Animation World
129K subscribers
289 photos
151 videos
440 links
ကြော်ငြာထည့်သွင်းလိုပါက Admin Acc @SGPH_Myanmar
Download Telegram
Magic Arch 3D (2020)
 
အားလုံးပဲ “Toy Story” ကာတွန်းကားလေးကိုသိကြတယ်ဟုတ် အခုဒီတစ်ခါကားလေးကိုလည်း Toy Story ဇာတ်ကားလေးကို
Co-Writer အနေနဲ့ရေးခဲ့တဲ့ ဇာတ်ညွှန်းဆရာ Vasiliy Rovenskiy ကရေးခဲ့တာပဲဖြစ်ပါတယ်။
ရေနေသတ္တဝါတွေစုပေါင်းပြီးနေထိုင်တဲ့ ရေအောက်မြို့လေးတစ်မြို့မှာ အခြားငါးတွေလိုကိုယ်ခံပညာတွေလေ့ကျင့်ရတာထက်
ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာရတာကြိုက်တဲ့ ဒယ်လ်ဖီ ဆိုတဲ့လင်းပိုင်လေးတစ်ကောင်ရှိပါတယ်။ တစ်နေ့မှာ ဒယ်လ်ဖီနဲ့သူငယ်ချင်း
ဖြစ်သူငါးလေးဟာ ရေအောက်ထဲထိမြုပ်နေတဲ့ခံတပ်ဟောင်းကြီးတစ်ခုဆီဝင်သွားမိဖို့အကြောင်းဖန်လာပါတယ်။ ခံတပ်ကြီးထဲမှာ
သတ္တဝါတစ်ကောင်ရဲ့နာမည်ကိုပြောလိုက်ရုံနဲ့ ထိုသတ္တဝါပုံပြောင်းသွားစေမယ့် မှော်ဝင်မုခ်ဝတစ်ခုကိုတွေ့ခဲ့ပါတယ်။ ဒါပေမယ့်
အနီးအနားမှာလည်း ငါးမြို့တော်ကိုသိမ်းချင်တဲ့ငါးရှဉ့်တွေကအဲဒါကိုမြင်သွားကြပါတယ်။ တာဝန်သိတဲ့ဒယ်လ်ဖီဟာ မြို့တော်ဝန်ကို
မှော်မုခ်ဝအကြောင်းပြောဖို့ပြန်လာခဲ့ပေမယ့် မြို့အဝင်ဝကအစောင့်တွေဟာ စကားဝှက်မပြောနိုင်တဲ့ဒယ်လ်ဖီ့ကိုဝင်ခွင့်မပေးလို့
မုခ်ဝကြီးရှိတဲ့ဆီကိုပြန်သွားတဲ့အခါမှာ . . .သူတွေ့လိုက်ရတဲ့မြင်ကွင်းကတော့……
ဒီကားလေးက ကြည့်လေကြည့်လေဇာတ်ရှိန်တက်လေလေပါပဲ အစပိုင်းမှာအနည်းငယ်ဇာတ်အေးသလိုရှိပေမယ့် ဇာတ်လမ်းအလယ်နဲ့
နောက်ဆုံးမှာတော့ ရှေ့ကိုဘာဆက်ဖြစ်မယ်မသိပဲစိတ်ဝင်တစားကြည့်ရမှာဖြစ်ပြီး လျှို့ဝှက်ချက်လေးတွေလည်းပါဝင်လို့
အပျင်းပြေစေမယ့် ဇာတ်ကားလေးဖြစ်တဲ့အပြင် ကလေးငယ်လေးတွေလည်း အကြိုက်ဖြစ်စေမယ့် Animation Movies လေး
မို့တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်ကားလင့်
https://t.me/c/3720230171/52

Channel Join ရန်လင့်
https://t.me/+ZnuG4sa5qNYwMzNl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
Secret Magic Control Agency(2021)

Animation ဇာတ်လမ်း​တွေကိုမှနှစ်သက်သူတို့အတွက် Secret Magic Control Agency ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဂရင်းညီနောင် ပုံပြင်များထဲက ဟန်ဆယ်နဲ့ ဂရေတယ်ကို မသိတဲ့သူတော့ မရှိသလောက်ပါပဲ။
ဒါကတော့ သူတို့ရဲ့ နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်ပေါ့။
ဇာတ်လမ်းအစမှာ​တော့ တိုင်းပြည်တစ်ခုရဲ့ ဘုရင်ကြီးက အသက်ဝင်​နေတဲ့ အစားအသောက်တွေပြန်​ပေးဆွဲတာ ခံလိုက်ရပါတယ်
အကယ်၍ ဘုရင်ပြန်​ပေးဆွဲခံလိုက်ရတာသာ သတင်းပေါက်ကြားသွားရင် တစ်တိုင်းပြည်လုံး က​မောက်ကမ ဖြစ်ကုန်မှာပါ
ဒါ​ကြောင့် ဒီကိစ္စကို ​ဖြေရှင်းဖို့ SMCA ကို တာဝန်​ပေးလိုက်ပါ​တော့တယ်
​အထူး​အေးဂျင့် ဂ​ရေတယ်နဲ့ သူ့အစ်ကို လူလိမ် ဟန်ဆယ်တို့က ဒီဇာတ်လမ်းထဲမှာတော့ မတည့်ကြတဲ့ မောင်နှမတွေအဖြစ်တွေ့ရပါတယ်။
SMCA ရဲ့ ​ခေါင်း​ဆောင်က ပြန်​ပေးသမားကို ဖမ်းဖို့ လူလိမ်အကြီးစားကို သုံးရမယ်လို့ ဆုံးဖြတ်လိုက်ပြီး သူတို့နှစ်​ယောက်ကို တာဝန်​ပေးလိုက်ပါ​တော့တယ်
စုံစမ်း​နေရင်း ဟန်ဆယ်ရဲ့ အမှား​ကြောင့် သူတို့နှစ်​ယောက်လုံး က​လေး​ပေါက်စ​လေး​တွေ ပြန်ဖြစ်သွားကြပါတယ်
က​လေး​လေး​တွေ အဖြစ်နဲ့ ပဲ ပြန်​ပေးသမားကို လိုက်ရှာရင်း အလွဲ​လေး​တွေနဲ့ စွန့်စားခန်း ဖွင့်ကြပါ​တော့တယ်
သူတို့​တွေ ဘုရင်ကြီးကို ရှာ​တွေ့ပါ့မလား ဘယ်လိုအခက်အခဲ​တွေနဲ့ရင်ဆိုင်ရမလဲ
သူတို့နှစ်​ယောက်က ပြန်​ရော တည့်သွားကြမှာလားဆ်ုတာကို စွန့်စားခန်း ဆန်ဆန် ကြည့်ရှုကြရမှာပါ
ဇာတ်လမ်း​လေးထဲမှာ မိသားစုက ဘယ်​လောက်ထိ အ​ရေးကြီးတဲ့ အ​ကြောင်းကိုလည်း သိကြရမှာပါ

ဇာတ်ကားလင့်
https://t.me/c/3720230171/34

Channel Join ရန်လင့်
https://t.me/+ZnuG4sa5qNYwMzNl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
1
Arendelle နိုင်ငံက မင်းသမီးငယ်လေး Anna ဟာ သူ့အစ်မ Elsa ကို ညဘက်ကစားဖို့ သွားနှိုးပါတယ်။
ဒါပေမယ့် မင်းသမီး Elsa မှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခု ရှိနေပါတယ်။
နှင်းတွေ၊ ရေခဲတွေကို လိုသလိုဖန်တီးနိုင်တဲ့
Elsa ဟာ သူ့ညီမလေးကို မတော်တဆ ရိုက်မိသွားပါတယ်။
Elsa မှာ ရှိနေတဲ့ စွမ်းအားတွေအကြောင်း
ဘယ်သူမှမသိအောင် မိဘတွေက ဖုံးကွယ်ထားပြီး
Elsa ရဲ့ စွမ်းအားတွေအကြောင်း Anna ရဲ့ မှတ်ဉာဏ်ထဲက ပျောက်သွားအောင်
Troll ခေါင်းဆောင်ကြီး Grand Pabbie ထံ သွားပြီး
အကူအညီတောင်းရပါတယ်။
အကယ်၍ Elsa သာ Anna ရဲ့
နှလုံးသားနေရာကို ရိုက်မိသွားရင် နှလုံးခဲပြီး သေသွားနိုင်တယ်လို့
Grand Pabbie က သတိပေးလိုက်ပါတယ်။
အဲဒီအဖြစ်အပျက်ကြောင့် သူတို့ရဲ့ မိဘတွေဟာ Elsa နဲ့ Anna ကို သပ်သပ်ဆီခွဲထားလိုက်ပါတယ်။
ကံကြမ္မာဆိုးတွေဆိုတာ ဒီလိုနဲ့ ရပ်မနေပါဘူး။
သူတို့လေးတွေ အရွယ်မရောက်ခင်မှာပဲ
သူတို့ရဲ့ မိဘတွေဟာ ပင်လယ်ထဲမှာ မုန်တိုင်းမိပြီး ဆုံးပါးသွားကြပါတယ်။
သူတို့မိဘတွေ ဆုံးပါးသွားပြီးတဲ့နောက် ၃နှစ်အကြာမှာ အရွယ်ရောက်လာပြီ
ဖြစ်တဲ့ Elsa ကို Arendelle နိုင်ငံရဲ့ ဘုရင်မအဖြစ် ဘိသက်သွန်းဖို့ စီစဉ်ကြပါတယ်။
ပွဲတော်မှာ Elsa တစ်ယောက် စွမ်းအားတွေထုတ်ဖော်မိပြီး
သူ့ရဲ့ စွမ်းအားတွေကြောင့် Arendelle ဟာ တစ်နှစ်ပတ်လုံး
နှင်းတွေနဲ့ ဖုံးအုပ်နေတဲ့ ထာဝရဆောင်းရာသီကို ကြုံတွေ့ရပါတော့တယ်။
သူကိုယ်တိုင်လည်း မြောက်ဖက်က တောင်တန်းတွေပေါ်ကို ထွက်ပြေးသွားပြီး
ရေခန်းနန်းတော်တစ်ခု ဖန်တီးနေထိုင်ပါတယ်။
သူ့ရဲ့ အစေအပါးတွေအဖြစ် နှင်းရုပ်တစ်ရုပ်ကို ဖန်တီးထားလိုက်ပါတယ်။
Anna ကတော့ သူ့အစ်မဖြစ်သူကို ပြန်လည်ခေါ်ယူဖို့ မြောက်ပိုင်းဒေသကို လိုက်လာပါတယ်။
လမ်းမှာ ရေခဲရောင်းတဲ့ Kristoff နဲ့
သူ့ရဲ့ သမင်ကြီး Sven တို့ရဲ့ အကူအညီနဲ့
ဝံပုလွေအုပ်လက်က လွတ်အောင် ထွက်ပြေးခဲ့ရပါတယ်။
Anna ဟာ Elsa ဖန်တီးထားတဲ့ နှင်းရုပ်ကြီး Olaf နဲ့ တွေ့ပြီး
Elsa ရဲ့ နန်းတော်ကို လိုက်သွားပါတယ်။
Annaကရော သူ့အစ်မကို ပြန်ရှာတွေ့နိူင်ပမှာလား၊
သူ့အစ်မကရော တိုင်းပြည်ကို ပြန်လိုက်ပမှာလား၊
Aredelle နိူင်ငံကရော တစ်နှင်းပတ်လုံး နှင်းတွေ လွမ်းမိုးနေတဲ့
ကျိန်စာက လွတ်နိူင်ပါ့မှာလား၊
Annaအတွက် ချစ်သူအစစ်ကရော ဘယ်သူဖြစ်နေမှာလဲဆိုတာတွေကို
စိတ်ဝင်စားစွာ ကြည့်ရမဲ့ နာမည်ကျော်ကာတွန်းကားဖြစ်ပါတယ်

Frozen (2013)

ဇာတ်ကားလင့်
https://t.me/c/3441064926/37

Channel Join ရန်လင့်
https://t.me/+ElcCnRoBUqswYzZl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
2
ဒီကားလေးက အပင်လေးတွေကိုချစ်တတ်တဲ့သူတွေ
အထူးကြည့်သင့်တဲ့ကားကောင်းလေးပါ
ဆုကြီးလေးဆုနဲ့အခြားဆုပေါင်းများစွာရရှိထားပြီး
အတွေးသစ်အမြင်သစ်အချို့ကိုပေးစွမ်းနိုင်ပါလိမ့်မယ်

အသက်၁၂နှစ်ပဲရှိတဲ့ တက်ဒ်လေးက တနီးဗေးလ်ဆိုတဲ့ မြို့မှာနေပါတယ်
မြို့ဟာသဘာဝတရားလုံးဝပျောက်နေပြီး
 လေကအစသစ်ပင်အဆုံး man-madeတွေဖြစ်နေပါပြီ

အသက်ရှင်ဖို့မဖြစ်မနေလိုအပ်တဲ့လေကိုတော့
အရင်းရှင်ငပုကောင်အိုဟဲကနေကြိုးကိုင်ထားပြီး
ဈေးကိုသူလိုသလိုကစားကာတစ်မြို့လုံးကိုဂုတ်သွေးစုပ်နေပါတော့တယ်

ကျွန်တော်တို့အားလုံးနီးပါးမုန်းလို့မရတဲ့မမဆိုတဲ့လူတန်းစားဟာ
ဒီကားရဲ့အသက်ပါပဲ
တဒ်ဟာသူ့ရဲ့မမကိုပိုးပန်းဖို့သစ်ပင်အစစ်ကို
မဖြစ်မနေရှာရမယ့်အခြေအနေထဲရောက်သွားပြီး
လုံးဝမမျှော်လင့်ထားတဲ့သစ်ပင်တွေမျိုးတုံးသွားစေတဲ့နောက်ကွယ်က
အကြောင်းတရားအချိုု့ကိုရှာတွေ့သွားတဲ့အခါမှာတော့
 
အသံနောက်ခံတွေကတော့
တက်ဒ်နေရာမှာ မင်းသားချော Zac Efron နဲ့
မင်းသမီးနေရာမှာတော့ ပုရိသတို့ အသဲစွဲ Taylor Swift လေးပါ

The Lorax (2012)

ဇာတ်ကားလင့်
https://t.me/c/3441064926/106

Channel Join ရန်လင့်
https://t.me/+ElcCnRoBUqswYzZl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
1
Brave (2012)

အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Disney ချစ်သူလေးတွေရဲ့ အသည်းစွဲ အနီရောင်ဆံပင်လေးတွေနဲ့ မာရီဒါဆိုတဲ့ မင်းသမီးလေးအကြောင်း ရိုက်ထားတဲ့ Brave ဆိုတဲ့ Animation ကားကောင်းလေးတစ်ကားပါ..

မာရီဒါလေးဟာ မင်းသမီးတစ်ယောက်ရဲ့ နေထိုင်ပြုမူရမှာတွေနဲ့ ဆန့်ကျင်ဖက် မြားပစ်တာ မြင်းစီးတာတွေကိုပဲ စိတ်ဝင်စားပါတယ်
သူ့မိခင်က သူ့ကို မင်းသမီးတစ်ယောက်လို ပြုမူနေထိုင်ဖို့ အမြဲဆုံးမပေမဲ့ သူနားမထောင်ပါဘူး

တနေ့တော့ သူမဟာ မင်းသမီးတို့ရဲ့ ထုံးစံအတိုင်း လက်ထပ်ဖို့ ပြင်ဆင်ရဖို့ ဖြစ်လာပါတယ်
ဒီအခါ သူမဟာ မိခင်ဖြစ်သူကို ဆန့်ကျင်ပြီး ထွက်ပြေးရင်း စုန်းမတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်
စုန်းမက သူ့မိခင်ကို စိတ်ပြောင်းသွားအောင် လုပ်ပေးမယ်ဆိုပြီး ကိတ်မုန့်တစ်ခုပေးလိုက်ပါတယ်
မာရီဒါလေးဟာ အိမ်ပြန်လာပြီး သူ့မိခင်ကိုကျွေးလိုက်တဲ့အခါမှာတော့ ရလဒ်က သူမျှော်လင့်မထားတာတွေ ဖြစ်လာခဲ့ပါတော့တယ်

ဒီတော့ သူ့ကြောင့် ဖြစ်သွားရတဲ့ အမှားကို ပြန်ပြုပြင်ပေးနိုင်ဖို့ ကြိုးစားရတဲ့အခါ မာရီဒါလေးတစ်ယောက် အခက်အခဲတွေကြားထဲ ဘယ်လိုရုန်းကန်ရမလဲ ဘယ်လိုတွေစွန့်စားရမလဲ ဆိုတာ…..။
IMDb 7.1 ထိရထားတာမလို့ ကြည့်ဖူးပြီးသား Disney ပရိသတ်တွေရော မကြည့်ရသေးတဲ့သူတွေရော သေချာပေါက် သဘောတွေ့မယ့် ကာတွန်းကားလေးလို့ ညွှန်းပေးပါရစေ။

ဇာတ်ကားလင့်
https://t.me/c/3441064926/41

Channel Join ရန်လင့်
https://t.me/+ElcCnRoBUqswYzZl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
Seal Team (2021)

ဒီတစ်ခေါက်မှာတော့ Seal Teamဆိုတဲ့ ကာတွန်းကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်
ဒီဇာတ်လမ်းအညွှန်းကတော့ HmmFလိုခေါ်တဲ့ ပယ်လယ်ဖျံအဖွဲက
ချိန်ကိုက်ဗုံးကို ကြိုးမှာဖြတ်ရာကနေအဖွဲကိုဖြိုခွဲခံခဲ့ရပါတယ်
တစ်ဖက်မှာလည်း ကွင်နဲ့ ဘန်ဂျီကသူငယ်ချင်းကောင်းတွေပါ
ခရင်းကောင်တွေပဲစားရတာငြီးငွေ့နေတဲ့သူတိုဖို သင်္ဘောပျက်တွေထဲ
အစာထွက်ရှာရင်း ဘန်ဂျီတစ်‌ကောင်ငါးမန်းစာဖြစ်သွားတဲ့အခါမှာတော့
ကွင်တစ်‌ကောင်ဒေါသထွက်နာကျည်းပြီး လက်စားပြန်ချေဖိုပြိုကွဲသွားတဲ့အဖွဲ
Hmmfနဲ့သွားပူးပေါင်းခဲ့ပါတယ် ကိုယ်ပိုင်အဖွဲရှာဖွဲ လေ့ကျင့်မှုတွေလုပ်ပြီးတဲ့
ကွင်တိုအဖွဲက ငါးမန်းတွေကိုလက်စားပြန်ချေနိုင်မှာလား ငါးမန်းတွေကလည်း
အင်အားစုပြီး အုပ်စုကြီးဖြစ်လာတဲ့အခါကွင်တိုအဖွဲလေး
ဘာတွေဆက်လုပ်ပြီးအနိုင်ယူကြမလဲဆိုတာ ပေါ့ပေါ့ပါးပါးကြည့်ရှူရမယ့်
ဟာသကာတွန်းကားလေးတစ်ကားဖြစ်တာမို လက်မလွှတ်တမ်းကြည့်ရှုရအောင်လားရှင်

ဇာတ်ကားလင့်
https://t.me/c/3083213462/86

Channel Join ရန်လင့်
https://t.me/+HXKXWgFH2o82ODRl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1