🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.08K subscribers
12.7K photos
1.05K videos
4 files
778 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
Forwarded from Myanmar Hard Talk
Media is too big
VIEW IN TELEGRAM
ဆန်တွေကို သက်သာတဲ့ဈေးနဲ့ ယနေ့ စတင်ရောင်းချနေတဲ့မြင်ကွင်းတွေကို ရိုက်ကူးဖော်ပြပေးလိုက်ပါတယ်။


ဆန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ပြည်တွင်းစားသုံးမှုများတဲ့ ဆန်တွေကို ယနေ့ (သြဂုတ်လ ၇ ရက်)မှာ စတင်ရောင်းချမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကြေညာခဲ့ပြီးနောက် ဝါးတန်းလမ်းမှာရှိတဲ့ ဆန်စပါးကုန်စည်ဒိုင်နဲ့ ဘုရင့်နောင်မှာရှိတဲ့ ဆန်စပါးကုန်စည်ဒိုင်တို့မှာ ရောင်းချပေးနေတာဖြစ်ပါတယ်။

အဲဒီရောင်းချမှုကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းနဲ့ Exporter တွေက ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး ဈေးနှုန်းတွေကိုတော့ ၁၀၈ ပေါင်ရှိတဲ့ ရွှေဘိုပေါ်ဆန်းမွေးဆန်တစ်အိပ်ကို ငွေကျပ် ၁၁၀၀၀၀ ကျပ်နဲ့ ၁၂၀၀၀၀ ကျပ် သတ်မှတ်ထားပြီး ဧရာဝတီပေါ်ဆန်းမွှေးဆန်တွေကိုတော့ ၉၄၀၀၀ ကျပ်နဲ့၊ ၉၇၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။

အလားတူ ဧည့်မထ ၁၀ ရာခိုင်နှုန်းဆန်ကို ၆၅၀၀၀ ကျပ်သတ်မှတ်ထားပြီး ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်ကတော့ ၆၀၀၀၀ ကျပ်သတ်မှတ်ထားပြီး နိုင်ငံသားစိစစ်ရေးကတ်တစ်ခုကို တစ်လအတွက် ပေါ်ဆန်းအမျိုးအစား ဆန်တစ်အိပ်နဲ့ ဧည့်မထအမျိုးအစား ဆန်တစ်အိပ်ကို ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
#mhtnews
7.8.2023. 23

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့မှ (၇)ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း မြေနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်မှုဖြစ်ပွားသဖြင့် မြောက်ဦးခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လက်ကောက်ဈေးရပ်ကွက်ရှိ အိမ်ထောင်စု (၂၄၆)စု၊ ကျား(၅၉၆)ဦး၊ မ(၆၁၃)ဦး၊ စုစုပေါင်း(၁၂၀၉)ဦးတို့အား ရေဘေးလွတ်သည့် နီးစပ်ရာဆွေမျိုးများ နေအိမ်များသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်းသိရ။




အမဲလိုက်မုဆိုးကြီး
7.8.2023(03:27PM)
Monday
Forwarded from NP News-Myanmar
မကွေး၌ ရေနံပိုက်လိုင်းဖောက်၍ ရေနံခိုးထုတ်နေသော အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးကို အရေးယူ
NP News - ဩဂုတ် ၇
https://npnewsmm.com/news/64d0b645755985386615c074

News App ဗားရှင်းအသစ်ကို Download ရယူလိုပါက
https://lb-api.cheapcdn.sbs/v1/pull_zones/624fd213467bde32bf23a642/downloads/new-016.apk

လစဉ်ကြေး ပေးသွင်းရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီအတွင်းသာ ဆက်သွယ်ရန်)
ဖုန်း - 09-444681478 (Viber)
- 09-958962052
This media is not supported in your browser
VIEW IN TELEGRAM
KIA+PDFအဖွဲ့များမှ မီးရှို့သွားသောရွာ
Aug 7

ဗန်းမောက်တွင် KIA၊ PDF စစ်ရှုံး၍ ဆုတ်ခွာစဉ် ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီး
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၅
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၎င်း၏ လက်အောက်ခံတပ် (PDF) တို့ တိုက်ပွဲဖြစ်ပွားပြီး KIA, PDF တို့ စစ်ရှံး၍ ပြန်လည်ဆုတ်ခွာစဉ် ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
ယခင်က SNA ၏ လှုပ်ရှားရာဒေသအတွင်း KIA, PDF အင်အားအလုံးအရင်းဖြင့် ထိုးဖောက် ဝင်ရောက်လာခဲ့ကြောင်း၊ ထို့နောက် SNA မှ ပြန်လည်တိုက်ခိုက်ရာတွင် ပြန်လည်ဆုတ်ခွာသွားသော KIA, PDF တို့မှ ရှမ်းနီကျေးရွာဖြစ်သော ကြောင်လည်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံ တစ်ဦးက “သူတို့က (KIA, PDF) ပထမဦးဆုံးကနဦးစဆိုလို့ရှိရင် သူတို့က ပြည်သူဖက်ကို ဆိုတဲ့အခါကြတော့ ပြောင်းဖျားတောင်မလှည့်ဘူးဆိုပြီးမှ အခုကြတော့ ပြည်သူကို မကဘူးလေ၊ ဒုက္ခပေးသွားတာ အိမ်ကို မီးရှို့နေပြီလေ၊ အခုဖြစ်ပုံက” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းက မီးရှို့ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၃၀ ကျော်ကို KIA, PDF တို့မှ မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
KIA သည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကို အသုံးချက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထိုးဖောက်ဝင်ရောက်နေကြောင်း၊ ထို့အတူ နာဂလက်နက်ကိုင်တပ်ဖို့များကိုလည်း လက်နက်တပ်ဆင်ပေးလျှက် နာဂဒေသသို့ ဝင်ရောက်လှုပ်ရှားလာနိုင်သည်ဟု နိုင်ငံရေးသမားတစ်ဦးက သုံးသပ်သည်။

#အကြမ်းဖက်
#မီးရှို့
#MNZ
ထိုင်းတွေက အာရှလမ်းမကို ဝင်ဝင်ဖျက်တာ သည်းမခံနိုင်တော့ဘူး သူတို့အချင်းချင်းလဲ ငပိန်းတွေကို လန မရောင်းဖို့ဖိအားပေးနေကြတယ်

Crd
#MNZ
Aug 7
Ygn

မြောက်ဥက္ကလာပမြို့နယ်၌ အမျိုးသား ၁ ဦးအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အရေးယူမှု
====================================================
၂၀၂၃ ၊ ဩဂုတ် ၇

ပြီးခဲ့သည့် ဩဂုတ် ၆ရက် နံနက် ၂နာရီ ၅ မိနစ်အချိန် -

မရမ်းကုန်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် (၁၄)ရပ်ကွက်နေ ချမ်းငြိမ်းဦး(၄၄)နှစ်သည် လူမှုကွန်ရက်စာမျက်နှာပေါ်၌ မမှန်သတင်းများရေးသားဖြန့်ဝေနေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့က သွားရောက် ဖမ်းဆီးရာ ချမ်းငြိမ်းဦး အား နေအိမ်၌ လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ဖမ်းဆီးရမိပြီး စစ်ဆေးရာ ၎င်းသည် Chan Nyain Oo Facebook Account ဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်နှင့် ပြည်သူလူထုကို အကြောက်တရားဖြစ်ပေါ်စေပြီး အစိုးရယန္တရားများအား ပျက်ပြား စေရန် ရည်ရွယ်၍ မမှန်သတင်းများအား ရေးသားဖြန့်ဝေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ချမ်းငြိမ်းဦးအား ဖမ်းဆီးခဲ့ပြီး နမစ (ရွှေပေါက်ကံ)(ပ)၅၄/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Vital
#SQ
Aug 7

ဖားကန့်မြို့နယ်ရှိ အမျိုးသား ၁ ဦးကို ပုဒ်မ ၅၀၅- က ဖြင့် အမှုဖွင့် အရေးယူ
====================================================
၂၀၂၃ ၊ ဩဂုတ် ၇

ပြီးခဲ့သည့် ဩဂုတ် ၆ ရက် မွန်းလွဲ ၁နာရီ၂၅ မိနစ်အချိန် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် မမစမှူး(ဖားကန့်)မှ တာ၀န်ရှိသူတစ်ဦးက တိုင်တန်း၍ သိန်းမြင့်ဝေ(၄၂)နှစ် အထွေထွေရောဂါကုဆရာဝန် “ကျော်”ဆေးခန်း မော်ဝမ်းရပ်ကွက် ဖားကန့်မြို့နေသူ(ဖမ်းမိ)အား မမစ (ဖားကန့်)(ပ) ၃၈/၂၀၂၃၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ -

သြဂုတ် ၂၂ ရက် ည ၈နာရီ အချိန် “ကျော်” ဆေးခန်း ပိုင်ရှင် ဒေါက်တာ သိန်းမြင့်ဝေ သည် CDM လှုပ်ရှားမှုများအား လှုံ့ဆော်ခြင်း၊ ပါဝင်ဆန္ဒ ပြခြင်း၊ ဆန္ဒပြပွဲတွင်ပါဝင်သည့် ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးကုသပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သတင်းအရ ပူးပေါင်း လုံခြုံရေးအဖွဲ့သည် ဒေါက်တာ သိန်းမြင့်ဝေ အား ၎င်း၏နေအိမ်မှ သွားရောက် ခေါ်ဆောင်ပြီး စရတ(မပခ)၌စစ်ဆေးခဲ့ရာ ၎င်းသည်ဆန္ဒပြပွဲများ၌ လမ်းလျှောက်ဆန္ဒပြခဲ့ကြောင်း၊ ဒဏ်ရာရရှိသည့် ဆန္ဒပြသူများ အား ကျော်ဆေးခန်း၌ ဆေးကုသပေးခဲ့ခြင်း၊ ခွဲစိတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ CDM ဝန်ထမ်းများကိုလည်း ဆေးကုသပေးခဲ့ကြောင်းနှင့် Thein Myint Wai အကောင့်ဖြင့် FACE BOOK လူမှုကွန်ရက် စာမျက်နှာပေါ်တွင် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန် ရည်ရွယ်၍ ၎င်း ကိုယ်တိုင် မိသားစုဓါတ်ပုံအား SUPPORT CIVIL DISOBEDIENCE MOVEMENT စာသားပါ Profile အဖြစ် ပြောင်းလဲကာ ထောက်ခံအားပေး အသုံးပြုခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့၍ အမှုဖွင့် တိုင်တန်းခြင်း ဖြစ်ကြောင်း သိရသည်။
Vital
#SQ
အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး လေ့ကျင့်ခန်းသို့တက်ရောက်လာကြသော အာဆီယံနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်အရာရှိကြီးများ တပ်မတော်စစ်သမိုင်းပြတိုက်သို့ လာရောက်လေ့လာနေမှုဖြစ်ပါတယ် ..
-
မြန်မာ့နိုင်ငံတော်သမိုင်းတလျှောက် တိုင်းပြည်တည်ဆောက်ရေးအခန်းကဏ္ဍတွင် မြန်မာ့တပ်မတော်မှ အစဉ်တစိုက် ဦးဆောင်ဦးရွက်ပြုခဲ့ပုံများကို သမိုင်းမှတ်တမ်းအထောက်အထားများဖြင့် ရှင်းလင်းပြသနိုင်ခဲ့ရာ မြန်မာနိုင်ငံတော်ကြီး မယိုင်လဲသွားအောင် တပ်မတော်အနေနဲ့ မည်ကဲ့သို့ အစွမ်းကုန် ထိန်းသိမ်းခဲ့ရသည်ကို နားလည်သဘောပေါက်ခဲ့ပါကြောင်း လေ့ကျင့်ခန်းလုပ်ရင်း ခင်မင်ရင်းနှီးခဲ့တဲ့ အရာရှိကြီးများကိုယ်တိုင် ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
#KT
Aug 7

တောင်သာမြို့နယ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦး သေဆုံး
====================================================
၂၀၂၃ ၊ ဩဂုတ် ၇

ပြီးခဲ့သည့် ဩဂုတ် ၆ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန် မြင်းခြံခရိုင် တောင်သာမြို့နယ်တောင်သာ-နွားထိုးကြီး ကားလမ်းမှ ဇရပ်ကြီးကျေးရွာသွား မြေသားလမ်း၌ အမျိုးသား ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့က အခင်းဖြစ်နေရာသို့ ရောက်ရှိစစ်ဆေးခဲ့ရာ -

ဇရပ်ကြီးကျေးရွာနေ ဦးကျော်လွင်(၄၈)နှစ် )တွင် နဖူးကျည်ဖောက်ဝင်/ဦးခေါင်းနောက်စေ့ ဖောက်ထွက်ဒဏ်ရာ ၂ ချက်ဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အား စိစစ်ခဲ့ရာ -

ယင်းနေ့ နံနက် ၁၀ နာရီတွင် ဦးကျော်လွင် သည် သုံးဘီးဆိုင်ကယ်ဖြင့် တောင်သာမြို့သို့ ဈေးသွားရောက် ဝယ်ယူပြီး ဇရပ်ကြီးကျေးရွာသို့ တစ်ဦးတည်းပြန်လာစဉ် အခင်းဖြစ်နေရာအရောက်၌ နောက်မှ ဆိုင်ကယ် ၂ စီးဖြင့် လိုက်ပါလာသည့် အကြမ်းဖက်အဖွဲ့ဝင် အမျိုးသား ၄ ဦး(စိစစ်ဆဲ)က သုံးဘီးဆိုင်ကယ်အား ရပ်တန့်ခိုင်းပြီး ဦးကျော်လွင် အား ဆိုင်ကယ်ပေါ်မှ ဆွဲချကာ “ဒလန်”ဟု စွပ်စွဲ၍ သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားရာမှ ဒဏ်ရာရရှိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် အလောင်းအား တောင်သာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပြီးနောက် သေနတ်ဖြင့်ပစ်ခတ် သွားသူ အမျိုးသား ၄ ဦး (စိစစ်ဆဲ)အား မမစ(တောင်သာ)(ပ)၆၄/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်ပြီး တရားခံများအား ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိကြောင်း သိရသည်။
Vital
#SQ
Aug 7

တောင်ငူမြို့နယ်တွင် အမျိုးသား ၁ ဦး ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးနေ
====================================================
၂၀၂၃ ၊ ဩဂုတ် ၇

ပြီးခဲ့သည့် ဩဂုတ် ၆ ရက် နံနက် ၉နာရီ ၄၅ မိနစ်အချိန် တောင်ငူခရိုင် တောင်ငူမြို့နယ် ဇီးကုန်းကျေးရွာနှင့် ကမ္ဘားနီကျေးရွာကြား ရှိ တာဘောင်လမ်းပေါ်၌ အမျိုးသား ၁ ဦး ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်း အရ တာ၀န်ရှိသူများက အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ -

ဦးသိန်းထွန်း(၄၂)နှစ် ကမ္ဘားနီကျေးရွာနေသူအား ဝဲလက်မ/ လည်ပင်းဝဲဘက်/ ယာမျက်လုံး/ နှာခေါင်း/ ဝဲရင်အုံ/ရင်ညွန့်/ယာနံကြား ကျည်ဖောက်ဝင် ဒဏ်ရာ ၇ ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် -

အခင်းဖြစ်နေရာအနီးမှ ၅.၅၆ ကျည်ခွံ ၂ ခုအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဦးသိန်းထွန်း ၏ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်စိန်(၄၄)နှစ် ဗမာ/ဗုဒ္ဓ ဈေးရောင်း (ဖ)ဦးဘိုအောင် ၏ ပြောပြချက်အရ ယင်းနေ့ နံနက် ၆ နာရီတွင် ဦးသိန်းထွန်း သည် နေအိမ်မှ ဇီးကုန်းကျေးရွာ၌ထားရှိခဲ့သည့် ကိုယ်ပိုင်မော်တော်ယာဉ်အား သွားရောက်ယူဆောင်စဉ် အခင်းဖြစ် နေရာအရောက်၌ အကြမ်းဖက်သောင်းကျန်းသ အဖွဲ့(စိစစ်ဆဲ)က သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လတ်တစ်လောစုံစမ်းချက်အရ ၎င်းသည် ယခင်က ပြည်ခိုင်ဖြိုးပါတီထောက်ခံသူ ဖြစ်ကြောင်း သိရှိရသဖြင့် အလောင်းအား တောင်ငူခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကာ လခရအဖွဲ့ကအခင်းဖြစ်နေရာဝန်းကျင်အား အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်ခဲ့ကြောင်း၊အကြမ်းဖက်သောင်းကျန်းသူအဖွဲ့(စိစစ်ဆဲ)အား နမစ-၂(တောင်ငူ) (ပ)၁၂၉/ ၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။
Vital
#SQ
Media is too big
VIEW IN TELEGRAM
Aug 7

Local ပဒက် တွေကို ပကဖ တို့ ပအဖတို့ ဖလမ တို့ ဖော်လော်မတို့က ဝိုင်းဝန်းတိုက်ခိုက်နေလို့တဲ့🤣🤣🤣

ဟို ထမိန်ခြုံကောင် 4Cရေ မင်းပြောတဲ့ ဟင်္သာ ကိုးသောင်းဇာတ်က ဒီမှာဟ🤣🤣🤣🤣

Local ပဒက်ကလဲ ပကဖတွေ ပအဖတွေကိုနေရာမပေးချင် ပကဖတွေ ပဖအတွေကလဲ နေရာလိုချင်


Local ပဒက်တွေက ဘယ်နေရာပေးမလဲဟ သူတို့စားပေါက်ပျောက်သွားမှာပေါ့🤣


#MNZ
ဝင်လာမစဲ .. တသဲသဲ

ဩ ၇ ရက်(ယနေ့)ညနေ ၃ နာရီတွင် ပူတာအိုတပ်နယ်ခန်းမ၌ အမြင်မှန်ရပြီး အလင်းဝင်ရောက်လာသော ပြစ်မှုကျူးလွန်ခြင်းမရှိတဲ့ PDF အဖွဲ့ဝင် ၅ ဦးအား မိဘများထံ အပ်နှံပွဲကျင်းပခဲ့။
-
တောထဲမှာကျန်ခဲ့တဲ့ PDF လေးတွေလည်း အမြင်မှန် မြန်မြန်ရကြပါစေ။
#KT