🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.1K subscribers
12.5K photos
1.01K videos
4 files
737 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
Aug 27
Ygn

**ယနေ့မနက် ၁၁ နာရီတွင် ဆန်တစ်ပြည် ၁၀၀ ကျပ်၊ ကြက်ဥ တစ်ကတ် ၁၀၀ ကျပ်ဖြင့် ရောင်းချမည်ဆိုသောကြောင့် မရောင်းချ‌သေးခင်မှာပင် လူအများအပြား ​တန်းစီစောင့်ဆိုင်းနေကြ**
============================================
၂၇. ၈. ၂၀၂၃
Written by Nyein Kyaw

သင်္ဃန်းမြို့နယ်၊ ဘဝမြင့် မှတ်တိုင်အနီး၊ Aladdin Men Fashion ဆိုင်မှ ဆန်တစ်ပြည် ၁၀၀ ကျပ်၊ ကြက်ဥ ၁၀ လုံးတစ်ကတ် ၁၀၀ ကျပ်ဖြင့် ကြက်ဥအလုံးရေ ၂၀၀၀ နှင့် ဆန် ၃၅၀ ပြည်ကို ယနေ့ မနက် ၁၁ နာရီတွင် ရောင်းချပေးမည်ဖြစ်သည်။

ထို့ကြောင့် အခြေခံလူတန်းစားများအနေဖြင့် လာရောက်တန်းစီသူဦးရေ များပြားလျက်ရှိပြီး ရောင်းချပေးမည့် ပမာဏထက်ပင် လာရောက် တန်းစီနိုင်ကြောင်း သိရသည်။

**"အခုက ကြိုတန်းစီရတာ။ တိုကင် အရင်ပေးမှာ။ အဲဒါအတွက် လာတန်းစီတာ။ တိုကင်နဲ့ ဝယ်ရမှာ။ တချို့တွေဆို နေရာလုရင်း ရန်တွေတောင်ဖြစ်တယ်" ဟု လာရောက်တန်းစီနေသူတစ်ဦးက ပြ
ောသည်။**

#ဆန် #ကြက်ဥ #သင်္ဃန်းကျွန်း #aladdin
#mtnews #myanmar_transparency_news
Aug 29

ရန်ကုန်-ကွမ်ကျိုး- လော့အိန်ဂျယ်လိစ့်မြို့တို့ကြား တိုက်ရိုက်လေကြောင်းပျံသန်းမှုကို စက်တင်ဘာ ၁ ရက်တွင် စတင်နိုင်ရန် တရုတ်လေကြောင်းလိုင်းစီစဉ်နေ
=====================================================
၂၉. ၈. ၂၀၂၃
Written by Nay Aung

တရုတ်နိုင်ငံအခြေစိုက် China Southern Airlines လေကြောင်းလိုင်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပြီးနောက် မြန်မာနိုင်ငံနှင့်လေကြောင်းချိတ်ဆက်ပျံသန်းမှုများ ပိုမိုလုပ်ဆောင်လာခဲ့ရာ လာမည့် စက်တင်ဘာ ၁ ရက်တွင်မြန်မာနိုင်ငံ ရန်ကုန်- တရုတ်နိုင်ငံ ကွမ်ကျိုးနှင့် အမေရိကန်နိုင်ငံ လော့အိန်ဂျယ်လိစ့်မြို့ကို တိုက်ရိုက်ပျံသန်းမည့် လေကြောင်းခရီးစဉ်စတင်သွားမည်ဖြစ်ကြောင်း သိရသည်။

China Southern Airlines လေကြောင်းလိုင်းသည် ရန်ကုန်-ကွမ်းကျိုး- လော့အိန်ဂျယ်လိစ့်မြို့တို့ကို ချိတ်ဆက်ပျံသန်းမည့်ခရီးစဉ်ကို တစ်ပတ်လျှင် လေးရက်နှုန်းဖြင့်ပျံသန်းမည်ဖြစ်သော်လည်း လော့အိန်ဂျယ်လိစ့်- ကွမ်ကျိုး - ရန်ကုန်ခရီးစဉ်ကို တစ်ပတ်ကို တစ်ကြိမ်နှုန်းသာ ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်-ကွမ်းကျိုး- လော့အိန်ဂျယ်လိစ့်မြို့တို့ကို ချိတ်ဆက်ပျံသန်းမည့်ခရီးစဉ်ကို စက်တင်ဘာ ၁ ရက်မှစတင်ပြီး တနင်္လာ၊ ဗုဒ္ဒဟူး၊ သောကြာနှင့် စနေနေ့တို့တွင် ပျံသန်းမည်ဖြစ်သလို လော့အိန်ဂျယ်လိစ့်- ကွမ်ကျိုး - ရန်ကုန်ခရီးစဉ်ကို တစ်ပတ်လျှင် ဗုဒ္ဒဟူးနေ့တစ်ရက်သာ ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ကွမ်းကျိုး- လော့အိန်ဂျယ်လိစ့်မြို့တို့ကို ချိတ်ဆက်ပျံသန်းမည့်ခရီးစဉ်တွင် Transit Hour အချိန် ၅ နာရီသာကြာမည်ဖြစ်သည့်အတွက် China Visa ယူစရာမလိုကြောင်း ပြည်တွင်းခရီးသွားလုပ်ငန်းများအေဂျင်စီများက သတင်းထုတ်ပြန်ထားသည်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလအတွင်း တရုတ်လေကြောင်းလိုင်းများသည် မြန်မာနိုင်ငံနှင့်လေကြောင်း ချိတ်ဆက်ပျံသန်းမည့် ခရီးစဉ်အချို့ကို ဆိုင်းငံခဲ့သော်လည်း လက်ရှိအချိန်တွင် လေကြောင်း တိုးချဲ့ပျံသန်းမှုများ လုပ်ဆောင်နေရာ ပြည်ပခရီးသွားများလာရောက်ရန် ပိုမိုအဆင်ပြေလာဖွယ်ရှိနေကြောင်း သိရသည်။ ရန်ကုန်-ကွမ်ကျိုး -လော့အိန်ဂျလိစ် ခရီးစဉ်အတွက် အသွား၊ အပြန် လေယာဉ်လက်မှတ်ခနှုန်းထားမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ ကျော်ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

Ref—xinhua english
#Myanmar #China #losangeles
#myanmar_transparency_news #mtnews
Sep 1

မူလတန်းပြဆရာမတစ်ဦး ဆိုင်ကယ်ဖြင့် ကျောင်းသို့လာစဉ် PDF များထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ဒဏ်ရာများရရှိသွားမှု ပခုက္ကူမြို့နယ်တွင် ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များမှ သိရသည်။

ဖြစ်စဉ်မှာ -

ယနေ့(စက်တင်ဘာ ၁ ရက်)မနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ထန်းတပင်ကျေးရွာတွင် နေထိုင်သော အသက် ၅၄ နှစ်အရွယ် အလယ်တန်းပြဆရာမ(မူလွန်ရေလာလေးကျောင်း)သည် တစ်ဦးတည်း ဆိုင်ကယ်ဖြင့် ၎င်းနေထိုင်သည့်ကျေးရွာမှ ရေလာလေးကျေးရွာရှိ ကျောင်းသို့ထွက်လာစဉ် ရေလာလေးကျေးရွာ၏ အနောက်ဘက်မီတာ ၂၀၀ ခန့်အကွာသို့အရောက်တွင် PDF များထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ဒဏ်ရာများရရှိသွားကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် -

ဆရာမသည် နောက်ကျောမိုင်းစထိမှန်သွားသည့်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ခါးကို မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်နှင့် ဝဲဘက်ခြေသလုံးကိုလည်း မိုင်းစထိမှန်သွားသောဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် ကမ္မမြို့လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပခုက္ကူပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။


#mtnews
Sep 2

ဒုတိယ အကြိမ်မြောက် တိုက်ခိုက်ခံရခြင်းဖြစ်သည်



မန္တလေးတိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဉီးစီးဌာနရုံးလက်ပစ်ဗုံးဖြင့် ယနေ့ပစ်ပေါက်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွား
====================================================

၂. ၉. ၂၀၂၃
Written by Min Mahar

မန္တလေးတိုင်းဒေသကြီး ရသုံးမှန်းခြေ ငွေစာရင်းဉီးစီးဌာနရုံးလက်ပစ်ဗုံးဖြင့် ယနေ့မနက်ပိုင်းက ပစ်ပေါက်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာ ၂ ရက်)မနက် ၁၁ နာရီ ၅၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်ရှိ တိုင်း​ဒေသကြီး ရသုံးမှန်းခြေ ငွေစာရင်းဉီးစီးဌာနရုံးဝန်းအတွင်းသို့ အမည်မသိ အမျိုးသား၂ ဉီးမှ CZI-125 ဆိုင်ကယ် နံပါတ် စိစစ်ဆဲဖြင့် ၆၈ လမ်းအတိုင်း မြောက်မှ တောင်သို့မောင်းနှင်ပြီး နောက်ထိုင်စီးသူအမျိုးသားမှ တရုတ်လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ ရုံဝန်းအတွင်းရှိ ဆင်ဝင်အောက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့်ပစ္စည်းထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းနှင့် သက်ဆိုင်ရာနယ်မြေရဲစခန်းမှလည်း ဗုံးဖြင့်ပစ်ပေါက်ခဲ့သူ ၂ ဉီးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#မန္တလေး #mtnews #myanmar_transparency_news
https://t.me/naywin331
ဆန်စျေးဆီစျေးကျဆင်းရေး၊ အစားအစာအတွက် ၄၂ ဒေါ်လာပဲသုံးနိုင်တဲ့ ပြည်သူတွေနဲ့ INGO တွေ မွှေနောက်ခံ မြန်မာ

၃. ၉. ၂၀၂၃
Written by Phyo Wei

"မြန်မာနိုင်ငံမှာ စင်ကာပူနဲ့ အမေရိကန်အခြေစိုက် လုပ်ငန်းရာချီရှိနေပြီး ဒီလုပ်ငန်းတွေ ပြည်ပက မိခင်ကုမ္ပဏီဆီကို ဒေါ်လာပြန်ပို့နေတာတွေ ကန့်သတ်တာမျိုးလုပ်သင့်မသင့် တန်ပြန်တွက်ဆ....

"မြန်မာလူမျိုးတွေဟာ ဆန်နဲ့ဆီသာရှိပါလေ့စေ။ ငပိဖုတ်နဲ့လည်း ထမင်းတစ်နပ်ဖြစ်အောင် စားတတ်တဲ့သူတွေမို့လို့ ကျအောင်လုပ်နေတဲ့ ဆန်၊ ဆီစျေးတော့ ဖမ်းတုန်းခဏ ကျတယ်ဆိုတာထက် အမှန်တကယ်ကျဖို့ ကြိုးပမ်း...."

"ပြည်သူကို တိုက်ရိုက်ပံ့ပိုးတာမဟုတ်ဘဲ ငွေသုံးတဲ့ INGO တွေ NGO တွေရဲ့ အလုပ်လုပ်ပုံဟာ Proposal တွေနဲ့ သွားကြတဲ့ သဘောသဘာ၀ကို မြင်ရပါတယ်။ ဥပမာ OIC နိုင်ငံတစ်ခုနဲ့ချိတ်ဆက်ထားတဲ့ NGO တစ်ခုဟာ လူ့အခွင့်အရေးအတွက် ဘင်္ဂါလီတွေကို မြန်မာတွေက ဖိနှိပ်ထားတယ်ဆိုတဲ့ အမြင်မျိုး ကမ္ဘာကမြင်ဖို့အတွက်ဆိုရင် မီဒီယာဆယ်နဲ့ချီကို ဒေါ်လာသန်းချီသုံးပြီး ဘင်္ဂါီလီတွေ ဖိနှိပ်ခံနေရတယ်ဆိုတာတွေပဲ အဓိကထုတ်လုပ်စေပါတယ်။ ဒီလိုမျိုး OIC နိုင်ငံနဲ့ ချိတ်ဆက်ထားတဲ့ INGO က မီဒီယာတစ်ခုကို ဒေါ်လာသိန်းသန်းချီပေးပြီး ဘင်္ဂါီလီတွေ ဖိနှိပ်ခံရတာကို ရေးခိုင်းတယ်ဆို အဲဒီလိုမီဒီယာဟာ ဘင်္ဂါီလီတွေနဲ့ ပတ်သက်တဲ့ မကောင်းသတင်းတွေဘဲ ကမ္ဘာကသိအောင် ထုတ်လုပ်ပါတယ်။ အဲဒီလိုမျိုး ထုတ်လုပ်မှုတွေကြောင့် NLD အစိုးရဟောင်းလက်ထက်မှာ မြန်မာ့ပုံရိပ်ကျဆင်းခဲ့တာပါ။

အလားတူပါပဲ။ မြန်မာပြည်မှာ အစိုးရတစ်ရပ်ကို လူထုမကျေနပ်လို့ တိုက်ခိုက်ဆန္ဒပြနေပြီဆိုရင်လည်း အဲဒီအတွက် နိုင်ငံကြီးတွေက ကမ္ဘာကို ပြန့်စေမဲ့ သတင်းမီဒီယာတွေကို ဒေါ်လာသိန်းသောင်းချီပေးပြီး နိုင်ငံတွင်းက စားဝတ်နေရေးမပြေလည်မှုတွေ၊ တရားဥပဒေမစိုးမိုးမှုတွေ၊ နေရာအနှံ့ဗုံးကွဲသတ်ဖြတ် မလုံခြုံမှုတွေဘဲ ငွေပေးပြီးထုတ်လုပ်ခိုင်းတော့ ကမ္ဘာ့အလယ်က မြန်မာနိုင်ငံဟာ ဘေးရန်အများဆုံးနိုင်ငံ၊ လုံခြုံမှုမရှိဆုံးနိုင်ငံအဖြစ် မြင်လာပြီး ခရီးသွားဝင်ရောက်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်တာတွေ ကျဆင်းကုန်တော့တာပါပဲ။ ရင်းနှီးမြှုပ်နှံမှုတွေကျဆင်း၊ ကမ္ဘာလှည့်ခရီးသွားတွေ မဝင်ရောက်တဲ့ အကျိုးဆက်ကိုတော့ မြန်မာပြည်သူတွေပဲ လည်စင်းခံခဲ့ရ....

ဆောင်းပါးအပြည့်အစုံဖတ်ရှုရန်
https://www.mtnewstoday.com/?p=34739

#mtnews_review #mt_news_ဆောင်းပါး
#myanmar_transparency_news
Sep 4
Ygn

လှိုင်သာယာတွင် အသက် ၉ နှစ်အရွယ် ကလေးငယ် အပါအဝင် မိသားစုသုံးဦးကို သုံးလောင်းပြိုင်သတ်ဖြတ်မှု ယနေ့ ဖြစ်ပွား
====================================================

၄.၉.၂၀၂၃
Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်တွင် အသက် ၉ နှစ်အရွယ် ကလေးငယ် အပါအဝင် သုံးလောင်းပြိုင် လူသတ်မှုတစ်ခု ယနေ့ စက်တင်ဘာ ၄ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ -

နေ့လယ်ပိုင်း ၁ နာရီကျော်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အမှတ် ၁၈ ရပ်ကွက်၊ အနန္တသူရိယလမ်းရှိနေအိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်တွင် -

အသက် ၅၉ နှစ်အရွယ် ဦးဌေးလွင်အား အိမ်အောက်ထပ် အခန်းထဲတွင် တစ်ဦးတည်း သေဆုံးနေသည်ကို တွေ့ရကာ ဇနီးဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဒေါ်စုလှိုင်ဝင်း နှင့် အသက် ၉ နှစ်အရွယ် သားဖြစ်သူ မောင်ဖြိုးမြတ်ကိုကို တို့ကို အိမ်အပေါ်ထပ်က အခန်းအတွင်း သေဆုံးနေသည်ကို တွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။

"ကလေးပါ မကျန် လုပ်သွားတာပါ။ ဓားနဲ့ ထိုး၊ ခုတ်သွားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးတာပါ။ တိတ်တိတ်ဆိတ်ဆိတ် လုပ်သွားတာလို့ ယူဆရတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ယောကျာ်းက ရုတ်တရက် တွေ့လို့ ဓားခုတ်ခံရတဲ့ ပုံစံဖြစ်ပြီး အမျိုးသမီးကတော့ ရုန်းကန်ခဲ့တယ်လို့ ယူဆရမယ့် အနေအထား တွေ့ရတယ်။ ဒါက ကနဦး သိရတာပါ” ဟု အထက်ပါ ရဲတပ်ဖွဲ့နှင့် နီးစပ်သူက ဆိုသည်။

#လှိုင်သာယာ #လူသတ်မှု #mtnews
#myanmar_transparency_news
Sep 5

"အဖမ်းခံထားရတဲ့ အလုပ်သမားတွေကို ပြန်လွှတ်ပေးလိုက်ပြီဟုဆို"
=============
တရားဝင် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း မဟုတ်တဲ့ Action Labor Rights အဖွဲ့နဲ့ပေါင်းပြီး ဆူပူအောင် လှုံ့ဆော်တယ်ဆိုတဲ့ပြစ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ အလုပ်သမားတွေအပြင် ကူညီသူတွေကို စက်တင်ဘာလ ၄ ရက်က ပြန်လွှတ်ပေးလိုက်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေထံက သိရပါတယ်။

Action Labor Rights အလုပ်သမား သမဂ္ဂအဖွဲ့ဝင် ၂ ဦး၊ အားပေးကူညီသူ ၁ ဦးနဲ့ အထည်ချုပ်စက်ရုံနှစ်ရုံက အလုပ်သမား ၇ ဦး၊ စုစုပေါင်း ၁၀ ဦးတို့ကို ဇွန်လ ၁၄ ရက်ကနေ ၁၇ ရက်အထိ သုံးရက်အတွင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီလိုဖမ်းဆီးပြီးနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က၊ တရားမဝင်အသင်း အဖွဲ့တွေနဲ့ ဆက်သွယ်မှု ပုဒ်မ - ၁၇ (၁) တို့နဲ့ တရားစွဲထားတယ်လို့လည်း အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောဆိုခဲ့​ကြပေမယ့် ယခုအခါမှာတော့ သူတို့ကို ပြန်လွှတ်လိုက်တယ်ဆိုပြီး ပြောလာခဲ့တာပါ။

လက်ရှိမှာတော့ အဲဒီအလုပ်သမားတွေကို ဘယ်လိုကြောင့် ပြန်လွှတ်ပေးလိုက်တယ်ဆိုတာ တိတိကျကျ မသိရသေးဘဲ ပြည်တွင်း၊ပြည်ပအလုပ်သမားအဖွဲ့တွေကြား ဝေဖန်မှုတွေရှိနေတာကြောင့် ပြန်လွှတ်ပေးလိုက်တာဖြစ်နိုင်တယ်လို့ စောင့်ကြည့်သူတွေက ဆိုထားကြပါတယ်။
#mtnews
Sep 5

ပထမဆုံး မြန်မာ-ရုရှားခရီးစဉ်အဖြစ် MAI လေကြောင်းလိုင်းမှ ရန်ကုန် - မန္တလေး - နိုဗိုစီဗစ် ခရီးစဉ် ယနေ့ စတင်ပျံသန်း
====================================================

၅. ၉. ၂၀၂၃
Written by Nyein Kyaw

ပထမဆုံး မြန်မာ-ရုရှားခရီးစဉ်အဖြစ် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)မှ ရန်ကုန် - မန္တလေး - နိုဗိုစီဗစ်ခရီးစဉ် စတင်ပျံသန်းခြင်း အခမ်းအနားကို ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပခဲ့သည်။

မြန်မာ-ရုရှား တိုက်ရိုက်လေကြောင်း ကွန်ရက်ချိတ်ဆက်မှုမှတစ်ဆင့် ရုရှားခရီးသွား ဧည့်သည်များ ပိုမိုလာရောက် လည်ပတ်နိုင်စေရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုတိုးမြင့်လာရေးတိုအတွက် အထောက်အကူ ဖြစ်စေရန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန် - မန္တလေး - နိုဗိုစီဗစ် အသွား/အပြန်ခရီးစဉ်ကို အပတ်စဉ် အင်္ဂါနေ့နှင့် စနေနေ့တို့တွင် ပုံမှန် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း MAI လေကြောင်းလိုင်းမှ သိရသည်။

“ခရီးစဉ် Schedule ကတော့ ကျွန်မတို့ Website မှာ ခရီးစဉ်ရက်တွေ လေ့လာလို့ရတယ်။ ကျွန်မတို့ဆီမှာ ဘိုကင်တင်ပြီး လက်မှတ်ထုတ်တဲ့ ခရီးစဉ်တိုင်းအတွက်ကတော့ ရုံးချုပ်လာဝယ်ရင်လည်းဝယ်ပေါ့။ Online Payment နဲ့ချေပေါ့။ အရင်ခရီးစဉ်တွေအတိုင်းပါပဲ” ဟု MAI မှ တာဝန်ရှိသူက ပြောသည်။

ယနေ့တွင် ပြုလုပ်သည့် မြန်မာ-ရုရှားခရီးစဉ် စတင်ပျံသန်းခြင်းအခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်ခဲ့သည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာသံရုံးမှ ဒုတိယအကြီးအကဲ Mr. Pavel Klapukov နှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)မှ ကိုယ်စားလှယ်တစ်ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

#Yangon #ရန်ကုန် #မန္တလေး #russia #Mandalay
#mtnews #myanmar_transparency_news
အမေရိကန်က မြန်မာနိုင်ငံကို ရန်သူသဖွယ်သဘောထားပြီး ဝင်ရောက်စွက်ဖက်မှုကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ကြောင်း SAC ဥက္ကဋ္ဌ ပြောကြား

◾အမေရိကန်၏ လိုလားချက်မှာ တရုတ်နိုင်ငံကို ထိန်းချုပ်ရေးဖြစ်သလို ၎င်းတို့လိုလားသော အစိုးရ/အုပ်စု အာဏာမရရှိခဲ့သည့်အတွက် ကဏ္ဍပေါင်းစုံ မငြိမ်သက်အောင် ဆောင်ရွက်နေ

◾အမေရိကန်နိုင်ငံကိုယ်တိုင်က အကြမ်းဖက်အဖွဲ့များကို ခေါင်းစဉ်အမျိုးမျိုးဖြင့် ကူညီနေဟုပါ ပြော


၂၆. ၁၀. ၂၀၂၃
Written by Nyein Kyaw

မြန်မာ့နိုင်ငံ‌ရေးနှင့် ပတ်သက်၍ ဝင်ရောက်စွက်ဖက်မှုများကို အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုမှ စဉ်ဆက်မပြတ်ပြုလုပ်ခဲ့မှုများရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၅/၂၀၂၃) တွင် ပြောကြားခဲ့သည်။

မြန်မာနှင့် အမေရိကန်သည် ရန်ဘက်နိုင်ငံများမဟုတ်ကြောင်း၊ စစ်ဖြစ်ပွားဖူးခြင်းလည်း မရှိကြောင်း၊ ယုတ်ဆွအဆုံး အရှေ့‌တောင်အာရှတွင် အမေရိကန်ကျူးကျော်မှုကြောင့် ဗီယက်နမ်စစ်ပွဲ၌ပင် မြန်မာတို့ပါဝင်ပတ်သက်မှုမရှိခဲ့ကြောင်း၊ သို့သော် ယနေ့ကာလအထိ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာအားရန်သူသဖွယ် သဘောထားခြင်းမှာ ကြီးမားသော နောက်ခံအကြောင်းအရင်းရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ၎င်းတို့ဖြစ်စေချင်သည့်အတိုင်း မဖြစ်သည့်အခါ ၎င်းကဲ့သို့ မဖြစ်အောင် ကာကွယ်နိုင်သည့် အင်အားစုများကို ရန်ပြုခြင်းမှာ မြင်သာသည့်အကြောင်းအရာပင်ဖြစ်ကြောင်း၊ ယခုလက်ရှိအခြေအနေတွင်လည်း အမေရိကန်ဦးဆောင်သောအုပ်စု၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်ရေး (China Containment Policy) ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၌ ၎င်းတို့လိုလားသော အစိုးရ/အုပ်စုအာဏာရရှိ‌ရေးကို တစ်စိုက်မတ်မတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မရရှိခဲ့ပါက မြန်မာနိုင်ငံ၌ ကဏ္ဍပေါင်းစုံ မငြိမ်မသက်ဖြစ်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံကိုယ်တိုင်က အကြမ်းဖက်အဖွဲ့များကို ခေါင်းစဉ်အမျိုးမျိုး အကြောင်းအမျိုးမျိုးဖြစ် ကူညီနေကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား စသောနိုင်ငံများသည် သမိုင်းအစဉ်အလာအရ ရင်းနှီးသော မိတ်ဆွေနိုင်ငံများဖြစ်ကြောင်း၊ သို့သော် အမေရိကန်၏ဩဇာလွှမ်းမိုးမှုကို မလွန်ဆန်နိုင်သောနိုင်ငံများက မိမိတို့နိုင်ငံအပေါ် ကုန်သွယ်မှု၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

မိမိတို့နိုင်ငံသည် ဘဏ်စနစ်တစ်ခုဖြင့်သာ ရှင်သန်ရပ်တည်ကုန်သွယ်နေသည့် နိုင်ငံမဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် မိတ်ဆွေနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် လက်တွဲဆောင်ရွက်ခဲ့ရကြောင်း၊ ထို့ကြောင့် ဘဏ္ဍာရေးနှင့် ကုန်သွယ်မှုကိစ္စများ၌ ငွေကြေးစနစ်တစ်ခုတည်းအပေါ်တွင်သာ မှီခိုအားထားမှုမပြုဘဲ ငွေကြေးစနစ်အမျိုးမျိုးဖြင့် အသုံးပြုနိုင်မှုအပေါ် နိုင်ငံတကာက အလေးထားလာသကဲ့သို့ မိမိတို့လည်း ဆောင်ရွက်နေကြောင်း၊ နယ်စပ်ကုန်သွယ်ရေးနှင့် အိမ်နီးချင်းမိတ်ဆွေနိုင်ငံများနှင့် ပိုမိုချစ်ကြည်ရင်းနှီးရေးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

https://www.mtnewstoday.com/?p=40571

#sac #american #အမေရိကန် #sanctions #China
#india #singapore #thailand #malaysi #russia
#mtnews #myanmar_transparency_news
°
မည်သူ့မှာ တာဝန်ရှိသနည်း

၉. ၂. ၂၀၂၄
MT News Editorial

ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်တွင်
ယိုသူမရှက် မြင်သူရှက်ရမည့်
လိင်ဆက်ဆံမှုဆိုင်ရာ ကကွက်များဖြင့် ဖျော်ဖြေနေသည့်
မြင်ကွင်းသည်ထင်ပေါ်လာနေသည်ကို တွေ့ရှိရပေသည်။

ထိုမြင်ကွင်း၏ ကနဦးမူလအစသည်
လူသိများသော အဆိုတော်အမျိုးသမီးတစ်ဦးက
သူမ၏ရည်းစားဖြစ်သူ အမျိုးသားတစ်ယောက်နှင့်
စားသောက်ဆိုင်တစ်ခုတွင် ထိုင်နေစဥ်
စတိတ်စင်ပေါ်မှ အမျိုးသားတစ်ဦးက ဆင်းလာကာ
အဆိုတော် အမျိုးသမီးကို စင်ပေါ်ခေါ်၍ အများအမြင်မသင့်တော်သော လိင်မှုပြကွက်များကို
တစ်တစ်ခွခွ ကပြခြင်း၊ ယပ်တောင်ကွယ်၍နမ်းခြင်း၊
ခန္ဓာကိုယ်အသားစိုင်များကို ကိုင်တွယ်အာသာဖြေမှု
အမူအယာလုပ်ခြင်းဖြင့် ထိုကကွက်ရုပ်သံ လူမှုကွန်ရက်ပေါ်
တွင်ကျယ်လာခြင်းဖြစ်ကာ ထိုဆိုင်သည်
ရန်ကုန်မြို့လယ်၊ ကျောက်တံတားမြို့နယ်ရှိ Bar တစ်ခုမှ တင်ဆက်သော LGBT Show တစ်ခု၏ ပုံမှန်ဖျော်ဖြေနေကြ မြင်ကွင်းဖြစ်သည်ဟုလည်း သိရှိရပေသည်။

ထိုသို့ လူသိများသော အဆိုတော် အမျိုးသမီးနှင့် LGBT ဟု ယူဆရသူ အမျိုးသားတို့၏ လူပုံအလယ် စင်မြင့်ပေါ်မှ မဖွယ်မရာ လိင်ဆက်ဆံမှုကကွက်များ လူကြားတွင် ပျံ့နှံ့သွားပြီးနောက် လူသိများသော ဘလော့ဂ်ဂါအမျိုးသမီးငယ်တစ်ဦးကလည်း ထိုဆိုင်သို့သွားထိုင်ကာ ထို LGBT အမျိုးသားနှင့်ပင်ထိတွေ့ဆက်ဆံသည့် လိင်ဆက်ဆံမှုကကွက်ဆန်းများနှင့်ပင် ရင်သားနမ်းရှိုက်ခံ ထိတွေ့ကိုင်တွယ်ခံသည့် ရုပ်သံတစ်ခုကို လူမှုကွန်ရက်၌ ထုတ်လွှင့်ကာ သူမ၏ ဘလော့ဂ်လူသိများရေးအတွက် ဖိတ်ခေါ်လာပြန်သည်။

သူမတို့နှစ်ဦး၏ ပို့စ်များအရ ထိုသို့သော စင်မြင့်ပေါ်တက်လိင်ဆက်ဆံမှုကွက်ဖြင့်ဖျော်ဖြေသော
LGBT Show များမှာ ရန်ကုန်မြို့ရှိ Bar များတွင်
စတင်ပြုလုပ်နေသော ပုံမှန် ဖျော်ဖြေတင်ဆက်မှုဟုလည်း
သိရှိရပြန်ပေသည်။

ထိုမျှ သရုပ်မပျက်သော စင်တင်ဖျော်ဖြေမှုများကိုပင် ထိန်းချုပ်သော မြန်မာနိုင်ငံတွင် LGBT Right အမည်ခံကာ စင်မြင့်ပေါ်ထက် လိင်ဆက်ဆံမှုပြကွက်များနှင့် ဖျော်ဖြေမှုကိုမူ လျစ်လျူရှု ခွင့်ပြုထားသည်မှာ အံ့ဩစရာဖြစ်သလို မည်သူကခွင့်ပြုထားသနည်းဟု မေးခွန်းထုတ်ရမည်ဖြစ်သည်။

မြန်မာလူမျိုးများသည် မိမိခန္ဓာကိုယ်ကို တန်ဖိုးထားသူများဖြစ်သလို မြန်မာအမျိုးသမီးများသည်လည်း လူမြင်ကွင်းတွင် မဖော်ပြအပ်၊ မလုပ်အပ်သော ကာယိန္ဒြေကို ကာကွယ်ပေးထားသော နိုင်ငံလည်းဖြစ်ပေသည်။ ဥပမာအားဖြင့် အမျိုးသမီးများအပေါ် ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာကာကွယ်ပေးမှုတွင် တဏှာမျက်စိဖြင့်ကြည့်ခြင်း၊ ခါးကိုဖက်ခြင်း၊ နောက်ပြောင်သည့်ပုံစံဖြင့် အသားယူခြင်း၊ ခန္ဓာကိုယ်ထိတွေ့ကိုင်တွယ်ခြင်း၊ အများပြည်သူဆိုင်ရာနေရာများတွင် ညစ်ညမ်းသီချင်း၊ ကဗျာ၊ စာသားများရွတ်ဆိုခြင်းတို့ကိုပင် ထိန်းချုပ်အရေးယူသောနိုင်ငံဖြစ်ရာ ထိုမျှမကသော ကာမဆက်ဆံမှုပြကွက်များ ကပြဖျော်ဖြေနေမှု ကြပ်မတ်သင့်သည်ဟု ယူဆရပေသည်။

သို့သော်ငြားလည်း ထိုသို့သော မြန်မာ့ယဥ်ကျေးမှုနှင့်မကိုက်ညီသော LGBT Show များကို ရုပ်ရှင်အစည်းအရုံးကလည်း အရေးမယူနိုင်သလို ဂီတအစည်းအရုံးကလည်း စာထုတ်ရုံမှအပ မည်သို့မျှအရေးမယူနိုင်သောအခြေအနေဖြစ်ရာ ထိုသို့သောသရုပ်ပျက်ပြကွက်များကို အရေးယူရန်မှာ အာဏာပိုင်များသာ လုပ်နိုင်သောအခြေအနေဖြစ်လာနေပေသည်။

ပြီးခဲ့သော ရက်ပိုင်းကလည်း နိုင်ငံပိုင်သတင်းစာများတွင် "အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများ လွှင့်တင်ခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကိုက်ညီမှုမရှိသည့် မဖွယ်မရာမှတ်တမ်းပုံများ၊ ဗီဒီယိုများအား ဖြန့်ဝေခြင်း၊ အခကြေးငွေဖြင့် ရောင်းချခြင်းများသည် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်။ အွန်လိုင်းလောင်းကစားကြော်ငြာမျာ၊ လက်ခံကြော်ငြာပေးခြင်းသည် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်။"ဟုလည်း သတိပေးကြေညာချက် ထည့်သွင်းဖော်ပြလာသည်ကို တွေ့ရသည်ဖြစ်ရာ နွေဦးတော်လှန်ရေးမှ စတင်ဝါဒဖြန့်လာသော "My Body My Choice" ဆိုသော စကားရပ်နှင့်အညီ မြန်မာ့ရိုးရာယဥ်ကျေးမှုကို ဖျက်ဆီးသော၊ မောင်နှမသားချင်းကြည့်ရဲစရာမရှိသော၊ မြန်မာ အမျိုးသမီးတို့စောင့်ထိန်းအပ်သော ကာယိန္ဒြေကို ရိုက်ချိုးနေသော၊ ဟီရိဩတ္တပ္ပတရားကို ဖျက်ဆီးနေသော၊ စင်ပေါ်တက် လိင်ဆက်ဆံမှုကကွက်များနှင့် LGBT Show များကို တာဝန်ရှိသူများက အချိန်မီတားမြစ်ပိတ်ပင်ရန် လိုအပ်ပါသည်ဟု MT News သတင်းဌာနက တိုက်တွန်းရေးသားအပ်ပါသည်။

​◾Website တွင် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=52356

#ပွင့်လင်းမြန်မာ #mtnews_အယ်ဒီတာ့အာဘော် #mtnews #myanmar_transparency_news
...
Media is too big
VIEW IN TELEGRAM
ရွှေဘိုမြို့နယ် ထွေအုပ်ရုံးမှ လက်နက်မဲ့အငယ်တန်းစာရေးအမျိုးသမီးကြီးတစ်ဦးကို ရွှေဘို PDF ၆ ဖွဲ့ပေါင်းပြီး ဖမ်းဆီးသတ်ဖြတ်

၂၅. ၃. ၂၀၂၄
Written by Nay Moe

ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက လက်နက်မဲ့အငယ်တန်းစာရေးအမျိုးသမီးကြီးတစ်ဦးကို စစ်မှုထမ်းဖို့ကူညီလုပ်ဆောင်ပေးတယ်စွပ်စွဲချက်နဲ့ ရွှေဘို PDF ၆ ဖွဲ့ပေါင်းပြီး ဖမ်းဆီးသတ်ဖြတ်လိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် (၇)ရပ်ကွက်က အသက် ၅၃ နှစ်အရွယ် ထွေအုပ်အငယ်တန်းစာရေး ဒေါ်မြမြညိမ်းဆိုတဲ့အမျိုးသမီးကြီးဟာ ရပ်ကွက်ထဲမှာ စစ်မှုထမ်းဖို့စာရင်းလိုက်ကောက်နေသလို PDF တွေ သတင်းစုံစမ်းနေတာကြောင့် မတ်လ ၂၄ ရက် ည ၁၂ နာရီကျော်မှာ ဝင်ရောက် ဖမ်းဆီးသတ်ဖြတ်လိုက်တာလို့လည်း ကျုးလွန်တဲ့ ရွှေဘို PDF ၆ ဖွဲ့က ​ပြောပါတယ်။

MT News က တွေ့ရှိရတဲ့ရုပ်သံမှာလည်း ရွှေဘို PDF တွေက လက်နက်မဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသမီးကြီးဒေါ်မြမြငြိမ်းကို လက်ပြန်ကြိုးတုပ်ဖမ်းဆီး ထိုင်ခိုင်းပြီး ဦးခေါင်းကိုသေနတ်နဲ့ပစ်သတ်လိုက်တာ တွေ့မြင်ရပါတယ်။

NUG က ပြီးခဲ့တဲ့ရက်ပိုင်းက PDF တွေ လိုက်နာဖို့လမ်းညွှန်ချက်မှာ ဒီလိုမျိုး လုပ်ရပ်တွေက စစ်ရာဇဝတ်မှုကျုးလွန်တာလို့ပြောထားပေမဲ့ PDF တွေကတော့ လိုက်နာမှုမရှိတဲ့အပြင် ဒီလိုစစ်ရာဇဝတ်မှုကျုးလွန်နေတာကိုပါ တရားဝင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

လက်နက်မဲ့ နိုင်ငံ့ဝန်ထမ်းအမျိုးသမီးတစ်ယောက်ကို PDF ၆ ဖွဲ့ပေါင်းပြီး ဖမ်းဆီးကြိုးတုပ် ပစ်သတ်ပြီး စစ်ရာဇဝတ်မှုကျုးလွန်ခဲ့တဲ့ PDF အဖွဲ့တွေက သိင်္ခအားမာန်၊ ရွှေဘိုအားမာန် ၊ Shwebo Crocodile နဲ့ သူတို့ရဲ့ မဟာမိတ်ဖြစ်တဲ့ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဗိုလ်လင်းရောင်(ဒပယ)၊ ဇာမဏီဒေါင်း(ဒပယ) တန (၂) တပ်ပေါင်းစုတို့က ကျူးလွန်ခဲ့တာလို့သိရပါတယ်။

◾ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=58285

#ရွှေဘို #PDF #NUG #သိင်္ခအားမာန် #ရွှေဘိုအားမာန် #Shwebo #Shwebo_Crocodile #ရှင်းရှင်း #ဗိုလ်လင်းရောင် #ဇာမဏီဒေါင်း #ပွင့်လင်းမြန်မာ #mtnews #myanmar_transparency_news
AA ထိန်းချုပ်ထားသည့် သံတွဲမြို့ ယနေ့နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်ခံရ

၂၆.၉.၂၀၂၄
Written BY Zun

AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ သံတွဲမြို့ပေါ် သို့ ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက်ပိုင်းအချိန်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခံခဲ့ရကြောင်း ဒေသခံများက MT News ကို ပြောသည်။

AA အဖွဲ့အနေဖြင့် သံတွဲမြို့ကို ထိန်းချုပ်ထားပြီး သံတွဲရဲစခန်းရှေ့ရှိ ယခင်ဘောလုံးကွင်းနေရာတွင် အသစ်တည်ဆောက်ထားသော မြို့နယ်ခန်းမ အဆောက်အဦသစ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးတို့တွင် AA လက်နက်ကိုင်များနှင့် မိသားစုဝင်များ အခြေချနေထိုင်နေစဉ် လေကြောင်းမှ တိုက်ခိုက်ခံရခြင်းလည်း ဖြစ်သည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် AA လက်နက်ကိုင်တို့၏ မိသားစုဝင်များ အဓိကထိခိုက်ပြီး သေဆုံးသူ အနည်းဆုံး ၁၀ ဦး ကျော်ရှိကာ ၂၀ ကျော်ဒဏ်ရာရခဲ့ကြောင်း...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=76087

#သံတွဲ #လေကြောင်းတိုက်ခိုက်ခံရ #AA #MT #mtnews