U Nay Win🇲🇲
13.9K subscribers
97.3K photos
4.89K videos
4 files
78.2K links
Download Telegram
မီယန်မာပြည်ကြီးကတော့ ဆရာအနိုင် နှစ်ဆောင်ပြိုင်ကြီးကို ဖြစ်လို့ပေါ့ဗျာ

ငပွကြီးကလည်း ကမ္ဘာပါတ်ပြီး ငမြွေဒိုး လုပ်လာခဲ့တာ ကြာ ကြာလှပေါ့ ဒင်းတိူ့ ဆင်တဲ့အကွက်ထဲကို အကုန် ကွက်တိ ဝင်ခဲ့တာချည်းဘဲဗျ

စိန ကလည်း ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ် ဆိုတဲ့ တကဲ့ လူလည်ကြီး ခပ်ပါးပါးလှီးတတ်တဲ့ တရုတ်ဓါး ဗျ

ငပွရော စိန ရော မီယာန်မာပြည်နဲ့ တွေ့တော့မှ အကုန် ချီးပေကုန်ကြလေရဲ့

အဖြစ်က ဒီလို ဒီလို းးးးးးး

စိန နဲ့ ငပွတိူ့က ပထဝီနိုင်ငံရေးမှာ လက်ဦးမှု ရရှိစေရေးအတွက် ရနိုင်သမျှသော နည်းလမ်းပေါင်းစုံကို အသုံးပြုပြီး ငါးကြင်းလို ဆူဖြိုးနေတဲ့ မီယာန်မာပြည်ကို သူရသင့်သည် ငါရသင့်သည် ဆိုပြီး အမဲဖျက်ကြတာပါဘဲ

စိနက လက်ဦးမှုရအောင် Proxywar လုပ်ပြီး 1027 Operation အခင်းအကျင်းကို ကျားဖျန့် နာမည်တပ်ပြီး စတင် ဝင်ရောက်လာတယ် ရမခ နေဝန်းနီတို့ရဲ့ ကိုယ်ခံအားစနစ်မကောင်းတော့ ပွဲက ကြည့်မကောင်းဘူး အလဲလဲ အပြိုပြိုပေါ့လေ ဒါက အားလုံး သိရှိကြပြီးသားဘဲ

မောင်ပြုံးချိုကတော့ Ever Smile
Never Die. လုပ်ပြတယ် အရှေ့မြောက်ဖျားဘက်ကနေ တတိတိနဲ့ ဝါးကောင်းကောင်းနဲ့ ဝါးလာလိုက်တာ ဟုတ်မလိုလိုနဲ့ မဟုတ်ဘူး ဖြစ်ကုန်ရော

ငပွကြီးကလည်း အားကျမခံ K3 C Operation လုပ်ဖို့ အစီအစဥ္ကို အူယားဖါးယား စဆွဲပါတယ် မဆီမဆိုင် ရှိတ်ဟာစိနာ India ဘက်ထွက်ပြေးသွားရတယ်
မောင်ပြုံးချို ကတော့ အေးဆေးဘဲဗျ

မီယာန်မာပြည်တွင်းရေးထဲကို မအူမလည်နဲ့ ဝင်လာတာက မန်းလေးငလျင်ကြီးဘဲဗျို့

ပေါက်ဖေါ်ကြီးရော ငပွကြီးရော ကြားဝင်လာမိတာ အခုတော့ အကုန် ဒစ်လည် တိုင်ပါတ် ကြောင်ပျောက်ကုန်ကြပြီလေ

အဆိုးဆုံးက အကုန် ချီးပေကုန်တဲ့ ပြတ်သနာပေါ့ဗျာ

CIA လိုနာမည်ကျော်ကြား လူသိများတဲ့ အဖွဲ့ကြီးရော စိန တို့ရဲ့ MSS ထလရအဖွဲ့ကြီးရော မီယာန်မာပြည်ကြီးရဲ့ ကြားကို လူလည်လုပ်ပြီး ဝင်လာခဲ့ခြင်းရဲ့ ဆုလာဘ်ကတော့ အကုန် ချီးပေပြီး နံစော်ကုန်လေသတည်း ပေါ့ဗျာ

Major သော် နဲ့ ဗိုလ်စံတို့ကတော့ တပခ ခွင်ထဲကငပွေး တစ်ရာကျော် ကွင်းကောက်ဘက်မှာ ၄၀၀ ကျော် ငါန်းဇွန်ခွင်မှာ ရန်သူ ၃၀၀ ကျော်ကို Air Strike လေကြောင်းပစ်ကူနဲ့ ချေမှုန်းထားနိုင်ခဲ့လို့ ကြေနပ်တယ် အားရတယ် ပီတိဖြစ်ရပါတယ်ခင်ဗျာ

စိန နဲ့ ငပွ တို့ကို ကြောက်ရွံ့ ကျိုးနွံအောင်လို့ မောင်ပြုံးချိုရဲ့ ဆုံမတော်မူခန်း
ဇာတ်တော်ကြီးကို ဆက်လက်ရှုစား အားပေးကြရအောင်လားခင်ဗျာ

ပွဲကြမ်းတာမှ ကြိုက်တတ်တဲ့ မီယာန်မာတွေအတွက် တကယ်ကြမ်းတော့မဲ့ ဇာတ်ဝင်ခန်းကို အရသာခံ စောင့်ကြည့်ပေးပါ

ဧရာဝတီတိုင်း လေးမျက်နှာ မြို့နယ် ပန်းတောကြီးရွာဘက်မှာ တပ်မတော်စခန်း ကျသွားပြီ ဆိုတဲ့မမှန်သတင်းကို ထုတ်လွှင့်နေပေမဲ့ AA နဲ့ပဒက်အချို့ အလံဖြူထောင် လက်နက်ချပါတယ် ရိုးမသွားသည့်လမ်း စက်စက်ယို ရွာဘက်ကို ဆုတ်ခွါ ထွက်ပြေးနေလို့ တပ်မတော်မှ လိုက်လံ ချေမှုန်းနေဆဲပါဗျာ

စိတ်မရှည်လို့ ဇာတ်ရုံထဲက သေး​ေပါက်သလိုလို ချေးပါသလိုလို ထွက်ဖို့တော့မပြင်ကြပါနဲ့ ဘာဖြစ်လို့လဲ ဆိုတော့ မောင်ပြုံးချို
ပွဲကြမ်းတော့မှာ မို့ ဖြစ်ပါတယ်ခင်ဗျာ

ဒီအချိန်မှာ ဇာတ်ရုံထဲက ပြေးမယ်ဆိုရင်တောင် အပြေးကောင်းရင် ၂ ချက်လောက်တော့ ထိသွားနိုင်လို့ပါခင်ဗျာ
ဒီလောက်ဆို သဘောပေါက်ဗျာ

ဒစ်လည် ကြောင်ပျောက် ချေးလူး တိုင်ပါတ် ကြားဝင်လာမဲ့ ဘယ်ကောင်မဆို ရူးခါသွားရလောက်အောင် တကယ် ပွဲကြမ်းတော့မှာမို့ ကဲ ရွာစားရေ
မတိမ်းမစောင်း ဗန်းဗောင်းလေးနဲ့ ကြာသလားလို့ အကြော်နဲ့ တစ်ပွဲဗျာ

စစ်သတင်းအမှန်များ ဆက်စောင့်မျှော်ပေးပါခင်ဗျာ

အားလုံးကို လေးစားရိုသေစွာဖြင့်

ရဲသုံးဖေါ်
၂၀၂၅ အေ ၂၂ ၁၇၀၀
#Bosaw
https://t.me/drmyat001
သူပုန်တွေ ကံကောင်းတယ် .. အပစ်ရပ် နောက်ထပ် ၁ ပတ် တိုးပေးထားတယ်..
-
ထုတ်ပြန်ချက် အပိုဒ် (၅) မှာ ပါပြီးသားနော် .. လာတိုက်လို့ကတော့ ဌာနချုပ်တွေကို ပြန်တုံ့ပြန်ရန် အခွင့်အရေးရှိတယ်။
-

Crd
https://t.me/drmyat001
နိုင်ငံရေးဆိုတာ
တိုက်ဆိုင်တာမရှိဘူးနော်
😁😁😁😁😁
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော်ဒက်ကာရှိ ဒက်ကာကောလိပ်နှင့် စီတီးကောလိပ်တို့မှကျောင်းသားများ မလိုမုန်းထားစိတ်ဖြင့် တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွား

၂၂.၄.၂၀၂၅
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒက်ကာရှိ ဒက်ကာကောလိပ်နှင့် စီတီးကောလိပ်တို့မှ ကျောင်းသားများက ဧပြီလ ၂၂ ရက်တွင် မြို့တော်သိပ္ပံဓာတ်ခွဲခန်းနယ်မြေ၌ တစ်ဖန်ပြန်လည်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြပြန်ကြောင်းသိရသည်။

နံနက် ၁၁ နာရီ အချိန်ခန့်တွင် အုပ်စုတစ်ခု၏နောက်သို့ အခြားတစ်စုက နောက်ယောင်ခံလိုက်ကာ အခြားတစ်စုကလည်း မွန်းလွဲ ၁၂ နာရီခွဲတွင်‌ ပြန်လည်၍ နောက်ယောင်ခံလိုက်ဖမ်းဆီးရာမှ လမ်းပေါ်တွင် ယာဉ်သွားလာမှုအနှောင့်အယှက်ဖြစ်ကာ အုပ်စုနှစ်စုအကြားတင်းမာမှုစတင်...


#ဘင်္ဂလားဒေ့ရှ် #ကောလိပ် #ကျောင်းသား #တိုက်ခိုက် #မလိုမုန်းထား #MT #mtnews
https://t.me/drmyat001
အလွဲတကာ အလွဲတွေထဲကမှ ဒီအလွဲဟာ ရုပ်ဆိုးဆုံးဘဲ ဖြစ်မယ်ဗျ
👇👇👇👇👇
၁၀ တန်းစားမေးပွဲဆိုတာ
ကျောင်းသူ/သားတင်မက မိဘတွေပါ လူမောစိတ်မာခဲ့ရတဲ့အရာ

ငလျင်​လှုပ်လို့ မီးလောင်တယ်
အဖြေလွှာတွေဆုံးရှုံးသွားတယ်တဲ့

အဖြေလွှာထိမ်းသိမ်းသူမှာရော တာဝန်မရှိဘူးလား?

ထားပါ ဒါက သဘာဝဘေး ဖြစ်ခဲ့တာဆိုရင်

အဖြေလွှာချည်း မီးလောင်ကုန်တာလို့ ထင်နေကြတာလား

တစ်ဖက်သက်တည်းမကြည့်ကြနဲ့လေ
ကျောင်းသားတွေရဲ့ မှတ်စုတွေ၊ စာအုပ်တွေကရော

မီးမလောင်တော့ဘူးလား?
တိုက်ပြိုတဲ့အထဲ ပါမလားတော့ဘူးလား?

အဖြေရှာနည်းလွဲနေသလားလို့...

နိုင်ငံရေးအဖြစ်ပျက်ကြားထဲမှာ
အစိုးရကျောင်းကို ခိုးတက်ခဲ့ရတဲ့ ကျောင်းသားတွေ များစွာရှိပါတယ်

ဆိုတော့ဗျာ

ထပ်ရေးရင် ရှည်ကုန်တော့
သူတို့မှာလည်း ပေးဆပ်ခဲ့ရတာတွေ အများကြီးပဲ

#Bn
https://t.me/drmyat001
အကြမ်းဖက် KNU +PDF အဖွဲ့ထံပို့မည့် လက်နက်များအား ချင်းမိုင်မြို့၊ တူးမြောင်းလမ်း (Canel Road) ပေါ်တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး။

# မှိုင်းဝေ
https://t.me/drmyat001
ထိုင်းနိုင်ငံအတွင်းနေထိုင်ကာ ထိုင်းနိုင်ငံရဲ့ ပုံရိပ်ကိုဖျက်ဆီးနေတဲ့ သူတောင်းစားများအား ထိုင်းအစိုးရမှ ရှင်းလင်းနေ။

သူတောင်းစားတစ်ကောင်တော့ ခွက်သိမ်းခံရလို့ ငိုနေပြီ

# မှိုင်းဝေ
https://t.me/drmyat001
.

☯️


( သေရေးရှင်ရေး )


အီရန် နိုင်ငံခြားရေးဝန်ကြီး တရုတ်ကိုမနက်ဖန်သွားမယ်၊ ရုရှားကိုလဲတွေ့ပြီးပြီ၊

အစ္စရေးနဲ့စစ်ပွဲကိုလဲမျှော်လင့်ထားပုံရတယ်၊ ဒါကြောင့်ရုရှား၊ တရုတ်ခရီးစဉ်တွေဟာ အီရန်ရဲ့ သေရေး-ရှင်ရေး ခရီးတွေလို့ရှုမြင်နိုင်လိမ့်မယ်၊

မရှောင်သာလို့ စစ်ဖြဖစ်လာရင်တော့
လက်နက်အရရော၊ တိုက်စွမ်းရည်အရရော အစ္စရေးကသာတယ်၊ ဒါပေမဲ့ အာရပ်-အစ္စရေး (၆) ရကါစစ်ပွဲတုန်းကလိုတော့မဟုတ်တော့ဘူး၊ နယ်မြေသိမ်းစစ်မမဟုတ်လို့ တင့်ကားတွေချင်း ခေါင်းချင်းဆိုင်ရမဲ့ ခေတ်မဟုတ်တော့ဘူး၊

နိုင်ငံတခုကို ရေရှည်အင်အားချိနဲ့သွားအောင်အဓိကနေရာတွေကိုံ အ​ဝေးပစ်တွေနဲ့တိုက်ရမဲ့ခေတ်ဖြစ်လာပြီ၊


#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️

ထရမ့်အကြံပေး ရုရှားကို ဒီတပါတ်ထဲရောက်လာဖို့ရှိတယ်၊

ယူကရိမ်းကိစ္စနဲ့ အီရန်ကိစ္စ အဓိကဖြစ်ပါလိမ့်မယ်၊

#NZL ☯
https://t.me/drmyat001
သနားစရာ ကောင်းလိုက်ပါဘိနှယ်
😂😂😂😂😂
လားရှိုးမြို့တော်သစ် ဖန်တီရေးကောင်စီ Page သည် စစ်သွေးကြွ NUG အုပ်စုမှ နိုင်ငံရေးအရ တိုက်ခိုက်ရန် ချိန်ကိုက် ဖွင့်ထားသော Page ဖြစ်ပါသည်။

အဆိုပါ Page ၌ ဖော်ပြထားသော ဓာတ်ပုံများသည် AI နည်းပညာဖြင့် ဖန်တီထားသော ပုံများသာ ဖြစ်ပါသည်။


#Peopl@peoplemedianews
https://t.me/drmyat001
Media is too big
VIEW IN TELEGRAM
ဒီကြေငြာချက်ထုတ်တဲ့ ပညာရေးဝန်ကြီးကို မေးပေးပါ
ငလျင်ဒဏ်ကြောင့် မသေဘဲ ကျန်ရစ်နေတဲ့ ကလေးတွေရဲ့ ဦးနှောက်ကို ထပ်ပြီး မသေမချင်းဒဏ်ရာတွေ ပေးတာ ခင်ဗျားသားသမီးတွေ မပါလို့လားးးလို့

နားထောင်ကြပါ
ဒီvideoက ထောက်ပြသွားတာတွေရော တကယ့်ကို မှန်နေတာ တွေ့ရပါလိမ့်မယ်
နီ စိမ်း ပြာ ဝါ နဲ့ ဝါဒ စွဲနေတာမဟုတ်ဘူး
ကိုယ့်အပြစ်ကိုဖုံးဖို့ ကလေးတွေအပေါ် အသုံးမချပါနဲ့တော့ ဗျာ
👇👇👇👇👇
ပါတီကြီးတစ်ခုက G(12)စာမေးပွဲတွေနဲ့ပတ်သက်ပြီး ကလေးတွေကိုအအောင်ပေးဖို့ အကြံပြုပြီးနောက်တနေ့မှာဘဲ စာမေးပွဲတွေပြန်ဖြေရမယ်ဆိုတဲ့ ကြေးညာချက်အပေါ် ကျောင်းသားမိဘတွေနဲ့ ဆရာ/ဆရာမတွေရဲ့ အဖြေကဘာလဲ ?? နားထောင်ကြည့်ပါ။

cred
https://t.me/drmyat001
စစ်ပွဲသတင်းတွေကြားထဲမှာ အခုလို အသံလေးတွေလည်း ကြားသိရပါတယ်

ကစထမှုး ဗိုလ်ချုပ်ကြီးနိင်နိုင်ဦးနဲ့ ဆွေးနွေးညှိနှိုင်းရာ အောက်ပါ သဘောတူညီချက် ၇ ချက်ရရှိလိုက်တယ် ဆိုပါလား

၁ မန်းလေးမှ မူဆယ်အထိ EAOs များ ဆုတ်ခွါပေးရန်

၂ TNLA ကျောက်မဲမှ ဆုတ်ခွါပေးရန်

၃ လားရှိုးနယ်မြေရှိ ပဒက်များမှ စစ်မက်ဖေါ်ဆောင်ခြင်း မပြုလုပ်ရန်

၄ လားရှိုးမြို့ထဲကို UWSA နဲ့ TNLA တပ်ဖွဲ့များမှ လတ်တလော လခရ တာဝန်ယူပေးထားပြီး တပ်မတော်မှ လခရ တာဝန်ယူနိုင်ချိန်တွင် လားရှိုးမြို့မှ UWSA နှင့် MNDAA တပ်ဖွဲ့များ မိမိဒေသသိူ့ ဆုတ်ခွါပေးရန်

၅ နစက မှ ကိုးကန့်နှင့် ဝ ဒေသကိုယ်ပိုင်အုပ်ချုပ်ရေးဒေသကိူ ထာဝရ ငြိမ်းချမ်းရေး အာမခံချက်ပေးရန်

၆ လားရှိုးမှာ စစ်မဖြစ်စေဖို့ တရုတ်ကောင်စစ်ဝန်ရုံးကို ထားရှိပြီး စောင့်ကြည့်ပေးရန်

၇ UWSA ကို ပန်လုံနှင့် ဟိုပန်ကို နစက မှ အပ်နှင်းရန်


ကဲ ဖြစ်နိုင်သလား မဖြစ်နိုင်ဘူးလား ခင်ဗျားတို့ဘဲ စဥ်းစားကြတော့ဗျာ

ကျုပ်ကတော့ ဒီလောက်ရှုတ်ထွေးတဲ့ ဇာတ်လမ်းမျိုး မကြုံဖူးဘူးဗျာ

အကြောင်းတရားတွေ ရှိပေမပေါ့

ဝေဖန်ရေးနဲ့ လေကန်ရေး လုပ်တာက လွယ်တယ်ဗျ

နစက မှ တရားဝင် ချပြမဲ့သတင်းကိူသာ အတည်ယူကြပါလိူ့ဘဲ အကြံပြု တင်ပြလိုက်ရပါသည်

အားလုံးကို လေးစားရိုသေစွာဖြင့်

ရဲသုံးဖေါ်

၂၀၂၅ အေ ၂၂ ၂၀၃၀
#Bosaw
https://t.me/drmyat001