Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (🇲🇲)
April-23
▪️မိုင်းဖုန်းဆရာတော်ကြီး ရန်ကုန်သို့ကြွရောက်မည်
နေပြည်တော်၊ ဧပြီ ၂၃
မိုင်းဖုန်းဆရာတော်ကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ အရှင်ဉာဏသံဝရသည် ယနေ့ ဧပြီ ၂၃ ရက်တွင် ရန်ကုန်သို့ ကြွရောက်မည်ဖြစ်ကြောင်း သာသနာလင်္ကာရမိုင်းဖုန်းကျောင်းတိုက်မှ အသိပေးကြေညာထားသည်။

Forwarded from Kyaw Swar
ရုရှားနိုင်ငံတွင် ကျင်းပမည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်မည့် မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြအဖွဲ ယနေ့ ထွက်ခွာ
ရုရှားနိုင်ငံ၊ မော်စကိုမြို၊ ရင်ပြင်နီ၌ ကျင်းပမည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်မည့် မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြအဖွဲ ယနေ့တွင် ရုရှားနိုင်ငံသို ထွက်ခွာသွားပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲမှ အသိပေးထုတ်ပြန်ထားပါတယ်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို၊ ရင်ပြင်နီ၌ ၂၀၂၅ခုနှစ်၊ မေလ ၉ ရက်တွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်ရန် ဗိုလ်မှူးချုပ်မျိုးဆက်အောင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြအဖွဲသည် ယနေ့ နေ့လယ်ပိုင်းတွင် မန္တလေးမြို၊ တံတားဦးလေဆိပ်မှ ရုရှားနိုင်ငံသို လေကြောင်းခရီးဖြင့် ထွက်ခွာပါတယ်။
https://www.tiktok.com/@kothet8888888/video/7496527156432866568?is_from_webapp=1&sender_device=pc&web_id=7402886078983980545

TikTok
TikTok · KoThet
49 likes, 2 comments. “ရုရှားနိုင်ငံတွင် ကျင်းပမည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်မည့် မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြအဖွဲ ယနေ့ ထွက်ခွာ ရုရှားနိုင်ငံ၊ မော်စကိုမြို၊ ရင်ပြင်နီ၌ ကျင်းပမည့်…
Forwarded from MRTV News Channel
Media is too big
VIEW IN TELEGRAM
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပျဉ်းမနားမြို့ အမှတ်(၁) မြို့မဈေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးသိပ္ပံကျောင်းတို့ကို လှည့်လည်ကြည့်ရှု
Forwarded from 𝐊𝐚 𝐊𝐚 𝐇𝐚𝐧✍️ (KKH)
ကဲ .. အမြင်မှန်ရတဲ့သူတွေကတော့ နောင်ရေးအတွက်စိတ်အေးရပြီး မိဘရင်ခွင်ဆီရောက်သွားပြီ
-
ကျန်တဲ့သူတွေလည်း လာလိုရတယ်နော်
-
ကျန်တဲ့သူတွေလည်း လာလိုရတယ်နော်
Forwarded from 𝐊𝐚 𝐊𝐚 𝐇𝐚𝐧✍️ (KKH)
မြေငလျင်ကြီးမားစွာလှုပ်ခတ်မည်ဖြစ်ကြောင်း Tiktok အကောင့်မှတစ်ဆင့် မဟုတ်မမှန် သတင်းအမှားဖြန့်ဝေခဲ့သူ John(Palmistry)အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဖမ်းဆီးရမိ
၂၀၂၅ ဧပြီလ ၂၄ ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
ပြည်တွင်းသတင်းများ
--------------------------
၁။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ခဲ့ခြင်းအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်မှ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို
၂။ (၃၇) ကြိမ်မြောက် အာဆီယံ-အမေရိကန် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအား နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်တက်ရောက်
၃။ ကျောင်းသား၊ ကျောင်းသူလူငယ်များ နွေကျောင်းပိတ်ရက်ကာလအတွင်း ဗဟုသုတတိုးပွားစေမည့် ရေကြောင်းနှင့် လေကြောင်းလူငယ်အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများစတင်ဖွင့်လှစ်
၄။ စံပြယာဉ်မောင်းများကို YRTC က ထိုင်းသို အလည်ပိုပေး
၅။ အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား ၁၀ ဦးနှင့် ရဝမ်ဒါနိုင်ငံသား ၁၀ ဦးတိုကို သက်ဆိုင်ရာနိုင်ငံများသို ထပ်မံလွှပြောင်းပေးအပ်
၆။ ထိုင်းနိုင်ငံသားနှစ်ဦးထံမှ အကြမ်းဖက် KNU/PDF ထံပိုဆောင်မည့် သေနတ် အလက် (၂၀) ကျော် ဖမ်းမိဟုဆို
၇။ ပဲခူးတိုင်းအတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲဝင်များအား လက်နက်တပ်ဆင်
၈။ ဧပြီလ ၂၃ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၆၆၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 - ၂၇၄၀ ကျပ်၊ Octane 95 - ၂၈၀၀ ကျပ်၊ Diesel - ၂၃၉၀ ကျပ်၊ Premium Diesel - ၂၉၆၀ ကျပ်
နိုင်ငံတကာသတင်းများ
------------------------
၁။ တရုတ်အထောက်အပံ့ယူထားသည့် အရှေ့တောင်အာရှနိုင်ငံများက တင်ပိုသော ဆိုလာပြားများကို စည်းကြပ်ခွန် ၃,၅၂၁ ရာခိုင်နှုန်းကောက်ရန် ရည်ရွယ်ထားသည်ဟု အမေရိကန် ထုတ်ပြန်
၂။ တရုတ်နိုင်ငံ ရှန်ကျန်းမှာ (၁၀) နှစ်အရွယ် ဂျပန်ကျောင်းသားကို သတ်ဖြတ်ခဲ့တဲ့ လူသတ်သမား ကွပ်မျက်ခံရ
၃။ ပြီးခဲ့တဲ့လမှာစတင်ခဲ့တဲ့ အမေရိကန်ရဲ့စစ်ဆင်ရေးတွေကြောင့် ဟူသီလက်နက်ကိုင်အဖွဲဝင် (၅၀၀) ကျော်သေဆုံး
၄။ အတားအဆီးတချိုကို ဖယ်လိုက်မယ်ဆိုရင် ယူကရိန်းနဲ့ဆွေးနွေးပွဲတွေက ဖြစ်လာနိုင်တယ်လို ရုရှားအစိုးရပြော
၅။ နှစ်နိုင်ငံကြားဆက်ဆံရေးတွေကို မြှင့်တင်ဖိုအတွက် ဆော်ဒီအာရေးဗျနိုင်ငံကို အိန္ဒိယဝန်ကြီးချုပ်မိုဒီ သွားရောက်လည်ပတ်
၆။ နိုင်ငံ့အကျိုးစီးပွားကိုလေးစားပါက ကန်နှင့်သဘောတူညီရန် အီရန် အဆင်သင့်
အားကစားသတင်းများ
------------------------
၁။ အသက် (၁၉) နှစ်အရွယ် တိုက်စစ်မှူး ပီတာအောင်ဝေထူးကို ရှမ်းယူနိုက်တက်အသင်းခေါ်ယူ
၂။ Myanmar Women League ပထမအကျော့ပွဲစဉ် ဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့သည့် ဧရာဝတီ FC
၃။ အိုလ်မိုရဲ့ ဂိုးနဲ့ လာလီဂါထိပ်ဆုံးက ဘာကာ မာယော့ကာကို အနိုင်ရ
၄။ မန်ယူအသင်းဟာ လာမယ့်ရာသီအတွက် ဝုဗ်အသင်းမှာ ခြေစွမ်းပြနေသည့် ဘရာဇီးလက်ရွေးစင် ကူညာကို ပေါင်သန်း ၆၀ နဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေ
၅။ အာဆင်နယ် လူငယ်နည်းပြ ဂျက်ဝဲလ်ရှိင်းယား နောဝစ်ချ် ယာယီနည်းပြအဖြစ် ခန့်အပ်ခံရ
အနုပညာသတင်းများ
------------------------
၁။ မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် ထိုင်းနိုင်ငံရဲ့ တော်ဝင်မိသားစုတိုက ပထမအကြိမ် ထိုင်းဘတ် ၁၅၀,၀၀၀ (မြန်မာငွေ ကျပ် ၁၉၅ သိန်း) ကို သရုပ်ဆောင် မျိုးစန္ဒီကျော်နဲ့ ဇာတ်ညွှန်းကိုအောင်ကြီးတိုကတစ်ဆင့် ဆရာတော်အသျှင်ကုမာရ ထံ ပေးအပ်လှူဒါန်းခဲ့
၂။ မေလေးမျက်နှာက ဘုရားပေးတဲ့ ကောင်းခြင်းတွေကို ပိုင်ဆိုင်ထားတယ်လို ဖွင့်ဟလာတဲ့ ခြူးလေး
၃။ Page အတုတွေက ကျော်ကျော်အိန္ဒြာပုံတွေ ယူသုံးပြီး နာမည်ဖျက်နေတာက သိက္ခာပိုင်းနဲ့ဆိုင်လို လက်မခံနိုင်ဘူးဆိုတဲ့ ကျော်ကျော်နန္ဒ
Credit Myanmar Daily Brief News

Forwarded from ကိုနှင်းမောင်
"အတွေးသုံးမျိုးကို မတွေးနဲ့"
မကောင်းတဲ့အတွေးဟာ ဘာလဲဆိုရင်
သူများပစ္စည်း ကိုယ့်ပစ္စည်း ဖြစ်ချင်တဲ့အတွေး၊
ဒါကို အဘိဇ္စျာ လို့ခေါ်တယ် ။
သူများပစ္စည်းကို ကိုယ်ပိုင်ဆိုင်ချင်တဲ့အတွေးဟာ
ဘာကို ဖြစ်စေတတ်တဲ့အတွေးလဲ
သူခိုး ဓားပြ ဖြစ်စေတဲ့အတွေး မဖြစ်ဘူးလား။
အဲဒီအတွေးဟာ အန္တရာယ်ရှိတဲ့အတွေး၊
အကုသိုလ်အတွေး၊ မနောဒုစရိုက်လို့ ခေါ်တယ် ။
နောက်....
ဗျာပါဒ ဘာလဲဆိုရင်
ကိုယ်နဲ့မတည့်တဲ့ လူတစ်ယောက်
စိတ်ထဲပေါ်လာရင် " ဟာ .... ဒီကောင်
သေသွားရင် ကောင်းမှာပဲ၊ ဒီကောင်
စီးပွားတွေ ပျက်သွားရင် ကောင်းမှာပဲ၊
ဒီကောင် ဒုက္ခရောက် ထောင်ကျသွားရင်
ကောင်းမှာပဲ " ဆိုတဲ့ အတွေး၊
အဲဒီအတွေးကို ဗျာပါဒအတွေးလို့ ခေါ်တယ် ။
နောက်တစ်ခုက_မိစ္ဆာဒိဌိ
မိစ္ဆာဒိဌိဆိုတာ ကိုယ်လုပ်တာ ကိုယ်နဲ့ဆိုင်တယ်လို့
မတွေးဘူး။
ကောင်းတာလုပ်လည်း ကောင်းတာ မဖြစ်ပါဘူး။
မကောင်းတာလုပ်လည်း ကောင်းတာဖြစ်တာပဲ။
မကောင်းတဲ့လူတွေ ကြီးပွားနေတာ ရှိတာပဲ။
ကောင်းတဲ့လူတွေ ဒုက္ခရောက်နေကြတယ်
စသည်ဖြင့် ကံကို မျက်စိလည်နေကြတယ် ။
တကယ်တော့ မကောင်းတာလုပ်ပြီး
ကြီးပွားနေတာတွေဟာ တစ်ချိန်တုန်းက
ကောင်းတာလုပ်ခဲ့လို့ ကောင်းကျိုးကို
ခံစားနေရတယ်လို့ ဒီလို တွက်ရမယ် ။
ကိုယ်က အခုမှ ကောင်းတာတွေ လုပ်တာ။
အကျိုးမပေးသေးဘူး
အခုမှ သရက်ပင်စိုက်တာ
သရက်သီး စားရပါ့မလား မစားရပါဘူး
ကောင်းတာ အခုမှ လုပ်တာ
မကောင်းတာတွေ ကြုံနေရတယ်
အတိတ်က မကောင်းတာတွေ
ဘယ်လောက် လုပ်ခဲ့မှန်းမှ မသိတာ ။
အဲဒါကြောင့် မှန်ကန်တဲ့အတွေးမှာ
ကံဆိုတာ ရှိတယ်။
ကံကို ငြင်းပယ်တာ " အကိရိယဒိဌိ " လို့ ခေါ်တယ် ။
ကုသိုလ်ဆိုတာ မရှိပါဘူး။
အကုသိုလ်ဆိုတာ မရှိပါဘူး ဆိုတဲ့
ငြင်းပယ်တဲ့ ဝါဒကို " အကိရိယဝါဒ " လို့ ခေါ်တယ် ။
အကိရိယဒိဌိဆိုတာ ကံကို လုံးဝ မယုံဘူးလေ ။
နောက် " နတ္ထိကဒိဌိ " ဆိုတာ
ကံရဲ့အကျိုးတရားကို လက်မခံဘူး။
မကောင်းတာလုပ်လည်း မကောင်းကျိုး မဖြစ်ဘူး ။
ကောင်းတာလုပ်လည်း ကောင်းကျိုး မဖြစ်ဘူးလို့
အကျိုးတရားကို ငြင်းပယ်တဲ ဝါဒ။
နောက်တစ်ခုက " အဟေတုကဒိဌိ "
အကြောင်းတရားကို ငြင်းပယ်တာ၊
ပေါင်းလိုက်လို့ရှိရင် ကံနှင် ကံအကျိုးကို
ငြင်းပယ်တဲ့ပုဂ္ဂိုလ်ဟာ
မိစ္ဆာဒိဌိ အမြင်ရှိသူသာ ဖြစ်တယ် ။
အဲဒီလို မိစ္ဆာဒိဌိအယူဝါဒရှိတဲ့
ပုဂ္ဂိုလ်တစ်ယောက်ဟာ ကောင်းရာသုဂတိတောင်
မရောက်နိုင်ဘူးတဲ့။ သူသွားရမယ့်လမ်းကတော့
အပါယ်လေးဘုံပဲ ။
ဘာလို့တုန်းဆိုတော့ ....
သူက ကံကိုငြင်းပယ်ထားတော့
သူလုပ်ချင်ရာ လုပ်တော့မှာလေ ။
လူဆိုတာ အထိန်းအကွပ်ကလေးနဲ့ နေရတယ်။
အထိန်းအကွပ် မရှိဘဲ လုပ်ချင်တာ လုပ်ဆိုရင်
မကောင်းတာပဲ လုပ်ကြတော့မယ်။
ကောင်းတာဆိုတာ ရေဆန် လှော်ခတ်ရတာနဲ့
တူတယ်။ မကောင်းတာလုပ်တယ်ဆိုတာ
ရေစုန်နဲ့တူတယ် လွယ်တယ်၊ မျှောချရုံပဲ ။
ဒ့ါကြောင့်မို့ အတွေးနဲ့ ပတ်သက်လာရင်
ခုနပြောတဲ့ အတွေးတွေ မတွေးနဲ့တဲ့...။
ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

Forwarded from PAN (Swe Zin)
ငလျင်ဒဏ်ခံကျောင်းတွေကို ယာယီကျောင်းဆောင်တွေ စတင်တည်ဆောက်နေပြီး နှစ်သုတ်တက်စနစ်နဲ့ တက်ရောက်နိုင်ဖို့ စီစဉ်နေ
*****************
(ပြည်တွင်း) ဧပြီ ၂၄
မန္တလေးငလျင်ကြီးဒဏ်ခံစားခဲ့ရတဲ့ ငလျင်ဒဏ်ခံကျောင်းတွေကို ယာယီကျောင်းဆောင်တွေ စတင်တည်ဆောက်နေပြီး ဇွန်လဆန်းမှာကျောင်းတွေပြန်လည်ဖွင့်လှစ်မှာဖြစ်လို့ နှစ်သုတ် တက်စနစ်နဲ့ တက်ရောက်နိုင်ဖို့ စီစဉ်နေတယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောဆိုလိုက်ပါတယ်။
“ဇွန်လဆန်းမှာ ကျောင်းတွေပြန်လည်ဖွင့်လှစ်မှာဖြစ်လို့ ငလျင်ဒဏ်ခံကျောင်းတွေအနေနဲ့ နှစ်သုတ်တက်စနစ်နဲ့တက်ရောက်နိုင်ဖို့ စီစဉ်ဆောင်ရွက်ထားကြဖို့နဲ့ ယာယီကျောင်းဆောင်တွေ တည်ဆောက်နိုင်ဖို့ကိုလည်း စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ငလျင်ဒဏ်မခံရတဲ့ တက္ကသိုလ်တွေအနေနဲ့ မိမိတို့တက္ကသိုလ်ရဲ့ တိုးတက်ရေး၊ ဘာသာရပ်ဆိုင်ရာ တိုးတက်ရေးအတွက် ဌာနတွင်းမွမ်းမံသင်တန်းတွေကို ဖွင့်လှစ်ဆောင်ရွက်ပေးကြရန်လိုကြောင်း.....
သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/04/24/ငလျင်ဒဏ်ခံကျောင်းတွေကိ/
VK Link>>...
https://vk.com/wall-220066330_11655
Telegram»...
https://t.me/positiveanglenews
#PAN

Forwarded from Ko Thet
သိန္နီမြို့နယ် MNDAA မှ ဈေးဆိုင်ဗွီနိုင်းဆိုင်းဘုတ်များတွင် သျှမ်းစာကို ကန့်သတ်တားမြစ်ပြီး တရုတ်စာ ဦးစားပေးအသုံးပြုခိုင်း
သျှမ်းသံတော်ဆင့်၊ ၂၀၂၅ ဧပြီလ ၂၃ ရက်
သျှမ်းပြည် သိန္နီမြို့နယ် ဈေးဆိုင်များရှိ အသစ်ပြုလုပ်မည့် ဗွီနိုင်းဆိုင်းဘုတ်များတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ သျှမ်းစာနှင့် အင်္ဂလိပ်စာ အသုံးပြုခွင့် ကန့်သတ်တားမြစ်ပြီး တရုတ်စာကို ဦးစားပေးအသုံးပြုခိုင်းနေကြောင်း စုံစမ်းသိရသည်။
ဧပြီလဆန်းပိုင်းမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ပေါ်ရှိ ဈေးဆိုင်များတွင် အသစ်ပြုလုပ်မည့် ဗွီနိုင်းဆိုင်းဘုတ်များကို သျှမ်းစာနှင့် အင်္ဂလိပ်စာ အသုံးပြုခွင့် ကန့်သတ်တားမြစ်လိုက်ပြီး မြန်မာစာ အသုံးပြုလိုပါက တရုတ်စာလည်း ထည့်သွင်းရေးသားရမည်ဟု MNDAA အရာရှိများက ပြောဆိုကြောင်း သိန္နီဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အခု ဗွီနိုင်းအသစ် သွားလုပ်တာ၊ သျှမ်းစာနဲ့ အင်္ဂလိပ်စာပါတဲ့ ဆိုင်းဘုတ်အဟောင်းတော့ ပေးမသုံးတော့ဘူး။ အသစ်လုပ်ခိုင်းတာ၊ တရုတ်စာပါတဲ့ ဆိုင်းဘုတ်လုပ်ရမှာ။ ဗမာစာနဲ့ ဆိုင်းဘုတ်ထောင်ချင်ရင် တရုတ်စာလည်း ထည့်ရမယ်။ လာပြောတဲ့ ကိုးကန့်တရုတ်နဲ့ဆို ရန်ဖြစ်တော့မလို့၊ ဒါပေမယ့် သူတို့က သေနတ်လည်းပါတော့ ဟုတ်ကဲ့ လို့ပဲ ပြန်ပြောနိုင်တယ်”ဟု သိန္နီမြို့ ဈေးသည်တစ်ဦးက ပြောသည်။
သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကို အခွန်မျိုးစုံ ပေးဆောင်နေရသည့်အပြင် ကား၊ ဆိုင်ကယ်၊ ဈေးဆိုင်ခန်းနှင့် တပိုင်တနိုင် ဈေးသည်များမှအစ ၎င်းတို့ဖွင့်လှစ်ထားသည့် ရုံးတွင် အခွန် သွားရောက်ပေးဆောင်ရကြောင်း ဒေသခံများက ပြောဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်တွင် သိန္နီမြို့ ရပ်ကွက် (၁) ဈေးတန်းရပ်ရှိ ပျက်စီးသွားသည့် သိန္နီမြို့မဈေးထဲ မူလဆိုင်ခန်းနေရာတွင် ပြန်လည်ဖွင့်လှစ် ရောင်းချနေသည့် ဈေးသည်များကို ကိုးကန့်တပ်ဖွဲ့ MNDAA ရဲများက လာရောက်နှင်ထုတ်ခဲ့ပြီး ၎င်းတို့ အသစ်ဖွင့်လှစ်ထားသည့် ပန်လော့ရွာဘက်သို့ သွားရောက်ရောင်းချခိုင်းကြောင်း ဒေသခံများက ပြောသည်။
“ဧပြီလကုန် ၂၈ ရက် နောက်ဆုံးထားပြီး မြို့မဈေးထဲက ဈေးသူဈေးသားအားလုံး ဖယ်ရမယ်။ ၁၉ ရက်နေ့က ဈေးထဲ အစည်းအဝေး လုပ်ကြတာ မြို့မဈေးကို ၁၀၀ ရာခိုင်နှုန်း ဆုံးရှုံးရမယ်။ ဆိုင်ခန်းအစားထိုး ပေးမလား ဒါမှမဟုတ် လျော်ကြေးပေးမလား ရွေးချယ်စရာ နှစ်မျိုးပဲ ရှိတယ်၊ လောလောဆယ်တော့ စာတင်ထားတယ်”ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် ဈေးသည်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
သိန္နီမြို့နယ် ကိုးကန့်တပ်ထံ တရုတ်လောပန်း လုပ်ငန်းရှင်များမှ လေလံဆွဲကာ ပန်လော့ကျေးရွာဘက် အသစ်ပြန်လည်တည်ဆောက်ထားသည့် ဈေးသစ်သည် မြို့ထဲရှိ မြို့မဈေးနှင့် ၂ မိုင်ကျော် ကွာဝေးပြီး ပေးဆောင်ရမည့် ဈေးဆိုင်ခန်း အခွန်အခ များပြားခြင်းကြောင့် အခက်တွေ့နေကြောင်း ဈေးသည်များက ပြောသည်။
ထို့ကြောင့် စီးပွားရေး ကြပ်တည်းမှုနှင့် အလုပ်အကိုင် ရှားပါးမှုကြား ပြည်သူများ၏ တစ်ပိုင်တစ်နိုင် လုပ်ငန်းများကိုပါ အခွန်ကောက်ယူမှုအပေါ် ရပ်ဆိုင်းပေးရန် (သို့မဟုတ်) လျှော့ချပေးရန် ဒေသခံများက MNDAA ထံ တောင်းဆိုထားကြောင်း သိရသည်။
လက်ရှိတွင် သိန္နီမြို့ပေါ် လမ်းမကြီးတလျှောက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ CCTV များ တပ်ဆင်ကာ စောင့်ကြည့်နေပြီး လောင်းကစားဝိုင်းများလည်း ဆက်လက်ဖွင့်လှစ်ထားကြောင်း ဒေသခံများက ပြောဆိုသည်။
သိန္နီမြို့သည် သျှမ်းပြည်မြောက်ပိုင်းရှိ စော်ဘွားနယ်များအနက် ခေတ်အဆက်ဆက် သျှမ်းစော်ဘွားများ အုပ်ချုပ်ခဲ့သည့် နယ်ကြီးတစ်ခု ဖြစ်ခဲ့ပြီး ရှေးယခင်ကတည်းက မြန်မာနှင့် တရုတ်အကြား ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် အရေးပါခဲ့သည်။
“၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်း စကတည်းက ၂၀၂၃ အောက်တိုဘာ လကုန်ပိုင်းတွင် သိန္နီမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းပိုက်ထိန်းချုပ်ထားပြီး လားရှိုးမြို့နှင့် မိုင် ၃၀ ခန့်သာ ကွာဝေးသည်။
ပုံစာ - သိန္နီမြို့မဈေးနှင့် MNDAA အသစ်တည်ဆောက်ထားသည့် ပန်လော့ရွာ ဈေးသစ်

Forwarded from Sit Min (Nay Min)
ဧပြီ(၂၄)
ကရင်ပြည်နယ်.ကော့ကရိတ်.ကျုံဒိုး.နှင့် ကော့ကရိတ်မြောက်ပိုင်း နဘူးတိုက်နယ်အထိ ထိုးဖောက်ဝင်ရောက်လာတဲ့ရန်သူဟာ.BGFတပ်များနှင့်ထိပ်တိုက်တိုက်ပွဲဖြစ်ပြီး တန်ပြန်တိုက်စစ်အတွက်တပ်မ(၄၄)ရတခ တပ်များရဲ့ မြေပြင်တန်ပြန်တိုက်စစ်.တပ်မတော်(လေ)နဲ့ အမြှောက်တပ်ရင်းရဲ့ တိကျတဲ့ ဘယ်/ညာ တာဝေးမှန်ကန်မှု့တွေကြောင့် တဖက်ရန်သူဟာ အထိနာဆုတ်ခွါခဲ့ရပြီး စွန့်လွှတ်ခဲ့တဲ့ရန်သူအလောင်းတွေကိုလည်း.တပ်မတော်စစ်ကြောင်းများဘက်ကလူသားဆန်ဆန်မြေမြှုတ်ပေးခဲ့ရပါတယ်...
ယနေ့ ကော့ကရိတ်.ကျုံဒိုးကားလမ်းမကြီးတလျှောက် တိုက်ပွဲသံများငြိမ်သက်လျှက်.တပ်မတော်+BGF တပ်များနယ်မြေဆက်လက်ရှင်းလင်းလျှက်ရှိကြောင်းပါ...
BoKyaw ဒေါနမြေ🇲🇲

လားရှိးတွင် မေ(၁)ရက်မှစတင်၍ ဌာနဆိုင်ရာကိစ္စရပ်များဆောင်ရွက်နိုင်ဖွယ်ရှိဟုဆို
ရှမ်း/မြောက် လားရှိးမြို့တွင် လာမည့် မေ(၁)ရက်မှစတင်၍ ဌာနဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်ဖွယ်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။
ယမန်နေ့ နံနက်ပိုင်းမှစတင်၍ တပ်မတော်က လားရှိးမြို့သို့ ဝင်ရောက်လာပြီး တပ်နေရာချထားမှုများကို စတင် လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ၊ လက်ရှိတွင် လားရှိး -သိန္ဒီ သွားလမ်းပိုင်းတစ်ဖက်တွင် လုံခြုံရေးတာဝန်များရယူထားသည်ဟုဆိုသည်။