🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.08K subscribers
12.7K photos
1.04K videos
4 files
764 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
Aug 1

ထောင်ဒဏ်ချမှတ်ခံထားရသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးဖွဲ့မှ အဖွဲ့ဝင် ၂၂ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

ထောင်ဒဏ်ချမှတ်ခံထားရသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးဖွဲ့မှ အဖွဲ့ဝင် ၂၂ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယနေ့ (သြဂုတ် ၁ ရက်)တွင် အမိန့်ထုတ်ပြန်သည်။

အဆိုပါပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦးမှာ MNDAA အဖွဲ့မှ နှစ် ဦး၊ TNLA အဖွဲ့မှ ၁၆ ဦး၊ SSPP/SSA အဖွဲ့မှ သုံးဦးနှင့် AA အဖွဲ့ဝင်တစ်ဦးတို့ဖြစ်သည်။

အလားတူ တရားရုံးအသီးသီးတွင် တရားစွဲဆိုထားဆဲဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်သူ ၇၂ ဦး၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း၍ အမှုမှလွှတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သည်။
Forwarded from Kyaw Swar
အထူးသတင်း လဝ သတင်းကို
တင်လိုက်ပါမယ်။

ကောလင်း၊ ကန့်ဘလူ၊ ကျွန်းလှ၊
တန်ဆည်၊ ဒီပဲယင်း ပဒက်တွေစီမှာ
ပဒက် တစ်ဦးကို ကျည်ဆန် ၆ တောင့် ၇ တောင့်ပဲ ရှိပါတော့တယ်။

သူတို့ပဒက်ထဲ က မိမိသတင်းပေးအမာခံ pdfက သတင်းပေးပို့လာ
တာပါ။

ဒီအချိန် ဖိနင်းရင် ပဒက်တွေ လစ်ပါပြီ လုပ်ဖို့ပဲ လိုပါတယ်။

https://t.me/kyawswar96999
ဟိုဘက် ရက်ကွက်ကတော့
ရှင်းတယ်နော်......
ဒေါ်စုကြည် ပြန်လွတ်လာလဲ ဆက်ပြီး တိုက်နေမှာပဲတဲ့....
မြင်းခြံမြို့နယ် သင်ပြွန်းကျေးရွာ အထက(ခွဲ) ကျောင်းစောင့်နှင့် တူမဖြစ်သူတို့အား PDF ငါးဦးက သေနတ်၊ ဓားတို့ဖြင့် သ-တ်ဖြတ်သွားမှု ဖြစ်ပွား

၁. ၈. ၂၀၂၃
Written by Min Mahar

မြင်းခြံမြို့နယ်တွင် နေ့အိမ်၌ရှိနေသော ကျောင်းစောင့်နှင့်တူမဖြစ်သူတို့အား PDF ငါးဦးက ဖမ်းဆီးခေါ်ဆောင်သွားကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့်အပြင် ဓားနှင့်ပါထိုးသ-တ်သွားမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ သင်ပြွန်းကျေးရွာတွင် နေထိုင်ကြသည့် ကျေးရွာအထက(ခွဲ)၌ ကျောင်းစောင့်လုပ်ကိုင်နေသူ အသက် ၄၀ နှစ်အရွယ်အမျိုးသားနှင့် အသက် ၃၀ နှစ်အရွယ် တူမဖြစ်သူတို့နှစ်ဦးသည် ဇူလိုင်လ ၃၀ ရက် ညနေ ၆ နာရီခန့်က နေအိမ်တွင်ရှိနေစဉ် ကျေးရွာ၏ အနောက်ဘက်မှ PDF အဖွဲ့ဝင် လူငယ် ၅ ဦးခန့်သည် ဆိုင်ကယ် ၃ စီးဖြင့်ရောက်လာပြီး ၎င်းတို့နှစ်ဦးအားဖမ်းဆီးခေါ်ဆောင်သွားသဖြင့် ကျေးရွာသူ၊ ရွာသားများမှ လိုက်လံရှာဖွေခဲ့ရာ ယမန်နေ့ (ဇူလိုင်လ ၃၁ ရက်နေ့) မနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် သင်ပြွန်းကျေးရွာနှင့် ကျီးပင်ကန်ကျေးရွာသွားလမ်းဘေး၌ အသ-တ်ခံထားရသည့် ၎င်းတို့နှစ်ဦး၏အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါအသ-တ်ခံထားရသည့် ဦးလေးနှင့်တူမဖြစ်သူတို့နှစ်ဦးသည် သေနတ်ဖြင့်ပစ်ခတ်ခံထားရသောဒဏ်ရာများအပြင် ဓားနှင့်ပါ ထိုးသ-တ်ခံထားရသောဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သောကြောင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မြင်းခြံခရိုင် ပြည်သူ့ဆေးရုံသို့ အလောင်းများအား ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ဖြစ်စဉ်နေရာအနီးမှလည်း 9 mm LUGER ကျည်ခွံ ၁ ခုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

#MTnews
မြိုင်မြို့နယ်၊ သစ်ပုလွေကုန်းကျေးရွာအနီး PDF အလောင်းနှင့် Drone ၁စီး ဖမ်းဆီး ရရှိ

2023 August 1

ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် မြိုင်မြို့နယ်၊ သစ်ပုလွေကုန်း ကျေးရွာအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များရှိရာသို့ ပျံဝဲ လာသော Drone ၁ စီးအား Drone Gun ဖြင့် ပစ်ချဖျက်ဆီးခဲ့ပြီး Drone ပျက်ကျသည့်နေရာအား ဆက်လက်ရှင်းလင်းစဉ် PDF ပဒက် ၁ ဦးဆိုင်ကယ်ဖြင့် ထွက်ပြေးသွားသည်ကို တွေ့ရှိ၍ ပစ်ခတ်ခဲ့ရာ အကြမ်းဖက် PDF အလောင်း ၁ လောင်း၊ လက်လုပ်မိုင်း ၁ လုံး၊ Mavic-2s (ခဲရောင်) Drone ၁ စီး၊ ဆိုင်ကယ် ၁ စီး တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
မြို့/ရွာများ တည်ငြိမ်အေးချမ်းမှု မရှိစေရန် အကြမ်းဖက်လုပ်ရပ်များ ချောင်းမြောင်းလုပ်ကိုင်နေပြီး ပြည်သူများအေးချမ်းစွာ နေထိုင်လုပ်ကိုင်နေခြင်းကို သဘောကျ မနှစ်မြို့သောကြောင့် ယုတ်မာကောက်ကျစ်သော အကြံဖြင့် လမ်းများ၊ တံတားများ မိုင်းထောင်ဖောက်ခွဲခြင်း၊ Drone များအသုံးပြု၍ Drop Bomb ချ တိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိခိုက်နစ်နာပျက်စီးအောင် ပြုလုပ်နေသည့် အကြမ်းဖက် PDF ပဒက်မိစ္ဆာနှင့် Drone အား လုံခြုံရေးအဖွဲ့များ ပစ်ခတ်ဖမ်းဆီးခြင်းကြောင့် နောက်ကျတဲ့ ပဒက်ရဲ့ခြေထောက်ကြောင့် ပဒက် တစ်ကောင်မှောက်သွားကြောင်းနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရရှိခဲ့ပါသည်။
#FiftyTwoNews
This media is not supported in your browser
VIEW IN TELEGRAM
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် တို့အပါအဝင် အကျဉ်းသားများ၏ လွတ်ငြိမ်းသက်သာခွင့်၊ ပြစ်ဒဏ်လျှော့ပေါ့၍  လွတ်ငြိမ်းခွင့် နှင့် သေဒဏ်မှထောင်ဒဏ်တစ်သက် ပြောင်းလဲချမှတ်ပေးခြင်း တို့နှင့်ပတ်သက်၍   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ဖြေကြားချက်
ကုန်စျေးနှုန်းတည်ငြိမ်ရေး ထိန်းသိမ်းဆောင်ရွက်ရန် “ ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ ” ဖွဲ့စည်း

အခြေခံစားသောက်ကုန်စျေးနှုန်းများ အပါအဝင် ကုန်စျေးနှုန်းတည်ငြိမ်ရေး ထိန်းသိမ်းဆောင်ရွက်ရန် ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အမိန့်ကြော်ငြာစာအမှတ် (၁၁၄/၂၀၂၃) ဖြင့် ဇွန်လ ၂၇ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ပြည်သူများ၏ စားဝတ်နေရေးပြေလည်မှုကို ရှေးရှုလျက် အခြေခံစားသောက်ကုန်စျေးနှုန်းများ အပါအဝင် ကုန်စျေးနှုန်းတည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် “ ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ” ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ယင်းကော်မတီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ကျန်ဝန်ကြီးဌာနအသီးသီးမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်နှင့် အတွင်းရေးမှူးများက အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း သိရသည်။

၄င်းကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အခြေခံစားကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ စားသုံးဆီနှင့် မီးဖိုချောင်သုံး ကုန်ပစ္စည်းများ စျေးနှုန်းများတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်ရန်၊ အခြေခံစားကုန်ပစ္စည်းတစ်မျိုးစီ၏ ပြည်တွင်းစားသုံးရန် လိုအပ်ချက်နှင့် ပြည်တွင်းထုတ်လုပ်နိုင်မှု ပမာဏတို့ကို ချိန်ဆ၍ ညီညွတ်မျှတစေရေး စိစစ်ဆောင်ရွက်ရန်၊ ဒေသများအလိုက် ကုန်စျေးနှုန်းများ တည်ငြိမ်စေရန် လိုအပ်သော ပေါင်းစပ်ညှိနှိုင်းမှုများအတွက် အဖွဲ့အစည်းများ ဖွဲ့စည်းတာဝန်ပေးရန် နှင့် ကုန်ပစ္စည်းထွက်ရှိရာဒေသများမှ စားသုံးသည့်ဒေသများသို့ သယ်ဆောင်ရာတွင် သယ်ယူစရိတ် ကြီးမြင့်ခြင်း၊ ကြားခံအဆင့်များပြားခြင်း၊ သယ်ယူရာတွင် လမ်းခရီး၌ မလိုအပ်ဘဲ ထိန်းချုပ်ခြင်းများ မဖြစ်ပေါ်စေရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန် တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကုန်စည်စီးဆင်းမှု မှန်ကန်စေရေးနှင့် လုံလောက်စွာဝင်ရောက်ရေး၊ အဝင်အထွက် မှန်ကန်ရေးတို့ကို ညှိနှိုင်းပေါင်းစပ်ပေးရန်၊ အခြေခံစားကုန်ပစ္စည်းများ ထုတ်လုပ်မှုတိုးချဲ့နိုင်ရေးအတွက် လိုအပ်လျှင် ကူညီပံ့ပိုးမှုများ ညှိနှိုင်းဖြည့်ဆည်းပေးရန်နှင့် အခြေခံစားကုန်ပစ္စည်းများကို ကုန်စျေးနှုန်းတည်ငြိမ်မှုပျက်ပြားစေမည့် ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရန်တို့ ပါဝင်ကြောင်း သိရသည်။

အခြေခံစားကုန်ပစ္စည်းထုတ်လုပ်မှုတွင် အဓိကဖြစ်သော လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့၌ ထုတ်လုပ်မှုတိုးတက်လာစေရေးအတွက် လိုအပ်သောပံ့ပိုးမှုများပေးခြင်း၊ တစ်နိုင်စိုက်ပျိုးရေးနှင့် တစ်နိုင် မွေးမြူရေးတို့ကို အားပေးခြင်းစသည့် စည်းရုံးရေး၊ စီးပွားရေးနည်းလမ်းများဖြင့် ဆွဲဆောင်မှုပေးရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားလာအောင် နည်းလမ်းများရှာဖွေပြီး အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အချက်များကိုလည်း လုပ်ငန်းတာဝန်များထဲတွင် ထည့်သွင်းထားသည်။

Crd
#MNZ
Aug 1
ရှမ်းမြောက်ပိုင်း မူဆယ်မြို့ ဆင်ဖြူပေါက်အနီး တက်ခမ်း ဟိုတယ် အနောက်က ရေတွင်းဆင်းဆယ်သူနှစ်ဦး
အောက်စီဂျင်ပြတ်ပြီး သေဆုံးသွားသည်ဟု သတင်းရရှိပါသည်