U Nay Win🇲🇲
13.9K subscribers
97.4K photos
4.9K videos
4 files
78.2K links
Download Telegram
.

☯️


ပြောမယ်ဆိုလဲ ပြောစရာကဖြစ်သကိုး

ထရမ့်သေနတ်အပစ်ခံရတုန်းကပုံတူကို ပူတင်က ထရမ့်ကိုပေးပို့လိုက်ပါသတဲ့၊

#NZL ☯
https://t.me/drmyat001
.

☯️


အမေရိကန်နဲ့တရုတ်တို့ ကုန်သွယ်ခွန်တင်းမာနေချိန်မှာ တရုတ်က EU နဲ့ ဆက်ဆံရေး ပိုမိုခိုင်မာစေဖို့ အဆင်သင့်ဖြစ်ပြီလို့ ဆိုလိုက်ပါတယ်၊

အမေရိကန်က EU ကိုလဲကုန်သွယ်ခွန်တွေတိုးမြှင့်လိုက်လို့ ထရမ့်အပေါ် ယုံကြည်မှုပျက်ပြားနေချိန်နဲ့တိုက်ဆိုင်နေပါတယ်၊

#BaMg(NZL) ☯️
https://t.me/drmyat001
ဒီတခါနဲ့ ကြိမ်းကျေပါစေ
👇👇👇👇👇

ဖိလစ်ပိုင်တောင်ပိုင်း၌ အင်အား ၆ ဒသမ ၃ အဆင့်ရှိငလျင်လှုပ်ခတ်

မနီလာ၊ဧပြီ ၂၂

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒါဗာအိုအို အနောက်ပိုင်း ပြည်နယ်၌ အင်္ဂါနေ့ညနေပိုင်းက ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိသည့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ၏ မီးတောင်နှင့်ငလျင်ဗေဒသိပ္ပံက ပြောကြားခဲ့သည်။

အဆိုပါငလျင်သည် ညနေ ၆ နာရီ ၁၇ မိနစ်တွင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အင်စတီကျုကပြောကြားခဲ့ပြီး ဆာရန်ဂါနီကျွန်း၏အရှေ့တောင်ဘက် ၂၉၅ ကီလိုမီတာအကွာ၌ အနက် ၁၁၇ ကီလိုမီတာကိုဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။

ယခုငလျင်အပြီးတွင် နောက်ဆက်တွဲငလျင်များဆက်လက်ဖြစ်ပေါ်လာနိုင်ကြောင်းလည်း သတိပေးထားသော်လည်း အ‌ေ-သအပျောက်နှင့်ပျက်စီးဆုံးရှုံးမှုများ ကြီးကြီးမားမားမရှိသေးကြောင်းလည်းသိရသည်။

ကျွန်းစု နိုင်ငံ ဖြစ်သော ဖိလစ်ပိုင်သည်လည်း အင်ဒိုနီးရှားကဲ့သို့ပင် ပစိဖိတ်မီးကွင်းပေါ်တည်ရှိသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ငလျင်လှုပ်ခတ်မှုမကြာခဏဖြစ်လေ့ရှိသည့်နိုင်ငံထဲတွင်လည်းပါဝင်သည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်။

Source : ရှင်းဟွာ
#Popular
https://t.me/drmyat001
ဆက်တိုက်ဆိုသလိုပါဘဲလား
ကြိမ်ကျေနိုင်ကြပါစေဗျာ
🙏🙏🙏🙏🙏
အင်ဒိုနီးရှားနိုင်ငံ၌ အင်အား ၆ ဒသမ ၆ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့

ဂျကာတာ၊ဧပြီ ၂၂

အင်ဒိုနီးရှားနိုင်ငံ၏ ဆူလာဝေစီပြည်နယ်မြောက်ပိုင်း၌ အင်အား ၆ ဒသမ ၆ အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း နိုင်ငံ၏မိုးလေဝသ၊ရာသီဥတုနှင့်ဘူမိရူပအေဂျင်စီကပြောကြားခဲ့သည်။

အဆိုပါငလျင်သည် ဂျကာတာစံတော်ချိန် ညနေ ၅ နာရီ ၁၇ မိနစ်တွင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ဗဟိုချက်သည် Kepulang Talad Regency ၏အရှေ့တောင်ဘက် ၆၇ ကီလိုမီတာအကွာ ပင်လယ်ကြမ်းပြင်အောက်အနက် ၁၀၇ ကီလိုမီတာအကွာကိုဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ငလျင်အင်အား ၆ ဒသမ ၆ အဆင့်ရှိသော်လည်း ဆူနာမီအန္တရာယ်သတိ‌ေပးချက်ကို မထုတ်ပြန်ခဲ့ကြောင်းလည်း အေဂျင်စီက ဆက်လက်ပြောကြားခဲ့သည်။

အင်ဒိုနီးရှားသည် ငလျင်လှုပ်ခတ်မှုပြင်းထန်သည့် ပစိဖိတ်မီးကွင်းပေါ်တွင်တည်ရှိနေသဖြင့် မကြာခဏဆိုသလို ငလျင်လှုပ်ခတ်များရှိခဲ့ပြီး မီးတောင်ရှင်ပေါင်းလည်း ၁၂၇ ခုရှိသည်ဟုဆိုသည်။

Source : ရှင်းဟွာ
#popular
https://t.me/drmyat001
📸📸𝙋𝙃𝙊𝙏𝙊 𝙉𝙀𝙒𝙎📸📸

နှစ်ပေါင်း (၅၀) သက်တမ်းရှိတဲ့ မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲ မြင်ကွင်းပုံရိပ်တွေဖြစ်ပါတယ်။

အဲဒီ မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲကို ဧပြီလ (၂၂) ရက် ညနေပိုင်းက မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း)၊ ကမာမိုကျေးရွာ ဘုရားပွဲမှာ ထည့်သွင်းကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲမှာ လှည်း ၇ စီး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသလို လှည်း ၁ စီးကတော့ အလှပြလှည်းယာဉ်အဖြစ် ပါဝင်ပြသခဲ့တယ်လို့ ဆိုပါတယ်။

ပြိုင်ပွဲဝင် လှည်းယာဉ်တွေဟာ သက်ဆိုင်ရာ စုရပ်ကနေ ကမာမိုးကျေးရွာတောင်ပိုင်းမှာရှိတဲ့ ဝင်းလဲ့ညီနောင် ဆုတောင်းပြည့်စေတီတော်ကို သွားရောက်ဘုရားဖူးပြီးနောက် ကမာမိုကျေးရွာ အလယ်ပိုင်းမှာရှိတဲ့ ဘုရားပွဲကျင်းပရာကွင်းအတွင်းကို ပြန်လည်မောင်းနှင်လာရတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလို ပြိုင်ပွဲဝင်လှည်းယာဥ်တွေပြန်လာတဲ့ လမ်းတလျှောက်မှာရှိနေကြတဲ့ အမှတ်ပေးအဖွဲ့တွေက အကဲဖြတ်အမှတ်ပေးကြတာဖြစ်တယ်လို့ သိရပြီး အဆိုပါ မွန်ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်တဲ့ မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲကို (၁၉၇၅) ခုနှစ်က စတင်ကျင်းပပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#mhtnews
https://t.me/drmyat001
.

☯️


( ဆေးပေးတချက်အမှား )


ဆေးပေးတချက်အမှားမှာ အနိုင်ကပ် Winning card က ကိုယ်လက်ထဲကပြုတ်ကျသွားတယ်၊
တဖက်မှာ လိုရာသုံး Joker card ဖြစ်သွားလေရဲ့၊

PDF ကိစ္စဆေးပေးမှားတာက စလိုက်တာပဲ
PDF တွေအင်အားကြီးလာတော့ တရုတ်စိုးရိမ်လာပြီ၊ နောက်ခံက အမေရိကန်ကိုး၊ အဲ့ဒီမှာ " 1027" ဇာတ်လမ်းစတော့တာပဲ၊

(၃) မျိုးဖြစ်နိုင်တယ်လို့တွေးကြည့်မိတယ်

✅ ပထမ တမျိုးက MNDAA ကိုသုံးပြီး Leverage ယူတာ၊

✅ ဒုတိယတမျိုးက MNDAA ကရတဲ့အခွင့်အလမ်းပေါ်မူတည်ပြီး Cross လုပ်သွားတာ

✅ တတိယတမျိုးက MNDAA သိမ်းထားတဲ့ လားရှိုးရဲ့ အခွင့်အလမ်းကို တရုတ်ဖက်ကမြင်သွားပြီး အင်အားပြန်သုံးလိုက်တာ၊
( အရှည်ရှင်းချက်တော့ မရေးတော့ဘူး )

ဒီကိစ္စ မရေးတော့ဘူးဆိုပြီး ရင်ထဲမျိုသိပ်ထားတာကြာပြီ၊ ရခိုင်ဖက်မှာ ထပ်ကြုံနိုင်ရသေးတာကြောင့် " ပညာရှိ သတိဖြစ်ခဲ " မဖြစ်ရလေအောင်ရေးလိုက်တာ ၊

PDF တွေကို အမေရိကန်က အဝေးကထောက်တယ်၊ အိမ်နီးချင်းဆိုတော့ တရုတ်ကတပန်းသာတယ်၊ အနီးကပ်ကစားခွင့် ရှိနေတယ်၊ လက်ကိုင် အဖွဲ့တွေကလဲရှိနေတာကိုး၊

မြန်မာမှာ ရေရှည်ပြည်တွင်းစစ်ဖြစ်ရင် တရုတ်အတွက် အဆိုးတွေချည်းဖြစ်မယ်ဆိုတဲ့အချက်က မြန်မာကို အသက်ရှုပေါက်တခုဖြစ်စေခဲ့တာပဲ၊

လားရှိုးကစားကွက်က လက်ရှိမြင်ကွင်းမဖြစ်ခင် ဖြစ်လာလိမ့်မယ်လို့ နိုင်ငံရေးနားလည်သူတွေတောင် ကြိုတင်မြင်နိုင်ရင် ပင်တဂွန်နဲ့ CIA ကမမြင်စရာမရှိဘူး၊ Close support မှာ CIA က အလိုလိုတပန်းရှုံးထားတာ၊

ဒီတော့ နောက်တကွက် ထပ်ကစားဖို့ဖြစ်လာတယ်၊ အဲ့ဒီနေရာကတော့ ရခိုင် ဂမ်းဘစ်ပဲ၊ ရခိုင် ဂမ်းဘစ်အကြောင်း ရေးခဲ့တာ ဆယ်စုနှစ်တခုကျော်ပြီ ( ဆောင်းပါး ၄-၅ ပုဒ်မကဘူး )

အခု... ဒုတ်ဒုတ်ထိရောက်လာပြီ
Close support ပေးနိုင်ဖို့ ဘင်္ဂလားဒေ့ချ်က Focal ဖြစ်လာတယ်၊

ရခိုင်ဒေသနဲ့ ကျောက်ဖြူထိမ်းဖို့က AA နဲ့ ပိုက်လိုင်းတလျောက် Disruption ပေးဖို့က CNF နဲ့ PDF တွေဖြစ်လာမယ်၊ ( ကြားမှာ ရှမ်းမြောက်လိုပဲ အကျိုးစီးပွား ဖေါက်ထွက်တာတွေလဲရှိလာနိုင်ပါတယ် )

ကမ္ဘာ့စစ်တုရင်ပြိုင်ပွဲတွေလို့ပေါ့၊ Crown အတွက် ပွဲငယ် (၁၂) ပွဲကိုဖြတ်သန်းကြရတဲ့သဘောပါပဲ၊ ရခိုင်ဂိမ်းက ဂိမ်းကြီး Big game@Showdown အဆင့်၊

မျက်နှာချင်းဆိုင်ထိုင်ပြီး ရွှေ့ကွက်တွေမရွှေ့ခင်မှာ ပြင်ဆင်ရတာတွေရှိတာတော့ သိကြမှာပါ၊ ဒီတခါ တဖက်လူက " အဖြူ" ကိုင်ကစားမှာဆိုတော့ တိုက်စစ်အလှည့်၊ ကိုယ်က အနက်နဲ့ကစားရမှာဆိုတော့ ခံစစ်၊

Planetary position ကလဲ May, June လောက်မှာ အချက်ပြထားတယ်၊

ကဲ...
ကြိုးစားကြဦးရဲ့ ။


#BaMg(NZL) ( 23.4.25 ) ☯️
https://t.me/drmyat001
.

☯️


( ပလူတိုကို အထင်သေးမိခဲ့တယ် )

" ဆရာရေ... ပလူတိုက အဟောင်းတွေကိုဖြိုဖျက်ပြီး အသစ်တွေပြန်တည်ဆောက်သွားလိမ့်မယ်၊ ရာဟုက တိုးတိုးတိတ်တိတ် ထောက်ပံ့ပေးဦးမှာ "

အဲ့ဒီဆရာပြောတာ မယုံခဲ့ဘူး၊
IMF ကပြောပြီ

" ကမ္ဘာ့စီးပွားရေးအခင်းအကျင်းက အဓိကအပိုင်းတွေကနေပြီး အသစ်ပုံစံတခုဆီ ပြောင်းလဲနေပြီ ".... တဲ့၊

New normal ပေါ့လေ

Epic center ကတော့ဗေဒင်မေးစရာမလိုဘူး၊ ငလျင်တံခိုးရှင်ကြီး Donald Trump ပေါ့၊

Global economic outlook အရ ဒီနှစ်မှာ 2.8% ပဲလို့ ပြင်ဆင်ပြီးမှန်းချက်အသစ်ပေးလာတယ် (မနှစ်က 3.3%)

Trump ရဲ့ Tariff policy ကဘယ်လောက် အမေရိကနါကိုထိခိုက်သွားသလဲဆိုရင် Great depression (1929) မဟာစီးပွားပျက်ကပ်နောက်ပိုင်း အဆိုးဆုံးအခြေအနေပါတယ်၊

Liberal ➡️ Neoliberal ➡️ Protectionism ( Trumpinism )

တကယ်ကြေးပြောရရင် Protectionism ဆိုတဲ့ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒတောင်မဟုတ်တော့ဘူး၊ ထရမ့်ဝါဒ သက်သက်ဖြစ်သွားပြီ၊ ကမ္ဘာကြီးကို Reset လုပ်ချလိုက်သလိုပါပဲ၊ တကယ့် Radical change ကိုဖြစ်သွားလိုက်တာပါ၊ မကြားဘူးတာတွေကြားနေရတဲ့၊

ဘာတဲ့ နိုင်ငံငယ်တခုကို အခွန်းနှုံး 3000 ကျော်ဆိုလား❗ အဲ့ဒါမျိုးကတော့ Protectionism လုံးဝမဟုတ်တော့ဘူး၊ Emotionalism အထိဖြစ်သွားပြီ၊


#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️

( 25.4.25 ) နေ့မှာ

သောင်္ကြာ၊ စနေနဲ့ လ ကိုတွေ့ရမဲ့ပုံစံ
ပြုံးနေတဲ့ မျက်နှာနဲ့တွေ့ရမယ်လို့ ရေးထားတယ်
ဆရာ Moe Kyaw Oo ကရေးတတ်ပါ့

ပြုံးတော့ပြုံးတယ်
ဒါပေမဲ့ " မဲ့ပြုံး" ကြီးပါတဲ့။

#NZL ☯
https://t.me/drmyat001