🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.1K subscribers
12.6K photos
1.02K videos
4 files
739 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
(သြဂုတ်-၂၄၊ ၂၀၂၃) ၀က်ဂ်နာကြေးစားစစ်တပ်ခေါင်းဆောင် သေဆုံးဟု ဆို။ မော်စကို မြောက်ပိုင်း စီးပွားရေးလုပ်ငန်းသုံး လေယာဉ်ပျက်ကျ၍ သေဆုံးသူ ၁၀-ဦးတွင် ပရီဂိုဇင် ပါ၀င်ကြောင်း ရုရှားသတင်းဌာပြောဆို
===
ရုရှားနိုင်ငံ “ထားဒေသ” မှာ ပြည်တွင်းလေယာဉ်တစ်စီးပျက်ကျတဲ့အတွက် လေယာဉ်ပေါ်လိုက်ပါသွားသူအားလုံး သေဆုံးသွားတယ်လို့ မော်စကို အရေးပေါ်၀န်ကြီးဌာနက ပြောဆိုကြောင်း ကရင်မလင်အာဘော် TASS သတင်းအေဂျင်စီက ယနေ့ ရေးသားပါတယ်။
..
ပြည်တွင်းမှာ ပျံသန်းနေတဲ့ စီးပွားရေးလုပ်ငန်းသုံး လေယာဉ်ဟာ “ ရှာရီမက်ယီဗို“ မှ ထွက်ခွာလာပြီး “စိန့်ပီ တာစဘတ်ဂ်“ သို့ ဦးတည်ပျံသန်းနေစဉ် မော်စကို အနောက်မြောက်ဘက် မိုင် ၁၁၀ ခန့်အကွာ ထားဒေသအနီး ”ကူဇန်ကီနို“ မှာ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း၊ လေယာဉ်ပေါ်မှာ လေယာဉ်မှုး ၃-ဦးနဲ့ ခရီးသည် ၇-ဦးတို့ လိုက်ပါလာကြပြီး အားလုံးသေဆုံးသွားကြတယ်လို့ သတင်းရင်းမြစ်ထံမှ သိရှိရပါတယ်။
..
ရုပ်အလောင်းလေးလောင်းကို တွေ့ရှိကြောင်း ၊ ပျံသန်းချိန် မိနစ် ၃၀ မပြည့်မီ မြေပြင်ပေါ်ကို ထိုးစိုက်ကျသွားပြီး မီးလောင်ကျွမ်းသွားခဲ့တယ်လို့ အရေးပေါ်တုံ့ပြန်ရေးဝန်ဆောင်မှုများဆိုင်ရာဌာက TASS သတင်းအေဂျင်စီကို ပြောပါတယ်။
..
ယမန်နေ့ ညနေပိုင်းမှာ ပျက်ကျခဲ့တဲ့ လေယာဉ်ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု စတင်နေပြီဖြစ်ကြောင်း၊ ပျက်ကျခဲ့တဲ့ လေယာဉ်ရဲံ ခရီးသည်စာရင်းမှာ (၀က်ဂ်နာကြေးစစ်တပ်ခေါင်းဆောင်) ယက်ဂါနီ_ပရီဂိုဇင်ရဲ့ ပထမဆုံးနဲ့ နောက်ဆုံးအမည်ကို တွေ့ရှိရတယ်လို့ အေဂျင်စီက မှတ်ချက်ပေးပါတယ်။

#HtayOung
wagner ခေါင်းဆောင် Prigozhin နာမည်နဲ့ register တင်ထားတဲ့ Private jet ဟာ မော်စကိုကနေ စိန့်ပီတာစဘတ်ကို ပျံနေတဲ့လမ်းမှာ ပျက်ကျသွားပါပြီ။ လေယာဥ်မှာ pilot crew သုံးယောက်နဲ့ passenger ၇ ယောက်ပါပြီး ယာဥ်ပေါ်ပါသူအကုန်သေတယ်လို့သိရပါတယ်။ passenger စာရင်းမှာ Prigozhin ပါတယ်ဆိုပေမယ့် အခြား Prigozhin ပိုင် private jet တစ်စင်းလည်း လေထဲမှာရှိနေတာမို့ Prigozhin သေမသေ အတည်မပြုနိုင်သေးပါ။ ဒုတိယ jet ကတော့ သွားနေတဲ့ ခရီးစဥ်ကိုဖျက်သိမ်းပြီး မော်စကိုလေဆိပ်ကိုပြန်ဆင်းနေပြီပြောပါတယ်။တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ဟာ wagner ပုန်ကန်မှု နှစ်လပြည့်တဲ့နေ့လည်းဖြစ်ပါတယ်။

Crd
Aug 24

မြဝတီ-ကော့ကရိတ် အာရှလမ်း ယာယီဘေလီတံတား တည်ဆောက်မှု ၇၀ ရာခိုင်နှုန်း ပြီးစီး၍ မကြာမီ ကုန်စည်ယာဉ်များ ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
Aug 24
မြိုင်မြို့နယ် ပခုက္ကူ ကမ္မ လမ်းပိုင်းတွင် ကြက်သွန်တင်လာသော ကုန်ကားတစ်စီးကို
အကြမ်းဖက် PDFများမှ တိုက်ခိုက်ပြီး ကြက်သွန်ကားကို စစ်ကောင်စီတပ်ကားဟု သတင်းလွင့်ပြောဆို
ပြီးခဲ့တဲ့ ရက်ပိုင်းက ရုရှားရဲ့ အကောင်းဆုံး လေကြောင်းရန်ကာကွယ်ရေး စနစ်တွေတပ်ဆင်ထားတဲ့ ရုရှားတို့ရဲ့ နှလုံးသည်းပွတ် မော်စကိုမြို့တော်ကို ယူကရိန်းက ဒုံးကျည် သို့မဟုတ် ဒရုန်းနဲ့ တိုက်ခိုက်တဲ့အတွက် ပေါက်ကွဲမှုတွေ ဖြစ်ပွားနေတဲ့ ဗီဒီယိုဖိုင်ကြောင့် ရုရှား လေကာစနစ်တွေ အရှက်ကွဲခဲ့ရပြီး မကြာခင်မှာပဲ
ရုရှားရဲ့ မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်ကြီး Strategic Bomber Tu-22M3 ဟာ ယူကရိန်းတို့ရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးခဲ့ရပါတယ်
နိုင်ငံအတွက် သေရေး‌ရှင်ရေးတမျှ အရေးကြီးရဲ့ မဟာဗျူဟာမြောက် Strategic Asset တွေကို ယူကရိန်းဒုံးကျည်ရန်ကနေတောင် မကာကွယ်နိုင်တဲ့ ရုရှားလေကာစနစ်တွေဟာ အမေရိကန်နဲ့သာ စစ်ဖြစ်ခဲ့ရင် အမေရိကန်ရဲ့ အနုမြူဒုံးကျည်တွေကို ကာကွယ်နိုင်မယ်လို့ ကျနော် မထင်ပါဘူး

Crd
Aug 24

စစ်ကိုင်းမြို့ ထန်းတောဆိပ်ကျေးရွာမှာ PDF အကြမ်းဖက်များ ရောက်နေကြောင်း သတင်းရရှိ၍ လုံခြုံရေးတပ်ဖွဲ့များက ဝင်ရောက်ရှင်းလင်းရာ ကျေးရွာ ဘုန်းကြီးကျောင်းအနီးသို့အရောက် ဘုန်းကြီးကျောင်းအတွင်း ကင်းစောင့်နေတဲ့PDF၂ဦးအားစတင်တွေ့ရှိသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာPDF၁၀ဦးခန့်နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး-

PDF၂လောင်းAK ၁ လက် ကျည်အိမ် ၁ ခု ကျည် ၂၀ တောင့်သိမ်းဆည်းရမိခဲ့ပြီး

ထန်းတောဆိပ်ကျေးရွာအတွင်း အသေးစိတ်ဝင်ရောက်ရှင်းလင်းရာ ကျေးလက်ဆေးပေးခန်းအတွင်းမှ

လက်လုပ်သေနတ်၇လက်
လက်လုပ်ရှော့တိုက်ပြောင်း၁၀ ခု
လက်လုပ်မိုင်း၄လုံး
လက်လုပ်ရီမု၁၀ခုနှင့်၁၂ဗို့ဘတ္ထရီ၈လုံးသိမ်းဆည်းရမိခဲ့ပြီး ပြန်ထွက်ခွာလာစဉ် ကျေးရွာအတွင်း အကြမ်းဖက်များ ပြန်လည်ရောက်ရှိနေကြောင်း သတင်းရ၍ ထပ်မံရှင်းလင်းစဉ် ရွာအဝင်သို့အရောက်PDF၂၀ ဦးခန့်နှင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး
PDF၃လောင်း
လက်လုပ်သေနတ်၄လက် သိမ်းဆည်းရမိခဲ့ပါတယ်

ထန်းတောဆိပ်ကျေးရွာအနီး PDFများလှုပ်ရှားသွားလာနေမှုကိုမလိုလားတဲ့ ကျေးရွာသားများရဲ့ သတင်းပေးမှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အလစ်အငိုက်ရယူချေမှုန်းတိုက်ခိုက်ခဲ့ခြင်းကြောင့် ယခုလို PDFအလောင်းလက်နက်များရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်

တိုက်ပွဲသတင်းစုံ
Aug 24

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆောတောဝကျေးရွာ၊ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးရှိ ရွှေကျွန်းတောစားသောက်ဆိုင်တွင် မူးယစ်ဆေးဝါးကွင်းဆက် တရားခံ ၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရ။
#Mdyimage
FED ဒရုန်းတပ်ဖွဲ့မှ ဆရာဝန်နှစ်ဦး ထွက်ပြေးကာ SAC ထံ အလင်းဝင်

◾️ထွက်ပြေးသော ဆရာဝန်နှစ်ဦးကို “ဖောက်ပြန်ရေး သမား၊ သစ္စာဖောက်”ဟု တံဆိပ်ကပ်ကာ နာမည်ပျက် စာရင်းသွင်း၍ ထုတ်ပယ်ကြောင်း ကြေညာ

၂၄. ၈. ၂၀၂၃
Written by Nay Moe

NUG နှင့် KNLA တို့ဖြင့်ပူးပေါင်းကာ Drone သင်တန်းများ ပို့ချပေးပြီး တ်ိုက်ပွဲများဆင်နွှဲနေသော FED ဒရုန်းတပ်မှ တပ်ဖွဲ့ဝင် ဆရာဝန်နှစ်ဦး ထွက်ပြေးမှုဖြစ်ပွားခဲ့ပြီး ထိုဆရာဝန်နှစ်ဦးကို “ဖောက်ပြန်ရေးသမား၊ သစ္စာဖောက်”ဟု တံဆိပ်ကပ်ကာ နာမည်ပျက်စာရင်းသွင်း၍ ထုတ်ပယ်ကြောင်း FED (Force For Federal Democracy) အဖွဲ့က ကြေညာထားသည်။

SAC ထံ အလင်းဝင်သွားသည်ဟု သိရှိရသော ထိုဆရာဝန်နှစ်ဦးသည် ဩဂုတ် ၂၁ ရက်နေ့တွင် FFD တပ်ဖွဲ့ မှ ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟုလည်း ကနဦးသတင်းများအရ သိရ...

ဆက်လက်ဖတ်ရှုရန်
https://www.mtnewstoday.com/?p=33545
#FED #PDF #NUG #sac
#myanmar_transparency_news #mtnews
အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုခြင်းမရှိခဲ့သူများနှင့် စနစ် ဟောင်း ဒသမတန်း(Grade 11) တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြုမည်
………………………………………………

နေပြည်တော်၊ ဩဂုတ် ၂၄

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတစ်စောင်လျှင် (၂ဝဝိ/-) နှင့် စာမေးပွဲဝင်ကြေး အတွက် (၇ဝဝိ/-) တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန၊ ငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် ၂၀၂၃-ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။
သြဂုတ်၊၂၄


မန္တလေးမြို့၊ မန္တလေး-စစ်ကိုင်း
ရတနာပုံ တံတားတွင် စစ်ကိုင်းတိုင်းဒေသကြီးကို ဖျက်စီးနေသော KIO/KIA အလိုမရှိ၊ ဗမာနှင့်တိုင်းရင်းသားများအကြားသွေးခွဲနေသော KIO/KIA အလိုမရှိကြောင်း ပြည်သူများ ဆန္ဒထုတ်ဖော်လျှ က်ရှိသည်။