Myanmar Hard Talk
42.5K subscribers
42.5K photos
1.96K videos
6 files
5.56K links
This is the News Channel
Download Telegram
"ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် SSPP ဒုဥက္ကဋ္ဌ (၁)တို့ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာများ ဆွေးနွေး"

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် SSPP/SSA ဒုတိယ ဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်ကြီး စဝ်ခေးတိုင်းတို့ ယနေ့ (သြဂုတ် ၄ရက်)တွင် နေပြည်တော်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် မနက်ဖြန် (သြဂုတ် ၅ ရက်) ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဖြင့်လည်းတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
#mhtnews
"မှော်ဇာရွာမကျေးရွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကို အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးက စကေဘာဖြင့်ထိုးမှုဖြစ်ပွား"

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ မှော်ဇာရွာမကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်တစ်ဦးကို ယမန်နေ့ (သြဂုတ် ၃ ရက်)တွင် အသက် ၁၄ နှစ် ကလေးတစ်ဦးက စကေဘာဖြင့်ထိုးမှုဖြစ်ပွားခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

မှော်ဇာရွာမကျေးရွာနေ အသက် (၁၄)နှစ်အရွယ် မောင်အောင်မြင့်မြတ်သည် အရိုးသုံးလက်မခန့်၊ အသွားရှစ်လက်မခန့်ရှိ စကေဘာဖြင့် နောက်ကျောမှနေ၍ တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်၌ အနက်် ၃ လက်မခန့် ထိုးသွင်းဒဏ်ရာ ရရှိခဲ့သည်ဟုဆိုသည်။

ထိုသို့ အကြမ်းဖက်တိုက်ခိုက်သူ မောင်အောင်မြင့်မြတ်ကို ဖမ်းဆီးစဉ် ခုခံထွက်ပြေးသွားသဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ကျောင်း၏အနောက်ဘက်၌ ဒဏ်ရာနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းဖြစ်စဉ်တွင် ဒဏ်ရာရ လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် ၎င်းအားတိုက်ခိုက်ခဲ့သူတို့ကို တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသပေးလျက်ရှိပြီး တိုက်ခိုက်သူအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
#mhtnews
"အကြမ်းဖက်အဖွဲ့အစည်းထဲ ရောက်ရှိနေတဲ့ ကျိုက်ထိုမြို့နယ်က ရဲတပ်ကြပ်ကြီး အေးမင်းထွန်းရဲ့ နေအိမ်ကို ချိပ်ပိတ်"

အကြမ်းဖက်အဖွဲ့အစည်းထဲ ရောက်ရှိနေပြီး ကိုယ်တိုင်လည်း အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ရဲတပ်ကြပ်ကြီး အေးမင်းထွန်းရဲ့နေအိမ်ကို နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ အေးမင်းထွန်းဟာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံရဲ့ ကိုယ်ရေးအရာရှိအဖြစ် လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပြီး နိုင်ငံရေးဖြစ်စဥ်ပြောင်းလဲမှုအတွင်း အကြမ်းဖက်လုပ်ငန်းတွေလုပ်ကိုင်ဖို့ ရဲတပ်ဖွဲ့ထဲကနေထွက်ပြေးသွားခဲ့သူလည်းဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ၎င်းအပေါ် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)တို့နဲ့ တရားစွဲဆိုထားတာပဲဖြစ်ပါတယ်။
#mhtnews
"အကြိမ်(၂၀) မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲတွင် မြန်မာတက္ကသိုလ် ဝူရှူးအားကစားမှ ရွှေတံဆိပ်ဆုနှင့် ဘောလုံးအားကစားမှ ကြေးတံဆိပ်ဆုရရှိ"

အကြိမ် (၂၀) မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲကို ဇူလိုင် ၂၆ မှစ၍ ထိုင်းနိုင်ငံ၊ အူဘွန်ရတ်ချဌာနီမြို့၌ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျင်းပသည့် ဝူရှူးအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မမြတ်နိုးအိမ်က ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့သည်ဟုသိရသည်။

မြန်မာတက္ကသိုလ် အားကစားအဖွဲ့အတွက် ပထမဦးဆုံးရွှေတံဆိပ်ဆုကို ရယူပေးခဲ့သည့် မမြတ်နိုးအိမ်သည် မန္တလာတက္ကသိုလ် စတုတ္ထနှစ်သမိုင်းဘာသာရပ်အထူးပြု ကျောင်းသူတစ်ဦးဖြစ်ပြီး မြန်မာတက္ကသိုလ် ဝူရှူးအားကစားအဖွဲ့အနေဖြင့် ဝူရှူး အားကစားနည်း (၄) မျိုးကို ဆက်လက်ယှဉ်ပြိုင်လျက်ရှိသည်။

အလားတူ အာဆီယံတက္ကသိုလ်အားကစားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို ယနေ့ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် မြန်မာနိုင်ငံတက္ကသိုလ်ဘောလုံးအသင်းနှင့် လာအိုနိုင်ငံတက္ကသိုလ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက ၄ ဂိုး ၃ ဂိုး (ပင်နယ်တီအဆုံးအဖြတ်)ဖြင့် တတိယဆု ကြေးတံဆိပ်ရရှိခဲ့ကြောင်း သိရသည်။
#mhtnews