🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.08K subscribers
12.7K photos
1.04K videos
4 files
758 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
Forwarded from Fifty Two News
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နီလာရပ်ကွက်တွင် PDF ပဒက်များမှ ကလေးအမေအပါအဝင် အမည်မသိ အမျိုးသမီး ၂ ဦးအား Tတ်ဖြတ်ပြီး ကလေးငယ် ၁ ဦးအားစွန့်ပစ်
==================
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက် #FiftyTwoNews
မနေ့က ညနေ ၅ နာရီခန့်က စစ်ကိုင်းမြို့၊ နီလာရပ်ကွက်၊ စစ်ကိုင်း-ရွှေဘို အမှတ် (၃) ခရိုင်ချင်းဆက် လမ်းတွင် ကလေးအမေတစ်ဦးအပါအဝင် အမည်မသိ အမျိုးသမီး ၂ ဦးအား PDF ပဒက်များမှ ရက်ရက်စက်စက် မျက်နှာအားအဝတ်ဖြင့်စည်းကာ Tတ်ဖြတ်ခဲ့ပြီး အနီးတွင် အသက် ၂ နှစ်ခန့် မိန်းကလေး ၁ ဦးအားထားခဲ့ကြောင်း တွေ့ရှိရသဖြင့် လူမှုကူညီရေးအဖွဲ့မှ စောင့်ရှောက်ထားကြောင်း သိရှိရပါသည်။
*တိုက်ပွဲဖြစ်စဉ်ထုတ်ပြန်ကြေညာချက်

၁၂.၉.၂၀၂၂ရက်နေ့တိုက်ပွဲတွင်KIAရင်း၁၄မှရှေ့တန်းတိုက်ခိုက်ရေးပင်မစခန်းနှင့်ဒွန်ဘန်မြို့နယ်ဝါရာဇွပ်တိုက်နယ်အုပ်ချုပ်ရေးရုံးတို့အားမိမိတို့ဝါရာဇွပ်ဌာနေပြည်သူ့စစ်နှင့်ပူးပေါင်းအဖွဲ့မှတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးရန်သူ့ထံမှ
၁။ ဆန်အိတ်၅၀
၂။ ကား၁စီး
၃။ ဆိုင်ကယ်၁၀စီး
၄။ ယူနီဖောင်းဂိုထောင်၁ခု
၅။ ကွန်ပြူတာ၂လုံး
အစာခြောက်များစုဆောင်းထားသည့်ဂိုထောင်၁လုံး လူနေတဲဂိုထောင်အလုံး၅၀
လက်နက်နှင့်ဆက်စပ်ပစ္စည်းများသိမ်းစီးရမိခဲ့ပြီးအားလုံးမီးရှို့ဖျက်ဆီးခဲ့
မိမိတို့ပူးပေါင်းအဖွဲ့မှထိခိုက်ကျဆုံးမှု့(လုံးဝ)မရှိခဲ့ပါကြောင်းသတင်းမှန်
ထုတ်ပြန်ကြေညာအပ်ပါသည်။
https://t.me/warazuppeople567
Forwarded from Aerial(Myanmar Update News)
ကြိုးဆွဲချသေတဲ့အမျိုးသမီးမှာ ကိုဗစ်ပိုးရှိနေ

MMG - စက်တင်ဘာ ၁၃

မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်သွားတဲ့ ပုသိမ်ကြီးမြို့နယ်က အမျိုးသမီးတစ်ဦးကို စစ်ဆေးကြည့်ရာ ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်၊နန်းဦးလွင်ကျေး ရွာအုပ်စု၊ကန်ကောက်အရှေ့ကျေးရွာတွင် စက်တင်ဘာ ၁၁ ရက်က အမျိုးသမီးတစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့တာဖြစ်ပါတယ်။

သေဆုံးသူ အမျိုးသမီးဟာ အသက် ၂၅ နှစ်အရွယ်ရှိပြီး သူနာပြုဆရာမတစ်ဦးဖြစ်ကာ ဘာကြောင့် ခုလိုလုပ်ဆောင်သွားတယ်ဆိုတာကိုတော့မသိရသေးပါဘူး။

ရုပ်အလောင်းကို မန္တ လေးမြို့ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံကိုပို့ဆောင် စစ်ဆေးရာ ကိုဗစ်(၁၉)ရောဂါဖြစ်ပွားနေတာကို စစ်ဆေးတွေ့ ရှိရတာကြောင့် ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မဟာအောင်မြေမြို့နယ်က ရွှေချည်စေတနာ ရှာဖွေကယ်ဆယ်ရေးအသင်းမော်တော်ယာဉ်နဲ့ အေးရိပ်ငြိမ် ဘာသာပေါင်းစုံသုသာန်ပို့ဆောင် သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

#myanma_gone
#covid
#ကြိုးဆွဲချ
#aerial 220913
https://t.me/aerial2020
Forwarded from Sagaing News
ယင်းမာပင် အနောက်ဘက် ရင်ပေါင်တိုင်းရွာက PDF အတွေရဲ့ အလှူ
Forwarded from á€›á€ąá€¸á€á€ťá€„်တဏရ္းမယ် (ရေးချင်တာ ရေးမယ်)
ရန်ကုန်လိင်ဆက်ဆံပွဲကြီးသဘင် ...

အစိုးရဈေး တစ်ဒေါ်လာ ၅ (ငါး) ကျပ်...
မှောင်ခိုဈေး တစ်ဒေါ်လာ ၂၅ (နှစ်ဆယ့်ငါး)ကျပ် ခေတ်မှာ ...
လူတစ်ယောက် ၂၅ (နှစ်ဆယ့်ငါး)ကျပ် ပေးပြီး ...
တိုးတိုးတိတ်တိတ်ရောက်လာကြတဲ့ ယောက်ျားသားတစ်စု...
ရန်ကုန်တရုတ်တန်း အပေါ်ထပ်အခန်းကျဥ်းကျဥ်းလေးတစ်ခုထဲမှာ ...
အခန်းတံခါးတွေအလုံပိတ်အမှောင်ချ ...
နံရံမှာချိတ်ထားတဲ့အိပ်ယာခင်းအဖြူကို  ...
တဂျစ်ဂျစ်မြည်နေတဲ့ ...
၃၅ မမ ကင်မရာမောင်းသံကြားကနေ ...
မမှိတ်မသုံရှုစား
ချွေးတလုံးလုံးနဲ့ မှောင်ထဲမှာ ...
အပြာကား ကြည့်ကောင်းနေတုံး ...
သတင်းရလို့ ... ရဲက အခန်းတံခါးလာခေါက်တော့ ...
ရေချိုးခန်းပြူတင်းပေါက်ကနေ ...
နောက်ဖေးလမ်းကြားထဲ ...
ပိုက်လုံးတွယ်ဆင်း...
ပြေးကြရတဲ့ ... ခေတ်ကနေ ...

အစိုးရဈေး တစ်ဒေါ်လာ ကျပ် (နှစ်ထောင့်တစ်ရာ) ၂,၁၀၀ ...
မှောင်ခိုဈေး တစ်ဒေါ်လာကို ..
၃,၅၀၀ ကျပ်ခေတ်ရောက်လာတော့ ...
ကိုယ့်စော်နဲ့ သူ့စော်နဲ့ ...
သူ့ဘဲနဲ့ ကိုယ်ဘဲနဲ့ ...
Freedom in the Dark ...
မှောင်ထဲမှာ လွတ်လွတ်လပ်လပ်...
အတွဲချင်းလဲ swing swap အိပ်ကြဖို့ ...
ကျပ် ၇၀၀,၀၀၀ တန် ($၂၀၀)လက်မှတ်ကို...
လိင်ဆက်ဆံပွဲစီစဥ်သူ sex party organizer
မောင်စည်သူ/ကိုစည်သူ/ဦးစည်သူရဲ့ ...
website နဲ့ fb page မှာ ... တက်ဝယ်ကြတဲ့...
ခေတ်ကြီးကို ရောက်လာပါပေါ့လား ..

ရဲတပ်ဖွဲ့နေ့ အောက်တိုဘာ ၁ရက်နဲ့  ...
နီးလာတဲ့ အခါသမယကြီးမှာ ...

လာမယ့် စက်တင်ဘာ ၁၆  ...
(မဆလခေတ် ရန်ကုန်တရုတ်တန်းနယ်ထိန်း ... အပြာကားပြနေတဲ့ တိုက်ခန်းတံခါးသွားခေါက်သလို) ...
နစက ခေတ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီး ...
Sex Party in Yangon ရန်ကုန်လိင်ဆက်ဆံပွဲကြီးသဘင် ...
ဝှဲချီးဆင်ယင်ကျင်းပနေတဲ့နေရာကို ...
တံခါးသွားခေါက်နိုင်ပါ့မလား ...

ဒါမှမဟုတ် ...
အစိုးရမင်းစိုးရာဇာတွေကိုကော..
သူပုန်အကြမ်းဘက်တွေကိုကော...
နှစ်ဘက်သောသက်ဆိုင်ရာတွေကို ...
အကုန်ပိုင်လို့...
အခုလို ပေါိတင်ကြော်ငြာထုတ်လက်မှတ်ရောင်း ...
(တော်လှန်ရေးကြီးအပါအဝင်)ဘယ်သူမှဂရုမစိုက်...
အောင်မြင်စွာ နဲ့ ...
ရန်ကုန်လိင်ဆက်ဆံပွဲကြီးသဘင် ...
ကျင်းပသွားမှာလား ...

SKZ
Forwarded from á€›á€ąá€¸á€á€ťá€„်တဏရ္းမယ် (ရေးချင်တာ ရေးမယ်)
ဖတ်ချင်လိူ့ ဘယ်မှာဝယ်လို့ရမလဲဗျ 🧐
Messages in this channel will be automatically deleted after 1 day
Messages in this channel will no longer be automatically deleted
Forwarded from Link
ကိုကျော်မျိုးမင်း မေးနေတဲ့ မေးခွန်းတွေ ကျွန်တော်လည်း သိပ်မေးချင်တယ်....🤭🤭
နမခတိုင်းမှူး ဘာလုပ်နေလဲ?
စဉ်းစားကြည့်ဗျာ.....
မုံရွာမြို့ဆိုတာ တိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ မြို့။ ပြောရရင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ မြို့မှာ စစ်သားတွေက မြို့ထဲတောင် တစ်ယောက်ချင်း မသွားရဲတဲ့  အခြေအနေဖြစ်နေတယ်....🤭🤭

မုံရှာဘာလဲ?
မုံရွာမြို့ဆိုတာ အနီများတယ်။ ပြောရရင် NLD ဝန်းရံသူ တော်တော်များတယ်။ 70%လောက်လို့ ပြောရမယ်။ဒါက  ပြီးခဲ့တဲ့ ရွေးကောက်ပွဲမဲဆွယ်ကာလ လမ်းပေါ်တက်လာတဲ့ လူဦးရေကို ကြည့်ရင် သိသာတယ်။
(ခြွင်းချက်အနေနဲ့ ဘေးနား ရွာတွေက မြို့ပေါ်တက်လာပြီး ဝန်းရံတာတွေလည်း ရှိတာပေါ့)
ဆိုတော့ မြို့ပေါ်မှာလည်း အများစုက NLDဝန်းရံကြတာများတယ်။
ဘေးနားရွာတွေဖြစ်တဲ့ ညောင်ပင်ကြီး၊ ကံကုန်း၊ဒုံးတော၊  စုန်းချောင်း၊ သံဘို၊ ကျောက်မော်၊ မုံရွေးကြေးမုံ၊ လယ်ဇင်၊ သက္ကယ်ကျင်း၊ စတဲ့ ရွာတွေမှာလည်း အများစုက NLDဝန်းရံကြတာများတယ်။ ဒီရွာတွေအများစုက NLDဝန်းရံကြတော့ ဒီရွာတွေကပဲ PDFတွေ အများဆုံးထွက်တယ်....။
ဒီတော့ မုံရွာမြို့ပေါ်မှာရော...
မုံရွာပတ်ပတ်လည်မှာ PDF ကြီးစိုးမင်းမူနေတာက သိပ်မဆန်းပါဘူး။
ဆန်းတာကဘာလဲ? ဆန်းတာက တိုင်းစစ်ဌာနချုပ်တစ်ခုလုံးတည်ရှိနေတာတောင်မှ မြို့ပေါ်မှာ PDFကို နိုင်အောင် မထိန်းနိုင်ဘူးလား....?
ဘေးရွာတွေ မပြောဘူးနော်....မြို့ပေါ်ရပ်ကွက်တင်ကို နိုင်အောင် မအုပ်နိုင်ဘူးလား......?
ဒါက မေးသင့်မေးထိုက်တဲ့ မေးခွန်းပဲ။

လက်ရှိမြေပြင်ဖြစ်နေတဲ့ အနေအထားက နေ့တိုင်း၊ ညတိုင်း ဟိုရဲကင်း ဝင်ပစ်ခံရတာနဲ့ ဟိုတိုင်းရုံးဝင်ပစ်ခံရတာနဲ့၊ ဟိုရဲစခန်း ဝင်ပစ်ခံရတာနဲ့ နေ့တိုင်းပဲ.....။
မနေ့ညကဆို ရဲတိုင်းရုံးဘက်ဆို တအုန်း အုန်းပဲ။
နေ့စဉ်နဲ့အမျှ မကြားချင်တဲ့အဆုံး ကြားနေရတဲ့ သေနက်သံနဲ့၊ ဗုံးသံတွေ.....။
နေ့တိုင်းပစ်ခံရ၊ နေ့တိုင်းဝင်စီးခံနေရ။ ဒါကို အထက်ကလူတွေက မသိကြတာလား....။
သိနေရက်နဲ့ လွှတ်ပေးထားတာလား? ဖရဲသီးတွေ ရှိနေတာလား....? မေးရမယ့် မေးခွန်းတွေက အများကြီးပဲ။ ထားတော့။

videoမှာပါတဲ့ မနေ့က (12.9.2022)သိန်းတစ်ရာ ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်ဆိုရင် ပါသွားတာက ရွှေ ၁၀ပိဿာတဲ့။
တန်ဖိုးက သိန်းသုံးသောင်းလောက် ရှိတယ်။
ဒီတန်ဖိုးက ပြောရရင် တော်လှန်ရေးတစ်ခုအတွက် အသုံးချလို့ရနိုင်တဲ့ အနေအထားပဲ။

သိန်းတစ်ရာရွှေဆိုင် ဆိုတာက ဗျာ ပြောရရင် မြို့လယ်ခေါင်မီးပွိုင့်၊ မြို့လယ်တည့်တည့်မှာ တည်ရှိတဲ့ဆိုင်။
ဖြစ်သွားတဲ့ ဓားပြတိုက်မှုကို ကြည့်ရင် မဖြစ်သင့်တဲ့ အနေအထား။ မြို့ပေါ်မှာ ဒီလိုဖြစ်နေတဲ့ အခြေအနေဟာ
တိုင်းမှူးတွေ၊ ဝန်ကြီးချုပ်တွေ စီမံအုပ်ချုပ်မှုညံဖျင်းနေတာ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းနေတာဆိုတာ သက်သေပြနေတာပဲ။

အခု ကျွန်တော်တို့မြို့က တိုင်းစစ်ဌာနာချုပ် တစ်ခုလုံး တည်ရှိနေတယ်သားနဲ့ တပ်အာဏာစက် မရှိတဲ့ မြို့လိုဖြစ်နေပြီ။ မေးခွန်းထုတ်နေတဲ့ သူတွေမှားလား?

အရင်တစ်နေ့ကလည်း ကိုယ်တွေ့မို့ တင်လိုက်ပါသေးတယ်။  လှည့်ကင်းပတ်၊ လုံခြုံရေးစစ်နေတဲ့ကောင်တွေ(တချို့) ကလည်း ကိုယ့်အလုပ်ကိုယ် မလုပ်ဘဲ အားတိုင်းယားတိုင်း ပိုက်ဆံတောင်းနေတဲ့အကြောင်း....။
ဒါတွေကို အထက်လူကြီးတွေက မျက်ကွယ်ပြုနေတာလား...? မသိတာလား....?

ဘေးနားရွာတွေကို သွားကြည့်ကြည့်။ အကုန် PDFမရှိတဲ့ ရွာကို မရှိဘူး။ ဒါကို တပ်က မသိဘူးလားဆိုတော့လည်း သိတယ်။ သိပေမယ့်လို့ မတိုက်ဘူး။ ဘာလုပ်နေတာလဲ?
ရှင်းရှင်းပြောရရင် PDFတွေ ဒဲ့လာမတိုက်ဘူးဆိုတာ သူတို့မှာ လက်နက် မရှိလို့ လာမတိုက်တာ....။
နမခမှာ လူရော၊ လက်နက်ရော အင်အားအပြည့် ရှိတယ်သားနဲ့ PDFကို ဘာလို့ မအုပ်နိုင်တာလဲ? မတိုက်နိုင်တာလဲ?
PDFမှာ လက်နက်ရှိကြည့် မုံရွာဆိုတာ ခနလေးနဲ့ ပြိုသွားနိုင်တယ်....။ ဘာလို့ဆို သူတို့မှာ နယ်မြေဒေသ ကျွမ်းကျင်မှုရှိတယ်။ဒေသခံလူထုကလည်း သူ့တို့ဘက်ရှိနေတယ်....။

ကိုကျော်မျိုးမင်း ပြောသလို PDFနဲ့တပ် ဒဲ့ ဖိုက်တာကို မရှိ။
ဖတ်ရတဲ့ သတင်းတွေ၊ ကြားရတဲ့ အကြောင်းတွေအရ ကြီးကြီးမားမားဖြစ်တာဆိုလို့ လယ်ဇင်နဲ့ ကိုင်းတောဘက် လောက်ပဲ ရှိတာ။

တစ်နေ့ကလည်း ဆိုင်ကယ်ပေါ်က ယောကျာ်းတစ်ယောက်နဲ့ မိန်းမတစ်ယောက်ဆိုလား။ ဟော်တဲထဲ ဗုံးလှမ်းပစ်ထည့်လို့ လုံခြုံရေးဝန်းထမ်းနဲ့ လုပ်ငန်းရှင်တစ်ယောက် သေသွားတယ်။
ဘာမှ မတတ်နိုင်။ ဘာကာကွယ်မှုမှ မပေးနိုင်။
မုံရွာဒေသလက်ရှိ မြေပြင်အနေအထားက အာဏာထိန်းပြီး ၅လ လောက်ကတည်းက ဒီတိုင်းပဲ။ ဘာမှ ပြောင်းလဲ မသွား။ ပြောင်းလဲ သွားတာဆိုလို့
လူတိုင်း လွတ်လွတ်လပ်လပ် ဘယ်မှကို မထွက်ရဲ အောင်ဖြစ်နေကြတဲ့ စိတ်ပဲ။
ဒီဒေသ ဒီလို အခြေအနေ ရှိနေတာကို စစ်တိုင်းမှုးတွေက ကြိုမတွတ်ထားတာလား?
အရင်က တိုင်းမှူးတစ်ယောင်းပြောင်းတယ်။ အခု တိုင်းမှူးလည်း ထူးမခြားနားဘဲ....။

အားနေရင် ဘုရားသွားကျောင်းတက်
သန့်ရှင်းရေးလုပ်တာနဲ့ အချိန်ကုန်။ ဓာတ်ပုံရိုက်။ လိုင်းပေါ်တင်။ ဒီအလုပ်တွေက အရပ်ဘက် နဲ့ လွဲရင် ဖြစ်နေတဲ့ ကိစ္စတွေ....။ ပြည်သူကို လုပ်နိုင်စွမ်းအား ချပြမယ်ဆိုလည်း တစ်ကယ့် ကွက်ကွက်ကွင်းကွင်း ချမပြနိုင်။ တင်တဲ့pageတွေက followerတစ်ချက်ကြည့်ရင် သိသာတယ်။ ခုတော့ တိုက်စရာ ရှိတာ မတိုက်။ လုပ်စရာ ရှိတာမလုပ်။ ယီးလေးလေး နဲ့
Forwarded from Link
တွဲလွဲခိုနေကြ။

ဒါကြောင့်ပဲ စစ်တပ်အာဏာစက်မရှိတဲ့မြို့ ဖြစ်နေတာ....

ကျန်တာမပြောနဲ့ဦး။ ကျောင်းတက်တဲ့ အချိုးအစားကို ထောက်ကြည့်ရင် သိသာတယ်။
မုံရွာတက္ကသိုလ် လူပေါင်း၂သောင်းလောက်ရှိတာ။
တက်တဲ့ ဦးရေ တစ်ထောင်မပြည့်။ တစ်ထောင်ပြည့်အောင်တောင် ဆွဲခေါ်နိုင်စွမ်းမရှိ။ လုပ်နိုင်စွမ်းအားက ရယ်ချင်စရာပဲ....။
ကျောင်းသားတွေ ဘယ်တက်ကြမလဲ။ လုံခြုံရေးအာမခံမှ မပေးနိုင်တာ။ ကျွန်တော်လည်း ရှင်းရှင်းလေးပဲ ဒါကြောင့်မတက်တာ။ သေသွားရင် ဝမ်းနည်းမှတ်တိုင် စိုက်ထူခံရုံကလွဲပြီး ဘာမှဖြစ်လာမှာမဟုတ်ဘူးလေ။ ဒီလိုဒေသ၊ ဒီလိုအနေအထားမှာ တပ်ကို ထောက်ခံပေမယ့် ကျောင်းသားတိုင်းကလည်း ကျောင်းတက်ရမှာကိာ စွန့်စားခန်းဖွင့်မှာ မဟုတ်ဘူးလေ။ မဟုတ်ဘူးလား?

ချုပ်ရရင်ဗျာ လက်ရှိ မုံရွာအုပ်ချုပ်နေတဲ့ အစိုးရ(တိုင်းမှူး/ဝန်ကြီးတွေ) လုပ်နိုင်စွမ်းအားက ဒီလောက်ပဲလား....?
နစက ကရော ဒါတွေကို မသိဘူးလား....?

ခင်ဗျားတို့ကိုထောက်ခံနေတဲ့ ပြည်သူကိုတောင် လုံခြုံမှု မပေးနိုင်၊ စစ်ကြတော့လည်း အပြတ်သတ် ဟုတ်တိပတ်တိ မတိုက်၊
ပြည်သူက ခင်ဗျားတို့ကို ဘယ်လို ယုံကြည်လာမလဲ?

ဘောမနေတဲ့ ပြည်သူတွေတောင် အခု လက်ရှိအစိုးရကို အမြင်မကြည် ဖြစ်နေပြီ.....
တစ်ဖက် ပြည်သူကို ကိုယ့်ဘက် ဆွဲခေါ်ဖို့ဆိုတာ ဝေးပဲ.....
🙂🙂

လက်ရှိ ကာချုပ်ကြီး ဦးမင်းအောင်လှိုင် ရုရှားက ပြန်လာတယ်။
မဟာဗျူဟာအရ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးတွေမှာ စာချုပ်တွေ ချုပ်လာတာ အောင်မြင်လာတယ်။ ရှေ့လာမယ့် အနာဂတ်အတွက် ကောင်းတယ်။ ဒါပေမယ့် ဒါက လက်ရှိ ပြည်သူလူထုခံစားနေရတဲ့ ဒုက္ခကို ပြေလည်အောင် ဖြေရှင်းနိုင်မှာ မဟုတ်။ PDFကို အပြုတ်တိုက်နိုင်မှာ မဟုတ်။ EAOတွေကို ထိန်းနိုင်မှာ မဟုတ်။

လက်ရှိ ပကတိမြေပြင်မှာ အပြတ်သတ် အောင်ပွဲ မယူနိုင်သရွေ့တော့ ခိုးဆိုးလူနိုက် ဓားပြတိုက်မှုတွေ၊ ချောင်းမြောင်းလုပ်ကြံခံရမှာတွေကတော့ မမြင်ချင်တဲ့အဆုံး မြင်နေရဦးမှာပါပဲ......

စီမံအုပ်ချုပ်မှုညံ့ဖျင်းသရွေ့ကတော့
ဖျင်ခံနေရဦးမှာပဲ.....🙂🙂
ရိုင်းသွားလည်း Sryအဘတို့ ။ ပြောလိုက်တာ အမှန်တွေပဲ။

လွင်လတ်
စက်တင်ဘာ၊ ၁၂၊ ၂၀၂၂
via Thukha