U Nay Win🇲🇲
12.1K subscribers
118K photos
7.26K videos
4 files
86.6K links
Download Telegram
.


☯️


(  ယုတ္တိဗေဒနည်းနဲ့ စဉ်းစားနိုင်အောင်ပါ  )



အမေရိကန်ဘက်က ဖျက်သင်္ဘောနှစ်စီးဟာ
ပါရှန်းပင်လယ်ကွေ့ထဲကနေ SOH ကို ဖြတ်ထွက်ပြီး
ဒီဘက်ကိုရောက်လာတယ်။ မိုင်းရှင်းလင်းရေးတွေလည်း
လုပ်နေတယ်ဆိုပြီးတော့ သမ္မတထရမ့်ကလည်း
သူ့ရဲ့ Social Media Account မှာ တင်ထားသလို
သတင်းတွေကလည်း ပွနေအောင် ဆိုထားပါတယ်။
IRGC Navy ဘက်ကတော့ ဒီသတင်းကို ငြင်းဆိုပြီး
သင်္ဘောဟာ ရေလတ်ကြားကို ချဉ်းကပ်ခဲ့တာ
အမှန်ဖြစ်ပေမယ့် ပြန်လှည့်သွားရတယ်လို့ ဆိုပါတယ်။

အောက်မှာတော့ IRGC ဘက်က ထုတ်ပြန်ထားတဲ့
အမေရိကန်စစ်သင်္ဘောတွေကို နောက်ပြန်လှည့်ဖို့အတွက်
ဆက်သွယ်ပြောဆိုထားတဲ့ ရေဒီယိုဆက်သွယ်ရေးကို
ရေလတ်ကြားတဝိုက်မှာ ရှိနေတဲ့ အရပ်ဖက် ကုန်သင်္ဘော
တစ်စီးက မှတ်တမ်းတင်ထားတာပါ။
ဒါ့အပြင် ဖျက်သင်္ဘောနားထိ အီရန်ရေတပ်က ချဉ်းကပ်ခဲ့ပြီး ပြန်လှည့်ဖို့ လမ်းကြောင်းပြောင်းဖို့ ဆက်သွယ်
ပြောကြားခဲ့တာကိုပါတွေ့ရမှာပါ။

ဒီသတင်းပေါ် မူတည်ပြီးတော့ မြန်မာပြည်မှာရှိတဲ့
သတင်းမီဒီယာတွေနဲ့ စစ်လက်နက်ဆိုင်ရာဗဟုသုတ
အမည်ခံ ပေ့ချ်တွေကနေ ရေးနေကြတာ လွဲနေပါတယ်။
သူတို့ရေးနေတာက အီရန်ရဲ့ ဟော်မုဇ် ရေလက်ကြားကို
အမေရိကန် ဖျက်သင်္ဘော နှစ်စီး ဖြတ်သွားပြီ
ဆိုပြီးတော့ ရေးခဲ့ကြတာပါ။

သို့ပေမယ့် အဖြစ်မှန်က ဒီလိုမဟုတ်မှန်နေပါဘူး။

ဟော်မုဇ်ရေလက်ကြားဟာ ပါရှန်းပင်လယ်ကွေ့နဲ့
အိုမန်ပင်လယ်ကို ဆက်ပေးထားတာပါ။
အိုမန်ပင်လယ် ကနေတစ်ဆင့်သွားရင် ဟိုဘက်မှာ
အိန္ဒိယ သမုဒ္ဓရာထဲကို ရောက်ပါတယ်။
လက်ရှိမှာတော့ ပိတ်မိနေတဲ့ ရေနံတင်နဲ့ သင်္ဘောတွေဟာ
ပါရှန်းပင်လယ်ကွေ့ထဲမှာပါ။
ရေလတ်ကြားရဲ့အပြင်မှာ မူလကတော့ ကုန်သင်္ဘော
အလွတ်တွေရှိပေမယ့် ခုတော့ စစ်ဖြစ်လို့ ရှဲကုန်ပါပြီ။

အီရန်ဟာ ရေလတ်ကြားကို ပိတ်ထားတယ်ဆိုတာ
အတွင်းကသင်္ဘောတွေ အပြင်ကို ထွက်မရအောင်
ပိတ်ထားတာပါ။ အပြင်ကသင်္ဘောတွေကိုလည်း
စစ်ဖြစ်နေတော့ လက်နက်တွေ ပါမှာစိုးလို့
အထဲ ပေးမဝင်တော့ပါဘူး။ (ဒီနေရာမှာ လေယာဉ်နဲ့
ပို့မှာပေါ့ ဆိုပြီး ပြောမယ့်ဂေါင်းကြီးတွေကို
ဖြည့်စွတ်စာ ကျွေးလိုတာကတော့ သင်္ဘောတစ်စီးဟာ
လေယာဉ်အစီးရာချီစာ လက်နက်တွေကို တစ်ခါတည်းနဲ့
ပို့နိုင်ပါတယ်။ ဒီတော့ မတူတာ မတုပါနဲ့ )

ဒါကြောင့် ပင်လယ်ကွေ့ထဲမှာ ပိတ်မိနေတဲ့ ကုန်သင်္ဘော
ရာနဲ့ချီပြီးတော့ ရှိသလို စစ်သင်္ဘောတွေလည်း
ရှိပါသေးတယ်။ သို့ပေမယ့် ဒီသင်္ဘောတွေက
Gulf countries ရေတပ်တွေက သင်္ဘောတွေဖြစ်ပြီး
အမေရိကန်ရေတပ်ကတော့ တစ်စီးမှ မပါပါဘူး။
စစ်ပွဲစမယ်ဆိုကတည်းက အကုန်လုံး အိုမန့်ပင်လယ်ထဲ
ရွှေ့ထားပြီး စုဖွဲ့ထားတာပါ။

လက်ရှိမှာ ထွက်နေတဲ့ သတင်းအရ ပါရှန်းပင်လယ်ကွေ့ထဲက အမေရိကန်ဖျက်သင်္ဘောနှစ်စီးက ရေလတ်ကြားကို
ဖောက်ထွက်ပြီး မိုင်းရှင်းသွားပြီ ဆိုပြီး လာတာပါ။
တစ်ကယ်တော့ ပင်လယ်ကွေ့ထဲမှာ ဘာ အမေရိကန်
သင်္ဘောမှ မရှိတာကြောင့် ဖောက်ထွက်စရာလည်း
မရှိပါဘူး။ တစ်ကယ်ဖြစ်သွားတဲ့ အဖြစ်မှန်က
အိုမန် ပင်လယ်ထဲက ဖျက်သင်္ဘောနှစ်စီးက
Transponder တွေ ပိတ်ပြီးတော့ Electronic Suppression ကို ပြင်းထန်စွာ လုပ်ပြီး ရေလတ်ကြားထဲကို
ခပ်တည်တည်နဲ့ ကပ်လာတာပါ။

ဒါကို အီရန်ရေတပ်က တွေ့သွားပြီးတော့ တားဆီးလို့
နောက်ပြန်လှည့်သွားရတာပါပဲ။
မြန်မာပြည်က လူတွေ ပြောနေသလို
ရေလတ်ကြားထဲကို မဖြတ်နိုင်ခဲ့ပါဘူး။ 

ဒါ့အပြင် အောက်က ဗီဒီယိုဟာ ရေဒီယိုဆက်သွယ်ရေး
ကို အရပ်ဖက်သင်္ဘောက ဖမ်းယူထားတာပါ။

IRGC Navy :
“ အမေရိကန် စစ်သင်္ဘော ၁၂၁ ခုပြောနေတာ
အီရန်ရေတပ်ကွပ်ကဲရေးစခန်းပါ။
ခင်ဗျားတို့ အခုချက်ချင်း အိန္ဒိယသမုဒ္ဓရာဘက်ကို
ပြန်လှည့်ထွက်ပါ။ မဟုတ်ရင် ပစ်ရပါလိမ့်မယ်”

US navy : “ခုပြောနေတာ မဟာမိတ်ရေတပ်သင်္ဘော
121 ပါ။ ကျမတို့ အခု အပြည်ပြည်ဆိုင်ရာ ဥပဒေအရ
Transit လုပ်ဖို့ ချဉ်းကပ်နေတာပါ။ “

IRGC Navy boat : “အခု နောက်ဆုံးအကြိမ် သတိပေးတာပါ ၊ နောက်ဆုံးအကြိမ် သတိပေးတာပါ “

IRGC Navy : “အိုမန်ပင်လယ်ထဲက ရေယာဉ်တွေအားလုံး နားထောင်ပါ။ အကယ်၍ မင်းတို့ သင်္ဘောတွေနားမှာ
စစ်သင်္ဘောကို တွေ့ရင် ဆယ်မိုင်အကွာမှာ နေပါ။
ငါဒီမှာ ပစ်ဖို့ အသင့်ဖြစ်နေပြီ “

ဒါကတော့ အရပ်ဖက်ရေယာဉ်တစ်စီးပေါ်က ဖမ်းယူထားတဲ့
ရေဒီယိုဆက်သွယ်ရေး မှတ်တမ်းပဲ ဖြစ်ပါတယ်။
အမေရိကန်ရေတပ်သင်္ဘောဘက်ကလည်း ပြန်ဆက်သွယ်ခဲ့ပြီး သူတို့က Transit လုပ်ဖို့ ပြင်ဆင်နေတာဆိုပြီး
ပြောပါတယ်။ IRGC ဘက်ကလက်မခံခဲ့ဘဲ နောက်ပြန်
လှည့်ခိုင်းတာကြောင့် သင်္ဘောနှစ်စီးလုံးဟာ
ပင်လယ်ကွေ့ထဲကို ရောက်မလာခဲ့ပါဘူး။
ဒီဆက်သွယ်ရေးထဲမှာ အဓိက ထောက်ပြရမှာက
ဖျက်သင်္ဘောတွေဟာ အိုမန်ဘက်ကလာပြီးတော့
ပါရှန်းပင်လယ်ကွေ့ထဲကနေ အပြင်ကို ဖြတ်ထွက်တာ
မဟုတ်ပါဘူး။

ဟော်မုဇ်ရေလတ်ကြားရဲ့ အကျဉ်းဆုံး နေရာဟာ
အီရန်နဲ့ အိုမန် ကမ်းခြေအကြား ၂၁ မိုင်သာ ကျယ်တာပါ။
သင်္ဘောတွေ လုံခြုံစွာ ဖြတ်သန်းနိုင်တဲ့ အကျယ်က
၂ မိုင်သာသာလေး ကျယ်ဝန်းတာပါ။
ရေစူးအနက်က ပေ ၇၀၀ တောင် မပြည့်ပါဘူး။
ဒါကြောင့် ဒီ Point ကို ဖြတ်နိုင်မှသာ ရေလတ်ကြားရဲ့
အတွင်းနဲ့ အပြင်ကို ရောက်တယ်လို့ ဆိုနိုင်မှာပါ။
ပြီးတော့ ဒီ Point ကို စစ်သင်္ဘော ဖြစ်ဖြစ်
20👍16😁1
အရပ်သင်္ဘော ဖြစ်ဖြစ် ဖြတ်သန်းတာနဲ့ ကမ်းခြေနှစ်ဖက်လုံးကနေ မျက်မြင်တွေ့ရှိနိုင်ပါတယ်။

လက်ရှိမှာ အမေရိကန်စစ်သင်္ဘောနှစ်စီးဟာ
ဒီရေလတ်ကြားကို ဖြတ်ပြီး တစ်ဖက်ကို အောင်မြင်စွာ ရောက်သွားပြီ လို့ ပြောနေကြတာ ဒီသဘောတရားကို
သေချာမသိလို့ ပြောနေကြတာပဲ ဖြစ်ပါတယ်။
ပြောရရင် အိုမန်ပင်လယ်ဘက်ကနေ ရေလတ်ကြားကို
ချဉ်းကပ်ခဲ့ပြီး ရေလတ်ကြား အဝင်နားမှာ
အီရန်ရေတပ်က နောက်ပြန်လှည့်ဖို့ ပြောခဲ့တာကြောင့်
ဖျက်သင်္ဘော နှစ်စီးလုံးဟာ တစ်ဖက်မှာရှိတဲ့
ပါရှန်းပင်လယ်ကွေ့ထဲကို မရောက်ဘဲ
အိုမန်ပင်လယ်ထဲကို ပြန်ဆုတ်ခဲ့ရပါတယ်။

ဒါ့အပြင် အပစ်ရပ်ဆွေးနွေးနေတုံးမှာ ဒီလိုလုပ်တာဟာ
အလွန်အန္တရာယ်များတာဖြစ်ပြီး သင်္ဘောသားတွေရဲ့
အသက်တွေကို လောင်းကြေးထပ်ကာ စွန့်စားတာလည်း
ဖြစ်ပါတယ်။ အပစ်ရပ်ထားတာကို အခွင့်ကောင်းယူပြီး
ရေလတ်ကြားထဲကို ဇွတ်ဖြတ်ဖို့လုပ်တယ်။
အကယ်၍ အီရန်ကသာ တားမရလို့ တစ်ကယ်ပစ်ရင်
အီရန်ကို အပြစ်ပုံချဖို့လုပ်မှာပါ။

ဒါ့အပြင် ရေလတ်ကြား ကျဉ်းကျဉ်းလေးထဲမှာ
အတိုက်ခံရရင် ဖျက်သင်္ဘော နှစ်စီးလုံးနစ်မှာပါ။ ဖျက်သင်္ဘောမှာ လေကာတွေ ပါတယ် လို့
ဘယ်လောက်ပြောပြော ဒီသင်္ဘောနှစ်စီးကို
ပစ်ရမယ့် အကွာအဝေးက ATGM တစ်ကမ်းစာပဲ ရှိပြီး
FPV ဒရုန်းနဲ့တောင် ဝိုင်းဗြုန်းလို့ရပါတယ်။
ရေလတ်ကြားထဲ အရမ်းကို Environmental Cutters တွေ ရှုပ်ထွေးနေတာကြောင့် သင်္ဘောပေါ်ကရေဒါတွေရဲ့
စွမ်းဆောင်ရည် အနိမ့်ဆုံး ဖြစ်နေမှာ ဖြစ်သလို
အမေရိကန်ထုတ် လေကာဒုံးတွေရဲ့ စွမ်းဆောင်ရည်
အစစ်အမှန်ကိုလည်း ရက် ၄၀ လုံးလုံး
မြင်ဖူးပြီးသားပါ။ ကာကွယ်နိုင်မယ်ထင်ရင် ရူးတာပါပဲ။

F-15 တိုက်လေယာဉ်မှူးကို ကယ်တုံးကလို
လေယာဉ်တွေ ရဟတ်ယာဉ်တွေ လူတွေ အများကြီး
ထိခိုက်ပျက်စီး ဆုံးရှုံးပြီးနောက်
“ကျနော်တို့ သူ့ကိုကယ်နိုင်ခဲ့ပြီ “ ဆိုပြီး ထရမ့်က
ပို့စ် တင်ခဲ့သလိုပါပဲ။ ခုလည်း ထရမ့်က မိုင်းတွေ
ရှင်းပြီးပြီ ဆိုပြီး ပို့စ်တင်ထားခဲ့ပြန်ပါတယ်။
လက်တွေ့မှာ AIS ပိတ်ထားတဲ့ သင်္ဘောနှစ်စီးဟာ
ရေလတ်ကြားအဝကနေ အန္တရာယ်ကြီးစွာနဲ့ လှည့်ပြန်
ထွက်သွားခဲ့ရတာပါ။ ပြောရရင် သင်္ဘောနှစ်စီးပေါ်က
သင်္ဘောသားတွေအသက်ကို လောင်းကြေးတင်ပြီးတော့
စတန့်ထွင်ကာ သူတို့ ဖြတ်နိုင်ကြောင်း သမ္မတရဲ့
ဝါဒဖြန့် ပိုစ်တင်ဖို့ ပြုလုပ်ရုံသီးသန့်ပဲ ဖြစ်ပါတယ်။

ထရမ့်ကသာ Successfully Passage ဆိုပြီး ပြောပေမယ့်
ဘယ်ကုန်တင်သင်္ဘောမှ ထွက်မလာရဲသေးပါဘူး။
ဒါ့အပြင် ဘယ်ရေတပ်မှ မိုင်းတွေကို အချိန်နာရီဝက်
တစ်နာရီအတွင်း မဖြုတ်နိုင်ပါဘူး။
မိုင်းတွေ ဖြန့်ခင်းထားတဲ့ အီရန်တောင် မဖြုတ်နိုင်ပါ။

အီရန်ကလည်း အမေရိကန် ဖျက်သင်္ဘောတွေ
ချဉ်းကပ်ပြီး အတင်းဖြတ်ဖို့ လုပ်ချိန်ဟာ ပါကစ္စတန်မှာ
အပစ်ရပ်ဆွေးနွေးနေတဲ့ အချိန်တည့်တည့်ကြီးပါ။
သူတို့ ပစ်လိုက်ရင် အီရန်ကို အပြစ်ပုံချမယ်ဆိုတဲ့
မရိုးနိုင်တဲ့ ခပ်ပေါပေါအကွက်ကြီးကို သိပြီးသားပါ။
ဒါကြောင့် သင်္ဘောဖျက်ဒုံးပစ်တဲ့ ခလုပ်ပေါ်
လက်တင်ပြီးနောက်ဆုံးအချိန်ထိ သည်းခံပြီး
လှည့်ပြန်တဲ့အထိ စောင့်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်လော်ဘီတွေကတော့ ဒီသတင်းကို
သေချာ မလေ့လာဘဲ Geopolitical Setting တွေကိုလည်း
နားမလည်ဘဲ မသိရင် ပါရှန်းပင်လယ်ထဲက စစ်သင်္ဘောတွေပဲ အပြင်ကို ရောက်သွားသလိုလို။ ဒါမှမဟုတ်
အပြင်မှာရှိတဲ့ သင်္ဘောတွေကပဲ ရေလတ်ကြားထဲ
မိုင်းရှင်းနေသလိုလို အထဲကိုပဲ ဝင်သွား သလိုလိုနဲ့
ရောယောင်ပြီးတော့ Hoax တွေကို ရေးနေကြတာပါ။



( ခရက်ဒစ်.... မူရင်းရေးသားသူ )


#NZL ☯️


.
👍6031😁3
သင်္ကြန်ကဲတာလည်း ကဲတာပေါ့ KIA ဘိန်းစားတွေကိုလည်းမီးဖုတ်ပေးရသေးတယ်။

ဗန်းမော် Kia ပိန်းဥ ၂ ကင်
သေနတ် ၁ လက်၊ ခဲယမ်းနှင့် စစ်အသုံးအဆောင်များသိမ်းဆည်းရမိ။

# မှိုင်းဝေ
👍4219😁1
9👍9
Forwarded from Nay Zin Latt
.


☯️


အီရန်စစ်နဲ့ ယူကရိမ်းစစ်က သဘာဝလုံးဝမတူဘူး


ယူကရိမ်းစစ်က စစ်နယ်မြေကို သတ်မှတ်ထားတယ်၊

ရုရှားကိုအားစမ်းတယ်၊ စစ်စရိတ်ထောင်းပြီး အင်အားချိနဲ့အောင်လုပ်တယ်

ကမ္ဘာ့အင်အားအကြီးဆုံးအမေရိကန်အနေနဲ့ ဝင်စို့၊ ထွက်စို့ လုပ်လို့ရတယ်

အီရန်စစ်က အမေရိကန်အနေနဲ့ အငှားဗိုက်နဲ့ အစ္စရေးအတွက် ဝင်ပြီး ဒါးထိုးခံတာ

အနည်းဆုံး ပင်လယ်ကွေ့နိုင်ငံတွေ၊ အစ္စရေး၊ လက်ဘနွံ၊ ယီမင်တွေအထိ စစ်နယဝန်းကျယ်သွားနိုင်တယ်

အခန့်မသင့်လို့ခြေချော်ထွက်ရင် အစ္စလမ် နိုင်ငံတွေနဲ့ ခရူးဆိတ်အထိ ကျယ်ပြန့်သွားနိုင်တယ်၊ ( အခုတောင် ပါကစ္စတန်နဲ့ တူရကီက အစ္စရေးကိုတိုက်မယ်တကဲကဲ လပြ်နေပြီ ၊ မလေးရှားက အစ္စလမ်တွေစုစာ်းဖို့ပြောနေပြီ )

ယူကရိမ်းစစ်က ရုရှားမခံနိုင်ရင်ပြို၊ ယူကရိမ်းမခံနှိုင်ရင် နယ်မြေပေး

အီရန်စစ်က အီရန်မခံနိုင်ရင် Collapsed state ဖြစ်၊ အီရတ် ဆီရီးယားလိုပေါ့

အီရန်တောင့်ခံနိုင်ရင် ပင်လယ်ကွေ့နိုင်ငံတွေ အမေရိကနါကို တာ့တာလုပ်မယ်၊ အမေရိကန်ထူထောင်ထားတဲ့ အရှေ့အလယ်ပိုင်း ဩဇာပျောက်ဆုံးမယ်၊

တဆက်ထဲမှာပဲ Petrodollar နေရာကို ပက်ထရိုယွမ်ကအစားဝင်မယ်၊ ဒီအချက်က အမေရိကန်ရဲ့အသက်ပဲ၊ ဂျပန်ကတောင် အီရန်ဆီက ရေနံကို ယွမ်နဲ့ဝယ်ဖို့သဘောတူလိုက်တာဟာ အမေရိကန်အတွက် Heart ထိတဲ့ကိစ္စပဲ၊ ဒါကြောင့် ဟိုမုဇ်ကနေ အီရန်သဘောတူညီချက်နဲ့ထွက်လာတဲ့ ရေနံတင်သင်္ဘောတွေကို ထပ်ဆင့်ပိတ်လိုက်ရတော့တာ၊

အီရန်ရှုံးရင်နိုင်ငံပြိုကွဲမယ်၊ တောင့်ခံနိုင်ရင် အမေရိကန်စီးပွားရေးအကြီးအကျယ်ထိမယ်၊ ပင်ထရိုဒေါ်လာနန်းချခံရလုနီးနီးဖြစ်သွားမယ်၊


😊 မေးခွန်းက

အမေရိကန်ရဲ့ထပ်ဆင့်ပိတ်ဆို့မှု အောင်မြင်နိုင်သလား

ရုရှားစစ်သင်္ဘောကိုဟန့်တားတဲ့ ယူကေ လက်တွေ့မှာ ဘာမှမလုပ်ရဲတာတွေ့ရတယ်၊

ရုရှားနဲ့တရုတ် လုံခြုံရေး စစ်သင်္ဘောပါလာရင် အမေရိကန်ထိတ်တိုက်တွေ့မလား

ထိတ်တိုက်တွေ့ရဲရင်မြင်ကွင်းတမျိုးဖြစ်မယ်၊ နျူလဲပိုင် အမေရိကန်အထိလဲ လှမ်းပစ်လို့ရတဲ့ ICBM ပိုင်တဲ့နိုင်ငံတွေကို ဘယ်တော့မှ အမေရိကန်ထိတ်တိုက်မတွေ့ရဲဘူး၊ ( သူ့မြေပေါ်မှာ နျူအကျမခံရဲတာက အမေရိကန်ရဲ့ အကြီးမားဆုံး အားနဲချက်ပဲ )

မယုံရင်
ရုရှားနဲ့တရုတ်မပြောနဲ့ မြောက်ကိုရီးယား ဝင်လာကြည့်.... ထရမ့်လေသံပြောင်းမှာသေခြာပြီ၊

မမိုက်တမိုက်တွေ ဟိုမရောက်ဒီမရောက်တွေဆိုရင် ထရမ့်က အစိမ်းလိုက်စားလိမ့်မယ်၊

တကဲ့ ရူးရူးမိုက်မိုက်မျိုးနဲ့ဆိုရင် ထရမ့်ရှောင်လိမ့်မယ်၊ ထရမ့်က အရူးပါး

လျစ်နေအောင်ပါးတဲ့အရူးပါး

😊 ဟိုမုဇ်ပိတ်မှာ အထိအနာဆုံးက ဂျပန်၊ တရုတ်မှာ အရံရေနံသိုလှောင်ထားတာအများကြီး၊ ဂျပန်က ဗိုက်နာသွားပြီ၊ အမေရိကန်အညိုငြင်ခံပြီး ပက်ထရိုယွမ်နဲ့ အီရန်ဆီက သဘောတူလိုက်ရတာကိုက ထရမ့်ခေါင်းကို မိုးကြိုး ထိတော့တာပဲ၊

အီရန်ကိုကြိုက်လားမေးရင် မကြိုက်ဖူး
အမေရိကန်ကတော့ မြန်မာကို အမျိုးမျိုး နှိပ်စက်နေတာ နှစ် (၄၀) လောက်ဆိုတော့... စဉ်းစားကြည့်ပေါ့၊

အခုလဲ လုပ်ပြန်ပြီ " ဝေါလေ" " လေးကေ".... ဒါတွေက အမေရိကန်နောက်ခံတွေပဲ ။


Anyhow,
the worse is better than the worst.


BaMg ☯️


.
Please open Telegram to view this post
VIEW IN TELEGRAM
👍3618😁5
9👍9😁1
.


☯️


( ဒီလိုစာစုလေးတွေက သမရိုးကျအမြင်ကို ပြောင်းလဲပေးလိမ့်မယ်၊ )


အီရန်စစ်နဲ့ပါတ်သက်ပြီး မတူတဲ့ရှုဒေါင့်အမြင်က ရေးခဲ့ပြီးပြီ၊ ဒီစာစုမှာလဲ မတူတဲ့အမြင်ကိုရေးထားတာပဲ၊ ဖတ်ကြည့်ပြီးတော့ ကိုယ့်ဖါကိုယ်တွေးပြီး ဖြစ်နိုင်-မဖြစ်နိုင် ဆက်ဆုံးဖြတ်ပေါ့၊ အနည်းဆုံး မတူတဲ့ရှုဒေါင့်၊ သမရိုးကျမဟုတ်တဲ့အတွေးကိုတော့ကြည့်တတ်သွားကြလိမ့်မယ်၊

အီရန်နဲ့အမေရိကန်ဟာ စစ်အင်အားမှာ ပွင့်တူရွက်တူမဟုတ်ဘူး၊ ဒါကြောင့် စစ်ရေးနဲ့ဆုံးဖြတ်လို့မရဘူး၊ ဘယ်သူကဘာကိုတိုက်နေသလဲ ဘာရည်ရွယ်ချက်လဲ ရလဒ်ဘာထွက်နေပြီလဲ ဆိုတာကိုပဲ ဆုံးဖြတ်ကြရလိမ့်မယ်၊

အီရန်စစ်ဟာ ဗလတောင့်တောင့်အယ်ဇေးရှင်းခွေးကြီး လမ်းဘေးခွေးဝဲစားအကိုက်ခံလိုက်ရသလိုပဲ၊ အယ်ဇေးရှင်းကြီးက ဂုတ်ကိုခဲဖို့လုပ်တယ်၊ ခွေးဝဲစားက ပေါင်နှစ်ကြားက အယ်ဇေးရှင်းကြီး ဥကိုကိုက်မိထားသလိုဖြစ်နေတယ်၊

ဒီစာစုမှာ
အီရန်ကိုအောင်နိုင်သူအဖြစ်ရေးထားတယ်၊ အမေရိကန်ရဲ့ တိုက်စွမ်းအားကို ကန့်သတ်ထားနိုင်လို့ဆိုပြီး ဖေါ်ပြထားတယ်၊

ဟုတ်လဲဟုတ်နေတာပဲ
မြေပြင်ထိုးစစ်လဲ မလုပ်ရဲ
ကြံရာမရတော့ အီရန်ပိတ်ထားတာကို အပြင်ကထပ်ပိတ်၊ သိက္ခာပြန်ဆယ်ရတဲ့သဘော၊

ပြီးတော့ စစ်ပွဲအတွင်းအမေရိကန်ကပေးလိုက်ရတာတွေမနည်းဘူး၊ အီရန်မနာဘူးလားမေးလိမ့်မယ်၊ အီရန်တာတာကထုံးစံလေ၊ ဒီတကြိမ်အီရန်ပြန်ချသွားတာက ထုံးစံ မဟုတ်နေတာ၊



#BaMg(NZL) ☯️


.
👍3314😁3
.


☯️


အီရန်စစ် (၃) လကြာရင် ဆော်ဒီ၊ ဂျော်ဒန်နဲ့ အီဂျစ်တို့မှာ အစာရေစာပြသနာကြီးဖြစ်လာလိမ့်မယ်တဲ့၊ လူပေါင်း (၄၅) သန်းလောက် အစာရေစာပြသနာရှိနိုင်တယ်လို့ ရုရှားဖက်ကသုတေသနလုပ်ထားတယ်၊

အဲ့ဒီအခြေအနေကိုရောက်အောင် အီရန်ကစစ်ကိုဆွဲတိုက်နေတာ၊

သိပ်လိုအပ်လာရင်
ပင်လယ်ကွေ့နိုင်ငံတွေရဲ့ ရေသန့်စက်ရုံတွေကို ဝင်တိုက်လိုက်ရုံပဲ၊

အဲ့ဒီအဆင့်မရောက်ခင် ပက်ထရိုဒေါ်လာကို ကြိုးစားပြီးနန်ချနေတာ၊



#BaMg(NZL) ☯️


.
👍468😁2🎉1
Usနောက်ခံရှိနေတာ သတိကြီးဖို့လိုမယ်
👍👍👍👍👍
ဧပြီ၁၃၊ ကရင်

ကော့ကရိတ်နဲ့ မြောက်ပိုင်းနဘူးဂွင် သတင်းထူးလို့ စကခ မှ ကကရ တပ်နယ်၊ နဘူးတပ်နယ်၊BGF (မူလ) တပ်အားလုံး Standto အသင့်လုပ်ခိုင်းထားတယ် လခရ သတိရှိရန်ညွှန်ကြားထားပါတယ်

သထုံ ဂွင်ထဲက လေးကေ တပ်စခန်း ကျသွားပြီး ဒုရင်းမှူးအပါအဝင်စစ်သည်တချိုအရှင်အဖမ်းခံရဟု KNU media တင်နေတာတွေ့ရပါတယ်။
ဝိုင်းခံရတဲ့ မိမိစခန်းတခုကို တိုက်နေတဲ့ ရန်သူ့ရဲ့ စစ်နံနဲ့ LOC ကို တခြားတပ်များနဲ့  မခြိမ်းချောက်ထားနိုင်လျှင် ထို စခန်းက အနှေးအမြန် ကျမှာပါပဲ။

# ပေတိုးမီဒီယာ

,
👍5610😁4😢4
2026 April 13

👆👆👆👆👆👆👆👆👆👆

KNU အကြမ်းဖက်အဖွဲ့ရဲ့စစ်နည်းဗျူဟာကို သုံးသပ်ပြလာတဲ့စစ်သည်တော်ဟောင်းကြီးများ

လတ်တလော ယမန်နေ့က သာလွန်အင်အားသုံးတိုက်ခိုက်ခံရသော လေးကေတပ်မတော်စခန်းနဲ့ပတ်သက်ပြီး တဖက်ရန်သူတွေရဲ့အဓိက အသုံးပြုက ဒရုံးဖြစ်ပြီး၊ရှမ်းမြောက်ပုံစံဒရုံးနှင့်မြေပြင် သာလွန်အင်အားသုံးပြီး တိုက်ခိုက်သွားတာလို့သိရပါတယ်၊တပ်စခန်းတွေမှာ အဆင့်မြင့်ဒရုံးဖြတ်စက်တွေ၊အဆင့်မြင့်စခန်းအဆောက်အဦးတွေလိုအပ်သလို၊စခန်းပြင်ဆင်ထားမှုကအစလိုအပ်တယ်လို့ထောက်ပြအကြံပြုလာတာတွေ့နေရပါတယ်၊အေးချမ်းစွာနေလိုသောပြည်သူတချို့နှင့်ချိတ်ဆက်ကာ သတင်းရယူပေးနေသောမျိုးချစ်များ၊စစ်သည်တော်ဟောင်းကြီးများရဲ့သတင်းယူပေးမှုက ၉၉%မှန်ကန်မှုရှိခဲ့သော်လဲ မြေပြင်အင်အားသာလွန်မှု၊ဒရုံးများစွာသုံးလာမှုကို စခန်းရှိစစ်သည်များအတွက် ခုခံရခက်ခဲတာကိုပေါ်လွင်စေတယ်လို့ဆိုပါတယ်၊တပ်ရင်းတပ်ဖွဲ့၊တပ်စခန်းတွေအနေနဲ့ခေတ်နဲ့အညီ၊ဒရုံးဖြတ်စက်များ၊ တန်ပြန် ကာမေကာဇေ FPV များ၊အဆင့်မြင့်ဘန်ကာများ၊အတားအဆီးများဆောင်ရွက်ကြဖို့လိုအပ်ကြောင်းအကြံပြုလာပါတယ်။

ဝင်းတာပန်တပ်စခန်းအထူးသတိရှိပါ။

ဒုံသမိ အထူးသတိရှိပါ။

ပိန္နဲတောအထူးသတိရှိပါ။


# အမဲလိုက်မုဆိုးကြီး
13.4.2026(12:41PM)
Monday
👍52😱1815😁2
.


☯️


(  ဟုတ်တော့.... ဟုတ်နေတာပဲ 



* အမေရိကန်က စစ်တိုက်တယ်

* အီရန်က ဟိုမုဇ်ကိုပိတ်တယ်

* အီရန်ကို (၄၈) နာရီအတွင်း ဟိုမုဇ်ကိုဖွင့်မပေးရင် ငရဲပြည်ပို့မယ်လို့ ထရမ့်ကကြေငြာတယ်၊

* အီရန်က ဟိုမုဇ်ကိုမဖွင့်တဲ့အပြင် ရေနံကိုယွမ်ငွေနဲ့တောင်ရောင်းပြလိုက်သေးတယ်

* ဘာဆက်လုပ်ရမှန်းမသိတဲ့ အမေရိကန်က ဟိုမုဇ်ထဲ မဝင်ရဲပဲ ယွမ်နဲ့ရောင်းတဲ့သင်္ဘောတွေကို ဟိုမုဇ်အပြင်က လိုက်ပိတ်တယ်၊

* ကြည့်ဦး
   အမေရိကန်နဲ့ဆက်တဲ့သင်္ဘောတွေကို အီရန်ကပိတ်ထားတယ်

    အီရန်နဲ့ဆက်တဲ့ သင်္ဘောတွေကိုလဲ အမေရိကန်ကအပြင်ကပြန်ပိတ်တယ်

ခလေးတွေကျနေတာပဲ
ရေနံဈေးက $ 100 ကျော်ကိုပြန်ခုန်တက်သွားပါတော့တယ်၊


#BaMg(NZL) ☯️


.
😁30👍1712
This media is not supported in your browser
VIEW IN TELEGRAM
ဖြစ်ချင်တဲ့ဆန္ဒခြင်း ထပ်တူကျတယ်ဆိုတာ လွတ်တော်ထဲမှာ ဒီလိုပုဂ္ဂိုလ်မျိုးကို အလိုရှိနေတာ ပီတိဖြစ်ရပါတယ်ဗျာ

လေးစားတယ်ဗျာ
အရမ်းလေးစားတယ်ဗျာ

cred
56👍45😁4
ဧပြီ ၁၃၊ ဝေါ်လေ။

မင်းလက်ပံရွာထဲကို လက်နက်ကြီးများကျရောက် ပေါက်ကွဲမီးလောင်နေပုံ

# စောပေတိုး
👍34😱135😢3
ဆော်ထား ​ဆရာပေတိုးရေ
သူတို့နောက်မှာ အဖြူကောင်တွေ ရှိနေတယ်သိရတယ်ဗျ
👍👍👍👍👍
ဧပြီလ ၁၃ရက်

ဖလူးရွာ မြင်ကွင်း၊ line ပေါ်သာ မတင်ပေမယ့် ဆက်ချနေဆဲ

# စောပေတိုး
👍6111🎉3😁2
mytel လိုင်းကို မေးပေးကြပါအုံးး
အင်တာနက်တိုင်ပေါ်တာကလဲ ၄တိုင်လုံးအပြည့်ပေါ်ပါတယ်
4G ဆိုတာလဲမြင်နေရပါရက်နဲ့ လိုင်းသုံးတော့ လုံးဝ မရတာ တကယ်အလုပ်မလုပ်တဲ့သူတွေကို ဆက်ခန့်ပေးထားအုံးမှာလားးးလို့ပေါ့ဗျာ
တရက်လဲ မဟုတ်
စိတ်ညစ်ဖို့အကောင်းဆုံး လိုင်းကိုပြောပါဆိုရင်
mytel လိုင်းပါဘဲလို့ ဖြေပါရစေ
👍51😁122
ဧပြီ ၁၃၊ ဝေါ်လေ။

မင်းလက်ပံရွာထဲကို လက်နက်ကြီးများကျရောက် ပေါက်ကွဲမီးလောင်နေပုံ

# စောပေတိုး
👍32😱108