🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.12K subscribers
12.3K photos
991 videos
4 files
715 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်လည်ပတ်ရင်း တစ်ဆက်တည်း သွားရောက်နိုင်သည့်ခရီးစဉ် ခုနစ်ခုကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲမှစီစဉ်ထားရှိ

ညောင်ဦး  ဇူလိုင်  ၃၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့လာရောက်လည်ပတ်ရင်း ခရီးစဉ်တစ်ဆက်တည်းသွားရောက်လည်ပတ်နိုင်ရန် ခရီးစဉ် ခုနစ်ခုကို ညောင်ဦးမြို့နယ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲက ရေးဆွဲထားကြောင်း သိရသည်။

အဆိုပါခရီးစဉ်များတွင် ရပ်ရွာအခြေပြုခရီးစဉ်များနှင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ သဘာဝလှအပများ မပျက်စီးစေဘဲ ခံစား ကြည့်ရှုတတ်စေရန်နှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို မြတ်နိုးတန်ဖိုးထား လေ့လာနိုင်စေရန် ရည်ရွယ်ပြီး ခရီးစဉ်ဒေသများဖော်ထုတ်ကာ ပြည်တွင်းခရီးသွားများ သာမက ပြည်ပခရီးသွားများ ဝင်ရောက်နိုင်ရေးအတွက်ပါ ရည်ရွယ်ကာ ရှာဖွေဖော်ထုတ်ထားခြင်းဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်ထံက သိရှိရသည်။
ပုဂံရုံးခွဲမှ စီစဉ်ရေးဆွဲထားသည့် ခရီးစဉ်ခုနစ်မှာ ထူးဆန်းသောကျောက်ရေကန်၊ ဇီးအိုလှကျေးရွာ၊ စက်စက်ယိုကျေးရွာ၊ ပုပ္ပားတောင်မကြီး၊ ကျောက်မျက်မှော်၊ ဂဲမိုးအိုင်ခရီးစဉ်ဒေသသစ်နှင့် သဲပြင်တော(CBT)ခရီးစဉ်ဒေသသစ်တို့ ဖြစ်သည်။

ထူးဆန်းသောကျောက်ရေကန်

ထူးဆန်းသောကျောက်ရေကန်သည် ညောင်ဦးမြို့မှတုရင်တောင်သို့  (၁) မိုင် (၇) ဖာလုံ ကွာဝေးပြေီး တုရင်တောင်ပေါ်ဘုန်းတော်ကြီးကျောင်းရှေ့မှစတင်၍ တောင်တက်ခရီး သုံးဆယ်မိနစ်ခန့်တက်ရောက်ရသည့် တောင်ပေါ်တက်ရောက်ရသည့်ခရီးစဉ်ဖြစ်ပြီး လမ်းခရီးတွင် အညာဒေသတွင် ကျက်စားသည့် ချိုးငှက်၊ ငှက်ခါး၊ ရေသူကြီးငှက်၊ ဘီလုံး ငှက်နှင့်ချိုးလင်းပြာငှက်တို့ကို ကြည့်ရှုခံစားနိုင်သည်။ ကျောက်ရေကန်ကို ကျောက်စိုင်ကြမ်းပြင်၊ ကျောက်စိုင်နံရံတို့ဖြင့် တွေ့ရှိရပြီး အလျား ၈၀ ပေ၊ အနံ ၈၀ ပေ၊ အနက် ၃၀ ပေခန့်ရှိပြီး အလွန်ထူးခြားလှသည့် ရေကန်တစ်ခုဖြစ်ပေသည်။ ထိုကျောက်ရေကန်၏ တောင်ဘက်တွင်  မြကန်နှင့်အနောက်တောင်ဘက်တွင် ရှေးဟောင်းမြို့တော်ပုဂံပြည်၏ စေတီပုထိုးများ၊ ဧရာဝတီမြစ်နှင့် တန့်ကြည်တောင်၏ တောင်စဉ်တောင်တန်းများရှိပြီး ပြည်တွင်း/ပြည်ပခရီးသွားများအား ထူးထူးခြားခြားဆွဲဆောင်နိုင်မည့်ခရီးစဉ်တစ်ခု ဖြစ်သည်။

ဇီးအိုလှကျေးရွာ

ခရီးစည် ခုနစ်ခုအနက် တစ်ခုအပါလအဝင်ဖြစ်သည့် ဇီးအိုလှကျေးရွာသည် ညောင်ဦးမြို့မှ ၁၃ မိုင်ခန့်အကွာတွင် တည်ရှိသည်။ ဒေသခံများ၏ ပါးစပ်ရာဇဝင်အရ နတ်ထိန်းထားသည့် အင်ကြင်းတောသည် ၂၅ ဧက(၀.၁၃)စတုရန်းမိုင်ကျယ်ဝန်းပြီး ယခုလက်ရှိတွင် အဆိုပါအင်ကြင်းတောကို သစ်တောဦးစီးဌာနက ထိန်းသိမ်းထားရှိသည်။ ဇီးအိုလှကျေးရွာတွင် နှစ်ပေါင်း ၉၀၀ ခန့်သက်တမ်းရှိ မန်ကျည်းပင်ကိုးခွသည် တစ်မူထူးခြားစွာတည်ရှိပြီး အေဒီ (၁)ရာစုခန့်က သံချက်ဖိုတစ်ခုသည်လည်း ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များအား ဆွဲဆောင်လျက်ရှိသည့် သဘာဝအခြေခံခရီးစဉ်ဒေသတစ်ခုဖြစ်သည်။

စက်စက်ယိုကျေးရွာ

စက်စက်ယိုကျေးရွာသည် ညောင်ဦးမြို့နှင့် မိုင် ၂၀ ကွာဝေးပြီး ဗျတ္တပန်းဆက်လမ်းမှလည်း သွားရောက်နိုင်သည်။ အဆိုပါရွာလေးသည် အလွန်ရှေးကျလှပြီး လူနေမှုပုံစံမှာ တမူထူးခြားစွာ ဆွဲဆောင်လျက်ရှိသည်။ အဆိုပါရွာရှိ အမျိုးသား၊ အမျိုးသမီးများသည် တက္ကသိုလ် ရောက်သည်အထိ သျှောင်ပေစူးနှင့်စံရစ်ဝိုင်းများထားရှိကြပြီး အဓိကအလုပ်အကိုင်မှာ ထန်းတောင်သူများဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုများ ထိန်းသိမ်းထားရှိသည့် စက်စက်ယိုကျေးရွာ၏ လူနေမှုပုံစံသည် ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များအား ဆွဲဆောင်လျက်ရှိသည့် ခရီးစဉ်တစ်ခုဖြစ်သည်။

ပုပ္ပားတောင်မကြီး

ပုပ္ပားတောင်မကြီးသည် ညောင်ဦးမြို့နှင့် မိုင် ၃၀ ခန့်ကွာဝေးပြီး ပုပ္ပားရွာမှတောင်မကြီးသို့ ၃ မိုင် ၆ ဖာလုံရှိသည့် ခြေလျင်တောင်တက်ခရီးစဉ်တစ်ခု ဖြစ်သည်။ ပုပ္ပားတောင်မကြီးသည် အမြဲစိမ်းတောဖြစ်ပြီး မြန်မာနိုင်ငံမှာသာရှိသည့် မျောက်မြီးရှည်ခေါ် ပုပ္ပားမျောက်မြီးရှည်များ ကျက်စားသည်။ ၎င်းအပြင် နွားလပို့တောင်၊ ဆေးမွန်တောင်၊ မှန်ပြတောင်၊ စပါးပုံတောင်များကိုပါ တက်ရောက်နိုင်ပြီး သစ်ခွမျိုးစုံလေ့လာနိုင်မည် ဖြစ်သည်။ ၎င်းအပြင် တောင်ကမ်းပါးယံထက်တွင် ကျောက်ပန်းကျောက်ခက်များ ပေါများစွာပေါက်ရောက်လျက်ရှိပြီး တောင်တက်ခရီးသွားပြည်သူများအား စိတ်သာယာချမ်းမြေ့မှုကို ပေးစွမ်းနိုင်သည့် ခြေလျင်တောင်တက်ခရီးစဉ်ဖြစ်သည်။

ကျောက်မျက်မှော်စေတီ

ကျောက်မျက်မော်စေတီသည် စိုးမင်းကြီးဘုရားအကျော် မြင်းကပါရွာ၏ တောင်ဘက် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသည်။ ကျောက်မျက်မော်စေတီတော်သည် နှစ်ထပ်ဘုရားတစ်ဆူဖြစ်ပြီး အတွင်းစေတီမှာ ရှစ်မြှောင့် ပစ္စယံခံထားသော ပျူခေတ်ယဉ်ကျေးမှု လက်ရာများဖြစ်သည်။ ၎င်းကိုဖောင်းရစ်များဖြင့် တန်ဆာဆင်ခြုံငုံတည်ထားပြီး စေတီကိုယ်ထည်ခါးပတ်တန်းရှိ ဘုလုံးပုံဆနွင်းမကင်းပုံများမှာ လောကန္ဒာဘုရားတွင် တန်ဆာဆင်ထားသည့်အတိုင်း မူလအင်္ဂတေပန်းပုံအုတ်ကိုပုံ ဖော်ထားသည်။ထူးခြားချက်မှာ စေတီ၏အတွင်းစေတီနှင့်အပြင်စေတီကြားမှာ
အုတ်အပြည့်မဖြည့်ဘဲ ၃ ပေခန့်အကျယ်ရှိသော ဒေါက်ကြီးများဖြင့် ထောက်စီထားခြင်းဖြစ်သည်။ ကျောက်မျက်မော်စေတီအား အေဒီ ၁၂-၁၃ ရာစုခန့်တွင် တည်ထားခဲ့သည်ဟု ရှေးဟောင်းသုတေသီများက သုံးသပ်ခဲ့ကြသည်။ ကျောက်မျက်မော်စေတီ၏ နေဝင်ဆည်းဆာအလှသည် ဧရာဝတီမြစ်နှင့်တန့်ကြည်တောင်၏ တောင်စဉ်တောင်တန်းများသည် ပန်းချီကားတစ်ချပ်သဖွယ် ထူးခြားစွာဆွဲဆောင်နေပေသည်။

ဂဲမိုးအိုင်ခရီးစဉ်ဒေသသစ်

ဂဲမိုးအိုင်ခရီးစဉ်ဒေသသစ်သည် ကျောက်ပန်းတောင်းမြို့၏အရှေ့ဘက် ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်း ၇ မိုင်အကွာရှိ မဟာဗောဓိငါးထောင်မှ ဘယ်ဘက်လမ်း၊ ၂ မိုင် ၃ ဖာလုံ အကွာရှိ လဲဂွရွာနှင့်လက်ပံ့အိုင့်ရွာကြားတွင်တည်ရှိသည်။ လဲဂွရွာနှင့်လက်ပံအိုင့်ရွာကြားတွင် မပုပ်မသိုးသော ရဟန္တာဦးစန္ဓ၏ ရုပ်ကလာပ်တော်အားဖူးမြော်နိုင်ပြီး မြောက်ဘက် တစ်မိုင်ခန့်သွားလျှင် ဂဲမိုးအိုင်သို့ရောက်ရှိမည်ဖြစ်သည်။ အဆိုပါနေရာတွင် တစ်မိုင်ခန့်ရှည်လျားသည့် ကျောက်လျှိုမြောင်အတွင်း လက်ငါးချောင်းအိုင်၊ ဂဲတစ်လုံးစို့အိုင့်၊ ဂဲမိုးအိုင်၊ စကောဝိုင်းအိုင်၊ ဗျောဗျောကျအိုင်တို့ကို လေ့လာနိုင်ပြီး အန္တရာယ်ကင်းသည့် တောတွင်းစွန့်စားခရီးစဉ်အဖြစ် ခရီးသွားများစိတ်ကြိုက်ဖြစ်စေမည့်ခရီးစဉ်ဖြစ်သည်။

သဲပြင်တော(CBT)ခရီးစဉ်ဒေသသစ်

သဲပြင်တောကျေးရွာအုပ်စုသည် ညောင်ဦးမြို့တောင်ဘက် ၁၂ မိုင်ခန့်အကွာတွင် တည်ရှိပြီး ကောင်းတော်စစ်ရွာ အိမ်ခြေ ၁၉၉ အိမ်၊ သဲပြင်တောရွာ အိမ်ခြေ ၂၀၀ တို့ပါဝင်ပြီး ရှေးနှစ်ပေါင်း ၁၅၀ ခန့်ကတည်ထားခဲ့သော ရှေးဟောင်းဘုန်းကြီးကျောင်း(ရုပ်စုံ ကျောင်း)၊ ရွာလည်ကျောင်း၏ တဘက်တချက်တွင် ကပ်လျက်တည်ရှိသည်။ စုစုပေါင်းလူ ဦးရေ  ၁၆၈၅ ဦးရှိပြီး ဘာသာတရားကိုင်းရှိုင်းကြကာ ရိုးရာနတ်ကိုးကွယ်မှုကိုလည်း တွေ့ရှိနိုင်သည်။

အလုပ်အကိုင်မှာရက်ကန်းလုပ်ငန်း၊ ထန်းလုပ်ငန်း၊ ပန်းပဲလုပ်ငန်း၊ ရိုးရာ ဆုံဆီကြိတ်လုပ်ငန်းတို့လုပ်ကိုင်ကြပြီး ရှေးဟောင်းပေစာ၊ ပုရပိုက်စာ၊ ကြေးကမ္မဝါများ ၊ရှေးလက်ရာစာတိုက်သေတ္တာများ၊ စက်နာရီမပေါ်မီကပင် လက်လှည့်ရှေးနာရီတို့ကို လေ့လာနိုင်သည့်အပြင် ရွှေနတ်တောင်ပေါ်မှ နေထွက်နေဝင်ရှုခင်း ကြည့်ရှုနိုင်ပြီး ရှေးဟောင်း ပစ္စည်းတန်းဖိုးထား လေ့လာလိုသူများ လာရောက်လေ့လာသင့်သည့် ခရီးစဉ်သစ်များဖြစ်ကြောင်း သိရသည်။

ဒီပါလင်း
(ဇူလိုင်-၃၀၊ ၂၀၂၃) ဘင်္ဂလားဒေ့ရ်ှအတိုက်အခံတို့ သွားလာမှုပိတ်ဆို့ဆန္ဒပြရာမှ အဓိကရုန်းများ ဆက်လက်ဖြစ်ပွား။ ရှိတ်ဟာစီနာ နှုတ်ထွက်ပေးရေး တခဲနက် တောင်းဆိုမှု အရှိန်မြှင့်တင်။ အာဏာရပါတီ လွှမ်းမိုးထားသည့် တံဆိပ်တုံး ပါလီမန်နှင့် ရန်တော်ဟောင်း အတိုက်အခံတို့ ထိပ်တိုက်တွေ့မှု ပြင်းထန်လာ
===
ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ ဝန်ကြီးချုပ်ဖြစ်သူ ရာထူးမှ နုတ်ထွက်ပေးရေး တောင်းဆိုသူတို့က မြို့တော်ဒါကာရှိ အဓိကလမ်းများကို ပိတ်ဆို့ဆန္ဒပြလာကြပါတယ်။ ဒီအတွက် ရဲတပ်ဖွဲ့က ရာဘာကျည်ဆန်များနဲ့ မျက်ရည်ယိုဗုံးများကို ပစ်ဖောက်ပြီး လူစုခွဲမှု ဖြစ်ပေါ်ခဲ့တယ်လို့ AFP က ယနေ့ ရေးသားပါတယ်။
..
အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) နဲ့ မဟာမိတ်တို့က ၀န်ကြီးချုပ် ရှိတ်ဟာစီနာ ရာထူးမှ နှုတ်ထွက်ပေးပြီး လာမယ့်နှစ် ဇန်နဝါရီလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို အိမ်စောင့်အစိုးရတစ်ရပ်နဲ့ ကြီးကြပ် ကျင်းပခွင့်ပြုရေးတောင်းဆိုတဲ့ ဆန္ဒပြပွဲတွေဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဆက်တိုက်ဖြစ်ပွားနေခဲ့ပါတယ်။
..
မြို့တွင်း အဓိက အသက်သွေးကြောဖြစ်တဲ့ လမ်းများပေါ်မှာ သွားလာမှု ပိတ်ဆို့ဖို့အတွက် ထောင်ချီလူအုပ်ကြီးက နံနက်ပိုင်းမှာ စုရုံးနေကြပြီး စနေနေ့ မြို့တော်နေရာအနှံ့မှာ ရှင်းလင်းဖို့ကြိုးစားတဲ့ ရဲတပ်ဖွဲ့၀င်များ နဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်ခဲ့ပါတယ်။
..
တပ်ဖွဲ့၀င်အချို့ ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး ရာဘာကျည်ဆန်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း၊ ဆန္ဒပြတဲ့နေရာ ၄-ခုထက်မနည်းမှာ ရဲတပ်ဖွဲ့ နဲ့ လူစုလူဝေးများအကြား ရုန့်ရင်းဆန်ခတ်ဖြစ်ပွားခဲ့တယ်လို့ ဒါကာ မြို့တော်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံမှ သိရှိရပါတယ်။
..
ယခင် ရပ်ကွက်ဟောင်းတစ်ခုဖြစ်ပြီး ယခု မော်တော်ယာဉ်ပြုပြင်ရေးဆိုင်များ စုဝေးတည်ရှိရာဖြစ်လာတဲ့ ဒိုလိုင်ချယ်ဧရိယာ ဆန္ဒပြပွဲအတွင်း အဓိကရုဏ်းနှိမ်နင်းရေးရဲများနဲ့ ရဲတပ်ဖွဲ့မော်တော်ယာဉ်များကို ဆန္ဒပြသူများက ကျောက်ခဲများဖြင့် ပစ်ပေါက်ပြီး လက်တုံ့ပြန်ကြောင်း AFP သတင်းထောက်က မျက်မြင် တွေ့ရှိခဲ့ပါတယ်။
..
ဒါကာ ဆေးဘက်ဆိုင်ရာကောလိပ်မှာ တာ၀န်ကျနေတဲ့ ရဲအင်စပက်တာကတော့ ဒဏ်ရာရရှိထားတဲ့ ဆန္ဒပြသူ ၆-ဦး ရောက်ရှိလာတယ်လို့ ပြောပါတယ်။ BNP ပါတီ အကြီးတန်းခေါင်းဆောင် နှစ်ဦးကို ရဲတပ်ဖွဲ့က ခေါ်ယူ ထိန်းသိမ်းထားပေမယ့် တရားဝင် ဖမ်းဆီးခြင်း မရှိသေးကြောင်း ဒါကာမြို့တော်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
..
ဒါကာမြို့တော်နဲ့ ပြည်တွင်း အခြားဒေသများအကြား သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများမှာ ဆိုးဆိုးရွားရွား ပြတ်တောက်သွားပြီး ကုန်တင်ထရပ်ကားများနဲ့ လူစီးဘတ်စ်ကားများလည်း ပိတ်မိကုန်ပါတယ်။ ခရီးသည် ဘတ်စ်ကားအချို့ လက်သရမ်းဖျက်ဆီးခြင်းနဲ့ မီးတင်ရှို့ခံရပြီး အာဏာရ အဝါမီလိခ်ပါတီအပေါ် ထောက်ခံသူ လူအုပ်ကြီးက ဒါကာမြို့ ၀င်ပေါက်များမှာ တန်ပြန် ထိုင်သပိတ်မှောက်ခြင်းများလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
..
၂၀၀၉ ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ ရှိတ်ဟာစီနာရဲ့ အဝါမီလိဂ်ပါတီအစိုးရဟာ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကျင့်ပျက်ခြစားမှုနဲ့ အာဏာရှင်ဆန်ဆန် တစ်စစ ကျင့်သုံးလာကြောင်း စွပ်စွဲခံခဲ့ရပါတယ်။
..
BNP ပါတီ ဦးဆောင်တဲ့ ကန့်ကွက်ဆန္ဒပြမှုတွေဟာ ယခုနှစ် စောစောပိုင်းမှစပြီး ပိုမိုများပြားလာပါတယ်။ ယခုလ အရောက်မှာတော့ လူပေါင်း သိန်းသောင်းချီ လမ်းများပေါ်ထွက် ဆန္ဒပြမှုများ ရှိလာခဲ့ပါတယ်။ ယခု သီတင်းပတ် ပါတီဌာနချုပ်အပြင်ဘက် ချီတက်ဆန္ဒပြပွဲမတိုင်မီ အတိုက်အခံ တက်ကြွလှုပ်ရှားသူ ၅၀၀ ထက်မနည်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း တွေရှိရပါတယ်။
..
အာဏာရပါတီက ရာဘာ တံဆိပ်တုံးထုယုံသက်သက် ဥပဒေပြု လွှတ်တော်ကို လွှမ်းမိုးထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး ရာသီဥတုအပေါ် စိုးရိမ်ကြောင်း အနောက်နိုင်ငံအစိုးရတို့က ဖော်ပြခဲ့ကြပါတယ်။ ရှိတ်ဟာစီနာရဲ့ လုံခြုံရေးတပ်တွေဟာ သောင်းနဲ့ချီတဲ့ အတိုက်အခံ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးပြီး တရားလက်လွတ် ထိပ်တိုက်တွေ့မှုများအတွင်း လူရာချီသေဆုံးခဲ့ကြောင်း၊ အတိုက်အခံ ခေါင်းဆောင်များနဲ့ ၀န်းရံသူ ရာပေါင်း များစွာတို့ ပျောက်ဆုံးနေကြောင်း စွပ်စွဲခံထားရပါတယ်။
..
အခွင့်အရေးချိုးဖောက်မှုများအတွက် လျှပ်တပြက်တုံ့ပြန်ရေး အထူးလုံခြုံရေးတပ် RAB နဲ့ အကြီးတန်း အရာရှိ ၇-ဦးကို ၂၀၂၁-ခုနှစ်မှာ အမေရိကန်က ဒဏ်ခတ်အရေးယူခဲ့ပါတယ်။
..
( ဘင်္ဂလားဒေ့ရ်ှနိ်ုင်ငံ ထူထောင်ရာမှာ ပါ၀င်တဲ့ ရှိတ်မူဂျီဘူရ်_ရာမန်ဟာ ပြည်တွင်းမှာ ရှင်ရိုသေ လူရိုသေ ပုဂ္ဂိုလ် ကြီးဖြစ်ပြီး စစ်တပ်အရာရှိငယ်တစ်စုရဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှုမှာ မိသားစုလိုက် အသတ်ခံခဲ့ရပါတယ်။ ပြည်ပရောက်နေလို့သာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ညီမငယ်နဲ့အတူ ရှိတ်ဟာစီနာဟာ အများအမြင်မှာ ဂရုဏာ သက်စရာဖြစ်ရပါတယ်။ ဒါကို ကောင်းကောင်းနားလည်တဲ့ ဟာစီနာ ( ၇၅-နှစ်) ဟာ နိုင်ငံရေးအရ ပြောဆိုကြတဲ့အခါတိုင်း ဖခင်ဖြစ်သူ ရှိတ်မူဂျီဘူရ်ရာမန်ရဲ့ အမည်ကို အသုံးချလေ့ရှိတဲ့ “ဖေဖေကလေ_ရာဘာတံဆိပ်တုံး ကြီး“ ဖြစ်နေခဲ့ပါတယ်။ သူ့လက်ထက် ဘင်္ဂလားဒေ့ရ်ှဟာ အထိုက်အလျောက်တိုးတက်မှုများ ရှိခဲ့ပေမယ့် အဝါမီလိခ်ကပါတီ အများစု ဥပဒေပြုလွှတ်တော်ဟာ လူအရေအတွက်
များသော်လည်း အရည်အချင်းမှာ ဟာစီနာ ဆုံးဖြတ်သမျှ အတည်ပြုယုံ “တံဆိပ်တုံး_ပါလီမန်“ ဖြစ်နေတယ်လို့ စွပ်စွဲခြင်း ခံရပါတယ်။
..
အကျင့်ပျက်ခြစားမှု စွဲချက်ဖြင့် ပြစ်ဒဏ်ချမှတ်ခံရပြီး နေအိမ်အကျယ်ချုပ် ကျခံနေရသူ ခါလီဒါဇီယာ (၇၇-နှစ်) ဟာ ဟာစီနာရဲ့ ရန်သူတော်ဟောင်းကြီးဖြစ်ပြီး အတိုက်အခံ BNP ပါတီခေါင်းဆောင်ဖြစ်ပါတယ်။ အဲ့ဒီပါတီကို တည်ထောင်သူ ဗိုလ်ချုပ်ကြီးဟောင်း ဇီယာ_ရာမန်ဟာ ခါလီဒါဇီယာရဲ့ ခင်ပွန်းဖြစ်ပါတယ်။

ဇီယာရာမန်ဟာ ဘင်္ဂလားဒေ့ရ်ှခွဲထွက် ရေးစစ်ပွဲမှာ ပါကစ္စတန်တပ်များကို ခုခံတိုက်ခိုက်စဉ် လူသိများထင်ရှားတဲ့ တပ်မှူးတစ်ဦးဖြစ်ပြီး ၁၉၇၇-ခုနှစ် မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့အတွက် ကျန်ရစ်သူ မုဆိုးမ ခါလီဒါမှာလည်း လူအများအမြင်မှာ သနားစဖွယ် မိန်းမသားတစ်ဦးဖြစ်နေပါတယ်။
..
သမ္မတ ရှိတ်မူဂျီဘူရ်ရာမန် လုပ်ကြံခံရပြီး အရာရှိငယ်တစ်စု အာဏာသိမ်းရန် ကြံစည်မှုကို တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇီယာရာမန်က တန်ပြန်အာဏာသိမ်းမှုနဲ့ ဖြိုခွင်းပြီး အစိုးရအဖွဲ့တာ၀န်ယူခဲ့ကြောင်း အမှတ်အသားရှိပါတယ်။
.
ဒါပေမယ့် အရာရှိငယ်များ အာဏာသိမ်းရန် ကြံစည်မှုဆိုတာ ဇီယာရာမန် ပယောဂ မကင်းကြောင်း စွပ်စွဲချက်များဟာလည်း ယနေ့တိုင် မဖြေရှင်းနိုင်ပဲ ရှိနေဆဲဖြစ်ပါတယ်။
.
ရန်သူတော်ဟောင်း ပြိုင်ဘက် အမျိုးသမီးကြီးနှစ်ဦးတို့ရဲ့ အဝါမီလိခ် နဲ့ BNP ပါတီတို့ဟာ ဘင်္ဂလားဒေ့ရ်ှမှာ တစ်လှည့်စီ အာဏာရရှိခဲ့ပါတယ်။ နိုင်ငံ့ပြုပြင်ပြောင်းလဲရေး တိုးတက်ဖွံံ့ဖြိုးရေး အစီအစဉ် မှန်သမျှ တစ်ဦး အစိုး ရဖြစ်ချိန် ကျန်တစ်ဦးက ကန့်လန့်တိုက် ပယ်ချခြင်းဖြင့် ပါတီ၀င်နဲ့ ထောက်ခံသူ နှစ်ရပ်အကြား ပြင်းထန်တဲ့ အဓိကရုန်းများ ဖြစ်ပွားခဲ့ရပါတယ်။
..
ဒါ့ကြောင့် ဘယ်အစိုးရတက်တက် အမိန့် ညွှန်ကြားချက်များအတိုင်း နာခံရသူ ဘင်္ဂလားဒေ့ရ်ှရဲတပ်ဖွဲ့မှာ ပါတီကြီး နှစ်ခုစလုံးမှ ပါတီ၀င်နဲ့ ထောက်ခံသူတိုင်းကို နံပတ်ဒုတ်နှင့် တွယ်ခဲ့ဖူးတဲ့ “တံဆိပ်တုံးကြီး” ဖြစ်နေပါတယ်။ ။သတင်းဘာသာပြန်သူ))
#HtayOung, #OungMarine
(ဇူလိုင်-၂၉၊ ၂၀၂၃) စင်္ကာပူတွင် ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် အမျိုးသမီးတစ်ဦးကို ဘိန်းဖြူမှောင်ခိုမှုဖြင့် ကွပ်မျက်။ ၂၀၂၂-ခုနှစ် မတ်လနောက်ပိုင်း မူးယစ်ဆေးမှုဖြင့် တစ်လ-တစ်ဦးနှုန်း ကြိုးပေးနေ။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို တရား၀င်သုံးစွဲခွင့်ရှိပြီး မလေးရှား၌ အဖြစ်မနေ သေဒဏ် ပယ်ဖျက်ထား
===
စင်္ကာပူနိုင်ငံ သောကြာနေ့ သေဒဏ်စီရင်မှုဟာ ၁၉-နှစ်အတွင်း အမျိုးသမီးတစ်ဦးကို ပထမဆုံးအကြိမ် အပြစ်ပေးခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ ရာဇ၀တ်မှုများအတွက် သေဒဏ်ပြစ်ဒဏ်ပေးခြင်းကို ရပ်တန့်ဖို့ တောင်းဆိုထားပေမယ့် မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးမှုအတွက် မြို့ပြကျွန်းနိုင်ငံမှာ ယခုသီတင်းပတ်အတွင်း ဒုတိယမြောက် ကြိုးပေးခြင်းဖြစ်တယ်လို့ AP က ယမန်နေ့ ရေးသားပါတယ်။
..
ပြီးတော့လည်း နောက်ထပ် ကွပ်မျက်မှုကို လာမည့်သီတင်းပတ်မှာ ပြုလုပ်ရန် စီစဉ်ထားတယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ပြောပါတယ်။ အသက် ၄၅-နှစ်အရွယ် သီရီဒေဝီ_ဒီဂျာမန်တီဟာ ဒိုင်ယာမော်ဖင်း ၁-အောင်စခန့်ကို မှောင်ခိုကုန်ကူးမှုနဲ့ ၂၀၁၈- ခုနှစ်မှာ သေဒဏ်ချမှတ်ခံခဲ့ရသူဖြစ်ကြောင်း၊ စင်္ကာပူ ဗဟိုမူးယစ်ဆေးဝါးဗျူရိုက ပြောပါတယ်။..
..
အဲ့ဒီ ပမာဏဟာ မူးယစ်ဆေးအလွဲသုံးသူ ၃၇၀-ခန့်အတွက် ရက်သတ္တ တစ်ပတ်စာ ဆေးချဖို့ လုံလောက်တယ်လို့ ဆိုပါတယ်။ မှောင်ခိုကုန်ကူးခြင်းဟာ ဆေးခြောက် ၁၇.၆ အောင်စ၊ ဘိန်းဖြူ ၀.၅ အောင်စထက် ပိုမိုလျှင် သေဒဏ်အပြစ် ပေးဖို့ စင်္ကာပူနိုင်ငံ ဥပဒေများမှာ ပြဋ္ဌာန်းထားပါတယ်။
..
ဟီးရိုးအင်း ၁.၇ အောင်စခန့်ကို ကုန်ကူးမှုနဲ့ အသက် ၅၆-နှစ်အရွယ် စင်္ကာပူနိုင်ငံသား မိုဟာမက်_အဇစ်_ ဟိုစိန်ကို ကွပ်မျက်ပြီးနောက် ၂-ရက်အကြာမှာ ဒီဂျာမန်တီကို ကြိုးပေးစီရင်ခြင်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။
..
အကျဉ်းသားနှစ်ဦးစလုံးတို့ဟာ ပြစ်ဒဏ်နဲ့ ပတ်သက်လို့ အယူခံဝင်ခြင်း၊ လွတ်ငြိမ်းခွင့်အတွက် သမ္မတထံ အသနားခံစာ တင်သွင်းခြင်းများ အပါအဝင် သူတို့ခံစားခွင့်ရှိတဲ့ လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း မူးယစ်ဆေးဝါးဗျူရိုထံမှ သိရှိရပါတယ်။
..
စင်္ကာပူနိုင်ငံမှာ မူးယစ်ဆေးဝါးပြစ်မှုများအတွက် သေဒဏ်ပေးမှုများကို အဆုံးသတ်ဖို့ လူ့အခွင့်အရေးအဖွဲ့များ၊ နိုင်ငံတကာ တက်ကြွလှုပ်ရှားသူများနဲ့ ကုလသမဂ္ဂတို့က တောင်းဆိုထားပြီး၊ အဲ့ဒီလို အပြစ်ပေးမှုနဲ့ ဟန့်တား ခြင်းဟာ ထိရောက်မှု မရှိကြောင်း အထောက်အထားတွေ တိုးမြင့်လာနေတယ်လို့ ဝေဖန်ပါတယ်။ စင်္ကာပူအာဏာပိုင်တွေကတော့ မူးယစ်ဆေးဝါး ၀ယ်လိုအားနဲ့ ရောင်းလိုအားကို ရပ်တန့်ရာမှာ သေဒဏ်ပေးခြင်းဟာ အရေးကြီးတယ်လို့ ပြောပါတယ်။
..
၂၀၂၂- ခုနှစ် မတ်လမှာ ကြိုးပေးမှု ပြန်လည် စတင်ချိန်နောက်ပိုင်း မူးယစ်ဆေးဝါးမှုနဲ့ လူ ၁၅-ဦးကို သေဒဏ်ပေးခဲ့တဲ့အတွက် ပျမ်းမျှ တစ်လလျှင် တစ်ဦးနှုန်း ကွပ်မျက်နေခြင်းဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ပါတယ်။
..
စင်္ကာပူမှာ ကြိုးပေး စီရင်ခံရတဲ့ နောက်ဆုံးအမျိုးသမီးဟာ အသက် ၃၆ နှစ်အရွယ် ဆံပင်အလှပြုပြင်သူ အမျိုးသမီး ယဲ့မေ၀မ် ဖြစ်ပြီး ၂၀၀၄-ခုနှစ်တုန်းကဖြစ်တယ်လို့ သေဒဏ်ဆန့်ကျင်ရေး လှုပ်ရှားသူတွေက ပြောပါတယ်။
..
လာမယ့် သြဂုတ်လ ၃-ရက်နေ့မှာ အခြားအကျဉ်းသားတစ်ဦးကို စီရင်ဖို့ရှိကြောင်း ကြိုတင်အသိပေးချက် ထုတ်ပြန်ထားတဲ့အတွက် ယခုတစ်နှစ်တည်း ကြိုးပေးကွပ်မျက်ခံရသူ ၅-ဦးရှိနေပြီလို့ စင်္ကာပူ သေဒဏ်ပေးမှုကို ဆန့်ကျင်တဲ့ “တရားရေး အသွင်ပြောင်းလဲရေး ညှိနှိုင်းရေးအဖွဲ့” TJC က မှတ်ချက်ပေးပါတယ်။
..
အဲ့ဒီ အကျဉ်းသားဟာ ၂၀၁၆- ခုနှစ် ဖမ်းဆီးခြင်း မခံရမီ ပို့ဆောင်ရေးယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ မလေးနွယ်ဖွား နိုင်ငံသားတစ်ဦးဖြစ်ကြောင်း သိရှိရပါတယ်။ ဘိန်းဖြူ ၁.၇ အောင်စခန့်ကို ကုန်ကူးမှုနဲ့ ၂၀၁၉-ခုနှစ်မှာ သေဒဏ် ချမှတ်ခံခဲ့ရပြီး သူ့ရဲ့ အယူခံကို ပြီးခဲတဲ့နှစ်မှာ ပယ်ချခဲ့ခြင်းဖြစ်ပါတယ်။
..
သူဟာ အကြွေးပေးစရာရှိတဲ့ သူငယ်ချင်းထံ မှောင်ခို စီးကရက်များ ပေးပို့နေခြင်းဖြစ်ကြောင်း၊ မိတ်ဆွေအချင်းချင်း ယုံကြည်မှုနဲ့အိတ်ထဲမှာ ဘာတွေ ပါ၀င်နေတယ်ဆိုတာ သူ မစစ်ဆေးမိခဲ့ခြင်းသာဖြစ်ကြောင်း အမှုကြားနာစဉ် တစ်လျောက်လုံး ချေပလျှောက်လဲခဲ့တယ်လို့ TJC က ပြောပါတယ်။
..
ဒါပေမယ့် သူတို့ရဲ့ ဆက်နွယ်မှုဟာ သူ့သူငယ်ချင်းအတွက် သူပြောထားသလို ယုံကြည်မှုမျိုးကို အာမခံနိုင်လောက်အောင် လုံလောက်မှု မရှိဘူးလို့ တရားလွှတ်တော်ချုပ် တရားသူကြီးက ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ ဒလီပစ္စည်း ပို့ဆောင်ပေးသူသာဖြစ်ကြောင်း တရားရုံးတော်က တွေ့ရှိပေမယ့် မူးယစ်ဆေးဝါး တရားမ၀င် သယ်ပို့ရာမှာ ပူးပေါင်းဆောင်ရွက်ရာ ရောက်ရှိတယ်လို့ အစိုးရရှေ့နေ (ဆွဲချ) တို့ရဲ့ စွပ်စွဲချက်ကို ချေပနိုင်ခြင်း မရှိကြောင်း၊ ဒီအတွက် မဖြစ်မနေ သေဒဏ်ပေးဖို့ စီရင်ချက်ရမှတ်ခံရတယ်လို့ ရှင်းပြပါတယ်။
..
“ ဒါပေမယ့် ရဲနဲ့ တရားရုံးကို ပြောပြခဲ့သလိုမျိုး ဘိန်းဖြူသယ်ပို့ရာမှာ အသုံးချခံ ဖြစ်မှန်းကို သူ မသိခဲ့ဘူးဆိုရင်၊ ဒီအမှုမှာ သူ့အတွက် ဘယ်လို ခံစားနေရမလဲဆိုတာ နားလည်နိုင်ပါတယ် “ လို့ TJC က သူတို့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။
..
အပြင်းထန်ဆုံး စကားအသုံးအနှုန်းနဲ့ ပြောရရင် နိုင်ငံတော်ရဲ့ သွေးဆာနေတဲ့ ဉာဉ်ကို ရှုတ်ချပါကြောင်း ပြောဆိုပြီး သေဒဏ်ပေးမှု အသုံးချနေခြင်းကို ချက်ချင်း တရား၀င်ဆိုင်းငံ့ထားရန် ထပ်လောင်း တောင်းဆိုပါတယ်။
..
စင်္ကာပူရဲ့ ရက်စက်ပြင်းထန်တဲ့ မူဝါဒဟာ သာမာန်အားဖြင့် အားနည်းချက်ရှိသူများအပေါ် ပစ်မှတ်ထားခြင်းခံရတဲ့ အဆင့်နိမ့် ကုန်ကူးသူများနဲ့ ဒလီပစ္စည်း ပို့ဆောင်သူများကိုသာ အပြစ်ပေးရာရောက်ရှိနေတယ်လို့ ဝေဖန်သူများက ဆိုကြပါတယ်။ စင်္ကာပူဟာ သေဒဏ်ပြစ်ဒဏ်ချမှတ်ခြင်းကို စွန့့်လွှတ်လိုက်တဲ့ နိုင်ငံများရဲ့ လမ်းကြောင်းအတိုင်းကို လိုက်ဖို့ ခြေလှမ်း မပြင်နိုင်သေးပဲ ရှိနေတယ်လို့ ပြောပါတယ်။
..
စင်္ကာပူမှာ သေဒဏ်ပေးခံရမယ့် ဆေးခြောက်ဟာ ဒေသတွင်း အိမ်နီးချင်း ထိုင်းနိုင်ငံမှာ တရားဝင်ခွင့်ပြုထားပါတယ်။ မလေးရှားနိုင်ငံမှာလည်း ပြင်းထန်တဲ့ ရာဇ၀တ် ပြစ်မှုကြီးများအတွက် မဖြစ်မနေ သေဒဏ်ပေးမှုကို ယခုနှစ်မှာ အဆုံးသတ်ခဲ့ပြီး ဖြစ်ပါတယ်။
..
((( ဝေါဟာရ အသုံးအနှုန်းတွင် “mandatory” #မဖြစ်_မနေ နှင့် compulsory” #မလုပ်_မနေရ တို့မှာ တူသယောင်နှင့် ကွဲပြားခြားနားပါသည်။
..
မဖြစ်_မနေ ဆိုသည်မှာ အစီအစဉ်/ကိစ္စတစ်ရပ်တွင် အတတ်နိုင်ဆုံး လိုက်နာ လုပ်ဆောင်ရမည်ဖြစ်သော်လည်း ဆင်ခြင်တုံတရားနှင့် အခြေအနေအပေါ် မူတည်၍ လိုက်နာ ဆောင်ရွက်ရန်ဖြစ်သည်။
..
မလုပ်_မနေရ ဆိုသည်မှာမူ မိုးရွာရွာ နေပူပူ စိတ်ပါလည်း လုပ်၊ စိတ်မပါလည်း လုပ်ရမည်ဟု ဆိုလိုပါသည်။ ဥပမာ ကျွန်တော်တို့နိုင်ငံအပါအ၀င် တိုင်းပြည်အတော်များများ၌ #မသင်_မနေရ_ပညာရေးစနစ်ကို ပြဋ္ဌာန်းထားပါသည်။ ထို့ကြောင့် မည်သူမဆို ပညာသင်ယူရမည်ဖြစ်ပြီး ဆင်ခြေပေးခွင့်မရှိပါ။ ပျက်ကွက်လျှင် ဥပဒေနှင့် ငြိစွန်းသည်ဟု ဆိုလိုသည်။
…
သေဒဏ်ပေးခြင်းတွင်လည်း အမြင်အမျိုးမျိုး ကွဲပြားနိုင်ပါသည်။
..
#မဖြစ်မနေ_သေဒဏ်ပယ်ဖျက်ခြင်းသည် #တရားဥပဒေအပေါ်_လေးစားလိုက်နာသူ_အများစုဖြစ်၍ #တရားရုံးနှင့်_ရဲစခန်းများ_ခိုင်မာအားကောင်းလျှင် #ပြဿနာ_မရှိနိုင်ပါ။ မကြာသေးခင် ကာလတစ်ခုအထိ ကျွန်တော်တို့ဆီက ဝေးလံခေါင်ဖျား ကျေးရွာ/ဒေသနေအချို့မှာ အုပ်ချုပ်ရေး-တရားစီရင်ရေးနှင့် တစိမ်းပြင်ပြင်ရှိနေဆဲဖြစ်သည်။ မိမိဘက် ဆွေမျိုးသားချင်းတစ်ဦး အသ-တ်ခံရလျှင် ရုံးတွေ ဂတ်တွေ တိုင်မနေတော့ပဲ တစ်ဖက်လူ၏ ဆွေမျိုးသားချင်းမှ တစ်ဦးဦးကို အလစ်ချောင်းမြောင်း သ-တ်ဖြတ်လေ့ရှိနေခဲ့သည်။ ဤတွင် “သူ့_ငါသ-တ်၊ ငါ့_သူသ-တ်” အမြင်မျိုးဖြင့် မဆုံးနိုင်သော လူသ-တ်ပွဲကြီး ဖြစ်ပေါ်လာသည်။ ယနေ့အချိန်ဆို လျှင် #အမြင့်ဆုံး-#အဆိုးရွားဆုံးအခြေဆိုက်လျှက်ရှိသည်ဟု #ဆိုနိုင်ပါသည်။ #ကျွန်တော်များ_လူ့အဖွဲ့အစည်းကြီးအတွင်း #အဖြစ်ဆိုးများ #ရပ်တန့်သွားအောင် #မည်သည့်နည်းနှင့် #တားဆီးကြပါမည်နည်း
..
ဥပဒေဆိုသည်မှာ မတရားမှုများ နစ်နာမှုကို ကာကွယ်-ကုစားရန် ဘုံသဘောရေးဆွဲထားခြင်းဖြစ်၍ မောင်ဖြူ-ဦးမဲ ဘယ်သူဘယ်ဝါမဆို လိုက်နာရန် မဖြစ်မနေ လိုက်နာရန် တာ၀န်ရှိပါသည်။ #ထိုပြဋ္ဌာန်းချက်ကို_အဓိပ္ပါယ်တလွဲ #ဖွင့်ဆိုခြင်းဖြင့်၎င်း #ဥပဒေရှိသည်ကို_မသိ၍_ကျူးလွန်မိပါသည်ဟု_ ထုချေခြင်းကို #ဥပဒေ၌_ #ခွင့်လွှတ်ထားခြင်း_မရှိပါ။ ။သတင်းဘာသာပြန်သူ))
#HtayOung, #OungMarine
မန္တလေး - ဗန်းမော် - မြစ်ကြီးနား လမ်းပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများမှ ခရီးသွားပြည်သူများအား နှောက်ယှက်အကြမ်းဖက်လုပ်ရပ်များပြုလုပ်

30.7.2023

၂၀၂၃ခုနှစ် ဇူလိုင်လ၂၉ညဦးပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက မန္တလေး - ဗန်းမော် - မြစ်ကြီးနား လမ်းပိုင်းရှိ ဆယ်ဇင်းကုန်းနှင့် လက်ပံကုန်းကြား မိုင်တိုင်(၃၃)အကျော်၌ မန္တလေး မှ တကောင်းဘက်သို့သွားလာ
နေသော ယာဉ်များမှ ‌၆ဘီးကား တစ်စီးအား ဖမ်းဆီးကာ လမ်းမပေါ်တွင် ကန့်လန့် ခံပိတ်ထားခဲ့ပါသည် ....

ယင်းသို့ပိတ်ထားသည့်အတွက် ခရီးသည်တင်ယာဥ်များမှာ
ကွင်းလမ်းမှ ရှောင်ကွင်းသွားကြစဥ် ကွင်းလမ်းတွင် မိုင်းထောင်ထားသဖြင့် ကချင်မင်းသား ခရီးသည်တင်ယာဥ်မှာ မိုင်းပေါက်ကွဲကာ ယာဉ်မောင်းအားထိမှန်ခဲ့ကြောင်း၊ကြာညှပ်ဆေးရုံသို့ပို့ဆောင် ကုသခဲ့ရာ Tayဆုံးသွားခဲ့ပါသည်...

ဒေသခံများပြောပြချက်အရ
တကောင်းလမ်းဆုံနှင့်တောင်တလုံးရွာကြား မင်းသီဟ အပေါက်တွင် 29.7.2023 နေ့တွင်လည်း PDF အမည်ခံအကြမ်းဖက်သမားများက ကားများအားရပ်ခိုင်းထားပြီး သော့များယူဆောင်သွားခဲ့ကြောင်း
ဇူလိုင်လ ၃၀မနက်ပိုင်းအထိ ပြန်မရသေးဘဲ ကားများယခုအချိန်ပိတ်မိနေကြောင်းသိရှိရပါသည်
July 30

ထားဝယ်မြို့နယ်၊အညာဖျားရွာမှာ မိုးဆက်မပြတ်ရွာသွန်းမှုတို့ကြောင့် ယနေ့နံနက်က လူနေအိမ်များ ၊ လမ်းများ ရေဖုံးလွှမ်းနေပြီး ၊ ကျေးရွာနေထိုင်သူ အသက်ကြီးရွယ်အိုနှင့် ကလေးများကို နီးစပ်ရာအိမ်အမြင့်များ၊ တစ်ခြားရွာများသို့ ရွှေ့ပြောင်းထားရကြောင်း သိရသည်။

Crd