Naymin News Channel
10.9K subscribers
44.6K photos
5.04K videos
3 files
4.32K links
Naymin
Download Telegram
April-23

▪️ဘီးလင်းနယ်သတင်းပါ
=================

မွန်ပြည်နယ် ၊ ကျိုက်ထိုခရိုင် ၊ ဘီးလင်းမြို့နယ် ၊ ဇုတ်သုတ်ကျေးရွာအုပ်စု ၊ ဇုတ်သုတ်ရွာလေး မုခ်ဦးအဝတွင် ဦးမြင့်စိုး အသက် ( ၅၃) နှစ် ဗမာ/ဗုဒ္ဓအား( ၂၃ ၊ ၄ ၊ ၂၀၂၅) ရက်နေ့ နံနက် ( ၉: ၂၀) အချိန်က PDF အကြမ်းဖက်သမားများမှာလက်နက်ငယ်များဖြင့်လာရောက်ပစ်ခတ်သွားကြောင်းသိရသည်။ဇုတ်သုတ်ကျေးရွာအုပ်စုသည် PDF အကြမ်းဖက်သမား စိုးထိုက်သူ နှင့် ဖိုးဇော်လတ်တို့မှာ ဝင်ထွက်သွားလာ ကြပြီး လူသတ်မှုများအားအကြာခဏလုပ်ကြံ့သတ်ဖျတ်နေကြပြီး ဇုတ်သုတ်ကျေးရွာအတွင်းရှိ လယ်မြေများ အားခြံကွက်ရိုက်ရောင်းကြပြီး PDF ရန်ပုံငွေအတွက်ပေးနေကြရပြီး ချဲ့လောင်းကစားမှုများနှင့် တရားမဝင်လုပ်ငန်းများလုပ်ဆောင်ကြပြီး PDF အကြမ်းဖက်သမားများထံသို့ရောက်ရှိနေကြောင်းသိရသည်။ယနေ့နံနက် ဦးမြင့်စိုးအားလာရောက်လုပ်ကြံသတ်ဖျတ်သောPDF အကြမ်းဖက်သမားများသည် ဦးမြင့်စိုးအား ပစ်ခတ်ပြီးချိန်အထိ ဘယ်မှာမသွားပဲ ရှိနေပြီ အေးအေးဆေးဆေးနေပြီးမှာထွက်ခွာသွားကြောင်းသိရသည်။ ဇုတ်သုတ်ကျေးရွာသည် PDFများစိုးမိုးနေထိုင်နေကြပြီး ယခုအချိန်အထိ နယ်မြေရှင်းလင်းရေးမလုပ်ဆောင်သေးကြောင်းသတင်းပေးပို့လာပါတယ်။


▪️အမဲလိုက်မုဆိုးကြီး
-
▪️လားရှိူးမြို့

လုံခြုံရေးနဲ့ ပြန်လည်ထူထောင်ရေး အားနည်းနေချိန်မှာ အသွားအလာဂရုစိုက်ကြပါ။ လူပြတ်တဲ့နေရာတွေ လုယက်မှု ဖြစ်လေ့ဖြစ်ထ ရှိတတ်တဲ့နေရာတွေကို သတိထားကြပါ။ အဲ့လိုနေရာတွေမှာ မကြာခဏ ဒုစရိုက်မှုတွေ ဖြစ်နေပါတယ်။
လူနေရပ်ကွက်တွေထဲမှာလည်း စစ်အတွင်းက မပေါက်ကွဲသေးတဲ့ မြေမြှုပ်မိုင်း လက်ပစ်ဗုံးနဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ ယနေ့ထိ ကျန်ရှိနေပါသေးတယ်။ မိဘများအနေနဲ့ ကလေးတွေ ကောက်ယူဆော့ကစားခြင်း မဖြစ်အောင်လဲ အထူးဂရုစိုက်ကြပါ။

တနေ့က ရပ်ကွက်(၉) နယ်မြေ(၁) ခေးနင်း ကျွန်းတောလမ်း နတ်စင်ဘက်မှာ ကလေး(၂)ဦးက ဘယ်ကတွေ့တဲ့ မီးကျည်တွေလဲမသိဘူး။ ကောက်ယူလာပြီး ဆော့ကစားနေကြတာ။ မီးကျည်တွေ ကွဲပြီး မီးရှူးမီးပန်းလို မီးတွေဖြာထွက်လာလို့ အနီးအနားက လူတွေ အထိတ်တလန့်ဖြစ်ကုန်ကြသေးတယ်။ လယ်ကွက်တွေနဲ့ အိမ်ခြေနည်းလို့ မီးမလောင်တာ ကံကောင်းသွားတာပေါ့။ ကလေးတွေကို ဂရုစိုက်ကြပါ။
ဘေးကင်းကြပါစေ။

▪️ရှမ်းပြည်နယ်သတင်းစုံ
-
▪️MAX ဘိလပ်မြေ တစ်အိပ် ၂၀၀၀၀ နှုံးဖြင့် နေပြည်တော် MAX ရုံး ( စည်ပင်ရိပ်သာရှေ့) တွင် ငလျင်ကြောင့် အမှန်တကယ်အိမ်ပြုပြင်လိုသူများအား ရောင်းချပေးလျှက်ရှိပြီး အသေးစိပ်သိလိုက MAX ရုံး ၀၉၉၆၉၉၂၇၉၁၇ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းရရှိပါသည် ။

▪️KS
-
▪️ပဲခူးတိုင်းဒေသကြီး၊ တပ်နယ်များအလိုက် အသစ်ဖွဲ့စည်းထားရှိသည့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင် အပ်နှင်း



နေပြည်တော် ဧပြီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ တပ်နယ်များအလိုက် အသစ်ဖွဲ့စည်းထားရှိသည့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်းခြင်းကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Read More » https://www.cincds.gov.mm/node/28904
Forwarded from DGF21News (Mr Thor Matt)
Forwarded from DGF21News (Mr Thor Matt)
23.4.2025
နေပြည်တော် PDF (၈၀၁)တပ်ရင်း
ရဲဘော်အများအပြား နှုတ်ထွက်စာတင်
*****
၂၀၂၅ ၊ ဧပြီ၊ ၂၃ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ နေပြည်တော် PDF (၈၀၁)တပ်ရင်း ရဲဘော် အများအပြား နှုတ်ထွက်စာတင်ထားကြောင်း ရဲဘော်များက ပြောကြားသည်။

နေပြည်တော် PDF တပ်ရင်း (၈၀၁) ကရင်နီစစ်ဒေသရှိ တပ်ခွဲမှူး၊ စခန်းမှူး အပါအဝင် ရဲဘော် (၆၄)ဦးသည် ဧပြီလ (၁၀)ရက်နေ့တွင် အထက်အရာရှိများထံ နှုတ်ထွက်စာတင်ထားကြောင်း တပ်ခွဲမှူး တစ်ဦးက ပြောသည်။

" အဓိက က ရဲဘော်တွေ နှုတ်ထွက်ရတဲ့ရည်ရွယ်ချက်ကတော့ တပ်ရင်းမှူးနဲ့ တပ်ရေးဗိုလ်ကြီး ကို ဆင့်ခေါ်စာလဲ မလာ ဘာမှ မလာပဲနဲ့ ခိုင်မာတဲ့အကြောင်းပြချက်လဲ မရှိ။ လုပ်ကြံဇာတ်လမ်းနဲ့ ကြက်ကလေး ငှက်ကလေးဖမ်းသလို ဖမ်းသွားတယ်။ ဒီဟာကိုကြည့်ခြင်းအားဖြင့် တပ်ရင်းမှူးတစ်ယောက်တောင် ဒီလိုလုပ်တယ်။ ငါလူကြီးပါ ငါလုပ်တိုင်းရတယ်ဆိုပြီး လုပ်နေရင် ကျန်တဲ့ရဲဘော်တွေမှာ မလုံခြုံနိုင်တော့တဲ့ အတွက်ကို နှုတ်ထွက်ကြတာပါ " ဟု (၈၀၁)တပ်ရင်း တပ်ခွဲမှူးတစ်ဦးက ပြောကြားသည်။

နေပြည်တော် PDF (၈၀၁)တပ်ရင်းမှူး ရဲဘော်ကီနှင့် တပ်ရေးဗိုလ်ကြီးကို စစ်ဦးစီးအဖွဲ့က အထက်အရာရှိကို မထီမဲ့မြင်ပြုမှု၊ လက်နက်ကိုင် ချိန်းခြောက်မှု စွဲချက်များဖြင့် ဖမ်းဆီးပြီးနောက် ရဲဘော်များ ယခုလို နှုတ်ထွက်ရခြင်းဖြစ်သည်။

" တပ်ရင်းမှူးကို တခြား ကိစ္စတွေ အပြစ်ရှိရင် အရေးယူလို့ရတယ်။ ဒီလို ဖမ်းခေါ်သွားတဲ့ ကိစ္စမှာ ကျနော်တို့က အသိဆုံး သူတို့ ပြောသလို သေနတ်လဲ မောင်းမတင်ဘူး။ လက်နက်ကိုင်ပြီးလဲ မချိန်းခြောက်ဘူး။ ဒါက သက်သက် စွပ်စွဲချက်ပဲ ဖြစ်တယ် " ဟု ၄င်းက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ နေပြည်တော် PDF စစ်ဦးစီးချုပ် ဗိုလ်လကျာ်ကို ကရင်နီလူထုအသံအနေဖြင့် ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အခြား (၈၀၁) တပ်ရင်း ရဲဘော်တစ်ဦးကလည်း " ကျနော်က ရှင်းရှင်းလေးပါ။သူတို့ကအပြစ်မရှိတဲ့သူတစ်ယောက်(တပ်ရင်းမှူး)ကိုဖမ်းတယ်။အဲ့အတွက်ကြောင့်မလို့ ဆက်ပြီးတော့ တာဝန်မထမ်းဆောင်ချင်လို့ " ဟု ဆိုသည်။

အဆိုပါ ပြဿနာ အစမှာ မတ်လ ၂၉ရက်နေ့တွင် စစ်ထောက်ချုပ်ဖွင့်လှစ်ထားသော ဟော့ပေါ့စားသောက်ဆိုင်တွင် စစ်ဦးစီးအဖွဲ့ဝင် တစ်ဦးနှင့် စစ်ဦးစီးချုပ်လုံခြုံရေးအဖွဲ့ဝင် ရဲဘော်သီဟတို့ ထိုးကြိတ်ရန်ဖြစ်ခဲ့ပြီးနောက် ရဲဘော်သီဟက ၈၀၁ တပ်ရင်းမှူးကို လာရောက်ခေါ်ဆိုရာ ရဲဘော်များဖြင့် သွားရောက်ချိန်တွင် စစ်ဦးစီးချုပ်နှင့် စကားများ ရန်ဖြစ်ခဲ့ကြောင်း ၈၀၁ ရဲဘော်များက ရှင်းပြသည်။

ထို့နောက် ဧပြီလ (၃)ရက်နေ့ နံနက် (၁၀)နာရီခန့်တွင် နေပြည်တော် PDF (၈၀၁)တပ်ရင်းမှူး ရဲဘော်ကီနှင့် တပ်ရေးဗိုလ် မိုးလင်းကို စစ်ဦးစီးအဖွဲ့နှင့် ရဲဘော် အင်အား (၁၀၀)ခန့်သည် MOD ညွှန်ကြားချက်ဖြင့် လက်ထိပ်ခတ်၍ ဖမ်းဆီးခေါ်ဆောင်သွားပြီး စခန်းရှိ လက်နက်ခဲယမ်းအပါအဝင် အိုးခွက်ပန်းကန်များပါ သိမ်းဆည်းသွားကြောင်း ရဲဘော်များက တူညီစွာ ပြောဆိုကြသည်။

လက်ရှိအချိန်တွင် (၈၀၁)တပ်ရင်းမှူးကို နေပြည်တော် PDF တပ်ရင်းတစ်ခုတွင် အကျယ်ချုပ်ချထားပြီး ကျန်ရှိနေသေးသည့် တာဝန်များကို ဒုတပ်ရင်းမှူးထံ ယာယီလွှဲအပ်တာဝန်ပေးထားကြောင်း ဗိုလ်လကျာ်က ယခင် အင်တာဗျူးတွင် ပြောကြားထားသည်။

#Crd
Forwarded from Ye Yint Htet (#yyh) (Ye Yint)
သက်ဆိုင်ရာ တာဝန်ရှိလူကြီးမင်းများ သိရှိစေရန်...

#yyh
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (🇲🇲)
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (🇲🇲)
Naymin News Channel
Photo
April-23

▪️လဝါးကျေးရွာအနီး ပြည်သူ့စစ်တပ်ဖွဲ့နှင့် KIA၊PDF ပူးပေါင်းအဖွဲ့ကြား စစ်ရေးတင်းမားနေ၍ ဒေသခံပြည်သူများ လယ်ယာစိုက်ပျိုးနိုင်ခြင်းမရှိသေး

EPN
တနိုင်း၊ ဧပြီ - ၂၃ (၂၀၂၅)

တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ လဝါးကျေးရွာအုပ်စုအတွင်း၌ ပြီးခဲ့သည့်လအတွင်းကစပြီး ပြည်သူ့စစ်တပ်ဖွဲ့နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေ၍ ဒေသခံပြည်သူများမှာ ယနေ့အချိန်ထိ လယ်ယာစိုက်ပျိုးခြင်း၊ တောင်ယာလုပ်ငန်းခွင်သို့ သွားလာခွင့်မရှိခြင်းတို့ကြောင့် ဝမ်းရေးအတွက် အခက်အခဲရှိနေကြောင်း ဒွန်ဘုန်းခ ကျေးရွာနေ ပြည်သူတစ်ဦးက ဆိုသည်။

တနိုင်းမြို့နယ်၊ ဝါရာဇွတ်ပြည်သူ့စစ်တပ်ဖွဲ့နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား မတ်လ ဒုတိယ အပတ်ကစ၍ တိုက်ပွဲဖြစ်ပွားခဲ့၍ ကျေးရွာ လေးရွာအတွင်းက ဒေသခံပြည်သူများမှာ ယနေ့အချိန်ထိ လယ်ယာစိုက်ခွင့်၊ တောင်ယာသို့ သွားလာခွင့်မရရှိ၍ စားသောက်ရေးအခက်အခဲရှိလာကြောင်း ဒွန်ဘန်ကျေးရွာပြည်သူတစ်ဦးက EPN သတင်းဌာနသို့ ဆက်သွယ်ပြောသည်။

" တိုက်ပွဲတွေကြောင့် တစ်လကျော်နေပြီ ဘာမှ လုပ်ကိုင်မရဘူး။ လက်နက်ကိုင် နှစ်ဖက်စလုံးက အခုအချိန်ထိ စစ်ရေးတင်းမာနေတယ်။
လယ်ယာလည်း မလုပ်ရဘူး။ တောင်ယာကိုလည်း မသွားရဘူး။ အခုဆို ဝမ်းရေးအတွက် ခက်ခဲလာပြီ။ ကလေးတွေလည်း နွေရာသီ ကျောင်းပိတ်ရက် ဘယ်မှ သွားလာလို့မရဘူး " ဟု ၎င်းကရှင်းပြသည်။

တနိုင်းမြို့နယ်၊ လဝါးကျေးရွာအုပ်စုအတွင်း ဝါရာဇွတ် ပြည်သူ့စစ်တပ်ဖွဲ့နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့၍ လဝါး ကျေးရွာအတွင်းက ဒေသခံပြည်သူများ၏ နေအိမ်တစ်ရာနီးပါး မီးလောင်ပျက်စီးခဲ့ပြီး၊ ကျေးရွာနေပြည်သူများမှာ ဘေးလွတ်ရာ ထွက်‌ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

▪️ပြည်သူ့စစ်တပ်ဖွဲ့နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား ယနေ့အချိန်ထိ စစ်ရေးတင်းမာနေ၍ လဝါးကျေးရွာအုပ်စုအတွင်းက ဒွန်ဘုန်းခ၊ ဖဝါလဂေါင်၊ ဆင်ဘွမ်း၊ ဒွန်ဘန်စသည့် ကျေးရွာလေးရွာမှ ဒေသခံပြည်သူများ ယနေ့အထိ လယ်ယာစိုက်ပျိုးနိင်ခြင်းမရရှိ၍ စားသောက်ရေးအတွက် ခက်ခဲလျက်ရှိနေကြောင်း သိရသည်။

▪️ရန်ကျော်