🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.08K subscribers
12.7K photos
1.05K videos
4 files
778 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
ကားပွဲစားမှသည် အမေစုခေတ် လုပ်ငန်းရှင်ဖြစ်လာသူတစ်ဦးရဲ့ တာဝန်ယူမှု တာဝန်ခံမှု

ပြောသွားတာက လှတယ်

တစ်တိုင်းပြည်လုံးကျွန်တော်တစ်ယောက်တည်းလိမ်နေတာမဟုတ်ဘူးတဲ့ 😜😜😜😜

Credit ###Sandar Win

မနက်စောစော စီးစီး
ကိုအောင်ဇော်ဦး (#အရည်ကြို) ရေ 😡
Karry Yangon AYK Auto

ညီမ အကိုတို့ KIA AYK Showroom မှာ
ကားလာဝယ်တုန်းက အကိုတို့ဘက်က

မသေချာရင် 100% ငွေ လက်မခံနဲ့လေ

အဲ့တုန်းက ညီမ ဆီက ငွေ 100 % လက်ခံ ပြီး

စာချုပ်ချုပ် တုန်းက အကို့ ကို ညီမက ကားလာဝယ်တဲ့ပုံ
ဓာတ်ပုံ တစ်ပုံ ရိုက်ခိုင်းလား???

အကို့# အရည် ကြို page မှာ ညီမ ကားလာဝယ်တဲ့ပုံ
တင် ပေး ပါ လား လို့. ... တစ်ခွန်း ပြောဖူးလား ??

အခု ဘာကြောင့် မေလ က ဝယ်လို့
အကို့ ပါ အကို ဓါတ်ပုံရိုက်ပြီး အကိုတင်ထားတဲ့ပုံ
Link ကို ဖျက်ပြေးတာလဲ ???

အကို တို့ အရှက်မရှိတာ အရေးမကြီးဘူး
ဒီလို လူတွေနဲ့ ပတ်သတ်မိတဲ့
ညီမပါ....အရှက်ကွဲတရ်... 😂 😂 😂

( အကိုတို့ Showroom က နာမည် တင်ပြောင်းတာ
မဟုတ်ဘူး...

သူများ Showroom တွေ အကို့လို
လူကိုယ်တိုင် ဓါတ်ပုံရိုက်ပြီး မတင်ထားတော့
တင်ထားတဲ့ Link လဲ လိုက်ဖျက်စရာ
အကြောင်း မရှိဘူး ... *အကို ပြန်တင်လိုက်ပါ*

သူများတွေ 100% လက်မခံထား တော့ ဘယ်သူ့ကိုမှ
ဘာ စာချုပ် မှလည်း ချုပ်ပေးထားတာ မရှိဘူး

အကိုဘာကြောင့် ကားရဖို့မရှိဘဲ
အဲ့တုန်းက ... ပုံ တင်ခဲ့ပြီး အခုမှ လိုက်ဖျက်တာလဲ ??
ဘာ လို့ ....... စာချုပ် ချုပ် ခဲ့ တာ လဲ ??? ) 🤔

***ညီမ Post တွေ အကို ခိုးဖတ်နေ လို့
ညီမ လည်း အကို့ #အရည်ကြို ကိုBlock လိုက်ပြီ***
Aug 30

အရည်ကြို ရဲ့ Car Showroomကနေ ကားတစ်စီးကို Pre Order နဲ့ ငွေအပြည့်ချေပြီး စာချုပ်တွေ ချုပ်ထားတယ် ကားမရောက်လာသေးခင်မှာ ဒေါ်လာစျေးတွေ တတ်လာပြီး မြန်မာပြည်မရောက်လာသေးခင်မှာပဲ ကားစျေးတွေက နှစ်ဆလောက်တတ်သွားတော့ ဝိသမလောဘ သမားတွေရဲ့ ထုံစံအတိုင်း ကားရောက်လာတော့ တစ်ခြားသူကိုရောင်းလိုက်တယ်
Forwarded from Kyaw Win Maung ✍
မန္တလေးမှာလည်းညဘက်ကင်းပတ်တဲ့တစ်ချို့အဖွဲ့တွေက မသိရင်ဓားပြတိုက်နေတဲ့အတိုင်းပဲအတော်ကိုဆိုးနေတာ ၁၂ ကျော်လို့နောက်ကျအိမ်ပြန်တဲ့သူတွေကိုအေးဆေးစစ်ဆေးမေးမြန်းတာမဟုတ်ပဲရိုက်နှက်ထိုးကြိတ်မူးရူးပြီးတော့ပိုက်ဆံတောင်းတဲ့ဖြစ်စဉ်တွေလာလာပို့နေကြတယ် မဆီမဆိုင်မလိုအပ်တဲ့ကိစ္စတွေပါလုပ်နေကြတာခဏခဏ ရှိနေပြီးမတင်တော့ဘူးဆိုပြီးကြည့်နေတာအခုက ပြောတဲ့သူက
တဖြည်းဖြည်းနဲ့များများလာပြီးမနေ့ညကလည်းဖြစ်စဉ်တစ်ခု၁၂ ကျော်လို့အိမ်ပြန်နောက်ကျတဲ့လူငယ်တစ်ဖွဲ့ကို ကားတားပြီးတော့ဟိုစစ်ဒီစစ်အေးဆေးမစစ်ပဲထိုးကြိတ်ငွေ ၂ သိန်းတောင်းတယ်လို့သိရတယ်Honda Fit GE 6 အဖြူလေးနဲ့လို့သိရ ၅၄ လမ်း ၁၉ လမ်းဘက်ဆိုတော့ဘယ်အဖွဲ့လည်းဆိုတာတော့သေချာမသိရတာတိုင်ထားတာကြတော့များနေပြီးလုပ်စားတွေလားဘာလားအတုလားအစစ်လားဆိုတာသက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းများစီစစ်ပေးစေလိုပါတယ် တာဝန်ရှိသည်သော်လည်း ပြည်သူလူထုအကြည်ညိုပျက်စေမည့်လုပ်ရပ်များမလုပ်ဆောင်ကြပါရန်။
ရွေးကောက်ပွဲနိုင်ရင် ရုရှားနဲ့ မိတ်ဖွဲ့ဖို့ ဆန္ဒရှိနေတဲ့ အမေရိကန်သမ္မတလောင်း

၂၀၂၄ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ရုရှားရဲ့ဒေသသစ်တွေအပေါ် ထိန်းချုပ်မှုကို အသိအမှတ်ပြုမယ်လို့ အမေရိကန်သမ္မတလောင်း Vivek Ramaswamy က ကတိပေးလိုက်ပါတယ်။ အသက် ၃၈ နှစ်အရွယ် နိုင်ငံရေးသမားက ရုရှားသာ တရုတ်နဲ့ စစ်ရေးမဟာမိတ်အဖြစ်ကနေ နုတ်ထွက်မယ်ဆိုရင် ယူကရိန်းကို နေတိုးအဖွဲ့ထဲ ဝင်ရောက်ခွင့်ကိုလည်း ပိတ်ပင်မယ်လို့ ထပ်မံပြောဆိုခဲ့ပါသေးတယ်။

"ကောင်းမွန်တဲ့ သဘောတူညီချက်တခုက သက်ဆိုင်သူအားလုံးအတွက် အကျိုးအမြတ်ရဖို့ လိုအပ်ပါတယ်" လို့ သူကပြောဆိုခဲ့ကာ ယူကရိန်းအရေးမှာ တရုတ်တနိုင်ငံတည်းကသာ အကျိုးအမြတ်ရှိပြီး အောင်နိုင်ခဲ့တယ်လို့လည်း ဆိုခဲ့ပါတယ်။

NOM
Aug 30

တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်


စားသုံးဆီတွေကို ယခင်ဈေးနှုန်းအတိုင်း အမြင့်ဈေးနဲ့ ဆက်လက်ရောင်းချနေတာတွေကို တွေ့ရှိပါက ဝယ်ယူစားသုံးခြင်းမပြုဖို့နဲ့ တိုင်ကြားကြဖို့ စားသုံးသူရေးရာဦးစီးဌာနက ယနေ့ Aug 29မှာ ထုတ်ပြန်ထားပါတယ်

တိုင်ကြားမယ်ဆိုရင် Call Center ၁၅၃၅ အပြင် စားသုံးသူရေးရာဦးစီးဌာနရဲ့ Facebook Page နဲ့ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးတွေရဲ့ Facebook Page တွေကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်
ပြည်ပကနေ တင်သွင်းဖြန့်ဖြူးရောင်းချနေတဲ့ စားအုန်းဆီလက်လီဈေးနှုန်းတွေ ကြီးမြင့်နေမှုအပေါ် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းနဲ့ ဖြန့်ဖြူးရောင်းချပေးနိုင်ဖို့ ဆီကုန်သည်တွေနဲ့ ဆီလုပ်ငန်းရှင်များအသင်း ဆီတင်သွင်းတဲ့ကုမ္ပဏီများ ညှိနှိုင်းကာ သက်သာတဲ့ဈေးနှုန်းတွေနဲ့ ပို့ဆောင်ဖြန့်ဖြူးပေးနိုင်ဖို့ စီမံဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း အဲဒီပြန်ချက်မှာ ဖော်ပြထားပါတယ်

Aug28ရက်မှ Sep3ရက်အထိ တစ်ပတ်စာအတွက် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့ ရန်ကုန်အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာ ၄,၁၅၅ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။
#mhtnews
ကသာမြို့နယ် ဘုရားတောင်ကျေးရွာအနီး အကြမ်းဖက် KIA/PDF များ၏ လက်နက် ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

2023 August 30

ဩဂုတ်လ ၂၉ ရက် နေ့လည် ၁၂ နာရီခန့်တွင် ကသာမြို့နယ် ဘုရားတောင် ကျေးရွာအနီး နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့များသည် KIA/PDF အကြမ်းဖက် များနှင့် ထိတွေ့မှုဖြစ်ပွားရာ
-လက်လုပ်သေနတ် ၄ လက်
-လက်လုပ်စိန်ပြောင်း ၁ လက်
-လက်လုပ် ၄၀ မမ ၁ လက်
-လက်လုပ် ၆၀ မမဗုံးသီး ၉ လုံး
-လက်လုပ် ၄၀ မမဗုံးသီး ၁၇ လုံး
-ပြောက်ကျားယူနီဖောင်း ၃ စုံ
-လက်မောင်းလက်ပတ် ၅ ခု
-ခရာကြိုး ၂ ချောင်း
-ပြောက်ကျားဦးထုပ် ၂ လုံး
-၁၅ယောက်အိပ်တဲ ၁ လုံး

လေကြီးလေကျယ် စကားကြီး စကားကျယ်တေွ ပြောပြောပြီး ပြည်သူကို အမျိုးမျိုး ဂျင်းထည့်နေတဲ့ ပဒက်တေကလည်း ပစ်ပြေးအဆင့်ပဲ ရှိပါလား ဟ…Tiktot ပေါ်မှာ မဟုတ်လို့ထင်တယ်..အပြေးမြန်ချက် နွားမကြီးမြိုင်ကျလို့ နွားသိုးတအုပ်နဲ့ ပြေးတဲ့အတိုင်းပဲ…

သတင်းပေးပို့လိုပါက
#FiftyTwoNews
မန်းမြို့လယ် ဖုန်းလုထွက်ပြေးသူ၂ဦးကို ပြည်သူများ ဝိုင်းဝန်းဖမ်းဆီးရမိ

Aug 30, 11:52 AM

ယနေ့ဩဂုတ်၃၀ရက် နံနက်ပိုင်းက မန္တလေးမြို့ ၈၄လမ်း၊ ၃၃လမ်းနှင့် ၃၂လမ်းကြားတွင် ဆိုင်ကယ်စီး၍ ဖုန်း လုယူထွက်ပြေးသော အမျိုးသား(၂) ဦးကို အနီးနားရှိ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့မှုဖြစ်ပွားသွားသည်။

ဖမ်းမိသူ၂ဦးတွင် ဒဏ်ရာများရရှိခဲ့သဖြင့် အသင်းသို့ ဖုန်းဆက်အကူညီ တောင်းခံမှုကြောင့် လူနာတင်ကားထွက်ခွာစေခဲ့ပြီး မန္တလေး ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီဆောင်ရွက်ခဲ့ကြောင်း “မဏီစလ”လူမှုကူညီရေးအသင်း(မန္တလေး) ၏ သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်အသိပေးထားသည်ကိုတွေ့ရသည်။


ဓာတ်ပုံ မဏီစလ
ချောင်းဦးမြို့နယ် ငယှန်ကျေးရွာအနီး အကြမ်းဖက် PDF များ ဖမ်းဆီးထားသူများအား ကယ်ထုတ်ပေးနိုင်ခဲ့
2023 August 30
ဩဂုတ်လ ၂၉ ရက် နေ့လည် ၁ နာရီခွဲခန့်တွင် ချောင်းဦးမြို့နယ် ငယှန်ကျေးရွာအနီးတွင် အကြမ်းဖက် PDF များ ဖမ်းဆီးထားသော ပြည်သူ၅ဦးနှင့်၆ဘီးယာဉ်၅စီးဖြစ်သည့် ဦးသူထူစံ(ဘ) ဦးထွန်းလင်းအောင် ၁၉နှစ် အလုံရပ်ကွက် မုံရွာမြို့နှင့်အတူ Nissan ၆ဘီးယာဉ် (နံပါတ် 4A/4332)၊ဦးနေဇော်ဦး (ဘ)ဦးထွန်းအောင် အသက်၃၇နှစ် အလုံရပ်ကွက် မုံရွာမြို့နှင့်အတူ ၆ဘီးယာဉ် (နံပါတ်3B/9816)၊ ဦးရာဇာချစ်ဦး(ဘ)ဦးသက်ထွန်း အသက် ၂၀ နှစ် အလုံရပ်ကွက် မုံရွာမြို့နှင့်အတူ ၆ဘီးယာဉ်(နံပါတ် 5D/5501)နှင့်ဦးညီမင်းလတ် (ဘ)ဦးပြည့် အသက် ၂၅နှစ် အလုံရပ်ကွက် မုံရွာမြို့နှင့်အတူ ၆ဘီးယာဉ်(နံပါတ် 5L/6221)၊ ဦးအောင်သိုက်(ဘ)ဦးသိန်းဆွေ အသက်၃၈နှစ် အလုံရပ်ကွက်၊ မုံရွာမြို့ နှင့်အတူ ၆ဘီးယာဉ် (နံပါတ် 3E/7819)တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အထိအခိုက်မရှိ ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်းသိရှိရပါသည်။
ပြည်သူ့ဘဝလုံခြုံအေးချမ်းစေဖို့ နေ့ညမပြတ် အသက်ကိုမငဲ့ဘဲရဲဝံ့စွန့်စားစွာကာကွယ်စောင့်ရှောက်ပေးနေတဲ့ ကိုရွှေဘတို့အတွက်အမြဲဂုဏ်ယူနေပါတယ်ဗျာ


#FiftyTwoNews
Aug 30

ယနေ့ နံနက်ပိုင်းက ၈၈ မင်းကိုနိုင်၏ မွေးစားသားဖြစ်သူ ဒီငြိမ်းလင်း ဦးဆောင်သည့် PDF အဖွဲ့မှ ပဲခူးတိုင်း၊ညောင်လေးပင်-မဒေါက်-ရွှေကျင်လမ်း ၊ပုဇွန်မြောင်းရွာနှင့်အင်းဝိုင်းရွာကြား ရှိ တံတားကို မိုင်းခွဲဖျက်ဆီးသွားသည်။

#PeopleMedia
ကမ္ဘာ့ပထမဦးဆုံးအဖြစ် ဩစတြေးလျ အမျိုးသမီးတဦး၏ ဦးနှောက်အတွင်း၌ အသက်ရှင်နေသည့် ကပ်ပါးသန်ကောင်ကို တွေ့ရှိ

Aug 29, 12:53 PM

အသက် (၆၄) နှစ်အရွယ် သြစတြေးလျ အမျိုးသမီးတဦး၏ ဦးနှောက်အတွင်း၌ အသက်ရှင်နေသော ကပ်ပါးသန်ကောင်ကို တွေ့ရှိခဲ့သဖြင့် ကမ္ဘာပေါ်တွင် ပထမဆုံးတွေ့ရှိမှုအဖြစ် မှတ်တမ်းတင်ထားကြောင်း ယနေ့ဩဂုတ်၂၉ရက် နေ့လယ်ပိုင်း အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။

သြစတြေးလျအမျိုးသားတက္ကသိုလ် (ANU) နှင့် Canberra ဆေးရုံမှ ဆရာဝန်များ၊ သုတေသီများက အဆိုပါအမျိုးသမီး၏ ဦးနှောက်အတွင်း အသက်ရှင်နေသည့် ၈ စင်တီမီတာ (၃.၁၅ လက်မ)အရွယ်ရှိ သန်ကောင်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဦးနှောက်ခွဲစိတ်မှုအပြီးတွင် သန်ကောင်သည် အသက်ရှင်လျက်ပင်ရှိနေပြီး သန်ကောင်သားလောင်းများသည်လည်း အမျိုးသမီး၏ခန္ဓာကိုယ်ရှိ အဆုတ်နှင့် အသည်းအပါအဝင် တခြားကိုယ်တွင်းအင်္ဂါများဆီ ကူးစက်မှုရှိဦးမလားကို ဆရာဝန်များက သံသယရှိနေသည်။

ပုံမှန်အားဖြင့် အဆိုပါသန်ကောင်မျိုးများသည် စပါးအုံး‌မြွေ၏ အစာပြွန်နှင့် အစာအိမ်တွင် နေထိုင်ကြလေ့ရှိပြီး မြွေ၏မစင်တွင်လည်း တွေ့ရှိရသည်။

နယူးဆောက်ဝေးလ်ပြည်နယ် အရှေ့တောင်ပိုင်းမှ အမျိုးသမီးသည် စပါးအုံးမြွေသွားလာခဲ့သောမြက်ကို ထိတွေ့မိခြင်း သို့မဟုတ် သန်ကောင်သားလောင်းပါဝင်သည့်အစာကိုစားပြီးနောက် ကူးစက်ခံရခြင်း ဖြစ်နိုင်သည်ဟု သုတေသီများက ပြောသည်။

လူနာမှတ်တမ်းများအရ အမျိုးသမီး၏ ရောဂါလက္ခဏာများသည် ၂၀၂၁ခုနှစ်ဇန်နဝါရီလတွင် ပထမဆုံးပေါ်လာခဲ့သည်။

သူမသည် အစပိုင်းတွင် ဝမ်းဗိုက်နာခြင်း၊ ဝမ်းလျှော၍ အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုမဝခြင်းများ ဆက်တိုက် ဖြစ်လာသည်။

ထိုအမျိုးသမီးသည် ရောဂါများသက်သာလိုက်၊ ပြန်ပေါ်လိုက်နှင့် ၂၀၂၂ခုနှစ်ကို ဖြတ်သန်းလာခဲ့ပြီးနောက် ဦးနှောက်ကို MRI စကင်န်ဖတ်ရာမှတဆင့် သန်ကောင်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်သည်။

ယခုအခါ အဆိုပါအမျိုးသမီး၏ ကျန်းမာရေးသည် အပြည့်အဝ ပြန်လည်ကောင်းမွန်လာမှု မရှိသေးပဲ အထူးကုဆရာဝန်များက ဆက်လက်စောင့်ကြည့်ကုသနေဆဲဖြစ်သည်။

#မန္တလေးသတင်းကွန်ရက်