🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.08K subscribers
12.7K photos
1.05K videos
4 files
778 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
ကရင်ပြည်နယ်အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးဂေဟာများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ အတွက် စုစုပေါင်း ငွေကျပ် ၁၆၃ သန်းကျော် ထောက်ပံ့

ဘားအံ ဩဂုတ် ၃၁

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ကရင်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းလူငယ်ဖွံ့ဖြိုးရေး မရဟိတဂေဟာများအတွက် ထောက်ပံ့ကြေးနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေးအပ်သည့် အခမ်းအနားကို ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိုင်ငံတော်မှ ခွဲဝေရရှိသည့် ဘဏ္ဍာရန်ပုံငွေဖြင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ အမျိုးသမီးဂေဟာများ၊ မသန်စွမ်း ဂေဟာများကို သတ်မှတ်အဆင့်အလိုက် ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင်တစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိပြီး ရပ်ရွာအတွင်း ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားသည့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကိုလည်း နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ပြည်နယ်အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးဂေဟာနှစ်ခုနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအတွက် စုစုပေါင်း ငွေကျပ် ၁၆၃ သန်းကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး စနစ်တကျ အကျိုးရှိစွာ သုံးစွဲဆောင်ရွက်သွားကြရန်၊ လူမှုဝန်ထမ်းဦးစီးဌာန၏ စစ်ဆေးကြီးကြပ်ခြင်းနှင့်အညီ ပြုစုစောင့်ရှောက်ခြင်းနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများကို လိုက်နာဆောင် ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကော့ကရိတ်မြို့ ဇောတိကရာမလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာရှိ လူငယ် (၁၆) ဦး အတွက် စားစရိတ်၊ ဝတ်စရိတ်၊ ဂေဟာမှူးလစာနှင့် ဆန်ဖိုးငွေ ကျပ် ၂၇၁၂၀၀၀ (နှစ်ဆယ့်ခုနှစ်သိန်းတစ်သောင်းနှစ်ထောင်ကျပ်)၊ ကမမောင်းမြို့ အေးသုခ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာကျောင်းမှ လူငယ်(၁၂၈)ဦး အတွက် စားစရိတ်၊ ဝတ်စရိတ်၊ ဂေဟာမှူးလစာနှင့် ဆန်ဖိုးငွေကျပ် ၁၉၁၇၆၀၀၀ (တစ်ရာကိုးဆယ်တစ်သိန်းခုနှစ်သောင်း ခြောက်ထောင်ကျပ်) တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက ဘားအံမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၅၇) ကျောင်းအတွက် ထောက်ပံ့ငွေ ၅၄၇၂၀၀၀၀ (ငါးရာလေးဆယ်ခုနှစ်သိန်းနှစ်သောင်းကျပ်)၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၃၈) ကျောင်းအတွက် ထောက်ပံ့ငွေ ၃၆၄၈၀၀၀ ၀(သုံးရာခြောက်ဆယ်လေးသိန်းရှစ်သောင်းကျပ်) တို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှူး တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတနာ့ဝန်ထမ်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများမှ ဂေဟာမှူးနှင့် တာဝန်ရှိသူများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများမှ တာဝန်ခံဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာတွင် သံလွင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးလှမိုးနှင့် တာဝန်ရှိသူများက သံလွင်မြစ်ရေ တိုက်စားမှုကြောင့် အလျားပေ ၄၀၀၀ ကျော်ခန့် ကမ်းပါးပြိုကျမှု ဖြစ်ပေါ်ခဲ့ရသည့် အခြေနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကမ်းပြိုကျမှု လျော့နည်းသက်သာနိုင်စေရေး အရေးပေါ် ယာယီကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ မြစ်ကမ်းဘေးနေထိုင်သူများအား ယာယီရွှေ့ပြောင်းနေရာချထား၍ နေထိုင်ရန် မြေနေရာ အစားထိုးပြန်လည်ပေးအပ်ရန် လိုအပ်ပါက စာရင်းပြုစု တင်ပြပေးရန် မှာကြားခဲ့သည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)
ကျောက်ပန်းတောင်းမြို့နယ်ထွက် ကြက်သွန်နီဈေးနှုန်း တက်လာပြီး တစ်ပိဿာ ၃၃၀၀ ကျပ် ရောင်းချနေရ

ညောင်ဦး ဩဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက် တောင်သူများ စိုက်ပျိုးထွက်ရှိထားသည့် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီ ဈေးနှုန်း ၃၃၀၀ ကျပ် ဖြစ်နေကာ ကြက်သွန်ဈေးနှုန်း တက်လာခြင်းကြောင့် ကြက်သွန်နီစိုက် တောင်သူများ ရောင်းချနေကြပြီဖြစ်ကြောင်း သိရသည်။

ဆောင်းကြက်သွန်နီဈေးနှုန်းများ မေလ၊ ဇွန်လတို့တွင် ကြက်သွန်နီ တစ်ပိသာ ၂၂၀၀ ကျပ်မှ ၃၀၀၀ ကျပ်ဈေးထိ ဈေးနှုန်းတက်ခဲ့ပြီး ဇူလိုင်လ ပထမပတ်မှာပင် ကြက်သွန်ဈေးနှုန်း ပြန်လည်ကျဆင်းခဲ့ကြောင်း ဩဂုတ်လ နောက်ဆုံးပတ်တွင် ကြက်သွန်နီဈေးနှုန်း ၃၃၀၀ ကျပ်မှ ၃၅၀၀ ကျပ်ထိ ဈေးတက်လာခြင်းကြောင့် လှောင်ကြက်သွန်နီခေါ် ဆောင်းကြက်သွန်များ ထုတ်ရောင်းနေကြပြီဖြစ်ကြောင်း သိရသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီ အများအပြား စိုက်ပျိုးကြပြီး ကြက်မောက်တောင်ချောင်းတစ်လျှောက် စိုက်ပျိုးခြင်း၊ ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင် ကျေးရွာများမှ စိုက်ပျိုးခြင်း၊ ရေဆုံးအုပ်စုကျေးရွာများ စိုက်ပျိုးခြင်းနှင့် စိတ္ထိန်း၊ ကမ်းဖြူကျေးရွာများတွင် စိုက်ပျိုးကြကြောင်း၊ ဆောင်းကြက်သွန် တစ်သီးစိုက်ပျိုးရန် ပျိုးထောင်ချိန်မှ စိုက်ပျိုးချိန်၊ နှုတ်သိမ်းချိန်ထိ အချိန်ခြောက်လကျော် ကြာမြင့်ကြောင်း၊ ဆောင်းကြက်သွန်မျိုး စတင်ပျိုးထောင်ချိန် သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် ပျိုးထောင်ကြပြီး ပျိုးသက် ၄၅ ရက်ရှိလျှင် ကြက်သွန်စိုက်ခင်းအတွင်းသို့ ရွှေ့ပြောင်းစိုက်ရကြောင်း၊ ရွှေ့ပြောင်းမစိုက်ပျိုးခင်အချိန်ထိ ထွန်ရေးညက်အောင် ထွန်ယက်ရခြင်း၊ မြေဆီ၊ မြေဩဇာ နှပ်ထားရခြင်း၊ ရေလောင်း၊ ရေဖျန်းရန် ကြိုတင်တွင်းတူး တွင်းဖော်ရခြင်းများ ကြိုတင်လုပ်ဆောင်ထားရကြောင်း၊ စိုက်ပျိုးချိန် ပျိုးနုတ်ရန် အလုပ်သမား၊ အလုပ်သမငှားရမ်းရခြင်း၊ စိုက်ပျိုးဖို့ အလုပ်သမား အမြောက်အများ ငှားစိုက်ရခြင်းများက ကြက်သွန်စိုက်ပျိုးသူများ ငွေကုန်ကြေးကျများသည့် လုပ်ငန်းဖြစ်သော်လည်း နှစ်စဉ် နှစ်တိုင်း စိုက်ပျိုးနေကြခြင်းက ကြက်သွန်စိုက်သမားများ နှစ်စဉ်စိုက်ပျိုးစေကြောင်း မုန့်ကုန်းကျေးရွာ ဦးမင်းညိုက ရှင်းပြသည်။ ဆောင်းကြက်သွန်နီ ဈေးနှုန်းများ သုံးနှစ်ဆက်တိုက် အရှုံးပေါ်ခဲ့သော်လည်း ယခုနှစ်တွင် ဈေးနှုန်းကောင်းရန် မျှော်လင့်နေကြကြောင်း၊ သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် ကြက်သွန်နီဈေးနှုန်း အမြင့်ဆုံးသို့ ရောက်ရှိတတ်ကြောင်း၊ ကြက်သွန်နီဈေးနှုန်းများ ဩဂုတ်လ နောက်ဆုံးပတ်မှ စတင်ကာ ဈေးနှုန်းတက်လာခြင်းကြောင့် ကြက်သွန်စိုက် တောင်သူများ ထုတ်ရောင်းချနေကြပြီဖြစ်ကြောင်း သိရသည်။

ဒီပါလင်း
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ၂၀၂၃ ခုနှစ် တရုတ်-အာဆီယံပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနား တက်ရောက်ပြီး ပြန်လည်ရောက်ရှိ

ရန်ကုန် ဩဂုတ် ၃၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရန်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ တရုတ်-အာဆီယံပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနားသို့ တက်ရောက်ခဲ့သော ပညာရေး၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြသည်။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

၂၀၂၃ ခုနှစ်၊ တရုတ်-အာဆီယံပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနားကို ဩဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၂ ရက်အထိ ကျင်းပလျက်ရှိပြီး ကွေ့ကျိုးတက္ကသိုလ်နှင့် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များအကြား ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ ပညာရေးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မြဲစွာမြှင့်တင်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်
Aug 31

လူကြားကောင်းအောင် လို့ပြောတာ
အမှန်တကယ်က NUG/PDFတွေရဲ့ အကြမ်းဖက်လမ်းစဥ်တွေနောက် ဆက်မလိုက်ချင်တော့တာကြောင့်ဖြစ်ရတာ


သူတို့PDFတွေ ဘဝက
ဆုပ်လဲး ဆူး စားလဲ ရူး
ဆိုသလိုပဲ တပ်မတော်ထံ အလင်းဝင်မယ်ဆိုပြန်တော့လဲ
မိသားစုလိုက်က ဒလန် သစွာဖောက်ဆိုပြီး အသတ်ခံရဦးမယ် အာ့ကြောင့် ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတာ

#MNZ
Aug 31

နဂါးရဲ့ MRDAအဖွဲ့ထဲမှာ NUG ပကဖအဖွဲတွေရဲ့ သူလျှိုတွေပါတယ် နဂါးကတော့ ဘယ်နေ့ စမုံတုန်းမယ် မသိဘူး
😁😁😁

ပုံကတော့ နဂါးမှာ သက်သေVideoတွေရှိနေတာကိုတောင်မှ NUGက ဒေါက်ချာတူးခေါင်က စစ်ကောင်စီက ဝါဒဖြန့်ပါတယ်ဆိုပြီး ပြောဆိုနေလို့.....NUGက ကောင်တွေ ဘယ်လောက်အထိ ပိန်းကြောင်း... သက္ကမိုးညိုက ထုတ်ပြလိုက်တာ😜
"ဘယ်သူပြိုင်လို့ မိုက်ပါတော့နိုင်"
/////////////////////////////////

ဘယ်သူပြိုင်လို့
မိုက်ပါတော့နိုင်၊
ပရောဂဆရာနဲ့
နှစ်ဆောင်ပြိုင်သရဲ
စိန်ခေါ်ပွဲမှာ---

သူမခံရတိုင်း
ပူးလိုက် မြူးလိုက်
ခွာလိုက် ကပ်လိုက်
တခွီးခွီး--တဂီးဂီး
ပုံအဆိုးကြီးနဲ့
သွားဖြီးဖြဲပြ
ကဲကဲထ တာက
နှစ်ဆောင်ပြိုင်သရဲ--။

ငါ့ဘာမှတ်သလဲ
ငါ့ဘာမှတ်သလဲ
ဟဲ့သရဲ---ဟဲ့သရဲ
ဒေါသနဲ့ဆဲလို့
လေနဲ့ ငေါက်လိုက်
ရေနဲ့ ပေါက်လိုက်
တဖုတ်ဖုတ် တဖတ်ဖတ်
တရွှမ်းရွှမ်း တရွှပ်ရွှပ်
ကြိမ်စက်ကြာအစွမ်းပြလို့
မာန်စခန်းထ တာက
ပရောဂဆရာ---။

အံမလေး
ကြောက်ပါပြီဆရာရဲ့
ကြောက်ပါပြီဆရာရဲ့
နောက်မလုပ်တော့ပါဘူး ဆရာရဲ့ကယ်နဲ့
အရှိုးရာတွေ အထပ်ထပ်
ကျိန်းကျိန်းစပ်လို့
တစ်သက်စာမှတ်လောက်အောင်
လူးလူးလိမ့်လိမ့်
အီအီဆိမ့်ဆိမ့်
ကျောကော့အောင်အသိပ်ခံရ တာက
ဝေဒနာသည်---။

အို!--မြန်မာရယ်
ပုံပမာတစ်ခု
မြင်အောင်ရှု
ပြည်သူကိုဂရုပြုလို့
အဝှာလုတာတွေရပ်ကြပါတော့
ပရောဂဆရာနဲ့
နှစ်ဆောင်ပြိုင်သရဲ-----။

🇲🇲သက်နိုင်ဦး(ကျည်ကာ)🇲🇲
(၃၀-၈-၂၀၂၃)(၂၃:၃၀)နာရီ
Forwarded from Myanmar Hard Talk
Media is too big
VIEW IN TELEGRAM
NUG လိမ်သမျှသာယာနေရသောPDF တို့ရဲ့ဘဝများအကြောင်း။
Media is too big
VIEW IN TELEGRAM
ဘာတဲ့.....😆
အလှူငွေ သူခိုးမတဲ့🤣🤣
Forwarded from PAN
ဗုံး​ပေါက်ကွဲသည့် မန္တ​လေးတိုင်း​ ကျန်းမာ​ရေးဉီးစီးဌာနရုံးကို လုံခြုံရေးအဖွဲ့မှ စစ်ဆေး​ေနစဉ်အကြမ်းဖက်သမားများမှ နောက်ထပ်ဗုံးနှစ်လုံးဖြင့် လာရောက်ဖောက်ခွဲ
*********
ဩဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး ချမ်း​အေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ လမ်း ၇၀၊ ၂၇×၂၈ လမ်းကြားရှိ မန္တ​လေးတိုင်း​ဒေသကြီး ကျန်းမာ​ရေးဉီးစီးဌာနရုံးတွင် ယနေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် ဗုံး​ပေါက်ကွဲမှု ဖြစ်ပွား​ကြောင်းသိရ......

သတင်းအပြည့်အစုံဖတ်ရန် -

website -

positiveanglenews.com/2023/08/31/ဗုံးပေါက်ကွဲသည့်-မန္တ/

VK link>>...

https://vk.com/wall-220066330_1872

#PAN
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်
------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အားအသင့်အတင့် ရှိနေပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “စအိုလာ”(Saola)သည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားလျက်ရှိပြီး၊ နောက်(၁၂)နာရီအတွင်း တရုတ်နိုင်ငံတောင်ပိုင်းကမ်းခြေ၊ ဟောင်ကောင်မြို့ အနီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ကယား ပြည်နယ်တို့တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း ပြည့် ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၇)ပေခန့်ရှိနိုင် ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာ မည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာ မည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာ မည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

# မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန