မြန်မာစာတန်းထိုးဇာတ်ကားများ
80.6K subscribers
4.05K photos
83 videos
3.14K links
Admin Acc👇👇
@kaungkaung200613
Download Telegram
After My Death 2017

ဂယောင်းမင်းဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ ရုတ်တရက်ထူးဆန်းစွာ ပျောက်ဆုံးသွားပါတယ်။ပျောက်ဆုံးပြီးနောက်တစ်ရက်မှာ တံတားတစ်ခုအနားမှာ လွယ်အိတ်နဲ့ သူ့ရဲ့ခြေအိတ်ကိုတွေ့ရပါတယ်။ရဲတွေက တံတားပေါ်က ခုန်ချသတ်သေတယ်ဆိုပြီး ကောက်ချက်ချကြပေမဲ့ကျောင်းသူရဲ့အမေကနောက်ဆုံးအထိ အကြောင်းအရင်းကို သိအောင်လုပ်မယ်ဆိုပြီးခေါင်းမာနေတာကြောင့် ရဲတွေလည်းအခက်ကြုံနေရတာပါ။ဂယောင်းမင်းနဲ့ နောက်ဆုံးအတူရှိခဲ့တဲ့သူက ယောင်ဟီးလို့ခေါ်တဲ့ကျောင်းသူဖြစ်ပြီးတော့ ဂယောင်းမင်းက ယောင်ဟီးကို သူမသေခင်တစ်နေ့မှာ ဖွင့်ပြောခဲ့ပါတယ်။ဒါပေမဲ့ ယောင်ဟီးက ‘ငါ့ကိုချစ်တာကို အသက်စွန့်ပြီး သက်သေပြနိုင်လား’ လို့ပြောခဲ့တာကိုသိသွားကြတဲ့အခါ တရားခံဟာ ယောင်ဟီးဆိုပြီး အကုန်လုံးကစွပ်စွဲအနိုင်ကျင့်ကြပါတော့တယ်။ယောင်ဟီးက တကယ်ပဲ ဂယောင်းမင်းရဲ့သေဆုံးမှုမှာ ပါဝင်ပတ်သက်နေတာလား၊တကယ်ပဲ ဂ‌ယောင်းမင်းက သတ်သေခဲ့တာလား ဆိုတာကိုတော့ ဇာတ်ကားကိုကြည့်ရှုပြီး အဖြေရှာကြည့်လိုက်ကြပါဦး။

🌿🌿 ချန်နယ်အရင် join ပါ 🌿🌿
https://t.me/+cGvvqZKL7MZlMjBl

Movie Link👇👇
https://t.me/c/1813237766/1901

Credit...
👍2
Mukunda or Dushman No.1 (2014)

Tholi Prema ဇာတ်ကားနဲ့ ပရိတ်သတ်တွေ ရင်ထဲ အကုန်သိမ်းပိုက်သွားတဲ့ မင်းသားချော Varun Tej ရဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို ချစ်ခြင်းအားဖြင့် တင်ဆက်ပေးလိုက်ပါတယ်

Action လေးလည်းပါတော့ ဖိုက်တာတိုက်တာလေးတွေလည်းပါမယ် #Romance အမျိုးအစားလေးလည်း ဖြစ်တော့ ချစ်တာ ငိုတာလေးလည်းပါမယ်ဗျာ

🌿🌿 ချန်နယ်အရင် join ပါ 🌿🌿
https://t.me/+jsw9cr9I2e0xNzFl

Movie Link👇👇
https://t.me/c/1890544192/2122

Credit...
👍6
A Better Tomorrow (2010)

​မြောက်ကိုးရီးယားကနေ စွန့်စွန့်စားစား ထွက်ပြေးလာခဲ့တဲ့ ကင်ဟွတ်ဟာ တောင်ကိုးရီးယား ရဲဌာနမှာ အထူးစုံထောက် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ လက် နက် မှောင် ခို ရောင်းဝယ်ရေးကို မြောက်ကိုးရီးယားမှာကတည်းက သူငယ်ချင်း ဖြစ်ခဲ့တဲ့ ယောင်ချွန်းနဲ့ ခိုး လုပ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ ကင်ဟွတ်ရဲ့ ညီဖြစ်သူ ကင်ချောက မြောက်ကိုးရီးယားကနေ ထွက်ပြေးလာပြီး တောင်ကိုးရီးယားကို ရောက်လာခဲ့ပါတယ်။ အမေသေတာ အစ်ကိုကြောင့်ဆိုပြီး အစ်ကိုကို မုန်းနေတဲ့ ကင်ချော၊ ဂိုဏ်း စ တားတွေရဲ့ သစ္စာမဲ့မှုတွေနဲ့ ပြည့်နှက်နေ‌တဲ့ လောက၊ဘယ်သူတွေက ဘယ်သူ့ကို သစ္စာဖောက်မလဲ။ ပြီးတော့ ဂျိုဂျင်မိုနဲ့ ဆောင်းဆောင်ဟွန်းရဲ့ အ ပစ်အ ခတ် အ ကြမ်းတွေကို ဒီကားမှာ မြိုင်မြိုင်ဆိုင်ဆိုင် တွေ့ရမှာမို လက်မလွှတ်သင့်တဲ့ အက်ရှင် ကားတစ်ကား ဖြစ်ပါတယ်

🌿🌿 ချန်နယ်အရင် join ပါ 🌿🌿
https://t.me/+cGvvqZKL7MZlMjBl

Movie Link👇👇
https://t.me/c/1813237766/1902

Credit...
👍53
" Nakorn Sawan " (2018)

နိုင်ငံရပ်ခြားမှာ ပညာသင်နေတဲ့ အသက် ၂၇နှစ်အရွယ် အွေး ဆိုတဲ့ ကောင်မလေးတစ်‌ယောက် မိဘတွေနဲ့ ညတိုင်းဖုန်းပြောတယ်၊ အမေဖြစ်သူကလည်း စာကြိုးစားဖို့ နေကောင်းအောင်နေဖို့ မှာတယ်။
တစ်နေ့တော့ အမေဖြစ်သူ သေဆုံးသွားလို့ ဇာတိမြို့လေး Nakorm-Sawan ကို ပြန်လာပြီး ထိုင်းရိုးရာအတိုင်း အသုဘအခမ်းအနားလုပ်ပြီး ကျောက်ဖရားမြစ်ထဲမှာ ဘုန်းကြီးတွေနဲ့ တရားနာပြီး သေဆုံးသွားသူအမေ့အတွက် အမျှဝေရင်း
အမေဖြစ်သူနဲ့ ဝေးကွာနေချိန်မှာ အွေး ငယ်ငယ်တုန်းက အမှတ်တရတွေကို အဖေလုပ်သူက ပြန်ပြောပြရင်း သမီးဖြစ်သူ အွေးအတွက် ဂုဏ်ယူနေရတဲ့ အမေ့ကို ဆေးရုံပေါ်မှာ ဆေးပိုက်တွေအပြည့်နဲ့ မြင်ရတဲ့အချိန် သေခြင်းတရားအပေါ် သံ‌ဝေဂရတဲ့ အွေးရဲ့ အမြင်တွေရယ်၊
အမေဖြစ်သူအတွက် ကုသိုလ်လုပ်ရင်း အမေက ကောင်းကင်ဘုံ (နတ်ပြည်) ကို ရောက်သွားမှာလို့ ယုံကြည်နေတဲ့
သမီးဖြစ်သူရဲ့ မျှော်လင့်ချက်လေးရယ်၊ အမေဖြစ်သူ အသက်ရှင်စဉ်က ရိုက်ကူးထားတဲ့ မှတ်တမ်းတွေကို ပြန်ကြည့်ရင်း အမေ့ရဲ့ ငယ်ရွယ်မှုတွေအကြောင်းရယ်၊
သေဆုံးသွားသူအမေ့အတွက်

🌿🌿 ချန်နယ်အရင် join ပါ 🌿🌿
https://t.me/+77jhYwX_DWJmZjRl

Movie Link👇👇
https://t.me/c/1978087184/2019

Credit...
👍2
Better Days (2019) China

IMDb 7.6/10
Crime Drama Romance Family

ကျောင်းတွင်း အနိုင်ကျင့်မှုက နေရာတိုင်းမှာ ဖြစ်နေတာပါ…
မြင်အောင်ကြည့်ရင် သင်ရှေ့မှာလည်း အနိုင်ကျင့်မှုတစ်ခုခု ရှိနေမှာပါ…
ဒါပေမယ့်… အနိုင်ကျင့်မှုတစ်ခုကို မြင်ရင် ဘယ်လိုဖြေရှင်းမှာလဲ?
ဒီကားထဲက ချန်နမ်ဆိုတဲ့ ကောင်မလေးကတော့ နှုတ်ဆိတ်နေခဲ့တယ်…
ဒီကားထဲက ရှောင်ပေကတော့ သူ့နည်း သူ့ဟန်နဲ့ ကာကွယ်ပေးလိုက်တယ်…
ဘယ်သူ့နည်းလမ်းက အမှန်ဖြစ်မှာလဲ?
သင်ဆိုရင်ရော ဘယ်လိုလုပ်မှာလဲ ?PS. မျက်ရည်ခိုင်မှ ကြည့်စေလိုပါတယ်

🌿🌿 ချန်နယ်အရင် join ပါ 🌿🌿
https://t.me/+jkrg52UUpLRiZjhl

Movie Link👇👇
https://t.me/c/1976651464/1930

Credit...
👍4
My Blue Summer 2022

" ကျွန်မဒိုင်ယာရီအထူးကြီးတစ်အုပ်ရေးခဲ့ဖူးတယ်။
ဒိုင်ယာရီထဲကစကားလုံးတိုင်းကဖော်ပြနေခဲ့တာ
လူတစ်ယောက်ထဲရဲ့အကြောင်းကိုပဲ။
ဒီကမ္ဘာပေါ်မှာထိန်းသိမ်းဖိုအလွယ်ဆုံးနဲ့
ဖျက်ဆီးဖိုအလွယ်ဆုံးက တစ်ဖက်သတ်အချစ်ပဲ။
ကျွန်မအဆက်မပြတ်အလုပ်တွေရှုပ်အောင်လုပ်နေခဲ့တာ
သူနဲ့ အဲဒီတုန်းကအချိန်တွေကိုမေ့ပစ်ဖိုပဲ။ " (လော့ကျီ)

"ငါတိုအတူတူနှစ်သက်ခဲ့တဲ့ မိုးရာသီက
ငါ့အတွက်ခက်ခဲတဲ့နေ့ရက်တွေအဖြစ် ပြောင်းသွားခဲ့တယ်။ " (ရှန့်ဟွိင်နန်)

တစ်ခါတုန်းကစာတော်ပြီးထူးချွန်တဲ့
အထက်တန်းကျောင်းသူလေးလော့ကျီက
ရှန့်ဟွိင်နန်ဆိုတဲ့ကောင်လေးတစ်ယောက်ကို
တစ်ဖက်သတ်ချစ်နေခဲ့တယ်။
ကောင်လေးကတော့ ဒါတွေကိုမသိခဲ့ပါဘူး။

အထက်တန်းပြီးသွားတော့ သူတိုနှစ်ယောက်က
တက္ကသိုလ်တစ်ခုတည်းပဲဆိုတာ လော့ကျီသိလိုက်ရတယ်။
နှစ်ယောက်သားမထင်မှတ်ပဲပြန်ဆုံတွေ့ပြီး
ရင်းနီးလာကြခဲ့တယ်။ ရင်ထဲကအချစ်တွေကိုတော့ဖော်မပြရဲခဲ့ပါဘူး၊
ကြီးပြင်းလာရင်း ဘဝရဲ့ဖိအားတွေနဲ့ သူတိုရဲ့အချစ်တွေက
ဘယ်လိုဖြစ်သွားမလဲဆိုတာကို ငယ်ရွယ်တဲ့ကျောင်းသားဘဝကို
ပြန်လည်လွမ်းဆွတ်အမှတ်ရရင်း

🌿🌿 ချန်နယ်အရင် join ပါ 🌿🌿
https://t.me/+cGvvqZKL7MZlMjBl

Movie Link
https://t.me/c/1813237766/1911

Credit...
👍4
Chhota Bheem Mahashaitaan Ka Mahayudh (2023)

မီး,ရေ,လေ နဲ့ မြေဆိုတဲ့ ချက္ကရာလေးခုသာရှိနေသေးပြီး အာကာသချက္ကရာဆိုတဲ့ငါးခုမြောက်ချက္ကရာ မပွင့်သေးချိန် မဟာရှိက်တန်လိုခေါ်တဲ့ နတ်ဆိုးကြီးကကမ္ဘာမြေကိုသိမ်းပိုက်ဖိုအတွက် ကမ္ဘာမြေကြီးပေါ်ကိုရောက်ရှိလိုလာခဲ့ပါတော့တယ်။ကမ္ဘာကြီးကို သိမ်းပိုက်ဖိုကြံစည်ရင်း မဟာရှိက်တန်ဟာ သူ့တပည့် ရန်ဂနာကို လူသားတွေကို
ဇွန်ဘီးနဲ့ ဗန်ပိုင်းယားတွေဖြစ်အောင်ပြောင်းခိုင်းပြီး လူသားတွေအကုန်မျိုးပြုတ်အောင်ကြံစည်ပါတော့တယ်။
ဒီလို ကမ္ဘာကြီးကို အုပ်စိုးဖိုလာခဲ့တဲ့ မဟာရှိက်တန်နဲ့ ချိုတာဘီမ်းတိုသူငယ်ချင်းတစ်သိုက်နဲ့ တွေ့ကြတဲ့အခါမှာတော့
ချိုတာဘီးမ်တို သူငယ်ချင်းတစ်သိုက်က ကမ္ဘာကြီးကို ကယ်တင်ဖို ဘယ်လိုတွေ လုပ်ဆောင်သွားမလဲ……..
ငါးခုမြောက်ချက္ကရာကရော ပွင့်သွားမလား …… ဆိုတာတွေကို ကြည့်ရှူရမှာပဲဖြစ်ပါတယ်။

🌿🌿 ချန်နယ်အရင် join ပါ 🌿🌿
https://t.me/+z09Gpt5NXqNiYTA1

Movie Link👇👇
https://t.me/c/1846084075/1805

Credit....
Dear Comrade (2019) မြန်မာစာတန်းထိုး

#ပြန်ကြည့်ချင်တဲ့သူတွေအတွက်🖤

မင်းသားနဲ့မင်းသမီးကတော့ Geetha Govindam က မင်းသား Vijay Devarakonda နဲ့မင်းသမီး Rashmika Mandannaပါပဲ။

အညွန်း.. ဇာတ်ကားနာမည်ကတော့ အားလုံးသိတဲ့အတိုင်း ချစ်လှစွာသော သွေးသောက်ရဲဘော်တဲ့။

"သွေးသောက်ရဲဘော်ဆိုတာ ကိုယ့်လုပ်ရပ်တွေကို ဝန်းရံပေးပြီး တစ်ဖက်တစ်လမ်းက ကူညီပေးတဲ့လူ"ပဲမဟုတ်လား။

ဇာတ်လမ်းစစချင်းမှာဘော်ဘီဆိုတဲ့ လူငယ်တစ်ယောက် မူးရူးသောက်စားပြီး မျက်ရည်တွေနဲ့ လီလီဆီ ဖုန်းခေါ်ဖို့ အတင်းကြိုးစားနေတယ်။

လီလီ... တစ်ချိန်က သူ့ဘဝထဲ လှလှပပ ဝင်ရောက်ခိုနားခဲ့ပြီး ဝမ်းနည်းမှုတွေပေးပြီးမှ ထွက်ခွာသွားခဲ့သူ။

လီလီဟာ ဘာကြောင့်များ ဒီလို ထွက်သွားရက်တာလဲ။

ဘော်ဘီဟာ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့လူတစ်ယောက်။

ကျောင်းမှာဆိုရင်လည်း "ကျောင်းသားသမဂ္ဂ" ဆိုတဲ့ နာမည်တစ်ခုနဲ့ ထင်ရာစိုင်းတဲ့ကောင်လို့ အများမြင်ကြတယ်။

ခဏခဏ ရန်တွေဖြစ်တယ်။ သောက်စားတယ်။

ဒါပေမဲ့ မိန်းကလေးတွေကို ရိုသေမှုထားတတ်တာလည်း သူ့စရိုက်ပဲ

🌿🌿 ချန်နယ်အရင် join ပါ 🌿🌿
https://t.me/+TPS8ULqN70RiZDVl

Movie Link👇👇
https://t.me/c/2046018325/1176

Credit...
👍9
Pogaru (Sema Thimiru) (2021)

Action/ Drama ,IMDb - 5.2

ဒီတစ်ခါ မင်းသမီးလေး Rashmika Mandanna ( Geetha Govindam/Sarileru Neekevvaru/ Chalo) ရဲ့အိန္ဒိယဇာတ်ကားသစ်တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။

ရှီဗာဆိုတဲ့ကောင်လေးအကြောင်းကို ရိုက်ကူးထားတာပါ ရှီဗာငယ်ငယ်တုန်းက သူ့အဖေကအသတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် အမေနဲ့အဘွားက သူ့ကိုအမှန်အတိုင်းမပြောပြပဲလိမ်ထားခဲ့ပါတယ်။

သူ့အမေက သူ့အတွက်အားကိုးရအောင် နောက် အိမ်ထောင်ပြုခဲ့ပါတယ်။ ရှီဗာကတော့ သူ့အမေနောက်အိမ်ထောင်ပြုတာကိုရော အဖေသေတာကိုရောသိခဲ့ပါဘူး။

သူ့အဖေကအဝေးမှာအလုပ်လုပ်နေတယ်လို့ပဲသိထားခဲ့တာပါ တစ်နေ့ကျသူ့အဘွားဆုံးခါပြီးမှာ အမှန်တရားတွေကိုဖွင့်ပြောခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ ရှီဗာတစ်ယောက် အံ့ဩပြီးတော့ပေါက်ကွဲသွားပါတော့တယ်။

အမေကိုလည်းစိတ်ဆိုးသူ့ပထွေးကိုလည်းစိတ်ဆိုးပြီး လူဆိုးတစ်ယောက်ဖြစ်လာပါတော့တယ်။

ဒီလိုဘဝနာလို့ လူဆိုးဖြစ်လာခဲ့တဲ့ရှီဗာတစ်ယောက် ဘယ်လိုလူမိုက်လုပ်ရပ်တွေကိုလုပ်မလဲ သူပြန်ပြီးလိမ်မာလာမှာလား မိသားစုနဲ့အဆင်ပြေလာမလားဆိုတာကို စောင့်ကြည့်ရမယ့်

🌿🌿 ချန်နယ်အရင် join ပါ 🌿🌿
https://t.me/+TPS8ULqN70RiZDVl

Movie Link👇👇
https://t.me/c/2046018325/1181

Credit...
👍52
Strange magic

🌿🌿 ချန်နယ်အရင် join ပါ 🌿🌿
https://t.me/+z09Gpt5NXqNiYTA1

Movie Link👇👇
https://t.me/c/1846084075/1806
👍1
Love O2O (2016)

🌿🌿 ချန်နယ်အရင် join ပါ 🌿🌿
https://t.me/+cGvvqZKL7MZlMjBl

Movie Link👇👇
https://t.me/c/1813237766/1923
2
mlbb diamond sell class

📣 Mlbb diamond sell နည်းသင်တန်း ကို သင်တန်းသား (၁၀) ယောက် လက်ခံပါမယ်

😀 တစ်ယောက်လျှင်(10000) ကျပ်ပါခင်ဗျာ့

😀ယခု post ကို ကြည့်ရှု့နေတဲ့ brother တို့လည်း သင်တန်းကို မတက်ရသေးရင် လာရောက် အပ်နှံ နိုင်ပါတယ်ဗျာ့


Contact to DM --- @MrBenNiko
#niko
👍2
My Happy Marriage (2023)
IMDB...6.8/10

Manga မှာရော Animeမှာပါ နာမည်ကြီး လူကြိုက်များပြီးသားဆိုတော့
ဒီကားလေးကို တော်တော်များများ သိပြီးကြမှာပါ။
ဒါ့အပြင် IMDb rating ကလည်း 6.8 ဆိုတော့
တစ်ခါလောက်တော့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ။
 
အချစ်မပါဘဲ မိဘတွေစီစဉ်ပေးလို့ မင်္ဂလာဆောင်ခဲ့ရတဲ့အိမ်ထောင်ရေးတစ်ခုက
မွေးဖွားလာခဲ့တဲ့ Miyo Saimori…
မိခင်ဖြစ်သူ ဆုံးပါးသွားတဲ့နောက်မှာတော့ မိထွေးနဲ့နေရပြီး
စွမ်းအားစစ်ဆေးချိန်မှာ မိသားစုအမွေဖြစ်တဲ့
စိတ်စွမ်းအင်ကို ဆက်ခံနိုင်တဲ့သူက Miyo မဟုတ်ဘဲ
မိထွေးရဲ့သမီးဖြစ်သူဖြစ်နေပါတယ်။
အဲဒါကြောင့် မိသားစုအတွင်းမှာ နေရာမရဘဲ အစေခံသာသာပဲနေရပါတယ်၊
ဒီလိုနဲ့ အင်မတန် ရက်စက်တယ်လို့ နာမည်ကြီးတဲ့
စစ်တပ်ခေါင်းဆောင် Kiyoka Kudou နဲ့ လက်ထပ်ရဖို့ဖြစ်လာပါတယ်။
ဒီလို ကံဆိုးအကြောင်းမလှတဲ့ဘဝနဲ့ ကြီးပြင်းလာတဲ့
Miyo Saimori တစ်ယောက်ရဲ့ဘဝ ဘယ်လိုတွေပြောင်းလဲလာမလဲ၊
သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးက ဘယ်လိုအခက်အခဲတွေနဲ့
တွေ့ဆုံရမလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ဆက်ကြည့်လိုက်ကြရအောင်

🌿🌿 ချန်နယ်အရင် join ပါ 🌿🌿
https://t.me/+cGvvqZKL7MZlMjBl

Movie Link👇👇
https://t.me/c/1813237766/1925

Credit...
👍12❤‍🔥32