U Nay Win🇲🇲
13.9K subscribers
97.3K photos
4.88K videos
4 files
78.1K links
Download Telegram
( တရုတ်က မြောက်သုံးကောင်နဲ့တ၀က်ကိုအမိန့်ပေး)

၁။ မန်းတလေးကနေ မူဆယ်ထိ EAO
အားလုံးဆုတ်ခွာပေးရမယ်။

၂။ TNLA ကို ထိန်းပေးဖို့ UWSAကို တာ၀န်ပေး
လိုက်တယ် ကျောက်မဲ ပါဆုတ်ပေးရမယ်။

၃။ လားရှိုး၀န်းကျင် ဖြန့်ခွဲနေရာယူထားတဲ့ PDF
စစ်ရေးမဖေါ်ဆောင်နိုင်ဖို့ တွေရဲ့လုံခြုံးရေးကို
UWSA နှင့် MMDAA က ပူးတွဲလုံ‌ခြုံးရေး
ယူပေးရမည်။

၄။ မြန်မာအစိုးရမှ ကိုယ်ပိုင်အုပ်ချုပ်ရေးရ ၀
နယ်နှင့် ကိုးကန့်နယ်များကို ညိမ်းချမ်းစွာ အတူ
ယှဉ်တွဲနေထိုင်နိုင်ရေးနှင့် ထာ၀ရညိမ်းချမ်းရေး
အတွက် အာမခံချက်ပေးရမည်။

၅။ လက်နက်ကိုင် ပရိပက်ခ မဖြစ်ရေး ညှိနှိုင်းရေး
ကော်မတီ အဖြစ် တရုတ်အစိုးရက ကြားနေ
ဆောင်ရွက်ရန် စောင့်ကြည့်ရေးရုံး လားရှိုးတွင်
ဖွင့်လှစ်ထားပေးမည်။

၆။ ယာယီလုံခြုံရေးကာလ အဖြစ် UWSAနှင့်
MMDAA က လားရှိုးအနီး ယာယီတပ်စွဲ
ထားပေးပြီး အစိုးရတပ်များ နေရာယူပေးပြီး
ပါက ထွက်ခွာပေးရမည်။

၇။ ယခင် အစိုးရထိန်းချုပ်ထားသော ၀ အုပ်ချုပ်
ခွင့်ရ မြို့နှစ်မြို့ကို UWSAထံ အပ်နှံရန်
တပ်မတော်မှ သဘောတူညီသည်။

၈။ တ၀က် ပဒက် ခွေးဖြစ်

အတွင်းစည်း နယ်ခံ ၀ဘက်မှ သတင်းရယူ
တင်ပေးခြင်းဖြစ်ပါတယ်။

# ဆေခမ်း
21-4-2025
https://t.me/drmyat001
အခုဖြစ်သွားတဲ့ ကျုံဒိုး-ကော့ကရိတ်တိုက်ပွဲကြီးဖြစ်တော့ မယ်ဆိုတာ စောပေတိုး ၂ပတ်လောက်ကတည်း ကြိုတင်ခန့်မှန်းမိပါတယ်။
မဒမ်ပေတိုးစီက သတင်း Thailand CBI ကစောင့်ကြည့်နေတဲ့ account တွေထဲ စရံငွေTBH တွေ စဝင်လာ ထုတ်သွင်းလုပ်နေတာကတကြောင်း၊နောက် စောပေတိုး watch လုပ်နေတဲ့ ဆရာကြီးတယောက် ဘုန်းကြီးပြေးဝတ် တာလည်းတွေ့တော့ ဖြစ်နိုင်ချေက ၁၀၀%ပဲဆိုတော့ ဖြန့်ထား တပ်တွေကို ပြန်ဒုနဲစုဖွဲ့ခံစစ်ဆင်ဖို့ပြင်ရတာပေါ့။ရန်သူဖက်ထဲ စစ်ရေးအကြံပေး တပ်သစ္စာဖောက်လောက်ကောင်တွေ ပါလာတယ်ဆိုတော့ ဒင်းတို့မျှော်လင့်ထားတဲ့ Old school နည်းတွေနဲ့ ပြန်ခံစစ်ဆင်ဖို့ ညှိရနှိုင်းရသလို သူတို့ထင်မထားတဲ့ နည်းဗျူဟာတွေ နည်းပညာသုံးစစ်လက်နက်တွေနဲ့ ပြန်မိတ္တူပေးဖို့ နေရာချပြင်ဆင်ထားရတာပေါ့ဗျာ။
ရန်သူရဲ့ မူလရည်မှန်းချက်(၁)ဖြစ်တဲ့ ဂျိုင်းတံတားပေါ် Video ရိုက်ဖို့ ဟာကတော့ ခံစစ်ကစားနေတဲ့ မာမာချာချာ BGF ထောညကော်လံကြောင့် ဖြစ်မလာခဲ့ပါဘူး။ ဒါပေမယ့် ကျန်ရည်မှန်းချက်တွေတော့ပြည့်တယ်
ပြောနိုင်ပါတယ် ဒါက သူတို့ တပ်တွေထဲပိုက်ဘောမိထားတဲ့ ဗမာ ကွန်ဒုံးပဒတ်တွေကို weight လျော့ပစ်တာပါပဲ။အလောင်းတွေ သိမ်းဆည်းရမိပုံတွေက တပ်မ ၄၄က နယ်မြေရှင်း အလောင်းကောက်ပြီးလျှင် ဘောအလွန်မ media တွေစီမှာ ဝေဝေဆာဆာတက်လာပါလိမ့်မယ်😄

နီပိတ် မီဒီယာတွေနဲ့ သူတို့တောသားတွေ ထင်မှတ်မထားတဲ့ နောက်တန်း COC နေရာတွေကို လျှပ်တပျက် ပြန်ခြေမှုန်းခံလိုက်ရတာတော့ ဆိတ်မကောင်းပါဖူး PDFonline ဖိုက်တာကြီး ငဇွဲ တယောက် အားဘုရားသခင်စောင့်လျှောက်ပါစေ .... အာမင်ပါ။

# စောပေတိုး
တီကောင်ကော်လံ
https://t.me/drmyat001
.

☯️

( ငိုအားထက် ရီအားသန် )

အမိမြေလုံခြုံရေး Homeland Security ဝန်ကြီးမမရဲ့ ပိုက်ဆံအိတ်ဟာ စားသောက်ဆိုင်မှာ အခိုးခံလိုက်ရတယ်၊

ခိုးသွားတဲ့သူက ဝန်ကြီး Neom ကိုမသိစရာအကြောင်းမရှိဘူးလို့ထင်တာပဲ၊ သက်သက်များ ပညာပေးလိုက်သလားတော့ မသိဘူး၊

အမိမြေကြီးရဲ့လုံခြုံရေးကိုအသာထား၊ ကိုယ့်ပိုက်ဆံအိတ်ကိုပဲ လုံခြုံအောင် အရင်ထိ်းကြည့်ဦး.... ဆိုပြီး Lessson ပေးလိုက်တယ်ထင်ပါရဲ့၊

သူတို့ဆီမှာလဲ ဟာသလုပ်တတ်တယ်ထင်ပါရဲ့😂


#BaMg(NZL) ☯️
https://t.me/drmyat001
22.4.25
KNU.Vs.BGF
OverGame..ပွဲပြီးသွားပြီ
BGFဗိုလ်မှူး.စောမောင်အေးတပ်ကPc.555.ရင်းမှူး
စောဂျက်ကိုဖမ်းဆီးရမိပြီးနောက်

ကျုံဒိုးဂွင်တိုက်ပွဲများပြောင်းလဲသွားပါတယ်
တပ်မတော်နဲ့BGF.ထိုးစစ်ကိုရပ်ပစ်ပြီး
လေကြောင်းဖိုက်တာ..Y.12..Mig.29...Yak..130
အလှည့်ကျမနားတမ်း...လေကြောင့်းထိုးစစ်​​
ဗုံးကြဲသုတ်သင်ပစ်တယ်

ကော့ကရိတ်.မြို့နယ်အတွင်း..မွန်ရွာတွေကို.
စက်တပ်လေထီးဂလိုက်ဒါတွေအသုံးပြုပြီး
ကမ်းနီ.ကော့ကျိုက်.အကြမ်းဖက်ခိုအောင်း.ထောက်ပို့ရွာကြီးတွေ..knu.pdf..mnsp(AD).ယာဥ်တန်းတွေ
စက်သေနပ်ပစ်ဗုံးကြဲသုတ်သင်ပစ်ခဲ့တယ်

KKO.ကျားဖြူ.၁..လက်ကိုးချောင်း.ကျော်ဟိန်း(ခ)စောဝင်းဇော်.လေကြောင်း.သုတ်သင်ခံလိုက်ရပြီ(dbရှာမရ)

ကျုံဒိုးဂွင်..KNU..လုံးဝ.စစ်ရှုံးသွားပြီ

# ဖထီး.@.ကရင်
https://t.me/drmyat001
အပြည့်အဝကို ထောက်ခံတာ
ဘယ်နဲ့ဗျာ
ငလျင်ဒဏ်ကြောင့်တုန်လှုပ်ခံစားနေရတာ အရှိန်မပြေသေးဘူး
တပူပေါ် နှစ်ပူဆင့်
ရေနစ်သူကိုမှ ဝါးကူထိုးလိုက်လေသလား
👏👏👏

ကျက်သရေမရှိတဲ့ သတင်း
===

ပညာရေးဝန်ကြီးဌာနကနေ မီးလောင်သွားတဲ့ ကယား ၊ စစ်ကိုင်း ၊ မန္တလေးတိုင်း က Grate 12 စာမေးပွဲကို ပြန်ဖြေရမယ်လို့ ထုတ်ပြန်လိုက်ပါပြီ(မြို့နယ်အချို့မှ အပ)ယခင် ကောလဟာလ ကြားနေရစဥ် စာမထွက်သေးပါဘူးလို့ ဆိုပြီး ဘာတခုမှ မရေးခဲ့ပါဘူး ။

ယခုတော့ ရေးရပါလိမ့်မယ် ဒီဆုံးဖြတ်ဟာ ပညာရေးဝန်ကြီးရဲ့ စုတ်ပဲ့ညံ့ဖျင်း အောက်တန်းကျတဲ့ စိတ်ကို ဖော်ကျူးနေတာ မြင်ရလို့ပါပဲ ။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဆိုတာ ဘယ်လောက်ပင်ပန်းကြီးစွာ အားထုတ်ဖြေဆိုရတယ်ဆိုတာ အားလုံးသိကြပါတယ်

ကျောင်းသားဆိုမပြောနဲ့ မိဘတွေပါ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ငွေဆင်းရဲ အားလုံးကြုံခဲ့ကြရတာ အထူးပြောဖွယ်မလိုပါဘူး ။ မိဘတွေရော ကျောင်းသားတွေကော အားလုံးချွေးပြန်အောင် ကြိုးစားပန်းစား တောင်ထိပ်ရောက်အောင် တက်ခဲ့ပြီးပြီ ။

အောက်ပြန်ရောက်ပြီး အမောဖြေနေမှ နောက်တခေါက်ပြန်တက်ကြရမယ် ဆိုတဲ့ ပညာရေးဝန်ကြီးရဲ့ ယုတ်မာမှုက ကမ်းကုန်သွားပေပြီ ။ ငလျင်ကြောင့် မီးလောင်မှုကြောင့် အဖြေလွှာဆုံးရှုံးသွားတာ ရှောင်လွှဲမရတဲ့ သဘာဝဘေးဒဏ်လေ ။ တာဝန်ရှိရင် လုံခြုံစိတ်ချရတဲ့ ( မီးဘေး ၊ ရေဘေး) နေရာမှာ ထိမ်းသိမ်းမထားတဲ့ ပညာရေးဝန်ကြီးဌာနမှာပဲ တာဝန်ရှိနေတာမျိုးလေ

အဖြေလွှာချည်း မီးလောင်ကုန်တယ် ထင်သလားဗျ ။ ကျောင်းသားတွေရဲ့ မှတ်စုတွေကရော မီးမလောင်တော့ဘူးလား ၊ တိုက်ပြိုတဲ့အထဲ ပါမလားတော့ဘူးလား ချီးဘရိန်းတွေ... ။ ကျုပ်လိုကျောင်းသားဆို စာမေးပွဲ ပြီးတာနဲ့ ပိဿာချိန် နဲ့ အကုန်ရောင်းပြီးပြီ ။

အခြားနည်းတွေ အများရှိနေပါလျှက် ပြည်သူတွေ ဆူပူလာနိုင်တဲ့ အညံ့ဆုံးနည်းကို တွေးခေါ်ဆုံးဖြတ်ကြတဲ့ အပေါ်မှာတော့ ညံ့မှန်းတော့သိတယ် အဲသလောက် ကျက်သရေ(ဋုန်း)အောင် ညံ့မှန်းမသိဘူး ။

ဖြေရှင်းနည်းတွေ ပြောထားကြတာ တွေ့ရပါတယ် ။

- မီးလောင်တဲ့ အဖြေလွှာရှင်တွေကို အကုန်အောင်တယ်လုပ်ပြီး တက္ကသိုလ်ဝင်ခွင့် ထပ်ဖြေခိုင်းတဲ့ ( ဘာထူးမှာလည်းဗျာ) ၊

- အခြားဒေသက ကြိုးစားထားသူတွေ နစ်နာမတဲ့ 😂( အခြားဒေသက ဆေး / အင်ဂျင်နီယာ မှန်းထားကြတဲ့ မိဘတွေ ဝင်ခွင့် ပြိုင်ဘက်များမှာစိုးလို့ ၊ တချို့က မနာလိုလို့ ပြောနေတာလို့ ယူဆမိပါရဲ့) ၊

- တနိုင်ငံလုံး အအောင်ပေးမှ မျှတ မတဲ့ ( အခြားဒေသတွေမှာ ဖြေဆိုထားတဲ့ ကျဖို့များနေသော သူများရဲ့ ဆန္ဒပေါ့ ၊ ပွဲစားလောက စကားသုံးရရင် မဆီမဆိုင် ဒိုက်ဗင်ထိုးတယ်ပေါ့ဗျာ 😁😁)

ဒီပြောဆို အကြံပြုချက်တွေက မှန်သင့်သလောက်တော့မှန်ပါတယ် ။ သို့သော် ထွက်ပေါက်တွေလည်း ရှိပါတယ်ဗျ ။ တွေးမိတာလေး ဥပမာနဲ့ ပြောချင်ပါတယ် ။ အဲဒီတိုင်းတွေက ကျောင်းသားတွေကို အအောင်ပေးလိုက်ပါ ။ ဆေး နဲ့ အင်ဂျင်နီယာ အတွက် မနှစ်က ဝင်ခွင့်ရခဲ့ကြတဲ့ ကျောင်းသားဦးရေအတိုင်း ခွဲတမ်းပေးလိုက်ပါ ။

ဆေး နဲ့ အင်ဂျီနီယာအတွက် ဝင်ခွင့်ဖြေခိုင်းပါ ( ကိုယ့်ကိုကိုယ်သိတဲ့ ကျောင်းသားတွေပဲ ဖြေပါလိမ့်မယ် ၊ ဖြေတဲ့ထဲက အမှတ်အများဆုံးရသူတွေကို စီနီယာအတိုင်း ဖြတ်ချပြီး ခွဲတမ်းအတိုင်းသင်ကြားခွင့်ပြုလိုက်ပါက အဆင်ပြေနိုင်ပါတယ်)

ကျန်တဲ့ ကျောင်းသားတွေကို ဝါသနာပါရာ တက္ကသိုလ်အသီးသီး ဝင်ခွင့်ပြုလိုက်ပါက အဆင်ပြေနိုင်ပါတယ် ။ ဒါဆိုရင် အခြားဒေသတွေက ဆေး နဲ့ အင်ဂျီနီယာအတွက် ငွေကုန်ခံ ကြိုးစားခဲ့ရတဲ့ ကျောင်းသားတွေရဲ့ ဝေစုလည်း မထိခိုက်သမို့ သူတို့ မကျေမနပ်ဖြစ်ကြမှာ မဟုတ်တော့ပါဘူး ။

အချို့ကတော့ ဟယ်ရီတန်ကို မျှော်မှန်းပြီး တနိုင်ငံလုံး အအောင်ပေးဖို့ စိတ်ကူးနေကြပါတယ် ။ အပေါစားသမိုင်းဝင် စာမေးပွဲကြီး တခု ထပ်ဖြစ်သွားမှာပေါ့ဗျာ ။

စာမေးပွဲ ပြန်ဖြေဖို့ဆိုတဲ့ နည်းလမ်းအစား အခြားသင့်တော်ရာ နည်းတွေ ဖြည့်စွက်စဥ်းစား လုပ်ကိုင်ဖို့ ကောင်းပါတယ် ။ အခုနေတုန်း ပါမောက္ခ ၁၀၀ လောက်ကို Grate 12 စာမေးပွဲ ပြန်ဖြေခိုင်းကြည့်လေ ။ ဘာသာစုံ အောင်မြင်သူ 5 % ရရင်ပဲ ကံကောင်း ။

နိုင်ငံရေးအရ ကိုယ့်ဖက်ကို စည်းရုံးတဲ့ အနေနဲ့ တောပြန် PDF တွေကို ထောက်ပံ့ငွေပေးစည်းရုံးနေရတဲ့ နစက ၊ မြို့ရွာတွေ အသိမ်းခံထားရပြီး စော်ကားခံနေရတဲ့ ကြားထဲက သူပုန်ပေါင်းစုံကို ဆွေးနွေးပါ ညှိနှိုင်းပါ နဲ့ ( နိုင်ငံရေးအရဖြစ်စေ) အော်နေရတဲ့ နစက ။


အဲသလို အခြေအနေမှာ လူယုတ်မာ PDF တွေက ကျောင်းသားသတ် ၊ ဆရာ / ဆရာမသတ် နေတဲ့ ကြားထဲက အသက်စွန့်စာသင်ပြီး ကြိုးစားဖြေထားရတဲ့ အဖြူထည် ကျောင်းသားတွေကြမှ စာမေးပွဲလက်နက် နဲ့ ထပ်မံနှိပ်စက်ပြီး အမုန်းစွဲအောင် လုပ်သင့် မလုပ်သင့်ကတော့ တွေးကြည့်ကြပေါ့ ။

ပညာရေးဝန်ကြီးဌာနကတော့ ဖရဲသီး အပေါဆုံးမို့ ဘာမှတ်ချက်မှ မပေးတော့ပါဘူး ။ နစက အနေနဲ့ကတော့ တိုင်းပြည်ဒီလောက်ဖြစ်နေတာ ဘာကြောင့်ဆိုတာ သိကြပါ ။ တဝမ်းပူနဲ့လည်း မတုံးပါနဲ့တော့ ၊ ဋ သန်လင်းချိတ် နဲ့ လည်း ဋုံးပြဖို့ အချိန် မဟုတ်တော့ပါဘူး ။

# ကိုရွှေမျိုးဝင်း
https://t.me/drmyat001
.

☯️


( မြန်မာတွေ ဉာဏ်မနည်းကြပါနဲ့တော့ )


😎

* အပြောင်းအလဲ ကာလခေတ်ဦးမှာ All inclusive ဆိုတဲ့ အင်္ဂါမပြည့်စုံတဲ့ သဘောတရားရေးရာနဲ့ မြန်မာတွေ " ဂျင်း" ထည့်ခံလိုက်ရတယ်၊

* ဘယ်အချိန်မှာ Inclusive ဖြစ်ရပြီး၊ ဘယ်အချိန် Exclusive ဖြစ်ရမယ်ဆိုတာ မသိကြဘူး၊

* အများနဲ့တယောက်ဆိုတော့ တိုးမပေါက်ခဲ့ဘူး

* ဒီနေ့ ယူကရိမ်းစစ်ကိုကြည့်
ထရမ့်က ရုရှားနဲ့ပဲစကားပြောတယ်၊ စစ်ဖြစ်ခံ ယူကရိမ်းကိုတောင် မခေါ်ဘူး၊ NATO ဆိုတာဝေးရော၊ All inclusive လုပ်သွားသလား❓
ထရမ့်ဘာပြောလဲ၊ လူများလို့ပွဲမစည်ဘူး တဲ့

* အမေရိကန်နေရာမှာသာ မြန်မာဆိုရင် Inclusive မဟုတ်လို့ဆိုပြီး ဝိုင်းအော်ကြမှာ အမှန်ပဲ။

😎

* နောက်တခုက Agree to disagree

* Power structure hierarchy ကို တဝက်ဖြတ် အသိနဲ့ " ဂျင်း" အထည့်ခံလိုက်ရပြန်တယ်၊

* Management မှာ Hierarchy ကပိရမစ်ပုံစံ၊

* အပေါ်ရောက်လာရင် Disagree to agree ပုံစံဖြစ်လာရတယ်၊ Agree to disagree ကို Middle level မှာဖြတ်ရတယ်၊

* တဝက်အသိ " ဂျင်း" အထည့်ခံလိုက်ရတော့ အလွှာတိုင်းမှာ ဆုံးဖြတ်ချက်ချလို့မရတော့ဘူး၊

💥 ဘာကိုလုပ်သွားတာလဲဆိုတော့ Process တွေကို ဖျက်ပစ်လိုက်တာပဲ၊ မဆူ ဆူအောင်လုပ်လိုက်တာ၊ အဆုံးအဖြတ်ပေးမဲ့ သူတွေဝေဝါးအောင်လုပ်လိုက်တာ၊

အများစုက "ဂျင်း" မိကြလေတော့ တကယ်သိတဲ့ အနည်းစုက ပြန်ကုတ်နေရတော့တယ်။

🤔

* နိုင်ငံတခုမှာ အရေးအကြီးဆုံးက လျှပ်စစ်ပဲ
* လျပ်စစ်မရရင် ဘာစီးပွားရေးမှလုပ်လို့မရဘူး
* FDI က တည်ငြိမ်မှုကို အရင်ကြည့်တယ်
ဒုတိယ Policy ကိုကြည့်တယ်
တတိယ လျှပ်စစ်ကိုကြည့်တယ်၊ ( လျှပ်စစ်နှုံးထားခပါတယ် )

* ဘမောင်တို့ အင်ဒိုနီးရှား အာချေးကို ရောက်နေတုန်းမှာ မြစ်ဆုံကို ဆန္ဒတွေဝိုင်းပြကြပြီး မပျက် ပျက်အောင်ဖျက်သွားကြတယ်၊

* သူတို့တတွေက ဘယ်ပစ်မှတ်ကိုပစ်ရင် ဒါဏ်ရာဘယ်လောက်ရမယ်ဆိုံတာကို တွက်ချက်ထားကြပြီးသား၊

* လျှပ်စစ်ကဏ္ဏကို ဖြိုနိုင်ရင် မြန်မာ နာတာရှည်ဖြစ်မယ်ဆိုတာ သိလို့ လျှပ်စစ်ကဏ္ဏကို ဖြိုချလိုက်တာ၊

☄️ ( ဘမောင် ဘာကြောင့် အချိန်အကုန်ခံပြီး စာတွေများများ ရေးနေရတာလဲ ဆိုတာ ဒီလောက်ဆို သဘောပေါက်ကြမှာပါ ၊ မြန်မာတွေ သဘောပေါက်ကြပါတော့၊ ပညာနိမ့်ရင် ကိုယ်သိတာ ကိုယ်မြင်တာလောက်လေးပဲကို အမှန်ဆုံး လို့ထင်ကြလိမ့်မယ်၊ ဂျင်း ထဲ့မဲ့သူက စိတ်ကြိုက်ဖြစ်သွားတော့တာပေါ့ ) ☄️


မြန်မာတွေ "ဂျင်း" ကြိုက်မောင် အဖြစ်က လွတ်မြောက်ကြပါစေ ။


#BaMg(NZL) ( 22.4.25 ) ☯️
https://t.me/drmyat001
.

☯️

အရောင်ပြောင်း ERO တချို့ကြားညပ်လိမ့်မယ်လို့ မကြာခဏရေးခဲ့တယ်နော်၊

လားရှိုးကိစ္စသက်သေပဲ
( ဒါတောင် ဂျင်း လို့ပြောသူကရှိသေး )

ဘယ်သူ့ပါဝါ ပိုကြီးသလဲဆိုတာ အားပြိုင်ကြပြီ
တွက်ရ မခက်တာကို ဘာကြောင့် နားရွက်ကိုပါတ်ကိုင်နေကြသလဲမသိဘူး၊

နောက်ထပ် ထပ်ညပ်မှာရှိသေးတယ်
တဆင့်ချင်း မြင်ကြရလိမ့်မယ်

#NZL ☯
https://t.me/drmyat001
ပထွေးအားကိုးနဲ့ လူမိုက်လုပ်နေတဲ့ကောင်
ဆော်ပြိုက်ကြဟ
😁😁😁😁😁
.

☯️


အီရန်နိုင်ငံ နျူလက်နက် မပိုင်နိုင်စေဖို့အတွက် ကာကွယ်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အလေးအနက် ထပ်မံပြောဆိုလိုက်ပါတယ်၊

အီရန်ကလဲ မကြာမီကာလအတွင်း နျူလက်နက်ထုတ်လုပ်နိုင်တော့မယ်ဆိုတဲ့ သတင်းတွေကလဲထွက်ပေါ်ထားလေတော့...

စစ်ပွဲကြီးတခုကိုထပ်မြင်ကြရဖို့ရှိနေပြီလားလို့ပဲပြောရပါတော့မယ်၊


#NZL ☯
https://t.me/drmyat001
.

☯️

ကာကွယ်ရေးဝန်ကြီး Hegseth ကတော့ လွှတ်တော်နဲ့တွေ့ပြီ၊ ရီပါတ်ဘလစ်ကင်တွေကိုယ်တိုင်က ကာဝန်အနေနဲ့ စစ်ရေးကိစ္စသတင်းအပေါ် နှစ်ကြီးအမှားဆိုတာ သည်းခံနှိုင်ဖွယ်ရာ မရှိဘူးလို့ ဆိုလာကြလေတော့....

ထွက်တော်မူ နန်းကခွာရဖို့များသွားပြီ

#NZL ☯
https://t.me/drmyat001
အပစ်ရပ်စဲကာလ မကုန်မီ တပ်စခန်းကို လာတိုက်တဲ့ DPLA/PDF (ကျောက်ဂူ)

ဧပြီ ၂၁ ရက် ညနေ ၅ နာရီခန့်က ကျောက်ဂူရွာအနီးရှိ လခရစခန်းတစ်ခုအား အပစ်ရပ်စဲကာလ မကုန်မီ (၁)ရက် အလိုတွင် အကြမ်းဖက် DPLA/PDF ၅၀ ဦးခန့်က လာရောက်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့။ ဖြစ်စဉ်တွင် စစ်သည် ၃ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -
(၁) အကြမ်းဖက် DPLA/PDF ၆ လောင်း
(၂) လက်နက်မျိုးစုံ ၈ လက်
(၃) ကျည်မျိုးစုံ ၁၃၇၂ တောင့်
တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။ (ကျန်ရှိပုံများ ထပ်မံဖော်ပြပါမည်)
-
အပစ်ရပ်စဲထားမှုကို အခွင့်ကောင်းယူ၊ အလစ်အငိုက်ရလောက်တယ်ထင်ပြီး လာတိုက်တဲ့အကြမ်းဖက်တွေကတော့ ခံစား သွားရပြီ။ နောက် ၁ ရက်ကြာရင်တော့ အကြမ်းဖက်သမားတွေ အလှည့်ပေါ့။
-
# တိုက်ပွဲသတင်းစုံ
https://t.me/drmyat001
❝ထိုင်းနိုင်ငံ၌ ၆ လကျော်ကာလအတွင်း စစ်ဆေးခံရသည့် မြန်မာနိုင်ငံသား ၃၈၀,၀၀၀ ကျော်အနက် ၄၈၀ ကျော် ဥပဒေချိုးဖောက်မှုဖြင့် အရေးယူခံရ❞

 đ™ˆđ™ƒđ™đ™‰đ™€đ™’đ™Žă€Šđ˜źđ™‹đ™đ™„đ™‡ď˝žđŸđŸă€‹

ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ ၂ဝ၂၅ ခုနှစ်၊ ဧပြီ ၁၈ ရက်နေ့အထိ (၆) လကျော်ကာလအတွင်း ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံခြားသားအလုပ်သမား ၅ဝဝ,ဝဝဝ ကျော်ကို စစ်ဆေးခဲ့ရာ ထိုအထဲတွင် မြန်မာနိုင်ငံသားက ၃၈၀,၀၀၀ ကျော်ဖြင့် အများဆုံးပါဝင်ခဲ့သလို ဥပဒေချိုးဖောက်မှုဖြင့် အရေးယူခံရသူ အရေအတွက်မှာလည်း ၄၈၀ ကျော်ဖြင့် အများဆုံးပါဝင်နေကြောင်း ထိုင်းအလုပ်သမားရေးရာဌာနမှ ထုတ်ပြန်သော အချက်အလက်အရ သိရသည်။

ထိုင်းအာဏာပိုင်များအနေဖြင့် နိုင်ငံတစ်ဝှမ်းရှိ နိုင်ငံခြားသား အလုပ်သမားများ ခန့်အပ်ထားသည့် စီးပွားရေးလုပ်ငန်း ၃၈,၇၃၄ ခုမှ နိုင်ငံခြားသားအလုပ်သမား ၅၂၃,၇ဝ၆ ဦးကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ထိုအထဲမှ အလုပ်သမားဥပဒေကို ချိုးဖောက်သူ ၂,၅၇၅ ဦးကို ဥပဒေအရ အရေးယူခဲ့ကြောင်း ထိုင်းအလုပ်သမားရေးရာဌာနက ဧပြီလ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုသို့ စစ်ဆေးခံရသည့် နိုင်ငံခြားသားအလုပ်သမားများထဲတွင် မြန်မာနိုင်ငံသားက ၃၉၈,၄၉၃ ဦးအထိ အများဆုံးပါဝင်နေပြီး ကမ္ဘောဒီးယားနိုင်ငံသား ၇ဝ,၃၇၁ ဦး၊ လာအိုနိုင်ငံသား ၃၂,၉၈၃ ဦး၊ ဗီယက်နမ်နိုင်ငံသား ၅၂၂ ဦး၊ တရုတ်နိုင်ငံသား ၉,၁၈၉ ဦးနှင့် အခြားနိုင်ငံများမှ ၁၂,၁၄၈ ဦးတို့ဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ဆေးခံရပြီးနောက် အရေးယူခံရသည့် နိုင်ငံခြားသား ၂,၅၇၅ ဦးထဲတွင်လည်း မြန်မာနိုင်ငံသားက ၄၈၁ ဦးအထိ ပါဝင်ပြီး ကမ္ဘောဒီးယား ၁၃၉ ဦး၊ လာအို ၁၀၉ ဦး၊ အိန္ဒိယ ၂၄ ဦး၊ ဗီယက်နမ် ၅၄ ဦး၊ တရုတ် ၂၁ ဦးနှင့် အခြားနိုင်ငံများမှ ၅၅ ဦး ပါဝင်ကြောင်း သိရသည်။

#mhtnews@myanmarhardtalk
#myanmarhardtalk@myanmarhardtalk
https://t.me/drmyat001
Media is too big
VIEW IN TELEGRAM
လားရှိုးမြို့အတွင်းသို့ ဝင်ရောက်လာတဲ့ ရာနဲ့ချီသော တပ်မတော် ယာဉ်တန်း မြင်ကွင်း


#Peopl@peoplemedianews
https://t.me/drmyat001