U Nay Win🇲🇲
12K subscribers
118K photos
7.29K videos
4 files
86.6K links
Download Telegram
တခါတလေ နိုင်ငံရေးပဲ ဖြစ်ဖြစ်၊ စစ်ရေးပဲ ဖြစ်ဖြစ် ရှေ့ထွက်ပြောရတဲ့ သူတွေ လိုတယ်။

အဲ့လူတွေကလည်း သာမန်ထက် တက်တက်ကြွကြွ ပြောဝံ့၊ ဆိုဝံ့သူတွေ ဖြစ်ရမယ်။ ဖြစ်သင့်တယ်။ စကားလုံးတိုင်းမှာ တခါတလေ အမှန်တရားတွေ ဖြေရတာရှိသလို၊ တခါတလေ တောခြောက်၊ တောင်ခြောက် ပြောရတာလည်း ရှိမှာပဲ။ ဥပမာ -မေးခွန်းကို မေးခွန်းနဲ့ ပြန်သတ်ရသလို‌ တွေလည်း ရှိတာပဲ။ ။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီလိုလူတွေက Hard liner တွေ ဖြစ်ဖို့လိုတယ်။

ခုလည်း ရွေးကောက်ပွဲကာလကတည်းက ကြံ့ခိုင်ရေးပဲ နိုင်မှာပါ။ ဘာညာကွာစိဆိုပြီး လုပ်နေကြတယ်။ UEC က ကြေညာထားတာ ရှင်းရှင်းလေး။ ရွေးကောက်ပွဲ အနိုင်ရချင်ရင် ပါတီမှတ်ပုံပြန်တင်ပေါ့။ အပြင်မှာ နိုင်ငံရေးပင်စင် ထုတ်စားနေတဲ့ NLD CEC တွေ အများကြီး ကျန်နေသေးတာပဲ။ ဘယ်သူက ဒေါ်အောင်ဆန်းစုကြည်ကို ကျော်လွန်ရဲ လို့လဲ။ ဘယ်သူက ရွေးကောက်ပွဲဝင်ဖို့ အသံထွက်ရဲကြလို့လဲ။  ဒီတော့ မေးစရာ ရှိလာတာက NLD က ဒေါ်စု တယောက်တည်း ပိုင်တာလားပေါ့။ အတော်လေးတော့ ဂွကြတယ်။

နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲဝင်ဖို့  ပိတ်ပင်တယ်လို့ ပြောရအောင် ပါတီမှတ်ပုံတင်ဖို့ ရက်ပေါင်း ၆၀ လောက် ကြေညာထားတာ မဟုတ်ဘူးလား။ ခု ရွေးကောက်ပွဲကို ဝင်ပြိုင်ထားကြတဲ့ ၅၇ ပါတီက သောက်ပေါတွေမို့လို့လားပေါ့။ အနိမ့်ဆုံး ကိုကိုကြီး ပါတီတောင် တသန်းလောက် ထောက်ခံကြတာက အရှိတရားပဲ။ ဒီမိုကရေစီမှာ ငါ့ပါတီ မထောက်ခံတာနဲ့ အကုန်လုံးကို လိုက်ပက်ဆဲနေလို့တော့ ဘယ်ရမလဲ။

အပေါ်က စကားပြန်ဆက်ရရင် ...ကြံ့ခိုင်ရေးနိုင်မှာပါ။ ကြံ့ခိုင်ရေး အစိုးရ ဖွဲ့မှာပါနဲ့။ ထောက်ခံသူတွေထက်တောင် သူတို့က ပိုစိတ်ဝင်စားနေကြသလိုမျိုး။ နိုင်ငံရေး ဆိုတာ အပေးအယူနဲ့သွားကြတာလေ။ ကြည်ဖြူရင် ဘယ်သူ သမ္မတ လုပ်လုပ်၊ ဘာအရေးလဲ။ NLD ပါတီနဲ့ ညှိကြတာမှမဟုတ်။

ခုလည်း ဘုလက်ဦးလှဆွေကို ခင်ဗျားတို့ပါတီက သမ္မတ လုပ်နိုင်သူ မရှိဘူးလား ဆိုပြီး သွားညှောင့်တာ...ဟိုကလည်း ဒါမျိုး သိပ်မပြောတတ်မဆိုတတ်ဘူးဆိုတော့။

NLD ပါတီက မဟုတ်ရင် ပြီးရောတဲ့။

တပ်ချုပ်ကြီးကို သမ္မတ မဖြစ်သင့်ဘူး ၊ဘာညာ ပြောရအောင် ခေါင်းညိတ်၊ ခေါင်းခါ၊ တံခါးဖွင့်၊ အိတ်ဆွဲ လုပ်ခဲ့ရတဲ့ NLD သမ္မတ ၂ ယောက်က ဘာအရည်အချင်းများ ရှိခဲ့လို့လဲပဲ တခွန်းတည်း မေးရမှာပဲ။ စပ်တော့ မစပ်နဲ့။ တချို့အမှန်တရားတွေခါးတယ်။


#(နရီမိုး)

.
👍55❤14
မနေ့က ဝေါ်လေဗျူဟာ ကိုတက်တိုက်တဲ့ အဖွဲ့ KNLA က ၅ကောင်ဂိန်တယ်၊ ၂၃ကောင်ဒန်းစီးတယ်။
ဒီနေ့ ထပ်ဂိန်တာက ၆ကောင် မှာငပွေးတကောင်ထပ်ပါ တယ် ဒန်းစီး၄၃ ပဲ။
ဒီေန့ CAS ပစ်ကူက ၆ကြိမ်ရတယ် ဒီနေ့လည်း ငပွေး နဲ့ ပဒက်ကဆေးချပြီးကာကင်းဖက်နဲ့ ဗျူဟာဖက်ကို တောက်လျှောက်တက်လုံးနေပါတယ်။
ပစ်ကူ အနေဖြင့် အခုလို အမြှောက်ကခပ်ကြဲကြဲပစ်ပေးနေမည့်အစား လက်ခပ်တောင်ကနေ MLRS နဲ့ ရန်သူတပ်ဖြန့်ထားရာ Area Target တခုလုံးကို ကြေမွအောင် လုပ်ပစ်ဖို့သင့်ပါတယ်


# စောပေတိုး
တီကောင်ကော်လံ
❤41👍36
.


☯️


ဒူဘိုင်း စီးပွားရေးကတော့ တော်တော့ကိုထိခိုက်သွားတယ်၊

ပင်လယ်ကွေ့နိုင်ငံတွေ ရေနံကရတဲ့ငွေတွေနဲ့ အမေရိကန်စတော့မှာရင်းနှီးမြှုပ်ကြတယ်၊ အထူးသဖြင့်တော့ Magnificent -7 ၊ သုံပုံတပုံ ကျဆင်းသွားတယ်၊ စုစုပေါင်း $ 4 Trillion ဆိုတော့ တချို့နိုင်ငံကြီးတွေရဲ့ GDP လောက်ရှိတယ်၊

(၂-၃) ပါတ်အတွင်း အမေရိကန်တပ်ရုပ်မယ်ပြောတော့ စတော့တချို့အနည်းငယ်ပြန်တက်လာပေမဲ့ နောက်တနေ့မှာ ထရမ့်ကတမျိုးပြောတော့ ပြန်ကျသွားကြပြန်လေရော၊

ဒူဘိုင်းကတော့ အားလုံထဲမှာ အထိအနာဆုံး၊ Real estate မှာ $ 300 လောက်ဆုံးရှုံးသွားပြီး၊ လေကြောင်းခရီးစဉ်" သောင်း" နဲ့ချီဖျက်သိမ်းလိုက်ရတယ်၊

နိုင်ငံတကာနဲ့ အကြီးအကျယ်ချိတ်ဆက်ထားတဲ့ ဘဏ္ဏာရေးကဏ္ဏကလဲ လဲပြိုသလောက်ဖြစ်သွားတဲ့အတွက် ဒီအီရန်စစ်ပွဲဟာ ရုပ်ဝတ္ထုတွေပျက်စီးတာထက် ဘဏ္ဏာရေး၊ စီးပွားရေးပိုင်းထိခိုက်သွားရတာက အများကြီးပိုတယ်လို့ ပြောရပါလိမ့်မယ်၊

စစ်ပွဲရှည်ကြာလာတာနဲ့အမျှ ပင်လယ်ကွေ့နိုင်ငံတွေရော အမေရိကန်စီးပွားရေးရော ထိခိုက်မှုက ပမာဏအလွန်ကြီးမားပါလိမ့်မယ်၊



#BaMg(NZL) ☯️


.
❤33👍28
April-3

ဧပြီ(၃)

▪️ကရင်လက်နက်ကိုင် တပ်ပေါင်းစုတွေဟာ KNLA/PC ဖောက်ထားတဲ့ ဘားအံ.ပိုင်ကျုံ.ဝင်ဖလ.အပေါင်.ရေပူ.နောင်ဘိုကြီး.တောင်စွန်း.ပတ.သရက်တောမှ ဝဲကရင်.ညောင်ကုန်း.အင်းရှည်.နဘူး.ထားဝယ်ဒါ.ထီစွမ်.ထောကိုကိုး.ကျော်ခို.ကော့ဝေါ.မြဝတီ ထိ တက်လာတဲ့ ကားကြီး/ကားငယ် အဆမတန် အကောက်ဂိတ်များစွာနဲ့ အကောက်.ကောက်ကြတယ်

▪️အထက်ပါလမ်းအတိုင်း သရက်တောရွာ လမ်းကွဲကနေ KNUတပ်မဟာ(၇)ကြက်ဥတောင်မှ သစ်ကသီလမ်းအတိုင်း အကောက်ဂိတ်ဖွင့်အကောက် ကောက် ကြတယ်

▪️ကရင်လက်နက်ကိုင်အဖွဲ KNU.KNLA/PC.DKBA (ဝေါလေ)KTLA.KKO.ယခင်BGF.ယခု(KNA စောချစ်သူတပ်တွေ ဟာ အာရှလမ်းမကြီးကို တိုက်ပွဲဖော်ဆောင်ပိတ်ဆို့ခဲ့ကြတယ် ဒါ..ညင်းမရတဲ့အချက်

▪️အာရှလမ်းမကြီးကနေ ကုန်သွယ်မှု့စီးဆင်းနေရင် တင်ပြပါ ကရင်လက်နက်ကိုင်တပ်တွေ စားပေါက်ပိတ် ပိုက်ဆံမရ ဝင်ငွေမရှိသည့်အတွက် အာရှလမ်းမကြီးကိုပိတ်ဆို့ခဲ့ကြပါတယ်

▪️အထက်မှာတင်ပြခဲ့တဲ့ ကရင်လက်နက်ကိုင် KNU.KNLA/PC.ဖောက်ထားတဲ့ တောင်တက်ကွန်ကရစ်လမ်းက ကုန်သွယ်မှု့လုပ်မှသာ ကရင်လက်နက်ကိုင် တပ်တွေ အနေချောင် ဝင်ငွေလည်းရ မှာဖြစ်တဲ့အတွက် အာရှလမ်းကြီးကို ပိတ်ခဲ့ကြတာပါ

▪️နောက်တချက်က ကရင်လက်နက်ကိုင် တွေစိုးမိုးတဲ့နေရာဒေသက ကျားဖြန့် လုပ်ငန်းကိုကာကွယ်ဘို့.တပ်မတော်စစ်ကြောင်းတွေ အာရှလမ်းက တက်မလာနိုင်အောင် အောက်ပါနေရာအသီးသီးကိုတိုက်ကွက်ဖော်ခဲ့တယ်
👇
▪️ကော့ကရိတ်မြို့ ကို(၁၂)ကြိမ်တိုက်ပွဲ

▪️ကော့ကရိတ်မှကျုံဒိုးကြား နွားခြံကုန်းတိုက်ပွဲ

▪️ကျုံဒိုးတပ်နယ်တိုက်ပွဲ

▪️ကျုံဒိုးနဲ့ မြပတိုင် နဘူးကြားက ဗျက္ခသိရိဘုရားကုန်းတိုက်ပွဲ

▪️ကော့ကရိတ်မှ နဘူးသို့(၁၅)မိုင် ရင်ကွဲတောင်တပ်စခန်းကို(၁၅.၄.၂၀၂၅) KNUတပ်ပေါင်းစုနဲ့PDF တိုက်ခိုက်သိမ်းပိုက်ခံခဲ့ရတယ်

▪️ဒါတွေအားလုံးဟာကရင်လက်နက်ကိုင်အဖွဲအစည်းNCA အကြောင်းပြ DKBA.KNLA/PC.နဲ့BGF တပ်နယ်တချို့တပ်မတော်ကိုနောက်ကျောဒါးနဲ့ထိုးခဲ့ကြတယ်တချို BGF.တပ်နယ်တွေမပါဝင်ခဲ့ပါဘူး

▪️သင်္ကန်းညီနောင်တပ်နယ် ခမရ(၃၅၅)(၃၅၆)(၃၅၇)ကို တိုက်ခဲ့ကြတယ် မြဝတီ ခလရ(၂၇၅)တိုက်ခဲ့ကြတယ် ကရင်လက်နက်ကိုင်အဖွဲအားလုံးရဲ့အကျိုးစီးပွါး အတွက် နောက်ဆုံး အာရှလမ်းမကြီးကိုပိတ်ဆို့ခဲ့ကြတာပါ ဘယ်သူငြင်းမလဲ?

▪️အခု အာရှလမ်းမကြီးပြန်ဖွင့်လိုက်တော့ အထက်မှာတင်ပြခဲ့တဲ့ ကရင်လက်နက်ကိုင်တွေဖောက်ထားတဲ့ မြဝတီသို့ တောင်တက်တောလမ်း ဧပြီ(၃)ရက်နေ့ ကား အတက်အဆင်း နည်းပါးသွားပြီ

▪️သူတောင်းစားတွေငတ်ကုန်ရင် တမျိုးထပ်လုပ်အုံးမယ် သတိတော့ရှိကြပါ

# BKဒေါနမြေ🇲🇲
👍53❤27
.


☯️


ထရမ့်နဲ့ NATO ခေါင်းဆောင်တို့တွေ့ကြတယ်၊ အတိတ်သမိုင်းကလို သံစဉ်တွေသိပ်မကိုက်ကြတော့၊ အီရန်အပေါ်ဒေါသတွေက NATO ဆီကူးစက်တယ်၊ နေတိုးကလဲ အမေရိကန်နဲ့ အနာဂါတ်ကို သိပ်အကောင်းမမြင်တော့၊

ထရမ့်သမတဖြစ်ကထဲက ကိုယ့်ကာကွယ်ရေးအသုံးစရိတ်ကို အသီးသီးတိုးမြှင့်ဖို့၊ အမေရိကန်က အားလုံးအတွက်အကုန်အကျမခံနှိုင်တော့ကြောင်းက အစပြုခဲ့တယ်၊

Tariff ကိစ္စမှာလဲ မဟာမိတ်ဆိုပြီး အီးယူ-နေတိုးကို အခွင့်အရေးမပေးခဲ့ရာကနေ အက်ကြောင်းတွေကြီးလာကြတယ်၊

အီရန်ကိစ္စမှာတော့ အီရန်အပေါ်ဒေါသတွေကနေတိုးအပေါ် ပါ ကျရောက်သွားပါတော့တယ်၊
ထရမ့်လက်ထက်မှာ North Atlantic Treaty ထဲက အမေရိကန်အမှန်တကယ်နှုတ်ထွက်တော့မလား ❓မေးစရာဖြစ်သွားလေပြီ၊

အမေရိကန်နှုတ်မထွက်သေးရင်တောင်မှ နေတိုးအဖွဲ့အတွင်း အမေရိကန်နဲ့အခြားကျန်နိုင်ငံတွေရဲ့ဆက်ဆံရေးက ပုံမှန်အရင်လိုပြန်ဖြစ်ဖို့ဝေးသွားခဲ့ပြီ၊ နေတိုးလိုအပ်တဲ့ အကူအညီတွေကို ထရမ့်ဆီကရရှိဖို့ခက်ခဲသွားခဲ့ပါပြီ၊

ဒါလဲ သမိုင်းတခုဖြစ်လာခဲ့ပါပြီ ။


#BaMg(NZL) ☯️


.
👍33❤18
.


☯️


အီရန်စစ်ကိစ္စမှာ အမေရိကန်နဲ့နေတိုးအကြား အကြီးအကျယ်သဘောထားကွဲပြားခဲ့တာတွေ့ရတယ်၊

အီရန်စစ်မှာ ထရမ့်ကနေတိုးအထောက်အပံ့ကိုမျှော်လင့်ခဲ့ပေမဲ့ လက်တွေ့မှာပါမလာခဲ့ဘူး၊ အဲ့ဒီအပြင် နေတိုးအဖွဲ့ဝင်တချို့က သူတို့ရဲ့ မြေနဲ့ဝေဟင်ပိုင်နက်ကိုတောင် အီရန်စစ်အတွက်အမေရိကန်ကိုပေးမသုံးခဲ့ကြတာတွေ့ရတယ်၊

ထရမ့်အကြီးအကျယ်ပေါက်ကွဲပါတော့တယ်၊ နေတိုးနဲ့ဆက်ဆံရေးကိုပြန်လည်ဆန်းစစ်မယ်၊ နေတိုးအဖွဲ့ဝင်အဖြစ် ဆက်နေသင့်-မသင့်ကို ပြန်သုံးသပ်မယ်ဆိုတဲ့ အသံတွေထွက်လာတယ်၊

နေတိုးဖက်ကလဲ သူတို့နိုင်ငံအသီးသီးမှာ ချထားတဲ့ အမေရိကန်စစ်စခန်းတွေနဲ့ ပြန်ကိုင်ထားတာတွေ့ရတယ်၊

NATO ထဲကသာအမေရိကန်ထွက်ခွာသွားမယ်ဆိုရင် ရုရှားနဲ့တရုတ်တို့က ရွှေတောင်ကြီးပေါက်သလို ပျော်ကြမှာ အမှန်ပါ၊


#BaMg(NZL) ☯️


.
👍34❤16
.


☯️


(  # နောက်ဆုတ်မရတော့တဲ့အီရန်စစ်နွံ  )

                 -  ၁  -


        အရှေ့အလယ်ပိုင်းရေနံထွက်ပြီး အမေရိကန်နဲ့သဘောထားမတူတဲ့ (၇) နိုင်ငံဖြို့ချရေးမှာ အီရန်ကဟာ နောက်ဆုံးနိုင်ငံဖြစ်ပြီး အင်အားအကြီးဆုံးနိုင်ငံလဲဖြစ်တယ်၊ တိုက်ဆိုက်သွားတာက အီရန်ဟာ အနုမြူပိုင်ဆိုင်ကာနီးနိုင်ငံဖြစ်နေတာပဲ၊ အီရန်ကိုအချိန်ဆွဲလို့သိပ်မရတော့ဘူး၊ ဒီအခြေအနေဟာ အစ္စရေးအတွက် ဆုလာဘ်ကြီးတခုဖြစ်လာတယ်

           အမေရိကန်အတွက်ကအကြပ်အတည်းတခုဖြစ်သွားရပြန်တယ်၊ အီရန်ဟာ အမေရိကန်ကို ဒုက္ခမပေးနိုင်ပဲ ဘာလို့ စစ်ထဲခုန်ဆင်းရတာလဲ.. ဆိုတဲ့မေးခွန်းကိုထရမ့်က ခိုင်ခိုင်မာမာမဖြေနိုင်ဘူး၊

          လွှတ်တော်မှာ အီရန်အတွက်စစ်စရိတ် $200 bil တင်တောင်းတော့ပိုဆိုးသွားခဲ့ရတယ်၊ အစ္စရေးအတွက်တိုက်ပေးရတဲ့စစ်ကို အမေရိကန်က ဒီလောက်အကုန်အကျခံပေးရမှာလား... ဆိုပြီးတော့၊ အခပ်လွှတ်တော်အမတ် ဘာနီးဆန်းဒါးက သဘောမတူနိုင်ဘူးလုပ်လာတယ်၊ ဒီမိုကရက်တွေကလဲ အကြီးအကျယ်ကန့်ကွက်ကြပေါ့၊



☘️  # မစ်ဇိုင်းတွေအများကြီးကျန်သေးတယ်


              ဗင်နီဇွဲလားမှာ နာရီပိုင်းနဲ့ မာဒူရိုကိုဖမ်းလိုက်နိုင်တော့ သမတထရမ့်က ယုံကြည်မှုလွန်ကဲသွားခဲ့တယ်၊ အခြေအနေအရပ်ရပ်က ဗင်နီဇွဲလားနဲ့မတူပဲ စစ်နွံနစ်သွားနိုင်တယ်၊ အန္တရာယ်များလွန်းလှတယ်လို့ ပင်တဂွန်ကတားတာကို ထရမ့်ကပါယ်ချလိုက်တယ်၊ ဒါ့အပြင် အီရန်စစ်ကို (၄-၅) ရက်လောက်နဲ့ ဒူးထောက်သွားစေမှာပါလို့ အပြောလဲကြီးခဲ့ပြန်တယ်၊

             စစ်ဖြစ်ဖြစ်ချင်း အီရန်ဖက်က ကြောက်ခမန်းလိလိပြန်ပစ်လာနိုင်တာတွေ့ရတော့ ထရမ့်က တပါတ် ဆယ်ရက်လောက်ကြာနိုင်တယ်လို့ပြန်ပြင်ပြောပြန်တယ်၊  (၂) ပါတ်မြောက်နေ့ကစပြီး အီရန်ဖက်ကလက်တွေ့သွားသလားမသိ၊ ပစ်အားကိုရုတ်တရက်ထပ်မြှင့်လိုက်တယ်၊ Missile wave ဆိုပြီး မစ်ဇိုင်းရာချီပစ်ပြနေတာဟာ ဒီနေ့ဆိုရင် ဒုံးလှိုင်း ( ၈၀ ) ကျော်သွားခဲ့ပြီ၊ ထရမ့်ဖက်က မမျှော်လင့်တာတွေဖြစ်လာလို့ စစ်ပွဲဟာ တလလောက်ကြာနိုင်တယ်လို့ ထပ်ပြီးပြင်ပြောပြန်ပါလေရော၊

             ထရမ့်အတွက် အလွန်ခါးသီးသွားရတဲ့အဖြစ်က ဟိုမုဇ်ကို အီရန်က ပိတ်ပစ်လိုက်တာရယ်၊ ပင်လယ်ကွေ့က ထရမ့်မိတ်ဖက်နိုင်ငံတွေ အီရန်ဒုံးတွေကြောင့်အထိနာတာရယ်၊ NATO ကအကူအညီမပေးတာရယ်ပဲ၊

          အမေရိကန်က တနှစ်ကို Patriot missile အစင်း (၇၅၀) လောက်သာထုတ်ပေမဲ့ အီရန်စစ် ပထမတပါတ်အတွင်းမှာ ပဲထရီးရော့ဒုံး အစင်း (၈၀၀) သုံးခဲ့လို့ လက်နက်ဂိုထောင်ထဲ လက်ကျန်မရှိသလောက်ဖြစ်သွားရတာမို့ ကမန်းကတမ်း မစ်ဇိုင်းတွေ (၂၄) နာရီမပြတ် ပြန်ထုတ်ခိုင်းနေရတယ်၊

           စစ်ပွဲကတလပြည့်ပြီး ပဉ္စမပါတ်ထဲရောက်လာချိန်မှာ ထောက်လှမ်းရေးသတင်းအရ အီရန်မစ်ဇိုင်းတွေကို သုံပုံတပုံသာဖျက်ဆီးနိုင်ခဲ့ပြီး၊ သုံးပုံနှစ်ပုံတောင်ကျန်သေးတယ် ဆိုတဲ့သတင်းက ထရမ့်ကိုအိပ်မက်ဆိုး တခုဖြစ်စေလိုက်တယ်၊

         အီရန်ဖက်က ပြောထားတာတခုရှိတယ်၊ စစ်ပွဲကို (၆) လအထိတိုက်ဖို့ မစ်ဇိုင်းတွေလုံလုံလောက်လောက်ရှိထားတယ်ဆိုတာ ထောက်လှမ်းရေးသတင်းအရ ဟုတ်မှန်နေတာတွေ့လာရတယ်၊ ထရမ့်အနေနဲ့ နဖူးရိုက်ရမဲ့ အခြေအနေတခုဖြစ်သွားပြီ၊



☘️ # မျှော်သလိုမဖြစ်လာ

            စစ်မပြုခင်က အီရန်မှာဆန္ဒပြပွဲတွေအကြီးအကျယ်ပဲ ( မကြာခဏ ဆန္ဒပြပွဲတွေဖြစ်လေ့ရှိတယ် ) ၊ အီရန်ကို စစ်တိုက်လိုက်ရင် ပြည်သူတွေထွက်လာလိမ့်မယ်၊ ပြီးရင်အစိုးရကိုဖြုတ်ချကြလိမ့်မယ်လို့ တရားသေတွက်ထားခဲ့ကြတာ တက်တက်စင်လွဲသွားတယ်၊

            ခါမေနီအပါအဝင် အီရန်ထိတ်စီး (၅၀) ကျော်ကိုသုတ်သင်ခဲ့အပြီး ထရမ့်က အီရန်ပြည်သူတွေကိုဘာပြောလိုက်သလဲဆိုတော့ -

" တသက်မှာတခါထဲရတဲ့အခွင့်အရေးပါ၊ ကျွန်တော်တို့ အစိုးရခေါင်းပိုင်းကိုဖြုတ်ပေးလိုက်ပြီ၊ ကျန်တာအီရန်ပြည်သူတွေအခွင့်အရေးမလွတ်အောင်ဆက်ဘုပ်ကြတော့ "

            ထရမ့်မျှော်မှန်းသလိုဖြစ်မလာခဲ့ပါ၊ အီရန်ပြည်သူတွေက သူတို့ရဲ့ဘာသာရေးခေါင်းဆောင်ကိုသတ်ဖြတ်ပစ်လိုက်တဲ့အတွက် အမေရိကန်ကိုတောင် ဆန္ဒပြန်ပြလာကြတာတွေ့ရတယ်၊ ထိတ်စီး (၅၀) လောက်ကိုကိစ္စတုံးလိုက်တဲ့တိုင်အောင် အီရန်ဖက်က ပစ်ခတ်မှုအားဆက်ကောင်းနေတာတွေ့ရတော့ အမေရိကန်အနေနဲ့ စစ်နွံကို ခြေတဖက်မက စပြီးနစ်သွားသလိုဖြစ်သွားတယ်၊

          ယူအေအီး၊ ကာတာ၊ ဘာရိမ်း၊ ဆော်ဒီတိုအတော်နာသွားခဲ့ကြလို့ ဒီအချိန်မှာမှ ထရမ့်နောက်ဆုတ်သွားရင် အဲ့ဒီနိုင်ငံတွေနဲ့ ဆက်ဆံရေးလုံးဝပျက်ပြားသွားရတောမှာပါ၊ ဒီအဖြစ်ကို လက်မခံနိုင်လေတော့ ထရမ့်စစ်နွံက ထွက်မရ ဖြစ်ရပြန်ပါလေရော ၊

              စစ်နွံစနစ်ပြီဆိုတော့ အခြေအနေက All or nothing ဖြစ်သွားရပြန်တယ်၊

" အလုံးစုံလားနတ္ထိလား" ဆိုတဲ့စိန်ခေါ်မှုမှာ ကမ္ဘာ့အဆင့် (၁) နိုင်ငံဖြစ်တဲ့အမေရိကန်အနေနဲ့ Nothing ဖြစ်လို့မရ၊ နတ္ထိမဖြစ်ချင်ရင် နာကြဉ်မှုများစွာ၊ ခါးသီးမှုများစွာကနောက်ကလိုက်လာမယ်၊ စစ်စရိတ်က အကြွေးပိုတက်စေပြန်မယ်၊ ပြည်သူတွေနဲ့ ဒီမိုကရက်တွေရဲ့ဆန့်ကျင်မှုကို ရေရေလည်လည်ခံရပါဦးမယ်၊





☘️  # ဟော်မုဇ်အကျိုးဆက်ကြီးတယ်
👍35❤21
👍12❤6
လူအတော်များများက ဟော်မုဇ်ရေလက်ကြားကိုပိတ်လိုက်ရင် ရေနံဈေး တက်မယ်လောက်ပဲမြင်လေ့ရှိကြတယ်၊ အမှနိတကယ်အကျိုးဆက်တွေက အများကြီးပါ၊ ရေနံဈေးတခုထဲကိုလေ့လာရင် တရုတ်အထိဆုံးဖြစ်မယ်လို့ထင်ကြပြန်တယ်၊ မဟုတ်ဘူး၊ အမေရိကန်ရဲ့မဟာမိတ်နိုင်ငံတွေ ဆိုးဆိုးဝါးဝါးထိကြတာတွေ့ရလိမ့်မယ်

ဂျပန်                        93%
တောင်ကိုရီးယား     67%
စင်္ကာပူ                     58%
ထိုင်း                        55%
တရုတ်                    43%

... ဆိုတာကိုတွေရလိမ့်မယ်၊

ဒါ့အပြင် စားသောက်ကုန်တွေရဲ့ပြသနာကရှိလာပြန်တယ်၊ ပင်လယ်ကွေ့နိုင်ငံတွေဟာ ဟော်မုဇ်ပိတ်ထားလို့ စားသောက်ကုန်တွေသွင်းမရတော့ဘူး၊ ဘယ်လောက်ပြည်ပကသွင်းနေရသလဲဆိုရင် -

ဆန်                 77%
ပြောင်း           89%
ပဲ                     95%
ဟင်းရွက်ဆီ  91%   ကိုတင်သွင်းနေရတယ်၊

ဘယ်လောက်ဆက်တောင့်ခံနိုင်မလဲ ❗အရံ ဘယ်လောက်ပဲရှိထားသလဲ က စစ်ပွဲကိုအဆုံးအဖြတ်ပေးလိမ့်
မယ်၊

           ဒိထက်ပိုအရေးကြီးတာက သောက်သုံးရေပဲ၊ ရေအသက်တမနက်လို့ဆိုထားတယ်၊  အစ္စရေးရဲ့ ရေချိုစက်ရုံ 60% ပျက်စီးသွားခဲ့ပြီ၊ အကုန်ဖျက်မသွားတာက အီရန်အနေနဲ့ စစ်ပွဲကို ရှည်ကြာစေချင်တဲ့သဘောကြောင့်လို့တွက်လို့ရတယ်၊ လိုအပ်တဲ့အချိန်ကျမှ 85% လောက်ကိုဖျက်ဆီးပစ်လိမ့်မယ်လို့ခန့်မှန်းရတာပဲ၊

          ပင်လယ်ကွေ့မှာလဲ ဆော်ဒီရဲ့ရေကို ကျနိနိုင်ငံတွေက နေ့စဉ် (၄၀-၆၀)% ဝယ်ယူနေကြရတယ်၊ ဆော်ဒီရေချိုတွေကိုတော့ 50% လောက်အီရန်က ဖျက်ဆီးပစ်လိုက်ပြီ၊ လိုအပ်တဲ့အချိန်မှာ ထပ်ဖျက်ဦးမှာ၊

             ရေနဲ့အစားအသောက်ပြတ်ရင် ဘာမှလုပ်လို့မရတော့ဘူး၊ စစ်ဟာအလိုအလျောက် ဒူးမခောက်ချင်ပေမဲ့လဲ ဒူးထောက်ပေးရတော့မယ်၊ ဒီအသက်ဗူးကို အီရန်က လိုအပ်ရင်ထုတ်သုံးမှာ မလွဲဘူး၊


(  ဆက်ရန်  )


# နေဇင်လတ် ☯️


.
👍50❤17
ဧပြီ ၄ရက်။ ဝေါ်လေ။

ဝေါ်လေမြိုင်က ထိညာလိဘုန်းတော်ကြီးကျောင်းမှာခိုအောင်းပြီး...ဝေါ်လေဗျူဟာနဲ့ ကာကင်းစခန်းတွေကို Drone ဗုံးချနေတဲ့ ကြေးစား Norarm Trictical ကအဖြူကောင်တွေ နဲ့ KNU.ခေါင်းကြီးတွေCOC နေရာကိုမနေ့ညနေ(၁၇း၁၀)နာရီ ခန့်က လေကြောင်းကနေဖျက်အားပြင်းဗုံးတွေကြဲချလို့ ဒဲ့ထိသွားပါတယ်။ဘုန်းကြီးကျောင်းမီးလောင်တဲ့သတင်းပါတက်လာတယ်။
အကုန်ထိကုန်မှ
ဒုက္ခသယ်စစ်ဘေးရှောင်လို့မပြောကြေးလေ၊ စစ်ဖြစ်နေတဲ့နေရာမှာ ဘယ်ပြည်သူမှမနေပါဘူး။

Media မှာတော့ ဝေါ်လေဗျူဟာ.ကျသွားပြီဘာညာပေါ့ အထိအခိုက် သတင်းကိုဖုံးကြတာပေါ့လေ။
ငပွေး လူနာတွေ ပုခက်တွေစီး..ထိုင်းဘက်ကမ်းကူးပြေးနေရတာကို ဘယ် သူပုန်Media ကမှမဖော်ပြပါဖူး

ထိုင်းဘုရင့်တပ်မတော်ကြီးက နရဲစွမ်ကော်လံက လူနာကောက်ပေးနေဆဲဟုသိရတယ်။
အပေါ်ကောင်များများကျဲပေးနိုင်မှကောင်းမယ် အဘတို့။ Droup bomb ေတွ ဒရစပ်ကျနေပေမယ့် ဝေါ်လေ ခံစစ်ထဲက ခံချနေတဲ့ ကလေးတွေ စိတ်ဓါတ်က ခပ်မာမာပဲ ဆိုတာတွေ့ရတယ်။

Photo#crd

# စောပေတိုး
တီကောင်ကော်လံ
👍66❤17😁2
.


☯️


(  စစ်ပွဲပစ်မှတ် ပိုကျယ်ပြန့်လာပြီ  )


ယေဘူယျအားဖြင့် စစ်တိုက်ကြပြီဆိုရင် စစ်ရေးပစ်မှတ်တွေကိုပဲ့ အဓိကထားတိုက်ခိုက်လေ့ရှိတယ်၊

နှစ်ဖက်ထိမ်းချုပ်မှုအားနည်းလာရင် အရပ်ဖက်ပစ်မှတ်တွေအထိကျယ်ပြန့်လာတတ်တယ်၊

အီရန်စစ်မှာ အရပ်ဖက်ပစ်မှတ်တွေအထိတိုက်ခိုက်လာတာ ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး၊ မနေ့က အီရန်ရဲ့ အရေးပါတဲ့တံတားတစ်းကို အမေရိကန်က ဗုံးကြဲချိုးဖျက်လိုက်ပြီး ထရမ့်ကိုယ်တိုင်သူ့လူမှု မီဒီယာပေါ်မှာတင်ခဲ့တာဟာ သမတ တဦးလုပ်သင့်တဲ့ကိစ္စမျိုးမဟုတ်ပါ၊

အီရန်ဖက်က အမှတ် (၉၁) ဒုံးလှိုင်းနဲ့ အစ္စရေးရဲ့စက်မှုဇုံကိုပြန်ပြီးတိုက်ပြလိုက်တာတွေ့ရတယ်၊


#BaMg(NZL) ☯️


.
👍45❤10
🇮🇷💥🇰🇼🇺🇸- အီရန်ဒရုန်းက ကူဝိတ်ရှိ USပိုင် CH-47 ရဟတ်ယာဉ်ကို ဖျက်ဆီးနိုင်ခဲ့

# tatmadaw

.
👍38❤12😁2
ပြောသင့်လို့ပြောတယ်
မှန်လို့ Copyယူတယ် နေရာဘဲ မတူတာပါ
👍👍👍👍👍
“နိုင်ငံတော်လူကြီးမင်းများနှင့် တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ်များသိစေရန်”

ယခုအခါ တပ်မတော်မှ ကရင်ပြည်နယ်အတွင်း စစ်ကြောင်းများဝင်ရောက်ခြေကုပ်ယူလျှက်ရှိသလို ခြေကုပ်ယူထားတဲ့ တပ်မတော်တပ်ဖွဲ့တွေကနေ ရန်သူ့သတင်းများကို မထောက်လှမ်းမိတာလား၊ ဒါမှမဟုတ် ရန်သူအဝင်သိသိကြီးကို စစ်တိုက်ရမှာကြောက်လို့ အထက်ကိုမတင်ပြတာပဲ သူတို့ဆီမှာပဲသတင်းဖျောက်ထားသလားဆိုတာတော့ မတွေးနိုင်ဘူးဗျာ။ ယခုအခါ ကရင်ပြည်နယ်အတွင်းက တပ်(တချို့) မှာ ယခင်ဖရဲသီးလမ်းတပ်များအတိုင်း အသံတိတ်ဇောင်းပြန်ကြွလာလို့နေပါပြီ။ ဘယ်စစ်ကြောင်းမှ အသေမထားပဲ အမြတမ်းလှုပ်ရှားသာခိုင်းစေခြင်ပါသည်။ ခြေကုပ်ယူထားတဲ့တပ်တွေကနေ ရန်သူ့သတင်း မရဘူးဆိုတော့မရှိဘူးဗျ။ အထက်ကိုသတင်းမရောက်အောင်ဖျောက်ဖျက်နေကြတာပဲဖြစ်တယ်။ BGF မူလ၊ DKBA မူလ တပ်ဖွဲ့ဝင်တွေက ပြည်နယ်ကြီးအတွက် ဘယ်လောက်ပဲလုပ်လုပ်ပေးပေး မအေလိုးအကောင်းစားဖရဲသီးများကြောင့် တပ်မတော်ပဲသိက္ခာကျရသည်သာဖြစ်တယ်။ နောက်တစ်ခု ကရင်ပြည်နယ်အတွင်းဝင်လာကြတဲ့ စစ်ကြောင်းတွေက ဘာတွေလဲမသိဘူး။ ဟိုတုန်းကစစ်သားစစ်သည်တွေလို စည်းမရှိကြတော့ပဲ စည်းပျက်ကမ်းပျက် အကျင့်ပျက်နေကြပြီး အများပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို လူမိုက်ဆန်ဆန်တက်ယူနေကြတာ ကြားရတဲ့သတင်းက‌မကောင်းဘူးဗျ။ စစ်ရှောင်ရွာခံတွေခမြာ ဘယ်နေရာကိုတိုင်လို့ ဘယ်သူ့ကိုဖွင့်ပြောရမှန်းမသိလို့ ကိုယ့်ဆီလာပြီး ရင်ဖွင့်ပြောဆိုနေကြပြီ။ တပ်မတော်အကြီးအကဲများအနေဖြင့် မိမိလက်အောက် စစ်ကြောင်းများကို ကြပ်မတ်ထိန်းသိမ်းပေးဖို့လည်းလိုနေပါပြီ။ ဖရဲသီးတပ်တွေရှိနေသရွေ့ မိခင်တပ်မတော်ကြီးက နာမည်ပျက်နေရဦးမှာဖြစ်သလို ကျေးရွာနှင့် အများပြည်သူအိုးအိမ်ချမ်းသာမှုတွေလည်း ပျက်ဆီးနေရဦးမည်သာဖြစ်ပါတယ်။ နိုင်ငံတော်ကိုအကြံပေးချင်တာကတော့ ကရင်ပြည်နယ်ထဲက ဖရဲသီးတွေကို ဘာအထောက်ထားနဲ့မလုပ်ပဲ ပြည်သူ့ဆီက အသံကြားတာနဲ့ အကုန်ဖြုတ်ထုတ်သတ် ပညာပေးလုပ်စေချင်ပါတယ်။ ဒါမှသာ စစ်မတိုက်ရဲပဲ ရန်သူနဲ့ပေါင်းစားနေတဲ့ကောင်တွေပေါ်လာမှာပဲဖြစ်တယ်။ ရန်သူ့သတင်းကို ဘယ်တပ်တွေကနေ သတင်းကိုအများဆုံးပို့ဖူးပေးခဲ့ကြသလဲဗျာ။ ကရင်ပြည်နယ်အတွင်းက စစ်ကြောင်းတွေရဲ့သိက္ခာမဲ့လုပ်ရပ် ပြည်သူတွေရဲ့ပစ္စည်းတွေကို အဓမ္မသိမ်းယူမှုကတော့ ပြည်သူတွေချဉ်နေကြပြီ‌ သတိသာထားကြပေတော့။ ပြည်သူတွေခမြာ မချိတင်ကဲဖြင့် သူတို့ရင်ထဲကနေ တပ်မတော်ကိုကူညီလိုသော်လည်း ကရင်ပြည်နယ်အတွင်း ပြည်သူကိုရိုင်းပြစွာဆက်ဆံနေကြတဲ့ ပစ တပ်သားသစ်တွေနှင့်အတူ သွန်သက်မှုမရှိ ဆုံးမမှုမရှိကြတဲ့စစ်ကြောင်းတွေကြောင့် ပြည်သူတွေရွံလာနေပြီဖြစ်တယ်။ ဒါတွေကို လူကြီးမင်းတို့က အရေးယူတာ မယူတာကတော့ လူကြီးမင်းတို့ အပိုင်းသာဖြစ်တယ်။ “ပြည်သူကိုမစည်းနိုင်လျင် စစ်ရှုံးရမည်။ ပေးဆပ်ရမှုများမည်ဖြစ်သလို ပြည်သူမုန်းလျင်တော့ ဘယ်အဖွဲ့အစည်းမှ လှည့်မကြည့်ကြနဲ့တော့" ကရင်ပြည်နယ်မှာ လက်ရှိအခြေအနေအထိ အေးချမ်းသင့်သလောက် အေးချမ်းလာတာဟာ အဲ့ဒါ ကရင်ပြည်နယ်က ပြည်သူတွေအင်တိုက်အားတိုက်ပါဝင်လာလို့သာဖြစ်တယ်။ ကရင်ပြည်နယ်အတွင်းက မိဘပြည်သူတွေကိုစိတ်ကွက်အောင်၊ သိတ်ပျက်အောင်တော့ မလုပ်ကြပါနဲ့ဗျာ။ ဖရဲသီးစစ်ကြောင်းတွေကြောင့် တပ်မတော်ပုံရိပ်ကိုလည်း အလွန်အမင်းထိခိုက်ရပါတယ်။ ပြည်သူတွေက စစ်ကြောင်းတွေကို အားကိုး အားပြုသလောက် စစ်ကြောင်းတွေကတော့ ပြည်သူ့ဘက်ကရှိမနေခဲ့ပါဘူးဗျာ။ ဘောမတွေရေးနေကြသလို သာယာနေတယ်တော့မထင်ကြလေနဲ့ဗျ။ သူတို့က အခေါင်းထဲကထွက်ပြီးမြေပြင်အမှန်ရေးနေကြတာမဟုတ်ဘူးဗျ။ ကျွန်တော်တို့ကသာ ပြည်သူ့အသံ အမြဲနားထောင်ရင်း မြေပြင်မှာလုပ်နေကြရတာပဲဖြစ်တယ်။ ဖရဲသီးနဲ့ဘောမတွေဟာ တစ်ဂိုဏ်းထဲသာဖြစ်တယ်။ နိုင်ငံတော်နဲ့ပြည်သူတွေကို သတင်းအဆိပ်ခတ်ပြီး နိုင်ငံတော်ကိုဖြိုကွဲနေကြတာက ဖရဲသီးနဲ့ ဘောမအုပ်တွေသာဖြစ်တယ်။ ကရင်ပြည်နယ်အတွင်းက စစ်ကြောင်းများအတွက် သက်ဆိုင်ရာဌာနများမှတစ်ဆင့် နိုင်င့တော်အဆင့်မှ အရေးယူကြပ်မတ်လုပ်ဆောင်ပေးဖို့ကတော့ အမှန်တကယ်လိုအပ်နေပါပြီခင်ဗျာ။ မနေ့တမေ့ကမှ တပ်ထဲရောက်လာတဲ့ ပစတွေ  ကရင်ပြည်သူတွေအပေါ်ကို မရင့်သီးကြနဲ့ မမိုက်ရိုင်းကြနဲ့ ယဉ်ကျေးစွာဆက်ဆံကြ။ ကရင်ပြည်နယ်ကမိဘပြည်‌သူတွေကကူညီပြီဆိုလျှင် တခြားနဲ့မတူဘူးကွ။ မိသားစုချင်းကိုယ်ချင်းစာ၊ မိဘချင်းကိုယ်ချင်းစာ ပြည်သူများကို အပြုံးဖြင့်သာ ပေးဆပ်ကြပါ။ ပြည်သူကိုမေတ္တာပေးလို့ကတော့ မင်းတို့အတွက် စားစရာကအစ မပူရဘူး ရေမီးအစုံနဲ့ လေထီးပါခုန်လို့ရတယ် သဘောပေါက်။ ပစ အုပ်စုတွေ မင်းတို့စစ်ခေါင်းရှောင်တွေမိုက်ရိုင်းသလို မရိုင်းကြနဲ့ မိုက်ရိုင်းတဲ့စစ်ခေါင်းရှောင်ဆိုတာကလည်း ပြည်သူ့မေတ္တာကို နဖူးတွေ့ဒူးနွေ့မခံယူဖူးတဲ့ကောင်သာဖြစ်တယ်။ နိုင်င့တော်အဆင့် တပ်မတော်အကြီးအကဲပိုင်းများမှ မိမိတို့ရဲ့စစ်ကြောင်းများအပေါ်ကို လိုအပ်သလို ပြုပြင်ဆောင်ရွက်လုပ်ဆောင်ဖို့လိုအပ်နေပါပြီဖြစ်ကြောင်း တင်ပြရပါတယ်ခင်ဗျာ။ ငါတို့ကတော့ ငါတို့ကရင်ပြည်နယ်မိဘပြည်သူတွေရဲ့ အေးချမ်းတဲ့ဘဝအခြေအနေကိုပဲမြင်စေချင်လိုတယ်။


ကရင်ပြည်နယ်မိဘပြည်သူများကိုယ်စား

#BGFHKPTM
👍49❤21😱2😁1
ဒီတချီနဲ့ဘဲ အရွေ့တခုဖြစ်ပါစေ
👍👍👍👍👍
.


☯️


စစ်နွံနစ်တော့မယ်

ထောင်ခြောက်ထဲကျတော့မယ်လို့ ရေးခဲ့တာ ....

ဟုတ်ပါသလား ❗


#NZL ☯
👍43❤15😁2
.အတော့်ကို သနားစရာဖြစ်ရပါပါဘဲ
😢😢😢😢😢



☯️


CIA ဟောင်း John Kiriakou  ဘာပြောသွားပါသလဲ ❗

" ကျွန်တော် စီအိုင်အေမှာ ရှိနေစဉ်အတွင်း အစ္စရေးခေါင်းဆောင်တိုင်းကလာပြီး အီရန်ကိုတိုက်ဖို့ချည်းပြောခဲ့ကြတယ်၊ ထရမ့်ကလွဲပြီး အမေရိကန်သမတတိုင်းကငြင်းဆိုခဲ့တယ်၊ နေတန်ယာဟုကတော့ ထရမ့်ကိုကြိုးဆွဲသွားနိုင်ခဲ့တယ် "

" အခု ကျွန်တော်တို့ မဆိုင်တဲ့စစ်ထဲရောက်နေပြီ "

..........

အစ္စရေးတွေက လူတော်တွေ

ထရမ့်ကိုဘယ်လိုချုပ်ကွက်လုပ်သွားတယ်ဆိုတာကို တနေ့ကတောင် တပည့်တွေကိုရှင်းပြဖြစ်သေးတယ်၊ တကယ့်ကို ရှောင်မရအောင် ... တလမ်းပဲဖွင့်ပြီး ထရမ့်ကို ကျုံးသွင်းသွားတာ၊

တကယ့် Grandmaster move ပဲ


#BaMg(NZL) ☯️


.
👍42❤12😁2
.


☯️


အီရန်စစ်ဟာ

အကိုင်အတွယ်မှားပြီး ခြေချော်ထွက်သွားရင်...

ခရူးဆိတ်စစ်ပွဲတွေဆီကို ခေါ်သွားနိုင်တယ်နော်... လို့ရေးတော့ တချို့က မဲ့ချင်ကြတယ်၊

တယောက်နဲ့တယောက် ရှုဒေါင့်မတူကြဘူး၊ ချိတ်ဆက်စဉ်းစားပုံမတူကြဘူး၊

မဖြစ်လာသေးတဲ့အနာဂါတ်ကို မှန်းဆတွက်ချက်ရတာ အခက်ဆုံးပဲ၊ ဘယ်သူက ရာခိုင်နှုံး ဘယ်လောက်မှန်ခဲ့သလဲက သက်သေပါ၊

အမေရိကန် စစ်ဝန်ကြီး ကိုဘယ်လိုမြင်ကြသလဲဆိုတာ စာဖတ်ကြည့်လိုက်ပါ၊

အီရန်ကို လူမျိုးစုခေါင်းဆောင်တွေဘာပြောသွားသလဲဆိုတာ (၂) ကြိမ်တင်ပေးခဲ့ပြီးပါပြီ၊

ဒါတွေတက်မလာခင်ကထဲက အစောကြီး ကြိုရေးပြထားခဲ့တာပါ၊



#BaMg(NZL) ☯️


.
👍40❤15😁3
အမေရိကန် A10 မြေပြင်ပစ်ကူ ဂျက်တိုက်လေယာဥ်တစ်စင်း ပင်လယ်ကွေ့ဒေသတွင် ထပ်မံပစ်ချခံရပြီး ၎င်း၏ပိုင်းလော့ကိုမူ ကယ်ဆယ်နိုင်ခဲ့ကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ရေးသား။

#R&U

.
👍39❤10😱6😁4