဆီးခဲ့တာဘဲ
ကိုယ်တို့တိုင်းပြည် 7.7 ကြောင့် ဘယ်လောက်ထိ ပျက်ဆီးခဲ့ရသလဲဆိုတာ
😢😢😢😢😢
တူရကီမှာ ရစ်(ခ်)တာစကေး ၆.၂ ပြင်းအား ငလျင်လှုပ်ခတ်ပြီး ပျက်စီးဆုံးရှုးမှုများ

cred
https://t.me/drmyat001
.

☯️

( အမေရိကန်ရဲ့ အသိအမှတ်ပြုမှုက အားကြီးတယ် )


ထရမ့်ပထမသက်တမ်းမှာ ဂျေရုဆလင်ကို အသိအမှတ်ပြုပေးခဲ့တယ်၊ အနောက်အုပ်စု တခုလုံး မကြေနပ်သူတချို့ရှိပေမဲ့ ဘယ်သူမှအသံမထွက်ရဲကြဘူး၊

2014 မှာရုရှားက ခရိုင်းမီးယားကို သိမ်းထားတယ်၊ အမေရိကန်အပါအဝင် အနောက်အုပ်စုတွေက အသိအမှန်မပြုကြဘူး၊

ဘိုင်ဒင့်လက်ထက်မှာ
ယူကရိမ်းစစ်ဖြစ်တယ်၊ ငြိမ်းချမ်းရေးအတွက် ပါသွားပြီးသားယူကရိမ်းနယ်မြေကို ရုရှားပိုင်အဖြစ် အသိအမှတ်ပြုဖို့ ထရမ့် စဉ်းစားနေတယ်၊ အနောက်အုပ်စုရဲ့ အသံတွေဘယ်လောက်ထွက်လာမလဲ ဆိုတာကို ချိန်ဆနေတဲ့ သဘောပဲ၊

လောလောဆယ်မှာတော့ ငြိမ်းချမ်းရေးလိုချင်ရင် ပါပြီးသားနယ်မြေကိုလက်ခံမှရလိမ့်မယ်ဆိုတဲ့ သဘောတရားအပေါ်မှာ အခြေခံစဉ်းစားထားတယ်၊

ထရမ့်အသိအမှတ်ပြုလိုက်တာနဲ့ ပွဲပြီးသလောက်ဖြစ်သွားမှာတော့အသေအခြာပဲ၊

ဘိုင်ဒင်ကြီး ဖင်မနိုင်ပဲ ပဲကြီးဟင်းတဝသောက်ခဲ့တာရဲ့ အကျိုးဆက်၊

#BaMg(NZL) ☯️
https://t.me/drmyat001
သမိန်ဒွတ်..ဝင်းကရွာ
ညက..Jet.ကြဲသွားပြီ
ရင်း.၆.အခြေပြု.ဒဲ့ထိတယ်
ပဒပ်တွေက.စာသင်ကျောင်းမှာဒဲ့ထိကြောင်း ရှေ့တန်းတပ်ဖွဲ့များထံမှသတင်းရရှိ

#HK PTM
https://t.me/drmyat001
ဧပြီ(၂၄)

ကရင်ပြည်နယ်.ကော့ကရိတ်.ကျုံဒိုး.နှင့် ကော့ကရိတ်မြောက်ပိုင်း နဘူးတိုက်နယ်အထိ ထိုးဖောက်ဝင်ရောက်လာတဲ့ရန်သူဟာ.BGFတပ်များနှင့်ထိပ်တိုက်တိုက်ပွဲဖြစ်ပြီး တန်ပြန်တိုက်စစ်အတွက်တပ်မ(၄၄)ရတခ တပ်များရဲ့ မြေပြင်တန်ပြန်တိုက်စစ်.တပ်မတော်(လေ)နဲ့ အမြှောက်တပ်ရင်းရဲ့ တိကျတဲ့ ဘယ်/ညာ တာဝေးမှန်ကန်မှု့တွေကြောင့် တဖက်ရန်သူဟာ အထိနာဆုတ်ခွါခဲ့ရပြီး စွန့်လွှတ်ခဲ့တဲ့ရန်သူအလောင်းတွေကိုလည်း.တပ်မတော်စစ်ကြောင်းများဘက်ကလူသားဆန်ဆန်မြေမြှုတ်ပေးခဲ့ရပါတယ်...
ယနေ့ ကော့ကရိတ်.ကျုံဒိုးကားလမ်းမကြီးတလျှောက် တိုက်ပွဲသံများငြိမ်သက်လျှက်.တပ်မတော်+BGF တပ်များနယ်မြေဆက်လက်ရှင်းလင်းလျှက်ရှိကြောင်းပါ...

#BoKyaw ဒေါနမြေ🇲🇲
https://t.me/drmyat001
မိုးကုတ်PDF၂၀ကျော်ထွက်ပြေး

မိုးကုတ်ကိုပို့လိုက်တဲ့
pdfစစ်ကြောင်း တခုလုံး
ထွက်ပြေးလို့ TNLA/PDFတွေ
တောနင်းရှာဖွေနေကြတယ်လို့
သိရပါတယ်။
မိုးမိတ်ကနေ မိုးကုတ်ကိုကာဖို့
သင်တန်းဆင်းPDFအင်အား
၁၀၀ကျော် ပေးပို့ရာမှ
အင်အား၂၀ကျော်ပါတဲ့ စစ်ကြောင်း
တခုလုံး ထွက်ပြေးသွားတာလို့
ဒေသခံတဦးထံကသိရှိရပါတယ်။

#SittNwayOo
https://t.me/drmyat001
သွားရောက် လှူဒါန်းလိုသူများသိရန် နိဗ္ဗာန်ကို အကျိုးမျှော်ပြီး နိုးဆော်ပေးလိုက်ပါတယ်ဗျာ
👇👇👇👇👇
သီတဂူ ကရုဏာအလှူတော်တရားပွဲအား ရန်ကုန်မြို့၌ကျင်းပမည်

ငလျင်ဒဏ်သင့်ဒေသများသို့ လှူဒါန်းမှုများပြုလုပ်လျက်ရှိသည့် ပြည်တွင်း/ပြည်ပမှအလှူရှင်များအား တရားတော်ဖြင့်ကျေးဇူးဆပ်သည့်အနေဖြင့် သီတဂူ ကရုဏာအလှူတော်တရားပွဲအား ရန်ကုန်မြို့၌ ၃ ရက်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)တွင် ဧပြီ ၂၆ ရက်၊ ၂၇ ရက်နှင့် ၂၈ ရက်တို့၌ မွန်းလွဲ ၂ နာရီမှစတင်ကာ ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တရားတော်နာလာရောက်မည့်သူများအား ဧပြီ ၂၆ ရက်တွင် သီတဂူဒေါက်တာအရှင်ဣန္ဒာစရိယ၊ ဧပြီ ၂၇ ရက်တွင် သီတဂူဒေါက်တာအရှင်ကောဝိဒ(သီ တဂူစတား)နှင့် ဧပြီ ၂၈ ရက်တွင် သီတဂူဒေါက်တာအရှင်တိက္ခသာတို့က တရားရေအေးတိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

#Popular
https://t.me/drmyat001
.

☯️


Trump tower မှာဆန္ဒပြနေသူတဦး

#NZL ☯
https://t.me/drmyat001
.

☯️

သမိုင်းဆရာတွေက ထိုင်မှတ်နေကြတယ်

အချိန်တိုအတွင်း အမှားပေါင်းများစွာကျူးလွန်ခဲ့ပြီး ဒီလောက်ကြီးတောင်ကျဆုံးခဲ့ဘူးတဲ့သမတမျိုး သမိုင်းမှာ မရှိခဲ့ဘူးပါတဲ့၊

(၄-၅) ကြိမ်မက ရေးခဲ့ဘူးတယ်
ထရမ့်ရဲ့ ပထမသက်တမ်းအပြီး Assessment အရ အညံ့ဆုံး သမတ (၅) ယောက်ထဲမှာ ပါနေပါတယ်လို့၊

မေ့နေကြလို့ဖြစ်မှာပါ။


#BaMg(NZL) ☯️
https://t.me/drmyat001
ညောင်ဦးအခြေစိုက်တပ်ခွဲ NUG MODအောက်ကနုတ်ထွက်
■ NUGအောက်ကနုတ်ထွက်တဲ့အဖွဲ့၇ဖွဲ့အထိ ရှိလာ    

ညောင်ဦးမြို့နယ်21 BAGAN LPDF ကNUG(MOD)လက်အောက်ကခွဲထွက်ကြောင်းဒီနေ့ ဧပြီ ၂၄ရက်နေ့မှာထုတ်ပြန်ပါတယ်။

တပ်ဖွဲ့အချင်းချင်းလေးစားမှုမရှိတဲ့အပြင်မြေပြင်အခြေအနေအတိအကျမသိဘဲဆုံးဖြတ်နေတာတွေကြောင့်နုတ်ထွက်ရတာဖြစ်ပြီး အခြားအဖွဲ့တွေနဲ့ဘဲအတူဆက်လုပ်မယ်လို့ 21 BAGAN LPDFကထုတ်ပြန်ထားပါတယ်။

NUG MODအောက်ကနုတ်ထွက်သွားတဲ့21 BAGAN LPDFတပ်ခွဲ ၃ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ချိန်မှာ ညောင်ဦးမြို့နယ်ပကဖဆီကနေရရှိခဲ့တဲ့MA1သေနတ်၂ လက်၊ ၅.၅၆ ကျည်အတောင့်၂၀၀ပြန်လည်အပ်နှံခဲ့တယ်လို့သိရပါတယ်။

လက်ရှိအချိန်ထိ NUG MOD အောက်ကနေ နုတ်ထွက်​အဖွဲ့၇ဖွဲ့အထိရှိလာပြီးဧပြီ ၂၁ ရက်ကလည်း ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းနုတ်ထွက်ခဲ့သလို ရှမ်းတောင်နဲ့ ကရင်နီအစပ်မှာရှိတဲ့ အမှတ် ၁၀၀၅ တပ်ရင်း (SSPDF) နဲ့ အမှတ် (၁၀၀၈) တပ်ရင်း (SSRY)၊ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ ဂဠုန်စစ်ကြောင်း၊ကျားဖြူစစ်ကြောင်းနဲ့ မကွေးတိုင်းဂန့်ဂေါ PDF(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဂန့်ဂေါတပ်ရင်း - ယောဒေသ)တို့လည်းနုတ်ထွက်ထားပါတယ်။

ဓာတ်ပုံ - 21 BAGAN LPDF
Cred
https://t.me/drmyat001