🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.08K subscribers
12.7K photos
1.04K videos
4 files
758 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
ယနေ့မနက် ထိုင်ဝမ်မှာလှုပ်ခတ်သွားသည့် အင်အားပြင်း ငလျှင်များ
This media is not supported in your browser
VIEW IN TELEGRAM
🟩🟩🟩
အနာဂတ်နိုင်ငံတော်အတွက် စိတ်ချရပြီ
🟩🟩🟩

စစ်ထဲ မ၀င်ရလို့ ငိုနေတဲ့ ကလေး

စစ်သားတစ်ယောက်ရဲ့
အခက်အခဲတွေ ပင်ပန်းကြမ်းမှုတွေကို သိတယ်

သိလို့ကိုဝင်ချင်တာတဲ့

လေးစားတာထက်တောင်ပိုတယ်
ကလေးရေ

💪💪💪💪💪💪💪

မှိုင်းဝေ



သတင်းတွေဖတ်ရန် 👉🏿 နှိပ်ပါ
Media is too big
VIEW IN TELEGRAM
သတိပြုရမည့် အပူဒဏ် အန္တရာယ်များ
Media is too big
VIEW IN TELEGRAM
ကြိုတင်ကာကွယ် အပူဒဏ် အန္တရာယ်
Forwarded from Min Zaw Lwin
မြန်မာနိုင်ငံအခြေအနေမတည်ငြိမ်ဖိုနှင့် ကိုလိုနီလက်သစ်ရည်မှန်းချက်များသွတ်သွင်းဖို အနောက်နိုင်ငံများက အစွန်း ရောက်အုပ်စုများကို ထောက်ခံအားပေးနေကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးပြောကြား
မြ၀တီ-ညီနောင်ဗျုဟာဖြစ်စဥ်က
သူတင်ကိုယ်တင်ဆော်ပြီးကျသွားတာမျိုးမဟုတ်။ရန်သူကိုအချိန်အကြာကြီးတပ်တွေကိုတိုက်ဖို့မလှမ်းမကမ်းမှာစုဖွဲ့ခွင့်ပြုထားခဲ့တာမျိုးတွေရှိတယ်။လုပ်သင့်လုပ်ထိုက်တာမျိုးတွေကြိုတင်ရှင်းလင်းတာမျိုးတွေအားထုတ်တာမျိုးမတွေ့ဘူး၊တစ်ဖက်အစုအဖွဲ့သွားလာလှုပ်ရှားသတင်းတွေကမြ၀တီနေပြည်သူတိုင်းခလေးကအစသိကြတယ်။ဒါလည်းအထက်ကိုအခြေအနေအမှန်တင်ပြအစီရင်ခံအကြံတောင်းတာမျိုးနဲ့ဒေသခံမိမိဘက်တော်သားအဖွဲ့အစည်းအချို့အကူအညီယူပြီးကြိုတင်ရှင်းလင်းပြီးလခရယူထားတာမျိုးမတွေ့ရပါဘူး၊ရွာတွေထဲ မြို့ထဲရန်သူက၀င်ထွက်သွားလာနေတာမျိုးရှိတယ်၊တစ်ခုဆိုးတာက EAOအဖွဲ့စုံကလည်းရှိနေတော့ဘက်ခွာဘက်ပြောင်း၀င်ထွက်တာမျိုးရော၊အရပ်သားအသွင်စျေး၀ယ်ထွက်တာမျိုးကအစ အရင်တည်းကကိုရောထွေးပြီးရှိနေကြတယ်။အထူးသဖြင့်ရကောက်တွေအကြံအဖန်ကလွဲပြီးဘာလခရမှစိတ်၀င်စားတာမျိုးလုံး၀မတွေ့ရပါဘူး။သက်ဆိုင်ရာBGFကပဲလခရလုပ်နေတာမျိုး ကင်းလှည့်တာမျိုးမြင်ရတယ်၊အခုလက်ရှိကိုမြ၀တီမြို့ထဲမှာ၅၀၅တွေရော၊၀ရမ်းပြေးတွေရော၊ငပွေးတွေရောစိမ့်၀င်နေထိုင်ခွင့်ပေးနေတာမျိုးရှိနေတယ် ကမ်းကူးပေါက်တွေမှာအာတကေပေးရင်အကုန်၀င်ခွင့်ပြုထားတယ်။

နယ်စပ်မြို့ထုံးစံအတိုင်းရောက်လာသမျှပုဂ္ဂိုလ်ဂွင်ချက်တာနဲ့မကင်းကြပါဘူး။စစ်သားစစ်စစ်တွေလည်းရှိနေတော့သူတို့ကိုတော့လေးစားအားနာပေမယ့်စစ်ပုံမကျ စီးပွားရှာကြသူတွေကိုတော့အားမနာတမ်းပြောလိုက်ချင်မိတယ်။ခလေးတွေညှာတယ်မှီခိုတွေညှာတယ်ဆိုပြီးစစ်သားကဆင်​ေ၀ှ့ရန်ရှောင်ပြောလို့မရပါဘူးအခြေအနေကိုထောက်လှမ်းပြီးကြိုတင်ပြင်ဆင်မှုမျိုးလုပ်နိုင်ရမှာဖြစ်ပါတယ်ဒီလိုမတိုက်ခင်တည်းကသတင်းကသာမာန်အရပ်သားတောင်သိလို့လိုင်းပေါ်တင်သတိပေးကြတာတွေရှိတယ်။စစ်သားစစ်တိုက်ပြီးကျရှုံးတာမျိုးကပဲဂုဏ်ယူစရာကောင်းပါတယ်၊တစ်ဖက်ကပိုအားရမှာစိုးလို့ထိမ်းသာရေးထားတာ။ရန်သူကအားထည့်တောင်မတိုက်ရသေးဘူးလက်နက်ကြီးတွေပစ်ပြေးတာမျိုးကတော့တကယ်ရုပ်ပေါ်က်လွန်းပါတယ်။ထားခဲ့တဲ့လက်နက်တွေနဲ့သာ ရသလောက်တိုက်ရင်တောင်ဂုဏ်ရှိစရာလိုယူဆလို့ရပါတယ်။ပြောနေရင်းရေးနေရင်းလက်လွန်လာမှာစိုးလို့အဆုံးသတ်အနေနဲ့ဒီစခန်းတွေ ကျတဲ့ကိစ္စမျိုးတွေအတွက်တာ၀န်ရှိသူတွေကိုတပ်မတော်အကြီး အကဲတွေမှစစ်ခုံရုံးတင်စစ်ဆေးသင့်ပါတယ်။သိထားသမျှ သာချရေးပြရင်ကိုယ့်အတွက်လည်းမကောင်းဖြစ်ရတော့မယ်။စစ်သားစစ်တိုက်ပြီးစခန့်စွန့်တာထက်စစ်မတိုက်ခင်တည်းကစခန်းစွန့်ဖို့ကြံစည်နေတာမျိုးကတော့ရုပ်ပေါ်က်လွန်းတယ်

တကယ့်တိုက်ချင်တဲ့အောက်ခြေကခလေးတွေကိုလည်းအားနာမိတယ်၊မိမိရဲ့စီမံခန့်ခွဲမှုညံ့ဖျင်းတာထက်မိမိရဲ့တပ်မတော်မိသားစုအဖွဲ့အစည်းအပေါ်ကိုသစ္စာဖောက်တယ်လို့ပဲသုံးသပ်မိတယ်။တပ်မတော်အနေနဲ့စစ်သားပီသတဲ့တာ၀န်ယူမှုတာ၀န်ခံမှုအပြည့်ရှိတဲ့စစ်သားအကြီးအကဲစစ်စစ်တွေမြ၀တီလိုကျားရဲတောမျိုးမှာရွေးချယ်တာ၀န်ပေးသင့်ပါတယ်

Saw Nay Htoo
Forwarded from á€Ľá€Žá€¸ ဖက်ဒရယ်ငြိမ်းချမ်း
တစ်နိုင်ငံ စနစ်နှစ်မျိုး အုပ်ချုပ်ရေးပုံစံကို တိမ်းညွတ်လာတဲ့ တိုင်းရင်းသားအဖွဲ့တွေ

• စိုင်းထွန်းအောင်လွင်

• ပြင်ပဆောင်းပါးရှင်

၂၃ သြဂုတ် ၂၀၁၉

ဝခေါင်းဆာင်နဲ့တွေ့ဆုံခဲ့တဲ့ တရုတ် အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်းကော်ရှန်း

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အဲန်အယ်ဒီအစိုးရ အာဏာရလာချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ခိုက်နေတဲ့ စစ်ပွဲတွေ ရပ်တန့်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ဦးစားပေးလုပ်ငန်းစဉ် အဖြစ် ချမှတ်ခဲ့ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံဆိုတဲ့ ဆွေးနွေးပွဲ လုပ်ငန်းစဉ်တစ်ခုကို အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေမှာ တိုးတက်မှုတွေ မတွေ့ရပဲ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အကြား ထိတွေ့တိုက်ပွဲတွေ နေရာတော်တော်များများမှာ ဖြစ်လာခဲ့ပါတယ်။

တိုင်းရင်းသားတွေကလည်း ဖက်ဒရယ်ပြည်ထောင်စုမူကို ကိုင်စွဲလို့ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတွေကို ပိုပြီး တောင်းဆိုလာခဲ့ပါတယ်။

အဲန်အယ်ဒီအစိုးရနဲ့ တပ်မတော်တို့နဲ့ ဆွေးနွေးမှုတွေမှာ တိုးတက်မှု မတွေ့ရဘူးဆိုပြီး တိုင်းရင်းသားအဖွဲ့တချို့က တစ်နိုင်ငံ စနစ်နှစ်မျိုး အုပ်ချုပ်မှု ပုံစံကို လိုလားတိမ်းညွတ်လာခဲ့တာ ကိုလည်း တွေ့ရပါတယ်။

အဲဒီ ပုံစံကို စတင် အကြံပြုခဲ့သူက မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ စိတ်ဝင်တစား ပါဝင် ပတ်သက်လာနေတဲ့ တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေ ဖြစ်လို့ နေပါတယ်။

(က ) လွတ်လပ်တဲ့ ကိုယ့်နယ်မြေကို ပြန်ယူကြစို့ ဆိုတဲ့ ကိုးကန့်ခေါင်းဆောင်

မျိုးဆက်သစ်တွေ အနေနဲ့ ကိုယ့်နယ်မြေကို ပြန်ရရေးအတွက် သမိုင်းပေး တာဝန်ကို လက်ဆင့်ကမ်း ရယူထမ်းဆောင်ဖို့ ဆိုပြီး ဝါရင့် ကိုးကန့် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဖုန်ကြားရှင်က ပြီးခဲ့တဲ့ မတ်လတုန်းက သူ့တပ်ဖွဲ့ဝင်တွေကို တိုက်တွန်းခဲ့ပါတယ်။

မြန်မာ-တရုတ် နယ်စပ် တနေရာ ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေမှာ ကျင်းပတဲ့ MNDAA မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့ထူထောင်ခြင်း နှစ် ၃၀ ပြည့်အခမ်းအနားမှာ တိုက်တွန်းခဲ့တာပါ။

တရုတ်လို (Guo- Ming) ဆိုတဲ့ လွတ်လပ်တဲ့ နယ်မြေ သို့မဟုတ် နိုင်ငံ သဘော အသုံးအနှုန်းကို သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာကြည့်ရင် ဗမာပြည်ကွန်မြူနစ်ပါတီခေတ်ကတည်းက တော်လှန်ရေးထဲ ပါဝင်လာခဲ့တဲ့ ကိုးကန့်ခေါင်းဆောင်အနေနဲ့ အသက်အရွယ်ကြီးမြင့်တဲ့အထိ ကိုးကန့်ဒေသကို ပြန်လည်ထိန်းချုပ်ခွင့်ဆိုတဲ့ ကိစ္စအပေါ် အားမလျှော့သေးတဲ့ သဘောဆောင်နေတာတော့ အသေချာပါပဲ။

ဝနဲ့ MNDAA ခေါင်းဆောင်တွေတွေ့

သူတို့ နယ်မြေဆိုတာ ဖက်ဒရယ် ဒီမိုကရေစီ စနစ်အရ သွားမယ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် နယ်မြေလား၊ ဒေသ အကြီးအကဲတွေကပဲ အစဉ်အလာအရ ဆက်အုပ်ချုပ်မယ့် နယ်မြေလားဆိုတာတော့ အဲဒီ အခမ်းအနားမှာ ပြောမသွားပါဘူး။

ဖုန်ကြားရှင်နဲ့ နီးစပ်ခင်မင်ဖူးတဲ့ ဗမာပြည်ကွန်မြူနစ် ပါတီဝင်ဟောင်းတဦးကတော့ ဖုန်ညီအစ်ကိုတွေအနေနဲ့ ကွန်မြူနစ် စနစ်နဲ့သာ ရင်းနှီးခဲ့တာဖြစ်တဲ့အတွက် ပါတီကိုလည်း တရုတ်ကွန်မြူနစ်ပုံစံသာ တည်ဆောက်လေ့ရှိတယ်။ ဒီမိုကရေစီတွေ၊ ဖက်ဒရယ်တွေ တခါမှ ပြောသံမကြားဖူးဘူးလို့ မှတ်ချက်ပြုပါတယ်။

တကယ်တော့ ကိုးကန့် နယ်မြေဟာ အင်္ဂလိပ်နဲ့ တရုတ် ၁၈၉၅ ခုနှစ် စာချုပ်အရ လက်ရှိ မြန်မာပြည်မြေပုံ နယ်နိမိတ်ထဲပါလာခဲ့ပေမယ့် ဗမာပြည်မ လက်အောက်ထဲ တိုက်ရိုက်ပါခဲ့တာ မဟုတ်ပါဘူး။

ရှမ်းစော်ဘွား ကောင်စီ အုပ်ချုပ်တဲ့ Federated Shan State အောက်က သိန္ဒီစော်ဘွားအောက် အစောပိုင်း စော်ဘွားငယ်အုပ်ချုပ်တဲ့ ဒေသအဖြစ် ကိုးကန့် ဒေသဟာ ပါလာခဲ့ပြီး ဒုတိယ ကမ္ဘာစစ်အတွင်းက ကိုးကန့် စော်ဘွားတပ်တွေဟာ ဂျပန်ကို တိုက်ပေးခဲ့တဲ့အတွက် စစ်အပြီးမှာ ကိုးကန့်နယ်ကို စော်ဘွားအဆင့်အဖြစ် အင်္ဂလိပ်က အသိအမှတ်ပြု တိုးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီး ကာလတလျှောက် ကိုးကန့်ဒေသဟာ အုပ်ချုပ်သူအမျိုးမျိုးနဲ့ ကြုံခဲ့ရပေမယ့် ၂၀၀၉ ခုနှစ် ကိုးကန့် ဒေသကို အစိုးရတပ်တွေ ဝင်မတိုက်ခင်ကာလအထိတော့ သူတို့ရဲ့ အစဉ်အဆက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဟာ ပုံစံတမျိုးနဲ့ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဖုန်ကြားရှင်က'ဒီဒေသမှာ ငါတို့ဟာ အစဉ်အဆက် နေလာခဲ့သူတွေ ဖြစ်တယ်။ လွတ်လပ်တဲ့ ကိုယ့်နယ်မြေပြန်ရဖို့ ဆိုတဲ့ ကိစ္စကို မျိုးဆက်သစ်တွေအနေနဲ့ လက်ဆင့်ကမ်း တာဝန်ယူသွားကြရမှာဖြစ်တယ်။' လို့ ၂၀၁၉ မတ်လ အတွင်းက ကျင်းပခဲ့တဲ့ MNDAA ထူထောင်ခြင်း နှစ် ၃၀ ပြည့်အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

(ခ) UWSA ဝ နိုင်ငံရေး ဦးဆောင်မှုအောက်ကို လိုက်မယ်ဆိုတဲ့ TNLA တအာန်းပလောင်

မြန်မာ့အရေးလေ့လာသူတွေရဲ့ အဆိုအရတော့ တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစု မဟာမိတ် သမိုင်းတလျှောက် နိုင်ငံရေးအရ ဦးဆောင်မှု အားအနည်းဆုံး အဖွဲ့က UWSA ဝ ဦးဆောင်တဲ့ FPNCC အဖွဲ့လို့ ဆိုပါတယ်။ ဒီအဖွဲ့မှာ အဖွဲ့ဝင် ၇ ဖွဲ့ ပါပြီး တစ်ဖွဲ့ချင်းစီမှာ သီးခြားနိုင်ငံရေး အရ ရပ်တည်ချက်၊ လိုလားချက်တွေရှိနေခဲ့ပြီး အားလုံးစုပေါင်း ဘုံရပ်တည်ချက်မျိုး ချပြ ထုတ်ပြနိုင်ခဲ့တာမျိုး မတွေ့ရသလောက် ဖြစ်ပါတယ်။
Forwarded from á€Ľá€Žá€¸ ဖက်ဒရယ်ငြိမ်းချမ်း
နောက်ပိုင်းနှစ်တွေအတွင်း အင်အားကြီးလာတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် TNLA / PSLF တအာန်းပလောင် လွတ်မြောက်ရေး တပ်ဖွဲ့/ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးက အဲဒီ FPNCC အဖွဲ့ထဲပါသလို ဝ တပ်ဖွဲ့နဲ့လည်း နီးစပ်မှု ရှိတဲ့အဖွဲ့ပါ။

မျိုးနွယ်စုအရလည်း မွန် ခမာ အနွယ်ချင်းနီးစပ်မှု ရှိပါတယ်။ ဝ တပ်ဖွဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃၀ ပြည့်အတွက် တအာန်းတပ်ဖွဲ့က ပြီးခဲ့တဲ့ ဧပြီလတုန်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ မွန် ခမာ အနွယ်ချင်း အတူတူဖြစ်တဲ့အတွက် UWSA ဝ ရဲ့ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုအောက်ကို လေးနက်တည်ကြည်စွာ လိုက်ပါ ဆောင်ရွက်သွားမှာ ဖြစ်ပြီး မွန် ခမာအနွယ် အချင်းချင်း ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အတူလက်တွဲ ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။



ဓာတ်ပုံ ရင်းမြစ်,SAI TUN AUNG LWIN

ဓာတ်ပုံ ပုံစာ,

ပန်ဆန်းညီလာခံတက်ခဲ့တဲ့ တအာင်းကိုယ်စားလှယ်တွေ

'ဝ ၊ မွန် ၊ နဲ့ တအာန်း လူမျိုးတွေဟာ သမိုင်းနောက်ခံ ခိုင်မာတဲ့ မွန်ခမာ အနွယ်တွေဖြစ်ပြီး စစ်ရှုံးနိမ့်မှုတွေကြောင့် တိုင်းပြည် ပျက်စီးခဲ့ရတယ်။ လက်ရှိအချိန်မှာ ခမာလူမျိုးတွေကသာ ကမ္ဘောဒီးယားနိုင်ငံအဖြစ် ရပ်တည်လျက်ရှိနေပြီး ဝ၊ မွန်၊ တအာန်းလူမျိုးတွေဟာ အမျိုးသား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ရုန်းကန် တိုက်ပွဲဝင်နေရပြီး ဝ ခေါင်းဆောင်တွေရဲ့ လက်ထက်မှာ အခုလို စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ခိုင်မာတောင့်တင်းလာမှုတွေဟာ မွန်၊ ခမာတွေရဲ့ အောင်မြင်မှု အဖြစ် မှတ်ယူရမှာဖြစ်တယ်' လို့ ဧပြီလ ၁၇ ရက် ရက်စွဲနဲ့ UWSA ထံ TNLA/PSLF က ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အဲဒီ သဝဏ်လွှာမှာ ဖော်ပြထားတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟာ အင်ဒိုနီးရှားကနေ တီမော ခွဲထွက်သွားသလို External ကိုယ်ပိုင်ပြဌာန်းခွင့်လား၊ အာချေးပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသလို Internal ကိုယ်ပိုင်ပြဌာန်းခွင့်လားဆိုတဲ့ ဧပြီလတုန်းက အဲဒီသဝဏ်လွှာနဲ့ ပတ်သက်တဲ့ မေးခွန်းကို TNLA/PSLF တာဝန်ရှိသူတွေက တိတိပပ ဖြေဆိုခဲ့တာ မရှိဘဲ 'စောင့်ကြည့်ပါ' လို့သာ ပြန်လည် ဖြေကြားခဲ့ပါတယ်။

(ဂ) ကေအိုင်အိုဆီတောင် မလာနိုင်တော့တဲ့ မဟာမိတ်တွေတွေ

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ပြင်ဦးလွင်၊ နောင်ချို တိုက်ခိုက်မှုတွေ မဖြစ်ပေါ်မီ ကာလမှာ မြောက်ပိုင်းက အန်စီအေ လက်မှတ်ရေးထိုးဖို့ နဲ့ တဖွဲ့ချင်း အပစ်ရပ်စဲရေးလက်မှတ်ရေးထိုးဖို့ ကျန်တဲ့ အဖွဲ့ ၄ ဖွဲ့ဖြစ်တဲ့ ကေအိုင်အို (ကချင်)၊ TNLA/PSLF (တအာန်းပလောင်)၊ ကိုးကန့် MNDAA ၊ AA ( ရက္ခိုင့်တပ်မတော် ) တို့ စုပြီး မိုင်ဂျာယန်မှာ တွေ့ဆုံရအောင် ဆိုပြီး ကေအိုင်အိုက ဖိတ်ကြားခဲ့ပါတယ်။

အစိုးရနဲ့ တွေ့ရင် နယ်မြေချင်းဆက်စပ်နေတဲ့ အဖွဲ့တွေအနေနဲ့ ဘာတွေ ဆွေးနွေးကြမလဲဆိုတာ ကြိုတင်ညှိနှိုင်းထားဖို့ ဖြစ်တယ် ဆိုပြီး ကေအိုင်အိုဘက်က အကြောင်းပြချက် ပေးခဲ့ပါတယ်။

ဒါပေမယ့် ညီနောင် ၃ ဖွဲ့ဖြစ်တဲ့ တအာန်းပလောင် TNLA ၊ ကိုးကန့် MNDAA ၊ အေအေ တို့က အဲဒီအစည်းအဝေးကို လာရောက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ ကေအိုင်အေ အရာရှိတစ်ဦးက ပြန်ပြောပြပါတယ်။

ထူးခြားချက်ကတော့ အေအေ ဆိုတဲ့ ရခိုင်အဖွဲ့ဆိုတာ လိုင်ဇာမှာ ကေအိုင်အေ က မွေးဖွားပေးခဲ့တဲ့ အဖွဲ့ဖြစ်သလို TNLA ဆိုတာကလည်း ရပ်တည်နိုင်အောင် ကေအိုင်အေက ထောက်ပံ့ကူညီပေးခဲ့တဲ့ အဖွဲ့ ဖြစ်ပေမယ့် အခုတော့ ကေအိုင်အိုရဲ့ ဖိတ်ကြားချက်ကို သူတို့က ငြင်းဆန်ခဲ့တာပဲ ဖြစ်ပါတယ်။



ဓာတ်ပုံ ရင်းမြစ်,AFP/GETTY IMAGES

ဓာတ်ပုံ ပုံစာ,
Forwarded from á€Ąá€ąá€Źá€„်စစ်သည် (အောင်စစ်သည်)
This media is not supported in your browser
VIEW IN TELEGRAM
ချင်းပြည်နယ်နဲ့ ယောဒေသကို စစ်အင်အား ဖြည့်တင်းဖို့ပခုက္ကူမြို့မှ ထွက်ခွာလာတဲ့ မိမိတပ်ရဲ့ ယာဉ်တန်း ကြားဖြတ် တိုက်ခိုက်ခံရပြီး ရိက္ခာတင်ကား (၈) စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တဲ့ ရုပ်သံကိုသူပုန်ဖက်ကခုလိုတင်ထားပါတယ်....နောက်ယဥ်တန်းများဂရုစိုက်ကြပါ...သူပုန်ကမိမိဖက်ကစစ်ထွက်အင်အားကစသိနေတာတွေကတော့...မဖြစ်သင့်ပါဘူး...

တိုက်ပွဲအတွင်း မိမိဖက်ကထောက်ပို့ ရိက္ခာတင် ကား ခုနစ်စီးကိုသူပုန်က မီးရှို့ ဖျက်ဆီးခဲ့ပြီး ကမ္မမြို့နဲ့ သာကြီးတောင် ရေနံမြေကြားမှာ တစ်စီး ရိက္ခာတင်ကား စုစုပေါင်း ရှစ်စီး ဆုံးရှုံးခဲ့ရပါတယ်....
ရိက္ခာတင်ကားအပြင်
ဒရုန်း အစင်းရေ ၃၀ ခန့်လည်း ဆုံးရှုံးခဲ့ရပါတယ်...