Naymin News Channel
10.9K subscribers
44.8K photos
5.06K videos
3 files
4.36K links
Naymin
Download Telegram
-
ထိုင်းနိုင်ငံ မဟာချိုင်တွင် အာစီနန်းတော် မြန်မာဘားဟု လူသိများသော HAPPY BAR KTV & Club ကို ဝင်ရောက်စစ်ဆေးရာက သေနတ်နှင့် မူးယစ်ဆေးဝါးများ ဖမ်းမိ

◾️ ဆိုင်အတွင်းက PDF လက်နက်ကိုင်ဟု ယူဆရသူများနှင့် မြန်မာ ၁၅၀ ကျော် တွေ့ရှိ စစ်ဆေးနေ

၂၉.၄.၂၀၂၅

ထိုင်းနိုင်ငံ မဟာချိုင်တွင် အာစီနန်းတော် မြန်မာဘားဟု လူသိများသော HAPPY BAR KTV & Club ကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စစ်ဆေးရာ သေနတ်၊ကျည်ဆံနှင့် မူးယစ်ဆေးဝါးများဖမ်းမိခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၈ ရက် ညနေပိုင်းက ထိုင်းရဲတပ်ဖွဲ့ပါ ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးရာမှ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း စမွတ်ဆာခွန်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသတွင်းသတင်းများက ရေးသားထားသည်။

ဝင်ရောက် စစ်ဆေးမှုပြုလုပ်ရာတွင် စမွတ်ဆာခွန်ခရိုင်အုပ်ချုပ်ရေးမှူးကဦးဆောင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော် အသုံးပြုကြောင်း၊ အဆိုပါ ဆိုင်အတွင်းမှ မြန်မာနိုင်ငံသား ၁၅၀ ကျော်.
https://www.mtnewstoday.com/?p=99274

#ထိုင်း #မဟာချိုင် #အာစီနန်းတော် #မြန်မာဘား #သေနတ် #မူးယစ်ဆေးဝါး #ဖမ်းမိ #happybarktv&club  #mtnews

▪️ထိုင်းဖက်ထွက်ပြေးတဲ့ ပဒပ်တွေနေမှာ
This media is not supported in your browser
VIEW IN TELEGRAM
-

▪️ချမ်းမြသာစည်မြို့နယ်က ရွှေဇာမဏီရွှေဆိုင်ကို လူငါးဦးက နေ့ခင်းကြောင်တောင် ဓားပြတိုက်ပြီး ရွှေ ၂၀ ကျပ်သားကျော်နှင့် ဖုန်းလုယက်

၂၈. ၄ . ၂၀၂၅
Written by Nay Moe

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်က ရွှေဇာမဏီရွှေဆိုင်ကို ဒီနေ့မွန်းလွဲ ၃ နာရီခန့်က နေ့ခင်းကြောင်တောင် ဓားပြတိုက် လုယက်မှုဖြစ်ပွားခဲ့တယ်လို့ ကနဦး သိရပါတယ်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၁၀၃ လမ်းနှင့် ၁၀၄ လမ်းကြား၊ ၅၅ လမ်းပေါ်ရှိ ရွှေဇာမဏီရွှေဆိုင်ကို ပြောက်ကျားဝတ် ၂ ဦး၊ အရပ်ဝတ် ၃ ဦး ဝတ်ဆင်ထားတဲ့ အမျိုးသား ၅ ဦးဟာ  Honda Insight အမဲရောင် ယာဥ်နဲ့ ရောက်ရှိလာပြီး သေနတ်အတို ၂ လက်ပြကာ ခြိမ်းခြောက်ဓားပြတိုက်တာဖြစ်ပြီး ဒီ လုယက်မှုမှာ ခင်းကျင်းပြသထားတဲ့ ရွှေဗန်း ၉ ခုထဲက ရွှေ  ၂၀ ကျပ်သားကျော်နဲ့ I phone 11 (အစိမ်းရောင်) ကို လုယက်သွားတာ CCTV မှတ်တမ်းမှာ တွေ့မြင်ရပြီး တရားခံဖော်ထုတ်ဖမ်းဆီးဖို့ ရဲတပ်ဖွဲ့က စစ်ဆေးအရေးယူနေတယ်လို့ သိရပါတယ်။

Website တွင် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=99222

#မန္တလေး #ချမ်းမြသာစည် #ရွှေဇာမဏီ #ဓားပြတိုက် #ရွှေဆိုင် #MT #mtnews
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (🇲🇲)
April-29

▪️ရွှေဘိုက ငါးမည်ရ PDF အဖွဲ့က မိတ္ထီလာက PDF ဒရုန်းတပ်အဖွဲ့ဝင် ၃ ဦးကို ငွေလိမ်မှုနဲ့ဖမ်းရာမှ မိသားစုဝင်အမျိုးသမီး ၂ ဦးပါ ဖမ်းသွားလို့ အမျိုးသမီး ၂ ဦးကို ပြန်လွှတ်ဖို့ တောင်းဆို

၂၉. ၄. ၂၀၂၅
Written by Nay Moe

ရွှေဘိုက ငါးမည်ရ PDF အဖွဲ့က မိတ္ထီလာက PDF ဒရုန်းတပ်အဖွဲ့ဝင် ၃ ဦးကို ငွေလိမ်မှုနဲ့ဖမ်းဆီးရာမှာ မိသားစုဝင်အမျိုးသမီး ၂ ဦးကိုပါ ဖမ်းဆီးသွားလို့ အမျိုးသမီး ၂ ဦးကို ချက်ချင်း ပြန်လွှတ်ဖို့ Shield အမျိုးသမီးအဖွဲ့က တောင်းဆိုထားပါတယ်။

ရွှေဘိုမြို့နယ်၊ တိုက်နယ် (၅)၊ တက်တူကျေးရွာမှာ တည်ရှိတဲ့ “ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့” ဟာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၉ ရက် ည ၉ နာရီခန့်က မိတ္တီလာခရိုင်၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ရင်းမှာ ကိုယ်ပိုင်အမှတ်နဲ့ တာဝန်ထမ်းဆောင်နေကြတဲ့ PDF (၃) ဦးနဲ့ သူတို့ရဲ့ မိသားစုဝင် အမျိုးသမီး (၂) ဦးကို တက်တူကျေးရွာနေအိမ်မှ “ငွေကြေးလိမ်လည်မှု”နဲ့ စွပ်စွဲကာ ခိုင်လုံသက်သေအထောက်အထား ပြသခြင်းမရှိ၊ NUG ရဲ့ ဖမ်းဆီးခွင့်အမိန့်စာ (ဖမ်း၀ရမ်း) မပါဘဲ...

https://www.mtnewstoday.com/?p=99270

#ရွှေဘို #PDFအဖွဲ့ #ဒရုန်းတပ်ဖွဲ့ဝင်သုံးဦးကိုဖမ်းဆီး #ငွေလိမ်မှူ  #NUG #PDF #MT #mtnews
ဗန်းမော်တိုက်ပွဲ သတင်းများ (28-4-2025)

ဧပြီ ၂၈ ရက် တစ်နေ့လုံးတွင် ဗန်းမော်မြို့ရှိ တပ်ဌာနချုပ်များအား အကြမ်းဖက် KIA အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့၍ တန်ပြန်ပစ်ခတ်ခဲ့ရ။ ဖြစ်စဉ်တွင် စစ်သည် ၂ ဦး၊ မှီခို ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
-
ဗန်းမော်မြို့ မင်းလှရပ်ကွက်တွင် လုံခြုံရေးတပ်များနှင့် အကြမ်းဖက် KIA/PDF အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦးကျဆုံး၊ ၂ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ KIA/PDF အလောင်း ၁၀ လောင်း၊ လက်နက်မျိုးစုံ ၉ လက် တို့အား သိမ်းပိုက်ရရှိခဲ့သည်။
-
ဗန်းမော်မြို့ မင်းကုန်းရပ်ကွက်တွင် နယ်မြေရှင်းလင်းနေသည့် လုံခြုံရေးတပ်များနှင့် အကြမ်းဖက် KIA/PDF အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက်မှ ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ KIA.PDF အလောင်း ၆ လောင်း၊ လက်နက်မျိုးစုံ ၈ လက် တို့အား သိမ်းဆည်းရရှိခဲ့သည်။
-
အလားတူ မင်းကျောင်းကုန်းရပ်ကွက်တွင်လည်း နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် KIA/PDF အဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ KIA/PDF အလောင်း ၇ လောင်း၊ လက်နက်မျိုးစုံ ၅ လက် တို့အား သိမ်းပိုက်ရရှိခဲ့ပါသည်။
-
ဖော်ပြပါ 28-5-2025 ရက်နေ့ ဖြစ်စဉ်များအတွင်း စုစုပေါင်း ရန်သူ့အလောင်း ၂၃ လောင်း၊ လက်နက်မျိုးစုံ ၂၂ လက် ရရှိခဲ့ပါသည်။ လိုင်းအခက်အခဲကြောင့် ပုံများရရှိပါက ထပ်မံဖော်ပြပေးပါမည်
-
ဗန်းမော် = KIA သင်္ချိုင်း 👌
-
တိုက်ပွဲသတင်းစုံ
Media is too big
VIEW IN TELEGRAM
-
▪️နောင်ချိုမြို့နယ်၊ ကျောက်မဲလေးစခန်းကို ၂၀၂၅  ဧပြီ ၂၈ ရက်နံနင်ပိုင်းက လာရောက် နှောင့်ယှက်ပစ်ခတ်ပြီး ထွက်ပြေးဝင်ရောက်သွားတဲ့ ရန်သူစခန်း(သစ်တစ်ပင်ကုန်း)အား Drone ဖြင့် တိုက်ခိုက်ချေမှုန်း။
-
တိုက်ပွဲသတင်းစုံ
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (🇲🇲)
This media is not supported in your browser
VIEW IN TELEGRAM
April-29

▪️မိုးဗြဲ ကားယားပဒပ်တွေ အခြေအနေ။
-
▪️မန္တလေးမှာ အငြိမ်းစားပါ‌မောက္ခ ဆရာမကြီးတစ်ဦး အိမ်ခြံမြေ ဝယ်ရောင်းလုပ်ရင်း သတ်ဖြတ်လုယက်ခံရ

၂၉. ၄ .၂၀၂၅
Written by Hey Mar

အငြိမ်းစားပါမောက္ခ အမျိုးသမီးကြီးကို အသိမိတ်ဆွေအိမ်ခြံမြေပွဲစားက အိမ်လိုက်ကြည့်ဖို့ ခေါ်‌ဆောင်ကာ လုယက် သတ်ဖြတ်လိုက်တဲ့ဖြစ်စဉ် မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူက မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နေ၊ အိမ်ခြံမြေ ရောင်းဝယ်သူ အငြိမ်းစား ပါမောက္ခ ဒေါက်တာထွေးထွေး ဆိုသူဖြစ်ပြီး အသက် ၆၆နှစ်အရွယ် တစ်ကိုယ်တည်းနေထိုင်ကာ အိမ်ခြံမြေအလုပ်ကို လုပ်ကိုင်နေသူလို့ သိရပါတယ်။ ၂၅ ရက်နေ့ နေ့လယ်ပိုင်းအထိ မိသားစုနဲ့ အဆက်အသွယ်ရရှိပေမယ့် အဲဒီနောက်ပိုင်း အဆက်အသွယ်ပြတ်နေရာက ဧပြီ ၂၇ ရက်နေ့မှာမှ သတ်ဖြတ်ခံထားရမှန်းသိရှိကြတာလို့လည်း သိရပါတယ်။

သေဆုံးသူရဲ့ တူမ တစ်ဦးဖြစ်သူက သူ့ရဲ့ လူမှုကွန်ရက်မှာ “အလှတအားကြိုက်တဲ့ အဒေါ်အပျိုကြီး။ ရွှေတအားစုတဲ့ အဒေါ်အပျိုကြီး တယောက်တည်းကို အိမ်တွေအများကြီး။ မနေဘဲ ​ဘာလို့ဝယ်ထားရတာလဲ...

https://www.mtnewstoday.com/?p=99247

#အငြိမ်းစားပါမောက္ခ #ဆရာမကြီး #သတ်ဖြတ်လုယက်ခံရ #မန္တလေး #အိမ်ခြံမြေ #ပွဲစား #MT #mtnews