🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.08K subscribers
12.7K photos
1.04K videos
4 files
764 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
အရာတော်မြို့နယ် ငွေတွင်းကျေးရွာမှ စစ်ရှောင်သူ သာမန်ပြည်သူ ၁၄ ဦးနှင့် ကိုရင် ၁ ပါးအား ပျုစောထီးဟု စွပ်စွဲကာ PDF များက ဝင်ရောက်သ-တ်ဖြတ်မှု ယနေ့ဖြစ်ပွား

၅.၇. ၂၀၂၃
Written by Nay Moe

စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ် ငွေတွင်းကျေးရွာမှ စစ်ရှောင်သူများနှင့် သာမန်ပြည်သူ ၁၄ ဦးအပါအဝင် ကိုရင် ၁ ပါးအား ပျုစောထီးဟု စွပ်စွဲကာ PDF များက အစုလိုက်အပြုံလိုက် ဝင်ရောက်သ-တ်ဖြတ်မှု ယနေ့နံနက် အစောပိုင်းက ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ ကနဦးသတင်းများအရ သိရသည်။

အရာတော်မြို့နယ် ငွေတွင်းရွာသည် PDF များက ပျုရွာဟု သတ်မှတ်ထားသောရွာဖြစ်ပြီး ပြီးခဲ့သည့်ဧပြီကလည်း မြောင် CDSOM PDF အဖွဲ့က သင်္ကြန်မဏ္ဍပ်ကို မိုင်းခွဲ၍ လခရအချို့ထိခိုက်သေဆုံးခဲ့သလို ပြီးခဲ့သော ဇွန် ၂၀ ရက်ကလည်း ကျောက်ဆည်ခရိုင် တပ်ရင်း(၁) ဦးဆောင်သော PDF ပူးပေါင်းတပ်ဖွဲ့က လခရများနှင့် ပြည်သူ့စစ်များအစည်းအဝေးပြုလုပ်နေချိန် ဝင်ရောက်တိုက်ခိုက်ရာ လခရ ၁၇ ဦးခန့်သေဆုံးခဲ့သည်ဟုလည်း ထို PDF များက ထုတ်ပြန်ခဲ့ဖူးသည်။ ထိုတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်တပ်ရင်း-၁ (နဂါးနီတပ်ရင်း) ၊ ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း - ၇ (Zeroပြောက်ကျား)၊ ရွှေဘိုခရိုင်တပ်ရင်း - ၁၅ နှင့် ဆားတောင်မိုးကြိုး(Local PDF)၊ MRTF၊ Danger Force(Local PDF)၊ NDRF၊ အောင်သပြေညီနောင်(မြင်းမူ Local PDF) တို့က တိုက်ခိုက်ခဲ့သည်ဟုလည်း ထုတ်ပြန်ဖူးသည်။

ထို PDF ပူးပေါင်းအဖွဲ့များက ဧပြီ ၄ ရက်ည( ဧပြီ ၅ ရက် နံနက် ၂ နာရီခန့်) အရုဏ်မတက်မီအချိန်တွင် ငွေတွင်းကျေးရွာသို့ ဝင်လာခဲ့ပြီး ငွေတွင်းရွာအတွင်းမှ ပျုစောထီးဟု ယင်းတို့အဖွဲ့များ သတ်မှတ်ထားသူ လေးဦးနှင့် ငွေတွင်းရွာဘုန်းကြီးကျောင်းမှ အသက် ၁၂ ခန့်အရွယ်မှ အသက် ၅၀ အကြားရှိ စစ်ရှောင်သာမန်ပြည်သူ ၁၀ ဦးအပြင် ကိုရင်တစ်ပါးကို ဦးခေါင်းများအား သေနတ်ဖြင့်ပစ်ကာ အစုလိုက်အပြုံလိုက်သ-တ်ဖြတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထိုဖြစ်စဥ်တွင် ဦးလေးအရင်းနှင့် ညီအရင်း သ-တ်ဖြတ်ခံရပြီး PDF သ-တ်ဖြတ်မှုကြောင့် သေဆုံးရရှာသည့် အသက် ၁၅ နှစ်ခန့်ကလေးငယ်တစ်ဦး၏ အကိုဖြစ်သူကလည်း ငွေတွင်းရွာမှ သာမန်ကလေးငယ်များကို PDF များက ဝင်ရောက်သ-တ်ဖြတ်သွားကြောင်း ရေးသားထားကာ "ပျူတွေရှိတယ်ဆိုပြီး သတင်းပေးမှုကြောင့် ရွာက ဘုန်းကြီးကျောင်းထဲမှာ ကြောက်လို့လာအိပ်ကြတဲ့ ယောက်ျားလေးရော မိန်းကလေးရော အကုန်လုံးကိုကြိုးတုပ်ပြီး ယောက်ျားအားလုံးကို သေနတ်နဲ့ ပစ်သ-တ်သွားကြတာ။ ဘယ်လောက်တောင် ကြောက်နေကြရှာမလဲကွာ။ အားလုံး ၁၁ ယောက် အသ-တ်ခံလိုက်ရတယ်( ပို့စ်တစ်ခုတွင် Edited - ၁၅ ယောက်ပါဟု အသိပေးထား) ဦးလေးအရင်းနဲ့ ညီအရင်း ၂ယောက်စလုံး ပါသွားတယ်။ တော်ကြပါတော့ကွာ။ ကြားထဲက အပြစ်မရှိတဲ့သူတွေ အသ-တ်ခံရတာ များပြီ။ ဘယ်တော့များမှ ပြီးမှာလဲကွာ"ဟု ရေးသားထားသည်။

MT News သတင်းဌာနအနေဖြင့် အဆိုပါဖြစ်စဥ်ကိုဆက်လက်စုံစမ်းနေပြီး အသေးစိတ်သိရှိရသည်များ ထပ်မံဖော်ပြပေးသွားမည်ဖြစ်သည်။

"ဇွန်လဆန်းနဲ့ ဒီလပိုင်းထဲမှာ PDF ရွာတွေအကုန်လုံးကို လခရက မနက်ပိုင်းတွေလိုက်စီးနင်းတာ PDF ၅၀ ကျော် သေသွားတယ်။ အဲဒီတော့ သူတို့ပျုရွာလို့သတ်မှတ်ထားတဲ့ရွာတွေကို လက်စားချေတဲ့သဘောပဲ။ ငွေတွင်းရွာက အရင်ကလည်း သူတို့ခဏခဏလာတိုက်နေတာ။ ဒီတစ်ခါတော့ ရွာသူရွာသားတွေ ပစ်မှတ်ထားတိုက်ခိုက်တဲ့သဘောပေါ့"ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

#အရာတော် #ငွေတွင်း #NUG #PDF #ပကဖ

(ဆက်စပ်ဓာတ်ပုံများကို အောက်ပါပိုစ့်တွင်ကြည့်ပါ)
Forwarded from Thazin Oo 🍁 (Thazin Oo(Kyaukse))
အမိန့်ကိုရဲရဲတင်းတင်းပေးဖို့

ကာကွယ်ရေး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တောင်းဆို...

လေးစားစွာဖြင့် ဖော်ပြအပ်ပါသည်။
Forwarded from Kyaw Swar🇲🇲🇲🇲🇲🇲
5.7.2023

ဇူလိုင်လ ၂ရက်နေ့က တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ပြည်ထောင်စုလမ်းမကြီး၌ ခရီးသည်တင်ယာဉ်ဖြင့် ခရီးသွားနေသော....
ရဲတပ်ကြပ်ကြီးဇော်မင်းဦးကို PDF တွေက ဖမ်းဆီး Tတ်ဖြတ်လိုက်သည်။
ရွှေစင်စင်္ကြာမှန်လုံပေါ်ကဆွဲချပြီး.Tတ်ဖြ-တ်ပြီးမှရဲယူနီဖောင်းမီးရှို့ပြ..
သတင်းလွှင့်ခဲ့ခြင်း
ဖြစ်ကြောင်း..
သတင်းရရှိပါသည်။
crd

https://t.me/kyawswar96999
July 5 ရန်ကုန်
ရန်ကုန် ရွှေပေါက်ကံ အထည်ချုပ်စက်ရုံ လုပ်ခလစာ မရရှိခြင်း

ရန်ကုန်မြို့ ရွှေပေါက်ကံ စက်မှုဇုံမှာရှိတဲ့ ဂျပန်အထည်ချုပ် စက်ရုံတစ်ရုံက အထည်ချုပ် အလုပ်သမားများကို ယနေ့ထက်ထိ လုပ်ခ လစာများ ရှင်းပေးခြင်းမရှိကြောင်း ကြားသိရပါသည် သက်ဆိုင်ရာ ရဲစခန်းနှင့် အလုပ်သမားခေါင်းဆောင်များမှ ဝင်ရောက်ညှိနှိုင်းသော်လဲ လုပ်ခလစာ အပြည့်မရခြင်းများကြုံတွေ့နေရပါသည်
သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် လစာထုတ်ရက်ရောက်နေသော်လဲ လုပ်ခ လစာ အပြည့်အဝ မရရှိခြင်းအပေါ် တရားဝင် အရေးယူပေးပါရန် တောင်းဆိုအပ်ပါသည်
လိပ်စာအတိအကျမပြောတော့ပါ သက်ဆိုင်ရာ ရဲစခန်းကတော့ သိပါလိမ့်မည်


ကိုယ့်မြန်မာလူမျိုးတွေအပေါ် လူပါးဝနေတာတော့ မခံနိုင်ဘူး


https://t.me/myanmarnewszone
စိမ်းပြာရောင် ထူးထူးဆန်းဆန်းငါးလေးတွေက ရေအောက်သန္တာကျောက်တန်းတွေကို အကျိုးပြုနေတဲ့ Parrotfish ဆိုတဲ့ (ကြက်တူရွေးငါး) အမျိုးအစားဖြစ်ပါတယ်။

ဒီငါးလေးတွေရဲ့ အကျိုးပြုပုံကို အသိပညာရှင်တစ်ဦးက အောက်ပါအတိုင်းမျှဝေထားတာမို့ အဲ့စာလေးကို သေချာဖတ်ပြီးရင် ဒီ ကြက်တူရွေးငါးတွေကို ဘယ်စျေးမှာတွေ့တွေ့ မဝယ်စားကြဖို့နဲ့ ရောင်းသူတွေကိုလည်း မိမိသိသလောက် အဲ့ငါးတွေအကြောင်း ဗဟုသုတ ဖြန့်ဝေပေးခဲ့ဖို့ တိုက်တွန်းချင်ပါတယ်။ အထူးသဖြင့် ပင်လယ်နဲ့နီးတဲ့ ထားဝယ်လို ကမ်းရိုးတန်းဒေသက လူတွေ ပိုမို ပူးပေါင်းပါဝင်ပြီး ငါးမျိုးစိတ်မတုံးအောင် ပူးပေါင်းပါဝင်ပေးကြဖို့ အထူးတောင်းဆိုပါရစေ။

အောက်ပါပို့စ်တွင်ဆက်လက်ဖတ်ရှုပါ 👇
🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
စိမ်းပြာရောင် ထူးထူးဆန်းဆန်းငါးလေးတွေက ရေအောက်သန္တာကျောက်တန်းတွေကို အကျိုးပြုနေတဲ့ Parrotfish ဆိုတဲ့ (ကြက်တူရွေးငါး) အမျိုးအစားဖြစ်ပါတယ်။ ဒီငါးလေးတွေရဲ့ အကျိုးပြုပုံကို အသိပညာရှင်တစ်ဦးက အောက်ပါအတိုင်းမျှဝေထားတာမို့ အဲ့စာလေးကို သေချာဖတ်ပြီးရင် ဒီ ကြက်တူရွေးငါးတွေကို…
#Parrotfish (ကြက်တူရွေးငါး)

ရေအောက်ဆီကို ရောက်လေ့ ရောက်ထရှိတဲ့ ရေငုပ်သမား တော်တော်များများ ဒီငါးမျိုးကိုကောင်းကောင်းသိကြတယ်။

မကြာမကြာဆိုသလိုပဲ အရောင်အသွေးစုံတဲ့သန္တာကျောက်တန်းတွေအကြားမှာ ကျင်လည်ကျက်စားတာကိုတွေ့ရတတ်တယ်။ သူ့နေတဲ့အိမ်ကိုပြပါလို့ဆိုရင်လဲ သန္တာကျောက်တန်းပဲ ဖြစ်မယ်ဆိုရမယ်။ သူ့ခေါင်းမှုရှိတဲ့ နှုတ်သီးမှာထူးဆန်းတဲ့ သွားပြားကြီးကြီးလေးတွေရှိတာ သတိထားမိလား။ အဲ့ဒီသွားပြားကြီးကြီးလေးတွေနဲ့ပဲသန္တာခင်းတွေဆီလှည့်ပတ်ပြီး သန္တာကောင် အသေတွေကို သူသွားတွေနဲ့ ကိုက်ခြစ်ကုန် အချောသတ်ပြီး နူးညံ့သဲမှုန်လေးတွေကိုလုပ်ပေးပြန်တယ်။

သူတို့လုပ်ပေးတဲ့အဲ့ဒီသဲမှုန်လေးတွေဟာ တစ်နှစ်ကို သဲ ၉၀ ကီလိုဂရမ်လောက်အထိကို ထုတ်လုပ်ပေးနိုင်တယ်လို့သိရတယ်။

ဒါ့အပြင် နောက်ထပ်အရေးကြီးတဲ့ တာဝန်တစ်ခုလဲလုပ်ပေးသေးတယ်။ Coral Bleaching ဖြစ်လို့ဖြစ်စေ ၊အခြားသောအကြောင်းအမျိုးမျိုးဥပါဒ်တွေကြောင့် သန္တာကျောက်တန်းတွေ သေဆုံးသွားကြတဲ့အခါမှာ သန္တာကျောက်တန်းတွေအပေါ်ကို စုပုံဖုံးလွှမ်းလာတတ်ကြတဲ့ ရေညှိတွေကိုစားပေးတာပါပဲ။

အဲ့ဒီလို စားပေးနိုင်တဲ့ ဒီုလို ငါးမျိုးတွေ မရှိရင် ရေညှိတွေဟာ နောက်ထပ်မွေးဖွားလာတဲ့သန္တာကောင်သေးသေးလေးတွေထပ်ပေါက်နိုင်ခြေရှိနေတဲ့ ဧရိယာတစ်ခုလုံးကိုပါ ဖုံးလွှမ်းပြီး ပိုပျက်သွားစေလိမ့်မယ်ပေါ့။ သေသွားတဲ့ သန္တာကောင်အဟောင်းတွေနေရာဆီမှာ သားလောင်းအသစ်လေးတွေအနေနဲ့အစားထိုးနိုင်ဖို့လဲမဖြစ်လာတော့ဘူးပေါ့။

နောက်ထပ်ထူးခြားချက်လေးတစ်ခုရှိသေးတယ် ကျွန်တော်တို့လူသားတွေပဲ ညအိပ်ရင် အင်းဆက်တွေ/သွေးစုပ်တတ်တဲ့ပိုးမွေးတွေရန်ကအကိုက်မခံရအောင် ခြင်ထောင် ထောင်ပြီး ညအိပ်ကြမယ်ထင်ရင်မှားသွားလိမ့်မယ်တဲ့။

ဒီ Parrotfish လေးတွေမှာလဲ ကိုယ်ပိုင်ခြင်ထောင်ရှိပါသေးတယ်တဲ့ဗျာ။ Parrotfish လေးတွေဟာ ညဘက်အိပ်ရင် သူတို့ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံဖုံးလွှမ်းနိုင်ဖို့အတွက် သူ့ပါးဟက်မှာရှိတဲ့ ဂလင်း ထဲကနေ mucus လို့ခေါ်တဲ့အကျိအချွဲတစ်မျိုးကို စစ် ထုတ်ပြီး ပူစီပေါင်း အကြီးကြီးတစ်ခုကို မှုတ်ထုတ်ဖန်တီးလေ့ရှိကြတယ်။ အကျိအချွဲနဲ့ပြုလုပ် ထားတဲ့ အဲ့ဒီပူစီပေါင်းကြီးကိုလဲ မအိပ်ခင်မှာ အချိန် တစ်နာရီလောက် ပြင်ဆင်ယူပြီးမှ အိပ်စက်လေ့ရှိကြတယ်။

ခုနောက်ပိုင်းမှာတော့ လူတွေဖမ်းယူမှုကြောင့် ထိုင်းနိုင်ငံမှာ ရော မြန်မာပြည်က ငါးဈေးကွက်တွေထဲမှာ တွေ့လာရတယ်။ ဒီငါးကိုစားသုံးမှုများလာ ရင် ဖမ်းယူမှုလဲ များလာလိမ့် မယ်။ ဒါကြောင့် ဒါဖြစ်စဉ်ကိုနားလည်ရင် ဒီငါးတွေကို ဖမ်း ယူ စားသောက်တာတွေ မလုပ်ဖို့ သတိပေးသင့်တယ်။

ကိုယ်တိုင်ကလဲ ဝယ်မစားသင့်သလို ဖမ်းတဲ့ လူတွေ့ရင်လဲ တားသင့်တယ် ပြောပြသင့်တယ်။ ဒီငါးတွေမရှိတော့ရင် သန္တာခင်းတွေကို စောင့် ရှောက်ပြီး သန့်ရှင်းရေးလုပ်ပေးမယ့် ငါးတွေမရှိတော့ဘူး။ သန္တာခင်းတွေလဲ ပျက်စီးနေတဲ့နေရာမှာအသစ်ထပ်မပေါက်နိုင်ဘူး။ ကမ်းခြေမှာရှိနေတဲ့ပေါင်ဒါမှုန့်လိုသဲနုနုလေးတွေလဲ ထပ်မဖြစ်လာတော့ဘူး။

ဒါက Parrotfish တွေရဲ့ Marine Ecology အပိုင်းမှာ တမူအရေးပါတဲ့ ကူညီလုပ်ဆောင်ချက်တွေဖြစ်ပါတယ်။

Please stop fishing, selling and eating Parrotfish 🚫

#LetsProtect #ParrotFish #MarineLife #MarineEcology
PDFကိုထောက်ခံတဲ့သူ
သူ့မိသားစုကိုPDFက Tတ်တော့မှ ကြေကွဲနေတာ

မင်းတို့ စရိတ်နဲ့ မင်းတို့ပဲ ဂျောင်းရမှာ😂