🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.08K subscribers
12.7K photos
1.04K videos
4 files
758 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
ဘယ်သူက အိမ်နီးချင်းကောင်းလဲ

🇮🇳 အိန္ဒိယနယ်စပ်မှာ သူပုန်တွေစုဖွဲ့လို့မရဘူး။ အိန္ဒိယကနေ လက်နက်သွင်းလို့မရဘူး။ အိန္ဒိယကနေပြီး အကြမ်းဖက်လို့မရဘူး..အနည်းအကျဥ်းရှိကောင်းရှိမယ်..ဒါပေမဲ့ အိန္ဒိယနယ်စပ်ငြိမ်းချမ်းတယ်။

🇧🇩 ဘင်္ဂလားဒေ့ရှ်..ဘင်္ဂလီပြဿနာရှိပေမဲ့ AA ကိုတော့ အားပေးအားမြှောက်မလုပ်ဘူး။ အရင်တုန်းက နယ်စပ်မှာ proxy ပုံစံနဲ့နေရာပေးဖူးတယ်။ ဒါပေမဲ့ အဆင်မပြေလို့မောင်းထုတ်လိုက်တယ်။ ဘင်္ဂလားဒေ့ရှ်ဘက်လည်း စိတ်ပူစရာမလိုဘူး။

🇱🇦 လာအိုနယ်စပ်နဲ့ နယ်ထဲမှာ သူပုန်မနေနိုင်ဘူး

🇹🇭 ထိုင်းက စီးပွားရေးပဲနားလည်တယ်။ လက်နက်ရောင်းချင်ရောင်းမယ်။ နေခွင့်ယာယီ​ပေးတယ်ဆိုပေမဲ့ သူပုန်တွေ စိတ်ချလက်ချအိပ်လို့မရတဲ့နိုင်ငံထဲမှာ ထိုင်းလည်းပါတယ်။ KNU ကလွဲပြီး ကျန်တာ အာရုံမထားဘူး။ သူလည်း မြန်မာနိုင်ငံကို ဆိုးဆိုးဝါးဝါးမလုပ်ဘူး။

🇨🇳 တရုတ်...မြန်မာပြည်မြောက်ဖျားကနေ မြေပုံတစ်ဝက်အထိ တရုတ်နဲ့ကင်းတဲ့ သူပုန်မရှိဘူး။ စစ်ပွဲတွေဖြစ်တာကလည်း တရုတ်နဲ့တရုတ်မဟာမိတ်တွေတိုက်တာများတယ်။ AA,TNLA,MNDA နောက်မှာ KIA နဲ့ UWSA ရှိတယ်။ သူတို့နောက်မှာ တရုတ်ရှိတယ်။ အဲဒါကြောင့် အမေရိကန်က နွေဦးတော်လှန်ရေး လက်နက်ကိုင်လမ်းစဥ်ကို မကြိုက်တာ။ တရုတ်သာ တခြားအိမ်နီးချင်းတွေလို ကျင့်ရင် မြန်မာနိုင်ငံအေးချမ်းတာကြာပြီ။ မြန်မာပြည်အထက်ပိုင်းနဲ့ အောက်ပိုင်းဆို အထက်ပိုင်းက သယံဇာတပိုများတယ်။ မငြိမ်းချမ်း၊ လက်နက်ဖိုးငွေလို ရှိတာတွေ တရုတ်ထုတ်ရောင်း..အကုန်ပျက်စီးကိန်းဆိုက်တာပဲ။ တရုတ်က လာတိုက်စရာမလိုဘူး။ ရန်တိုက်ပေးနေရင်းကို အကျိုးအမြတ်အရမ်းရနေတာ..အိမ်နီးချင်းဆိုးပါ

(ကိုနှင်းမောင်)
This media is not supported in your browser
VIEW IN TELEGRAM
ထရမ့်မိန့်ခွန်းပြောနေတုန်း သေနတ်သံ ၃ ချက်ကြားရတယ် (ဒါကလုပ်ကြံတဲ့သူကထရမ့်ကိုပစ်တာ) ထရမ့်က သူ့နားကိုကိုင်ကြည့်ပြီးတော့ထိုင်ကျသွားတယ် သေနတ်သံတွေဆက်တိုက်ကြားလိုက်ရတယ် (ဒါက လုပ်ကြံသူကို လုံခြုံရေးတွေကဝိုင်းပစ်တာဖြစ်မယ်)။ ကိုယ်ရံတော်တွေကထရမ့်ကိုဝိုင်းအုံတယ်။ ထရမ့်နောက်က ပရိတ်သတ်ထဲမှာ ကြောက်လန့်တကြားအော်သံကြားရတယ် (ဒါကပရိတ်သတ်ကျည်ဆံမှန်သွားတာ)။ ဒီမှာ ပရိတ်သတ်ကို လေးစားမိတာရှိတယ် ကြောက်လန့်ပြီးအုပ်အော်သောင်းနင်းလုံးဝမဖြစ်သွားဘူး။ ထရမ်းကိုယ်ရံတော်တွေက ထရမ့်ဒဏ်ရာကိုစစ်တယ်။ လုပ်ကြံသူအခြေအနေကိုစစ်တယ်။ လုပ်ကြံသူသေပြီဆိုတော့ထရမ့်ကိုနေရာရွေ့ဖို့လုပ်တယ် ထရမ့်က ရှူးဖိနပ်ကျွတ်သွားပုံရတယ် ဖိနပ်ရှာတယ်။ ပြီးတော့ စင်ပေါ်က ဆွဲထုတ်တဲ့အခါမှာ ထရမ့်က သူ့ပရိတ်သတ်ကို လက်သီးလက်မောင်းတန်းပြီး Fight လို့ အော်ပြောသွားတယ်။ သူ့ပရိတ်သတ်က လက်ခုပ်တီးပြီး ​ြ သဘာပေးပါတယ်။ USA USA USA တဲ့ အမေရိကန် ပရိတ်သတ်ရဲ့ နိုင်ငံအပေါ်အလေးထားမှုက တအားလေးစားစရာပါပဲဗျာ။ ထရမ့်ရဲ့ သတိခိုင်မြဲမှု နဲ့ အမေရိကန်ပရိတ်သတ်တွေရဲ့ တည်ငြိမ်မှုတွေကတော့ လေးစားအတုစရာပါ။
လက်ျာလက်ရုံး ၁၄-၇-၂၀၂၄
Video CNN
*လက်နက်အသုံးပြုခြင်းနှင့် လက်နက်ချန်ခဲ့ခြင်း
==================================
လက်နက်‌တွေ ပါသွားတဲ့ကိစ္စနဲ့ပတ်သက်ရင် ခဏခဏ ပြောမိတင်မိပါတယ် ။လက်နက်ဆိုတာ ပိုက်ဆံရှိရင် စက်ရုံကနေထုတ်လို့ရတယ်။ နိုင်ငံစစ်တပ်ဖြစ်တာ‌ကြောင့် ဝယ်လို့ရတဲ့ တစ်ခြားနိုင်ငံကနေ စိတ်ကြိုက်ဝယ်လို့ရတယ် ။ဝယ်ပြီး သုံးသင့်တာကို သုံးကိုသုံးရမယ်။ရန်သူလက်ထဲပါမှာ ကြောက်နေလို့ မရဘူးလေ။ စစ်‌ဖြစ်နေတာ စစ်လက်နက်ထုတ်မသုံးလို့ ဘာသုံးမလဲဗျ။ အဓိကက လက်နက်သုံးတာနဲ ပတ်သက်ရင် ပြစ်ချက်နှစ်ခု ပဲရှိတယ်။
၁ ။ ပါမှာစိုးလို့မသုံးပဲ ဂိုထောင်ထဲတည့်ထားတာက ပြစ်ချက်တစ်ခု။
၂။ သုံးတယ် ခွာစစ် ဆင်တဲ့အခါအကောင်းအတိုင်း ရန်သူပြန်သုံးလို့ရနိုင်တဲ့အနေအထား ထားခဲ့တာ ပြစ်ချက် တစ်ခု။
ဒါကြောင့် မည်သည့်လက်နက်မဆို သုံးကိုသုံးရမယ် ခွာစစ်မှာ ဖျက်ခဲ့ ဒါပါပဲ။ လူအင်အား အရမ်းကွာခြားပီး သာလွန်အင်အားနဲ့အတိုက်ခံရတဲ့အချိန်မှာ သာလွန် လက်နက်တွေသုံးပီးမတိုက်ရင် မြို့ကြီးတွေပါကျမယ် ။ ဒါကြောင့် လက်နက်ခဲယမ်း ကို အပြည့်အဝသုံးစွဲခြင်းသည် မည်သည့်အခါမှ အပြစ်မဟုတ်ပါ ။

* ဆိုက်ဝါး(Psywar)
================
ရန်သူ့ဆိုက်ဝါးက လက်နက်တွေကို တိုက်ပွဲ
သုံး/လေးခုကဟာတွေပေါင်းပြီး ဓါတ်ပုံရိုက်ပြမယ်။ ဖျက်ဆီးခဲ့တဲ့လက်နက်တွေဆိုရင်ဖျက်ဆီးခဲ့တာ
မမြင်အောင်လူတွေနဲ့ကာမယ်၊ မမြင်သာတဲ့ဖက်ကနေ အကောင်းအတိုင်း ရသလိုလို ဓါတ်ပုံရိုက်ပြမယ် ။ ဒါကို ဆိုက်ဝါး ကြောင်ပြီး ရန်သူကလက်နက်ကြီး‌
တွေ အကောင်းအတိုင်းရသလို လက်နက်တွေအများကြီးရသလို မျိုး သွေးလေခြောက်ခြားနေဖို့မလိုပါဘူး ။ (ကော်မန့်တွေမှာ အခုတလောခနခနလာမန့် နေကြလို့ပါ။ ရန်သူကရန်သူ့အလုပ်ကောင်းကောင်းလုပ်တတ်တယ် ဆိုက်ဝါးအကြောင်း မီဒီယာစစ်ပွဲအကြောင်း နားလည်လို့ သိမ်ငယ်စိတ်ဝင်အောင်တမင်လုပ်ပြတာပဲဖြစ်တယ်။ လုံးလုံးကြီး မပေးရတာဘူးလို့ မဆ်ိုလိုပါ။
ချင်ချိန်ယုံဖို့နဲ့ အရမ်းကြီးတုန်လှုပ်နေဖို့မလိုဘူး၊ လုပ်စရာရှိတာ ပြန်လုပ်၊ ပြင်ဆင်သင့်တာပြန်ပြင်ဆင်၊ သင်ခန်းစာယူစရာရှိတာယူဖို့ပဲပြောချင်တာပါ။
#MMKyawgyi
Forwarded from U Kyaw Soe Oo (Kyaw Soe Oo)
This media is not supported in your browser
VIEW IN TELEGRAM
ယနေ့ နံနက်ပိုင်းက တရုတ်-မြန်မာနယ်စပ်၊မြန်မာပိုင်၊လောက်ကိုင်မြို့၌ စစ်သွေကြွ MNDAA ခေါင်းကြီးပိုင်းများ နေထိုင်သည့် အဆောက်အအုံကို တပ်မတော် မှ လေကြောင်းဖြင့် ရှင်းလင်းလိုက်သည်။

#PeopleMedia
14 July

နယ်စပ်ဘက်ကနေ ဝင်လာတဲ့
တရားမဝင် ကုန်စည်တွေကို သက်ဆိုင်ရာ လေဆိပ်က တာဝန်ရှိ ရဲတွေနဲ့ လက်ဝါးခြင်းရိုက်ပြီး မန္တလေးမြို့ တံတားဦးလေဆိပ်နှင့် ရန်ကုန် လေဆိပ်တွေကနေ တဆင့် ဝင်ရောက်လာနေတယ်လို့ သိရပါတယ် အထူးကြပ်မတ်ပေးဖို့ လိုပါလိမ့်မယ်ခင်ဗျ
ဒီနေ့ကြားရတဲ့ သတင်းက မတ္တရာ နယ်က ကျောက်တံတားမှာ တိုက်ပွဲဖြစ်တယ် ထီးတော်မိုး ဘက်က တပ်ကိုလဲ မနက်ကတည်းက လာပစ်ကြတယ် တိုက်ပွဲဖြစ်တယ်လို့ ကြားရတယ်...
ကျောက်တံတားဘက်မှာဖြစ်တာကတော့ သတင်းတွေတတ်လာလို့သိရတယ်

ထီးတော်မိုးကတော့ သတင်းမတတ်လို့ မသိရပေမယ့် ထီးတော်မိုး တပ်ထဲ့မှာနေတဲ့ တပ်မိသားစု ဆီကနေ သတင်းရလို့ပါ

အမှန်ဆိုရင် ထီးတော်မိုး ပတ်ပတ်လည်ကို Droneတွေ ပေါင် ၂၀၀၀ တွေ သုံးသင့်နေပါပြီ
သူပုန်ဘက်က ထုတ်ပြန်လာတဲ့ သူပုန်တွေရောက်ရှိနေရာနဲ့ တပ်မတော် စိုးမိုး ကင်းစခန်းများလို့ သိရပါတယ် သူပုန်တွေရောက်ရှိနေရာတွေကို ကိုယ့်ဖာသာ စကေးချတွက်ပြီးတော့ ကျဲပေတော့
Forwarded from News Of Myanmar NOM
မတ္တရာမြို့နယ်၊ ပလိပ်ကုန်းကျေးရွာသို့ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ (စိစစ်ဆဲ)နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ပြည်သူသုံးဦးထိခိုက်ဒဏ်ရာရ

NOM
ဇူလိုင်လ ၁၄၊ ၂၀၂၄

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ပလိပ်ကုန်းကျေးရွာသို့ ဇူလိုင်လ ၁၂ ရက်နေ့ ည ၇ နာရီအချိန်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ (စိစစ်ဆဲ)နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း ဗုံးသီးများကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးသိန်းကိုကို (၃၂) နှစ်၊ ဒေါ်ဆွေဆွေမွန် (၄၉) နှစ်နှင့် မဆွေဆွေဝင်း (၄၃) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေးဆေးရုံသို့ပို့ဆောင်ထားရှိကြောင်းသိရသည်။

News Of Myanmar NOM
Forwarded from News Of Myanmar NOM
မတ္တရာမြို့နယ်၊ မြောင်းသစ်ကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာနေပြည်သူတစ်ဦးဒဏ်ရာရ

NOM
ဇူလိုင် ၁၄၊ ၂၀၂၄

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မြောင်းသစ်ကျေးရွာသို့ ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာကျေးရွာအတွင်း ဗုံးသီးများကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဒေါ်စန်းစန်းဌေး (၅၂) တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ဆေးရုံသို့ပို့ဆောင်ထားရှိကြောင်းသိရသည်။

News Of Myanmar NOM
14 July


MDYမှာ လိုအပ်ရင် ရက်ကွက်အလိုက် ကင်းအဖွဲ့ ဖွဲ့ပြီး ရပ်ကွက် လုံခြုံရေးသဘောနဲ့ အဖွဲ့တွေ ဖွဲ့ပြီး လက်နက်တွေ တပ်ဆင်ပေးလိုက်ပါ
တတ်လာတဲ့ သူပုန်တွေ မျိုးကန်းသွားစေရမယ်
Forwarded from View of Sue
ဟေ
တပ်မတော်က ဘယ်လောက်တောင်
တီးလိုက်လို့ပါလိမ့်
ဝ မှာလည်းအကြံနဲ့
============

၁၀၂၇စစ်ဆင်ရေးကိုအဖွဲ့ပေါင်းစုံကအကြံအစည်ကိုယ်စီနဲ့ တိုက်ရိုက်သွယ်ဝိုက်ပါဝင်ပတ်သက်နေကြသလို UWSA ကလည်း သူ့အကြံ နဲ့သူရှိနေပါတယ်။

EAOအဖွဲ့တိုင်းလိုလို ဖက်ဒရယ်ဒီမိုကရေစီတွေ အော်ပြီး လူမျိုးတူလက်နက်ကိုင်အချင်းချင်းတောင်မတည့်ကြဘဲ အပြန်အလှန်တိုက်နေကြပြီးမိမိပြည်နယ်မိမိလူမျိုးကိုဒုက္ခပေးနေကြပေမယ့် UWSAကတော့ဖက်ဒရယ်တွေဒီမိုကရေစီတွေ တစ်ခွန်းမှမပြောဘဲ လူမျိုးတစ်ခုလက်နက်ကိုင်အဖွဲ့တစ်ခုတည်းနဲ့ လက်တွေ့ကျကျ သူ့လူမျိုးသူ့နယ်အတွက် အကျိုးရှိအောင်လုပ်နေပါတယ်။

လက်တွေ့ရင်ဆိုင်ခဲ့ရတဲ့သမိုင်းသင်ခန်းစာတွေအရ ဝ ခေါင်းဆောင်တွေဟာထမင်း ငတ်မှာနဲ့ စစ်ပွဲတွေဖြစ်မှာကြောက်ပါတယ်။ ဝနယ်ဟာ တောတောင်ထူထပ် ပြီးမြေပြန့်နည်းပါးလို့လယ်မြေရှားပါးတဲ့အတွက်ဝမ်းစာဖူလုံရေး ဆန်စပါးစိုက်ပျိုးမြေမြေပြန့် ရရှိရေးကိုအလိုရှိနေပါတယ်။ဗကပ အောက်မှာတပ်မတော်နဲ့ တိုက်တိုင်း လူလှိုင်းစစ်ဆင်ရေးနဲ့ ဝ တွေ ရှေ့ကအသေခံခဲ့ကြရတဲ့ခါးသီးတဲ့အတွေ့အကြုံတွေအရလည်း စစ်ပွဲတွေကို အတတ်နိုင်ဆုံးရှောင်ကျဉ် ပါတယ်။

စစ်ဖြစ်မှာကြောက်တဲ့အတွက် (စစ်အင်အားနည်းပါးရင် လာတိုက်မှာစိုးတဲ့အတွက်)လည်း စစ်အင်အားကို အစွမ်းကုန်တိုးချဲ့ဖွဲ့စည်းပါတယ်။ ဒီမိုကရေစီအကူးအပြောင်းကာလ အစိုးရနှစ်ဆက်မှာ တပ်မတော်နဲ့ထိပ်တိုက်ရင်ဆိုင်ရမယ့်ပြဿနာတွေပေါ်ခဲ့ပေမယ့် လိမ္မာပါးနပ်စွာနဲ့ရှောင်ထွက်ခဲ့တာ တွေ့ရပါတယ်။

စစ်ရဲ့ဆိုးကျိုးကို ခါးသီးစွာခံစားခဲ့ရတဲ့ ဝ ခေါင်းဆောင်တွေဟာသူ့နယ်အတွင်းစစ်ဖြစ်မှာမလိုလားပေမယ့် သူတို့လိုအပ်နေတဲ့ဆန်စပါးစိုက်ပျိုးရေးအတွက် ရှမ်းမြေပြန့် ဒေသတွေရရှိရေးကိုတော့အခွင့်အရေးပေါ်တာနဲ့ ရအောင်စစ်တိုက်ယူတတ်ပါတယ်။

နဝတခေတ် အစိုးရက မီးစိမ်းပြလိုက်တာနဲ့ရှမ်းတောင်မိုင်းတုံမိုင်းဆတ် ထိုင်းနယ်စပ်အထိ MTA ခွန်ဆာနယ်တွေကို အသက်ပေါင်းများစွာရင်းပြီးတိုက်ယူပါတော့တယ်။

NLDအစိုးရလက်ထက်မှာ UWSP က လားရှိုး တန့်ယန်း မိုင်းရယ် ကျိုင်းတုံပါဝင်တဲ့ ဝ ပြည်နယ်ရရှိရေး တရားဝင်တောင်းဆိုထားတာရှိပါတယ်။လွှတ်တော်မှာတရားဝင်တောင်းယူလို့မရနိုင်မှန်းသိတဲ့အတွက် မြေပြင်လက်ရောက်အရင်ရယူထားနိုင်ဖို့လိုတယ်ဆိုတာလည်း ဝ က သဘောပေါက်ထားပါတယ်။

ပန်ဆန်းဌာနချုပ်မော်ဖဒေသလို တောင်တန်းလျိူမြောင်ချောက်ကမ်းပါးတွေ သာရှိတဲ့အရပ်ကနေ ဆန်ရေစပါးရိက္ခါဖူလုံနိုင်မယ့်မြေပြန့် လွင်ပြင် ဒေသတွေ အထိ ခြေဆန့်ထားတဲ့ အနာဂတ် ဝ ပြည်နယ် အိပ်မက်ဖြစ်ပါတယ်။

ဒီအိပ်မက်ကိုအကောင် အထည်ဖော်ဖို့ အခုအချိန်ဟာ အကောင်းဆုံးဖြစ်လို့ ၁၀၂၇ ပထမပိုင်းမှာ ယခင်ကအစိုးရအုပ်ချုပ်မှုအောက်ရှိနေတဲ့ ဟိုပန်ပန်လုံ ကိုကျည်တစ်တောင့်မဖောက်ရဘဲ အလွယ် တကူရယူသွားခဲ့ပြီးအခုခရိုင်အဆင့်အုပ်ချုပ်ရေးဖွဲ့စည်းတည်ဆောက်နေပြီ ဖြစ်ပါတယ်။

အခု၁၀၂၇ဒုတိယပိုင်းမှာ တန့်ယန်းမိုင်းရယ်ကိုကာကွယ်ဖို့ ဝ တပ်တွေ ဝင်ရောက်လာတယ်ဆိုတော့ အကျိုးအမြတ်ရှိရင်ဘာမဆိုလုပ်မယ်၊အကျိုးအမြတ်မရှိရင်ဘာမှမလုပ်ဘူးဆိုတဲ့ ဝ ရဲ့မူဝါဒအရ တန့်ယန်းမိုင်းရယ်လူထုအတွက် စေတနာ့ဝန်ထမ်းလာကာကွယ်ပေးတာတော့မဖြစ်နိုင်ဘဲ ဝပြည်နယ်အိပ်မက်လှုပ်ရှားမှုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သာ ဖြစ်ဖို့များနေပါတယ်။

Thaung Lwin Hein
မန္တလေးတိုင်းဒေသကြီး၊
ပုသိမ်ကြီးမြို့နယ်အတွင်း
အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် နတ်ဆိုး PDF အမည်ခံအကြမ်းဖက် အဖွဲ့ဝင်များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် ၁၂