မြန်မာစာတန်းထိုးဇာတ်ကားများ
76.2K subscribers
3.64K photos
2.76K links
Admin Acc👇👇
@kaungkaung200613
Download Telegram
Galaxy Writer ( 2024 )

IMDB: 5.9/10

ရုပ်ရှင်တွေကို အမြဲတမ်း ကြည့်နေရပေမဲ့ ရုပ်ရှင်တစ်ကားက
ဘယ်လိုဖြစ်လာသလဲဆိုတာကိုတော့ သိပ်မစဉ်းစားမိကြပါဘူး။
OC ရဲ့ ပရိသတ်တွေအတွက် ဇာတ်ညွှန်းရေးဆရာတွေအကြောင်းကို
ရိုက်ကူးထားတဲ့ Galaxy Writer ဆိုတဲ့
ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ပြင်ဆင်ချက်အကြံပေးမှုအားလုံးကို နားမထောင်တဲ့ ဇာတ်ညွှန်းရေးဆရာနဲ့
ပြင်ဆင်ချက်အကြံပေးမှုအားလုံးကို နားထောင်တဲ့
ဇာတ်ညွှန်းရေးဆရာနှစ်ယောက်၊
တစ်ယောက်က မာနကြီးတယ် တစ်ယောက်က သတ္တိရှိတယ်။

သူတို့နှစ်ယောက် ပေါင်းပြီးရေးထားတဲ့ ဇာတ်ညွှန်းတစ်ခုနဲ့ ကုမ္ပဏီကြီးတွေကို
စိန်ခေါ်လိုက်တဲ့အခါ ပိုက်ဆံနဲ့ အိပ်မက်ကို
ဘယ်လို ချိန်ဆကြမလဲဆိုတာကို အောက်ခြေက
ဇာတ်ညွှန်းရေးဆရာတွေရဲ့ ဘဝကို ဟာသလေးတွေနဲ့အတူ
စိတ်အပန်းဖြေ ကြည့်ရှုခံစားလိုက်ရအောင်နော်။

🌿🌿 ချန်နယ်အရင် join ပါ 🌿🌿
https://t.me/+jkrg52UUpLRiZjhl

Movie Link👇👇
https://t.me/c/1976651464/1904

Credit...
II Mare [2000]

"ငါတို့ခံစားနေရတဲ့ အကြောင်းရင်းက အချစ်တွေရပ်တန့်သွားလို့ မဟုတ်ဘူး ၊ ဆက်ချစ်နေသေးလို့ပဲ ” Kim Eun Joo ဆိုတဲ့ အသံသရုပ်ဆောင်တစ်ယောက်ဟာ Il Mare ကနေပြောင်းတော့ စာတိုက်ပုံးထဲမှာ စာလေးတစ်စောင် ချန်ထားခဲ့တယ် ။

” ကျွန်မက ဒီအိမ်မှာ ရှင့်အရင် နေခဲ့တဲ့သူပါ ၊ အမှန်တကယ်တော့ ကျွန်မရှင့်ကို အကူအညီတောင်းမလို့ပါ ၊ ကျွန်မ စာအချို့ကိုမျှော်နေတာပါ ၊ ကျွန်မနာမည်နဲ့ စာအချို့ရောက်လာရင် ဒီလိပ်စာအတိုင်း ကျွန်မဆီကို ပို့ပေးနိုင်မလားရှင့် ၊ အဲလိုလုပ်ပေးမယ်ဆိုရင် ကျွန်မအမှန်တကယ်ကို ကျေးဇူးတင်မိမှာပါ

”December 21, 1999 ‘Il Mare’ မှာကံကောင်းပါစေလို့ ဆန္ဒပြုလျက် Kim Eun Joo( ခွေးကလေးရဲ့ ခြေရာတွေက ကျွန်မ ပြောင်းမလာခင်ကတည်းက ရှိနေတာပါ ၊ ကျွန်မကြိုးစားဖျက်ကြည့်ပါသေးတယ် ဒါပေမဲ့မရဘူး ၊ ရှင်သိပ်မကြာခင် အသားကျသွားမှာပါ)

Han Seung Hyun ဟာ Il Mare ကိုပြောင်းလာပြီးနောက် အထက်ကစာကလေးကိုရခဲ့တယ် ။ ခွေးခြေရာလည်း အိမ်မှာရှာမတွေ့ခဲ့ပါဘူး ။ စတိုးဆိုင်ကိုမေးကြည့်တော့လဲ သူက Il Mare မှာ ပထမဆုံးနေတာဖြစ်ကြောင်းသိရတယ်

🌿🌿 ချန်နယ်အရင် join ပါ 🌿🌿
https://t.me/+cGvvqZKL7MZlMjBl

Movie Link👇👇
https://t.me/c/1813237766/1890

Credit....
Do Lafzon Ki Kahani (2016) မြန်မာစာတန်းထိုး

လက်ဝှေ့သမားဟောင်း ဆူရက်ဂ်ျ နဲ့ မျက်မမြင်ပန်းပုဆရာမလေး ဂျင်နီ တို့ရဲ့ ဆွတ်ပျံ့ကြည်နူးလွမ်းဆွေးရင်နင့်ဖွယ် အချစ်ဇာတ်ကားလေးပါ။

ဇာတ်လမ်းပုံစံကို အသေးစိတ်မပြောပြတာကတော့ ကျွန်တော် ဒီကားအကြောင်း ထပ်မတွေးချင်တော့လို့ပါ။

ဇာတ်အရမ်းနာတဲ့အတွက် နောက်တခါပြန်ကြည့်ဖို့တောင် အတော်စဉ်းစားယူရတော့မယ်။

ငိုရတယ်ဆိုတာထက် ပိုပါတယ် ရင်ထဲ ဆို့နင့်နေအောင် ထိတဲ့ကားပါဗျာ။

ဟောဒါကတော့ ဘာသာပြန်ပေးသူရဲ့ ရင်တွင်းဖြစ် အညွှန်းပါ။

(ဘောလိဝုဒ်မှာ သိပ်နေရာ မရရှာတဲ့ သဘာ၀မင်းသားတွေထဲက တစ်ယောက်ရယ်..။ တောင်ပိုင်းမင်းသမီး လှလှလေးရယ်။
မင်းသားက ကျိုးနေပြီး မင်းသမီးက ကန်းနေတဲ့ စောက်မတရားဇာတ်နာတဲ့ကားလေး တစ်ကားပါ။ ပြောရင်းကို စိတ်ဆင်းရဲလာပြီ။ :( )

ကဲ ငိုလိုက်ကြရအောင်ဗျာ…

🌿🌿 ချန်နယ်အရင် join ပါ 🌿🌿
https://t.me/+TPS8ULqN70RiZDVl

Movie Link👇👇
https://t.me/c/2046018325/1151

Credit....
"ချစ်သောနှင်းဆီ"

အပိုင်း 11 (ယနေ့ထွက်အပိုင်းသစ်)

ဇာတ်ကားကြည့်ရန်link👇👇
https://t.me/kaungmyathtet124/1048

Channel Join ကြည့်ပါ
👉https://t.me/addlist/tguLdQulCRM0M2I1
Oversize Love (2020)

သဘောကောင်းပြီး လူတကာကို ကူညီပေးတတ်တဲ့ အတွင်းစိတ်လှသူလေးဆိုပေမဲ့သူဟာ အဝလွန်နေတဲ့ လူတစ်ယောက်ဖြစ်တာကြောင့် အပြင်ပန်းကိုပဲမြင်ကြတဲ့ယောကျာ်းလေးတွေရဲ့ အထင်သေးမှုကိုခံရတဲ့လူတစ်ယောက်ဖြစ်ပါတယ်သို့ပေမဲ့လို့ သူ့ကို ဘယ်တုန်းကမှ အထင်မသေးဖူးဘဲနဲ့အရာရာဖြည့်ဆည်းပေးတတ်တဲ့လူကတော့ ရှောင်ရှီးရဲ့အချစ်ဆုံးယောကျာ်းလေးသူငယ်ချင်းဖြစ်တဲ့ နာမည်ကျော်ဂီတထုတ်လုပ်သူဟန်ပင်းပါပဲ ရှောင်ရှီးရဲ့ ဆန္ဒတစ်ခုကတော့ အရမ်းချောတဲ့ကောင်လေးတစ်ယောက်နဲ့ ချိန်းတွေ့နိုင်ဖို့ပါ အဲဒါကြောင့် ရှောင်ရှီးက လှပသွယ်လျတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ချင်လာခဲ့ပါတယ် ဒါပေမဲ့ သူဟာ အစားအရမ်းကြီးပြီးအားကစားမလိုက်စားတဲ့အတွက် သူ့ရဲ့ဆန္ဒဟာ ပြည့်ဝ မလာခဲ့ပါဘူးသို့ပေမဲ့လည်း ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကြောင့် နတ်မင်းတစ်ပါးဆီကနေအိမ်မက် ပိန်ဆေး ရလာပြီးတော့ သူ့ရဲ့အိမ်မက်လေး အမှန်တကယ်ဖြစ်လာတဲ့အချိန်ကို ရောက်ရှိလာပါတယ်

🌿🌿 ချန်နယ်အရင် join ပါ 🌿🌿
https://t.me/+jkrg52UUpLRiZjhl

Movie Link👇👇
https://t.me/c/1976651464/1918

Credit...
Lost But Win (2024)

ဆယ်စုနှစ်တစ်ခုလုံး ဆိုင်ကယ်‌ပြိုင်ပွဲတိုင်းမှာ
ရှုံးပွဲမရှိ ချန်ပီယံဆုချည်းပဲရခဲ့တဲ့ အားဟွာ
အရင်က ဖုန်းယွင်ဆိုင်ကယ်အသင်းမှာ ညီအစ်ကိုဖြစ်ခဲ့ပေမဲ့
ဆယ်စုနှစ်တစ်ခုလုံးမပြောမဆိုပျောက်ကွယ်သွားခဲ့တဲ့ အားထန်
အားဟွာနဲ့အားထန်တို့၂ဦးဟာ ဖုန်းယွင်ဆိုင်ကယ်အသင်းရဲ့
အားကိုးရတဲ့ ပြိုင်ပွဲဝင်တွေဖြစ်ပြီးတော့ အကြောင်းအရင်းအမျိုးမျိုးကြောင်း
အားထန်ကမပြောမဆိုပျောက်သွားပြီး အားဟွာတစ်ယောက်တည်း
အသင်းနာမည်ကိုဆက်လက်ထိန်းသိမ်းခဲ့ရပါတယ် ။

ဒီလိုနဲ့အားဟွာတစ်ယောက်ဆယ်စုနှစ်တစ်ခုလုံး
ဆိုင်ကယ်မောင်းတာကိုလက်မလျှော့ခဲ့ဘဲ ချန်ပီယံဆုတွေချည်းယူခဲ့ပါတယ် ။
တစ်နေ့မှာတော့ ဟောင်ကောင် -ကျူးဟိုင်-မကာအို
စူပါချန်ပီယံဆုပြိုင်ပွဲကြီးမှာ အားဟွာက ချန်ပီယံဆုထပ်ရသွားခဲ့ပါတယ် ။
အဲဒီ‌နေ့မှာ ဆယ်နှစ်လောက်သတင်းမရ ပျောက်ကွယ်သွားခဲ့တဲ့
အားထန်ကပြန်ပေါ်လာပြီးတော့
ချန်ပီယံအားဟွာကိုစိန်ခေါ်မည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ် ။
ဇာတ်လမ်းထဲမှာတော့ ဇာတ်လမ်းနာမည်အတိုင်း Lost but win
ဘယ်လိုဖြစ်သွားမလဲဆိုတာရယ်

🌿🌿 ချန်နယ်အရင် join ပါ 🌿🌿
https://t.me/+56HqLpc6Tfc0MzA1

Movie Link👇👇
https://t.me/c/2061040917/1296

Credit...
Awe ! 2018

Awe ဆိုတဲ့ရုပ်ရှင်ဇာတ်ကားလေးကတော့  ဘက်စုံပညာပေးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ပိုင်းစီကိုအရင်ပြပြီး နောက်မှ ပြောချင်တဲ့အချက်ကိုမီးမောင်းထိုးပြဖို့ အားလုံးကိုချိတ်ဆက်ပြတဲ့ဇာတ်ကားဖြစ်ပါတယ်။ လူတွေရဲ့ယုတ်မာတဲ့စရိုက်တွေ၊ကိုယ့်ဘာသာအတော်ဆုံးလို့အထင်ရောက်တတ်ကြတဲ့မာနတွေ၊သဘာဝသစ်ပင်ပန်းမန်တွေကိုတန်ဖိုးမထားမှုတွေ၊တစ်ကိုယ်တည်းစိတ်အားငယ်တဲ့အခါကြုံရတဲ့စိတ်ခြောက်ခြားမှုတွေ၊သူများပစ္စည်းမတရားလိုချင်တဲ့လောဘတွေ၊စိတ်ထွက်ပေါက်အဖြစ်မူးယစ်ဆေးသုံးတာတွေ၊သူစိမ်းနဲ့မိသားစုကြားမှာပြဿနာကြုံတဲ့အခါ မှန်မှန်မှားမှာ ကိုယ့်မိသားစုကိုပဲကာကွယ်ချင်တဲ့စိတ်တွေစတဲ့စတဲ့ဇာတ်လမ်းရသတွေပါဝင်ပါတယ်ခင်ဗျ။ကြည့်ရတာလဲရသစုံဖြစ်ပါတယ်။ ဒီကားဟာဆိုက်ကိုပိုင်းလည်းအများကြီးပါပါတယ်။
လူအမျိုးမျိုး စိတ်အထွေထွေဆိုတာရှိပါတယ်။ ဒါပေမယ့် လူတစ်ယောက်မှာ စိတ်အမျိုးမျိုးဖြစ်နေရင်တော့ ဒါဟာရူးတယ်လို့ခေါ်ရမှာပါ။ဒါဆို ဘယ်သူကရောမရူးလို့လဲ။မရူးတဲ့လူဘယ်သူရှိလို့လဲ။လိင်စိတ်၊မျိုးနွယ်စွဲစိတ်၊ရှေးရိုးစွဲစိတ်၊အတိတ်ကိုပြန်တောင့်တတဲ့စိတ်

🌿🌿 ချန်နယ်အရင် join ပါ 🌿🌿
https://t.me/+jsw9cr9I2e0xNzFl

Movie Link👇👇
https://t.me/c/1890544192/2109

Credit...
After My Death 2017

ဂယောင်းမင်းဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ ရုတ်တရက်ထူးဆန်းစွာ ပျောက်ဆုံးသွားပါတယ်။ပျောက်ဆုံးပြီးနောက်တစ်ရက်မှာ တံတားတစ်ခုအနားမှာ လွယ်အိတ်နဲ့ သူ့ရဲ့ခြေအိတ်ကိုတွေ့ရပါတယ်။ရဲတွေက တံတားပေါ်က ခုန်ချသတ်သေတယ်ဆိုပြီး ကောက်ချက်ချကြပေမဲ့ကျောင်းသူရဲ့အမေကနောက်ဆုံးအထိ အကြောင်းအရင်းကို သိအောင်လုပ်မယ်ဆိုပြီးခေါင်းမာနေတာကြောင့် ရဲတွေလည်းအခက်ကြုံနေရတာပါ။ဂယောင်းမင်းနဲ့ နောက်ဆုံးအတူရှိခဲ့တဲ့သူက ယောင်ဟီးလို့ခေါ်တဲ့ကျောင်းသူဖြစ်ပြီးတော့ ဂယောင်းမင်းက ယောင်ဟီးကို သူမသေခင်တစ်နေ့မှာ ဖွင့်ပြောခဲ့ပါတယ်။ဒါပေမဲ့ ယောင်ဟီးက ‘ငါ့ကိုချစ်တာကို အသက်စွန့်ပြီး သက်သေပြနိုင်လား’ လို့ပြောခဲ့တာကိုသိသွားကြတဲ့အခါ တရားခံဟာ ယောင်ဟီးဆိုပြီး အကုန်လုံးကစွပ်စွဲအနိုင်ကျင့်ကြပါတော့တယ်။ယောင်ဟီးက တကယ်ပဲ ဂယောင်းမင်းရဲ့သေဆုံးမှုမှာ ပါဝင်ပတ်သက်နေတာလား၊တကယ်ပဲ ဂ‌ယောင်းမင်းက သတ်သေခဲ့တာလား ဆိုတာကိုတော့ ဇာတ်ကားကိုကြည့်ရှုပြီး အဖြေရှာကြည့်လိုက်ကြပါဦး။

🌿🌿 ချန်နယ်အရင် join ပါ 🌿🌿
https://t.me/+cGvvqZKL7MZlMjBl

Movie Link👇👇
https://t.me/c/1813237766/1901

Credit...
Mukunda or Dushman No.1 (2014)

Tholi Prema ဇာတ်ကားနဲ့ ပရိတ်သတ်တွေ ရင်ထဲ အကုန်သိမ်းပိုက်သွားတဲ့ မင်းသားချော Varun Tej ရဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို ချစ်ခြင်းအားဖြင့် တင်ဆက်ပေးလိုက်ပါတယ်

Action လေးလည်းပါတော့ ဖိုက်တာတိုက်တာလေးတွေလည်းပါမယ် #Romance အမျိုးအစားလေးလည်း ဖြစ်တော့ ချစ်တာ ငိုတာလေးလည်းပါမယ်ဗျာ

🌿🌿 ချန်နယ်အရင် join ပါ 🌿🌿
https://t.me/+jsw9cr9I2e0xNzFl

Movie Link👇👇
https://t.me/c/1890544192/2122

Credit...
A Better Tomorrow (2010)

​မြောက်ကိုးရီးယားကနေ စွန့်စွန့်စားစား ထွက်ပြေးလာခဲ့တဲ့ ကင်ဟွတ်ဟာ တောင်ကိုးရီးယား ရဲဌာနမှာ အထူးစုံထောက် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ လက် နက် မှောင် ခို ရောင်းဝယ်ရေးကို မြောက်ကိုးရီးယားမှာကတည်းက သူငယ်ချင်း ဖြစ်ခဲ့တဲ့ ယောင်ချွန်းနဲ့ ခိုး လုပ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ ကင်ဟွတ်ရဲ့ ညီဖြစ်သူ ကင်ချောက မြောက်ကိုးရီးယားကနေ ထွက်ပြေးလာပြီး တောင်ကိုးရီးယားကို ရောက်လာခဲ့ပါတယ်။ အမေသေတာ အစ်ကိုကြောင့်ဆိုပြီး အစ်ကိုကို မုန်းနေတဲ့ ကင်ချော၊ ဂိုဏ်း စ တားတွေရဲ့ သစ္စာမဲ့မှုတွေနဲ့ ပြည့်နှက်နေ‌တဲ့ လောက၊ဘယ်သူတွေက ဘယ်သူ့ကို သစ္စာဖောက်မလဲ။ ပြီးတော့ ဂျိုဂျင်မိုနဲ့ ဆောင်းဆောင်ဟွန်းရဲ့ အ ပစ်အ ခတ် အ ကြမ်းတွေကို ဒီကားမှာ မြိုင်မြိုင်ဆိုင်ဆိုင် တွေ့ရမှာမို လက်မလွှတ်သင့်တဲ့ အက်ရှင် ကားတစ်ကား ဖြစ်ပါတယ်

🌿🌿 ချန်နယ်အရင် join ပါ 🌿🌿
https://t.me/+cGvvqZKL7MZlMjBl

Movie Link👇👇
https://t.me/c/1813237766/1902

Credit...
" Nakorn Sawan " (2018)

နိုင်ငံရပ်ခြားမှာ ပညာသင်နေတဲ့ အသက် ၂၇နှစ်အရွယ် အွေး ဆိုတဲ့ ကောင်မလေးတစ်‌ယောက် မိဘတွေနဲ့ ညတိုင်းဖုန်းပြောတယ်၊ အမေဖြစ်သူကလည်း စာကြိုးစားဖို့ နေကောင်းအောင်နေဖို့ မှာတယ်။
တစ်နေ့တော့ အမေဖြစ်သူ သေဆုံးသွားလို့ ဇာတိမြို့လေး Nakorm-Sawan ကို ပြန်လာပြီး ထိုင်းရိုးရာအတိုင်း အသုဘအခမ်းအနားလုပ်ပြီး ကျောက်ဖရားမြစ်ထဲမှာ ဘုန်းကြီးတွေနဲ့ တရားနာပြီး သေဆုံးသွားသူအမေ့အတွက် အမျှဝေရင်း
အမေဖြစ်သူနဲ့ ဝေးကွာနေချိန်မှာ အွေး ငယ်ငယ်တုန်းက အမှတ်တရတွေကို အဖေလုပ်သူက ပြန်ပြောပြရင်း သမီးဖြစ်သူ အွေးအတွက် ဂုဏ်ယူနေရတဲ့ အမေ့ကို ဆေးရုံပေါ်မှာ ဆေးပိုက်တွေအပြည့်နဲ့ မြင်ရတဲ့အချိန် သေခြင်းတရားအပေါ် သံ‌ဝေဂရတဲ့ အွေးရဲ့ အမြင်တွေရယ်၊
အမေဖြစ်သူအတွက် ကုသိုလ်လုပ်ရင်း အမေက ကောင်းကင်ဘုံ (နတ်ပြည်) ကို ရောက်သွားမှာလို့ ယုံကြည်နေတဲ့
သမီးဖြစ်သူရဲ့ မျှော်လင့်ချက်လေးရယ်၊ အမေဖြစ်သူ အသက်ရှင်စဉ်က ရိုက်ကူးထားတဲ့ မှတ်တမ်းတွေကို ပြန်ကြည့်ရင်း အမေ့ရဲ့ ငယ်ရွယ်မှုတွေအကြောင်းရယ်၊
သေဆုံးသွားသူအမေ့အတွက်

🌿🌿 ချန်နယ်အရင် join ပါ 🌿🌿
https://t.me/+77jhYwX_DWJmZjRl

Movie Link👇👇
https://t.me/c/1978087184/2019

Credit...
Better Days (2019) China

IMDb 7.6/10
Crime Drama Romance Family

ကျောင်းတွင်း အနိုင်ကျင့်မှုက နေရာတိုင်းမှာ ဖြစ်နေတာပါ…
မြင်အောင်ကြည့်ရင် သင်ရှေ့မှာလည်း အနိုင်ကျင့်မှုတစ်ခုခု ရှိနေမှာပါ…
ဒါပေမယ့်… အနိုင်ကျင့်မှုတစ်ခုကို မြင်ရင် ဘယ်လိုဖြေရှင်းမှာလဲ?
ဒီကားထဲက ချန်နမ်ဆိုတဲ့ ကောင်မလေးကတော့ နှုတ်ဆိတ်နေခဲ့တယ်…
ဒီကားထဲက ရှောင်ပေကတော့ သူ့နည်း သူ့ဟန်နဲ့ ကာကွယ်ပေးလိုက်တယ်…
ဘယ်သူ့နည်းလမ်းက အမှန်ဖြစ်မှာလဲ?
သင်ဆိုရင်ရော ဘယ်လိုလုပ်မှာလဲ ?PS. မျက်ရည်ခိုင်မှ ကြည့်စေလိုပါတယ်

🌿🌿 ချန်နယ်အရင် join ပါ 🌿🌿
https://t.me/+jkrg52UUpLRiZjhl

Movie Link👇👇
https://t.me/c/1976651464/1930

Credit...
My Blue Summer 2022

" ကျွန်မဒိုင်ယာရီအထူးကြီးတစ်အုပ်ရေးခဲ့ဖူးတယ်။
ဒိုင်ယာရီထဲကစကားလုံးတိုင်းကဖော်ပြနေခဲ့တာ
လူတစ်ယောက်ထဲရဲ့အကြောင်းကိုပဲ။
ဒီကမ္ဘာပေါ်မှာထိန်းသိမ်းဖိုအလွယ်ဆုံးနဲ့
ဖျက်ဆီးဖိုအလွယ်ဆုံးက တစ်ဖက်သတ်အချစ်ပဲ။
ကျွန်မအဆက်မပြတ်အလုပ်တွေရှုပ်အောင်လုပ်နေခဲ့တာ
သူနဲ့ အဲဒီတုန်းကအချိန်တွေကိုမေ့ပစ်ဖိုပဲ။ " (လော့ကျီ)

"ငါတိုအတူတူနှစ်သက်ခဲ့တဲ့ မိုးရာသီက
ငါ့အတွက်ခက်ခဲတဲ့နေ့ရက်တွေအဖြစ် ပြောင်းသွားခဲ့တယ်။ " (ရှန့်ဟွိင်နန်)

တစ်ခါတုန်းကစာတော်ပြီးထူးချွန်တဲ့
အထက်တန်းကျောင်းသူလေးလော့ကျီက
ရှန့်ဟွိင်နန်ဆိုတဲ့ကောင်လေးတစ်ယောက်ကို
တစ်ဖက်သတ်ချစ်နေခဲ့တယ်။
ကောင်လေးကတော့ ဒါတွေကိုမသိခဲ့ပါဘူး။

အထက်တန်းပြီးသွားတော့ သူတိုနှစ်ယောက်က
တက္ကသိုလ်တစ်ခုတည်းပဲဆိုတာ လော့ကျီသိလိုက်ရတယ်။
နှစ်ယောက်သားမထင်မှတ်ပဲပြန်ဆုံတွေ့ပြီး
ရင်းနီးလာကြခဲ့တယ်။ ရင်ထဲကအချစ်တွေကိုတော့ဖော်မပြရဲခဲ့ပါဘူး၊
ကြီးပြင်းလာရင်း ဘဝရဲ့ဖိအားတွေနဲ့ သူတိုရဲ့အချစ်တွေက
ဘယ်လိုဖြစ်သွားမလဲဆိုတာကို ငယ်ရွယ်တဲ့ကျောင်းသားဘဝကို
ပြန်လည်လွမ်းဆွတ်အမှတ်ရရင်း

🌿🌿 ချန်နယ်အရင် join ပါ 🌿🌿
https://t.me/+cGvvqZKL7MZlMjBl

Movie Link
https://t.me/c/1813237766/1911

Credit...