Myanma Today (မြန်မာ့တူ​ဒေး)
3.02K subscribers
28.8K photos
1.8K videos
28 files
4.74K links
နိုင်ငံတကာနှင့် ​ဒေသတွင်း သတင်းဦး၊ သတင်းထူး၊ သတင်းမှန်များ
Download Telegram
အားလုံးကို ကျေးဇူးတင်ပါတယ်

မှိုင်းဝေ
Forwarded from Myanmar National Post
ငလျင်ဘေးသင့် သံဃာတော်၊ သီလရှင်၊ ပြည်သူများအတွက် ကုသိုလ်ပြု အမျှဝေ

နေပြည်တော်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးရှေ့တွင် သံဃာတော် ၁၁ ပါး က ငလျင်ဘေးဒဏ်သင့် သံဃာတော်၊ သီလရှင်၊ ပြည်သူများ တစ်လပြည့် ကုသိုလ်ပြု အမျှဝေပြီး ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
သာယာဝတီနယ်၊ မင်းလှ၊ နတ်တလင်းမှ ငလျင်ဘေးကူ ဆရာတော်များနှင့် နေပြည်တော်မှ ဆရာတော် ဦးပညာ၊ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)၏ ဥက္ကဋ္ဌ ဆရာတော် ဦဉာဏဓမ္မ တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

#News
Forwarded from Thazin Oo 🇲🇲
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် - ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ပျံလွန်၊ ကွယ်လွန်ခဲ့ကြရသည့် ရဟန်း၊ ရှင်၊ လူပြည်သူများအား ရည်စူး၍ တစ်လပြည့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနား တက်ရောက်
Forwarded from Thazin Oo 🇲🇲
တမူးမြို့နယ်မှာ စစ်ရေးပြင်ဆင်ထားပြီးလမ်းကြောင်းအားလုံး ပိတ်ဆို့ထား

ဧ ပြီ  ၂၈၊၂၀၂၅
SP(VOM)

စစ်ကိုင်းတိုင်း တမူးခရိုင် တမူးမြို့နယ်မှာ ၂ဘက်လက်နက်ကိုင်တွေက စစ်ရေးပြင်ဆင်ထားမှုကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ဆို့ခံထားရပြီး တမူးဒေသခံ အများစုဟာ စား၀တ်နေရေးတွေ ခက်ခဲလာတယ်လို့ တမူးစော်ဘွားရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ် ။

" တမူးနယ်စပ်မှာ အဖွဲ့အစည်းစုံတယ်  အခုရက်ပိုင်းမှာ ၊တမူးမြို့ကိုဆက်သွယ် သွားလာလို့ရတဲ့ လမ်းကြောင်းအားလုံး ပိတ်ဆို့ခံထားရတယ်  တမူးကလေးလမ်းပိုင်းက ၊ခါမ်းပါတ်  ကနန်  ကမ္မကြီး    ၊ထင်းစင်၊၀ိတုတ်  ဖိုင်လင်း ၊နမ့်မွန်းတား  ခုံမွန်းနွံ ၊ပန်းသာ  မန်းမော် ၊ ထန်းတပင်  အင်တိုင်း စတဲ့ ၊ကျေးရွာတွေဘက်မှာစစ်ရေးပြင်ဆင်တာတွေ လုပ်လာတယ် နောက်ပြီး တမူးမြို့နယ်ကို တချိန်က ကွင်းလမ်းတွေရှိတယ်  အဲ့ဒီ ကွင်းလမ်းတွေ ပိတ်ဆို့ထားတယ်  ၊အိန္ဒိယနယ်စပ်မှာရှိတဲ့ ဒေသတွင်း  လက်နက်ကိုင် အဖွဲ့တွေက ပိတ်ဆို့ထားတယ်  အခု ကွင်းလမ်း ၊မရှိတော့ဘူး  ၊အဲဒါ့ကြောင့် တမူးနယ်မှာ ကုန်စည်မ၀င်ရောက်တော့ဘူး" လို့ ပန်းသာရွာခံ ကုန်စုံဆိုင် လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

" တမူးနယ်ကို  မြို့သိမ်းတိုက်ပွဲလုပ်မယ်လို့ သတင်းတွေထွက်နေတယ်  နှစ်ဘက်စလုံးက ၊လက်နက်ကိုင် အဖွဲ့တွေပြောနေတယ်  လူအများစုကတော့ ၊တခြားမြို့ ရွာတွေဆီ ​ပြောင်းနေကြတယ်  အခုဆို တမူးမြို့မှာ အလွန်ဆုံးရှိ လူဦးရေ လေးသောင်း မပြည့်ဘူး  ကားတွေလည်း တစီးမှ မထွက်ဘူး " လို့ ကနန်ရွာခံတယောက်က ပြောပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လကစတင်ပြီး ပန်းသာ  ၊  ထန်းတပင်  ၊မင်းသာ  မြို့သစ် ၊ သနန်စေတီ   စတဲ့ကျေးရွာဘက်တွေဘက်မှာ မကြာခဏ တိုက်ပွဲငယ်တွေ ဖြစ်ပွားတယ်လို့ သိရပါတယ်။

#voiceofmyanmar  #vom #တမူးနယ် #စား၀တ်နေရေး