Myanma Today (မြန်မာ့တူ​ဒေး)
3.02K subscribers
28.8K photos
1.79K videos
28 files
4.74K links
နိုင်ငံတကာနှင့် ​ဒေသတွင်း သတင်းဦး၊ သတင်းထူး၊ သတင်းမှန်များ
Download Telegram
Forwarded from Myanmar Hard Talk
❝အပြစ်မရှိတဲ့ PDF ၃၀ ကျော် သေနတ်တွေနဲ့ အလင်းဝင်လာလို့ ဆုငွေတွေပေးပြီး မိဘရင်ခွင်ပြန်အပ်❞

 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙋𝙍𝙄𝙇~𝟐𝟔》
ဗန်းမော်ကို တစ်ကျော့ပြန် ထိုးစစ်ဆင်လာတဲ့ KIA .. အကျအဆုံးများပြီး PDF တွေ ထွက်ပြေးနေကြ .. ပထမ အကျော့တုန်းက KIA တပ်မဟာ ၄ ခု ( ပိန်းအု ၄၀၀၀ ကျော်) ပျက်သုဉ်းပြီး ဒုတိယအကျော့ ဘယ်လောက်ဖြစ်မလဲ စောင့်မျှော်ကြည့်ကြပါ။
-
မနေ့က တောင်ခမ်းမှာ ပလောင်ကုန်းတွေရသလို သပိတ်ကျင်းမှာလည်း ပလောင်အလောင်းတွေ ရတယ်။
-
(လိုင်ဇာကို ဗုံးကြဲဖို့ ပြည်သူတွေ အော်နေကြပြီ)
တပ်မတော်မှ အပစ်ရပ်စဲထားမှုကို အခွင့်ကောင်းယူ၍ အလစ်အငိုက်လာရောက်တိုက်ခိုက်သော သူပုန်များ၏ ယုတ်မာသည့်လုပ်ရပ်များ (ဧပြီ ၂၅ ရက်)

(၁) ဗန်းမော်
ဧပြီ ၂၅ ရက်နေ့တွင် အကြမ်းဖက် KIA/PDF အဖွဲ့က ဗန်းမော်ဒေသမှာရှိတဲ့ တပ်ဌာနချုပ်နေရာများ၊ လခရစခန်းနေရာများအား အင်အား ၆၀၀ ခန့်ဖြင့် ဝင်ရောက်တိုက်ခိုက်သဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဗန်းမော်မှ တပ်မတော်သားများက အောင်စိတ်အပြည့်နဲ့ တန်ပြန်တိုက်ခိုက်မှု၊ Drone/လေကြောင်း ပစ်ကူများ၏ ထိရောက်မှုများကြောင့် ရန်သူမှာ အကျအဆုံးများစွာနဲ့ ပြန်လည် ဆုတ်ခွာထွက်ပြေးကြသည်။ ပြည်ဖျက်မီဒီယာတွေမှာ တင်ထားသလို ဗန်းမော်ဒေသ က လခရစခန်း တစ်ခုတလေမှ ကျသွားခြင်းမရှိပါ။ ရန်သူ့အလောင်းတွေသာ ပုံပြီး ကျန်ရစ်ခဲ့ပါသည်။ ရန်သူ့အလောင်း ၁၅ လောင်း၊ လက်နက် ၁၆ လက် လက်ဝယ်သိမ်းပိုက်ရရှိကာ မိမိစစ်သည် ၁ ဦး ကျဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါသည်။
-
(၂) မြစ်ကြီးနား
ဧပြီ ၂၅ ရက်နေ့ ညပိုင်းအချိန်တွင် မြစ်ကြီးနားမြို့ရှိ လူနေရပ်ကွက်များကို အကြမ်းဖက် KIA အဖွဲ့က ရှော့တိုက်ဒုံး ၁၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လူနေအိမ်အချို့နဲ့ ဝန်ထမ်းအိမ်ရာအချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး အပြစ်မဲ့ ကလေးငယ် ၁ ဦး သေဆုံး ခဲ့ပါသည်။
-
(၃) တောင်ခမ်း
ဧပြီ ၂၅ ရက်နေ့တွင် တောင်ခမ်းဒေသနှင့် နောင်ချိုမြို့အစပ် လခရစခန်းအား အကြမ်းဖက် TNLA အဖွဲ့က လာရောက် တိုက်ခိုက်လို့ ထိတွေ့မှုများ ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်တွင် မိမိစစ်သည် ၂ ဦး ဒဏ်ရာရရှိပြီး MA-1 သေနတ် ၁ လက် ရန်သူ့နောက်ပါ ဆုံးရှုံးခဲ့ကာ ရန်သူ့ထံမှ -
(၁) TNLA အလောင်း ၁ လောင်း
(၂) Type-81 သေနတ် ၁ လက်
(၃) ကျည်အိမ် ၈ ခု၊ ကျည် ၄၀၀ ခန့်
(၄) လက်ပစ်ဗုံး ၁ လုံး၊ အီနာဂါ ၁ လုံး
(၅) ကျည်ကာ ၁ ထည်၊ အီကွေ့မန့် ၁ ခု

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
-
(၄) ဘောလခဲ
ဧပြီ ၂၅ ရက် နေ့လည်ပိုင်းအချိန်က ဘောလခဲဒေသရှိ လခရစခန်းအား အကြမ်းဖက် KNPP/KNDF ၂၀ ဦးခန့်က လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် KNPP/KNDF ၁ လောင်း
(၂) သေနတ် ၁ လက်
(၃) ကျည်အိမ် ၄ ခု၊ ကျည် ၁၁၀ တောင့်
(၄) လက်ပစ်ဗုံး ၁ လုံး၊ ကျည်ကာ ၁ ထည်

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
-
(၅) သပိတ်ကျင်း
ဧပြီ ၂၅ ရက် ညပိုင်းအချိန်က သပိတ်ကျင်းဒေသရှိ လခရစခန်းတစ်ခုအား အကြမ်းဖက် TNLA/PDF ၁၅ ဦးခန့်က လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်တွင် စစ်သည် ၂ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -
(၁) အကြမ်းဖက် PDF ၃ လောင်း
(၂) သေနတ် ၁ လက်

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
-
အထက်ဖော်ပြပါဖြစ်စဉ်များသည် အကြမ်းဖက်သူပုန်များအနေနဲ့ ငလျင်ကယ်ဆယ်ရေးလုပ်ငန်း အင်တိုက်အားတိုက် လုပ်ဆောင်နိုင်ရန် တပ်မတော်မှ အပစ်ရပ်စဲထားမှုကို အခွင့်ကောင်းယူ၍ အလစ်အငိုက်လာရောက် တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပါသည်။
-
လာရောက်တိုက်ခိုက်သည့်ရန်သူများအား တုံ့ပြန်ရန်အခွင့်အရေးအရ တန်ပြန်ချေမှုန်းခြင်းသာ ဖြစ်ပါသည်။ တပ်မတော်မှ စတင်တိုက်ခိုက်ခြင်းမျိုး မရှိပါ။
-
တိုက်ပွဲသတင်းစုံ
🙏🙏🙏မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ..
..အားလုံးသောမိသားစုများဘေးရန်ကြောင့်ကြဆင်းရဲခြင်းကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာလျှက် ကောင်းမွန်သောနေ့ရက်သစ်များ ပိုင်ဆိုင်နိုင်ကြပါစေ .....ကပ်သုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ.....🙏🙏🙏.
၂၀၂၅ ဧပြီလ ၂၇ ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

ပြည်တွင်းသတင်းများ
--------------------------
၁။ နေပြည်တော်ကို တည်ဆောက်ခဲ့သည့် ကုမ္ပဏီများ နေပြည်တော်စည်ပင်သာယာရေးကော်မတီသို ဆက်သွယ်ဖို အသိပေးအကြောင်းကြား

၂။ ရွေးကောက်ပွဲဝင်ပြိုင်ဖို ပအိုဝ်းအမျိုးသား ဖွံဖြိုးတိုးတက်ရေးပါတီက UEC ထံ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထား

၃။ ကျောက်ဆည်မြိုက ကျောက်သေတ္တာစေတီတော်ကို လက်ရှိအတိုင်းခိုင်ခံ့စေရေး ထိန်းသိမ်းဆောင်ရွက်ဖို အသိပညာရှင်များ၊ အတတ်ပညာရှင်များ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်နေဟုဆို

၄။ လားရှိးမြိုတွင် တရားဥပဒေစိုးမိုးရေးအတွက် တပ်မတော်နှင့် ရဲတပ်ဖွဲပူးပေါင်း ကင်းလှည့်ခြင်းများ စတင်ဆောင်ရွက်နေ

၅။ ဝက်လက်မြိုကို အကြမ်းဖက်များက ဒရုန်းနှင့် ဗုံးကြဲသဖြင့် ကလေး (၂) ဦး အပါအဝင် (၆) ဦး ဒဏ်ရာရရှိ

၆။ ချင်းတွင်းမြစ်မှာ ရွှေမျောလုပ်နေပြီး လက်နက်ကိုင် စီးပွားရှာနေတဲ့ NLD အမတ်ဟောင်းနဲ့ NUG ရဲ့ ပသုံးလုံးကို ဒေသခံတွေက ကန့်ကွက်ဆန္ဒပြ

၇။ KNU ဆီ ပိုမယ့် လက်နက်ခဲယမ်း အများအပြားကို ဘန်ကောက်မှာ ထပ်မံဖမ်းမိ

၈။ ဧပြီလ ၂၆ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၆၆၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 - ၂၈၀၅ ကျပ်၊ Octane 95 - ၂၈၆၅ ကျပ်၊ Diesel - ၂၄၃၅ ကျပ်၊ Premium Diesel - ၃၀၁၀ ကျပ်

နိုင်ငံတကာသတင်းများ
------------------------
၁။ အိန္ဒိယနှင့် ပါကစ္စတန်စစ်သားများ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား၊ ကက်ရှ်မီးယားဒေသတွင် တိုက်ခိုက်မှုကျူးလွန်သူများကို ကမ္ဘာအဆုံးထိချေမှုန်းသွားမည်ဟု အိန္ဒိယဝန်ကြီးချုပ်ပြောကြား

၂။ အီကွေဒေါနိုင်ငံ၏ ဆိပ်ကမ်းမြိုဖြစ်သော Esmeraldas မြိုအနီး ပင်လယ်ပြင်ကို ဗဟိုပြုလျက် ပြင်းအား မဂ္ဂနီကျူ့ ၆ ဒသမ ၃ ရှိ ငလျင်လှုပ်ခတ်

၃။ ထိုင်းနိုင်ငံတွင် သဘာဝဘေးအန္တရာယ်သတိပေးစနစ်ကို စမ်းသပ်သွားမည်

၄။ ယူကရိန်းသမ္မတက ငြိမ်းချမ်းရေးသံခင်းတမန်ခင်းကို ဖျက်ဆီးနေကြောင်း ရုရှားအစိုးရစွပ်စွဲပြောဆို

၅။ ပုပ်ရဟန်းမင်းကြီး၏ ဈာပနာကို ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း ၁၃ဝ မှ ခေါင်းဆောင်များ၊ အစိုးရကိုယ်စားလှယ်များ တက်ရောက်မည်

၆။ ယူကရိန်းစစ်ပွဲအဆုံးသတ်ရန်အတွက် အမေရိကန်နိုင်ငံ နှင့် စာချုပ်ချုပ်ရေး အဆင်သင့်ရှိနေဟု ရုရှားအစိုးရပြော

အားကစားသတင်းများ
------------------------
၁။ ယူ-၂၁ ရာသီအဖွင့်ပွဲတွင် ဂိုးဒါဇင်ဝက်သွင်းယူ အနိုင်ရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း

၂။ မြန်မာ့ ဘောလုံးအကယ်ဒမီ ကျောင်းသားသစ် လူငယ် (၃၀၀) ကျော် လာရောက်ရွေးချယ်ခံ

၃။ အိမ်ကွင်းတွင် ချန်ပီယံဆုဖလားရယူပေးရန် တာဝန်ရှိဟု လီဗာပူးနည်းပြ ပြော

၄။ နိစ်အသင်းကိုရှုံးနိမ့်ခဲ့သည့် ပီအက်စ်ဂျီအသင်း ရှုံးပွဲမရှိ ချန်ပီယံ အိပ်မက်ပျက်ပြယ်

၅။ ဝုဗ်တိုက်စစ်မှူး ကူညာနှင့် အပြောင်းအရွှေ့သတင်းအပေါ် မှတ်ချက်မပေးလိုဟု အာမိုရင် ပြော

အနုပညာသတင်းများ
------------------------
၁။ J Fire က Social Media မှာပဲ လုပ်နေတဲ့ ဘဲ မဟုတ်ဘဲ FOE မှာ အပီဖြုတ်တဲ့ ဘဲကြီးပါ ဆိုတဲ့ ထူးအောင်

၂။ ချစ်သူကောင်လေးဆီက လက်ထပ်ခွင့် တောင်းခံလိုက်ရပြီး မေလ ၁ ရက်မှာ မင်္ဂလာပွဲကျင်းပသွားမယ့် အဆိုတော် နေခြည်လင်းလဲ့

၃။ အနုပညာကြေးဆိုတာထက် အဓိက ကိုယ့်အပေါ်ပေးလာတဲ့ ကာရိုက်တာပေါ်မှာ စီးမျောသက်ဝင်ပြီးတော့ အကောင်းဆုံးနဲ့ အပီပြင်ဆုံးဖြစ်အောင် ကြိုးစားဖြစ်တယ်ဆိုတဲ့ ဟိန်းရတု
Credit Myanmar Daily Brief News
Forwarded from MWD News
Media is too big
VIEW IN TELEGRAM
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅) နှစ်မြောက် စိန်ရတု ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက် ချီးမြှင့်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။ ရန်ကုန်၊ ဧပြီလ -၂၆ ရက်။
Forwarded from Myanmar Update News
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅) နှစ်မြောက် စိန်ရတု ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက် ချီးမြှင့်၍ ဂုဏ်ပြုအမှာစကားပြောကြား
Forwarded from Yangon Media Group
#Local_News
နေပြည်တော် အထူးဖွံ့ဖြိုးရေး စီမံကိန်းတွင် ပါဝင်ခဲ့သည့် ကုမ္ပဏီများ စည်ပင်သို့ ပြန်လည်ဆက်သွယ်ရမည်


Published 26 April 2025

▪️ နေပြည်တော် အထူးဖွံ့ဖြိုးရေး စီမံကိန်းတွင် ပါဝင်ခဲ့သည့် ကုမ္ပဏီများ စည်ပင်သို့ ပြန်လည်ဆက်သွယ်ရမည်ဖြစ်ကြောင်း အဆောက်အဦးများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီမှ အသိပေးထုတ်ပြန်လာသည်။

▪️ ထုတ်ပြန်စာ၌ နေပြည်တော်တည်ဆောက်ရေး အထူးဖွံ့ဖြိုးရေး စီမံကိန်းတွင် ပါဝင်သည့်ရုံးဌာနအဆောက်အအုံများ၊ အထူးအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများ၊ အုပ်ချုပ်မှုဆိုင်ရာအဆောက်အအုံများအပါအဝင် အခြားအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများတွင်
________________________
Readmore>>>https://yangonmediagroup.com/index.php/myanmar/cho-007-26-4-25