🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.08K subscribers
12.7K photos
1.04K videos
4 files
764 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
FED ဒရုန်းတပ်ဖွဲ့မှ ဆရာဝန်နှစ်ဦး ထွက်ပြေးကာ SAC ထံ အလင်းဝင်

◾️ထွက်ပြေးသော ဆရာဝန်နှစ်ဦးကို “ဖောက်ပြန်ရေး သမား၊ သစ္စာဖောက်”ဟု တံဆိပ်ကပ်ကာ နာမည်ပျက် စာရင်းသွင်း၍ ထုတ်ပယ်ကြောင်း ကြေညာ

၂၄. ၈. ၂၀၂၃
Written by Nay Moe

NUG နှင့် KNLA တို့ဖြင့်ပူးပေါင်းကာ Drone သင်တန်းများ ပို့ချပေးပြီး တ်ိုက်ပွဲများဆင်နွှဲနေသော FED ဒရုန်းတပ်မှ တပ်ဖွဲ့ဝင် ဆရာဝန်နှစ်ဦး ထွက်ပြေးမှုဖြစ်ပွားခဲ့ပြီး ထိုဆရာဝန်နှစ်ဦးကို “ဖောက်ပြန်ရေးသမား၊ သစ္စာဖောက်”ဟု တံဆိပ်ကပ်ကာ နာမည်ပျက်စာရင်းသွင်း၍ ထုတ်ပယ်ကြောင်း FED (Force For Federal Democracy) အဖွဲ့က ကြေညာထားသည်။

SAC ထံ အလင်းဝင်သွားသည်ဟု သိရှိရသော ထိုဆရာဝန်နှစ်ဦးသည် ဩဂုတ် ၂၁ ရက်နေ့တွင် FFD တပ်ဖွဲ့ မှ ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟုလည်း ကနဦးသတင်းများအရ သိရ...

ဆက်လက်ဖတ်ရှုရန်
https://www.mtnewstoday.com/?p=33545
#FED #PDF #NUG #sac
#myanmar_transparency_news #mtnews
အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုခြင်းမရှိခဲ့သူများနှင့် စနစ် ဟောင်း ဒသမတန်း(Grade 11) တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြုမည်
………………………………………………

နေပြည်တော်၊ ဩဂုတ် ၂၄

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတစ်စောင်လျှင် (၂ဝဝိ/-) နှင့် စာမေးပွဲဝင်ကြေး အတွက် (၇ဝဝိ/-) တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန၊ ငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် ၂၀၂၃-ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။
သြဂုတ်၊၂၄


မန္တလေးမြို့၊ မန္တလေး-စစ်ကိုင်း
ရတနာပုံ တံတားတွင် စစ်ကိုင်းတိုင်းဒေသကြီးကို ဖျက်စီးနေသော KIO/KIA အလိုမရှိ၊ ဗမာနှင့်တိုင်းရင်းသားများအကြားသွေးခွဲနေသော KIO/KIA အလိုမရှိကြောင်း ပြည်သူများ ဆန္ဒထုတ်ဖော်လျှ က်ရှိသည်။
Aug 24

ရန်ကုန်တိုင်း
သန်လျင်မှာ လျှပ်စစ်မီးကြိုး ခိုးသူမှ ဓားဖြင့် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ
============================================
ဩဂုတ်လ ၂၄ ရက်


ဒီကနေ့ သြဂုတ်လ ၂၄ ရက်၊ မနက် ၄ နာရီ ဝန်းကျင်က လျှပ်စစ်မီးကြိုး ခိုးနေစဥ် ရပ်ကွက်က ဖုန်းဆက် တိုင်ကြားလို့ ကင်းလှည့်နေ တဲ့ လခရ နဲ့ ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးရာ ဓားနဲ့ ပြန်လည်ခုခံလို့ သေနတ် ပစ်ခတ် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။

"သူခိုးမှာ ဓားအရှည် တစ်လက်၊ အတို တစ်လက် ပါလာတယ်။ ပုံစံကတော့ ထောင်ထွက် ပုံစံမျိုးပါ။ ရဲတွေ ဖမ်းတော့ ပြန်ပြီး ဓါးနဲ့ခုတ်လို့ ရဲက သေနတ်နဲ့ ပစ်ဖမ်းလိုက်တာ။ ခြေထောက်ကို ၂ ချက်ထိပြီး ဖမ်းမိသွားတယ်။ ဒီဘက်မှာ မီးကြိုးတွေ လိုက်ခိုးနေတဲ့သူတွေလည်း အများကြီးရှိတယ်" လို့ ဒေသခံတွေကပြောကြားကြောင်း သိရှိရပါသည်။

#SQ
Aug 24

ကျိုက်ထိုမြို့နှင့် ကျိုက္ကသာသွား ရွာချင်းဆက်လမ်း၊ ဘိုရားကြီးကျေးရွာအနီးတွင် BGF တပ် နယ်(၂)မှ ဗိုလ်အဆင့်ရှိသူ နှင့် ဇနီးတို့ကို KNU/ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်
*******
သြဂုတ် ၂၃

         ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် မွန် ပြည်နယ်၊ ကျိုက်ထိုမြို့မှ ကျိုက္ကသာသွား ရွာချင်းဆက်လမ်း၊ ဘိုရားကြီးကျေးရွာအနီးတွင်......

အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 👇

Webpage >>...

https://positiveanglenews.com/2023/08/24/ကျိုက်ထိုမြို့နှင့်-ကျိ/

#PAN
Aug 24

ကသာမြို့နယ်၌ ခရရ/မနရ/မမစ(ကသာ)အား အကြမ်းဖက် PDF က Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်မှုကြောင့် ကလေး ၂ ဦးနှင့် အမျိုးသား ၁ ဦးဒဏ်ရာရ
====================================================
၂၀၂၃ ၊ ဩဂုတ် ၂၄

ယမန်နေ့ ဩဂုတ် ၂၃ ရက် နံနက် ၆နာရီ ၁၀ မိနစ်အချိန် ကသာခရိုင် ကသာမြို့နယ် မြောက်ပိုင်းရပ်ကွက်ရှိ ခရရ/မနရ/မမစ(ကသာ)တွင် ပူးပေါင်းအဖွဲ့က အခြေပြုလုံခြုံရေး ဆောင်ရွက်နေစဉ် -

အကြမ်း ဖက်အုပ်စု PDF က ရဲစခန်း၏မြောက်ဘက် ၄ မိုင်ခန့်အကွာ ပေါမမြိုင်ကျေးရွာဘက်မှ Drone ၁ ဖြင့် Drop Bomb ၁ လုံးပစ်ချ တိုက်ခိုက်ခဲ့ရာ ကသာမြို့မရဲစခန်းရုံး၏အနောက်ဘက် ပေ ၁၀၀ ခန့်အကွာရှိ ၄ ခန်းတွဲ ပျဉ်ကာ/သွပ်မိုး ၁ ထပ်နေအိမ်လိုင်းခန်း၏အနောက်ဘက် ပေ၅၀ ခန့်အကွာရှိ ရဲတက အေးလွင် ၏ အိမ်သာအမိုးပေါ် သို့ ဗုံးသီး ၁ လုံးကျရောက်ပေါက်ကွဲခဲ့၍ အိမ်သာနှင့်သွပ်မိုး ၂ ချပ်(တန်ဖိုး ၅၀,၀၀၀ ကျပ်ခန့်) ပျက်စီးခဲ့ပြီး နေအိမ်လိုင်းခန်းအတွင်း၌ရှိနေကြသည့် ရဲတက အေးလွင် ၏တူမဖြစ်သူ မယုယုမေ (၁၀)နှစ် ဗမာ/ဗုဒ္ဓ Grade 2 (အထက-၁၊ ကသာ)တွင် ဝဲခြေဖမိုးပေါက်ပြဲ ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ မောင်ပြည့်ဖြိုးနိုင်(၁၀)နှစ် ဗမာ/ဗုဒ္ဓ Grade 2 (အထက-၁၊ ကသာ)တွင် နောက်ကျောပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ရဲတသ ချစ်ဇော်သက် ၏ညီဝမ်းကွဲတော်စပ်သူ စိုင်းနောင်ခမ်း(၁၈)နှစ်တွင် ဝဲလက်ကောက်ဝတ်ပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို့အသီးသီးရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူများအား ကသာမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် -

ယင်းနေ့ ၇နာရီ ၁၅ မိနစ်အချိန်တွင် အကြမ်းဖက် အုပ်စု PDF က Drone ဖြင့် Drop Bomb ၁ လုံးထပ်မံပစ်ချတိုက်ခိုက်ခဲ့ရာ ရဲစခန်းရုံးခန်း၏ အနောက်ဘက် ပေ ၁၅၀ ခန့်အကွာရှိ RC ၂ ထပ် ၄ ခန်းတွဲနေအိမ်လိုင်းခန်း၏ အနောက်ဘက်ရှိ ဆားဗစ်ကျင်းပေါ်သို့ ဗုံးသီး ၁ လုံးကျရောက်ပေါက်ကွဲခဲ့သဖြင့် ဆားဗစ်ကျင်း ၃ ပေခန့်(တန်ဖိုး ၃၀,၀၀၀ ကျပ်ခန့်)ပျက်စီးသွားပြီး ၇ နာရီ မိနစ်၂၀တွင် Drone သည်လာရာလမ်းကြောင်းအတိုင်း ပြန်လည်ပျံသန်းသွားခဲ့ကြောင်းနှင့် တပ်အသင့်ပြင်ဆင်ထားရှိကြောင်း သိရသည်။
Vital
#SQ