🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.1K subscribers
12.5K photos
1.01K videos
4 files
737 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
၂၄။ ဧည့်နိုင်ငံသားအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့် အဖွဲ့အစည်းရှေ့သို့ ကိုယ်တိုင်လာရောက်ပြီး နိုင်ငံတော်၏ သစ္စာကိုခံယူကြောင်း၊နိုင်ငံတော်၏ ဥပဒေများကို ရိုသေလိုက်နာပါမည်ဖြစ်ကြောင်း၊သတ်မှတ်ထားသော တာဝန်နှင့် အခွင့်အရေးများကိုသိရှိကြောင်း စာဖြင့်ရေးသား၍ ကတိသစ္စာပြု့ ရမည်။
၂၅။ ဧည့်နိုင်ငံသားလက်မှတ်တွင် လျှောက်လွှာ၌ ဖော်ပြထားသော သားသမီး၏အမည်ကို ဗဟိုအဖွဲ့က ထည့်သွင်းနိုင်သည်။ အမည် ထည့်သွင်းပေးခြင်းခံရသော သားသမီးသည် ဧည့်နိုင်ငံသားဖြစ်သည်။
၂၆။ ပုဒ်မ ၂၅ အရ အမည်ထည့်သွင်းပေးခြင်းခံရသော သားသမီးသည် အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီးသူဖြစ်ပါက မိဘနှင့်အတူ ပုဒ်မ ၂၄ ပါအတိုင်း ကတိသစ္စာပြု့ရမည်။
၂၇။ ( က ) ပုဒ်မ ၂၅ အရ အမည်ထည့်သွင်းပေးခြင်းခံရသော သားသမီးသည် အသက်တစ်ဆယ့်ရှစ်နှစ် မပြည့်သေးပါက အသက်ပြည့်သည့်နေမှစ၍ တစ်နှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သော အဖွဲ့အစည်းရှေ့သို့ ကိုယ်တိုင်လာရောက်ပြီး ပုဒ်မ ၂၄ ပါအတိုင်း ကတိသစ္စာပြု့ရမည်။
( ခ ) ပုဒ်မခွဲ ( က ) ပါအတိုင်း လိုက်နာရန်ပျက်ကွက်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့် အဖွဲ့အစည်းသို့ တစ်နှစ်လျှင် ကျပ်ငါးဆယ်ကျစီ ဒဏ်ငွေကိုပေးဆောင်ရမည်။
၂၈။ တစ်နှစ်အတွင်း ကတိသစ္စာမပြု့နိုင်ပါက ခိုင်လုံသော အကြောင်းပြ၍ ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့်အဖွဲ့အစည်းမှတစ်ဆင့် ဗဟိုအဖွဲ့သို့ လျှောက်ထားရမည်။ခိုင်လုံသောအကြောင်းမရှိပဲ အသက်နှစ်ဆယ့်နှစ်နှစ် ပြည့်သည့်နေ့မှကျော်လွန်လျှင် ဧည့်နိုင်ငံသားအဖြစ်ဆုံးရှုံးသည်။
၂၉။ ( က ) ဧည့်နိုင်ငံသား မိဘနှစ်ပါးလုံးသည် ဧည့်နိုင်ငံသားအဖြစ်ကို ဆုံးရှုံးလျှင် ထိုသူတို့၏ ဧည့်နိုင်ငံသားလက်မှတ်တွင် ပါဝင်သော အသက်တစ်ဆယ့်ရှစ်နှစ် မပြည့်သေးသည့် သားသမီးနှင့် အသက်တစ်ဆယ့်ရှစ်နှစ် ပြည့်ပြီးကတိသစ္စာမပြရသေးသော သားသမီးသည် ဧည့်နိုင်ငံသားအဖြစ်မှ ရပ်စဲသည်။
( ခ ) ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘနှစ်ပါးအနက် ဧည့်နိုင်ငံသားအမိ သို့မဟုတ် အဘသည် ဧည့်နိုင်ငံသားအဖြစ်ကို ဆုံးရှုံးလျှင် ထိုသူကိုင်ဆောင်သော လက်မှတ်တွင်ပါဝင်သည့် အသက်တစ်ဆယ့်ရှစ်နှစ် မပြည့်သေးသော သားသမီးနှင့် အသက်တစ်ဆယ့်ရှစ်ပြည့်ပြီး ကတိသစ္စာမပြု့ရသေးသော သားသမီးသည် ဧည့်နိုင်ငံသားအဖြစ်မှ ရပ်စဲသည်။
၃၀။ ဧည့်နိုင်ငံသားတစ်ဦးသည် -
( က ) နိုင်ငံတော်၏ ဥပဒေများကို ရိုသေလိုက်နာရမည်။
( ခ ) နိုင်ငံတော်၏ ဥပဒေပါ တာဝန်များကို ထမ်းဆောင်ရမည်။
( ဂ ) နိုင်ငံတော်ကောင်စီက အခါအားလျော်စွာ သတ်မှတ်ထားသော အခွင့်အရေးများမှအပ နိုင်ငံတော်၏ ဥပဒေပါ နိုင်ငံသားအခွင့်အရေးများကို ခံစားခွင့်ရှိသည်။
၃၁။ ဧည့်နိုင်ငံသားတစ်ဦးသည် အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကိုပါ ခံယူခွင့်မရှိစေရ။
၃၂။ ဧည့်နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်ပါဝင်နေသော စစ်မက်ကာလအတွင်း ဧည့်နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခွင့်မရှိစေရ။
၃၃။ ဧည့်နိုင်ငံသားတစ်ဦးသည် နိုင်ငံသားနှင့် အိမ်ထောင်ပြု့ကာမျှဖြင့် ဧည်နိုင်ငံသားအဖြစ် အလိုအလျှောက်မဖြစ်စေရ။
၃၄။ ဧည့်နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်မှ အပြီးအပိုင်ထွက်ခွာလျှင်ဖြစ်စေ၊အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကို ခံယူလျှင် သို့မဟုတ် မှတ်ပုံတင်လျှင်ဖြစ်စေ၊အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ် သို့မဟုတ် အလားတူလက်မှတ်ကို ထုတ်ယူလျှင်ဖြစ်စေ ဧည့်နိုင်ငံသားအဖြစ်မှ ရပ်စဲသည်။
၃၅။ ဧည့်နိုင်ငံသားတစ်ဦးသည် အောက်ပါပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့် ငြိစွန်းလျှင် ဧည့်နိုင်ငံသားအဖြစ်မှ ဗဟိုအဖွဲ့ ကရုတ်သိမ်းနိုင်သည် -
( က ) နိုင်ငံတော်ပါဝင်နေသောစစ်မက်ကာလအတွင်း ရန်သူနိုင်ငံများနှင့်ဖြစ်စေ၊ရန်သူနိုင်ငံကို အထောက်အကူပြု့သည့်နိုင်ငံများနှင့်ဖြစ်စေ၊ထိုနိုင်ငံများ၏ နိုင်ငံသားများ၊အဖွဲ့အစည်းများနှင့်ဖြစ်စေ ကုန်သွယ်ခြင်း သို့မဟုတ် ဆက်သွယ်ခြင်း သို့မဟုတ် ထိုသို့ပြု့လုပ်ခြင်းတစ်ရပ်ရပ်ကို အားပေးကူညီခြင်း။
( ခ ) နိုင်ငံတော်ကို ဆန့်ကျင်နေသည့် အဖွဲ့အစည်းနှင့်ဖြစ်စေ၊ ထိုအဖွဲ့အစည်း၏ အဖွဲ့ဝင်နှင့်ဖြစ်စေ ကုန်သွယ်ခြင်း သို့မဟုတ် ဆက်သွယ်ခြင်း သို့မဟုတ် ထိုသို့ပြုလုပ်ခြင်း တစ်ရပ်ရပ်ကို အားပေးကူညီခြင်း။
( ဂ ) နိုင်ငံတော်၏အချူပ်အခြာအာဏာနှင့် နိုင်ငံတော်၏လုံခြုံရေးကိုဖြစ်စေ၊အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုဖြစ်စေ ထိပါးစေမည့် အန္တရာယ်တစ်ခုခုကို ပြု့လုပ်နေသည်၊ပြု လုပ်တော့မည် ဟု ယုံကြည်လောက်သောအကြောင်းရှိခြင်း။
( ဃ ) နိုင်ငံတော်ကိုအကြည်အညိုမဲ့ကြောင်း သို့မဟုတ် သစ္စာမဲ့ကြောင်းကို ကိုယ်အမူအရာဖြင့်ဖြစ်စေ၊နှုတ်အမူအရာဖြင့်ဖြစ်စေ၊အခြားနည်းဖြင့်ဖြစ်စေပြသခြင်း။
( င ) နိုင်ငံတော်၏ လှိူ့ဝှက်ကိစ္စတစ်ရပ်ရပ်ကို သူတစ်ဦးကိုဖြစ်စေ၊အဖွဲ့အစည်းတစ်ခုခုကိုဖြစ်စေ၊အခြားနိုင်ငံတစ်နိုင်ငံကိုဖြစ်စေ၊အခြားနိုင်ငံများကိုဖြစ်စေ သတင်းပေးခြင်း၊ထိုသို့ ပြုလုပ်ခြင်းကို အားပေးကူညီခြင်း။
( စ ) အကျင့်စာရိတ္တ ပျက်ပြားခြင်းနှင့် စပ်လျဉ်းသည့် ပြစ်မှု့တစ်ခုခုကို ကျူးလွန်သောကြောင့် အနည်းဆုံးထောင်ဒဏ်တစ်နှစ် သို့မဟုတ် အနည်းဆုံးငွေဒဏ်ကျပ်တစ်ထောင် အပြစ်ပေးခံရခြင်း။
၃၆။ ဧည့်နိုင်ငံသားတစ်ဦးသည် မဟုတ်မမှန်ဖော်ပြခြင်း သို့မဟုတ် ဖုံးကွယ်ခြင်းဖြင့် ဧည့်နိုင်ငံသားအဖြစ်ကိုရရှိပါက ဧည့်နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ် တစ်ဆယ်နှစ်နှင့် ငွေဒဏ်ကျပ် ငါးသောင်းကိုလည်း ကျခံစေရမည်။
၃၇။ ဧည့်နိုင်ငံသားတစ်ဦးသည် မသမာသောနည်းလမ်းဖြင့် နိုင်ငံသားလက်မှတ် သို့မဟုတ် ဧည့်နိုင်ငံသားလက်မှတ် သို့မဟုတ် နိုင်ငံသားပြု့ခွင့်လက်မှတ်ကို သူတစ်ဦးရရှိရန် အားပေးကူညီလျှင် ဧည့်နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ်ခုနှစ်နှင့် ငွေဒဏ်ကျပ်တစ်သောင်းကိုလည်း ကျခံစေရမည်။
၃၈။ ဧည့်နိုင်ငံသားတစ်ဦးသည် ပုဒ်မ ၃၆ ၊ ပုဒ်မ ၃၇ အရ သူတစ်ဦးကျူးလွန်သော အမှု့ကိစ္စကို ကိုယ်တိုင်သိရှိလျှင်ဖြစ်စေ၊ကိုယ်တိုင်ပါဝင်ကူညီဆောင်ရွက်လျှင်ဖြစ်စေ ဤဥပဒေအာဏာတည်သည့်နေ့မှစ၍ တစ်နှစ်အတွင်း သို့မဟုတ် ကျူးလွန်ခဲ့သည်နေ့မှစ၍ တစ်နှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသော အဖွဲ့အစည်းများ၌ ဖော်ထုတ်ဝန်ခံပါက ဤအမှု့နှင့်စပ်လျဉ်းသော ပြစ်မှု့ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိစေမည်။
၃၉။ ( က ) ဧည့်နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူ၏ ဧည့်နိုင်ငံသားလက်မှတ်ကို ပယ်ဖျက်ရမည်။ ထိုသို့ ပယ်ဖျက်ထားသော လက်မှတ်ကို ကိုင်ဆောင်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့်နည်းလမ်းနှင့်အညီ ပြန်လည်အပ်နှံရမည်။
( ခ ) ပယ်ဖျက်ထားသော ဧည့်နိုင်ငံသားလက်မှတ်ကို ပြန်လည်အပ်နှံရန်ပျက်ကွက်လျှင်ဖြစ်စေ၊ဆက်လက်အသုံးပြု့လျှင်ဖြစ်စေ၊သူတစ်ဦးအား မသမာသောနည်းလမ်းဖြင့် လွှဲပြောင်းပေးအပ်လျှင်ဖြစ်စေ ထောင်ဒဏ်တစ်ဆယ်နှစ်နှင့် ငွေဒဏ်ကျပ်နှစ်သောင်းကို ကျခံစေရမည်။
( ဂ ) မည်သူမဆို ပယ်ဖျက်ထားသော ဧည့်နိုင်ငံသားလက်မှတ်ကိုဖြစ်စေ၊သေဆုံးသူဧည့်နိုင်ငံသား၏လက်မှတ်ကိုဖြစ်စေ ကိုင်ဆောင်အသုံးပြုလျှင် ထောင်ဒဏ်တစ်ဆယ်နှစ်နှင့် ငွေဒဏ်ကျပ်နှစ်သောင်းကိုကျခံစေရမည်။
၄၀။ မည်သူမဆို ဧည့်နိုင်ငံသားလက်မှတ်အတုပြုလုပ်လျှင်ဖြစ်စေ၊ထိုသို့ပြုလုပ်ရန်အားပေးကူညီ လျှင်ဖြစ်စေ ထောင်ဒဏ် တစ်ဆယ့်ငါးနှစ်နှင့် ငွေဒဏ်ကျပ်ငါးသောင်းကို ကျခံစေရမည်။
၄၁။ ဧည့်နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူသည် ဧည့်နိုင်ငံသားအဖြစ်ကို သော်လည်ကောင်း၊ နိုင်ငံသားပြု့ခွင့်အဖြစ်သော်လည်ကောင်း ပြန်လည်လျှောက်ထားခွင့်မရှိစေရ။
အခန်း ( ၄ )
နိုင်ငံသားပြု့ခွင့်ရသူဖြစ်ခြင်း
၄၂။ ၁၉၄၈ ခုနှစ်၊ဇန်နဝါရီလ ၄ ရက်နေ့မတိုင်မီကာလတွင် နိုင်ငံတော်အတွင်း၌ ရောက်ရှိနေထိုင်သူနှင့် ထိုသူတို့မှ နိုင်ငံတော်အတွင်း မွေးဖွားသည့်သားသမီးများသည် ၁၉၄၈ခုနှစ်၊ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်သူ အက်ဥပဒေအရ လျှောက်ထားရန်ကျန်ရှိနေကြောင်း ခိုင်လုံသော အထောက်အထားများဖြင့် ဗဟိုအဖွဲ့သို့ နိုင်ငံသားပြု့ခွင့်ရရန် လျှောက်ထားနိုင်သည်။
၄၃။ ဤဥပဒေအာဏာတည်သည့်နေမှစ၍ နိုင်ငံတော်အတွင်း၌ ဖြစ်စေ၊နိုင်ငံတော်ပြင်ပ၌ဖြစ်စေ မွေးဖွားသည့် အောက်ပါသူတို့သည်လည်း နိုင်ငံသားပြု့ခွင့်ရရန် လျှောက်ထားနိူင်သည် -
( က ) နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားလာသူများ
( ခ ) ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြု့ခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားလာသူများ
( ဂ ) ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးမှမွေးဖွားလာသူများ
( ဃ ) နိုင်ငံသားပြု့ခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားလာသူများ
( င ) နိုင်ငံသားပြု့ခွင့်ရသူနှင့် နိုင်ငံခြားသား မိဘနှစ်ပါးမှမွေးဖွားလာသူများ
၄၄။ နိုင်ငံသားပြု့ခွင့်ရရန် လျှောက်ထားသူသည် အောက်ပါအရည်အချင်းနှင့် ပြည်စုံရမည် -
( က ) ပုဒ်မ ၄၂ သို့မဟုတ် ပုဒ်မ ၄၃ ပါ ပြဋ္ဌာန်းချက်နှင့် ကိုက်ညီသူဖြစ်ခြင်း
( ခ ) အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ြ့ပီးသူဖြစ်ခြင်း
( ဂ ) တိုင်းရင်းသားဘာသာစကားတစ်မျိုးမျိုးကို ကောင်းမွန်စွာပြောတတ်ခြင်း
( ဃ ) အကျင့်စာရိတ္တကောင်းမွန်ခြင်း
( င ) ရူးသွပ်သူမဟုတ်ခြင်း
၄၅။ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြု့ခွင့်ရသူနှင့် အိမ်ထောင်ကျခဲ့သော ဤဥပဒေအာဏာတည်သည့်နေ့မတိုင်မီက နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ်ကိုင်ဆောင်သူသည် နိုင်ငံသားပြု့ခွင့်ရရန် လျှောက်ထားလျှင် အောက်ပါအရည်အချင်းနှင့်ပြည့်စုံရမည် -
( က ) အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီးသူဖြစ်ခြင်း
( ခ ) အကျင့်စာရိတ္တကောင်းမွန်ခြင်း
( ဂ ) ရူးသွပ်သူမဟုတ်ခြင်း
( ဃ ) တစ်လင်တစ်မယားဖြစ်ခြင်း
( င ) တရားဝင်ဇနီး သို့မဟုတ် တရားဝင်ခင်ပွန်းအဖြစ် နိုင်ငံတော်အတွင်း အနည်းဆုံးသုံးနှစ် အဆက်မပြတ် နေထိုင်ခဲ့ ခြင်း
၄၆။ ( က ) နိုင်ငံသားပြု့ခွင့်ရသူအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့်အဖွဲ့အစည်းအရှေ့သို့ ကိုယ်တိုင်လာရောက်ပြီး နိုင်ငံတော်၏သစ္စာကိုခံယူကြောင်း၊နိုင်ငံတော်၏ဥပဒေများကို ရိုသေလိုက်နာမည်ဖြစ်ကြောင်း၊သတ်မှတ်ထားသော တာဝန်နှင့် အခွင့်အရေးများကို သိရှိကြောင်း စာဖြင့်ရေးသား၍ ကတိပြုရမည်။
( ခ ) နိုင်ငံသားပြု့ခွင့်ရသူအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်သော နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သောသူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့်အဖွဲ့အစည်းရှေ့သို့ ကိုယ်တိုင်လာရောက်ပြီး နိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ်ကြောင်း၊နိုင်ငံတော်၏ သစ္စာကိုခံယူကြောင်း၊နိုင်ငံတော်၏ဥပဒေများကို ရိုသေလိုက်နာမည်ဖြစ်ကြောင်း၊သတ်မှတ်ထားသော တာဝန်နှင့် အခွင့်အရေးများကို သိရှိကြောင်း စာဖြင့်ရေးသား၍ ကတိသစ္စာပြုရမည်။
၄၇။ နိုင်ငံသားပြု့ခွင့်လက်မှတ်တွင် လျှောက်လွှာ၌ဖော်ပြထားသော သားသမီး၏အမည်ကို ဗဟိုအဖွဲ့က ထည့်သွင်းနိုင်သည်။အမည်ထည့်သွင်းပေးထားခြင်းခံရသော သားသမီးသည် နိုင်ငံသားပြုခွင့်ရသူဖြစ်သည်။
၄၈။ ပုဒ်မ ၄၇ အရ အမည်ထည့်သွင်းပေးခြင်းခံရသော သားသမီးသည် အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီးသူဖြစ်ပါက မိဘနှင့်အတူ ပုဒ်မ ၄၆ ပုဒ်မခွဲ ( က ) ပါအတိုင်း ကတိသစ္စာပြုရမည်။
၄၉။ ( က ) ပုဒ်မ ၄၇ အရ အမည်ထည့်သွင်းပေးခြင်းခံရသော သားသမီးသည် အသက်တစ်ဆယ့်ရှစ်နှစ် မပြည့်သေးပါက အသက်ပြည့်သည့်နေ့မှစ၍ တစ်နှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့်အဖွဲ့အစည်းအရှေ့သို့ ကိုယ်တိုင်လာရောက်ပြီး ပုဒ်မ ၄၆ ပုဒ်မခွဲ ( က ) ပါအတိုင်း ကတိသစ္စာပြု့ရမည်။
( ခ ) ပုဒ်မခွဲ ( က ) ပါအတိုင်း လိုက်နာရန် ပျက်ကွက်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့် အဖွဲ့အစည်းသို့ တစ်နှစ်လျှင် ဒဏ်ငွေ ကျပ်ငါးဆယ်စီ ပေးဆောင်ရမည်။
၅၀။ တစ်နှစ်အတွင်း ကတိသစ္စာမပြု့နိုင်ပါက ခိုင်လုံသောအကြောင်းပြ၍ ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့် အဖွဲ့အစည်းများမှတစ်ဆင့် ဗဟိုအဖွဲ့သို့ လျှောက်ထားရမည်။
၅၁။ ( က ) နိုင်ငံသားပြု့ခွင့်ရသူ မိဘနှစ်ပါးစလုံးသည် နိုင်ငံသားပြု့ခွင့်အဖြစ်ကို ဆုံးရှုံးလျှင် ထိုသူတို့၏ နိုင်ငံသားပြု့ခွင့်လက်မှတ်တွင် ပါဝင်သော အသက်တစ်ဆယ့်ရှစ်နှစ်မပြည့်သေးသည့် သားသမီးနှင့် အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီး ကတိသစ္စာမပြု့ရသေးသော သားသမီးသည် နိုင်ငံသားပြု့ခွင့်ရသူအဖြစ်မှ ရပ်စဲသည်။
( ခ ) နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးအနက် နိုင်ငံသားအဖြစ်ကို ဆုံးရှုံးလျှင် ထိုသူကိုင်ဆောင်သော လက်မှတ်တွင် ပါဝင်သည့် အသက်တစ်ဆယ့်ရှစ်နှစ် မပြည့်သေးသော သားသမီးနှင့် အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီး ကတိသစ္စာမပြု့ရသေးသော သားသမီးသည် နိုင်ငံသားပြု့ခွင့်ရသူအဖြစ်မှရပ်စဲသည်။
( ဂ ) ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးအနက် ဧည့်နိုင်ငံသား အမိ သို့မဟုတ် အဘသည် ဧည့်နိုင်ငံသားအဖြစ်ကို ဆုံးရှုံးလျှင် ထိုသူကိုင်ဆောင်သော လက်မှတ်တွင်ပါဝင်သည့် အသက်တစ်ဆယ့်ရှစ်နှစ် မပြည့်သေးသောသားသမီးနှင့် အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီး ကတိသစ္စာမပြု့ရသေးသော သားသမီးသည် နိုင်ငံသားပြု့ခွင့်ရသူအဖြစ်မှ ရပ်စဲသည်။
( ဃ ) နိုင်ငံသားပြု့ခွင့်ရသူနှင့် နိုင်ငံခြားသားမိဘနှစ်ပါးအနက် နိုင်ငံသားပြု့ခွင့်ရသူ အမိ သို့မဟုတ် အဘသည် နိုင်ငံသားပြု့ခွင့်ရသူအဖြစ်ကို ဆုံးရှုံးလျှင် ထိုသူကိုင်ဆောင်သောလက်မှတ်တွင် ပါဝင်သည့် အသက်တစ်ဆယ့်ရှစ်နှစ်မပြည့်သေးသောသားသမီး နှင့် အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီး ကတိသစ္စာမပြု့ရသေးသော သားသမီးသည်နိုင်ငံသားပြု့ခွင့်ရသူအဖြစ်မှ ရပ်စဲသည်။
၅၂။ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြု့ခွင့်ရသူနှင့် အိမ်ထောင်ကျခဲ့သော ဤဥပဒေအာဏာတည်သည့်နေမတိုင်မီက နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သော သူသည် နိုင်ငံသားပြု့ခွင့်ရရန် လျှောက်ထားပြီး နိုင်ငံသားပြု့ခွင့်မရမီ ယင်း၏ ဇနီး သို့မဟုတ် ခင်ပွန်း သေဆုံးလျှင်ဖြစ်စေ၊ကွာရှင်းလျှင်ဖြစ်စေ ထိုသူ၏ နိုင်ငံသားပြု့ခွင့်လျှောက်ထားခြင်းသည် ပျက်ပြယ်သည်။
၅၃။ နိုင်ငံသားပြု့ခွင့်ရသူတစ်ဦးသည် -
( က ) နိုင်ငံတော်၏ ဥပဒေများကို လေးစားလိုက်နာရမည်။
( ခ ) နိုင်ငံတော်၏ ဥပဒေပါ တာဝန်များကို ထမ်းဆောင်ရမည်။
( ဂ ) နိုင်ငံတော်ကောင်စီက အခါအားလျော်စွာ သတ်မှတ်သောအခွင့်အရေးများမှအပ နိုင်ငံတော်၏ ဥပဒေပါ နိုင်ငံသားအခွင့်အရေးများကို ခံစားခွင့်ရှိသည်။
၅၄။ နိုင်ငံသားပြု့ခွင့်ရသူတစ်ဦးသည် အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကိုပါ ခံယူခွင့်မရှိစေရ။
၅၅။ နိုင်ငံသားပြု့ခွင့်ရသူတစ်ဦးသည် နိုင်ငံတော်ပါဝင်နေသော စစ်မက်ကာလအတွင်း နိုင်ငံသားပြု့ခွင့်ရသူအဖြစ်ကို စွန့်လွှတ်ခွင့်မရှိစေရ။
၅၆။ နိုင်ငံသားပြု့ခွင့်ရသူတစ်ဦးသည် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသားနှင့် အိမ်ထောင်ပြု့ကာမျှဖြင့် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသားအဖြစ် အလိုအလျောက် မရရှိစေရ။
၅၇။ နိုင်ငံသားပြု့ခွင့်ရသူတစ်ဦးသည် နိုင်ငံတော်မှအပြီးအပိုင် ထွက်ခွာလျှင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကိုခံယူလျှင် သို့မဟုတ် မှတ်ပုံတင်လျှင်ဖြစ်စေ၊အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ် သို့မဟုတ် အလားတူလက်မှတ်ကို ထုတ်ယူလျှင်ဖြစ်စေ နိုင်ငံသားပြု့ခွင့်ရသုအဖြစ်မှ ရပ်စဲသည်။
၅၈။ နိုင်ငံသားပြု့ခွင့်ရသူတစ်ဦးသည် အောက်ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့်ငြိစွန်းလျှင် နိုင်ငံသားပြု ခွင့်ရသူအဖြစ်မှ ဗဟိုအဖွဲ့ကရုပ်သိမ်းနိုင်သည်။
( က ) နိုင်ငံတော်ပါဝင်နေသောစစ်မက်ကာလအတွင်း ရန်သူနိုင်ငံများနှင့်ဖြစ်စေ၊ရန်သူနိုင်ငံများကိုအထောက်အကူပြု့သည့်နိုင်ငံံများ ဖြင့်ဖြစ်စေ၊ထိုနိုင်ငံများ၏ နိုင်ငံသားများ၊အဖွဲ့အစည်းများနှင့်ဖြစ်စေ ကုန်သွယ်ခြင်း သို့မဟုတ်ဆက်သွယ်ခြင်း သို့မဟုတ် ထိုသို့ ပြု့လုပ်ခြင်းတစ်ရပ်ရပ်ကို အားပေးကူညီခြင်း
( ခ ) နိုင်ငံတော်ကိုဆန့်ကျင်နေသည့် အဖွဲ့အစည်းနှင့်ဖြစ်စေ၊ ထိုအဖွဲ့အစည်း၏ အဖွဲ့ဝင်နှင့် ဖြစ်စေ ကုန်သွယ်ခြင်း သို့မဟုတ် ဆက်သွယ်ခြင်း သို့မဟုတ် ထိုသို့ပြု့လုပ်ခြင်းတစ်ရပ်ရပ်ကို အားပေးကူညီခြင်း
( ဂ ) နိုင်ငံတော်၏အချူပ်အခြာအာဏာနှင့် နိုင်ငံတော်၏ လုံခြုံရေးကိုဖြစ်စေ၊ အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုဖြစ်စေ ထိပါးစေမည့် အန္တရာယ်တစ်ခုခုကို ပြု့လုပ်နေသည်၊ ပြုလုပ်တော့ မည်ဟု ယုံကြည်လောက်သော အကြောင်းရှိခြင်း
( ဃ ) နိုင်ငံတော်ကိုအကြည်အညိုမဲ့ကြောင်း သိုိ့မဟုတ် သစ္စာမဲ့ကြောင်းကို ကိုယ်အမူအရာဖြင့်ဖြစ်စေ၊ နှုတ်အမှုအရာဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ပြသခြင်း
( င ) နိုင်ငံတော်၏ လှိူ့ဝှက်ကိစ္စတစ်ရပ်ရပ်ကို သူတစ်ဦးကိုဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုကိုဖြစ်စေ၊ အခြားနိုင်ငံတစ်နိုင်ငံကိုဖြစ်စေ၊အခြားနိုင်ငံများကိုဖြစ်စေ သတင်းပေးခြင်း၊ ထိုသို့ပြု့လုပ်ခြင်းကို အားပေးကူညီခြင်း
( စ ) အကျင့်စာရိတ္တပျက်ပြားခြင်းနှင့် စပ်လျဉ်းသည့် ပြစ်မှု့တစ်ခုခုကို ကျူးလွန်သောကြောင့်အနည်းဆုံး ထောင်ဒဏ်တစ်နှစ် သို့မဟုတ် အနည်းဆုံးငွေဒဏ်ကျပ်တစ်ထောင် အပြစ်ပေးခံရခြင်း
၅၉။ နိုင်ငံသားပြု့ခွင့်ရသူတစ်ဦးသည် မဟုတ်မမှန်ဖော်ပြခြင်း သို့မဟုတ် ဖုံးကွယ်ခြင်းဖြင့် နိုင်ငံသားပြု့ခွင့်ရသူအဖြစ်ကိုရရှိပါက နိုင်ငံသားပြု့ခွင့်ရသူအဖြစ်မှ ရုပ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ်တစ်ဆယ်နှစ်နှင့် ငွေဒဏ်ကျပ်ငါးသောင်းကိုလည်း ကျခံစေရမည်။
၆၀။ နိုင်ငံသားပြု့ခွင့်ရသူတစ်ဦးသည် မသမာသောနည်းလမ်းဖြင့် နိုင်ငံသားလက်မှတ် သို့မဟုတ် ဧည့်နိုင်ငံသားလက်မှတ် သို့မဟုတ် နိုင်ငံသားပြု့ခွင့်လက်မှတ်ကို သူတစ်ဦးရရှိရန် အားပေးကူညီလျှင် နိုင်ငံသားပြု့ခွင့်ရသူအဖြစ်မှ ရုပ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ် ခုနှစ်နှစ် နှင့် ငွေဒဏ်ကျပ်တစ်သောင်းကိုလည်း ကျခံစေရမည်။
၆၁။ နိုင်ငံသားပြု့ခွင့်ရသူတစ်ဦးသည် ပုဒ်မ ၅၉၊ ပုဒ်မ ၆၀ အရသူတစ်ဦး ကျူးလွန်သောအမှု့ကိစ္စကို ကိုယ်တိုင်သိရှိလျှင်ဖြစ်စေ၊ ကိုယ်တိုင်ပါဝင်ကူညီဆောင်ရွက်ခဲ့လျှင်ဖြစ်စေ ဤဥပဒေအာဏာတည်သည့်နေ့မှစ၍ တစ်နှစ်အတွင်း သို့မဟုတ် ကျူးလွန်ခဲ့သည့်နေ့မှစ၍ တစ်နှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန၏သတ်မှတ်ထားသော အဖွဲ့အစည်းများ၌ ဖော်ထုတ်ဝန်ခံပါက ဤအမှု့ကိစ္စနှင့် စပ်လျဉ်းသော ပြစ်မှု့ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရရှိစေရမည်။
၆၂။ ( က ) နိုင်ငံသားပြု့ခွင့်ရသူအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူ၏ နိုင်ငံသားပြု့ခွင့်လက်မှတ်ကို ပယ်ဖျက်ရမည်။ထိုသို့ပျယ်ဖျက်ထားသော လက်မှတ်ကိုကိုင်ဆောင်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့်နည်းလမ်းနှင့်အညီ ပြန်လည်အပ်နှံရမည်။
( ခ ) ပယ်ဖျက်ထားသော နိုင်ငံသားပြု့ခွင့်လက်မှတ်ကို ပြန်လည်အပ်နှံရန် ပျက်ကွက်လျှင်ဖြစ်စေ၊ သူတစ်ဦးအားမသမာသောနည်းလမ်းဖြင့်လွှဲပြောင်းပေးအပ်လျှင်ဖြစ်စေ ထောင်ဒဏ်တစ်ဆယ်နှစ်နှင့် ငွေဒဏ်ကျပ်နှစ်သောင်းကိုကျခံစေရမည်။
( ဂ ) မည်သူမဆို ပယ်ဖျက်ထားသော နိုင်ငံသားပြု့ခွင့်လက်မှတ်ကိုဖြစ်စေ၊သေဆုံးသူနိုင်ငံသား ပြုခွင့်ရသူ၏လက်မှတ်ကိုဖြစ်စေ ကိုင်ဆောင်အသုံးပြု့လျှင် ထောင်ဒဏ်တစ်ဆယ်နှစ်နှင့် ငွေဒဏ်ကျပ်နှစ်သောင်းကို ကျခံစေရမည်။
၆၃။ မည်သူမဆို နိုင်ငံသားပြု့ခွင့်လက်မှတ်အတုပြု့လုပ်လျှင်ဖြစ်စေ၊ ထိုသို့ပြု့လုပ်ရန် အားပေးကူညီလျှင်ဖြစ်စေ ထောင်ဒဏ်တစ်ဆယ့်ငါးနှစ်နှင့် ငွေဒဏ်ကျပ်ငါးသောင်းကို ကျခံစေရမည်။
၆၄။ နိုင်ငံသားပြု့ခွင့်ရသူအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူသည် နိုင်ငံသားပြု့ခွင့်အဖြစ်ကို ပြန်လည်လျှောက်ထားခွင့် မရှိစေရ။
အခန်း ( ၅ )
နိုင်ငံသား၊ဧည့်နိုင်ငံသား၊နိုင်ငံသားပြု့ခွင့်ရသူ ဟုတ်မဟုတ် အဆုံးအဖြတ်ခံယူခြင်း
၆၅။ ပုဂ္ဂိုလ်တစ်ဦးသည် နိုင်ငံသား၊ဧည့်နိုင်ငံသား၊နိုင်ငံသားပြု့ခွင့်ရသူ ဟုတ်မဟုတ် အဆုံးအဖြတ်ခံယူရန် အကြောင်းကိစ္စပေါ်ပေါက်လာပါက ဗဟိုအဖွဲ့သို့ လျှောက်ထားနိုင်သည်။
၆၆။ ဗဟိုအဖွဲ့သည် -
( က ) လျှောက်ထားသူအား အထောက်အထားများနှင့်အတူတကွ တင်ပြခွင့်ပေးရမည်
( ခ ) ဥပဒေနှင့်အညီ အဆုံးအဖြတ် ပေးရမည်
( ဂ ) အဆုံးအဖြတ်ကိုလျှောက်ထားသူထံသို့ ပြန်ကြားရမည်
အခန်း ( ၆ )
ဗဟိုအဖွဲ့
၆၇။ ဝန်ကြီးအဖွဲ့သည် ဗဟိုအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းရမည် -
( က ) ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန - ဥက္ကဋ္ဌ
( ခ ) ဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန - အဖွဲ့ဝင်
( ဂ ) ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန - အဖွဲ့ဝင်
၆၈။ ဗဟိုအဖွဲ့သည် အောက်ပါလုပ်ပိုင်ခွင့်များရှိသည် -
( က ) နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြု့ခွင့်ရသူ ဟုတ် ၊ မဟုတ် အဆုံးအဖြတ်ပေးခြင်း
( ခ ) ဧည့်နိုင်ငံသား ၊ နိုင်ငံသား ပြုခွင့်ရရန် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ အဆုံးအဖြတ်ပေးခြင်း
( ဂ ) နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ အဖြစ်မှ ရပ်စဲခြင်း
( ဃ ) နိုင်ငံသား ၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ အဖြစ်မှ ရုပ်သိမ်းခြင်း
( င ) မှတ်ပုံတင်ခြင်း ၊ ကတိသစ္စာပြုခြင်းတို့နှင့် စပ်လျဉ်းသော ပျက်ကွက်မှုအတွက် လျှောက်ထားချက်နှင့် ပတ်သက်၍ အဆုံးအဖြတ်ပေးခြင်း။
၆၉။ ဗဟိုအဖွဲ့သည် အရေးယူခံရသူအား ချေပခွင့်ပေးရမည် ။
အခန်း (၇)
အယူခံခြင်း
၇၀။ (က) ဗဟိုအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် လုပ်ထုံး လုပ်နည်းဖြင့် သတ်မှတ်သည့်အတိုင်း ဝန်ကြီးအဖွဲ့သို့ အယူခံနိုင်သည်။
(ခ) ဝန်ကြီးအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။
၇၁။ ဤဥပဒေဖြင့် လုပ်ပိုင်ခွင့်အပ်နှင်းထားသည့် အဖွဲ့အစည်းများသည် ဤဥပဒေပါကိစ္စရပ်များကို ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ တစုံ တရာ အကြောင်းပြရန်မလို ။
အခန်း (၈)
အထွေထွေ
၇၂။ ဤဥပဒေအာဏာ တည်သည့်နေ့မှစ၍ ဤဥပဒေပါပြဋ္ဌာန်းချက် တစ်ရပ်ရပ်အရမှအပ မည်သည့် နိုင်ငံခြားသားမျှ နိုင်ငံသားပြုခွင့် ရရန်လျှောက်ထားခွင့်မရှိစေရ။
၇၃။ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ၏ မွေးစားခြင်းခံရသော နိုင်ငံခြားသား တစ်ဦးသည် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူအဖြစ်ကို မရရှိစေရ။
၇၄။ ပြစ်ဒဏ်စီရင်သည့်ကိစ္စရပ်များမှတပါး ဤဥပဒေနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို လုပ်ပိုင်ခွင့်အပ်နှင်းထားသော အဖွဲ့အစည်းများကသာ ဆုံးဖြတ်နိုင်ခွင့်ရှိသည်။
၇၅။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်ရန်အလို့ငှာ ဝန်ကြီးအဖွဲ့သည် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို နိုင်ငံတော်ကောင်စီ၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ရမည်။
၇၆။ အောက်ပါဥပဒေတို့ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်…
(က) ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ်(ရွေးချယ်ရေး)အက်ဥပဒေ
(ခ) ၁၉၄၈ ခုနှစ် အက်ဥပဒေ၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု
----- ။ -----
ဖတ်ပြီးရင် တိုင်းပြည်နစ်နာစရာအချက် တစ်ချက်ပါလား ထောက်ပြပေးပါ။

ချစ်ခြင်းဖြင့်
ကိုအောင်
၁၁-၇-၂၀၂၂
၁၁:၄၂

###Ko Aung🇲🇲
ဇင်မာအောင်ရဲ့
မလေးဝန်ချုပ်နဲ့တွေ့တာ
ယမ်းကီးဒုနငခဝန်ကြီးနဲ့တွေ့တာတွေ
လေ့လာပြီးရင်
ဘုန်းကျော် (ဩစတေးလျ)
ရေးထားတဲ့ပို့စ်လေးဆက်ဖတ်ကြည့်ပါ

OICထောက်ပံ့မှုတွေရယူထားတဲ့
နိုင်ငံခြားသားအကြံပေး
အယောက်၉၀ကျော်
ခန့်အပ်ထားတဲ့
NLDအစိုးရသက်တမ်း၅နှစ်
အတွင်းလုပ်ခဲ့တဲ့လုပ်ရပ်တွေနဲ့
၂၀၂၀ရွေးကောက်ပွဲမှာ
မသမာတဲ့နည်းနဲ့ဘာ့ကြောင့်
အစိုးရအသက်ဆက်ချင်တာလဲ
ဇင်မာအောင် (NUG)တို့ရဲ့
လက်ရှိခြေလှမ်းတွေကို
ယှဉ်တွဲလေ့လာလို့ရအောင်
ဘုန်းကျော် (ဩစတေးလျ)ရဲ့ပို့စ်
ကော်ပီယူလာတယ်

#IPကွမ်းသီး

Xxxxxxxxxxxxxxxxxxxxxxxxxxxxx

အမေရိကန် သိပ္ပံပညာရှင်များအဖွဲ့ (National Science Board) မွ ပညာရှင်ဖြစ်သူ ဂျိမ်းစ် (James Lawrence Powell) က ကမ္ဘာကြီး ပူနွေးလာမှု့နဲ့ပက်သက်တဲ့ စာတမ်းတွေကို လေ့လာကြည့်တာ စာတမ်းပေါင်း ၂၄၂၁၀ ကိုတွေ့တယ်။ ဒီစာတမ်းကို သိပ္ပံပညာရှင်ဦးရေ ၆၉၄၀၆ ဦးကရေးတယ်။ ဒါက ၂၀၁၃ နဲ့ ၂၀၁၄ ကြား၊ တစ်နှစ်အတွင်းမှာရေးတဲ့ စာတမ်းအရေအတွက်။ အားလုံးလိုလိုက ကမ္ဘာကြီး ပူနွေးမှု့ဖြစ်တဲ့ အကြောင်းအရင်းကတော့ မီးခိုးငွေ့ကြောင့်ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုကြတယ်။

ဒေါက်တာ ဟန်ဆန် (Dr.Hansen) ဆိုတဲ့လူက ပညာရှင်တွေကြားမှာ အတော်ဆုံးလူ။ နာဆာမှာညွန်ကြားရေးမှုးအဖြစ် လုပ်ခဲ့ဖူးတယ်။ သူက ဘင်္ဂလားဒေ့ရ်ှနိုင်ငံနဲ့ ပက်သက်ပြီး စာအုပ်တစ်အုပ်ရေးခဲ့တယ်။ ကမ္ဘာကြီးပူနွေးလာမှု့ကြောင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ဘယ်လိုအကျိုးသက်ရောက်နိုင်လဲဆိုတဲ့အကြောင်း။ ကျောက်မီးသွေး၊ ရေနံနဲ့ဂက်စ်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေကတော့ ကမ္ဘာကြီးပူလာတာဟာ သူတို့ကြောင့် မဟုတ်ဘူးဆိုပြီး ငြင်းကြတယ်။

နိုင်ငံတကာ ရာသီဥတုပြောင်းလဲမှု့ကို လေ့လာတဲ့အဖွဲ့ (The International Panel for Climate Change IPCC) က ဒီလိုခန့်မှန်းတယ်။ ကမ္ဘာကြီးပူနွေးလာတော့ ရေခဲတောင်တွေ အရည်ပျော်တယ်။ ပျော်တော့ ပင်လယ်ထဲကို စီး၀င်တယ်။ စီး၀င်တော့ ပင်လယ်ရေမျက်နှာပြင်က တဖြည်းဖြည်းမြင့်လာတယ်။ ၂၂-ရာစုခေတ်မှာ ကမ္ဘာကြီးပူနွေးမှု့ကြောင့် ပင်လယ်ရေမျက်နှာပြင်ဟာ တစ်မီတာမဟုတ်ရင် နှစ်မီတာလောက်မြင့်တက်လာမယ်လို့ ပြောတယ်။ ဘယ်လောက်မြင့်မလဲဆိုတာကို အတိအကျပြောလို့မရပေမဲ့ မြင့်တက်လာမှသေချာနေပြီလို့ ပြောတယ်။ ပြောတဲ့လူက ဒေါက်တာ ဟန်ဆန်။

နိမ့်တဲ့ဒေသတွေက ပိုပြီးခံစားရမယ်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရ်ှလို နိုင်ငံတွေ။ ဒီနိုင်ငံတွေဟာ တဖြည်းဖြည်းနဲ့ရေမြုပ်နေပြီ။ အနာဂတ်မှာ ပိုဆိုးလာမယ်။ ဘင်္ဂလားဒေ့ရ်ှမြောက်ပိုင်းနဲ့စစ်တကောင်းတောင်တန်းတွေကလွဲရင် နောင်နှစ်ပေါင်း ၂၅-နှစ် အတွင်းမှာ ရေအောက်ထဲကို ရောက်သွားမယ်လို့ဒေါက်တာ ဟန်ဆန္က ပြောတယ်။

ဒါဆိုရင် မေးစရာမေးခွန်းတစ်ခုရှိတယ်။ တကယ်လို့ရေအောက်ထဲကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံရောက်သွားရင် လူဦးရေ သန်း ၁၇၀-လောက် ဘယ်မှာသွားနေမလဲ။ နောက်ပြီး ဒီနိုင်ငံက တဖြည်းဖြည်း လူဦးရေက ပေါက်ကွဲထွက်နေတယ်။

ဒါကို ဖြေရှင်းဖို့ UN က ဦးဆောင်လုပ်နေတယ်။ ဘင်္ဂလားဒေ့ရ်ှက လူတွေကို မြန်မာပြည်ထဲကို ပို့ဖို့လုပ်နေတယ်။ OIC နဲ့ UN တို့ပေါင်းတယ်။ အမေရိကန်နဲ့ ယူကေက ထောက်ခံတယ်။

၂၀၅၀-ခုနှစ်ကြရင် သူ့လူဦးရေကို ဘင်္ဂလားဒေ့ရ်ှက လုံး၀နိုင်တော့မှာမဟုတ်ဘူး။ အဲဒိလူဦးရေကို မြန်မာပြည်က ကျွေးရလိမ့်မယ်လို့ ပညာရှင်တွေက ခန့်မှန်းနေကြပြီ။ ဒီလိုဖြစ်အောင် UN/OIC ၊ အမေရိကန်နဲ့ ယူကေတို့က အခုကတည်းက ပြင်ဆင်နေကြတယ်။

ပရော်ဖက်ဆာ ရေး (အိန္ဒိယလူမျိူး) က တဖြည်းဖြည်းရေမြုပ်လာနေသော ဘင်္ဂလားဒေ့ရ်ှနိုင်ငံနဲ့ပက်သက်၍ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အတွက်ပြဿနာ (Conflict Ahead for India, Myanmar: Drowning Bangladesh on July 12, 2012.) လို့ခေါ်တဲ့ စာတမ်းတစ်ခုရေးတယ်။ ပရော်ဖက်ဆာရေးက သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ ပညာရှင်။

အဲဒိစာတမ်းထဲမှာ ဘာပါလဲဆိုတော့ ၂၀၂၅-ခုနှစ်ကြရင် မြေနိမ့်ပိုင်းမှာနေတဲ့ လူဦးရေသန်း ၅၀-နဲ့ ၈၀-ကြားက ဘင်ဂါလီတွေကို နေရာရွှေ့မယ်။ ဂင်္ဂါမြစ်အောက်ပိုင်းမှာနေတဲ့ ဘင်ဂါလီတွေ။ ဒီကိစ္စက လုံး၀ကို ရှောင်လွဲလို့မရတဲ့ကိစ္စ။ မလုပ္မေနရ လုပ်ရမဲ့ကိစ္စ။ မလုပ်ရင် ရေမြုပ်ပြီးသေကြလိမ့်မယ်။ အိန္ဒိယနိုင်ငံနဲ့မြန်မာအတွက် ဒီကိစ္စက အရေးကြီးတယ်လို့ထောက်ပြတယ်။ ဘင်ဂါလီ လူဦးရေ သန်း ၁၅၀-လောက်က နှစ်ပေါင်း ၂၅-နှစ်နဲ့ ၃၀-အတွင်းမှာ အိမ်နီးခြင်းနိုင်ငံတွေဖြစ်တဲ့ မြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံကို ရောက်လာကြလိမ့်မယ်။ အိန္ဒိယနဲ့မြန်မာကလွဲရင် ကျန်တဲ့နေရာ မရှိတော့ဘူးလို့ စာတမ်းမှာရေးထားတယ်။

အိန္ဒိယက သိတဲ့အတိုင်း လူဦးရေသန်းထောင်ကျော်နေပြီ။ သူလည်း လူတွေ တအားများနေပြီ။ ဘင်ဂါလီတွေကို သူ့နိုင်ငံမှာ လက်ခံဖို့မဖြစ်နိုင်ဘူးလို့ စာတမ်းမှာ ပြန်လည်ထောက်ပြထားတယ်။

ဒါဆိုရင် ဘယ်နိုင်ငံဖြစ်မလဲဆိုတော့ မြန်မာနိုင်ငံ။ မြန်မာဟာ ဘင်္ဂလားဒေ့ရ်ှထက် ငါးဆလောက်ကြီးတယ်။ လူဦးရေက သန်းငါးဆယ်ကျော်။ မြေကောင်းတယ်။ သယံဇာတပေါတယ်။ ဒီနိုင်ငံဟာ အကောင်းဆုံးနေရာပဲဆိုတာ အငြင်းပွားစရာ မရွိဘူးလို့ စာတမ်းက ပြောတယ်။
စာတမ်းထဲမှာ ထပ်ပြီးထောက်ပြတာက ဘင်္ဂလားဒေ့ရ်ှနိုင်ငံဟာ ဒီကိစ္စကို ဖြစ်ဖို့ ရခိုင်ပြည်နယ်ထဲမှာ ကျိုးစားပြီး ဖန်တီးနေတယ်လို့ပြောတယ်။ အင်္ဂလိပ်လိုကတော့ Foothold လို့ခေါ်တယ်။ စတင်ခြေချနေပြီလို့ ဘာသာပြန်ရမယ်ထင်တယ်။ အဲဒါကေတာ့ အားလုံးသိတဲ့အတိုင်း So called ရိုဟင်ဂျာ။ တကယ့်ကို မဟာဗျူဟာကျကျ စီမံကိန်းလို့ပြောတယ်။ အဲဒိကနေတဆင့် တနိုင်ငံလုံး တဖြည်းဖြည်းနဲ့ဝါးမြိုမယ်။

ဘုန်းကျော် (သြစတျေးလျ)
မန္တလေးတွင် ယနေ့နေ့လယ်ပိုင်း ဓားပြတိုက် လူသတ်မှုနှင့် အနုကြမ်းစီးမှု (၂)ခု ဖြစ်ပွား

မန္တလေးမြို့တွင် ယနေ့ ဇူလိုင်လ (၁၁) ရက် နေ့လယ်ပိုင်းတွင် နေအိမ်အတွင်းဝင်ရောက်ကာ ဓားပြတိုက် ၊ လူသတ် မှုနှင့် အနုကြမ်းစီးမှု (၂) ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် (၃၁) လမ်း၊ (၃၂)လမ်းကြား ၊ ၈၅(A)လမ်းရှိ စိန်ကျော်မိုး စိန်သန့်စင်လုပ်ငန်း နေအိမ်သို့ ယနေ့ နေ့လယ် (၁) နာရီ ဝန်း ကျင်က အမည်မသိလူတစ်စုမှ ဝင်ရောက်ကာ အနုကြမ်း စီးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။

" (၁၂) ခွဲ (၁) နာရီ လောက်က ဖြစ်သွားတာ။ အခုတော့ (၃) ယောက်လုံး ဖမ်းမိတယ်လို့ ကြားတယ်" ဟု အမည်မဖော်လိုသည့် ဒေသခံသတင်းရင်းမြစ်က ပြောသည်။

အနုကြမ်းမှု ဖြစ်ပွားခဲ့သည့် အနီးပတ်ဝန်းကျင်နေရာကို သက်ဆိုင်ရာက ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ကျူးလွန်သူ (၃) ဦးအား လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး ၊ လမ်း (၅၀) နှင့် မနော်ဟရီလမ်းထောင့်ရှိ နေအိမ်တစ်အိမ်တွင်လည်း ဓါးပြ တိုက်ကာ အိမ်ရှင်အမျိုးသမီးအား သတ်ဖြတ်သွားသည့် ဖြစ် စဉ်တစ်ခု ယနေ့ ဇူလိုင်လ (၁၁) ရက် နေ့လယ် (၁) နာ ရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

" အမျိုးသမီးတစ်ယောက်ကို သတ်ပြီး ကားပါယူသွားတာတဲ့။ အခုကျောက်ဝိုင်း အနောက်ဘက်နဲ့ မြောက်ဖက်အနီးတစ်ဝိုက်တွေပါ ပိတ်ပြီး စစ်နေတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်တွင် ဓါးပြတိုက်သူများက အိမ်ရှင်အမျိုး သမီးအား သတ်ဖြတ်သွားကာ မော်တော်ယာဉ်ကိုပါ ယူ ဆောင်သွားကြောင်း ဒေသခံသတင်းထုတ်ပြန်ရေး Page များကလည်း ဖော်ပြထားသည်။

လက်ရှိတွင်တွင် ဓားပြတိုက်မှု ဖြစ်စဉ် ဖြစ်ပွားသည့် နေရာအနီးပတ်ဝန်းကျင်လမ်းများကို ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပေါ်ပြူလာဂျာနယ်
July 11

အိန္ဒိယမှာ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ်မျိုးကွဲအသစ်ကြောင့် စိုးရိမ်မှုများမြင့်တက်လာ
~~~~
~~~~

နိုင်ငံတကာ၊ ဇူလိုင် ၁၁

အိန္ဒိယမှာ စတင်တွေ့ရှိခဲ့တဲ့ အိုမီခရွန် ကိုဗစ်မျိုးကွဲအသစ် (BA.2.75) ကြောင့် အိန္ဒိယအပါအဝင် နိုင်ငံ အများအပြားမှာ စိုးရိမ်မှုတွေမြင့်တက်လာပါတယ်။

BA.2.75 လို့ခေါ်တဲ့ ကိုဗစ်မျိုးကွဲဟာ လျင်မြန်စွာပျံ့နှံ့နိုင်ပြီး ကာကွယ်ဆေးတွေရဲ့ ဒဏ်ကို ခုခံနိုင်စွမ်းရှိနေ တယ်လို့ သိပ္ပံပညာရှင်တွေက သုံးသပ်ထားပါတယ်။

လက်ရှိ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ BA.5 အပါအဝင် အခြားအိုမီခရွန်မျိုးကွဲတွေထက် ရောဂါဖြစ်ပွားမှု လက္ခဏာ ပြင်းထန်မလားဆိုတာကိုတော့ မရှင်းလင်းသေးပါဘူး။

ဆေးဘက်ဆိုင်ရာ ဗိုင်းရပ်စ်ဗေဒ ဒါရိုက်တာ မက်သရူးက "ကောက်ချက်ချဖို့က ကျွန်တော်တို့အတွက် အရမ်းစောနေသေးတယ် ဒါပေမယ့် အိန္ဒိယမှာ ကူးစက်မှုနှုန်းကတော့ တက်လာပါတယ်။" လို့ ဆိုပါတယ်။

Source - AP
#TFM
#MNZ
July 11

မန္တလေးမြို့၊ ဧရာဝတီမြစ်၊ သရက်ပင်ဆိပ်တွင် လူငယ်တစ်ဦးရေနစ်ပျောက်ဆုံး
~~~~
~~~~
MNP ၊ ဇူလိုင် ၁၁

ယမန်နေ့ ဇူလိုင် ၁၀ရက် ညပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဧရာဝတီမြစ်၊ သရက်ပင်ဆိပ်၌ လူငယ်တစ်ဦး ရေနစ်ပျောက်ဆုံးခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းမှ သိရသည်။

အဆိုပါလူငယ် အမျိုးသားသည် ည ၇နာရီခန့်တွင် ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

၎င်းအား ဒေသခံလူမှုကူညီရေးအဖွဲ့များ ပူးပေါင်း၍ ညသန်းခေါင်ယံအထိ ရေငုတ်ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း ကနဦးသိရသည်။
#SQ
#TFM
#MNZ
မန္တလေးမြို့တွင် ဘဏ်မှ ငွေထုတ်ပြန်လာသူ အမျိုးသမီးအား အလှူငွေမရတော့သည့် ခွက်ပျောက်အဖွဲ့ PDFမှ သေနတ်ဖြင့်ပစ်သတ်ပြီး ငွေလုယက်မှု ဖြစ်ပွား

ချမ်းမြသာစည် မြို့နယ်၊ထွန်တုံးရပ်ကွက် ၊ မနော်ဟရီလမ်းနှင့် လမ်း ၅၀ အနီးရှိ နေအိမ်တစ်ခုတွင် နေထိုင်သည့် အမျိုးသမီးသည် ဘဏ်မှငွေထုတ်ပြီးအပြန် အိမ်ရှေ့အရောက်တွင် ယခုကဲ့သို့ သေနတ်ပစ်ခတ်ခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

မိတ်ဆွေတို့လည်း အထူးသတိထားသွားလာကြပါ။ ဒီခွေးကောင်တွေ ဘဏ်အဝနားမှာတင် ဘယ်သူပိုက်ဆံအထုပ်လိုက် ပိုက်သွားသလဲ ကြည့်နေပုံရပါတယ်။ ဖြစ်နိုင်ရင် အဖော်နဲ့သွားလာကြပါတစ်ယောက်တည်းမသွားကြပါနဲ့။ သတ်ိဆို ပိုသည်မရှိပါ။
Crd
#MNZ
PDF အကြမ်းဖက်အဖွဲ့များမှ
ပြည်သူတစ်ဦးအား သေနတ်ဖြင့်
ပစ်ခတ်သတ်ဖြတ်ပြီး ငွေသိန်း၄၀၀၀ ခန့်လုယူ

ဇူလိုင် - ၁၁
=======================
ယနေ့ နေ့လည် ၁၂း၀၀ အချိန်ခန့် ဘဏ်မှ
ငွေ သိန်း ၄၀၀၀ ကျော်ထုတ်လာတဲ့
အမျိုးသမီးတစ်ဦးမှာ(တရားသူကြီး အငြိမ်းစား၊ယခုဥပဒေအကြံပေး) ကားမောင်းပြီးနေအိမ်သို့အပြန်
ကားတစ်စီးမှ နောက်မှကပ်လိုက်လာပြီး
မနော်လမ်းနှင့် လမ်း ၅၀ ထောင့်
အိမ်ရှေ့အရောက်တွင် ဖေါ်ပြပါကားမှာ
နောက်မှအတင်းကျော်တက်ပြီး ရေ့မှပိတ်ရပ်ကာ အဆိုပါကားပေါ်မှ အမျိုးသားလူငယ်(၃) ယောက်ဆင်းလာပြီး ထိုအမျိုးသမီးအား ပစ္စတိုသေနတ်ဖြင့် (၃)ချက် အနီးကပ်ပစ်သတ်ကာပါလာသည့်
ငွေသိန်း( ၄၀၀၀) ကျော်နှင့် SUZUKI ARTIGA WHITE မော်တော်ကားအား ယူဆောင် ထွက်ပြေးသွားခဲ့ပြီး ( ၁၂း၃၀ ) အချိန်တွင် အကြမ်းဖက်သူ(၄)ယောက်မှာလုယူလာသော ကားအား လမ်း (၅၀ × ၁၀၇) ဒေါင့်တွင် ထားရစ်ခဲ့ကာ အကြမ်းဖက်သမားများမှာ အသင့်စောင့်ဆိုင်းနေသည့် TOYOTA MARK X အဖြူရောင်ယာဉ်ပေါ်တက်ရောက်၍ ပြင်ဦးလွင် မြို့ဘက်သို့ ဆက်လက်မောင်းနှင်သွားကြောင်း သတင်းရရှိ။

#MDYimage
#Myanmarnewszome
အသတ်ခံရသူနာမည်မှာ ဒုတိယနှစ် CDMကျောင်းသူ မခင်ရတနာအောင်ဖြစ်ပြီး အရင်လအထိ PDFတွေကိုလည်း လစဉ်လှူနေသူဖြစ်ကြောင်း သိရပါသည်။
ဒီလမှာတော့ အိမ်ရောင်းပြီး ကိုယ်ပိုင်စီးပွားရေးလေးတစ်ခု စလုပ်ချင်လို့ မလှူဖြစ်သေးဘူးလို့ ငြင်းလိုက်ရာမှ အခုလို ငွေလု အသတ်ခံရခြင်းဖြစ်ကြောင်း နီးစပ်ရာဆွေမျိုးတစ်ဦးထံမှ သိရှိရပါသည်။

ပြည်သူတွေ မ အ သင့်ကြတော့ပါ။ ဒီလိုကပ်ပါးကောင်တွေကို ထောက်ပံ့နေခြင်းက တစ်နေ့ကိုယ့်ကိုသတ်မယ့်လက်နက်အတွက် ကိုယ်ကိုယ်တိုင်ထောက်ပံ့သလို ဖြစ်သွားနိုင်ပါသည်။

ဒါ့ကြောင့် ကိုယ့်အနီးနားပတ်ဝန်းကျင်မှာ အကြာကြီးပျောက်နေပြီးမှ ခရီးသွားနေလို့ ပြန်ရောက်သလိုလို ဘာလိုလိုနဲ့ ပြန်ပေါ်လာကြရင် တပ်မတော်သို့ သတင်းပေးပို့ကြပါ။ ဒါမှမဟုတ် ဟန်ငြိမ်းဦး၊ ကျော်စွာ၊ ဘညွန့်တို့ဆီ သတင်းပို့ကြပါ။
ကိုယ့်နာမည် အချက်အလက်ဘာတစ်ခုမှပြောပြစရာမလိုပါ။ သတင်းမှန်ကန်မှုတော့ရှိရပါမယ်။
မန်လေးမှာPDFအချင်းချင်းသတ်ပီးသိန်း(၄၀၀၀)လုခံရသူ နီနီရဲရဲတောက်😉😉

အလုခံရပီးအသတ်ခံရသူက
မခင်ရတနာအောင်၊နိုင်ငံခြားဘာသာတဣသိုလ်၊ဒုတိယနှစ်
CDMကျောင်းသူ၊ထောက်ပို့ဟုသိရသည်။

အိမ်ရောင်းလာတဲ့ငွေ သိန်း
၅၀၀၀မှာသိန်း၄၀၀၀ကျော်ကိုပစ်ခတ်သတ်ဖြတ်ပီးလုခံရတာပါ။

Truth Media